← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

🍅 Chapter 181

စကားဆုံးသည်နှင့်တစ်ပြိုင်နက် သူက နှစ်ခါဆက်တိုက် နှာချေလိုက်၏။

“ဟတ်ချိုး”

“ဟတ်ချိုး”

လက်အောက်ငယ်သားဖြစ်သူက ခေါင်းကို ကုတ်ကာ တီးတိုးရေရွတ်လိုက်သည်။

“ဒါက သေချာပေါက် ကွယ်ရာမှာ အတင်းအဖျင်း ပြောခံနေရတဲ့ ပုံစံမျိုးပဲ၊”

တစ်ဖက်တွင်မူ

“တတိယသခင်လေး၊ ကျွန်မသမီးလေးရဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လေ”

ကျန်းချင်းဟန် စကားကို ဝေ့ဝိုက်ကာ အရိပ်အမြွက်မျှသာ ဆိုလိုက်သော်လည်း သခင်လေးမုချန်ကျွင်းကဲ့သို့ ထက်မြက်သူတစ်ဦးအနေဖြင့် သူမဆိုလိုရင်းအား သေချာပေါက် နားလည်သဘောပေါက်မည်ကို သိရှိထားပေသည်။

“အဒေါ်ကျန်း၊ စိတ်ချလက်ချသာနေပါ၊ ကျွန်တော် သူများကိစ္စတွေမှာ ဝင်စွက်ဖက်ရတာကို မနှစ်သက်သလို စည်းလွတ်ဘောင်လွတ်လည်း ပြောဆိုတတ်တဲ့သူ မဟုတ်ပါဘူး”

“ဒါပေမဲ့ ကျွန်တော့် ဘက်ကလည်း အဒေါ်ကျန်းကို အကူအညီတောင်းချင်တဲ့ ကိစ္စလေးတစ်ခု ရှိနေတယ်”

ကျန်းချင်းဟန် သခင်လေးမုချန်ကျွင်း၏ မျက်နှာအမူအရာကို အကဲခတ်ကြည့်လိုက်ရာ ရင်တွင်း၌ အဖြေတစ်ခုကို အလိုလိုသိရှိသွားလေ၏။

“တတိယသခင်လေးရဲ့ အဆိပ်တွေ ပြယ်သွားလောက်ပြီပေါ့”

သခင်လေးမုချန်ကျွင်း ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပါတယ်”

ကျန်းချင်းဟန် ရင်ထဲမှနေ၍ အံ့ဩချီးကျူးစွာဖြင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။

“ယွီလန်က တကယ်hကိုထူးခြားပြောင်မြောက်တဲ့ ဆေးပညာစွမ်းရည်တွေကို ပိုင်ဆိုင်ထားတာပဲ”

တတိယသခင်လေး၏ကိုယ်တွင်းရှိ အဆိပ်များကို အောင်မြင်စွာ ဖယ်ရှားကုသပေးနိုင်စွမ်း ရှိသည်ဆိုခြင်းက သူမ၏ဆေးပညာသည် နန်းတော်တွင်းရှိ သမားတော်ကြီးများနှင့်ပင် နှိုင်းယှဉ်၍မရနိုင်လောက်အောင် အဆင့်မြင့်မားနေပြီဖြစ်ကြောင်း သက်သေပြနေသည်။

လောကကြီးတွင် သူမ၏ဆေးပညာစွမ်းရည်အား ယှဉ်ပြိုင်နိုင်စွမ်းရှိမည့်သူကို ရှာဖွေတွေ့ရှိရန် အလွန်ခဲယဉ်းလှပေလိမ့်မည်။

“တတိယသခင်လေး စိတ်ချပါ၊ ဒီကိစ္စကို ကျွန်မ လျှို့ဝှက်ချက်တစ်ခုအနေနဲ့ သေသေချာချာ ထိန်းသိမ်းထားပေးပါ့မယ်”

သူတို့နှစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် နှုတ်ဆိတ်နေသော်လည်း နားလည်မှုတစ်စုံတစ်ရာကို အပြန်အလှန် ရယူနိုင်ခဲ့ကြလေသည်။

နောက်ပိုင်းရက်များတွင် ဝူယွီလန်က မိသားစုဝင်အားလုံးကို စုစည်းကာ ဆေးဖော်စပ်သည့် လုပ်ငန်းစဉ်များတွင် အတူတကွ ပူးပေါင်းပါဝင်စေခဲ့၏။

ဆယ်ရက်ခန့် အချိန်ယူပြီးနောက်တွင်တော့ အနာကျက်ဆေးပုလင်းပေါင်း နှစ်ထောင်တိတိကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့လေပြီ။

ဆေးပုလင်းများကို သခင်လေးမုချန်ကျွင်းထံသို့ လွှဲပြောင်းပေးအပ်ပြီးချိန်တွင်တော့ ဝူယွီလန်၏ရင်ထဲ၌ များစွာ ပေါ့ပါးလွတ်လပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

“သခင်လေးချန်ကျွင်း၊ ပြီးခဲ့တဲ့ရက်တွေတုန်းက အနာကျက်ဆေးတွေ အမီရဖို့ အလျင်စလိုလုပ်ခဲ့ရလို့ ကျွန်မ တော်တော်လေးကို ပင်ပန်းသွားတယ်၊ နောက်ပိုင်းဆိုရင်တော့ ကျွန်မ ဖော်စပ်နိုင်သလောက် ပမာဏကိုပဲ ပေးနိုင်မယ်လို့ ကြိုပြောထားပါရစေ”

သခင်လေးမုချန်ကျွင်းမှာ နှမြောတသဖြစ်မိသော်လည်း ဤဆေး၏အဖိုးတန်မှုကို ကောင်းစွာနားလည်ထားသည်။

ထို့အပြင် ဝူယွီလန်၏အသက်အရွယ်မှာလည်း တဖြည်းဖြည်း ကြီးရင့်လာပြီဖြစ်ရာ သူမအား အလွန်အကျွံ အလုပ်လုပ်ခိုင်းရန်မှာ အမှန်တကယ်ပင် မသင့်တော်လှပေ။

“ကောင်းပါပြီ အဒေါ်ဝူ၊ ခင်ဗျား အဆင်ပြေသလိုသာ လုပ်ပါ၊ ဘယ်လောက်ရရ ကျွန်တော် အကုန်ယူပါ့မယ်၊”

ဝူယွီလန် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ညစာစားရန် သခင်လေးမုချန်ကျွင်း၏ဖိတ်ကြားချက်ကို ယဉ်ကျေးစွာငြင်းပယ်လိုက်ပြီးနောက် ဈေးသို့ဝင်ကာ လိုအပ်သည့်ဟင်းသီးဟင်းရွက်နှင့် အသားငါးအချို့အား ဝယ်ယူပြီး အိမ်သို့ပြန်လာခဲ့လေ၏။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမနှင့်အတူ အင်တိုက်အားတိုက် ပူးပေါင်းလုပ်ဆောင်ပေးခဲ့ကြသော မိသားစုဝင်များ၏ပင်ပန်းနွမ်းနယ်နေသည့် မြင်ကွင်းများကို ပြန်လည်မြင်ယောင်လာမိရာ ယနေ့ညစာအတွက် သူမ ကိုယ်တိုင် အကောင်းဆုံးချက်ပြုတ်ကျွေးမွေးရန် ဆုံးဖြတ်လိုက်၏။

“ပြီးခဲ့တဲ့ရက်တွေတုန်းက အားလုံးပဲ ပင်ပန်းသွားကြပြီ၊ ဒီနေ့ ထမင်းဝိုင်းကတော့ နင်တို့အားလုံးအတွက် အောင်ပွဲခံတဲ့အနေနဲ့ ကျွေးတာပဲ”

ဝူယွီလန်က စကားပြောရင်း အရက်ခွက်ကို မြှောက်ကာ မိသားစုဝင်တစ်ဦးစီ၏ မျက်နှာများကို လိုက်လံကြည့်ရှုလိုက်၏။

“လာ၊ အားလုံး တစ်ခွက်လောက် သောက်လိုက်ကြရအောင်”

ဝမ်ကွေ့ချင် သူမ၏အရက်ခွက်ကို မြှောက်လိုက်သည်။

“အမေ၊ မိသားစုအတွက် နေ့ရောညပါ အလုပ်တွေလုပ်နေရတာ အမေ အပင်ပန်းဆုံးပါပဲ၊ သမီး အမေ့ကို ဂါရဝပြုပါတယ်”

ကျောက်လီကျွမ်လည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

“အစ်မကြီးပြောတာ မှန်တယ်၊ အမေ၊ သမီးလည်း အမေ့ကို ဂါရဝပြုပါတယ်”

လီရှို့ယွင်လည်း အရက်ခွက်ကို ကိုင်မြှောက်လိုက်သည်။

“အမေ၊ အမေရှိနေလို့ သမီးတို့အခုလိုနေရတာ၊ သမီး တကယ်ကို ကျေးဇူးတင်လှပါပြီ”

စုန့်ကျစ်ယုံလည်း အရက်ခွက်ကို မြှောက်လိုက်၏။

လွန်ခဲ့သည့် ရက်များအတွင်း မိခင်ဖြစ်သူ၏ အပင်ပန်းခံကြိုးစားအားထုတ်မှုအားလုံးကို သူ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်မဟုတ်ပါလား။

“အမေ၊ အမေ တကယ်ပင်ပန်းနေရှာပြီ”

“အမေ၊ အရင်တုန်းက သား အရမ်းကို မိုက်မဲခဲ့တာပါ၊ အိမ်ပြန်ရောက်လာတဲ့ ဒီရက်ပိုင်းလေးအတွင်းမှာ မိသားစုကိုထောက်ပံ့ဖို့ အမေ ဘယ်လောက်တောင် ဒုက္ခခံနေရသလဲဆိုတာ သား သေချာနားလည်သွားပါပြီ၊ အခုကစပြီး သားက အမေ့စကားကို သေချာပေါက် နားထောင်ပါ့မယ်”

စုန့်ကျစ်ရှုမှာ ယခုရက်ပိုင်းအတွင်း ဆေးပင်များ လိုက်လံစုဆောင်းနေရသဖြင့် နေ့စဉ်နှင့်အမျှ ခေါင်းမူးမတတ် ပင်ပန်းနွမ်းနယ်နေခဲ့၏။

အလုပ်က ပင်ပန်းခက်ခဲလှသော်လည်း ငွေကြေးများ တဖွဲဖွဲ ဝင်ရောက်လာသည်ကို မြင်တွေ့ရသောအခါ သူ့ဘဝအတွက် ကိုယ်ပိုင်ရည်မှန်းချက်တစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ခံစားလာရပြီး စိတ်အားထက်သန်မှုများ တစ်နေ့တခြား ပိုမိုပြင်းပြလာလေ၏။

စုန့်ကျစ်ချုံးကrl တစ်ခုခုပြောရန် ပြင်လိုက်သော်ငြား သူ ပါးစပ်ဟလိုက်ချိန်တွင်ပင် ဝူယွီလန် အခြားသူများနှင့် အရက်ခွက်ချင်းတိုက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်ကို မြင်လိုက်ရ၏။

‘ဟင်၊ အမေက ငါ့ကို သက်သက်မဲ့ အကဲစမ်းနေသလို ဘာလို့ ခံစားနေရတာလဲ'

ဝူယွီလန် သဘာဝကျကျပင် သိရှိနေသော်လည်း ဤကောင်လေး အိမ်ပြန်ရောက်ရောက်ချင်း သူမအား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ရန် ရွယ်လာခဲ့သည့် အဖြစ်အပျက်ကို မှတ်မိနေဆဲဖြစ်ရာ သူမ၏ရင်တွင်း၌ အငြိုးတစ်ခုထားရှိနေခြင်းသာဖြစ်ပေသည်။

“ပြီးခဲ့တဲ့ရက်တွေတုန်းက အားလုံးပဲ ပင်ပန်းသွားကြပြီ၊

အခုတော့ ငါတို့ ငွေကြေးအခြေအနေလည်း နည်းနည်း အဆင်ပြေလာပြီဆိုတော့ ဒီငွေတွေကို ယူပြီး လိုအပ်တာလေးတွေ ဝယ်သုံးကြ”

“ဒီမှာ၊ အိမ်ထောင်စု လေးစုအတွက် တစ်စုကို ငွေချောင်းတစ်ရာစီ”

ငွေတုံးများက အလွန်လေးလံလှသဖြင့် ဝူယွီလန် သူတို့ကို ငွေစက္ကူများသာ ပေးအပ်လိုက်ပြီး အိမ်ထောင်စုတစ်စုလျှင် ဆယ်ရွက်စီရရှိရန် ပြင်ဆင်ပေးထားလေ၏။

“အမေ၊ ဒါက ဒါက အရမ်းများလွန်းတယ်”

ဝမ်ကွေ့ချင်မှာ တစ်သက်နှင့်တစ်ကိုယ် ဤမျှများပြားလှသော ငွေကြေးများကို မမြင်ဖူးခဲ့သဖြင့် လုံးဝပင် လှမ်းမယူရဲအောင် ဖြစ်နေတော့၏။

ဤငွေများသာ သူမလက်ထဲသို့ ရောက်ရှိလာပါက သူခိုးဓားပြများ၏ပစ်မှတ်ထားခြင်းခံရမည်ကို စိုးရိမ်နေသလို အခိုးခံရမည်ကိုလည်း အလွန်အမင်း ကြောက်ရွံ့နေမိ၏။

ကျောက်လီကျွမ်မှာလည်း ထိုနည်းတူပင်။

ယောက္ခမဖြစ်သူ ရက်ရောတတ်ကြောင်း သူမ သိထား၏။

သို့သော်လည်း ဤမျှလောက်များပြားသော ငွေချောင်းလေးရာကို တစ်ပြိုင်နက်တည်းထုတ်ယူကာ သူတို့အား ခွဲဝေပေးလိမ့်မည်ဟုတော့ လုံးဝ မျှော်လင့်မထားခဲ့ချေ။

သေချာတွက်ချက်ကြည့်မည်ဆိုလျှင် လွန်ခဲ့သည့်ရက်များအတွင်း ဆေးပင်များရောင်းချခြင်းမှ သူတို့ ဤမျှလောက် ငွေများများစားစား မရရှိခဲ့ချေ။

All Chapters