← Chapters

အခန်း (၈၃၁-၈၃၂)

Vol. 70 Ch. 831-832

အခန်း (၈၃၁-၈၃၂)

Vol. 70 Ch. 831-832

အခန်း(၈၃၁)

ကုန်းမို့မို့လေးပေါ်မှာ ရပ်နေတဲ့ အကြီးအကဲ လူပန်က လူငယ် ဒရာဂွန်ဘွန်း ကောင်လေးကို စူးရှတဲ့အကြည့်တွေနဲ့ အကဲခတ်နေတယ်။

သူ အရင်ကတည်းက သတိထားမိပေမဲ့ အခုလို သေချာကြည့်လိုက်ရတဲ့အခါမှာတော့ ဒီကောင်လေးက ဂျာကူ နဲ့ မျိုးစိတ်တူတယ်ဆိုတာ သေချာသလောက်ဖြစ်သွားတယ်။

ပြီးတော့ ရီနေးတားနိုင်ငံသားတွေရဲ့ အရန်ခုံကို အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက်မှာတော့ သူတို့က တကယ်ပဲ ညီအစ်ကိုတွေဖြစ်ပြီး သူတို့နဲ့ ရုပ်သွင်တူတဲ့ တခြား လူတစ်ပိုင်းသတ္တဝါ တွေနဲ့အတူ မိသားစုဝင်တွေ ဖြစ်မယ်လို့ သူ ကောက်ချက်ချလိုက်တယ်။

သူတို့ရဲ့ အားပေးသံတွေနဲ့ နောက်ပြောင်နေမှုတွေက အဲဒီအချက်ကို သက်သေပြနေတယ်။

"မင်းရဲ့ ရိုက်တံကိုသာ ဝှေ့ယမ်းလိုက်စမ်းပါ" လို့ တင်းမာပြတ်သားတဲ့ နည်းပြတစ်ယောက်လို ပီကေဝါးရင်း လက်ပိုက်ထားတဲ့ ရှီနာ က ပြောလိုက်တယ်။ "ခြေထောက်ကို သေချာ ခိုင်ခိုင်ရပ်ဖို့ မမေ့နဲ့ဦး"

"အာ... ပါးစပ်ပိတ်ထားစမ်းပါ အစ်မရာ၊ ကျွန်တော် ဘာလုပ်နေလဲဆိုတာ ကျွန်တော် သိပါတယ်" လို့ ဇိုင်ယွန် က ညည်းတွားလိုက်တယ်။

အကြီးအကဲလူပန်က အရန်ခုံဘက်ကို တိတ်တဆိတ် လှမ်းကြည့်လိုက်ပြီး အကြေးခွံအဖြူနဲ့ အစိမ်းရောင် ဒရာဂွန်ဘွန်းတွေဆီ အာရုံစိုက်လိုက်တယ်။ အဲဒီကောင်မလေးနှစ်ယောက်ကလည်း သူ စောင့်ကြည့်နေသလိုမျိုး သူ့ကို ပြန်ပြီး အကဲခတ်နေကြတယ်။ ပြီးတော့ သူ့အကြည့်တွေက သူ့ရှေ့မှာရှိနေတဲ့ Strikerဆီ ပြန်ရောက်သွားတယ်။

'သူတို့က မျိုးစိတ်တူတွေပဲ... ဒါပေမဲ့ သူတို့မှာ သူနဲ့တူညီတဲ့ စွမ်းအားမျိုးတော့ မရှိကြဘူး'

သူက ဇိုင်ယွန် ရဲ့ ခန္ဓာကိုယ်ကို စူးရှတဲ့ မျက်လုံးတွေနဲ့ ထိုးဖောက်ကြည့်ရှုလိုက်တယ်။ ဒီ လူတစ်ပိုင်းသတ္တဝါ ရဲ့ အထဲမှာ ကိန်းအောင်းနေတဲ့ စွမ်းအားကို မြင်တွေ့နိုင်ဖို့ သန္ဓေဝိညာဉ် နယ်ပယ် ကျင့်စဉ်ကို အသုံးပြုလိုက်တဲ့အခါ သူ့ရဲ့ မျက်တောင်နဲ့ သူငယ်အိမ်ပတ်လည်မှာ ရွှေရောင်အလင်းတန်းလေးတစ်ခု ပေါ်လာခဲ့တယ်။

သူက ဇိုင်ယွန် ရဲ့ ရင်ဘတ်ဆီ လှမ်းကြည့်လိုက်ပြီး အချက်အချာနေရာမှာ စုဝေးနေတဲ့ အစွမ်းထက် မှော်စွမ်းအင်တွေကို ခံစားမိတဲ့အခါ နှာခေါင်းလေး ရှုံ့သွားတယ်။

'သူက မှော်စွမ်းအင် မှာလည်း သန်မာတာပဲ' လို့ သူ ကောက်ချက်ချလိုက်တယ်။ ကီယို တစ်ယောက်တည်း မှော်ပညာရပ် မှာ ပါရမီပါတာ မဟုတ်ဘူးဆိုတာ ပေါ်လွင်နေတယ်။

သူ့အကြည့်တွေက ဗိုက်ကနေ ရင်ဘတ်ဆီ ရွေ့သွားပြီး နှလုံးသားဆီ ရောက်သွားတယ်။

အရေးကြီးတဲ့အရာ ဘာတစ်ခုမှ မတွေ့ရတဲ့အခါ သူ့မျက်လုံးတွေက လည်ချောင်းဆီကို အလျင်အမြန် ရွှေ့သွားတယ်။ အသံထဲမှာ ပုန်းကွယ်နေတဲ့ ရှေးဟောင်းနဲ့ အစွမ်းထက်တဲ့ မှော်စွမ်းအင် ရဲ့ အရိပ်အယောင်ကို ရှာဖွေဖို့ မျက်လုံးကို မှေးကာ ရှေ့ကို ကိုင်းပြီး အာရုံစိုက်လိုက်တယ်။ ဒါပေမဲ့ ဘာမှရှိမနေခဲ့ဘူး။

အကြေးခွံအနီရောင်နဲ့ လူငယ်လေးက ဂျာကူ လိုပဲလို့ သူ ထင်ခဲ့ပေမဲ့ အချည်းနှီး မျှော်လင့်ခဲ့မိတာပဲ ဖြစ်ပုံရတယ်။

ခေါင်းယမ်းလိုက်ရင်း သူက ကစားပွဲဆီ ပြန်အာရုံစိုက်လိုက်တယ်။ ဘောလုံးကို လက်အိတ်ထဲမှာ ဖုံးကွယ်ထားပြီး သာမန် ပစ်ချက်တစ်ခုအတွက် အရှိန်ယူလိုက်တယ်။

ဘောလုံးက ဒုံးကျည်တစ်စင်းလို Strike zone ထဲ တိုးဝင်သွားတာမို့ ဇိုင်ယွန် က ရိုက်တံကို အားကုန် ရမ်းရိုက်လိုက်တယ်။ သူ့ရဲ့ ရိုက်ချက်က တခြား ဝံပုလွေလူသားတွေ လိုပဲ စနစ်မကျဘဲ အပျော်တမ်းဆန်ပြီး ခွန်အားသက်သက်ကိုပဲ အားကိုးထားပုံရတယ်။

ပစ်လိုက်တဲ့ ဘောလုံးက ဝံပုလွေလူသား ဖမ်းသူရဲ့ လက်အိတ်ထဲ တည့်တည့်မတ်မတ် ဝင်သွားပြီး Strike အဖြစ် သတ်မှတ်ခံလိုက်ရတယ်။

ဇိုင်ယွန် က မမှုတဲ့ဟန်နဲ့ "ငါ အဆင်သင့် မဖြစ်သေးလို့ပါ" လို့ ပြောလိုက်တယ်။

ဒါပေမဲ့ ဒုတိယနဲ့ တတိယ ပစ်ချက်တွေကတော့ အကြီးအကဲ လူပန် ရဲ့ ပစ်ချက်တွေကို ရိုက်ခတ်နိုင်ဖို့ဆိုတာ 'အဆင်သင့်ဖြစ်နေမှု' နဲ့ မဆိုင်ဘဲ ကျွမ်းကျင်မှုအပေါ်မှာသာ မူတည်ကြောင်း သက်သေပြလိုက်တယ်။

နောက်ထပ် ပစ်ချက်နှစ်ခုလုံးကို ဇိုင်ယွန် က ရမ်းသမ်းရိုက်ခဲ့ပေမဲ့ တစ်လုံးမှ မထိခဲ့ဘူး။

"STRIKE သုံးခါ၊ မင်း Outပြီ"

ဇိုင်ယွန် က ရိုက်တံကို မြေကြီးပေါ် ရိုက်ချလိုက်ပြီး ကျိန်ဆဲလိုက်တယ်။ "ဒါကြောင့် ငါ ဘေ့စ်ဘော ကို မုန်းတာ၊ ငါ ဘောလုံးကို လက်သီးနဲ့ပဲ ထိုးလိုက်လို့ မရဘူးလား"

မိုက်ကယ် က ဒီရလဒ်ကို မျှော်လင့်ထားပြီးသားပါ။ ဇိုင်ယွန် က ဘေ့စ်ဘော ကစားရာမှာရော တခြား လက်နက်တစ်ခုခု ကိုင်တွယ်ရာမှာပါ ဘယ်တော့မှ မကျွမ်းကျင်ခဲ့ဘူး။ သူက လက်သီးသုံးတဲ့ နေရာမှာသာ တော်ပြီး ကံကောင်းစွာနဲ့ပဲ SSS-class ပါရမီကြောင့် အဲဒီအပိုင်းမှာတော့ အလွန် ကျွမ်းကျင်တယ်။ ဒီလိုမှမဟုတ်ရင် သူက လုံးဝ အရည်အချင်းမရှိတဲ့သူလို ဖြစ်နေလိမ့်မယ်။

သူတို့ရဲ့ နောက်ထပ် ရိုက်မယ့်သူကတော့ မိုက်ကယ် နဲ့ အကြီးအကဲ လူပန် တို့ နှစ်ယောက်လုံး မျှော်လင့်ချက် ကြီးကြီးမားမား ထားတဲ့သူ ဖြစ်တယ်။

ဂျာကူ က ရိုက်တံကို ပခုံးပေါ်တင်ရင်း ကွင်းထဲကို ခြေဆွဲပြီး လျှောက်လာခဲ့တယ်။

"ဒါကို မြန်မြန် ပြီးအောင် လုပ်လိုက်ကြရအောင်" လို့ ပျင်းရိနေတဲ့ ဒရာဂွန်ဘွန်း က ပြောလိုက်တယ်။

ပုံမှန် ရိုက်မယ့် အနေအထားအစား ဂျာကူ က ရိုက်တံကို ခါးဘေးမှာ ကိုင်ထားပြီး ထိပ်ပိုင်းကို သူ့နောက်ကျောမှာ ဖုံးကွယ်ထားတယ်။

ဘေ့စ်ဘော ရိုက်တံက သူ့ရဲ့ ဂျပန်ဓားရှည် နေရာမှာ အစားထိုးဝင်ရောက်လာပြီး အချိန်မရွေး ဆွဲထုတ်ဖို့ အသင့်ဖြစ်နေခဲ့တယ်။

အကြီးအကဲ လူပန် က ဘောလုံးကို လက်ထဲမှာ ကိုင်ထားပြီး အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ အလယ်တည့်တည့်ဆီ အရှိန်ပြင်းပြင်းနဲ့ ပစ်လွှတ်လိုက်တယ်။

ဘောလုံးက သူ့ဆီကို အရှိန်နဲ့ ပြေးဝင်လာတာနဲ့အမျှ ဂျာကူ ရဲ့ ပျင်းရိနေတဲ့ မျက်လုံးတွေက ရုတ်တရက် စူးရှသွားပြီး သူ့ခေါင်းထဲက ခလုတ်တစ်ခု ဖွင့်လိုက်သလို ဖြစ်သွားတယ်။ သူ့ရဲ့ နက်ပြာရောင် အကြေးခွံတွေ ပတ်လည်မှာ လျှပ်စီးတွေ လက်သွားပြီး ဒီ ဘေ့စ်ဘော ပွဲကို မြန်မြန်အဆုံးသတ်ကာ အိပ်ချင်နေတဲ့ သူ့ရဲ့ ပြင်းပြတဲ့ဆန္ဒက သူ့အမြန်နှုန်းကို အားဖြည့်ပေးလိုက်တယ်။ သူ့ရဲ့ အထက်မှာ အပြာရောင် အကြေးခွံတွေနဲ့ နဂါးပျိုတစ်ကောင်ရဲ့ ပုံရိပ်ပေါ်လာပြီး မျက်လုံးတွေထဲမှာ လျှပ်စီးတွေ တလက်လက် တောက်ပနေတယ်။

ဘောလုံးက သူ့ရှေ့တည့်တည့်ဆီ တဖြည်းဖြည်း ချဉ်းကပ်လာချိန်မှာ တစ်ကမ္ဘာလုံး အနှေးပြကွက် ဖြစ်သွားသလို ခံစားလိုက်ရတယ်။

သူက ရိုက်တံကို ခါးကနေ ဘေးတိုက် လွှဲရိုက်လိုက်တဲ့အခါ ဘောလုံးနဲ့ ကျယ်လောင်စွာ ထိခတ်သွားပြီး လေထဲကို လွင့်စဉ်သွားစေတယ်။

ပြီးတော့ တစ်ခဏလေးတောင် တုံ့ဆိုင်းမနေဘဲ Base တွေဆီ ပြေးသွားတော့တယ်။ လျှပ်စီးလက်သလို အမြန်နှုန်းနဲ့ သူက ပထမအဆင့်ဆီ ရောက်သွားပြီး ဒုတိယအဆင့်ဆီ သွားဖို့ ကွေ့နေပြီဖြစ်တယ်။

ဒီအချိန်မှာ ဘောလုံးက အပေါ်ကို တက်နေဆဲဖြစ်ပြီး မြေဆွဲအားကြောင့် အောက်ကို ပြန်မကျခင် မီလီစက္ကန့် အနည်းငယ်လောက် လိုနေသေးတယ်။

ဂျာကူ က ဒုတိယအဆင့်ဆီ ရောက်သွားပြီး သူ့အနောက်မှာ အပြာရောင် လျှပ်စီးတန်းလေးတစ်ခုကို ချန်ရစ်ကာ တတိယအဆင့်ဆီ ချက်ချင်း ပြေးသွားတယ်။

ထို့နောက် သူ တတိယအဆင့်ဆီ ရောက်သွားပြီး ဘောလုံး မြေကြီးပေါ် မကျခင်မှာတင် Home Base ဆီ ရောက်သွားမယ့်ပုံ ပေါက်နေတယ်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ ပစ်ကွင်းကုန်းမို့မို့လေးဆီက မြေကြီးတွေ လှုပ်ခတ်သွားပြီး မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့တယ်။

အကြီးအကဲ လူပန် ကို ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး။

ဒါပေမဲ့ အပေါ်ကို မော့ကြည့်လိုက်ရင်တော့ သူ့ကို ကောင်းကင်ယံမှာ တွေ့ရမှာဖြစ်ပြီး လေထဲမှာ ဆက်လက်ပျံသန်းနေတဲ့ ဘောလုံးကို အံဝင်ခွင်ကျ ဖမ်းယူဖို့ လက်ကို ဆန့်ထုတ်ထားတယ်။

သူ အောက်ကို ပြန်မကျခင်မှာပဲ ဘောလုံးက သူ့ရဲ့ လက်အိတ်ထဲကို ရောက်သွားခဲ့တယ်။

ဝံပုလွေလူသား အကြီးအကဲက ခြေထောက်နှစ်ဖက်ကို ခွဲလျက် မြေပြင်ပေါ်ကို တုန်ခါသွားစေတဲ့ ဆောင့်အကျနဲ့ ဆင်းသက်လိုက်တယ်။

ဂျာကူ က အိမ်အဆင့်ကို ခြေချလိုက်တဲ့အချိန်မှာပဲ သူက အဲဒီဘက်ကို လှမ်းကြည့်လိုက်တယ်။

"မင်း OUTသွားပြီ" လို့ သူက အပြုံးနဲ့ ပြောလိုက်တယ်။

ဝံပုလွေလူသားတွေ ဆီကနေ အားပါးတရ လက်ခုပ်သြဘာသံတွေ ထွက်ပေါ်လာခဲ့တယ်။ သူတို့ရဲ့ အကြီးအကဲက ရမှတ်တစ်ခု မပေးရအောင် ကယ်တင်ပေးလိုက်တာပဲ။ သူက ဘောလုံး မြေပြင်ပေါ် မကျခင် ဖမ်းယူနိုင်လောက်အောင် ဒီလောက်အမြင့်ကြီးအထိ ခုန်တက်နိုင်လိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ။

စည်းမျဉ်းတွေအရ အဲဒါက ရှင်သန်နေဆဲ ဘောလုံးဖြစ်နေတာမို့ ဂျာကူ OUT သွားခဲ့ပြီ။

မိုက်ကယ် တစ်ယောက် တဟားဟား ရယ်မောရင်း ခေါင်းယမ်းလိုက်မိတယ်။ ဝံပုလွေလူသား တစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေက ဘေ့စ်ဘော ကစားရာမှာ လိမ်လည်လှည့်စားနေသလိုပဲ။

ငါတို့ အဲဒါကို ဘယ်လိုများ တားဆီးရမလဲ။

ဒါက သရုပ်ပြပွဲတစ်ခုသာ ဖြစ်တယ်။ ရလဒ်တွေက အရေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် မိုက်ကယ် က သူ့ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်ခဲ့ပြီပဲ။ ဘရောင်းဘလဒ် ဝံပုလွေလူသားတွေက ဘေ့စ်ဘော ကို စွဲလမ်းသွားကြပြီ။ ကြည့်ရှုသူတွေကြားထဲမှာ သူတို့တွေ ရိုက်တံနဲ့ ရိုက်တာတွေ၊ ဘောလုံးပစ်တာတွေကို လိုက်အတုခိုးနေကြတာ သူ မြင်တွေ့ခဲ့ရတယ်။ အလွယ်ပြောရရင် သူတို့ ဘေ့စ်ဘော ကို မြတ်နိုးသွားကြပြီ။

ဒါပေမဲ့လည်း မိုက်ကယ် က အကြီးအကဲ လူပန် နဲ့ တခြားသူတွေကို အနိုင်ယူချင်နေဆဲပဲ။ ဘေ့စ်ဘော သင်ယူရာမှာ သူတို့ ဘယ်လောက်တောင် သဘာဝအလျောက် ပါရမီပါကြသလဲဆိုရင် ဒါက သူတို့ကို အနိုင်ယူနိုင်မယ့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘရောင်းဘလဒ် တွေသာ နောက်ထပ် လေ့ကျင့်မှုတွေ အနည်းငယ် လုပ်လိုက်ရင် သူတို့က လျစ်လျူရှုထားလို့ မရတဲ့ အင်အားစုတစ်ခု ဖြစ်လာတော့မှာပဲ။

အဲဒီ ပစ်ချက်တွေကို ဘယ်လိုရိုက်ရမလဲဆိုတာ ငါတို့ သိဖို့ လိုတယ်။

ဒါကြောင့် နောက်ထပ် ရိုက်မယ့်သူ ကွင်းထဲ မဝင်လာခင် သူက အားလုံးကို စုဝေးစေပြီး ရိုးရှင်းတဲ့ ညွှန်ကြားချက်တစ်ခုကို ပေးလိုက်တယ်။ အကြီးအကဲ လူပန် ကို တတ်နိုင်သမျှ ပစ်ချက်တွေ အများကြီး ပစ်အောင် လုပ်ဖို့ပဲ။

သူက ဝံပုလွေလူသား အကြီးအကဲရဲ့ နည်းဗျူဟာတွေကို အတုခိုးပြီး သူ့ရဲ့ ပစ်ဟန်ကို တဖြည်းဖြည်း လေ့လာနိုင်ဖို့ ရိုက်ချက် အကြိမ်ကြိမ်ကို အသုံးပြုသွားမှာ ဖြစ်တယ်။

နဝမ အချီရောက်မှ သူတို့ ရိုက်နိုင်ခဲ့ရင်တောင် အရေးမကြီးဘူး။ သူ့ရဲ့ ပစ်ချက်တွေကို ယဉ်ပါးသွားသရွေ့ သူတို့မှာ အခွင့်အရေး ရှိနေတယ်။

ဒီလိုနဲ့ နောက်ဆုံးမှာတော့ တတိယမြောက် ရိုက်မယ့်သူ နေရာယူလိုက်တယ်။

ယူမီစု က ခေါင်းငုံ့ထားရင်း Home Base ဆီ ရှက်ရွံ့စွာ ချဉ်းကပ်သွားတယ်။

သူမရဲ့ မောင်နှမတွေက ဘေးဘက်ကနေ အားပေးကြတယ်။

"လုပ်လိုက်စမ်းပါ အစ်မရာ" လို့ ဇိုင်ယွန် က အော်ပြောလိုက်တယ်။ "အစ်မ အဲဒါကို ရိုက်နိုင်မှာ မဟုတ်ပေမဲ့ အနည်းဆုံးတော့ သူ့ကို မောသွားအောင် ကြိုးစားကြည့်လိုက်လေ၊ ဟုတ်တယ်မလား"

"ပါးစပ်ပိတ်ထားစမ်း" လို့ ရှီနာ က ညည်းတွားလိုက်တယ်။ "ယူမီစု၊ နင်က ငါတို့ထက် ဘေ့စ်ဘော ပိုကစားတဲ့သူပဲ။ ပုံမှန်အတိုင်းသာ ကစားလိုက်ပါ"

ယူမီစု က သူမရဲ့ ပါးပြင်ပေါ်က ရှက်သွေးဖြာနေမှုကို ဖုံးကွယ်ဖို့ ဦးထုပ်မာကို မျက်နှာနဲ့ ပိုနီးအောင် ဆွဲချလိုက်တယ်။

ထို့နောက် ဒိုင်လူကြီးက သူမ အဆင်သင့်ဖြစ်ပြီလားလို့ မေးလိုက်တဲ့အခါ သူမက ပြတ်သားတဲ့ မျက်နှာထားကို ပြောင်းလိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

အကြီးအကဲ လူပန် က သူ့ရဲ့ ပစ်ချက်အတွက် အရှိန်ယူလိုက်ပြီး သူမဆီ ပြင်းပြင်းထန်ထန် ပစ်လွှတ်လိုက်ရာ အဲဒီအမြန်နှုန်းက သူ အရင်က ပစ်ခဲ့ဖူးသမျှ အရာအားလုံးထက် အများကြီး သာလွန်နေတယ်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ မျက်စိနဲ့ မမြင်နိုင်တဲ့ တုန်ခါမှုလှိုင်းတစ်ခုက ဘေ့စ်ဘော ကွင်းတစ်ခုလုံးမှာ ပျံ့နှံ့သွားခဲ့တယ်။

မိုက်ကယ် က ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ထိတ်လန့်အံ့အားသင့်မှုတွေကြောင့် သူ့မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။

* * * * * * * *

စာစဉ်(၇၀)

အခန်း(၈၃၂)

ခေါင်းဆောင် လူပန် ဘောလုံး ပစ်လိုက်ပြီး မီလီစက္ကန့်အနည်းငယ်အကြာမှာတော့...

အဲဒီအချိန်လေးအတွင်းမှာပဲ ယူမီစုက ရိုက်ကွင်းထဲမှာ ရပ်ပြီး ရိုက်တံကို လွှဲဖို့ အသင့်ပြင်နေခဲ့တယ်။ ပုံမှန်ဆို အေးစက်စက်နဲ့ လူတွေကို ရှောင်ဖယ်တတ်ပြီး လူမှုဆက်ဆံရေး လုံးဝမရှိတဲ့ သူမရဲ့ မျက်လုံးတွေက အခုတော့ ရွှေရောင်အလင်းတန်းတွေနဲ့ ပြည့်လျှံနေပြီး သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို တောက်ပတဲ့ မီးတောက်ကြီးတစ်ခုလို လင်းလက်သွားစေတယ်။

သူမရဲ့ အထက်မှာတော့ လှည့်ပတ်နေတဲ့ အလင်းရောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရွှေရောင်မြူခိုးတွေက သဘာဝတရားရဲ့ ရုပ်လုံးကြွ ပုံဖော်ချက်တွေနဲ့ ပြည့်နေတဲ့ အစိမ်းရောင် ဥကြီးတစ်လုံးရဲ့ ပုံသဏ္ဌာန်အဖြစ် စတင်ပြောင်းလဲလာတယ်။ ကောင်းကင်ယံမှာ မုန်တိုင်းဆင်နေတာတွေ၊ မြက်ခင်းပြင်ပေါ်မှာ အစိမ်းရောင်အပင်တွေနဲ့ ရေညှိတွေ ပျံ့နှံ့နေတာတွေ၊ ရေနက်ပိုင်းထဲမှာ ဝဲဂယက်တွေ ဖြစ်ပေါ်နေတာတွေ စတဲ့ သဘာဝတရားရဲ့ ကြမ်းတမ်းပြီး ဖျက်ဆီးတတ်တဲ့ ပုံရိပ်တွေ အားလုံးပါဝင်နေတယ်။

သူမရဲ့ နှလုံးသားထဲမှာတော့ ငြိမ်သက်နေခဲ့တဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေက အခုတော့ စွမ်းအားတွေကို ထုတ်လွှတ်ပေးနေပြီး ထူထဲတဲ့ ရွှေရောင်ကြိုးမျှင်တစ်ခုကို ဖြည်ချပေးလိုက်ရာကနေ ကြိုးမျှင်တစ်ခုစီက သူမရဲ့ လက်မောင်းတွေ၊ ခြေထောက်တွေ၊ တင်ပါးတွေစတဲ့ ရိုက်တံကို လွှဲဖို့ လိုအပ်တဲ့ ကြွက်သားတွေ အားလုံးကို စတင်ရစ်ပတ်လာခဲ့တယ်။

နောက်ဆုံးမှာ ဘောလုံးက သူမဆီကို ဦးတည်လာတဲ့အခါ သူမရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ထားတဲ့ ကြိုးမျှင်တွေက ရုတ်တရက် တင်းကြပ်သွားပြီး ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကို လုံးဝ ကျော်လွန်သွားတဲ့ လှည့်အားနဲ့ အရှိန်အဟုန်ကို သူမဆီ ပေးစွမ်းလိုက်တော့တယ်။

သူမက ရိုက်တံကို ဘောလုံးထက်တောင် ပိုမြန်တဲ့ အမြန်နှုန်းနဲ့ လွှဲရိုက်လိုက်တဲ့အခါ ရိုက်တံက မျဉ်းတစ်ကြောင်းတည်းအဖြစ် ပျောက်ကွယ်သွားမတတ် ဖြစ်သွားခဲ့တယ်။

အတိအကျပဲ ရိုက်တံရဲ့ အကောင်းဆုံးနေရာက ဘောလုံးနဲ့ ထိခိုက်မိသွားပြီး ဘောလုံးက အနူးညံ့ဆုံး ကူရှင်တစ်ခုနဲ့ လုပ်ထားသလိုမျိုး ရိုက်တံရဲ့ အပြင်ဘက် ပုံသဏ္ဌာန်အတိုင်း ပြောင်းလဲသွားစေတယ်။

ပြီးတော့ သာမန် လွှဲရိုက်မှုလေးတစ်ခုနဲ့တင် ယူမီစုက ဘောလုံးကို ကောင်းကင်ယံဆီ တည့်တည့် လွင့်ပျံသွားစေခဲ့ပြီး တိမ်တိုက်တွေကိုပါ လျင်လျင်မြန်မြန် ထိုးဖောက်သွားကာ ရပ်တန့်သွားမယ့် အရိပ်အယောင် လုံးဝ မတွေ့ရဘူး။

ခေါင်းဆောင် လူပန်ရဲ့ ခြေထောက်တွေက အသွင်ပြောင်းလဲနေဆဲဖြစ်ပြီး အမွေးအမှင်တွေ ထွက်လာသလို ကြွက်သားတွေလည်း ဖောင်းကားလာတယ်။ သူ့ရင်ထဲက အံ့အားသင့်မှုနဲ့ ထိတ်လန့်မှုတွေကို မျိုသိပ်ရင်း သူ့ရဲ့ အစွမ်းကုန်ခွန်အားတွေနဲ့ အပေါ်ကို ခုန်တက်လိုက်တဲ့အခါ သူ့ရဲ့ ခုန်ပေါက်မှု အရှိန်ကြောင့် ပစ်ကွင်းက ပျက်စီးသွားပြီး မြေပြင်ပေါ်မှာ ဖုန်လုံးကြီးတစ်ခု ကျန်ရစ်ခဲ့တယ်။

သူက လေထဲကို တည့်တည့် လွင့်ပျံသွားပြီး ဘောလုံးကို ဖမ်းမိဖို့ ကြိုးစားရင်း လက်တွေကို ဆန့်တန်းထားခဲ့တယ်။

ဒါပေမဲ့ မကြာခင်မှာပဲ သူ ဘောလုံးကို မီအောင် လိုက်နိုင်တော့မှာ မဟုတ်ဘူးဆိုတာကို သူ သဘောပေါက်သွားတယ်။

ဟန်ဆောင်မှုတွေအားလုံးကို ဘေးဖယ်ထားလိုက်ပြီး ခေါင်းဆောင် လူပန်က သူ့ရဲ့ တာအိုနှလုံးသားကို ကန့်သတ်ထားတဲ့ ချည်နှောင်မှုတွေကို ဖြေလျှော့လိုက်တယ်။ ဒီကစားပွဲမှာ တရားမျှတမှုရှိစေဖို့ ဒုတိယအဆင့်မှာပဲ ကန့်သတ်ထားတဲ့ သူ့ရဲ့ ကျင့်စဉ်က ရုတ်တရက် စတုတ္ထအဆင့်၊ ဆဋ္ဌမအဆင့်ကနေ နောက်ဆုံးမှာ နဝမအဆင့် တာအိုနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားတော့တယ်။

သူ့ရဲ့ ကြွက်သားတွေက တုန်ခါသွားပြီး ကြွက်သားမျှင်တွေ လှုပ်ခတ်သွားမှုတိုင်းက သူ့ရဲ့ လွင့်ပျံမှုကို အရှိန်ပိုတက်စေတယ်။

တိမ်တိုက်တွေကို ဖြတ်သန်း လွင့်ပျံရင်း ဝံပုလွေလူသား ခေါင်းဆောင်က ဘောလုံးကို ဖမ်းမိဖို့ကလွဲပြီး ဘာကိုမှ ဂရုမစိုက်တော့ဘူး။ စည်းကမ်းတွေ ဘာတွေ သူ ဂရုမစိုက်နိုင်တော့ဘူး။

နောက်ဆုံးတော့ သူ ဘောလုံးနားကို ကပ်သွားနိုင်ပြီး ဘောလုံးက တိမ်တိုက်တွေကို မြူခိုးတွေအဖြစ် ဖျက်ဆီးပစ်နေတာကို မြင်လိုက်ရတယ်။

မီလီစက္ကန့်တိုင်းမှာ သူက ဘောလုံးနဲ့ ထိတွေ့နိုင်ဖို့ ပိုပိုပြီး နီးကပ်လာခဲ့တယ်။

သူ့ရဲ့ လက်ချောင်းထိပ်လေးတွေက ဘောလုံးကို ဖမ်းဆုပ်နိုင်ဖို့ လက်မအနည်းငယ်ပဲ လိုတော့တဲ့အချိန်မှာပဲ ဘောလုံးက သူ့ဆီကနေ ပိုပြီး ဝေးကွာသွားတာကို ရုတ်တရက် သူ တွေ့လိုက်ရတယ်။

မဟုတ်ဘူး... တိတိကျကျ ပြောရရင် သူက ဘောလုံးဆီကနေ ဝေးကွာသွားတာပဲ။

သူ့ရဲ့ ခုန်ပေါက်မှု အမြင့်ဆုံးကို ရောက်သွားတာမို့ သူ့ခန္ဓာကိုယ်က ရုတ်တရက် အရှိန်ကျလာခဲ့တယ်။

တစ်ချိန်တည်းမှာပဲ ဘောလုံးကတော့ ကောင်းကင်ယံထက်ဆီ ဆက်လက် လွင့်ပျံသွားခဲ့တယ်။

ခေါင်းဆောင် လူပန် အောက်ကို ပြုတ်ကျတော့မယ့် အချိန်မှာ သူက လေထဲမှာ မျောလွင့်နေရင်း သူ့လက်ထဲကနေ လွတ်ထွက်သွားတဲ့ ဘောလုံးကို အပေါ် မော့ကြည့်နေမိတယ်။

ဘောလုံးက လုံးဝ အရှိန်မကျသွားဘူးဆိုတာကို သူ သဘောပေါက်လိုက်တယ်။ မြေဆွဲအား၊ လေထုပွတ်တိုက်မှုနဲ့ ရူပဗေဒသဘောတရားတွေရဲ့ အဟန့်အတားတွေကို ဂရုမစိုက်ဘဲ တည့်မတ်တဲ့ လမ်းကြောင်းအတိုင်း ဆက်သွားနေခဲ့တယ်။

နောက်ဆုံးမှာတော့ ဘောလုံးက ကမ္ဘာ့လေထုထဲကနေ ထွက်ခွာသွားပြီး အာကာသထဲမှာ တောက်ပတဲ့ အလင်းစက်လေးတစ်ခုအဖြစ် ပြောင်းလဲသွားတော့တယ်။

သူ ဦးတည်သွားတဲ့ နေရာကတော့ လမင်းဆီကို တည့်တည့်မတ်မတ်ပဲ။

ခေါင်းဆောင် လူပန် မြေပြင်ပေါ်ကို ပြန်ကျလာတဲ့အခါ သူ မပြုံးဘဲ မနေနိုင်ခဲ့ဘူး။ ဘယ်လောက်တောင် ကဗျာဆန်လိုက်သလဲ။ သူ မျက်လုံးတွေကို မှိတ်လိုက်ပြီး လမင်းဆီ ရောက်တဲ့အထိ အဲဒီလောက် စွမ်းအားတွေ ထုတ်သုံးနိုင်ခဲ့တဲ့ လူတစ်ပိုင်းသတ္တဝါ မိန်းကလေးအကြောင်းကို စိတ်ထဲကနေ ပြန်တွေးနေမိတယ်။

တကယ်လို့များ သူ မခုန်ခင်ကတည်းက သူ့ရဲ့ ကန့်သတ်ချက်တွေကို ဖြုတ်ချထားခဲ့မယ်ဆိုရင် လေထဲမှာတင် ဘောလုံးကို သူ ဖမ်းမိနိုင်လောက်တယ်။

ဒါပေမဲ့ ရီနေးတားနိုင်ငံသား ရိုက်သမားတစ်ယောက်က ကစားပွဲလယ်မှာတင်၊ ရိုက်တံကို လွှဲနေတဲ့ အလယ်မှာတင် ရုတ်တရက် စွမ်းရည် နိုးထလာလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ဘူးလေ။

ပြီးတော့ သူက သာမန်မဟုတ်တဲ့ လူတစ်ပိုင်းသတ္တဝါတစ်ယောက် ဖြစ်နေတာပဲ။

သူက ဘေ့စ်ဘော ကွင်းပြင်ပေါ်ကို ခြေအစုံနဲ့ အကျယ်ကြီး အသံမြည်ရင်း ပြန်လည် ကျဆင်းလာခဲ့တယ်။ အဲဒီ ပြုတ်ကျတဲ့ အရှိန်လေးနဲ့တင် ဘယ်သူ့ရဲ့ ခြေထောက်ကိုမဆို အပိုင်းပိုင်း ကျိုးကြေသွားစေနိုင်ပေမဲ့ ဝံပုလွေလူသား ခေါင်းဆောင်ကတော့ သူ့ရဲ့ ကျင့်စဉ်ကို သန္ဓေဝိညာဉ် နယ်ပယ်ဆီ ပြန်လည် ပြောင်းလဲနိုင်ခဲ့တာမို့ သူ့ရဲ့ သဘာဝ ခုခံအားတွေက ထိခိုက်မှုတွေကို စုပ်ယူပေးနိုင်ခဲ့တယ်။

အဲဒီနောက် သူက ချက်ချင်းပဲ ကိုယ်နေဟန်ထားကို မတ်မတ် ပြင်ရပ်လိုက်တယ်။

သူ့ရှေ့မှာတော့ အစိမ်းရောင် အကြေးခွံတွေနဲ့ ဒရာဂွန်ဘွန်းက သူမရဲ့ ကိုယ်ပိုင် ဒီဗာကို အံ့အားသင့် ထိတ်လန့်စွာနဲ့ မော့ကြည့်နေတာကို သူ မြင်လိုက်ရတယ်။ သူမကိုယ်တိုင်တောင် ဘယ်လို နိုးထလာခဲ့လဲဆိုတာ သိပုံမရဘူး။

'လမင်းကြီးက ငါတို့ကို ကောင်းချီးပေးလိုက်တာပဲ' လို့ ခေါင်းဆောင် လူပန်က သူ့ကိုယ်သူ တွေးလိုက်တယ်။

သူတို့ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်သွားတဲ့ တစ်ဦးတည်းသော လူတစ်ပိုင်းသတ္တဝါ နှစ်ယောက်နဲ့ မဟာမိတ် ဖြစ်လာတာက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး။ ဒါက သူတို့ရဲ့ ကိုးကွယ်ရာအရှင် ကိုယ်တိုင်က သူတို့ကို ပေးသနားခဲ့တဲ့ လက်ဆောင်တစ်ခု ဖြစ်ရမယ်။

သူက အောင်ပွဲခံတဲ့ အနေနဲ့ ယူမီစုကို လေထဲ မြှောက်ပစ်ဖို့ အသင့်ပြင်ရင်း သူမဆီ ပြေးသွားခဲ့တယ်။

ဒါပေမဲ့ သူမရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေက အရင် ရောက်သွားပုံရတယ်။

ဒါပေမဲ့ ရီနေးတားနိုင်ငံသားတွေဆီက စိတ်မဝင်စားတဲ့ တုံ့ပြန်မှုတွေကို ကြားလိုက်ရတဲ့အခါ သူ့ရဲ့ စိတ်လှုပ်ရှားမှုတွေက ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။

"ဝါး... နောက်ဆုံးတော့ ဖြစ်လာပြီပေါ့... ဂုဏ်ယူပါတယ် အစ်မ" လို့ ဇိုင်ယွန်က စုပ်သပ်ရင်း ပြောလိုက်တယ်။

"နင် လုပ်နိုင်မယ်ဆိုတာ ငါ သိပြီးသားပါ... နင် ဒါအတွက် အများကြီး ကြိုးစားခဲ့ရတာပဲ" လို့ ရှီနာက သူမကို တင်းကျပ်စွာ ဖက်ရင်း ပြောလိုက်တယ်။

"ငါ ဆိုလိုတာက ကိုယ့်ဂုဏ်ကိုယ်ဖော်နေတာတော့ မဟုတ်ဘူး... ဒါပေမဲ့ ငါက ဘာမှမကြိုးစားဘဲနဲ့တောင် ငါ့စွမ်းရည်ကို အရင်ဆုံး နိုးထနိုင်ခဲ့တယ်ဆိုတဲ့ အချက်က လေ့ကျင့်ရေးဆိုတာ လုံးဝ အရေးမပါဘူးဆိုတဲ့ သဘောပဲ... အဲဒီတော့ မင်းတို့အားလုံး ငါ့ကို သွားလေ့ကျင့်ဖို့ အတင်းခိုင်းတဲ့အခါ ငါ့မှာ ဘာဆင်ခြေရှိလဲဆိုတာ မင်းတို့ သိမှာပါ" လို့ ဂျာကူက ပြောလိုက်တယ်။

ခေါင်းဆောင် လူပန်က ဒါကို ကြားတော့ မျက်မှောင်ကြုတ်သွားခဲ့တယ်။

သောင်းသောင်းဖျဖျ အောင်ပွဲခံတာတွေ၊ ဆူဆူညံညံ အခမ်းအနားတွေက ဘယ်ရောက်သွားပြီလဲဆိုတာ သူ နားမလည်နိုင်အောင် ဖြစ်နေတယ်။

ဘရောင်းဘလဒ် မျိုးနွယ်စု ဝံပုလွေလူသားတွေဆိုရင် တစ်ယောက်ယောက်က ပထမဆုံး အမွေးအမှင် ထွက်လာတာမျိုးလောက် သာမန်ကိစ္စလေးအတွက်တောင် ပွဲတော်တွေ ကျင်းပကြတာလေ။ ဒါပေမဲ့ ဒီလူတစ်ပိုင်းသတ္တဝါတွေကတော့ လက်တွေ့ဘဝရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်နိုင်တဲ့ အရာတစ်ခုကို မြင်တွေ့ရပြီးတဲ့နောက်မှာတောင် အော်ဟစ်အားပေးတာမျိုး လုံးဝ မရှိကြဘူး။

"မင်းတို့က ဘာလို့ ပိုပြီး မပျော်ကြတာလဲ" လို့ ခေါင်းဆောင် လူပန်က ဒေါသတကြီးနဲ့ အော်ပြောလိုက်တယ်။

"အင်းလေ... ငါတို့က ဒါကို မျှော်လင့်ထားပြီးသားမို့လို့ပါ" လို့ ဇိုင်ယွန်က ပြောလိုက်တယ်။ "ငါက အငယ်ဆုံးဆိုတော့ ငါ့စွမ်းရည်က နောက်ဆုံးမှ နိုးထလာမှာ သေချာတယ်လေ... အစ်မကတော့ သူမရဲ့ စွမ်းရည်နိုးထဖို့ အချိန်တန်နေတာ ကြာလှပြီ"

'သူက ဘာကို နိုးထလာဦးမှာလဲ'

"ဒါ ဖြစ်လာမယ်ဆိုတာ ငါ သိပြီးသားပါ" လို့ ရှီနာက ပြောလိုက်တယ်။ "သူမက သူမရဲ့ စွမ်းရည်တွေကို နိုးထလာဖို့ အများကြီး ကြိုးစားနေခဲ့တာလေ... သေချာတာကတော့ ငါ့ရဲ့ အကြံဉာဏ်တွေက သူမကို တော်တော်လေး အထောက်အကူ ဖြစ်စေခဲ့တာပေါ့"

အဖြူရောင် အကြေးခွံတွေနဲ့ လူတစ်ပိုင်းသတ္တဝါရဲ့ အထက်မှာ ရွှေရောင်အလင်းတန်းတွေ လှည့်ပတ်သွားပြီး ငယ်ရွယ်တဲ့ ပုလဲရွှေရောင် နဂါးတစ်ကောင်ရဲ့ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားတယ်။ အဲဒီနဂါးက အသံတိတ် ဟိန်းဟောက်လိုက်ပြီးနောက် ယူမီစုရဲ့ အစိမ်းရောင် ဥ ဒီဗာပေါ်မှာ သူ့ခေါင်းကို သွားပွတ်သပ်လိုက်တယ်။

ခေါင်းဆောင် လူပန်ရဲ့ မျက်လုံးတွေက အပြင်ကို ပြူးထွက်ကျမတတ် ဖြစ်သွားခဲ့တယ်။

'နောက်... နောက်တစ်ယောက်ပါလား'

မိုက်ကယ်က ကြောင်အမ်းအမ်း ဖြစ်နေတဲ့ ဝံပုလွေလူသား ခေါင်းဆောင်ဆီ လျှောက်လာပြီး သူ့ရဲ့ ပခုံးတွေကို ပုတ်ပေးလိုက်တယ်။

"အိုး... ကျွန်တော် ခင်ဗျားကို သူတို့နဲ့ မိတ်ဆက်ပေးဖို့ မေ့သွားတယ်... သူတို့က ဒရာဂွန်ဘွန်းတွေလေ... သူတို့က ဂျာကူနဲ့ အတူတူပဲ"

ခေါင်းဆောင် လူပန်က မိုက်ကယ်ဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ သူ့ခေါင်းက ဖြည်းဖြည်းချင်း လည်ထွက်သွားမတတ် ဖြစ်သွားခဲ့တယ်။ "...မင်း... မင်း ဆိုလိုတာက..."

မိုက်ကယ်က ခေါင်းညိတ်လိုက်တယ်။ "ဟုတ်တယ်... သူတို့အားလုံးရဲ့ နှလုံးသားထဲမှာ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေ ရှိကြတယ်... အခု ခင်ဗျား မြင်တဲ့အတိုင်း သူတို့သုံးယောက်လုံးက သူတို့ရဲ့ စွမ်းရည်တွေကို နိုးထနိုင်ခဲ့ပြီဆိုတော့ ဇိုင်ယွန် တစ်ယောက်ပဲ မနိုးထရသေးဘူးလေ... ဒါပေမဲ့ ဒါက အချိန်ကာလတစ်ခုပဲ လိုတော့တာပါ"

ဒီရီနေးတားနိုင်ငံသားတွေက သူတို့ရဲ့ ဒီဗာတွေကို နိုးထနိုင်ခဲ့တဲ့အကြောင်းကို လောကကြီးမှာ အသဘာဝအကျဆုံး ကိစ္စတစ်ခုလိုမျိုး ပြောဆိုနေကြတယ်။ ဒါပေမဲ့ လူတစ်ပိုင်းသတ္တဝါ တစ်ယောက်တည်း မဟုတ်ဘဲ၊ နှစ်ယောက်တည်းလည်း မဟုတ်ဘဲ လေးယောက်တောင်မှ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတစ်ခုကို သူတို့ရဲ့ နှလုံးသားထဲမှာ အန္တရာယ်ကင်းကင်းနဲ့ လက်ခံထားနိုင်ဖို့ဆိုတာ ဘယ်လောက်အထိ မဖြစ်နိုင်မှန်း ခေါင်းဆောင် လူပန်က သိနေတယ်။

ဒါက သူ့ကို ရုတ်တရက် သဘောပေါက်သွားစေတယ်။

ဒီလူတွေက ဘယ်သူတွေများလဲဆိုတာပဲ။

* * * * * * * *

စာစဉ်(၇၀)

All Chapters