အခန်း (၈၃၉-၈၄၀)
Vol. 70 Ch. 839-840
အခန်း(၈၃၉)
"အပေးအယူကြီးတွေ ဟုတ်လား"
"အင်း" ဆရီနာက ခေါင်းညိတ်လိုက်တယ်။ "ကုမ္ပဏီကြီးတွေနဲ့ အဓိက မှော်သားရဲ တစ်ပိုင်းသတ္တဝါအုပ်စုတွေက လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကတည်းက ငါ့ဆီကိုလာပြီး သူတို့ရဲ့ သဲဒင်္ဂါးတွေကို ဝိညာဉ်ဆီအစက်တွေနဲ့ လာလဲလှယ်နေကြတာ၊ သူတို့တွေက ပစ္စည်းတွေ စုဆောင်းနေတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အရေးကြီးတဲ့ကိစ္စတစ်ခုခု ဖြစ်လာဖို့ ပြင်ဆင်နေတာပဲဖြစ်ဖြစ် တစ်ခုခုတော့ တစ်ခုခုပဲ"
မိုက်ကယ်က ခေါင်းညိတ်လိုက်တယ်။ သူ့ခေါင်းထဲမှာ ပွဲတစ်ခုတည်းသာ ပေါ်လာခဲ့တယ်။
‘လ’ ပူဇော်ပွဲများ ပဲ။
သူ သိထားသလောက်တော့ ဒါက နယူးစပါတာမှာ ကျင်းပမယ့် တစ်ခုတည်းသော အဓိကပွဲကြီးပဲ။ ဒါက ဝံပုလွေလူသားတွေသာမကဘဲ ဒီယဉ်ကျေးမှုအသစ် ပေါင်းစပ်ခြင်းရဲ့ ယေဘုယျခေတ်ရေစီးကြောင်းထဲမှာ သူတို့ရဲ့ အမှတ်အသားကို ချန်ထားရစ်ဖို့ ရည်ရွယ်ထားကြတဲ့ လူသားအဖွဲ့အစည်းအများစုလည်း ပါဝင်နေကြတယ်။
အကြီးအကဲ လူပန်ရဲ့ အဆိုအရ ဒီကနေ့အထိ ပြုလုပ်နေကြတဲ့ သဘောတူညီမှုတွေနဲ့ မဟာမိတ်ဖွဲ့ခြင်းတွေ ရှိနေပြီး ဒါတွေက အပေးအယူကြီးတွေ လုပ်ဖို့ သေချာပေါက် လိုအပ်နေတာပဲ။
"ငါတို့ အမီလိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ မိုက်ကယ်က ရယ်မောရင်း ပြောလိုက်တယ်။
"မစိုးရိမ်ပါနဲ့၊ ငါ့ရဲ့ ညီအစ်ကို မောင်နှမတွေကို ရိုလာကိုစတာစီးဖို့ ဆွဲဆောင်နိုင်တာနဲ့ တစ်ပြိုင်နက် သဲဒင်္ဂါးတွေက ငါတို့နိုင်ငံပေါ်ကို မိုးရွာချသလို ကျလာမှာမို့ မင်း ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး"
ဆရီနာက သူမဘာသာ ရယ်မောလိုက်ပြီး 'မင်းရဲ့' လို့ ပြောမယ့်အစား 'ငါတို့ရဲ့' လို့ ပြောလိုက်မိမှန်းတောင် သတိမထားမိခဲ့ဘူး။
ဒီအချိန်မှာတော့ သူမကိုယ်သူမ ရီနေးတားနိုင်ငံသားတစ်ယောက်အနေနဲ့ အပြည့်အဝ လက်ခံထားပြီဖြစ်ပြီး မိုက်ကယ်ကလည်း ဒါကို အရမ်းသဘောကျနေခဲ့တယ်။
"အို... ဒါပေမဲ့ ဒါက အဆင်ပြေပါ့မလား" လို့ မိုက်ကယ်က ရေဝဲကို လက်ဟန်ခြေဟန်နဲ့ ပြရင်း မေးလိုက်တယ်။
"မင်း ဘာကိုဆိုလိုတာလဲ"
"ဒါက နည်းနည်း... သေးနေတယ်လို့ မထင်ဘူးလား"
'သေးတယ်'
ဆရီနာက ရေထဲမှာ မှော်ဆန်ဆန် လည်ပတ်နေတဲ့ ရေဝဲကို ပြန်ကြည့်လိုက်တယ်။ အဲဒီအပေါက်က လက်ဖဝါးအရွယ်အစားလောက်ရှိပြီး တစ်စက္ကန့်ကို သဲဒင်္ဂါး ၅,၀၀၀ လောက် ယူဖို့ လုံလောက်တယ်—
"နေ... နေဦး၊ အဲဒါက ဘာလို့ အရေးကြီးနေရတာလဲ"
ဘယ်သူကမှ ဒီရေဝဲနဲ့ပတ်သက်ပြီး မကျေမနပ် မပြောခဲ့ကြဘူး။ ဘာလို့လဲဆိုတော့ နောက်ဆုံးမှာ သူလုပ်ရမယ့်အလုပ်ကို သူလုပ်သရွေ့ စက္ကန့်အနည်းငယ် ကြာတာပဲဖြစ်ဖြစ်၊ မိနစ်အနည်းငယ် ကြာတာပဲဖြစ်ဖြစ် ကိစ္စမရှိလို့ပဲ။
ဒါပေမဲ့ မိုက်ကယ်ကတော့ ဒါနဲ့ပတ်သက်ပြီး အရမ်းကို စိုးရိမ်နေပုံရတယ်။
"ကောင်းပါပြီ၊ ကောင်းပါပြီ" မိုက်ကယ်က အရှုံးပေးတဲ့အနေနဲ့ လက်မြှောက်လိုက်တယ်။ "မင်း အလုပ်များနေပုံရလို့ မင်းရဲ့အချိန်တွေကို မဖြုန်းတီးပစ်ချင်ရုံပါ"
အဲဒီနောက် သူ့ခြေထောက်အောက်က အရိပ်က သူ့ရှေ့မှာ ဧရာမ အမှောင်စက်ဝိုင်းကြီးတစ်ခုအဖြစ် ရုတ်တရက် ကျယ်ပြန့်သွားပြီး တစ်စက္ကန့်အကြာမှာပဲ အဲဒီထဲကနေ သစ်သားသေတ္တာတစ်လုံး ထွက်ပေါ်လာခဲ့တယ်။
ဆရီနာရဲ့ ပါးစပ်ဖျားမှာ တွဲခိုနေပုံရတဲ့ မေးခွန်းကိုတောင် သူမ မမေးလိုက်နိုင်ခင်မှာပဲ မိုက်ကယ်က သေတ္တာကို ဖွင့်လိုက်ပြီး အထဲမှာရှိတဲ့ တောက်ပနေတဲ့ သဲဒင်္ဂါးပုံကြီးကို ပြသလိုက်တယ်။ တိတိကျကျ ပြောရရင် ၁.၃ သန်းလောက်ရှိတယ်။
"အာ...."
ဆရီနာတစ်ယောက် အသက်ရှူမှားသွားခဲ့တယ်။ "ဒါက... ဒါက... ဒါက သဲဒင်္ဂါး တစ်သန်းထက်တောင် ပိုတယ်"
လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်က အပေးအယူကြီးတွေအကြောင်း သူမ ပြောနေခဲ့တုန်းက အများဆုံးအနေနဲ့ တစ်ကြိမ်ကို သဲဒင်္ဂါး တစ်သန်းလောက်၊ ဒါမှမဟုတ် သိန်းနဲ့ချီတဲ့ အပေးအယူတွေကို သူမ ဆိုလိုနေခဲ့တာလေ။ ပြီးတော့ ဒါတွေက နယူးစပါတာက နာမည်ကြီးလူတွေချည်းပဲ။
အခုတော့ မိုက်ကယ်က ချမ်းသာတဲ့ဖောက်သည်တွေရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ အသိုင်းအဝိုင်းထဲက တစ်စိတ်တစ်ပိုင်း ဖြစ်နေပုံရတယ်။
ဒါက ဖြစ်နိုင်မယ်လို့ ဆရီနာ ဘယ်တုန်းကမှ မတွေးထားခဲ့ဘူး။ သူ ဒီလောက်များတဲ့ ပိုက်ဆံတွေကို ဘယ်ကနေ ရလာတာလဲ။
"ငါ နောက်မှသုံးဖို့ တစ်ဝက်ကို ဖယ်ချန်ထားသေးတယ်" လို့ မိုက်ကယ်က ဂရုမစိုက်တဲ့ပုံစံနဲ့ ပြောလိုက်တယ်။
ဒီအချိန်မှာ ဆရီနာက သူမ ဘာလို့ အံ့ဩနေရတာလဲဆိုတာကိုတောင် မသိတော့ဘူး။ ဒါက လူတစ်ယောက်တည်းဆီမှာပဲ ဖြစ်နိုင်ပြီး အဲဒီလူက မိုက်ကယ်လေ။
"ဒီတိုင်း... ပိုက်ဆံတွေကို ရေထဲသာ ပစ်ချလိုက်ပါ၊ ငါ အဲဒါကို ကိုင်တွယ်လိုက်မယ်" လို့ ဆရီနာက သက်ပြင်းချရင်း ပြောလိုက်တယ်။
မိုက်ကယ်က သူမပြောတဲ့အတိုင်း လုပ်လိုက်ပြီး သေတ္တာကို ရေဝဲဆီ ပစ်ချလိုက်ချိန်မှာ ရေတံခွန်လို စီးကျသွားတဲ့ ပုံစံမျိုးဖြစ်အောင် မှော်ပညာကို အသုံးပြုလိုက်တယ်။ ရေဝဲက သဲဒင်္ဂါးတွေအားလုံးကို လောဘတကြီး ဝါးမျိုလိုက်ပြီး တိုးလာတဲ့ပမာဏကို နေရာဆံ့အောင် ပိုလို့တောင် ကြီးထွားလာခဲ့တယ်။
ဒါပေမဲ့ သဲဒင်္ဂါးတိုင်းကို ဝါးမျိုဖို့ တစ်မိနစ်ခန့် ကြာသွားခဲ့ပြီး အဲဒီနောက် ဖန်ပုလင်းငယ်တွေက ATM စက်တစ်ခုလို ရေဝဲထဲကနေ ပစ်ထွက်လာဖို့ နောက်ထပ် တစ်မိနစ်ခန့် ထပ်ကြာသွားခဲ့တယ်။
ဒီအချိန်မှာ တိတိကျကျပြောရရင် ဖန်ပုလင်းငယ် ၁၃၀ က မိုက်ကယ်ရဲ့ပတ်ဝန်းကျင်မှာ မျောလွင့်နေပြီး တစ်ခုချင်းစီမှာ ဝိညာဉ်ဆီ တစ်စက်စီ ပါဝင်နေတယ်။
ဒါက အချိန်အတော်ကြာအောင် သူ ကြုံတွေ့ခဲ့ရတဲ့ ရှားပါးမှုတွေအပြီးမှာ အထူးသဖြင့် မြင်တွေ့ရတဲ့ အံ့ဩစရာကောင်းတဲ့ မြင်ကွင်းတစ်ခုပါပဲ။
မျောလွင့်နေတဲ့ ဖန်ပုလင်းငယ်တွေရဲ့အောက်မှာ ဧရာမ မှော်စက်ဝိုင်းကြီးတစ်ခု ပေါ်လာခဲ့ပြီး အဲဒီနောက်မှာတော့ မမြင်ရတဲ့ စွမ်းအားတစ်ခုက ဖော့ဆို့တွေကို ဖွင့်ပစ်လိုက်တယ်။
ပြီးတော့ အထဲမှာရှိတဲ့ ကြည်လင်ပြီး စေးကပ်နေတဲ့ အရည်စက်တွေက ဖန်ပုလင်းငယ်တွေထဲကနေ ထွက်လာပြီး သူ့လက်ဖဝါးဆီကို လေးကိုင်းပုံစံ လွင့်ပျံလာခဲ့တယ်။
မကြာခင်မှာပဲ ဒီဝိညာဉ်ဆီ အစက်တွေက ပေါင်းစပ်သွားပြီး ပိုကြီးတဲ့ အရည်စက်ကြီးတစ်ခု ဖြစ်လာခဲ့တယ်။ ရယ်စရာကောင်းတာက ဒါက သူ ဒီကမ္ဘာကို ပထမဆုံး ဝင်စားလာတုန်းက ဖန်တီးခဲ့တဲ့ ရေဘောလုံးနဲ့ အရွယ်အစား အတူတူပဲ။
အဲဒီနောက် သူ့ရဲ့ ဒရုန်းက ဘယ်ကနေမှန်းမသိ ထွက်လာပြီး အရည်စက်ကြီးကို အလွန်မြန်ဆန်တဲ့ အရှိန်နဲ့ ဖြတ်ပြေးသွားခဲ့တယ်။
ဒါပေမဲ့ အဲဒီလို တိုက်မိသွားပြီးတဲ့နောက်မှာ အရည်စက်တွေက မြူခိုးတွေအဖြစ် ပျောက်ကွယ်မသွားခဲ့ဘူး။ အဲဒီအစား ဒါက သတ္တုသတ္တဝါကို အစာချေဖို့ ကြိုးစားနေတဲ့ စလိုင်းမ်တစ်ခုလိုမျိုး ဒရုန်းကို ရစ်ပတ်သွားခဲ့တယ်။
ဒါက အချိန်တိုလေးအတွင်းမှာပဲ ဖြစ်ပျက်သွားခဲ့ပြီး ဒရုန်းရဲ့ မျက်နှာပြင်က အရည်စက်တွေကို စတင်စုပ်ယူသွားကာ နောက်ဆုံးမှာတော့ ဒရုန်းက သဲကန္တာရတစ်ခုလို ခြောက်သွေ့သွားခဲ့တယ်။
မိုက်ကယ်က စိတ်လှုပ်ရှားစွာနဲ့ [စနစ်အရောင်းဆိုင်] ကို ကြည့်လိုက်တယ်။
[မီသရယ် မှော်ဝင်ပစ္စည်း: ဒရုန်း]
[ဝိဉာဉ်ဆီ: ၁၃၀ စက်]
[အမြင်အာရုံ]
- - ကင်မရာ
- - - ဒရုန်း အမြင်အာရုံ
- - - မျှဝေ အမြင်အာရုံ
- - -မက်ဂ်နက်တစ် အမြင်အာရုံ = ၃
- - -သားရဲမျိုးနွယ်အမြင်အာရုံ
- - -XXXX
[လက်နက်]
- - သဟဇာတ သေနတ်များ
- - - သဟဇာတ သေနတ်
- - - သဟဇာတ သေနတ် (ဗားရှင်းတူး) = ၂
- - - သဟဇာတ ဗုံး
- - - သဟဇာတ ဗုံး = ၂
- - - XXXX
- - စွမ်းရည်
- - - ပစ္စည်းသိုလှောင်ခန်း လဲလှယ်ခြင်း = ၁
- - - ရုန်းအသေး သိုလှောင်ခန်း = ၂
- - - XXXX
[ပန်ကာ]
- -ပုန်းကွယ်ခြင်း
- - - အသံတိတ် ပန်ကာ = ၁
- - - XXXX
- - အရှိန်နှုန်း
- - - ဒေါင်လိုက်ပန်ကာနှစ်ခု = ၁
- - - XXXX
[ကိုယ်ထည်]
- - ပုန်းကွယ်ခြင်း
- - - ကိုယ်ရောင်ဖျောက်ခြင်း = ၁
- - - မျက်စိတဆုံး ကိုယ်ရောင်ဖျောက်ခြင်း
- - - အရာဝတ္ထုများကို ဖြတ်သန်းသွားလာနိုင်ခြင်း = ၃
- - အကာအကွယ်
- - - သဟဇာတ ဒိုင်း = ၁
- - - XXXX
[ချဲ့ထွင်မှု]
- - ဒရုန်းများ
- - - ဒရုန်းအသေးစား
- - - ဒရုန်းအုပ်စု = ၂
- - - - - - ဒရုန်းအသေး = ၁
- - ပုံစံပြောင်းလဲခြင်း
- - - အရွယ်အစား လျှော့ချခြင်း = ၁
- - - အရွယ်အစား ချဲ့ထွင်ခြင်း = ၁
- - - ပုံသဏ္ဌာန် ပြောင်းလဲခြင်း = ၂
[မှော်ကမ္ဘာငယ်လေး]
- - ရေဂီယို
- - သီးသန့်အခန်း
- - - ချဲ့ထွင်မှု = ၁+
- - အခန်းသစ်များ = ၅+
- - - XXXX
[မဟာမိတ်များ]
- - ဖတ်ချ်
- - - ဒရုန်းအသေးချိတ်ဆက်မှု
- - - လက်နက်
- - - ပူးကပ်ခြင်း = ၅
- - - စွမ်းရည် = ၅
- - ရှီနာ
- - - ဒရုန်းအသေးချိတ်ဆက်မှု
- - - လက်နက်
- - - ပူးကပ်ခြင်း = ၅
- - - စွမ်းရည် = ၅
- - ဂျာကူ
- - - ဒရုန်းအသေးချိတ်ဆက်မှု
- - - လက်နက်
- - - ပူးကပ်ခြင်း = ၅
- - - စွမ်းရည် = ၅
- - ယူမီစု
- - - ဒရုန်းအသေးချိတ်ဆက်မှု
- - - လက်နက်
- - - ပူးကပ်ခြင်း = ၅
- - - စွမ်းရည် = ၅
သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မိုက်ကယ်က ခက်ခဲတဲ့ရွေးချယ်မှုတွေကြားမှာ ခေါင်းရှုပ်မနေခဲ့ဘူး။ သူ့ရဲ့ဒရုန်းကို ပုန်းကွယ်နိုင်စွမ်းရှိအောင် လုပ်မလား၊ ဒါမှမဟုတ် ပိုကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိအောင်လုပ်မလားဆိုတာကို သူ ရွေးချယ်စရာ မလိုတော့ဘူး။ ပထမဆုံးအကြိမ်အဖြစ် သူက နှစ်ခုစလုံးကို ရွေးချယ်နိုင်ပြီလေ။ သူလိုချင်တာမှန်သမျှကို ရွေးချယ်နိုင်ပြီး ကျန်တဲ့အစက် အရေအတွက်က ရာဂဏန်းနီးပါးလောက် ကျန်နေဦးမှာပဲ။
ဒါက လန်းဆန်းသွားစေတဲ့ ခံစားချက်မျိုးဖြစ်ပြီး သူ ထာဝရ မြတ်နိုးသွားမယ့် ခံစားချက်တစ်ခုလည်း ဖြစ်တယ်။
ဒါပေမဲ့ သေချာတာပေါ့... သူက ဒီခံစားချက်ကို ကြာရှည်ခံစေချင်တယ်ဆိုရင် အနာဂတ်မှာ သဲဒင်္ဂါးတွေ အများကြီး ထပ်ရှာဖို့ လိုအပ်တယ်။ သူ ကျေနပ်ရောင့်ရဲနေလို့ မဖြစ်ဘူး။
အဲဒီနောက် သူ့မျက်လုံးတွေက [မှော်ကမ္ဘာငယ်လေး] ရွေးချယ်စရာဆီ ရောက်သွားခဲ့တယ်။
အခုတော့ သူ့မှာ လက်ရှိရှိနေတာကို ချဲ့ထွင်ဖို့ ဝယ်ယူမလား၊ ဒါမှမဟုတ် နောက်ထပ် [သီးသန့်အခန်း] တစ်ခုကို လုံးဝ အသစ်ဝယ်ယူမလားဆိုတဲ့ ရွေးချယ်စရာတစ်ခု ရှိနေတယ်။
ဒါပေမဲ့ ကုန်ကျစရိတ်မှာပါတဲ့ '+' က ဘာလဲ။
[ဒါက သင် ဒီရွေးချယ်စရာကို ပိုဝယ်လေ အဆင့်မြှင့်တင်မှုရဲ့ ကုန်ကျစရိတ်က ပိုများလာလေဆိုတဲ့ အဓိပ္ပာယ်ပါ]
မိုက်ကယ်က ခေါင်းစောင်းလိုက်တယ်။ 'ဒါဆို ငါက ဒုတိယမြောက် [သီးသန့်အခန်း] ကို ၅ စက်နဲ့ ဝယ်လိုက်ရင် တတိယမြောက်အခန်းက ဒီထက်ပိုကုန်မှာပေါ့'
[ဟုတ်ပါတယ်]
မိုက်ကယ် မျက်လုံးမှေးကြည့်လိုက်တယ်။ "မင်း ငါ့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်၊ ငါ့မှာ ပိုက်ဆံအများကြီးရှိမှန်း မင်း သိနေလို့ ဈေးတင်လိုက်တာလား"
[မဟုတ်ပါဘူး။ ဒီရွေးချယ်စရာတွေအတွက် ဈေးနှုန်းတွေကို ကျွန်မက သဘောကျ သတ်မှတ်ထားတာ မဟုတ်ပါဘူး။ ကုန်ကျစရိတ်တွေက အဆင့်မြှင့်တင်မှုကို ပြီးမြောက်ဖို့ အစက်ဘယ်လောက် လိုအပ်လဲဆိုတဲ့အပေါ် မူတည်ပြီး ထွက်လာတာပါ]
မိုက်ကယ်က သံသယနဲ့ ကြည့်လိုက်တယ်။ 'ဟင်း... အင်း... ဟုတ်တာပေါ့လေ'
ဘယ်လိုပဲဖြစ်ဖြစ် ဒါက တန်ဖိုးရှိတဲ့ အဆင့်မြှင့်တင်မှုတစ်ခုပါပဲ။
ဘာပဲပြောပြော တကယ်လို့ သူက ဒီ [သီးသန့်အခန်း] ထဲမှာ နောက်ထပ် အမှောင်သစ်သားတစ်ခုကို စိုက်ပျိုးနိုင်မယ်ဆိုရင် ဒါက တစ်လကို နောက်ထပ် သဲဒင်္ဂါး ၂၀၀,၀၀၀ ရမှာပဲ။ အဲဒါက အစက် ၂၀ နဲ့ ညီမျှတယ်။ ဒါကြောင့် နောက်ထပ်အခန်းတစ်ခုရဖို့ ၅ စက် သုံးလိုက်ရတာက တကယ်ကို တန်ပါတယ်။
'နေဦး နိုဗာ... [သီးသန့်အခန်း] အတွက် ချဲ့ထွင်တဲ့ အဆင့်မြှင့်တင်မှုက ဘယ်လောက်ကြီးလဲ၊ နောက်ထပ် အမှောင်သစ်သားတစ်ခု ဆံ့ပါ့မလား'
[ဒုတိယမြောက် အမှောင်သစ်သားအတွက် နေရာလုံလောက်မှုရဖို့ သင်က ဆက်တိုက် ချဲ့ထွင်မှု သုံးခုကို ဝယ်ယူဖို့ လိုအပ်ပါလိမ့်မယ်]
'အဲဒါဆို စုစုပေါင်း ဘယ်လောက်ကုန်မလဲ'
[၅ စက်ပါ]
မိုက်ကယ်က ခေါင်းခါလိုက်တယ်။ အခုတော့ နိုဗာက သူ့ကို လိမ်စားနေတာ သေချာသွားပြီ။
* * * * * * * *
စာစဉ်(၇၀)
အခန်း(၈၄၀)
နိုဗာက သူ့ရဲ့စွပ်စွဲချက်တွေကို ရိုးရိုးရှင်းရှင်းပဲ လျစ်လျူရှုထားလိုက်တယ်။
'ထားလိုက်ပါတော့... အခု ဘာဝယ်ရမလဲဆိုတာ စကြည့်ဖို့ အချိန်ကျပြီ... နေပါဦး၊ ငါ အဲလိုလုပ်စရာမလိုပါဘူး၊ ရွေးချယ်စရာတွေအားလုံးကို အကုန်လိုက်နှိပ်လိုက်ရုံပဲလေ ဟားဟားဟားဟား'
မိုက်ကယ်က အကြောင်းရင်းမရှိဘဲ ရုတ်တရက် ပြုံးရယ်နေတာမို့ စိတ်ဖောက်ပြန်နေတဲ့ လူနာတစ်ယောက်နဲ့ တူနေခဲ့တယ်။ စတိုးဆိုင်ထဲက ပစ္စည်းအားလုံးကို ဝယ်ယူနိုင်တဲ့ ဒီလို လွတ်လပ်တဲ့ခံစားချက်က သူ့ရဲ့အရင်ကမ္ဘာမှာ ဈေးဝယ်ရတာကို အရူးအမူးဖြစ်တဲ့သူတွေ ရှိနေရတဲ့ အကြောင်းရင်း ဖြစ်ရမယ်။ စည်းစိမ်ယစ်မူးပြီး နေထိုင်ရတာက လုံးဝကို ငြင်းဆန်နိုင်စရာမရှိဘူးလေ။
သူက ရွေးချယ်စရာတွေကိုတောင် သေချာမကြည့်တော့ဘဲ အရူးတစ်ယောက်လို စတင်ဝယ်ယူတော့တာပဲ။
သူက ရရှိနိုင်တဲ့ [အမြင်အာရုံ] အဆင့်မြှင့်တင်မှုကို ဝယ်ယူလိုက်တာမို့ နောက်ဆုံးတော့ မက်ဂ်နက်တစ်တစ်ယောက်ရဲ့ တန်ခိုးစွမ်းရည်ကို တစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်သွားခဲ့ပြီ။ သူက သူတို့ရဲ့ စွမ်းအားနဲ့ ကျင့်စဉ်အဆင့်ကို ချက်ချင်း မြင်နိုင်စွမ်း ရှိလာတော့မှာပါ။ ဒီအဆင့်မြှင့်တင်မှုရဲ့ အရေးပါပုံက အလွန်ကြီးမားလွန်းတာမို့ သူ ဒီလို အကြွင်းမဲ့ သုံးစွဲပစ်ဖို့ ဘယ်လောက်တောင် လိုအပ်နေခဲ့လဲဆိုတာ ပြသနေတယ်။
သူက [လက်နက်] ရွေးချယ်မှုတွေကို ဝယ်ယူလိုက်တာမို့ သူ့ရဲ့ အဓိကဒရုန်းနဲ့ နောက်ဆက်တွဲ ဒရုန်းအသေးတွေထဲမှာ ခလုတ်တွေကို ပိုပြီး သိုလှောင်ထားနိုင်သွားခဲ့ပြီ။ အဲဒီနောက် [သဟဇာတဗုံး] အတွက် နောက်ထပ် အဆင့်မြှင့်တင်မှုကိုပါ ဝယ်ယူလိုက်ပြီး စွမ်းအားပိုမိုထည့်သွင်းကာ ပြန်လည်အသုံးပြုနိုင်မယ့် အချိန်ကို လျှော့ချလိုက်တယ်။
သူက [ပန်ကာ] ရွေးချယ်မှုဆီ သွားလိုက်ပြီး သူ့ဒရုန်းရဲ့ အမြန်နှုန်းကို အဆင့်မြှင့်တင်လိုက်တယ်။ အရင်က အမြန်နှုန်းပိုင်းမှာ ဘယ်တုန်းကမှ နောက်ကျကျန်ခဲ့တာမျိုး မရှိပေမဲ့ ဒါက မလိုအပ်ခဲ့လို့သာ ဖြစ်တယ်။ သူ့ရဲ့ ပုန်းကွယ်ခြင်းစွမ်းရည်က ရန်သူတွေကို ခြုံခိုတိုက်ခိုက်ဖို့၊ ထိခိုက်စေဖို့နဲ့ သူတို့ရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားဖို့ အခြေခံအားဖြင့် ခွင့်ပြုပေးထားတာလေ။
ဒါပေမဲ့ သဟဇာတသတ္တဝါတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲကနေ သူ သိလိုက်ရတာက ဒီပုန်းကွယ်ခြင်းစွမ်းရည်ကို ဖောက်ထွင်းမြင်နိုင်တဲ့ စွမ်းရည်အချို့ သေချာပေါက် ရှိနေတယ်ဆိုတာပဲ၊ အထူးသဖြင့် သူ့ထက် အဆင့်ပိုမြင့်တဲ့သူတွေဆီမှာပေါ့။ ပြီးတော့ နယူးစပါတာမှာရှိတဲ့ အရောင်အသွေးစုံလင်လှတဲ့ အုပ်စုတွေနဲ့ဆိုရင် သူ ဒီလို ပြိုင်ဘက်မျိုးတွေကို မကြာခင်မှာ ရင်ဆိုင်ရတော့မယ်လို့ ခံစားနေရတယ်။
နောက်တစ်ခုကတော့ ဒရုန်းရဲ့ [ကိုယ်ထည်] ပါပဲ။ သူက သဟာဇာတဒိုင်း အဆင့်မြှင့်တင်မှုကို ဝယ်ယူလိုက်တာမို့ သူ့ရဲ့ဒရုန်းက ကိုယ်ပိုင်ကာကွယ်ရေးစနစ်တစ်ခု ရရှိသွားခဲ့တယ်။
အရင်တုန်းကဆိုရင် သူ ကိုယ်တိုင် တိုက်ရိုက် မောင်းနှင်နေမှသာ ဒရုန်းကို သူ့ရဲ့ [အကြွင်းမဲ့သဟဇာတအကာအကွယ်] နဲ့ ကာကွယ်ပေးနိုင်ခဲ့တာပါ။ ဒါကြောင့် သူ့ခန္ဓာကိုယ်ကို သူ ကာကွယ်နေရတဲ့အချိန်ဆိုရင် ဒရုန်းက တိုက်ခိုက်မှုတိုင်းကို အလွယ်တကူ ခံရနိုင်တဲ့ အနေအထားမှာ ရှိနေခဲ့တယ်။ သေချာတာကတော့ မီသရယ်နဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်ထည်က တိုက်ခိုက်မှုအများစုကို ကာကွယ်ပေးနိုင်ပေမဲ့ ဒါက လုံးဝ ထိခိုက်မှုမရှိနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလေ။
သူ ဒါကို ခက်ခက်ခဲဲခဲဲနဲ့ သိလိုက်ရလုနီးပါး ဖြစ်ခဲ့ဖူးတယ်။ ရှေးဟောင်းကျောက်တိုင်ရဲ့ စမ်းသပ်မှုအတွင်းမှာ သူ့ဒရုန်းက ပျက်စီးလုနီးပါး ဖြစ်ခဲ့တာလေ။ အဲဒီနောက် ဘာဖြစ်လာမလဲဆိုတာကိုတောင် သူ မသိခဲ့ဘူး။ သူ အဲဒါကို ပြန်တည်ဆောက်နိုင်မလား၊ ဒါမှမဟုတ် တခြား မီသရယ် မှော်ဝင်ပစ္စည်းတစ်ခုနဲ့ အစကနေ ပြန်စရမလားဆိုတာမျိုးပေါ့။ အခုတော့ သူ ဒါကို သိစရာမလိုတော့တဲ့အတွက် အလွန်ပဲ ကျေးဇူးတင်နေမိတယ်။
နောက်တစ်ခုကတော့ [ချဲ့ထွင်မှု] အဆင့်မြှင့်တင်မှုတွေပဲ။ သူက [အရွယ်အစား ချဲ့ထွင်ခြင်း] နဲ့ [ပုံသဏ္ဌာန် ပြောင်းလဲခြင်း] ရွေးချယ်မှုတွေကို ဝယ်ယူလိုက်တာမို့ တိုက်ခိုက်ရေး၊ ကာကွယ်ရေးနဲ့ ပုန်းကွယ်ရေး ကဏ္ဍအားလုံးမှာ ပိုပြီး စွယ်စုံသုံးလို့ ရသွားခဲ့ပြီ။ ဒီအဆင့်မြှင့်တင်မှုတွေနဲ့ဆိုရင် သူက သူ့ဒရုန်းရဲ့ ပုံသဏ္ဌာန်ကို လိုအပ်သလို အခြေခံအားဖြင့် ပြောင်းလဲနိုင်တော့မှာပါ။
သူက [ဒရုန်းအသေး] တွေကိုလည်း ပိုပြီး ဝယ်ယူနိုင်သေးပေမဲ့ ဒါကိုတော့ နောက်မှလုပ်ဖို့ ချန်ထားချင်ခဲ့တယ်။ [မှော်ကမ္ဘာငယ်လေး] အဆင့်မြှင့်တင်မှုတွေအတွက်လည်း အတူတူပါပဲ။ သူသာ လိုချင်ရင် ဒီအဆင့်မြှင့်တင်မှုတွေနဲ့တင် သူ့ရဲ့ ငွေကြေးအားလုံးကို ကုန်စင်သွားအောင် သုံးပစ်လို့ရနေတာလေ။
ဒါကြောင့် သူက နောက်ဆုံး အဆင့်မြှင့်တင်မှု ရွေးချယ်စရာဖြစ်တဲ့ [မဟာမိတ်များ] ဆီကို ဆက်သွားလိုက်တယ်။
[ဒရုန်းအသေးချိတ်ဆက်မှု] က အခြေခံအားဖြင့် ရီနေးတားနိုင်ငံသား မက်ဂ်နက်တစ်တစ်ယောက်ကို သူတို့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်း လက်နက်တွေမှာ ဒရုန်းအသေးတစ်စင်း ချိတ်ဆက်ခွင့် ပြုထားပြီး အဲဒီကနေတစ်ဆင့် မိုက်ကယ်ဝယ်ယူထားတဲ့ [သဟဇာတသေနတ်]၊ [မက်ဂ်နက်တစ် အမြင်အာရုံ] နဲ့ အခြားသော စွမ်းအားတွေ၊ အင်္ဂါရပ်တွေကိုပါ ပေါင်းစပ်ပေးနိုင်စွမ်း ရှိတယ်။
ဒါက ရီနေးတားနိုင်ငံသားတွေအတွက် ဒုတိယမြောက် တိုက်ခိုက်ရေးပုံစံတစ်ခု ဖြစ်ရုံသာမကဘဲ မိုက်ကယ်အနေနဲ့ သူတို့ကို အချိန်ပြည့် စောင့်ကြည့်နိုင်မယ့် နည်းလမ်းတစ်ခုလည်း ဖြစ်တယ်။ သူက သူတို့အတွက် စိုးရိမ်နေတာ မဟုတ်ဘဲ သူတို့ကြောင့် ပြဿနာဖြစ်မှာကို စိုးရိမ်နေတာပါ။ အထူးသဖြင့် ဖတ်ချ်ကြောင့်ပေါ့။ အဲဒီစလိုင်းမ်က မှောင်ခိုကိစ္စတွေမှာ သူ ဘာလုပ်လုပ် မိုက်ကယ်က ဂရုမစိုက်ဘူးဆိုတဲ့အချက်ကို အခွင့်ကောင်းယူပြီး အပြည့်အဝ အသုံးချနေတာ သေချာတယ်လေ။
အခြားတစ်ဖက်မှာလည်း [လက်နက်] အဆင့်မြှင့်တင်မှုက ဒရာဂွန်ဘွန်းတွေအတွက် အများကြီး ပိုသာလွန်တဲ့ အားသာချက်တစ်ခုကို ပေးစွမ်းနိုင်တယ်။ အဲဒီရဲ့ ရှင်းလင်းချက်အရဆိုရင် ဒီရွေးချယ်မှုက အခု သူ ဒရုန်းကို အဆင့်မြှင့်တင်နေသလိုမျိုးပဲ သူတို့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းတွေကို အနာဂတ်မှာ အဆင့်မြှင့်တင်ခွင့် ပြုပေးမှာ ဖြစ်တယ်။
အဲဒီနောက်မှာတော့ ဝိညာဉ်ဆီ ၅ စက် အထိ ကုန်ကျတဲ့ [နေထိုင်ရာ] အဆင့်မြှင့်တင်မှု ရှိနေတယ်။ ဒါက သူတို့ရဲ့ ဒရုန်းအသေး မီသရယ် မှော်ဝင်ပစ္စည်းအတွင်းမှာ မှော်ကမ္ဘာငယ်လေး တစ်ခုကို ဖွင့်ပေးပြီး သူတို့ လိုချင်တဲ့အချိန်တိုင်း အဲဒီထဲမှာ ဝင်ရောက် နေထိုင်ခွင့် ပြုထားတာပါ။
'ကျစ်... အကယ်လို့သာ ဒရုန်းက သူတို့ရဲ့ လက်နက်တွေမှာ ချိတ်ဆက်မထားဘူးဆိုရင် ငါက အဲဒီနေရာလွတ်ကို အမှောင်သစ်သားတွေ ပိုစိုက်ဖို့ သုံးလို့ရမှာပဲ'
သူ့အတွေးတွေက လောဘတွေနဲ့ ပြည့်နှက်နေမှန်း သတိပြုမိသွားတဲ့အတွက် သူ ချက်ချင်းပဲ ခေါင်းယမ်းလိုက်တယ်။ သူ အဲဒီလောက်အထိ လောဘမကြီးချင်ဘူးလေ။ သူသာ သူတို့ရဲ့ ဒရုန်းအသေးထဲက မှော်ကမ္ဘာငယ်လေးကို ယူလိုက်ရင် သူတို့ရဲ့ ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခုကို အခြေခံအားဖြင့် ဖြတ်တောက်လိုက်သလို ဖြစ်သွားမှာပေါ့။
အဲဒါက သူတို့လုပ်ချင်တာမှန်သမျှ လုပ်နိုင်တဲ့ သူတို့ပိုင်ဆိုင်တဲ့ အခန်းတစ်ခုပဲ ဖြစ်သင့်တယ်။ ဒါက သူတို့နဲ့ ထိုက်တန်တာပဲလေ။
အခုတော့ [စွမ်းရည်] အဆင့်မြှင့်တင်မှုက သူ့အတွက် အများကြီး ပိုပြီး အကျိုးရှိစေခဲ့ပြီ။ ဒါက သူတို့ရဲ့ စွမ်းအားတွေကို သူ့ကိုယ်ပိုင် အသုံးပြုဖို့အတွက် အခြေခံအားဖြင့် ငှားရမ်းခွင့် ပြုထားတာမို့ ဝိညာဉ်ဆီ ၅ စက် ကုန်ကျခဲ့တာပါ။ ဒီအရာက ဘာတွေကို ဆိုလိုမှန်း သူ သေချာမသိပေမဲ့ သူ့ရဲ့ လက်နက်သိုက်ထဲမှာ နောက်ထပ် စွမ်းအားတစ်ခု ပိုင်ဆိုင်ထားတာက ကြီးမားတဲ့ အားသာချက်တစ်ခုမှန်းတော့ သူ သိနေတယ်။
ယေဘုယျအားဖြင့် ဒီလို ငွေသုံးကြမ်းနေတဲ့ အချိန်အတွင်းမှာ ဒီ [မဟာမိတ်များ] အဆင့်မြှင့်တင်မှုတွေက အကုန်အကျအများဆုံး ဖြစ်ခဲ့ပြီး အဲဒီ အဆင့်မြှင့်တင်မှုတွေအတွက် လိုအပ်တဲ့ ဝိညာဉ်ဆီ ၅၈ စက်ထဲကနေ ၄၄ စက်အထိ ကုန်ကျခဲ့တယ်။
ဒီအချက်က သူ ဝယ်ယူနိုင်တဲ့အရာတွေနဲ့ ယှဉ်လိုက်ရင် သူ့ဆီမှာ ဘယ်လောက်တောင် ပိုပြီး ကျန်နေသေးလဲဆိုတာကို နားလည်သွားစေခဲ့တယ်။
'နိုဗာ... ဘာလို့ ရွေးချယ်စရာတွေ ပိုပြီး ထွက်မလာတော့တာလဲ'
မီနူးအားလုံးထဲက အရာရာတိုင်းကို ဝယ်ယူပြီးတဲ့နောက်မှာတောင် အများစုက [XXXX] ရွေးချယ်မှုအဖြစ် ရှိနေတုန်းပဲ။ ဒါတွေကို မပွင့်ခင် အဆင့်မြှင့်တင်မှုအားလုံးကို အရင်ဝယ်ဖို့ လိုအပ်တယ်လို့ သူ ထင်ခဲ့ပေမဲ့ အခုချိန်ထိ ဖုံးကွယ်ထားဆဲ ဖြစ်နေတယ်။
[အဆင့်မြှင့်တင်မှုများက ၂၄ နာရီ၊ ၅၉ မိနစ်၊ ၅၅ စက္ကန့်အတွင်း အသစ်ပြန်လည် ရောက်ရှိလာပါမယ်]
မိုက်ကယ်ကတော့ ဒါနဲ့ပတ်သက်ပြီး ပြဿနာမရှိပါဘူး။ နိုဗာတောင်မှ သူ့ရဲ့ ကြီးမားလှတဲ့ အဆင့်မြှင့်တင်မှုတွေကို အမီမလိုက်နိုင်တာကို မြင်ရတဲ့အခါ သူ့ကို သာလွန်သွားတဲ့ ခံစားချက်မျိုး ပေးစွမ်းနေတာလေ။
'အခုဆို ငါ့ဆီမှာ ဝိညာဉ်ဆီ ၇၂ စက်ပဲ ကျန်တော့တယ်'
အဲဒီနောက် သူ့မျက်လုံးတွေက [မှော်ကမ္ဘာငယ်လေး] အဆင့်မြှင့်တင်မှုတွေဆီ ရောက်သွားခဲ့တယ်။ နောက်ထပ် [သီးသန့်အခန်း] က ဝိညာဉ်ဆီ ၅ စက် ကုန်ကျတာမို့ သင့်တော်တဲ့ ဈေးနှုန်းပါပဲ။
'ငါ ဒီအဆင့်မြှင့်တင်မှုကို အရင်ဝယ်လိုက်မယ်၊ ပြီးရင် နောက်တစ်ခုက ဘယ်လောက်လဲဆိုတာ ဆက်ကြည့်ရတာပေါ့'
သူက ရွေးချယ်မှုဆီ ရွှေ့သွားပြီး အဆင့်မြှင့်တင်မှုကို ဝယ်ယူလိုက်တယ်။
[မှော်ကမ္ဘာငယ်လေး - အခန်း ၂ ခန်း]
- - ရေဂီယို
- - သီးသန့်အခန်း
- - - ချဲ့ထွင်မှု = ၁+
- - အခန်းသစ်များ = ၆+
- - - XXXX
ကုန်ကျစရိတ်က ၅ စက်ကနေ ၆ စက်ကို ပြောင်းလဲသွားပြီး ၁ စက် ကွာဟသွားတယ်။
အဲဒီနောက် သူက နောက်ထပ် အခန်းတစ်ခန်းကို ထပ်ဝယ်လိုက်တာမို့ စုစုပေါင်း ၃ ခန်း ဖြစ်သွားတယ်။
- - အခန်းသစ်များ = ၇+
'ဒါဆို အခန်းတစ်ခန်း ထပ်တိုးတိုင်း အဆင့်မြှင့်တင်မှုတွေက ဝိညာဉ်ဆီ တစ်စက်စီ ပိုတိုးလာမှာပေါ့'
ဒါက သင့်တော်ပေမဲ့ သူ့ရဲ့ အခန်းအရေအတွက် ဂဏန်းနှစ်လုံးအထိ ရောက်သွားတာနဲ့ ကုန်ကျစရိတ်တွေက အလျင်အမြန် မြင့်တက်လာတော့မှာပါ။
စဉ်းစားပြီးတဲ့နောက် သူက နောက်ထပ် အခန်း ၅ ခန်း ထပ်ဝယ်ဖို့ ဆုံးဖြတ်လိုက်တာမို့ စုစုပေါင်း ၈ ခန်း ဖြစ်သွားတယ်။
- - အခန်းသစ်များ = ၁၂+
အခုဆိုရင် နောက်ထပ်အခန်းအတွက် ဝိညာဉ်ဆီ ၁၂ စက်အထိ ကုန်ကျနေပြီဖြစ်ပြီး သူ့ဆီမှာရှိတဲ့ ငွေပမာဏနဲ့ဆိုရင်တောင် တော်တော်လေး ဈေးကြီးနေခဲ့ပြီ။
ဒါပေမဲ့လည်း ဒါက တန်ပါတယ်။ [သီးသန့်အခန်း] ၈ ခန်း ရှိတယ်ဆိုတာက အမှောင်သစ်သား တစ်ခုကို ၂ သိန်းစီနဲ့ ရောင်းချနိုင်မယ်ဆိုတဲ့ အနေအထားမှာ တစ်လကို နောက်ထပ် သဲဒင်္ဂါး ၁.၆ သန်း ရရှိမယ်လို့ ဆိုလိုတာလေ။
အားလုံး ပြီးစီးသွားတဲ့အချိန်မှာတော့ သူ့ဆီမှာ စုစုပေါင်း ဝိညာဉ်ဆီ ၁၆ စက်ပဲ ကျန်တော့တယ်။
ဒီပိုနေတဲ့ ဝိညာဉ်ဆီစက်တွေကို ဘာအတွက် သုံးရမလဲဆိုတာ သူ သိပြီးသားပါ။
သူက လုံးဝ ရောင်းမကုန်သေးတဲ့ တစ်ခုတည်းသော မီနူးကို ကြည့်လိုက်တယ်။
- - ဒရုန်းများ
- - - ဒရုန်းအသေးစား
- - - ဒရုန်းအုပ်စု = ၂
- - - - - - ဒရုန်းအသေး = ၁
ကံကောင်းစွာနဲ့ပဲ သူက ဒရုန်းအသေးတစ်စင်းကို ဝိညာဉ်ဆီ ၁ စက်စီနဲ့ ဝယ်ယူနိုင်ခဲ့တယ်။ ဘယ်လောက်ပဲ ဝယ်ဝယ် ဈေးနှုန်းက မြင့်တက်မသွားခဲ့ဘူး။
သူက နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းဆိုသလိုပဲ ဒရုန်းအသေး ၁၆ စင်းကို အမြန်ဝယ်ယူလိုက်တာမို့ နောက်ဆုံးမှာတော့ သူ့ရဲ့ ဝိညာဉ်ဆီတွေ အကုန်အစင် ကုန်ခန်းသွားခဲ့တော့တယ်။
သူက အဲဒီဒရုန်းအသေးတွေထဲက နှစ်စင်းကို အခုထိ မရသေးတဲ့ ဂျာကူနဲ့ ယူမီစုအတွက် ပေးဖို့ ရည်ရွယ်ထားပြီး ကျန်တာတွေကိုတော့ သူ့ဆီမှာပဲ ထားမှာပါ။ တစ်စင်းစီက [သဟဇာတသေနတ်] ပစ်ခတ်နိုင်တဲ့ စွမ်းရည်ရှိတဲ့ ဒရုန်းအသေး ၁၄ စင်းကို သူ အလိုရှိသလို အသုံးပြုနိုင်တာက အခြေခံအားဖြင့် သူ့ကို တစ်ကိုယ်တော် စစ်တပ်တစ်ခု ဖြစ်သွားစေခဲ့တယ်။
တကယ်တော့ သူက ဒရုန်းအသေး ၁၄ စင်းတည်းနဲ့ ကျေနပ်မနေခဲ့ပါဘူး။ သူ့ဘေးမှာ ပျံသန်းနေတဲ့ ဒရုန်းအစင်းတစ်ရာလောက် မရမချင်း သူ ရပ်တန့်နေမှာ မဟုတ်ဘူးလေ။
အဲဒီအချိန်ရောက်ရင် ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်မှာ အခြေခံအားဖြင့် သူ့ကို တားဆီးနိုင်မယ့်အရာ ဘာမှ ရှိတော့မှာ မဟုတ်ဘူး။ ပြီးတော့ ဒီထက်ပိုများလာရင် သန္ဓေဝိညာဉ် အဆင့်တွေကိုပါ ရင်ဆိုင်နိုင်မယ့် အခွင့်အရေး သေချာပေါက် ရှိလာမှာပဲ ဖြစ်တယ်။
* * * * * * * *