အခန်း ၅၃၅
Vol. 54 Ch. 535
အခန်း (၅၃၅) ဆန့်ကျင်ဘက်ဖြစ်နေသော နိုင်ငံတော်ဆရာ
ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသော စွမ်းအားများကို အာရုံခံမိလိုက်သည့်အခါ ယောင်ယွဲ့၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ ကျန်းချဲ့၏ စွမ်းအားမှာ အမှန်တကယ်ပင် သာမန်မဟုတ်ကြောင်း သူမ ခံစားလိုက်ရသည်။ ထိုကြမ်းတမ်းခက်ထန်လှသော ခန္ဓာကိုယ်စွမ်းအားကြောင့် သူမကဲ့သို့ အစွမ်းထက်သူပင်လျှင် ဆွဲဆုတ်ခံရမတတ် နာကျင်မှုကို ခံစားလိုက်ရသည်။
သို့သော် ဤမျှသာ ဖြစ်သည်။
ယောင်ယွဲ့သည် သိုင်းသူတော်စင်အဆင့် စွမ်းအားရှင်တစ်ဦးဖြစ်ပြီး သိုင်းသူတော်စင် ဒုတိယအဆင့်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သူမ၏ မူလစွမ်းအားနှင့် နောက်ခံအင်အားမှာ သေးငယ်လှသည်မဟုတ်ပေ။ ခန္ဓာကိုယ်မှာ သိပ်မကြံ့ခိုင်သော်လည်း ကျန်းချဲ့ထက် များစွာ အားနည်းနေခြင်းတော့ မဟုတ်ပေ။ ပထမဆုံးအကြိမ် ရင်ဆိုင်ရာတွင် သူမက အနည်းငယ် အသာစီးရနေသေးသည်။
ဖြစ်ပြီးမှတော့ လုံးဝဖြစ်သွားစေရန်သာ ရှိတော့သည်။ ဤသို့တွေးမိသည်နှင့် ယောင်ယွဲ့သည် ဆက်လက်၍ တုံ့ဆိုင်းမနေတော့ပေ။ ယခင်က ဖတ်ရှုခဲ့သော လျှို့ဝှက်ပညာရပ်စာအုပ်များကို ပြန်လည်စဉ်းစားကာ စတင်အကောင်အထည်ဖော်လေသည်။ အစွမ်းထက်လှသော ထိုက်ယင်စွမ်းအင်များကို ဆင့်ခေါ်ကာ ကျန်းချဲ့နှင့် စတင် ထိပ်တိုက်ရင်ဆိုင်တော့သည်။
ရိုက်ခတ်သံကြီးများ တဝုန်းဝုန်း ထွက်ပေါ်လာသည်။
အစပိုင်း စမ်းသပ်မှုများအပြီးတွင် ကျန်းချဲ့၏ နည်းလမ်းများကို အသားကျသွားသောအခါ ရင်ဆိုင်တိုက်ခိုက်မှု အကြိမ်အရေအတွက်မှာလည်း အလျင်အမြန် တိုးမြင့်လာခဲ့သည်။ စစ်မှန်သော သိုင်းသူတော်စင်တစ်ဦးနှင့် သိုင်းသူတော်စင်အဆင့်နှင့် ရင်ပေါင်တန်းနိုင်သူတစ်ဦးတို့၏ တိုက်ပွဲပင် ဖြစ်သည်။ ထိုသူနှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှုမှာ သဘာဝကျစွာပင် အလွန်ပြင်းထန်လှသည်။
မီးပွားများ လွင့်စင်မသွားသော်လည်း ရေစီးသံ တသွင်သွင်ကိုတော့ ကြားနေရသည်။
ဤသို့ ဖလှယ်မှုများ ပြုလုပ်နေစဉ်အတွင်း ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီးမှာလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ မူလက လရောင်သာ၍ ကြယ်များကျဲပါးနေသော ကောင်းကင်ယံသည် ယခုအခါ လှိုင်းဂယက်များ ထလာခဲ့သည်။ ဤအရာအားလုံး၏ အကြောင်းရင်းမှာ ယောင်ယွဲ့ကြောင့်သာ ဖြစ်သည်။
သူမသည် နှစ်ပေါင်းရာချီ စုဆောင်းထားခဲ့သော ကိလေသာမီးတောက်များကို ပိုင်ဆိုင်ထားပြီး ယခုတစ်ကြိမ် လှုံ့ဆော်ခံလိုက်ရသည်နှင့် အရာအားလုံးကို အလျင်အမြန် လောင်ကျွမ်းစေခဲ့သည်။ ထိုကဲ့သို့သော ပြောင်းလဲမှုကို ယောင်ယွဲ့ကိုယ်တိုင်ပင် ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ သူမ၏ မျက်နှာပေါ်တွင်လည်း ညှို့ဓာတ်ပြင်းသော အမူအရာများ ပေါ်ထွက်လာခဲ့သည်။ ယခင်က သန့်စင်မြင့်မြတ်သော နတ်သမီးလေးနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေလေသည်။
ကောင်းကင်မိုးကြိုးနှင့် မြေကြီးမီးတောက်တို့ ထိတွေ့သွားသကဲ့သို့ ပူပြင်းလှသော မီးပင်လယ်နှင့် ရေခဲတမျှ အေးစက်လှသော ရေပြင်တို့ ပေါင်းစပ်သွားခဲ့သည်။ ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးမှာ အလွန်တိတ်ဆိတ်သွားပြီး အသံတိတ် ရိုက်ခတ်မှုများသာ ဆက်လက်ဖြစ်ပေါ်နေသည်။
ယောင်ယွဲ့သည် သူမ၏ လက်ရှိအခြေအနေကို အာရုံခံမိလိုက်သည်။ ခန္ဓာကိုယ်အတွင်းရှိ ကိလေသာမီးတောက်များကို မထိန်းချုပ်နိုင်သော်လည်း ခိုင်မာသော စိတ်ဓာတ်ဖြင့် သွားကြိတ်ခံကာ သူမကိုယ်သူမ အလွန်အကျွံ လွှမ်းမိုးမခံရစေရန် ကြိုးစားနေသည်။
သို့သော် ဤကဲ့သို့သော မြင်ကွင်းမှာ ကျန်းချဲ့အမြင်တွင်တော့ အရှက်ခွဲခံရသော နတ်သမီးလေးတစ်ပါး ရုန်းကန်နေရသည်နှင့် တူနေသည်။ အမှန်တကယ်တော့ အရှက်ခွဲခံရသော နတ်သမီးလေးက အပေါ်မှဖြစ်ပြီး အခြားတစ်ယောက်က အောက်မှဖြစ်သည်။
ယောင်ယွဲ့သည် တာအိုဂိုဏ်းမှ ဖြစ်သော်လည်း ယခုအချိန်တွင်မူ ဗုဒ္ဓဘာသာဂိုဏ်း၏ နတ်စွမ်းရည်များကို အသုံးပြုနေခြင်း ဖြစ်သည်။ မည်သည့် နတ်စွမ်းရည်ဖြစ်သည်ကိုတော့ သူတို့နှစ်ဦးတည်းသာ သိရှိပေသည်။
သိုင်းသူတော်စင်အဆင့်သို့ ဝင်ရောက်ရခြင်းက မည်သို့သော ခံစားချက်မျိုး ဖြစ်မည်နည်း။ ယခင်က ကျန်းချဲ့ ဤသို့ မခံစားခဲ့ဖူးပေ။ အများဆုံးအနေဖြင့် စစ်မှန်သောသခင်အဆင့်သို့ ဝင်ရောက်ရသည့် အတွေ့အကြုံ အနည်းငယ်သာ ရှိခဲ့ဖူးသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သိုင်းသူတော်စင်အဆင့်သို့ ဝင်ရောက်ခြင်းဟူသည် အဘယ်အရာဖြစ်ကြောင်းကို ကျန်းချဲ့ အမှန်တကယ် ကိုယ်တွေ့ ခံစားလိုက်ရသည်။
ကျန်းချဲ့၏ မူလအသိအမြင်တွင် နိုင်ငံတော်ဆရာ ယောင်ယွဲ့သည် ခံစားချက်ကင်းမဲ့ပြီး ကိလေသာကင်းစင်ကာ အလွန်အေးစက်၍ အထက်စီးဆန်လှသူ ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ် သူမနှင့် ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ပြီးနောက်မှသာ ဤအရာများ၏ သာယာလှပမှုကို သူ ရှာဖွေတွေ့ရှိသွားခဲ့သည်။
ကျင့်စဉ်များကြောင့် ဖြစ်နိုင်သလို ယောင်ယွဲ့ကိုယ်တိုင်က တမင်သက်သက် ပြုလုပ်ထားခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ တစ်ဖက်လူ၏ ခန္ဓာကိုယ်မှာ ဖြူစင်ဝင်းမွတ်နေပြီး အပိုအမွှေးအမျှင် တစ်ပင်မျှပင် မရှိပေ။ မြင့်မြတ်သော သားရဲပင် ဖြစ်သည်။ ကျန်းချဲ့ နောက်ထပ် မြင့်မြတ်သော သားရဲတစ်ကောင်ကို ထပ်မံမြင်တွေ့လိုက်ရပြန်သည်။
အခြားသူများနှင့် နှိုင်းယှဉ်လျှင် နှစ်ပေါင်းရာချီ အောင့်အည်းထားခဲ့ရသော ယောင်ယွဲ့ကဲ့သို့ အမျိုးသမီးကြီးမှာ ယခုတစ်ကြိမ် ထိတွေ့လိုက်သည်နှင့် ကျန်းချဲ့အား ယခင်က တစ်ခါမှ မခံစားဖူးသော အတွေ့အကြုံသစ်များကို ရရှိစေခဲ့သည်။ ကျန်းချဲ့ကို အနည်းငယ် စိတ်ပျက်စေသည့် တစ်ခုတည်းသောအရာမှာ ယောင်ယွဲ့၏ စွမ်းအားက အလွန်ကြီးမားလွန်းပြီး စိတ်နေသဘောထားမှာလည်း အလွန်အာဏာရှင်ဆန်လွန်းနေခြင်း ဖြစ်သည်။ သူမက အမြဲတမ်း အသာစီးရယူထားပြီး သူက နည်းလမ်းတစ်မျိုး ပြောင်းလဲချင်လျှင်ပင် ခွင့်မပြုပေ။
သူမသည် ထိုအရာထဲသို့ လုံးလုံးလျားလျား နစ်မြုပ်နေပုံရပြီး မည်သူ့ကိုမျှ အနှောင့်အယှက်ပေးခွင့် မပြုပေ။ မူလက ကျန်းချဲ့သည် သူ၏စွမ်းအားမှာ သာမန်မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ လူအများအပြားကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်သည်။ ချီညီအစ်မနှစ်ဦးနှင့် ကျောက်ရှန်းကျီ ဆရာတပည့်လေးဦး ပေါင်းတိုက်လျှင်ပင် သူ့ကို သရေလောက်သာ ယှဉ်နိုင်ခဲ့သည်။ သို့သော် ယခုအခါ ကျန်းချဲ့သည် သူ၏သမိုင်းတစ်လျှောက် ပထမဆုံး ပြိုင်ဘက်ကောင်းနှင့် တွေ့ဆုံနေပြီဖြစ်သည်။ သူသည် ယောင်ယွဲ့၏ နည်းလမ်းများကိုပင် မခံနိုင်အောင် ဖြစ်နေရသည်။
ဆယ့်ငါးမိနစ်ဆိုသော အချိန်တိုလေးအတွင်းမှာပင် သူသည် သွေးအန်မတတ် အရိုက်ခံလိုက်ရသည်။ သေချာသည်မှာ ကျန်းချဲ့၏ စွမ်းအားက ယောင်ယွဲ့ကို မယှဉ်နိုင်သော်လည်း သူ၏ ခံနိုင်ရည်မှာ အလွန်အားကောင်းလှသည်။ ပြီးဆုံးသွားပြီး မကြာမီမှာပင် ကျန်းချဲ့သည် သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ဖြင့် စွမ်းအားတစ်စိတ်တစ်ပိုင်းကို ပြန်လည်ရယူနိုင်ခဲ့သည်။ ရလဒ်အနေဖြင့်ကား သဘာဝကျစွာပင် ယောင်ယွဲ့၏ အတင်းအဓမ္မ ဖိနှိပ်မှုကို အကြိမ်ကြိမ် ခံရခြင်းပင် ဖြစ်သည်။
ထိုသူနှစ်ဦးစလုံးသည် ယခုအချိန်တွင် ယခင်က ကတိကဝတ်များကို မေ့ပျောက်သွားသကဲ့သို့ပင်။ ပထမဆုံးအကြိမ်သည် နောက်ဆုံးအကြိမ်လည်း ဖြစ်မည်ဟု ဆိုခဲ့ကြသည်။ သို့သော် ကျန်းချဲ့အမြင်တွင်တော့ ဤနောက်ဆုံးအကြိမ်ဆိုသည်မှာ အနည်းငယ် ကြာရှည်လွန်းနေသည်ဟု ထင်မိသည်။ အချိန်ခြောက်နာရီကြာအောင် ရပ်တန့်သွားခြင်း မရှိပေ။
ကျန်းချဲ့ တစ်ကိုယ်လုံး ထုံကျင်သွားသလို ခံစားလိုက်ရသည်။ နတ်သမီးလေးက ကောင်းမွန်သော်လည်း ခန္ဓာကိုယ်ကိုတော့ ထိခိုက်စေသည်။ ကောင်းကင်နှင့်မြေကြီးကြားတွင် တေးဂီတသံများ ပျံ့လွင့်နေသည်။
ကိလေသာအဆိပ်များ ခေါင်းထဲသို့ ရောက်ရှိသွားသောကြောင့် ယောင်ယွဲ့သည် ကျန်းချဲ့နှင့် ရင်ဆိုင်မှု အလယ်ပိုင်းနှင့် နောက်ပိုင်းကာလများတွင် သူမကိုယ်သူမ ထိန်းချုပ်ရန် ခက်ခဲလာခဲ့သည်။ ပတ်ဝန်းကျင်ရှိ နယ်မြေများမှာလည်း သဘာဝကျစွာပင် ပြောင်းလဲလာခဲ့သည်။ တစ်ခဏမျှ နွေဦးရာသီ၏ နွေးထွေးမှုကို ခံစားရပြီး နောက်တစ်ခဏတွင် အရိုးကွဲမတတ် အေးခဲသွားပြန်သည်။ ယောင်ယွဲ့ ထိန်းချုပ်ထားသော နယ်မြေအတွင်း ကျွန်းငယ်လေးတစ်ခုလုံးသည် အချိန်တိုအတွင်းမှာပင် ရာသီဥတုလေးမျိုး အပြောင်းအလဲကို ဖြတ်သန်းသွားခဲ့ရသည်။
သေချာပေသည်။ တိုက်ခိုက်နေကြသော်လည်း သတိပြန်လည်လာပြီးနောက် ကျန်းချဲ့နှင့် ယောင်ယွဲ့တို့ နှစ်ဦးစလုံးသည် ဤခရီး၏ ရည်ရွယ်ချက်ကို မမေ့လျော့ခဲ့ကြပေ။ ကျန်းချဲ့သည် သူ၏ အနက်ရောင် နတ်လှံတံကို အသုံးပြုနေရင်း ယောင်ယွဲ့၏ ခန္ဓာကိုယ်တွင်းရှိ ထိုက်ယင် လမင်းဝိညာဉ်ချီကို စတင်စုပ်ယူလေသည်။
ဤယဇ်ပူဇော်ပစ္စည်းကို ကျန်းချဲ့ လိုလားနေခဲ့သည်မှာ ကြာပြီဖြစ်ရာ ၎င်းကို လွတ်မြောက်ခွင့်ပေးမည် မဟုတ်ပေ။ မကြာမီမှာပင် ကျန်းချဲ့သည် သူ၏ ရည်ရွယ်ချက်ကို အောင်မြင်သွားခဲ့သည်။ ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်ကို အသုံးပြု၍ ဤယဇ်ပူဇော်ပစ္စည်းကို ထိုအထဲသို့ သိမ်းဆည်းလိုက်သည်။
သေချာသည်မှာ ယောင်ယွဲ့သည်လည်း ထိုနည်းတူပင် ဖြစ်သည်။ သူမသည် အစပိုင်းတွင် ပြန်လည်တိုက်ခိုက်ခံရသော်လည်း ကျန်းချဲ့၏ ခန္ဓာကိုယ်အတွင်းရှိ နဂါးချီစွမ်းအင်များကို သန့်စင်လိုက်သည်နှင့်အမျှ မကြာမီမှာပင် အပြောင်းအလဲအချို့ ဖြစ်ပေါ်လာခဲ့သည်။ ခန္ဓာကိုယ်အတွင်း အချိန်ကြာမြင့်စွာ စုဆောင်းထားခဲ့သော ကိလေသာမီးတောက်များ တဖြည်းဖြည်း အရည်ပျော်သွားခဲ့သည်။ နဂါးဟိန်းသံနှင့် ဖီးနစ်မြည်သံများ ဆက်တိုက်ထွက်ပေါ်နေသည်။ ယင်နှင့်ယန် ပေါင်းစပ်သွားမှုအောက်တွင် ယောင်ယွဲ့သည် သူမ၏ သွေးသားမှစ၍ ကလီစာများအထိ တိတ်ဆိတ်စွာ ပြောင်းလဲနေကြောင်းကို အာရုံခံမိလိုက်သည်။
အချိန်မည်မျှ ကြာသွားသည်မသိပေ။ နောက်ဆုံးတွင် ရင်ဆိုင်တိုက်ခိုက်မှု ပြီးဆုံးသွားခဲ့သည်။ ကျန်းချဲ့သည် မြေပြင်ပေါ်တွင် လှဲလျောင်းရင်း တိုးညင်းစွာ အသက်ရှူနေသည်။ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရထားပုံ မပေါ်သော်လည်း အတွင်းဒဏ်ရာများ ရရှိထားသဖြင့် တစ်ခဏတာမျှ ခန္ဓာကိုယ်တစ်ခုလုံး မသိမသာ နာကျင်နေသလို ခံစားနေရသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူ၏ မူလခန္ဓာကိုယ်မှာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေပြီဖြစ်ရာ ဤကဲ့သို့သော ဒဏ်ရာမျိုးက ပြင်းထန်သော်လည်း သူ ခံနိုင်ရည်ရှိသေးသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက နိုင်ငံတော်ဆရာ ယောင်ယွဲ့မှာ များစွာ ပို၍သနားစရာကောင်းနေသည်။
ယန်ဝိညာဉ်အဆင့် သိုင်းသူတော်စင်တစ်ဦးလို အစွမ်းထက်သူပင်လျှင် ယခုအချိန်တွင် ခွန်အားများ ကုန်ခမ်းနေပြီ ဖြစ်သည်။ ကျောက်စိမ်းပြားပေါ်တွင် မျက်လုံးမှိတ်လျက် လှဲလျောင်းနေစဉ် သူမ၏ မျက်ခုံးများကြားတွင် သက်တောင့်သက်သာရှိမှုတို့ ပေါ်လွင်နေသည်။ နှစ်ပေါင်းများစွာ ဖိစီးနေခဲ့သော ဖိအားများအားလုံး တစ်မနက်တည်းဖြင့် ပေါက်ကွဲထွက်သွားသကဲ့သို့ နဖူးပေါ်တွင် ချွေးစေးလေးများ သင်းပျံ့စွာ ထွက်ပေါ်နေသည်။ သူမလည်း အတွင်းဒဏ်ရာများစွာ ရရှိထားကြောင်း သိသာလှသည်။ သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် ယင်နှင့်ယန် ချီစွမ်းအင်နှစ်ခု လည်ပတ်နေပြီး နက်နဲလှသော တာအိုအငွေ့အသက်များ ပြန့်ကျဲနေသည်။
ကျန်းချဲ့သည် ခဏတာမျှ ပြန်လည်သက်သာလာပြီးနောက် ယောင်ယွဲ့၏ အခြေအနေကို အကဲခတ်ရန် အနီးသို့ တိုးသွားခဲ့သည်။ အပေါ်မှအောက်၊ အပြင်မှအထဲသို့ စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ရာ ပြိုင်ဘက်ကင်းသော ကျောက်စိမ်းတုံးကြီးတစ်ခုကို လေးစားအားကျစွာ ကြည့်ရှုနေရသကဲ့သို့ပင်။
သူ သေချာစွာ စစ်ဆေးကြည့်လိုက်သောအခါ ယောင်ယွဲ့၏ ပြင်းထန်စွာ ထိခိုက်ထားသော နေရာတွင် အပြောင်းအလဲများ ရှိနေကြောင်းကို တကယ်ပင် တွေ့ရှိလိုက်ရသည်။ သူ ငါးဖမ်းစဉ်က အလွန်ကြီးမားသော ခွန်အားကို အသုံးပြုခဲ့သောကြောင့် မူလက တင်းကျပ်စွာ ပိတ်နေသော ငါးပါးစပ်လေးမှာ ယခုအခါ အနည်းငယ် ရောင်ရမ်းနေပြီး မန်ထိုမုန့်နှစ်ခု ညှပ်ထားသကဲ့သို့ ဖြစ်နေပုံရသည်။
ကျန်းချဲ့သည် မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ရောင်ရမ်းနေသော ငါးပါးစပ်လေးကို လက်ဖြင့် သွားထိုးကြည့်လိုက်သည်။ ရုတ်တရက် ထိုငါးလေးမှာ အသက်ဝင်နေသေးသကဲ့သို့ ပြင်းထန်စွာ တုန်ရီသွားကြောင်းကို သူ ခံစားလိုက်ရသည်။ ခေါင်းမော့ကြည့်လိုက်သောအခါ ထင်သည့်အတိုင်းပင်။ ယောင်ယွဲ့သည် သူနှင့် အကြည့်ချင်း ဆုံနေသည်။ သို့သော် သူမ၏ မျက်လုံးများထဲတွင် ယခင်ကနှင့် မတူညီသော အမူအရာအချို့ လည်ပတ်နေလေသည်။
"နိုင်ငံတော်ဆရာ... ခင်ဗျား အဆင်ပြေရဲ့လား"
"အင်း..."
ယောင်ယွဲ့၏ မျက်မှောင်များ တွန့်ချိုးသွားသည်။ သူမ၏ စိတ်ထဲတွင် ယခင်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးအကြောင်းကို အလိုအလျောက် ပြန်လည်တွေးတောမိသွားပြီး မျက်တောင်များ အလိုအလျောက် လှုပ်ခတ်သွားကာ ထိုမြင်ကွင်းများကို တွေးတောရန်ပင် ခက်ခဲနေပုံရသည်။ အသက်ရှူအကြိမ်အနည်းငယ်စာမျှ တိတ်ဆိတ်သွားပြီးနောက်မှသာ သူမသည် မူလတည်ငြိမ်သော အမူအရာသို့ ပြန်လည်ရောက်ရှိသွားပြီး သတိမပြုမိနိုင်လောက်အောင် ခေါင်းညိတ်ပြလိုက်သည်။
"ငါ ဘာမှမဖြစ်ပါဘူး"
"ဒါဆိုလည်း တော်သေးတာပေါ့"
ယောင်ယွဲ့သည် ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် မတ်တတ်ရပ်လိုက်သည်။ သူမ၏ စိတ်ဆန္ဒအရ အဖြူနှင့်အမည်း ရောယှက်နေသော တာအိုဝတ်ရုံက သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဖုံးလွှမ်းသွားသည်။ သူမ၏ အရှိန်အဝါမှာ ယခင်အတိုင်း အေးစက်ပြီး ပြိုင်ဘက်ကင်းနေဆဲပင် ဖြစ်သော်လည်း ယခုအချိန်တွင် ကျန်းချဲ့ မည်သို့ပင် ကြည့်စေကာမူ တစ်ခုခု လွဲချော်နေသကဲ့သို့ ခံစားနေရသည်။ သူမ အဝတ်အစား ဝတ်ဆင်ထားသည်ကို သူ အနည်းငယ်ပင် စိမ်းသက်နေမိသည်။
ယောင်ယွဲ့ အသိပြန်လည်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ခဏအကြာတွင် ယောင်ယွဲ့ကပင် ထိုသူနှစ်ဦးကြားရှိ တိတ်ဆိတ်မှုကို ဦးစွာ ဖြိုခွင်းလိုက်သည်။
"ငါက မင်းဆီကနေ နဂါးချီစွမ်းအင်ကို ယူလိုက်ပြီ... မင်းကလည်း ငါ့ဆီကနေ ထိုက်ယင် လမင်းဝိညာဉ်စွမ်းအင်ကို ယူလိုက်ပြီ... ငါတို့နှစ်ယောက် အပြန်အလှန် အကျိုးပြုပြီး ဘယ်သူကမှ အကြွေးမတင်တော့ဘူး... ဒီနေ့ကိစ္စကို စိတ်ထဲမထားပါနဲ့"
"ကျေးဇူးတင်ပါတယ် နိုင်ငံတော်ဆရာ"
ယခင် ရင်ဆိုင်တိုက်ခိုက်မှုတွင် သူသည် တစ်ဖက်လူ၏ ဖိနှိပ်မှုကို အမြဲတမ်း ခံခဲ့ရသော်လည်း ဤအရာက သူ အမြတ်ထွက်သွားခြင်းပင် ဖြစ်ရာ တစ်ဖက်လူကို အလွန်ပင် ကျေးဇူးတင်မိသေးသည်။ မည်သို့ပင်ဆိုစေ ယခုအချိန်တွင် သူ အလိုဆုံးအရာမှာ အချိန်ပင် ဖြစ်သည်။ သို့သော် ယောင်ယွဲ့ကမူ အချိန်ဆွဲထားနိုင်ပေသည်။
ယောင်ယွဲ့၏ အကြည့်တို့က ကျန်းချဲ့ထံသို့ ကျရောက်နေသည်။ အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် အသံနက်ဖြင့် ပြောလိုက်သည်။
"လောကကြီး ကမောက်ကမဖြစ်တော့မယ်... ဗုဒ္ဓဘာသာဂိုဏ်းနဲ့ ချင်းထျန်းမိစ္ဆာဂိုဏ်းတို့ကလည်း မင်းကို အငမ်းမရ စောင့်ကြည့်နေကြတယ်... ဒါပေမဲ့ ငါက အခုလေးတင် ကိလေသာမီးတောက်တွေကို ဖြေရှင်းပြီးခါစမို့ လက်စွမ်းပြဖို့ ခက်ခဲတယ်... တံခါးပိတ်ကျင့်ကြံပြီး အဆင့်တက်ဖို့ ပြန်သွားရမယ်... မင်း ငါနဲ့အတူ ဝူကျိနန်းတော်ရဲ့ လျှို့ဝှက်နယ်မြေကို လိုက်ခဲ့မလား... တာအိုဂိုဏ်းက အင်အားကျဆင်းနေပေမယ့် နောက်ခံအင်အားကတော့ ရှိနေသေးတယ်... မင်း သိုင်းသူတော်စင်အဆင့်ကို တက်လှမ်းနိုင်ဖို့ ကူညီပေးဖို့က ပြဿနာမရှိပါဘူး"
ကျန်းချဲ့က အပြုံးလေးဖြင့် ပြောလိုက်သည်။
"တွေ့ဆုံရတာထက် လွမ်းဆွတ်နေရတာက ပိုကောင်းပါတယ်... နိုင်ငံတော်ဆရာရဲ့ စေတနာကို ကျွန်တော် လက်ခံပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာ ပြန်သွားရမယ့် အရေးကြီးကိစ္စ ရှိနေသေးတယ်... နိုင်ငံတော်ဆရာ စိတ်ပူမနေပါနဲ့... ကျွန်တော်က သိုင်းသူတော်စင်အဆင့်ကို မရောက်သေးပေမယ့်... ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အနည်းငယ်တော့ ရှိပါသေးတယ်"
ယောင်ယွဲ့၏ အကာအကွယ်ပေးမှုက အလွန်ဆွဲဆောင်မှုရှိပေသည်။ အကယ်၍ သူသာ ထပ်မံကြိုးစားလိုက်မည်ဆိုပါက ယောင်ယွဲ့ပြောသော နောက်ဆုံးအကြိမ် ကျင့်ကြံခြင်းဆိုသည်မှာ စကားသက်သက်သာ ဖြစ်သွားမည်ဟု သူ ထင်မြင်မိသည်။ မည်သို့ပင်ဖြစ်စေ ယခုအခါတွင် သူသည် ကျော်ကြားသော စကားတစ်ခွန်း၏ အမှန်တရားကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ အမျိုးသမီးတစ်ဦး၏ နှလုံးသားဆီသို့ သွားရာ အကောင်းဆုံးလမ်းကြောင်းမှာ...
ဝမ်းနည်းစရာကောင်းသည်မှာ သူ မသွားနိုင်ခြင်းပင် ဖြစ်သည်။
ယခုအခါ ထိုက်ယင် လမင်းဝိညာဉ်ချီကို လက်ဆုပ်လက်ကိုင် ရရှိထားပြီဖြစ်ရာ နဂါးသွေးကြောနှင့် နယ်မြေမူလစွမ်းအင်တို့သာ လိုအပ်တော့ပြီး သိုင်းသူတော်စင်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။ သိုင်းသူတော်စင်အဆင့်သို့ မဝင်ရောက်မီတွင် သူ လုံးဝ ပေါ့လျော့နေမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သိုင်းသူတော်စင်အဆင့်သို့ တက်လှမ်းနိုင်မှသာ သူသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အမှန်တကယ် ပိုင်ဆိုင်နိုင်မည်ဖြစ်သောကြောင့်ပင်။
"မင်း သေချာ စဉ်းစားပြီးပြီလား"
ယောင်ယွဲ့၏ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွားပြီး ကျန်းချဲ့အပေါ် အနည်းငယ် စိတ်ပျက်သွားပုံရသည်။ တစ်ဖက်လူက အလွန်ခေါင်းမာလွန်းပြီး သူမ၏ စေတနာကို အနည်းငယ်မျှပင် မမြင်နိုင်ဟု သူမ ထင်မြင်မိသည်။
"သေချာစဉ်းစားပြီးပါပြီ"
ကျန်းချဲ့က ခေါင်းညိတ်ပြလိုက်သည်။
"ဒီလိုဆိုမှတော့ ငါ ထပ်မတိုက်တွန်းတော့ဘူး... မင်းဘာသာမင်းပဲ ဆုံးဖြတ်လိုက်ပါတော့"
ထိုသို့ပြောပြီးနောက် ယောင်ယွဲ့သည် အရေးကြီးကိစ္စတစ်ခုခု ရှိနေသည့်အလား နှုတ်ဆက်ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
"နိုင်ငံတော်ဆရာ အခုလေးတင် အများကြီး ပင်ပန်းထားတာပဲ... ခဏလောက် အနားယူလိုက်ပါဦး... ဒီအချိန်တိုလေးနဲ့ ဘာမှမကွာသွားပါဘူး"
ကျန်းချဲ့ကိုယ်တိုင်ပင် ယခုအချိန်အထိ အပြည့်အဝ ပြန်လည်သက်သာခြင်း မရှိသေးပေ။ ယောင်ယွဲ့၏ ခန္ဓာကိုယ်ဖြင့်ဆိုလျှင်လည်း ပြန်လည်သက်သာလာရန် မဖြစ်နိုင်သေးဟု သူ ထင်မြင်မိသဖြင့် ချက်ချင်းပင် စကားကောင်းဖြင့် ဖျောင်းဖျလိုက်သည်။
"မလိုပါဘူး... ငါက ဘာပဲဖြစ်ဖြစ် သိုင်းသူတော်စင်ပဲ... မင်းရဲ့ စွမ်းအားလောက်ကို မခံနိုင်တာမျိုး မဖြစ်ပါဘူး"
ယောင်ယွဲ့က ပြောပြီးသည်နှင့် ဟင်းလင်းပြင်ပေါ်သို့ တစ်လှမ်း လှမ်းလိုက်သည်။ သို့သော် မထွက်ခွာမီတွင် ကျန်းချဲ့အား နက်ရှိုင်းစွာ တစ်ချက် ကြည့်လိုက်သေးသည်။
"ဂရုစိုက်ပါ"
တိုးညင်းသော စကားတစ်ခွန်းကို ချန်ထားရစ်ခဲ့ပြီးနောက် ယောင်ယွဲ့သည် လှည့်ထွက်သွားကာ ဟင်းလင်းပြင်အတွင်းသို့ ပျော်ဝင်သွားခဲ့သည်။ ယောင်ယွဲ့သည် ဖြည်းညင်းစွာ လာရောက်ခဲ့ပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်။ သို့သော် ကျန်းချဲ့၏ ရင်ထဲတွင် လေပြေတစ်သုတ် ဖြတ်သန်းတိုက်ခတ်သွားသကဲ့သို့ပင်။ မြေပြင်ပေါ်ရှိ ရှုပ်ပွနေမှုများကို ကြည့်ရင်း နိုင်ငံတော်ဆရာ၏ ကျဉ်းကျပ်လှသော ဆီးနှင်းလေးကို ပြန်လည်စဉ်းစားမိလိုက်သည်။ ကျန်းချဲ့သည် ခေါင်းရမ်းကာ တိုးတိတ်စွာ ရယ်မောလိုက်ပြီး သူ၏ ရင်ထဲတွင် ခံစားချက်များစွာ ပြည့်နှက်နေခဲ့သည်။
အရှေ့ပင်လယ်၊ ရေပြင်တစ်နေရာတွင်။ ဟင်းလင်းပြင်သည် ရုတ်တရက် လှိုင်းဂယက် အနည်းငယ် ထလာခဲ့သည်။ ထို့နောက် ခန္ဓာကိုယ် ဟန်ချက်မညီသော ယောင်ယွဲ့သည် ပင်လယ်ထဲသို့ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။ တစ်ခုခု ထိခိုက်ဒဏ်ရာရထားသည့်အလား ယခင်က ဖြစ်ရပ်များကို ပြန်လည်စဉ်းစားမိနေသည်။ ယောင်ယွဲ့၏ မျက်နှာအမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။
တစ်ခဏမျှ ဝမ်းသာပျော်ရွှင်သော အရိပ်အယောင်များ ပေါ်ထွက်လာပြီး နောက်တစ်ခဏတွင် မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြစ်သွားပြန်သည်။ ထို့နောက် မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးသော အရိပ်အယောင်များ ထပ်မံပေါ်ထွက်လာပြန်ရာ လေတိုက်လျှင်ပင် လဲကျသွားမတတ် နုနယ်လှသော အထက်တန်းလွှာ သခင်မလေးတစ်ဦးနှင့်ပင် တူနေလေသည်။
'ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ'
ယောင်ယွဲ့၏ သတိပြန်လည်လာချိန်မှာ အလွန်တိုတောင်းပြီး ရင်ထဲတွင် တစ်ခုခု မှားယွင်းနေကြောင်းကို ချက်ချင်း ခံစားလိုက်ရသည်။ သူမ ဤမျှ အလျင်စလို ထွက်ခွာလာရခြင်းမှာ သူမ၏ အပြောင်းအလဲကို ကျန်းချဲ့ မြင်တွေ့သွားမည်စိုးသောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက ကျန်းချဲ့၏ ရင်ထဲတွင် သူမ ချန်ထားခဲ့သော ပုံရိပ်မှာ လုံးဝ ပြိုကျပျက်စီးသွားလိမ့်မည်ဟု သူမ ထင်မြင်မိသည်။
အဘယ်ကြောင့်ဆိုသော် ယခုလေးတင် သူမ နိုးလာချိန်တွင် ကျန်းချဲ့၏ ရင်ခွင်ထဲသို့ ဝင်ရောက်မှီခိုချင်သော စိတ်ဆန္ဒတစ်ခု ဖြစ်ပေါ်လာသောကြောင့်ပင်။ ဤအရာက သူမကို အကျပ်ရိုက်သွားစေပြီး လက်ခံရန် ပို၍ပင် ခက်ခဲစေသည်။ ထိုအရာမှာ အချိန်ကြာမြင့်စွာ ဖိနှိပ်ထားခဲ့သော ကိလေသာမီးတောက်များကြောင့် ဖြစ်ကြောင်းကို သူမ သိရှိပေသည်။ တန်ပြန်သက်ရောက်မှုအောက်တွင် သူမကိုယ်တိုင်၏ စိတ်နေစိတ်ထားပင် ပြောင်းလဲသွားနိုင်ပြီး အတွေးများပင်လျှင် တိတ်ဆိတ်စွာ လွှမ်းမိုးခံရနိုင်သည်။
'ဒါဆို ဒါက ထိုက်ယင် နတ်ခန္ဓာကိုယ် ဖြစ်တည်လာဖို့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးလား'
ယောင်ယွဲ့၏ စိတ်ထဲတွင် ဤအတွေးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူမသည် နဂါးချီစွမ်းအင်ကို အပြင်းအထန် ရှာဖွေရခြင်းမှာ သူမ၏ အကျပ်အတည်းကို ဖြေရှင်းရန်အပြင် နတ်ခန္ဓာကိုယ်ကို ဖန်တီးရန်လည်း မျှော်လင့်ထားသောကြောင့် ဖြစ်သည်။ ယခုအခါ ကျန်းချဲ့၏ ခန္ဓာကိုယ်မှ စွမ်းအားများကို စုပ်ယူပြီးနောက်တွင် သူမ၏ ခန္ဓာကိုယ်မှာ သတိမပြုမိနိုင်လောက်အောင် ပြောင်းလဲနေပြီ ဖြစ်သည်။
အချိန်အကြာကြီး မလိုတော့ဘဲ သူမသည် ထိုက်ယင် နတ်ခန္ဓာကိုယ်ကို ဖန်တီးနိုင်ပြီး ထာဝရနတ်ဘုရား မျိုးစေ့၏ အရည်အချင်းကို ပိုင်ဆိုင်နိုင်တော့မည် ဖြစ်သည်။ သေချာသည်မှာ ဤအရာအတွက် နောက်ဆက်တွဲ ပြင်ဆင်မှုအချို့ လိုအပ်နေသေးပြီး ဖြည်းညင်းစွာ ကူးပြောင်းရန် လိုအပ်ပေသည်။ သို့သော် ဤသို့ဆိုလျှင် သူမ ခံစားရမည့် သက်ရောက်မှုများကလည်း သူမကိုယ်သူမ တဖြည်းဖြည်း ပြောင်းလဲသွားစေမည် ဖြစ်သည်။ တစ်ခဏမျှ ယောင်ယွဲ့သည် တွေဝေမှုထဲသို့ ကျရောက်သွားခဲ့သည်။
နောက်သို့လှည့်ကာ ထိုကျွန်းငယ်လေးတည်ရှိရာ နေရာသို့ လှမ်းကြည့်လိုက်သောအခါ ယောင်ယွဲ့၏ မျက်လုံးများထဲတွင် ပြောပြမတတ်သော ခံစားချက်များ ပေါ်လွင်နေသည်။ အလွန်အမင်း ပြန်သွားချင်နေပြီး ကျန်းချဲ့နှင့် အတူရှိနေလိုသော အလွန်ပြင်းပြသည့် စိတ်ဆန္ဒတစ်ခု ဖြစ်ပေါ်နေသည်။ ထို့နောက် တစ်သားတည်း ပေါင်းစပ်သွားချင်နေသည်။
'ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'
ယခင်က တစ်ကြိမ်ဆို တစ်ကြိမ်ပဲဟု သဘောတူထားခဲ့ပြီးဖြစ်သည်။ ရလဒ်အနေဖြင့် ကျန်းချဲ့က သည်းခံနိုင်ခဲ့သော်လည်း သူမကမူ သည်းမခံနိုင်ခဲ့ပေ။ နောင်တွင် တစ်ဖက်လူကို မည်သို့ မျက်နှာပြရမည်နည်း။ ယောင်ယွဲ့သည် ခေါင်းခါယမ်းလိုက်ပြီး သူမ၏ စိတ်ထဲရှိ ရှုပ်ထွေးနေသော အတွေးများအားလုံးကို အလျင်အမြန် ဖျက်ဆီးပစ်လိုက်သည်။ ကျန်းချဲ့၏ ခန္ဓာကိုယ်တွင်းရှိ နဂါးချီစွမ်းအင်များ၏ လွှမ်းမိုးမှုကို ခံလိုက်ရကြောင်း သူမ သတိပြုမိသွားသည်။ ယခုအချိန်တွင် အချိန်ကို အသုံးပြု၍ တဖြည်းဖြည်း ဖျက်ဆီးပစ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
ခဏတာ စဉ်းစားပြီးနောက် ယောင်ယွဲ့သည် အင်္ကျီလက်စွပ်ထဲမှ အစိမ်းရောင် ဝိညာဉ်အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။ မှော်စွမ်းအင် အနည်းငယ်ကို ထိုအထဲသို့ ထည့်သွင်းလိုက်ရာ ပျင်းရိလေးတွဲနေသော အသံတစ်သံ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
"ဘာကိစ္စရှိလို့လဲ... ဘာလို့ ရုတ်တရက် အဘိုးကြီးကို ဆက်သွယ်လာရတာလဲ"
"အထွတ်အမြတ် အကြီးအကဲ... ယောင်ယွဲ့ အကူအညီတောင်းစရာ ကိစ္စလေးတစ်ခု ရှိလို့ပါ"
ယောင်ယွဲ့က တိုးညင်းစွာ ပြောလိုက်သည်။
"ပြောလေ"
"အခု ကျီချန်တောက် ကျဆုံးသွားတော့ ဗုဒ္ဓဘာသာဂိုဏ်းနဲ့ ချင်းထျန်းမိစ္ဆာဂိုဏ်းတို့က ကျန်းချဲ့ကို အလွတ်ပေးမှာ မဟုတ်ဘူး... ဒါပေမဲ့ တပည့်က မကြာသေးခင်ကမှ ကိစ္စအချို့နဲ့ ရှုပ်ထွေးနေလို့ လက်စွမ်းပြဖို့ ခက်ခဲနေတယ်... အထွတ်အမြတ် အကြီးအကဲ ကိုယ်တိုင် ကိုယ်ကျ ကျန်းချဲ့ကို အချိန်အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်မလား... သိုင်းသူတော်စင် အနည်းငယ်လောက်ကို တားဆီးပေးနိုင်ရင်ပဲ အဆင်ပြေပါတယ်"
အသံလွှင့်အဆောင်အတွင်း တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖုန်းဝူကျိက ရုတ်တရက် မေးလိုက်သည်။
"ယောင်ယွဲ့... မင်း ကျန်းချဲ့ဆိုတဲ့ ကောင်လေးနဲ့ ပူးတွဲကျင့်ကြံလိုက်ပြီလား"
"မလုပ်ရပါဘူး"
ယောင်ယွဲ့က တိုက်ရိုက် ငြင်းဆိုလိုက်သည်။
"ဒါဆို ဘာလို့ သူ့အသက်အန္တရာယ်အတွက် ဒီလောက်တောင် စိုးရိမ်နေရတာလဲ... ဒါက မင်းရဲ့ စရိုက်နဲ့မှ မကိုက်ညီတာ"
ယောင်ယွဲ့က နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
"အထွတ်အမြတ် အကြီးအကဲ အလုပ်များနေမှတော့လည်း ထားလိုက်ပါတော့"
"ဟေး... မင်းက အဘိုးကြီးကို အကူအညီတောင်းတာလေ... ဘယ်လိုလုပ်ပြီး အဘိုးကြီးက ပြန်တောင်းပန်နေရတာလဲ... ထားပါတော့ ထားပါတော့... ဒီကောင်လေးက ဘာပဲဖြစ်ဖြစ် ငါတို့ ဝူကျိနန်းတော်ရဲ့ သမက်ပဲလေ... သူ့ကို တစ်ခါလောက် ကူညီပေးရတာ ပြဿနာမရှိပါဘူး... ဒါပေမဲ့... ဟဲဟဲ... ယောင်ယွဲ့... အဘိုးကြီး မင်းကို သတိပေးရလိမ့်မယ်... ခံစားချက်ကင်းမဲ့ခြင်း လမ်းစဉ်က စိတ်နှလုံးကို လွှမ်းမိုးနိုင်ပြီး ကိလေသာကပ်ဘေးကို ဖြတ်ကျော်ဖို့ လိုအပ်တယ်... ဒါပေမဲ့ မင်းသာ အဲဒီအထဲမှာ နစ်မြုပ်သွားရင် နောင်တစ်ချိန် ဘာတွေဖြစ်လာမလဲဆိုတာ မှန်းဆဖို့ ခက်ခဲလိမ့်မယ်နော်"
"ကိလေသာကပ်ဘေးကို ဖြတ်ကျော်တယ်ဆိုတာ ကိလေသာကပ်ဘေးထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး နောက်ဆုံးမှာ ကိလေသာကို ကျော်လွန်သွားတာကို ခေါ်တာ... ဒီလိုမှသာ စစ်မှန်တဲ့ ခံစားချက်ကင်းမဲ့ခြင်း လမ်းစဉ်ဖြစ်မှာ... မင်းမှာ ထာဝရနတ်ဘုရား အရည်အချင်းရှိတယ်... တကယ်လို့ ကိလေသာကပ်ဘေးမှာ ပိတ်မိသွားရင် မင်း ငယ်စဉ်ကတည်းက ရှာဖွေလာခဲ့တဲ့ ထာဝရအသက်ရှင်ခြင်း လမ်းစဉ်က ကြမ်းတမ်းသွားလိမ့်မယ်"
"အထွတ်အမြတ် အကြီးအကဲရဲ့ ဆုံးမစကားတွေကို ကျေးဇူးတင်ပါတယ်... တပည့် ရင်ထဲမှာ မှတ်သားထားပါ့မယ်"
ယောင်ယွဲ့၏ မျက်လုံးများ လှုပ်ခတ်သွားပြီး အမူအရာမပျက် ပြန်ဖြေလိုက်သည်။
"ဒီစကားတွေက အမြဲပြောနေကျ စကားတွေပါပဲ... မင်း မှတ်သားထားသလား ဆိုတာကလည်း မင်းအပေါ်မှာပဲ မူတည်ပါတယ်... ဒါပေမဲ့ ကြိုပြောထားမယ်... ကူညီတာတော့ ကူညီပေးမယ်... ဒါပေမဲ့ အဘိုးကြီးက အသက်နဲ့လဲပြီး ဘာတန်ဖိုးကိုမှ ဂရုမစိုက်ဘဲ သူ့ကို သွားကူညီမှာတော့ မဟုတ်ဘူး... တကယ်လို့ အဘိုးကြီး တကယ် မရင်ဆိုင်နိုင်လို့ လက်ပိုက်ကြည့်နေခဲ့ရင် နောက်မှ အဘိုးကြီးကို အပြစ်မတင်နဲ့နော်"
ယောင်ယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
"အထွတ်အမြတ် အကြီးအကဲကို ကျေးဇူးတင်ပါတယ်”