အခန်း ၁၀၇
Vol. 8 Ch. 107
အပိုင်း (၁၀၇)
စူးလီက ခုတင်ပေါ်မှာ လှဲနေတဲ့ တိမ်လွှာကြေးမုံထဲက မြင်ကွင်းကိုကြည့်ရင်း သူမက မနေနိုင်ဘဲ မတ်မတ်လေး ထထိုင်လိုက်ကာ သူမရဲ့အသံကလည်း အများကြီးပေါ့ပါးလို့နေတယ်။
[ကြည့်လိုက်ပါအုံးမယ်။ ရှင့်အသားအရေက သွေးအိုင်ထဲမှာတုန်းကထက် အများကြီး ပိုကောင်းလာတာပဲ]
[အွန်း... ရှင့်ရဲ့ဝိညာဥ်ကလည်း အရင်တုန်းကထက် နည်းနည်းလေး ပိုပြီးတည်ငြိမ်လာတယ်။ ရှင့်ရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း တစ်ဝက်ကျော်ကျော်လောက် ပြန်ကောင်းလာပြီ]
[မဆိုးဘူး]
တကယ်...သူမပဲ။
ရှဲ့ချီယွမ်က နေရာမှာတင်ရပ်နေပြီး မရေမတွက်နိုင်တဲ့ ရှဲ့မိသားစုတွေကို ရှင်ချင်လဲ မရှင်နိုင် သေချင်လဲ မသေနိုင်လုပ်နိုင်တဲ့ သူရဲ့လက်တွေက မသိမသာ တုန်ယင်သွားခဲ့တယ်။
နှစ်နှစ်ထောင်လုံးလုံး သူ့ကိုသွေးအိုင်ထဲကိုပို့ခဲ့တဲ့ အဲဒီရှဲ့မိသားစုဝင်တွေက အစောကြီးကတည်းက ဇာတ်သိမ်းသွားကြပြီပဲ။
သူရဲ့ရန်သူတွေအားလုံး ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကလည်း မရှိကြတော့ဘူး။ တစ်ချိန်က အတွင်းအနက်အထိ ဖြတ်တောက်ခံထားရတဲ့ အမုန်းတရားကလည်း ဖွင့်ချစရာ နေရာတစ်ခုမှ မရှိတော့ဘူး။
ဒီလောက်ကြီးမားလှတဲ့ ကျင့်ကြံရေးလောကထဲမှာ သူတစ်ယောက်ထဲပဲ ကျန်တော့တဲ့ပုံပဲ။
နှစ်နှစ်ထောင်လုံးလုံး ခံစားခဲ့ရတဲ့အတွက် သူက ဒီကိစ္စအပေါ်ပဲ အာရုံစိုက်လာခဲ့တာ။ ရှဲ့မိသားစုကိုဖျက်ဆီးမဲ့အစီအစဥ်က သွေးအိုင်ထဲက လျှောက်ထွက်လာတဲ့ အခိုက်အတန့်မှာ ရုတ်တရက်ဆိုသလို ပြီးစီးအောင်လုပ်ဖို့ တာဝန်တစ်ခု ဖြစ်လာခဲ့တယ်။
အခုတော့ ရှဲ့မိသားစုတစ်ခုလုံး သူရဲ့ထိန်းချုပ်မှုအောက်ကို ရောက်လာပြီ။ သူလုပ်ချင်သရွေ့ ဒါကို အချိန်မရွေး ပျောက်ကွယ်သွားအောင် လုပ်နိုင်တယ်။ ဒါက အရမ်းကို လွယ်ကူပြီး အရမ်းကို ပျင်းစရာကောင်းနေတယ်။ ဒါကြောင့်မို့လို့ သူ့မှာ လုံးဝကိုစိတ်မဝင်စားနိုင်တော့ဘူး။
ဒါပေမဲ့နောက်ဆုံးမှာတော့ သူက ရှဲ့မိသားစုရဲ့အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သေးတယ်။ သူက လုပ်ချင်လို့ရယ်တော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း သူက ဒါမှမလုပ်ရင် လုပ်နိုင်တာ ဘာမှမရှိလို့ပဲ။
သူက ဒီအသံကို ကြားလိုက်တဲ့အချိန်မှာတော့ ရုတ်တရက်ဆိုသလို သူ့နှလုံးသားက တဖန်စတင် ခုန်လာတာကို ခံစားလာရပြီး ပျော်ရွှင်မှုကိုလည်း တဖန်ခံစားလာရတယ်။
ဒါပေမဲ့...
ရှဲ့ချီယွမ်က သူ့မျက်လုံးတွေကို မသိမသာ မှိတ်ချထားလိုက်ပြီး သူရဲ့လက်တွေကလည်း ဖြည်းဖြည်းချင်း ပြေလျော့သွားပြီး သူ့ပတ်ဝန်းကျင်က ရှဲ့မိသားစုတွေရဲ့ဝိညာဥ်ကို ထိန်းချုပ်ထားရာကနေ ပြေလျော့လာတယ်။
စူးလီကတော့ သူ စဥ်းစားနေတဲ့အရာကို လုံးဝမသိလေဘူး။ သူမက လက်တစ်ဖက်နဲ့ သိပ်မဝေးလှတဲ့နေရာက ဝိညာဥ်စွမ်းအင်လက်ဖက်ရည်ကို ကောက်ယူလိုက်ပြီး တစ်ငုံလောက် သောက်လိုက်ပြီး သူမ၏စိတ်ထဲမှာ ပျင်းပျင်းရိရိ စဥ်းစားနေမိသေးတယ်။ နေရာအပြည့် သူမပေးလိုက်တဲ့ အဲဒီဝိညာဥ်ရတနာတွေက အသုံးဝင်သေးတဲ့ပုံပဲ။
ဝိညာဥ်စွမ်းအင်လက်ဖက်ရည်ကို ပြန်ချထားပြီးလိုက်နောက်မှာ ရှဲ့ချီယွမ်ရှိနေတဲ့နေရာကို မြင်လိုက်ရတယ်။
[ဟမ် ဒါကရှဲ့မိသားစုရဲ့ ချီယွမ်ခန်းမ မဟုတ်လား... အောက်မှာ လဲကျနေတဲ့လူတွေက ရှဲ့မိသားစုဝင်တွေ မဟုတ်ဘူးလား]
[အဲ့ဒါက ရှဲ့မိသားစုသခင်ကြီး မဟုတ်လား။ သူရဲ့ကျင့်ကြံခြင်းအဆင့်က ဘယ်လိုလုပ်ပြီး ပျက်စီးသွားတာ~~ အဲ့ဒါက ရှဲ့ရှောက်ထင်းနဲ့ ရှဲ့ယွင်နင်တို့ပဲ၊ သူတို့တွေက ဒုက္ခတစ်ခုထဲကို မျှဝေခံစားနေရတဲ့ တကယ့်သားအမိတွေပဲ~~]
[နောက်ပြီးတော့ အဲဒီတစ်ယောက် သူ့ရုပ်ကလည်း အရမ်းရင်းနှီးနေသလိုပဲ။ သူက ရှဲ့မိသားစုရဲ့ အိမ်တော်ထိန်း ထင်တယ်။ ဟုတ်တယ်မလား]
[ကျွတ်ကျွတ် သူရဲ့ဝိညာဥ်တွေက အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားတော့မလို ဖြစ်နေပြီပဲ သနားစရာကောင်းလိုက်တာ~~]
ရှဲ့မိသားစုရဲ့လက်ရှိအခြေအနေနဲ့ စိုးရိမ်ပေးနေတဲ့သူမရဲ့စကားကို ကြားလိုက်တဲ့အခါ ရှဲ့ချီယွမ်က သူမျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်ထားလိုက်တယ်။ သူ့နှုတ်ခမ်းတွေက ဖြူဆုတ်နေပြီး သူ့မျက်နှာတစ်ခုလုံး ပြင်းထန်တဲ့ဒဏ်ရာတစ်ခုကြောင့် ဖြူလျော့နေတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက ခုနတုန်းကလို အရှိန်အဟုန်နဲ့ လူသတ်ချင်တဲ့နတ်ဘုရားနဲ့ လုံးဝမတူလေတော့ဘူး။
ရှဲ့ချီယွမ်က သူ့နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားလိုက်တယ်။
ရှဲ့မိသားစုရဲ့လက်ရှိ သနားစရာကောင်းတဲ့ အခြေအနေက သူ လုပ်ထားတာလေ။
လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်က သူ့ကို တိုက်ခိုက်ခဲ့ကြတဲ့လူတွေအပြင် သူရဲ့ကံကောင်းခြင်းနဲ့ အကာအကွယ်ယူထားကြတဲ့ ရှဲမိသားစုဝင်တွေ အားလုံးတစ်ယောက်မှ ခြွင်းချက်မရှိလေဘူး။
သူ့လက်ထဲမှာ ဝိညာဥ်တွေ ပြိုကွဲသွားပြီး ဝိညာဥ်စွမ်းအင်တွေ ကုန်ဆုံးသွားတဲ့ မရေမတွက်နိုင်တဲ့ ရှဲ့မိသားစုဝင်တွေကို စဥ်းစားမိလိုက်ပြီး ရှဲ့ချီယွမ်ရဲ့ ထူထဲတဲ့မျက်တောင်တွေက မသိမသာ တုန်လှုပ်သွားတယ်။
သူမက သူကို့ ဘယ်လိုများထင်နေမလဲ။
သူက ရက်စက်ပြီးတော့ သူ့ကိုကယ်တင်ပေးရတာ နောင်တရစရာ ကောင်းတယ်လို့များ သူမက ထင်နေမလား။ ဒါမှမဟုတ်သူမက...
သူက သနားစဖွယ် ညည်းညူနေကြတဲ့ မရေမတွက်နိုင်တဲ့ ရှဲ့မိသားစုဝင်တွေကြားမှာ ရပ်နေပြီး သူ့မျက်လုံးတွေက မသိမသာမှိတ်သွားကာ သူ့ပတ်ဝန်းကျင်မှာ အနည်းအငယ် လှိုင်းထနေတဲ့ အရောင်အဝါကလည်း တဖြည်းဖြည်းနဲ့ အတိငြိမ်သက်သွားတော့တယ်။
[ငါးရက်ပဲရှိသေးတာပဲ။ သူ့ခန္ဓာကိုယ်က ဒီအထိပြန်ကောင်းလာတဲ့အပြင် သူက ရှဲ့မိသားစုကို အပြစ်ပေးဖို့ အချိန်တောင်မှရလိုက်သေးတယ်...]
[တကယ်အံ့သြစရာကောင်းတာပဲ]
အပြုံးသံနဲ့ စူးလီးရဲ့ချီးကျူးသံကို ကြားလိုက်ရတဲ့အခါ ရှဲ့ချီယွမ်က တအံ့တသြနဲ့ သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်တယ်။ စူးလီက တိမ်လွှာကြေးမုံထဲက ရှဲ့မိသားစုရဲ့ လက်ရှိအခြေအနေကို ကြည့်လိုက်ပြီး ကောင်းကင်စာအုပ်မှာ သူမတွေ့ခဲ့ရတဲ့ ရှဲမိသားစုရဲ့ မရေမတွက်နိုင်တဲ့ ပြစ်မှုတွေကို ပြန်စဥ်းစားမိလိုက်တယ်။ သူ့မရဲ့မျက်လုံးထဲမှာ ကိုယ်ချင်းစာတရား စိုးစင်မျှမရှိလေဘူး။
သူက ဝိညာဥ်ရတနာတွေအတွက် မိသားစုတစ်ခုကို စိတ်တိုင်းကျ ဖျက်ဆီးပစ်တယ်။ သူက ကျင့်ကြံရေးလောကထဲက ဆိုးညစ်တဲ့ကျင့်ကြံသူတွေကို မရေမတွက်နိုင်အောင် မွေးမြူထားပြီးတော့ သူတို့တွေကို မရေမတွက်နိုင်တဲ့ ဘေးဒုက္ခတွေထဲမှာ ပျော်မွေ့ခိုင်းထားတယ်...
နောက်ပြီးတော့ ဒီလူတွေရဲ့ခန္ဓာကိုယ်ပေါ်က နာကျင်မှုက သွေးအိုင်ထဲမှာ ခံစားခဲ့ရတဲ့ ရှဲ့ချီယွမ်ရဲ့ နာကျင်မှုရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိဘူး။ သူမက သူတို့တွေကို တကယ်ပဲကိုယ်ချင်းစာပေးလို့မရဘူး။
ဒါပေမဲ့...
သူမက တစ်ခုခုကို စဥ်းစားမိသွားသလို တွေးတွေးဆဆနဲ့ သူမရဲ့မေးကို ပင့်ချီထားလိုက်တယ်။
[တကယ်လို့ ဒီရှဲ့မိသားစုဝင်တွေအားလုံးကို ဖျက်ဆီးပစ်လိုက်မယ်ဆိုရင် ဒါက ဝဋ်က လည်လာအုံးမှာပဲ၊ ဟုတ်တယ်မလား]
[ဒီလူတွေအတွက်တော့ ဒါက မတန်ပါဘူး...]
ဒီအချိန်မှာပဲ သူမရဲ့အသံထဲမှာ စိတ်လှုပ်ရှားမှုတွေ အပြည့်ဖြစ်သွားတယ်။
[ငါသာဆိုရင်တော့ ဒီရှဲ့မိသားစုတွေကို သူတို့ရဲ့ရန်သူတွေဆီ ပို့ပေးလိုက်မှာ။ ဒီလိုဆိုရင်ငါလည်း ဝဋ်လည်စရာ မလိုတော့ဘူးပေါ့။ ငါက အလကားနေရင်းနဲ့တောင် မျက်နှာရအုံးမှာ]
[ရှဲ့မိသားစုတွေရဲ့ ရန်သူတွေကို ငါ မှတ်မိသားပဲ။ သူတို့တွေက ရှဲ့မိသားစုကို အရမ်းကို မုန်းတီးနေကြတာလေ...]
[ရှာကြည့်လိုက်ပါအုံးမယ်___]
[ဟိုက်__ __ ရန်သူ့ကို အခုလေးတင်မှ သိလိုက်ရတဲ့ ရွှင့်ချန်ဂိုဏ်းရဲ့ နံပါတ်ကိုးအကြီးအကဲက ကျင့်ကြံရေးလောကထဲက နှိပ်စက်နည်းဆယ်မျိုးကို လေ့လာနေပြီတဲ့။ ဉာဏ်ကောင်းလိုက်တဲ့လူပဲ၊ ဒါကအရမ်းကို စိတ်လှုပ်ရှားစရာကောင်းသွားပြီ]
[ဝိုးး ... ရှဲ့မိသားစုဝင်တွေသတ်တာ ခံလိုက်ရတဲ့သားဖြစ်သူအတွက် အဖေ မင်မိသားစုခေါင်းဆောင်ကလည်း မှောင်ခိုစျေးထဲကနေ ဝိညာဥ်တစ်ထောင်ပိတ်ဆို့ခြင်းသော့ကို ဝယ်လာခဲ့တယ်တဲ့။ ဒါကဝိညာဥ်တွေ ကွဲကြေသွားတာထက်စာရင် အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတာပဲ]
[ဟယ် ...လုမိသားစုခေါင်းဆောင်က တကယ်တော့...]
စူးလီက ကောင်းကင်စာအုပ်ထဲမှာ ရှဲ့မိသားစုရဲ့နစ်နာသူတွေ ပြင်ဆင်နေကြတဲ့အရာကို စိတ်ဝင်တစားနဲ့ ကြည့်လိုက်ပြီး ခဏခဏ သက်ပြင်းချလိုက်မိတော့တယ်။ ဒီအချိန်မှာတော့ ခန်းမထဲက ကြမ်းပြင်ပေါ်မှာလဲကျနေတဲ့ ရှဲ့မိသားစုဝင်တွေက အရင်တုန်းကထက်ပိုပြီး ဖြူလျော့သွားတာကို ဘယ်သူမှ သတိမထားမိလိုက်ဘူး။ သူတို့တွေရဲ့မျက်လုံးထဲမှာလည်း သေချင်စိတ်တွေ ဖြစ်နေကြတော့တယ်။
ဒီအချိန်မှာပဲ သူတို့တွေက ရှဲ့ချီယွမ်ရဲ့လက်ထဲမှာသေရတာက သက်သာလိမ့်လို့ ရုတ်တရက် ခံစားလိုက်ရတယ်။
ရှဲ့ချီယွမ်...
နှစ်ပေါင်းများစွာ ရေခဲသန့်စင်ခန်းထဲမှာ နစ်မျောနေတဲ့နှလုံးသားက အပူချိန်တွေ တဖြည်းဖြည်း တိုးဝင်လာပြီး နှလုံးပြန်ခုန်လာတာကို ခံစားလိုက်ရတယ်။
သူက သူ့နှလုံးခုန်သံကို ခံစားမိလိုက်ပြီး တင်းနေအောင်စေ့ထားတဲ့ နှုတ်ခမ်းတွေက နောက်ဆုံးတော့ ပြေလျော့သွားတယ်။ သူ့မျက်လုံးထဲက ရေခဲတွေကလည်း အရည်ပျော်သွားသယောင် သူက ပေါ့ပေါ့ပါးပါး ပြုံးလိုက်တော့တယ်။
သူမက ... သူလုပ်ခဲ့တဲ့အရာတွေကို ရက်စက်တယ်လို့ မစဥ်းစားဘူးတဲ့။ ဒါပေမဲ့ ဒီရှဲ့မိသားစုဝင်တွေကြောင့် ဝဋ်လည်မှာကိုတော့ စိုးရိမ်နေတယ်တဲ့။
သူမက ... သူ့ကိုဂရုစိုက်တာပဲ။
သူတို့တွေ ပထမဦးဆုံးတွေ့ဆုံခဲ့တုန်းက... စိုးရိမ်ပူပန်မှုလိုပဲ။
ရှဲ့ချီယွမ်က သူ့ခေါင်းကို အနည်းငယ်ငုံ့ထားလိုက်ပြီး သူ့ကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့ ပျော့ပြောင်းမှုက သူမျက်လုံးထဲကို ရောက်လာတော့တယ်။
သူကတစ်ယောက်တည်း မဟုတ်ဘူးပဲ။ ကျင့်ကြံရေးလောကထဲမှာ သူ့အတွက် သံယောဇဥ်တွယ်စရာ ရှိသေးတာပဲ။
သွေးအိုင်ထဲကနေ သူ့ကိုကယ်ပေးခဲ့တဲ့လူ။ သူရဲ့ဒဏ်ရာတွေကိုကုသပေးဖို့ ဝိညာဥ်ရတနာတွေကို မရေမတွက်ထားခဲ့ပေးတဲ့လူ။ ဒီအချိန်မှာပဲ အသံက ဆက်ပြီးတော့ပြောနေတယ်။
[ဟောဗျာ.. ရှဲ့မိသားစုထဲမှာ ဆိုးရွားတဲ့ကိစ္စတွေ တစ်ခါမှ မလုပ်ဖူးတဲ့လူတချို့လည်း ရှိသေးသတဲ့လား]
[ဒါက တကယ်ထူးဆန်းသွားပြီ။ ရှဲ့မိသားစုထဲမှာ လူဆိုးတွေ မဟုတ်တာတွေလည်း ရှိသေးတယ်တဲ့]
[သူတို့တွေက သူတို့ရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်ရောက်အောင် ရှဲ့ချီယွမ်ရဲ့ ကံကောင်းခြင်းကို အသုံးချခဲ့တယ်ဆိုပေမဲ့လည်း ဒါတွေက သေလောက်တဲ့အပြစ်တော့ မဟုတ်ဘူးလေ]
[ရှဲ့မင်ယုံ၊ ရှဲ့စန်းရှု၊ ရှဲ့ယိုညန်...]
သူမက စိတ်မကောင်းတဲ့ပုံနဲ့ နာမည်တချို့ကို ရေရွတ်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်တဲ့အချိန်မှာ ဒီလူတွေက ရှဲ့ချီယွမ်ရဲ့ ချုပ်နှောင်ခြင်းကနေ လွတ်မြောက်နေတာကို တွေ့လိုက်ရတယ်။ သူမက သက်ပြင်းမချဘဲ မနေနိုင်အောင်ဖြစ်သွားတော့တယ်။
[ရှဲ့ချီယွမ်က ဒီရှဲ့မိသားစုဝင်တွေကို ဒီလိုပဲ လွယ်လွယ်လေး လွှတ်ပေးလိုက်တာတဲ့လား]
[သူက အရမ်းကို သဘောကောင်းနေတာ မဟုတ်ဘူးလား]
[ဒီလူတွေက မကောင်းတာဘာမှ မလုပ်ထားဘူးဆိုပေမဲ့လည်း သူတို့တွေက ရှဲ့ချီယွမ်ချုပ်နှောင်ထားတဲ့ နှစ်နှစ်ထောင်အတွင်းမှာ ကြီးမားတဲ့အကျိုးအမြတ်တွေ တကယ်ပဲရခဲ့တယ်လေ]
လွတ်မြောက်သွားကြတဲ့ ရှဲ့မိသားစုဝင်တွေက ဝမ်းသာလို့ မဆုံးခင်မှာဘဲ သူတို့တွေက ကောင်းကင်ကလာတဲ့အသံကို ကြားလိုက်ကြပြီး သူတို့မျက်နှာတွေက တစ်ဖန်ဖြူဆုတ်သွားတော့တယ်။
သူတို့တွေက ရှဲ့ချီယွမ်ကိုတောင် မကြည့်ရဲကြတော့ဘူး။ ခုနတုန်းကရှဲ့ချီယွမ်က ဘာအမူအရာမှမရှိဘဲ သတ်ဖြတ်တဲ့နတ်ဘုရားတစ်ပါးလို ရှဲ့မိသားစုဝင်တွေကို သူ့စိတ်ကြိုက် သတ်ဖြတ်ခဲ့တယ်လေ။ အခုတော့ သူတို့တွေထဲက တစ်ယောက်ကမှ ခုခံလိုစိတ်မရှိကြတော့ဘူး။
ရှဲ့မင်ယုံကတော့ သူစိတ်ထဲမှာ ဆက်တိုက် တောင်းပန်တိုးရှိုးနေတယ်။ သူသာ သေရမယ်ဆိုရင် သူ့ကို မြန်မြန်သေအောင် လုပ်ပေးလို့ရမလား။ ဘာဖြစ်လို့လဲဆိုရင် သူက မကောင်းတာ ဘာမှ မလုပ်ထားဘူးလေ။
ရှဲ့ချီယွမ်က စူးလီရဲ့သက်ပြင်းချသံကိုကြားလိုက်ပြီး သူ့မျက်လုံးထဲကအပြုံးကို ဖုံးကွယ်ထားဖို့ သူမျက်လုံးကို မသိမသာအောက်ချထားလိုက်တယ်။
သူကရှဲ့မိသားစုရဲ့ လက်ရှိအခြေအနေကို မြင်ရပြီးတာတောင်မှ သူ့ကို ကြင်နာသနားတတ်တယ်လို့ ခံစားမိတာ... သူတစ်ယောက်ပဲ ရှိလောက်တယ်။ စူးလီက အဖြူရောင်အဝတ်အစားကိုဝတ်ဆင်ထားပြီး တစ်ယောက်တည်းရပ်နေတဲ့ ရှဲ့ချီယွမ်ရှိတဲ့နေရာကို တိမ်လွှာကြေးမုံက နေကြည့်ပြီး မျက်တောင်ခတ်မိလိုက်တယ်။
[ငါတို့တွေ နောက်တစ်ခါ ပြန်တွေ့တဲ့အခါကျရင် သူရဲ့ဒဏ်ရာတွေ ပြန်ကောင်းသွားပါစေလို့ပဲ မျှော်လင့်ရတာပဲ]
ရှဲ့ချီယွမ်ရဲ့ လက်ရှိအခြေအနေကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူမက ပျင်းပျင်းရိရိနဲ့ သမ်းဝေလိုက်ပြီး တိမ်လွှာကြေးမုံကို လက်ဝေ့ယမ်းကာ သိမ်းဆည်းထားလိုက်တော့တယ်။
ရှဲ့ချီယွမ်က ချီယွမ်ခန်းမက ရုတ်တရက်ကြီး တိတ်ဆိတ်သွားတယ်လို့ ခံစားလိုက်ရတယ်။ အစတုန်းက သူ့ပတ်ဝန်းကျင်က ပျော့ပြောင်းနေတဲ့ အရောင်အဝါတွေက တစ်ဖန်အထီးကျန်ပြီး ညို့မှိုင်းလာကြတယ်။ သူ့ကဘေးမှာ တုန်တုန်ယင်ယင်နဲ့ဒူးထောက်နေတဲ့ ရှဲ့မင်ယုံကို ကြည့်လိုက်ပြီး သူ့အသံကလည်း တည်ငြိမ်ပြီးထူးဆန်းတဲ့ ခံစားချက်တစ်ခု ဖြစ်နေတယ်။
"ကြည့်ရတာ မင်းတို့တွေလည်း ကြားရတဲ့ပုံပဲ..."
ရှဲ့မင်ယုံက ခုနတုန်းကအသံနဲ့ ပတ်သက်ပြီး ဘာမှမပြောနိုင်တာကို သူ တွေ့ရလိုက်တဲ့အခါ သူက အနည်းငယ် အံ့သြသွားတော့တယ်။ အဲဒီနောက်မှာတော့ သူရဲ့မျက်လုံးထဲမှာ အမြတ်တနိုးဟန် အပြုံးတစ်ခု ဖြစ်လာတော့တယ်။
သူမနဲ့ပတ်သက်တာ အားလုံး၊ သူ့ကို ကူညီပေးခဲ့တာဖြစ်ဖြစ် သူ့ကိုထိန်းချုပ်ထားခဲ့တာဖြစ်ဖြစ် အရာအားလုံးက ပျော်ရွှင်အောင်လုပ်ပေးနေသလိုပဲ။
ရှဲ့မင်ယုံက အပြင်လောကကလာတဲ့အသံနဲ့ပတ်သက်ပြီး အကြောင်းအရာတွေကို ပြောပြဖို့နည်းလမ်း မရှိနေဘူး။ ဒါကြောင့် သူက ကပျာကယာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး ဒါကြောင့်ပဲ ရှဲ့ချီယွမ်က သူ့ကိုလွှတ်ပေးပါစေလို့ ဆုတောင်းလိုက်တော့တယ်။
ရှဲ့ချီယွမ်က သူရဲ့လှုပ်ရှားမှုကို မြင်လိုက်ပြီး မသိမသာ ခေါင်းငုံ့ထားလိုက်တယ်။ ဒီအချိန်မှာတော့ သူက ရှဲ့မင်ယုံကို မျက်လုံးထဲမှာ တကယ်မြင်လာပြီလေ။
"မင်းသိထားတာတွေ ငါကိုပြောပြ"
သူက ရှဲ့မင်ယုံကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်လိုက်ပြီး ကပျာကယာ အသနားခံနေကြတဲ့ ရှဲ့မိသားစုဝင်တွေကို လှမ်းကြည့်လိုက်တယ်။ သူက အကြည့်ကို အနည်းငယ် လွှဲထားလိုက်ပြီး သူ့အသံကလည်း ရှားရှားပါးပါး သိမ့်မွေ့တဲ့အမူအရာတစ်ခုပါနေတယ်။
"သူနဲ့ပတ်သက်တဲ့အရာအားလုံးနော်"
ရှဲ့မင်ယုံမှာ အပြင်လောကကလာတဲ့အသံနဲ့ ပတ်သက်ပြီး ပြောစရာသတင်းအတိအကျ မရှိဘူးဆိုပေမဲ့လည်း ကျင့်ကြံရေးလောကထဲမှာ နင်သိ၊ ငါသိ အားလုံးသိတဲ့ စကားတွေက ရှိနေခဲ့တာပဲ။
သူကသူသိသမျှအရာအားလုံးကို မြန်မြန် ပြောပြလိုက်တော့တယ်။
ရှဲ့ချီယွမ်က ဘာစိတ်မရှည်လက်မရှည် အမူအရာမှမပြဘဲ အစကနေအဆုံးအထိ ငြိမ်ငြိမ်လေးနားထောင်နေလိုက်တယ်။
[ဒီတော့ သူက ရှဲ့မိသားစုဝင်တွေက ငါ့ကိုဘာကိုလုပ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့အချိန်မှာ ရှဲ့မိသားစုဝင်တွေက မိသားစုရဲ့အကာအကွယ် အစီအရင်ကို ဖွင့်လိုက်တယ်ပေါ့။ ပြီးတော့ သူက ဒီအတိုင်း ထွက်လာတယ်ပေါ့]
ဒီတော့ သူက အဲဒီတုန်းက သွေးအိုင်ထဲကိုလာခဲ့တာပဲ။ လမ်းကြုံလို့လဲမဟုတ်၊ မတော်တဆကိစ္စကြောင့်လည်း မဟုတ်သလို တခြားဘာအကြောင်းကိစ္စမှလည်း မဟုတ်ဘဲနဲ့ ... သူမက သူ့အတိတ်အကြောင်းအရာကို သိလိုက်ရလို့ပဲ။
သူမက ဒီအတိုင်းပဲ သူ့ကိုကယ်တင်ပေးချင်လို့ပဲ။
ရှဲ့ချီယွမ်ကနေရာမှာတင် ငြိမ်ငြိမ်သက်သက်လေး ရပ်နေမိတယ်။ အချိန်တော်တော် ကြာပြီးတဲ့နောက်မှာတော့ သူက အဝေးတစ်နေရာကို ကြည့်လိုက်ပြီး သူ့အသံထဲမှာလည်း အရင်တုန်းကလို အေးစက်မှုတွေ ရှိမနေတော့ဘူး။
"သူက ဘယ်အချိန်မှာ ပြန်ပေါ်လာတတ်သလဲ"
ရှဲ့မင်ယုံရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းကြီး မကောင်းဘူးဆိုပေမဲ့လည်း သူကလူတွေရဲ့ခံစားချက်ကို အရမ်းကို ခံစားလွယ်တယ်လေ။ သူရဲ့မေးခွန်းကို ကြားလိုက်ပြီးတဲ့နောက်မှာ သူက မြန်မြန် ပြန်ဖြေလိုက်တယ်။
"သူက မှန်းလို့မရဘူး။ သူက ဘယ်သူလဲဆိုတာ ဘယ်သူမှမသိသလို ဒီအကြောင်းအရာတွေကို သူ ဘယ်လိုသိတယ်ဆိုတာလည်း ဘယ်သူမှ မသိဘူး။ ဒါပေမဲ့ သူစိတ်ဝင်စားတဲ့အရာတွေနဲ့ လူတွေကိုပဲ အာရုံစိုက်တာ"
ဒီအချိန်မှာတော့ သူက တစ်ခုခုကို သဘောပေါက်သွားတဲ့ပုံပဲ သူ့အသံက အခိုက်တန့်အတွင်း ပြန်ထွက်လာတယ်။
"မင်းအပေါ်ထားတဲ့ သူရဲ့စိတ်ဝင်စားတဲ့ပုံနဲ့ဆိုရင် သူက မကြာခင်မှာ ပြန်ပြီးပေါ်လာမယ် ထင်ပါတယ်"
သူက ဒါကိုကြားလိုက်ရပြီးတဲ့နောက်မှာ ရှဲ့ချီယွမ်က သူ့ကို အသာလေးလည်းကြည့်လိုက်တယ်။
"ရှဲ့မိသားစုထဲက ဒီလူတွေက သူ ပြောတဲ့အတိုင်းလုပ်သင့်တယ်"
"ဟုတ်ကဲ့ပါ"
ရှဲ့မင်ယုံက နောက်ဆုံး သူ့အသက်ကို ကယ်လိုက်နိုင်ပြီဆိုတာကို သိလိုက်ပြီးတဲ့နောက်မှာ သူက ဦးချကန့်တော့လိုက်ပြီး လေးစားသမှုနဲ့ပြောတော့တယ်။
"ကျွန်တော် ရှဲ့မိသားစုရဲ့ ဒီလူတွေကိုအာလုံးကို ရန်သူတွေလက်ထဲ ထည့်ပေးလိုက်ပါမယ်"
...