← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

🍅 Chapter 184

ဝူယွီလန် သူမ၏လက်ထဲရှိ လက်နွေးအိတ်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ပြန်ဖြေလိုက်သည်။

ဤလက်နွေးအိတ်မှာ သာမန် သတ္တုလက်နွေးအိတ်မျိုး မဟုတ်ဘဲ သူမ စနစ်ကုန်တိုက်မှ ဝယ်ယူထားသော ရေနွေးအိတ်တစ်ခုသာ ဖြစ်၏။

“နောက်နှစ်လည်း သေချာပေါက်ဆက်ဝယ်မှာပေါ့၊

အခု နှင်းတွေလည်း ကျတော့မှာဆိုတော့ ဒီနှစ်အတွက်တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြတာပေါ့”

စုန့်ကျစ်ရှု တဆတ်ဆတ်တုန်ယင်နေသည်ကို မြင်သောအခါ သူမ စိုးရိမ်တကြီးဖြင့် မေးလိုက်၏။

“နင် ချမ်းနေလို့လား၊ အမေ မီးဖိုပေးထားတယ်၊ အိမ်ထဲကို မြန်မြန်ဝင်ပြီး နွေးအောင်နေလိုက်စမ်းပါ”

“အခန်းထဲမှာ နင့်အတွက် အမေကိုယ်တိုင် ချုပ်ပေးထားတဲ့ ဂွမ်းထည်အင်္ကျီရှိတယ်၊ အမေက နင့်အတွက် သီးသန့် ချုပ်ပေးထားတာ၊ သွား မြန်မြန် သွားလဲဝတ်လိုက်”

ထိုစကားကို ကြားလိုက်ရချိန်တွင် စုန့်ကျစ်ရှုမှာ အတိုင်းမသိ ဝမ်းသာလုံးဆို့သွားရလေ၏။

“ကျေးဇူးတင်ပါတယ် အမေ”

သူ ထင်းတဲထဲသို့ အမြန်ပြေးသွားရာ သစ်သားကုတင်ပေါ်တွင် တင်ထားသော အသစ်စက်စက်ဂွမ်းထည်အင်္ကျီကို ချက်ချင်းပင် မြင်လိုက်ရ၏။

သူ အင်္ကျီလေးကို မြတ်နိုးစွာပွတ်သပ်ရင်း အမေက သူ့ကိုသာ အချစ်ဆုံးဖြစ်ကြောင်း၊ သူတစ်ယောက်တည်းအတွက်သာ ဂွမ်းထည်အင်္ကျီကို ချုပ်ပေးထားပြီး အခြားမည်သူ့ကိုမျှ မချုပ်ပေးထားကြောင်းတွေးကာ စိတ်ထဲတွင် အပျော်ကြီး ပျော်နေတော့သည်။

စုန့်ကျစ်ရှုက ဂွမ်းထည်အင်္ကျီအသစ်ကို ဝမ်းသာအားရ လဲဝတ်လိုက်ပြီးနောက် အပြင်ထွက်ကာ လူလုံးထွက်ပြရန်ပင် မစောင့်နိုင်အောင် ဖြစ်နေတော့၏။

သို့သော် သူ အပြင်သို့ ခြေလှမ်းလိုက်ချိန်တွင်တော့ သူ့အစ်ကိုကြီးနှစ်ယောက်၊ မရီးများနှင့် ကလေးများအားလုံးမှာလည်း အသစ်စက်စက် ဂွမ်းထည်အင်္ကျီများကို ကိုယ်စီကိုယ်စီ ဝတ်ဆင်ထားကြသည်ကို တွေ့လိုက်ရ၏။

သူတို့၏ အင်္ကျီများမှာ သူ့အင်္ကျီထက် အသားပိုကောင်းရုံသာမက ဒီဇိုင်းနှင့် အပ်ချုပ်လက်ရာမှာလည်း များစွာပိုမိုကောင်းမွန်နေသည်ကို သူ သတိထားမိလိုက်သည်။

ဝူယွီလန် ပြုံးရွှင်စွာဖြင့် လှမ်းမေးလိုက်၏။

“ဘယ်လိုလဲ၊ ကွက်တိပဲလား”

“နင့်အစ်ကိုကြီးနဲ့ ဒုတိယအစ်ကို ဝတ်ထားတာက နင့်ယောင်းမတွေ ချုပ်ပေးထားတာလေ၊ နင်ဝတ်ထားတဲ့ တစ်ထည်တည်းကသာ အမေကိုယ်တိုင် ချုပ်ပေးထားတာ၊ အမေက အသက်လည်း ကြီးနေပြီ၊ မျက်စိလည်း သိပ်မကောင်းတော့လို့ အပ်ချုပ်လက်ရာကတော့ သိပ်ကောင်းမှာ မဟုတ်ဘူး၊ နင် မကြိုက်ဘူးဆိုရင်လည်း အမေ အသစ်တစ်ထည် ဝယ်ပေးမယ်လေ”

မိခင်ဖြစ်သူက မျက်စိသိပ်မကောင်းတော့ကြောင်း ပြောလိုက်သည်ကို ကြားသောအခါ စုန့်ကျစ်ရှု၏ရင်တွင်း၌ ချက်ချင်းဆိုသလို အပြစ်မကင်းသလို ခံစားလိုက်ရ၏။

အမေက ဤမျှအသက်အရွယ်ကြီးရင့်နေသည့်တိုင် မနားမနေ အလုပ်လုပ်နေရသည့်ကြားမှ သူ့အင်္ကျီအတွက် မျက်စိကိုပါ အထိခိုက်ခံကာ ချုပ်ပေးခဲ့ခြင်းဖြစ်သည်။

သို့ပါလျက်နှင့် သူက အမေချုပ်ပေးသောအင်္ကျီကို မနှစ်မြို့သည့်အတွေးများပင် ဝင်လာခဲ့သေးသည်မဟုတ်ပါလား။

‘ငါကတော့ တကယ် သေသင့်တဲ့ကောင်ပါလား’ ဟုတွေးမိကာ ကိုယ့်ကိုယ်ကို အပြစ်တင်မိသွားသည်။

စုန့်ကျစ်ရှု အမြန်ပင် ဝင်ရောက်ပြောဆိုလိုက်၏။

“အမေရယ်၊ သားက ဘယ်လိုလုပ် မကြိုက်ဘဲနေမှာလဲ”

“အမေ ချုပ်ပေးတဲ့အင်္ကျီကို သား အရမ်းကြိုက်တာ၊ နေ့တိုင်းကို ဝတ်ထားမှာ”

သူ့အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့၏ ဂွမ်းထည်အင်္ကျီများက အသားမည်မျှပင် ကောင်းနေပါစေ၊

အပ်ချုပ်လက်ရာ မည်မျှပင် သပ်ရပ်နေပါစေ သူ့အင်္ကျီကတော့ အမေကိုယ်တိုင် ချုပ်ပေးထားသည့် လောကတွင် တစ်ထည်တည်းသောအင်္ကျီလေးပင် ဖြစ်ပေသည်။

ဘေးတွင်ရပ်နေသော ဝမ်ကွေ့ချင်မှာ ထိုစကားများကို ကြားရသောအခါ အနည်းငယ် စိတ်မလုံမလဲ ဖြစ်နေမိ၏။

အခြားသူများ မသိသော်လည်း သူမ၏မတ်လေး ဝတ်ဆင်ထားသော အင်္ကျီမှာ အထည်ဆိုင်မှ အခမဲ့ပေးလိုက်သည့် ချို့ယွင်းချက်ရှိနေသော အင်္ကျီဟောင်းတစ်ထည်သာဖြစ်ကြောင်း သူမ ကောင်းကောင်းကြီး သိထားသည်။

ယောက္ခမဖြစ်သူ၏လက်ထဲသို့ ရောက်သွားချိန်တွင်တော့ ကိုယ်တိုင်ချုပ် ဆိုသည့် ဂုဏ်ပုဒ်သို့ မည်ကဲ့သို့ပြောင်းလဲသွားသည်ကိုတော့ ဘယ်သူမှ မပြောတတ်တော့ပေ။

ယောက္ခမဖြစ်သူ၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်း တည်ငြိမ်နေသည်ကို မြင်သောအခါ ဝမ်ကွေ့ချင်လည်း မည်သည့်အရာကိုမျှ မသိသယောင်သာ ဟန်ဆောင်နေလိုက်တော့သည်။

အမှန်တရားကို လုံးဝမသိရှိသော စုန့်ကျစ်ရှုကတော့ စုန့်ကျစ်ယုံနှင့် စုန့်ကျစ်ချုံးတို့ထံသို့ သွားကာ ဘဝင်မြင့်စွာဖြင့် ကြွားဝါနေတော့၏။

“အစ်ကိုကြီး၊ ဒုတိယအစ်ကို၊ ကျွန်တော်ဝတ်ထားတဲ့ ဒီဂွမ်းထည်အင်္ကျီလေးကို ကြည့်စမ်းပါဦး၊ အမေကိုယ်တိုင် ကျွန်တော့်အတွက် ချုပ်ပေးထားတာလေ၊ ဟင်း… မတတ်နိုင်ဘူးလေဗျာ၊ ကိုယ့်မှာ အင်္ကျီချုပ်ပေးမယ့် မိန်းမမှ မရှိတာဆိုတော့ အမေကပဲ ကိုယ်တိုင်ဒုက္ခခံပြီး လုပ်ပေးရတာပေါ့”

စုန့်ကျစ်ရှု သူ့အင်္ကျီကို ဆွဲဆန့်ကာ ဟိုဟိုဒီဒီ ကြည့်ရှုရင်း သူတို့နှစ်ဦးအနီးသို့ပင် တမင်တကာ တိုးကပ်သွားလိုက်သေးသည်။

စုန့်ကျစ်ယုံမှာ အတွင်းရေးအချို့ကို သိရှိထားသူဖြစ်ရာ မိခင်ဖြစ်သူ၏အပြည့်အဝမျက်နှာသာပေးမှုကို ခံနေရရှာသော ဤညီလေးအား သနားကြင်နာသော အကြည့်များဖြင့်သာ ကြည့်နေမိတော့၏။

အမှန်တရားကိုမသိသေးသော စုန့်ကျစ်ချုံးကမူ ထိုစကားကိုကြားသည်နှင့် ဝူယွီလန်မှာ ယခင်ကအတိုင်း မျက်နှာလိုက်နေဆဲဖြစ်သည်ဟု ချက်ချင်းပင် တွေးထင်သွားလေသည်။

“ဟမ့်၊ အမေက မင်းကို အမြဲတမ်း အချစ်ဆုံးပဲဆိုတော့လည်း ဆက်ပြီးတော့သာ ဘဝင်မြင့်နေလိုက်စမ်းပါ”

စုန့်ကျစ်ရှု၏ ဘဝင်မြင့်နေသော မျက်နှာအမူအရာကို မြင်လိုက်ရချိန်တွင် စုန့်ကျစ်ချုံး၏လက်များက ယားယံလာပြီး ရင်ထဲတွင်လည်း အနည်းငယ် နာကြည်းခံပြင်းသွား၏။

အဘယ်ကြောင့် အမေက သူ့အပေါ် စတုတ္ထညီလောက် မကောင်းပေးရသနည်း။

ကျောက်လီကျွမ် ခင်ပွန်းဖြစ်သူ၏စိတ်ခံစားချက်ကို သတိထားမိသွားကာ သူ့အင်္ကျီလက်စကို လှမ်းဆွဲလိုက်သည်။

“သွားကြစို့၊ ကျမနဲ့ အခန်းထဲပြန်လိုက်ခဲ့”

စုန့်ကျစ်ချုံးက အခန်းထဲသို့ ပြန်ရောက်သည်နှင့် ကုတင်ပေါ်သို့ ပစ်လှဲချလိုက်၏။

“အမေက မျက်နှာမလိုက်တော့ဘူးလို့ ငါထင်နေတာ၊ ဒါပေမဲ့ ဒီလောက်အထိ မျက်နှာလိုက်နေအုံးမယ်လို့ ထင်မထားမိဘူး၊ စတုတ္ထကောင်အတွက် ဂွမ်းထည်အင်္ကျီကို ကိုယ်တိုင်ချုပ်ပေးရတဲ့အထိပဲ”

ကျောက်လီကျွမ် နှုတ်ခမ်းကို လက်ညှိုးဖြင့်ပိတ်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်၏။

“မြန်မြန်၊ စကားကို အသံနည်းနည်းလျှော့ပြောစမ်းပါ”

“အမေ မျက်နှာလိုက်တာမှန်ပေမယ့် အဲဒါ စတုတ္ထ‌သားဘက်ကို လိုက်တာမဟုတ်ဘူး”

“နင်က စတုတ္ထသားကို မျက်နှာမလိုက်ဘူးဆိုတာ သေချာလို့လား၊ အမေက သူ့ကို ဂွမ်းထည်အင်္ကျီတောင် ကိုယ်တိုင်ချုပ်ပေးလိုက်သေးတယ်၊ ငါ့အတွက်ဆို တစ်ထည်မှ ချုပ်ပေးတာ မမြင်ဖူးပါဘူး”

ကျောက်လီကျွမ်က ဘာမှမတတ်နိုင်တော့သည့်အလား ခေါင်းကို ခါယမ်းလိုက်ရင်း စုန့်ကျစ်ချုံး၏နားနားသို့ ကပ်ကာ တီးတိုးပြောလိုက်၏။

“အဲဒီဂွမ်းထည်အင်္ကျီက အမေကိုယ်တိုင် ချုပ်ပေးထားတာ မဟုတ်ဘူး၊ အထည်ဆိုင်က အမှားအယွင်းဖြစ်ပြီး အလကားပေးလိုက်တဲ့ အင်္ကျီဟောင်းတစ်ထည်ပဲ”

စုန့်ကျစ်ချုံးမှာ ခေတ္တမျှ မှင်သက်သွားသည်။

“ဟင်၊ ဒါပေမဲ့ အမေက”

“အမေက အဲဒီလိုပဲ ဒီအတိုင်းပြောလိုက်တာပါ၊ အမေက စတုတ္ထသားကို ဒီရက်ပိုင်း ဘယ်လို ဆုံးမနေလဲဆိုတာ ရှင်လည်း မြင်တာပဲလေ၊ သူ နည်းနည်းပိုပြီး လိမ္မာလာတယ် မဟုတ်ဘူးလား”

စုန့်ကျစ်ချုံးက အတိတ်ကို ခေတ္တမျှပြန်လည်စဉ်းစားကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။

ဤရက်ပိုင်းအတွင်းမှာတော့ စတုတ္ထသားက အရင်ကထက် အများကြီးပိုပြီး လိမ္မာရေးခြားရှိလာသည်မှာ အမှန်ပင်ဖြစ်သည်။

ယခင်တုန်းကဆိုလျှင် စတုတ္ထသားက ကျောင်းစာအား အကြောင်းပြကာ မိသားစုဆီကနေ ငွေတောင်းဖို့လောက်သာသိ၏။

All Chapters