← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း (၂၀၅) ပြည်သူ့ကွန်မြူနစ်အဖွဲ့ထံသို့ ဟင်းသီးဟင်းရွက်များ ပို့ဆောင်ခြင်း

လျူအာကျူးသည် လျူဟိုင်၏နောက်မှလိုက်ကာ အမှတ်(၁) ဖန်လုံအိမ်သို့ သွားခဲ့၏။

အမှတ်(၁) ဖန်လုံအိမ်တွင် စိုက်ပျိုးထားသော ကြက်သွန်မြိတ်များအားလုံး ရင့်မှည့်နေပြီဖြစ်ကာ စိမ်းလန်းစိုပြည်နေသော မြင်ကွင်းကျယ်ကြီးက မျက်စိပသာဒဖြစ်ဖွယ် ကောင်းလှလေသည်။

လျူအာကျူးက တွက်ချက်မှုအချို့ ပြုလုပ်လိုက်၏။

ဤဖန်လုံအိမ်သည် အခန်းတစ်ခန်းမှ ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်သောကြောင့် သိပ်သည်းဆမြင့်မားစွာ စိုက်ပျိုးထားပြီး အလွန်ကောင်းမွန်သော စီမံခန့်ခွဲမှုရှိသော်လည်း တစ်ကြိမ်ရိတ်သိမ်းလျှင် ကြက်သွန်မြိတ် ကျင်းနှစ်ရာခန့်သာ ထွက်ရှိသည်။

သေချာသည်မှာ နောက်ပိုင်းတွင် ထပ်မံရိတ်သိမ်းရန်အတွက် ၎င်းတို့ ပြန်လည်ကြီးထွားလာနိုင်ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ စုစုပေါင်း ကြက်သွန်မြိတ် ဘယ်လောက်စိုက်ထားလဲ..."

လျူအာကျူးက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

"ကြက်သွန်မြိတ် ဖန်လုံအိမ် ဆယ်လုံး၊ မှို ဖန်လုံအိမ် ဆယ့်ငါးလုံးနဲ့ ပဲတီစိမ်းပင်ပေါက် ဖန်လုံအိမ် နှစ်လုံးပေါ့..."

"အဲဒါနဲ့ပတ်သက်ပြီး ပြောရရင် မင်းတောင်းဆိုထားတဲ့အတိုင်း အဲဒီပဲပင်ပေါက်တွေကို ရွာသားတွေဆီ တိတ်တဆိတ် နှစ်ကြိမ်ဝေပေးပြီးသွားပြီ..."

လျူဟိုင်က တိုးညင်းသော်လည်း ဝမ်းသာအားရအသံဖြင့် ပြောလာသည်။

ယခုအခါ ဆောင်းရာသီဖြစ်ပြီး အိမ်ထောင်စုများစွာတွင် အစားအစာ ပြတ်လပ်နေကာ အချို့လူများတွင် ဝမ်းဖောဝမ်းရောင်ရောဂါ လက္ခဏာများပင် ပြသနေပြီ

ဖြစ်သည်။

အစားအစာများကိုသာ အမြန်မဝေငှပါက ရွာထဲရှိလူများ ငတ်မွတ်သေဆုံးကြတော့မည် ဖြစ်လေသည်။

ဤသို့ အစားအစာများကို ပုဂ္ဂလိကသဘောဖြင့် ဝေငှခြင်းမှာ မှားယွင်းကြောင်း သေချာနေပြီး အကယ်၍ တိုင်ကြားခံရပါက သူတို့အားလုံး ဒုက္ခရောက်ကြမည် ဖြစ်သည်။

အစပိုင်းတွင် လျူဟိုင်မှာ မလုပ်ရဲခဲ့သော်လည်း လျူအာကျူးက အကြံဉာဏ်တစ်ခု ပေးခဲ့သည်။

သူက ဤပဲတီစိမ်းပင်ပေါက်များသည် ဖန်လုံအိမ်မှ ပထမဆုံးထွက်ရှိသော ထုတ်ကုန်များဖြစ်ပြီး ရောင်းချရန် ကောင်းမကောင်းနှင့် လူများအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိမရှိ စမ်းသပ်ရန် အရသာမြည်းစမ်းကြည့်ရန် လိုအပ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ ကျပန်းရောင်းချခြင်းမှာ လူများကို လိမ်လည်ရာရောက်မည်မဟုတ်ပါလားဟု ပြောခဲ့သည်။

ရွာသားများကမူ ဤအရာကို ပြည်သူများအတွက် သက်သာချောင်ချိရေးကို ရှာဖွေခြင်းနှင့် မိမိကိုယ်ကို စမ်းသပ်ရန် ရဲရင့်ခြင်းဟု ခေါ်ဆိုကြသည်။

လျူဟိုင်ကမူ ဤအကြောင်းပြချက်မှာ လုံးဝအဓိပ္ပာယ်မရှိဟု အမြဲခံစားနေရသော်လည်း သူ့တွင် သက်သေမရှိပေ။

သူသည် ပညာအများကြီး မတတ်သောကြောင့် လျူအာကျူးပြောသမျှကိုသာ လိုက်နာနိုင်ခဲ့သည်။

ရွာသားများသည် လျူအာကျူးကို ပို၍ပင် ယုံကြည်ကြကာ ပဲတီစိမ်းပင်ပေါက်များကို စားသုံးစဉ် ဆိုရှယ်လစ်စနစ်၏ အခြေခံအုတ်မြစ်များကို ဖြိုခွဲခြင်းအတွက် အနည်းငယ်မျှ အပြစ်မကင်းသလို မခံစားရဘဲ အလွန်ဂုဏ်ယူနေကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် နိုင်ငံတော်၏ ဝန်ထုပ်ဝန်ပိုးများကို မျှဝေထမ်းဆောင်ပေးနေခြင်းကြောင့် ဖြစ်သည်။

လျူအာကျူးနှင့် လျူဟိုင်တို့သည် ဖန်လုံအိမ်အားလုံးကို လိုက်လံစစ်ဆေးခဲ့ကြသည်။

ကြက်သွန်မြိတ်များအားလုံးမှာ လှပစွာ ကြီးထွားနေကြသည်။

စိုက်ပျိုးထားသော မှိုများမှာ ငွေနှင်းမှိုများ ဖြစ်၏။

ငွေနှင်းမှိုများသည် ကြီးထွားမှုစက်ဝန်း အတိုဆုံးဖြစ်ပြီး တစ်ကြိမ်လျှင် ဆယ်ရက်ခန့်သာ ခြားကာ ခြောက်ကြိမ်ဆက်တိုက် ရိတ်သိမ်းနိုင်လေသည်။

လျူအာကျူးက ခန့်မှန်းချက်တစ်ခု ပြုလုပ်လိုက်သည်။

ဤတစ်ကြိမ်ထွက်ရှိသော ကြက်သွန်မြိတ်များမှာ အနည်းငယ် နည်းပါးနိုင်ပြီး ဖန်လုံအိမ်ဆယ်လုံးမှ ကျင်းနှစ်ထောင်ခန့်သာ ရှိမည်ဖြစ်သည်။

သို့သော် ငွေနှင်းမှိုများမှာမူ တကယ့်ကို အံ့မခန်းဖြစ်ပြီး မြေပြင်ပေါ်တွင် စိုက်ပျိုးသည့်နည်းလမ်းကို အသုံးပြုထားသောကြောင့် ဖန်လုံအိမ်တစ်လုံးတည်းမှပင် ကျင်းခြောက်ရာအထိ ထွက်ရှိနိုင်သည်။

ဖန်လုံအိမ်ဆယ့်ငါးလုံး ပေါင်းလိုက်လျှင် ကျင်းကိုးထောင်ပင် ဖြစ်သည်။

ဖန်လုံအိမ်နှစ်လုံးမှ ပဲတီစိမ်းပင်ပေါက် ကျင်းသုံးထောင်ခန့်သာ ထွက်ရှိသော်လည်း ၎င်းတို့ကို မယုံနိုင်လောက်အောင် မြန်ဆန်စွာ ရိတ်သိမ်းနိုင်လေသည်။

လေးရက် သို့မဟုတ် ငါးရက်လျှင် တစ်ကြိမ် ရိတ်သိမ်းနိုင်သည်။

ဤဟင်းသီးဟင်းရွက်များ၏ ပမာဏကို စာရင်းပြုစုပြီးနောက် လျူအာကျူးက လျူဟိုင်ကို ချက်ချင်းပင် ပြောလိုက်သည်။

"ဦးလေး... လူတွေကို ချက်ချင်းလာရိတ်သိမ်းဖို့ ခေါ်လိုက်ပါ... လူတိုင်းအတွက် ရိက္ခာတွေ ဖယ်ထားပြီးရင် ကျွန်တော်တို့ စားနပ်ရိက္ခာတွေကို ပြည်သူ့ကွန်မြူနစ်အဖွဲ့ဆီ ယူသွားကြမယ်..."

စည်းမျဉ်းများအရ ဤနည်းပညာသစ်ဖြင့် စိုက်ပျိုးထားသော အရာများကိုပင် ပြည်သူ့ကွန်မြူနစ်အဖွဲ့ထံသို့ အပ်နှံရမည် ဖြစ်သည်။

သို့သော် လူတိုင်းအတွက် ရိက္ခာများကို ဦးစွာဖယ်ထားနိုင်သည်။

လျူဟိုင်မှာလည်း အလွန်ဝမ်းသာနေသည်။ ၎င်းတို့သည် ဟင်းသီးဟင်းရွက်များနှင့် မှိုများသာဖြစ်ပြီး ဆန်နှင့် ဂျုံမှုန့်ကဲ့သို့သော အခြေခံစားသောက်ကုန်များကို အစားမထိုးနိုင်သော်လည်း ဤဆောင်းရာသီကို ကျော်ဖြတ်ရန်အတွက် လုံလောက်ပေသည်။

ထို့ပြင် လူများသည် ဤရိက္ခာများကို သိမ်းဆည်းထားပြီးနောက် ဆန်နှင့် ဂျုံမှုန့်ဝယ်ရန် ငွေအချို့နှင့် လဲလှယ်ရန် ဝယ်ယူရေးစခန်းသို့လည်း ယူသွားနိုင်သည်။

ဤနည်းဖြင့် ရွာထဲတွင် မည်သူမျှ ငတ်မွတ်သေဆုံးတော့မည် မဟုတ်ပေ။

လျူဟိုင်သည် ရိတ်သိမ်းရန်အတွက် ရွာသားများကို ပျော်ရွှင်စွာဖြင့် သွားခေါ်လေသည်။

ရွာသားများမှာလည်း အလွန်စိတ်လှုပ်ရှားနေကြပြီး စိမ်းလန်းစိုပြည်နေသော ကြက်သွန်မြိတ်များကို ကြည့်ကာ အချိန်ကြာမြင့်စွာကပင် စားချင်စိတ် ပြင်းပြနေခဲ့ကြသည်။

မကြာသေးမီက ပဲတီစိမ်းပင်ပေါက်မှလွဲ၍ ဘာမျှမစားရသဖြင့် သူတို့ကိုယ်သူတို့ပင် အစိမ်းရောင်ပြောင်းသွားတော့မလို ခံစားနေကြရသည်။

သေချာသည်မှာ ထိုလူများက လျူအာကျူးကို အပြစ်မတင်ကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့က သူ့ကို အလွန်ကျေးဇူးတင်နေကြသည်။

အထူးသဖြင့် ယခင်က သူတို့၏သမီးကို ရောင်းစားရန် စီစဉ်ခဲ့သော ချွန်းအာ၏ မိဘများနှင့် မိုင်ယာ၏ မိသားစုတို့သည် ယခုအခါ လျူအာကျူးအပေါ် စိတ်နှလုံးအကြွင်းမဲ့ မြတ်နိုးလေးစားနေကြသည်။

သူတို့က ချွန်းအာ၏မိဘများကို ချွန်းအာအား လျူအာကျူး၏အိမ်သို့ မည်သို့ပို့ခဲ့သနည်းဟုပင် မေးမြန်းနေကြပြီး သူတို့၏ကိုယ်ပိုင်သမီးများကိုလည်း ပို့ချင်နေကြသည်။

လျူအာကျူးအတွက် နွား သို့မဟုတ် မြင်းများကဲ့သို့ အလုပ်လုပ်ပေးရန်ဖြစ်စေ၊ သူ၏ အခြေခံလိုအပ်ချက်တိုင်းကို စောင့်ဆိုင်းဖြည့်ဆည်းပေးရန်ဖြစ်စေ ကိစ္စမရှိပေ။ သူတို့လိုချင်သည်မှာ သူ၏ကျေးဇူးကို ပြန်လည်ဆပ်ရန်သာ ဖြစ်သည်။

ရွာသားများ အလုပ်လုပ်နေကြသောကြောင့် ကျင်းတစ်ထောင်ကျော် ရိတ်သိမ်းမှုမှာ လျင်မြန်စွာ ပြီးစီးသွားလေသည်။ ဝင်ငွေအဖြစ် သတ်မှတ်ထားသော အလုပ်ရမှတ်များကိုလည်း သူတို့အား ပေးမည်ဖြစ်သည်။

သောင်းနှင့်ချီသော ဟင်းသီးဟင်းရွက်များကို ရိတ်သိမ်းပြီး လူတိုင်းအတွက် ရိက္ခာများ ဖယ်ထားပြီးသည်နှင့် လျူအာကျူးနှင့် လျူဟိုင်တို့သည် ဟင်းသီးဟင်းရွက်များကို ပြည်သူ့ကွန်မြူနစ်အဖွဲ့ထံသို့ အတူတကွ တိုက်ရိုက်သယ်ဆောင်သွားကြသည်။

ယခုအခါ ဆောင်းရာသီဖြစ်သောကြောင့် ထုတ်လုပ်ရေးအဖွဲ့များအားလုံး အလုပ်မရှိကြဘဲ အလုပ်ရမှတ်များရရှိရန် အသေးစားအလုပ်များကိုသာ ရံဖန်ရံခါ လုပ်ကိုင်နေကြသည်။

ပြည်သူ့ကွန်မြူနစ်အဖွဲ့မှ လူများသည်လည်း အလုပ်မရှိကြဘဲ အပြင်ဘက်တွင် စကားစမြည်ပြောဆိုကာ အချိန်ဖြုန်းနေကြသဖြင့် နွားလှည်းနှစ်စီး ပြည်သူ့ကွန်မြူနစ်အဖွဲ့အတွင်းသို့ တစ်စီးပြီးတစ်စီး ဝင်ရောက်လာပြီး ၎င်းတို့နောက်တွင် မော်တော်ဆိုင်ကယ်တစ်စီး ပါလာသည်ကို လူအများအပြား မြင်တွေ့လိုက်ကြသည်။

ထိုခန့်ညားသော မော်တော်ဆိုင်ကယ်ကို မြင်လိုက်ရသောအခါ လူတိုင်းက အံ့သြတကြီးဖြင့် ဝိုင်းအုံလာကြပြီး မော်တော်ဆိုင်ကယ်ကို နောက်တစ်ကြိမ် ဝိုင်းရံထားကြပြန်သည်။

"ဘာလို့ လူတိုင်းက ငါ့ကို ဝိုင်းရံနေရတာကို သဘောကျနေကြတာလဲ..."

လျူအာကျူးက စိတ်ထဲမှ ငြီးတွားလိုက်သော်လည်း သူ၏မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေလျက် ပြည်သူ့ကွန်မြူနစ်အဖွဲ့ ညွှန်ကြားရေးမှူးကို ပြောလိုက်သည်။

"ခေါင်းဆောင်... ကျွန်တော် တာဝန်မပျက်ကွက်ခဲ့ပါဘူး... ဟင်းသီးဟင်းရွက်တွေကို ကျွန်တော်တို့ စိုက်ပျိုးနိုင်ခဲ့ပါပြီ..."

ပြည်သူ့ကွန်မြူနစ်အဖွဲ့ ညွှန်ကြားရေးမှူးမှာလည်း မော်တော်ဆိုင်ကယ်ကို လေ့လာနေသည်။ လျူအာကျူး၏ စကားကို ကြားသောအခါ သူသည် အစပိုင်းတွင် အံ့သြသွားပြီးနောက် သူ၏စီးကရက်တိုကို ဝမ်းသာအားရ လွှင့်ပစ်လိုက်သည်။

"ဘာဟင်းသီးဟင်းရွက်တွေလဲ..."

"ကြက်သွန်မြိတ်၊ ပဲတီစိမ်းပင်ပေါက်နဲ့ ငွေနှင်းမှိုတွေပါ... အားလုံး နွားလှည်းတွေပေါ်မှာ ပါပါတယ်..."

လျူအာကျူးက နွားလှည်းနှစ်စီးကို လက်ညှိုးထိုးပြလိုက်သည်။

ပြည်သူ့ကွန်မြူနစ်အဖွဲ့ ညွှန်ကြားရေးမှူးမှာ မော်တော်ဆိုင်ကယ်ကို ဆက်လက် အာရုံမစိုက်နိုင်တော့ပေ။ မည်သို့ပင်ဆိုစေ ထိုအရာမှာ ဆန်းသစ်မှုအတွက်သာဖြစ်ပြီး နွားလှည်းပေါ်ရှိ အရာများကသာ သူ့ကို အမှန်တကယ် အထောက်အကူပြုမည့် အရာများဖြစ်သည်။

သူက နွားလှည်းများကို ဖုံးအုပ်ထားသော ရွက်ဖျင်စကို မလိုက်ပြီး အောက်ရှိ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် ချက်ချင်း အရောင်လက်သွားလးသည်။

"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... မင်း တကယ်လုပ်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူးကွ... အရမ်းတော်တာပဲ..."

လျူဟိုင်နှင့် ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် လျူရှို့လင်တို့သည် နွားလှည်းများဘေးတွင် သံချောင်းများကဲ့သို့ မတ်မတ်ရပ်နေကြပြီး သူတို့၏မျက်နှာများမှာ စိတ်လှုပ်ရှားမှုနှင့် မျှဝေခံစားရသော ဂုဏ်ယူမှုတို့ဖြင့် တောက်ပနေသည်။

ဟင်းသီးဟင်းရွက်များရှိကြောင်း ကြားလိုက်ရသောအခါ ပြည်သူ့ကွန်မြူနစ်အဖွဲ့မှ လူများသည် မော်တော်ဆိုင်ကယ်ကို ဂရုမစိုက်ကြတော့ဘဲ အားလုံး ပြေးလာကာ ကြည့်ရှုကြသည်။

နွားလှည်းများပေါ်ရှိ ဟင်းသီးဟင်းရွက်ပုံများကို မြင်လိုက်ရသောအခါ သူတို့အားလုံးမှာ မယုံနိုင်အောင် ဖြစ်သွားကြသည်။

ဤဟင်းသီးဟင်းရွက် သုံးမျိုးစလုံးမှာ ဆောင်းရာသီတွင် ရိတ်သိမ်းရန် မဖြစ်နိုင်ကြောင်း လူတိုင်းသိထားကြသည်။

အထူးသဖြင့် မြောက်ပိုင်းဒေသများတွင် ကြက်သွန်မြိတ်များကို ယေဘုယျအားဖြင့် မတ်လမှ ဧပြီလအထိ စိုက်ပျိုးကြပြီး နှစ်လအကြာတွင် ရိတ်သိမ်းကြရသည်။

ငွေနှင်းမှိုများကိုလည်း နွေဦးနှင့် ဆောင်းဦးရာသီတို့တွင်သာ စိုက်ပျိုးပြီး ရိတ်သိမ်းကြ၏။

ပဲတီစိမ်းပင်ပေါက်များသည်လည်း နွေဦးနှောင်းပိုင်းနှင့် ဆောင်းဦးအစောပိုင်း သီးနှံများ ဖြစ်သည်။

ဆောင်းရာသီတွင် မုန်ညင်းဖြူမှလွဲ၍ ဤမျှ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို မည်သူမျှ မမြင်ဖူးခဲ့ကြပေ။

ပြည်သူ့ကွန်မြူနစ်အဖွဲ့ ညွှန်ကြားရေးမှူးမှာ ဝမ်းသာလွန်း၍ ကခုန်နေပြီး အတွင်းရေးမှူးကို ခေါ်ရန် လူတစ်ယောက်ကို ချက်ချင်း လွှတ်လိုက်သည်။

ပြည်သူ့ကွန်မြူနစ်အဖွဲ့ အတွင်းရေးမှူးမှာ လက်ဖက်ရည်သောက်ကာ သတင်းစာဖတ်နေခဲ့ပြီး ထိုသတင်းကို ကြားသောအခါ သူသည် အမြန်ပြေးလာခဲ့သည်။

ထိုဟင်းသီးဟင်းရွက်များကို မြင်လိုက်ရသောအခါ သူ၏ပါးစပ်မှာ ကလေးတစ်ယောက်ကဲ့သို့ ပြုံးဖြီးသွားကာ စိတ်လှုပ်ရှားစွာဖြင့် လျူအာကျူးကိုပင် ဖက်ထားလိုက်သည်။

"မင်းက တကယ့်ကို ငါတို့ ပြည်သူ့ကွန်မြူနစ်အဖွဲ့ရဲ့ ကံကောင်းခြင်းကြယ်ပွင့်လေးပဲကွ..."

အဘယ်ကြောင့်ဆိုသော် ပြည်သူ့ကွန်မြူနစ်အဖွဲ့ အတွင်းရေးမှူး မြင်တွေ့လိုက်ရသည်မှာ ဤဟင်းသီးဟင်းရွက်များသာမက ဖန်လုံအိမ်စိုက်ပျိုးရေးနည်းပညာကိုပါ မြင်တွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။

အကယ်၍ ၎င်းကို မြှင့်တင်နိုင်ပြီး ပြည်သူ့ကွန်မြူနစ်အဖွဲ့ တစ်ခုလုံး စတင်စိုက်ပျိုးနိုင်ပါက မည်မျှအထိ ရိတ်သိမ်းနိုင်မည်နည်း။

ထိုအချိန်ရောက်လျှင် ဤနေရာသည် ဟင်းသီးဟင်းရွက် ထုတ်လုပ်ရေးစခန်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ခရိုင်၊ မြို့နယ်နှင့် ပြည်နယ်အဆင့် အာဏာပိုင်များထံမှပင် အာရုံစိုက်မှုကို ရရှိမည်ဖြစ်သည်။

ပြည်သူ့ကွန်မြူနစ်အဖွဲ့ အတွင်းရေးမှူးသည် ပြည်နယ်အဆင့် အာဏာပိုင်များက ထိုအဆင့်မြင့်အရာရှိကြီးများထံ မိန့်ခွန်းပြောကြားရန် သူ့ကို ဖိတ်ကြားသည့် မြင်ကွင်းကိုပင် စိတ်ကူးယဉ်နေပြီဖြစ်သည်။

သူသည် ပို၍ပင် စိတ်လှုပ်ရှားလာကာ လျူအာကျူး၏လက်ကို ဆွဲကိုင်၍ ချီးကျူးစကားများ မိုးရွာချသကဲ့သို့ ပြောဆိုလေတော့သည်။

'ကောင်းကင်မှ ပေးသနားသော ပါရမီရှင်'၊ 'မဟာစိုက်ပျိုးရေးပညာရှင်' နှင့် 'ပြည်သူ့ကွန်မြူနစ်အဖွဲ့၏ မျှော်လင့်ချက်' စသည့် စကားလုံးများကို အသုံးပြုခဲ့သည်။

အပြုသဘောဆောင်သော နာမဝိသေသနတိုင်းကို လျူအာကျူးအပေါ်သို့ အလျှံပယ် သုံးစွဲခဲ့သည်။

အနီးအနားရှိ ပြည်သူ့ကွန်မြူနစ်အဖွဲ့မှ လူများမှာမူ လျူအာကျူး မည်မျှရေပန်းစားနေကြောင်းကို ကြည့်ကာ မနာလိုမဖြစ်ဘဲ မနေနိုင်ကြတော့ပေ။

သေချာသည်မှာ အတွင်းရေးမှူးသည် လျူဟိုင်နှင့် လျူရှို့လင်တို့ကိုလည်း ချီးကျူးစကား အနည်းငယ် ပြောကြားခဲ့သည်။

၎င်းမှာ ရိုးရှင်းသော နှုတ်ခွန်းဆက် ချီးကျူးစကား အနည်းငယ်မျှသာ ဖြစ်သော်လည်း သူတို့နှစ်ဦးကို အလွန်ဝမ်းသာပျော်ရွှင်စေခဲ့သည်။

All Chapters