← Chapters

အခန်း ၁၁၀

Vol. 8 Ch. 110

အခန်း ၁၁၀

Vol. 8 Ch. 110

အပိုင်း (၁၁၀)

ဒီအချိန်မှာတော့ ကျန်းမုန့်လင်က ဒီဝိညာဥ်ရတနာတွေကို ငြင်းပယ်ပါစေလို့ အသည်းအသန် မျှော်လင့်နေမိတယ်။ ဒီဆိုင်က သူ့ကို ဒီလောက်များပြားတဲ့ ဝိညာဥ်ရတနာတွေကို ဆုံးရှုံးရအောင်လုပ်ဖို့ မတန်ဘူးဆိုတာ သိသာတယ်လေ။

ကျန်းမုန့်လင်သာ အရှက်ရှိတယ်ဆိုရင် သူက ဒီဝိညာဥ်ရတနာတွေကို လုံးဝလက်ခံမှာ မဟုတ်ဘူး။

ဒါပေမဲ့ ...

ကျန်းမုန့်လင်က ချီမိသားစုသခင်ကြီးရဲ့ မျက်နှာပေါ်က နာကျင်မှုကို လုံးဝဂရုမစိုက်လေဘူး။ သူက အတင်း လုပ်ယူပြုံးထားလိုက်ကာ သူ့မျက်လုံးတွေက အက်ကြောင်းတစ်ခုလို ကျဥ်းမြောင်းသွားတော့တယ်။

"အိုဗျာ ချီမိသားစုသခင်ကြီးရယ် ခင်ဗျားက ဘာဖြစ်လို့ အဲဒီလောက် အားနာနေရတာလဲ"

ဒီလိုပြောလိုက်ပြီး သူက မငြင်းပယ်တဲ့အပြင် ချက်ချင်းပြောလိုက်သေးတယ်။

"ဒါဆိုရင်တော့ ကျွန်တော်ကျန်းမျိုးနွယ်က ရှက်ရှက်နဲ့ပဲ ဒါကို လက်ခံလိုက်ပါမယ်"

ချီမိသားစုသခင်ကြီးက သူရဲ့တည့်တိုးဆန်တဲ့အဖြေကို သိလိုက်ပြီး သူ့နှလုံးသားက ပိုပိုပြီး ဒေါသထွက်လာတော့တယ်။

ချန်ထျန်းဂိုဏ်းချုပ်ကြီးက ဘယ်လောက်တောင် မျက်နှာအရည်ထူလိုက်သလဲဆိုတာကို သူ ဘယ်လိုလုပ်ပြီး မေ့သွားပါလိမ့်။

သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူ့အသံကလည်း သွားကြားထဲကနေ ထွက်လာတဲ့ပုံပဲ။

"ဒါဆိုရင် ကျွန်တော်က ခဏနေကျမှ လျော်ကြေးတွေကို တစ်စုံတစ်ယောက်နဲ့ ပို့ခိုင်းလိုက်ပါမယ်"

ကျန်းမုန့်လင်က ချီမိသားစုသခင်ကြီးရဲ့ မျက်နှာပေါ်က သိသာနေတဲ့စိတ်ပျက်မှုကို ကြည့်နေလိုက်ပြီး သေသေချာချာ စဥ်းစားပြီးမှ သူ နောင်တရသွားမှာ စိုးရိမ်လို့ အလောတကြီး ပြောလိုက်တယ်။

"အလုပ်ရှုပ်မခံပါနဲ့လေ"

သူက သူ့ဘေးမှာပွဲကိုကြည့်နေတဲ့ သူ့ရဲ့ဒုတိယတပည့်ကို ဖတ်ခနဲ ရိုက်လိုက်ပြီး

"ကျုပ်ရဲ့တပည့်မှာ တခြားလုပ်စရာ မရှိပါဘူး။ ဒီတော့ သူက ချီအိမ်တော်ကို သွားနိုင်ပါတယ်"

သူ့ရဲ့ဂိုဏ်းချုပ်ကြီးဆိုတဲ့ ရာထူးကြောင့်သာ မဟုတ်ရင် သူက လျော်ကြေးငွေကိုလာယူဖို့ ချီအိမ်တော်ကို ချီမိသားစုသခင်ကြီးနဲ့ လိုက်သွားချင်သေးတယ်။

ချီမိသားစုသခင်ကြီးက သူရဲ့စိတ်ထဲမှာ ဂိုဏ်းချုပ်ကြီးကျန်းရဲ့ အရေထူလှတဲ့မျက်နှာကို အင်မတန်မှ ဒေါသထွက်မိသွားပြီး သူနှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ် အားလုံးက ထိခိုက်နာကျင်သွားတော့တယ်။ ဒါပေမဲ့လည်း သူ့မှာ တခြားတတ်နိုင်တာ မရှိတော့ဘူး။ ဒီတော့သူ့မှာ အံ့ကြိတ်ပြီးပဲ ပြောလိုက်ရတော့တယ်။

"ကောင်းပါပြီ"

ဘေးကနေ ဖြစ်စဥ်တစ်ခုလုံးကို စောင့်ကြည့်လာတဲ့ စူးလီက ချီမိသားစုသခင်ကြီးနဲ့ ကျန်းမုန့်လင်တို့ကြားက အချေအတင် ဖြစ်နေတာကို လုံးဝမကြည့်နေဘူး။ သူမက ချီရော့ယင်းရဲ့ သိမ်မွေ့ပြီး ရူးသွပ်စရာကောင်းတဲ့ ရုပ်အသွင်အပြင် လေးစား အားကျမှုအပြည်နဲ့ ကြည့်နေမိတယ်။

ဒီလို သိမ်မွေ့ပြီး ရူးသွပ်မှုမျိုးက တကယ် စိတ်လှုပ်ရှားစရာကောင်းတာပဲ။

နှစ်ရာချီအောင် ဖိနှိပ်ခံထားရတဲ့ ချီရော့ယင်းရဲ့ရုပ်သွင်က ချီမိသားစုကတော့ နောက်ပိုင်းကျရင် ပြန်ခံစားရတော့မယ်လို့ ခန့်မှန်းရတယ်...

သူမက ဖရဲသီးစားရတာကို ကျေနပ်သွားပြီး ချန်ထျန်းဂိုဏ်းကို ဖြည်းဖြည်းချင်း ပြန်လာခဲ့တယ်။

ချန်ထျန်းဂိုဏ်းရဲ့ အတွင်းပိုင်းနဲ့ အပြင်ပိုင်းတွေက တခြားဂိုဏ်းတွေနဲ့ လုံးဝမတူဘူး။

ဆန့်ကျင်ဖက်အနေနဲ့ ချန်ထျန်းဂိုဏ်းရဲ့အပြင်စည်းက အတွင်းစည်းထက် ပိုပြီးတော့ ပေါများသယောင်ပဲ။ အပြင်စည်းတပည့်တွေက စိတ်အားထက်သန်စွာနဲ့ ကျင့်ကြံကြတယ်။ မကြာခဏဆိုသလို သူတို့တွေက ဝိညာဥ်ကျောက်တုံးတွေ ပေါများကြွယ်ဝမယ်လို့ထင်ရတဲ့ တာဝန်တွေကို သွားယူကြတယ်။

တစ်ဖက်မှာတော့ အတွင်းစည်းတပည့်တွေ အားလုံးက မီတာအနည်းငယ် အကွာကနေတောင် ခံစားလို့ရတဲ့ ဆင်းရဲတဲ့ အငွေ့အသက်တစ်ခုကို ထုတ်လွင့်နေကြတယ်။

လေ့ကျင့်တာကလွဲပြီး သူတို့တွေက တခြားနယ်ပယ်တွေမှာ လုံးဝပြားချပ်နေတယ်။ ဝိညာဥ်ကျောက်တုံးတွေကို ရှာဖွေဖို့ထက် ဆင်းရဲမွဲတေပြီး စားရမဲ့သောက်ရမဲ့ အခြေအနေကို ပိုသဘောကျနေတဲ့ပုံပဲ။

ချန်ထျန်းဂိုဏ်းရဲ့ တောင်ထွတ်သခင်တွေနဲ့ အကြီးအကဲတွေကတော့ ...

စူးလီက အင်မတန်မှ ဆင်းရဲလွန်းလို့ ဝိညာဥ်ကျောက်တုံးတွေကို လိမ်ယူဖို့ မိန်းမတစ်ယောက်လို ဝတ်စားထားခဲ့တဲ့ ရှန့်ဟော်တောင်ထွတ်သခင်အကြောင်းကို စဥ်းစားမိလိုက်ပြီး ခဏလောက် ငြိမ်သက်သွားတော့တယ်။

သူမက ချန်ထျန်းဂိုဏ်းရဲ့ တခြားတောင်ထွတ်သခင်တွေ ဘာတွေလုပ်ခဲ့လဲဆိုတာကို ကြည့်ဖို့ ယွင်ချီတောင်ထွတ်ကို ပြန်သွားပြီး ကောင်းကင်စာအုပ်ကို လှန်လှောကြည့်မယ်လို့ ပြင်ဆင်လိုက်တဲ့အချိန်မှာပဲ အော်ဟစ်သံတွေနဲ့အတူ သိပ်မဝေးလှတဲ့ ဝိညာဥ်တောင်ထွတ်တစ်ခုပေါ်မှာ ရုတ်တရက် မိုးချိန်းသံနဲ့ လျှပ်စီးသံတစ်ခုကို တွေ့လိုက်ရတယ်။

အဲ့ဒီနောက်မှာတော့ တပည့်တစ်ယောက်က သူ့ဘေးကတပည့်ကို သူ့ရဲ့စိတ်လှုပ်ရှားမှုတွေကို မျိုသိပ်ထားပြီး တိုးတိုးလေး ပြောလိုက်တဲ့အသံကို ကြားလိုက်ရတယ်။

"မဟာအကြီးအကဲက သီးသန့်ကျင့်ကြံတာကနေ ထွက်လာပြီ"

"မဟာအကြီးအကဲ ထွက်လာပြီဆိုရင် ဆရာကြီးရန်က လူတွေလှည့်စားဖို့ မိန်းမတစ်ယောက်လို ဝတ်စားထားခဲ့တယ်ဆိုတာလည်း သူကြားသွားမှာပဲ။ သူကတော့ အရမ်းကို ဒေါသထွက်လွန်းလို့ ရှန့်ဟော်တောင်ထွတ်ပေါ်မှာ ဆရာကြီးရန်ကို အသေအကျေ ရိုက်နှက်တော့မှာပဲ"

စူးလီက ရုတ်တရက်ဆိုသလို အင်အားတွေ ပြန်ပြည့်လာတယ်။ လျှပ်တပြက်အတွင်းမှာပဲ သူမက ပွဲကိုကြည့်နေကြတဲ့ မရေမတွက်နိုင်တဲ့ အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေရှိတဲ့ ရှန့်ဟော်တောင်ထွတ်မှာ ပေါ်လာခဲ့တယ်။

"ရန်ဟွား မင်း တကယ် အံ့သြဖို့ကောင်းတာပဲ"

"မင်းက လူတွေရဲ့ ဝိညာဥ်ကျောက်တုံးနဲ့ ခံစားချက်တွေ လှည့်စားဖို့ မိန်းမတစ်ယောက်လို ဝတ်စားခဲ့သတဲ့လား။ မင်းကို ချန်ထျန်းဂိုဏ်းချုပ်ကြီးက ချန်ထျန်းဂိုဏ်းရဲ့ ဆရာတစ်ယောက် လုပ်ခိုင်းထားတာ တကယ့်ကို အလကားပဲ"

"မင်းက ချန်ထျန်းဂိုဏ်းရဲ့ ဆရာတစ်ယောက်နဲ့များ တူသေးလား"

စူးလီက မဟာအကြီးအကဲရဲ့ ရင်နာနေတဲ့မေးခွန်းသံတွေကို ကြားလိုက်ပြီး ရုတ်တရက် သတိရသွားတယ်။

ဒါက ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးရဲ့ ငါးကန်ထဲက ငါးတွေအများကြီးထဲက တစ်ကောင်ဖြစ်တဲ့ ချန်ထျန်းဂိုဏ်းရဲ့ မဟာအကြီးအကဲ မဟုတ်လား။

အဟမ်း။ ရှန့်ဟော်တောင်ထွတ်သခင်ကို အရေးယူတဲ့နေရာမှာ အရမ်းကို ရွံ့စရာကောင်းနေတဲ့လေသံမျိုး ထွက်နေတာလည်း မဆန်းတော့ပါဘူး။ သူကလည်း နစ်နာသူ ဖြစ်နေတာကိုး။

ဒါပေမဲ့...

စူးလီက စဥ်းစဥ်းစားစားနဲ့ သိစိတ်ပင်လယ်ထဲမှာ ကောင်းကင်စာအုပ်ကို ဖွင့်လိုက်တယ်။

[ဒါက ဘယ်လောက်တောင် ကြာနေပြီးပြီလဲ။ ချန်ထျန်းဂိုဏ်းရဲ့ မဟာအကြီးအကဲက အမျိုးသမီးလို အဝတ်အစား ဝတ်တာကို ပြောလိုက်တဲ့အချိန်တိုင်း ဒေါသတွေ ပေါက်ကွဲထွက်တော့မဲ့ရုပ် ဖြစ်နေတာပဲ]

ရှန့်ဟော်တောင်ထွတ်သခင်ကို ရိုက်နှက်နေတဲ့ မဟာအကြီးအကဲရဲ့ လှုပ်ရှားမှုက ရုတ်တရက် ရပ်တန့်သွားပြီး သူ့မျက်လုံးတွေထဲမှာလည်း ကြောက်ရွံ့တဲ့အရိပ်အယောင်တစ်ခု ပေါ်လာခဲ့တယ်။

ကောင်းကင်ကအသံလား။

သူ ပေါ်မလာတာ နှစ်လနီးပါးလောက် ရှိပြီမဟုတ်လား။

သူက ဘယ်လိုဖြစ်ပြီး ချန်ထျန်းဂိုဏ်းမှာ ထပ်ပြီးပေါ်လာတာလဲ။

ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့အသံက ဆက်ပြောတယ်။

[ကျွတ်ကျွတ် မဟာအကြီးအကဲက ဒါကြောင့် အချိန်အကြာကြီး ထွက်မလာခဲ့တာပဲ]

[ငါ ကြည့်ပါရစေအုံး...]

[သူက တံခါးပိတ်ကျင့်ကြံနေတယ်လို့ ပြောသွားတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူ့က ကိုယ့်ဟာကို ရုပ်ဖျက်ပြီးတော့ ဟယ်ဟွမ်ဂိုဏ်းရဲ့ တံခါးဝနားမှာ လဝက်လောက် သွားစောင့်နေတာပဲ။ ဒါပေမဲ့လည်း သူက လူရဲ့အရိပ်တောင် မမြင်ခဲ့ရဘူးတဲ့]

[အချိန်အကြာကြီး စောင့်နေတာတောင် ဘယ်သူကိုမှ မမြင်ခဲ့ရတော့ သူက ဟယ်ဟွမ်ဂိုဏ်းချုပ်ကြီးရဲ့တပည့်တွေကို စပြီး လာဘ်ထိုးတော့တယ်။ ဒါပေမဲ့လည်း ချက်ချင်း မောင်းထုတ်ခံလိုက်ရတာပဲ]

[ဟားဟားဟားဟား ... သူကလည်း လိင်ပြောင်းလဲတဲ့ ဆေးအကြောင်းကို လေ့လာခဲ့သေးတယ်တဲ့။ သူက ကိုယ့်ဟာကို ဆေးသောက်ပြီး သူရဲ့လိင်ကို ပြောင်းလဲလိုက်မယ်ဆိုရင် ဟယ်ဟွမ်ဂိုဏ်းချုပ်ကြီးက လက်ခံလေမလားလို့တောင် ကြိုးစားခဲ့သေးတယ်တဲ့]

[ရောင်းရင်းရယ် ဒါက ဘယ်လိုတောင် အချစ်ရူးဦးနှောက်မျိုးလဲ]

ဒီစကားတွေကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချန်ထျန်းဂိုဏ်းက ကျင့်ကြံသူတွေအားလုံးက မယုံမကြည်နဲ့ မဟာအကြီးအကဲကို ကြည့်လိုက်ကြတယ်။

သူတို့ရဲ့ မဟာအကြီးအကဲက ဘယ်လိုလုပ်ပြီးတော့ ... ဝိညာဥ်ကျောက်တုံး တစ်တုံးတောင် မတန်တော့ဘူးလို့ ထင်ရတာလဲ။

မဟာအကြီးအကဲက ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးက သူ့ကို လှည့်စားနေတာ ဒါမှမဟုတ် မိန်းမတစ်ယောက်လို ဝတ်စားထားတဲ့ ယောကျာ်းတစ်ယောက်ဆိုတာ သိနေတာ အသိသာကြီးပဲ။ သူက ဟယ်ဟွမ်းဂိုဏ်းကို ပြဿနာသွားရှာခဲ့တဲ့အပြင် ... တကယ်တမ်းကျတော့ လိင်ပြောင်းဖို့ပါ စဥ်းစားလိုက်သေးတယ်တဲ့လား။

အားလုံးလည်း သိကြသားပဲ သူတို့ရဲ့မဟာအကြီးအကဲက ဖြောင့်မတ်မှန်ကန်ပြီး အကျင့်စာရိတ္ထ မပျက်ပြားတဲ့နေရာမှာ နာမည်ကြီးတယ်လေ။ သူက သူ့မျက်လုံးထဲက သဲတစ်ပွင့်ကိုတောင် သည်းခံနိုင်တာ မဟုတ်ဘူး။

ဒါပေမဲ့ အခုကျတော့ သဲမပြောနဲ့ သူကသူ့မျက်လုံးထဲမှာ ကျောက်တုံးတစ်တုံး ရှိနေတာတောင် သည်းခံနေနိုင်တယ်တဲ့။

မဟာအကြီးအကဲက သူ့ကို ကြည့်နေတဲ့ မရေမတွက်နိုင်တဲ့မျက်လုံးတွေကို ခံစားမိလိုက်ပြီး သူ့မျက်နှာမှာ နီမြန်းသွားတော့တယ်။

စူးလီကတော့ သူနဲ့ပတ်သက်ပြီး တစ်ခုခုမှားယွင်းတယ်လို့ မမြင်မိပါဘူး။ သူက ထူးဆန်းတဲ့ အမူအရာတစ်ခုနဲ့ ကောင်းကင်စာအုပ်ကိုပဲ ကြည့်နေမိတယ်။

[စိတ်နှလုံးသန့်စင်ဆေးက အာရုံခြောက်ပါးကို သန့်စင်နိုင်တဲ့အာနိသင် ယူလာပေးနိုင်တာကို ကြားလိုက်ရပြီးတဲ့နောက်မှာ မဟာအကြီးအကဲက သူ့ဟာသူ ရုပ်ဖျက်ပြီးတော့ စိတ်နှလုံးသန့်စင်ဆေးကို ဝယ်ဖို့ ရွှင့်ချန်ဂိုဏ်းကို သွာခဲ့သေးတယ်တဲ့။ ဒါက အဆင့်မြှင့်ထားတဲ့ ပုံစံတစ်ခုတဲ့]

[ရောင်းရင်းရေ သူက စိတ်နှလုံးသန့်စင်ဆေး တစ်ပုလင်းလုံးကို သောက်ခဲ့တာတဲ့]

ဒါကိုမြင်လိုက်တဲ့အခါ သူမက မနေနိုင်တော့ဘဲ လေထဲက မဟာအကြီးအကဲကို လှမ်းကြည့်လိုက်မိတယ်။

[ကြည့်ရတာ ဒါက အသုံးမဝင်ဘူးနဲ့တူတယ်]

[ဒါက စိတ်နှလုံးသန့်စင်ဆေး မအောင်မြင်တဲ့ ပထမဦးဆုံးအကြိမ် များလား]

မဟာအကြီးအကဲကဆက်ပြီး သည်းမခံနိုင်တော့ဘူး။ သူ့လက်ထဲက လျှပ်စီးမိုးကြိုးတွေနဲ့ သူ့ကို ဒီနေရာမှာ ပေါ်လာအောင်လုပ်ခဲ့တဲ့ ရှန့်ဟော်တောင်ထွတ်သခင်ကို ရိုက်နှက်တော့တယ်။

မဟာအကြီးအကဲက အားအပြည့် မသုံးလိုက်ပေမဲ့လည်း သူက မိုးကြိုးဝိညာဥ်တစ်ခုလေ။ သူရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း ရှန့်ဟော်တောင်ထွတ်သခင်ထက် အများကြီးပိုပြီး မြင့်မားတာပေါ့။

ဒီတော့ ရှန့်ဟော်တောင်ထွတ်သခင်က အရိုက်ခံရပြီး ထွက်ပြေးတော့တယ်။

ဒီအချိန်မှာပဲ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ သူက ကယ်တင်ရှင်တစ်ယောက်ကို တွေ့သွားတဲ့အတိုင်းပဲ အော်ပြောလိုက်တော့တယ်။

"ကြီးမြတ်သူလင်းယွမ် ကျုပ်ကို ကယ်ပါအုံး"

ကြီးမြတ်သူလင်းယွမ်က ကျင့်ကြံရေးလောကထဲမှာ လုံးဝကို အလွတ်လပ်ဆုံး ကျင့်ကြံသူတစ်ယောက်ပဲ။ သူက မဟာယနကျင့်ကြံခြင်း ရောက်နှင့်ပြီးပြီ။ ရင်းနှီးဖော်ရွေတတ်တယ်။ သူက ကျင့်ကြံရေးလောကထဲမှာ စိတ်သဘောထားကောင်းတဲ့ ကြီးမြတ်သူတွေ အနည်းစုထဲက တစ်ယောက်ပဲ။

ကြီးမြတ်သူလင်းယွမ်က မဟာအကြီးအကဲနဲ့ အကောင်းဆုံး သူငယ်ချင်းဆိုတာ ချန်ထျန်းဂိုဏ်းက ကျင့်ကြံသူတွေ အားလုံးသိကြတယ်။ မဟာအကြီးအကဲကို နားချနိင်တဲ့ တစ်ဦးတည်းသောသူပေါ့။

မဟာအကြီးအကဲ ဒေါသထွက်တဲ့အချိန်တိုင်း သူက ထွက်လာပြီး မဟာအကြီအကဲကို နားချသရွေ့ မဟာအကြီးအကဲက စိတ်ပျော့သွားတယ်။

အကြီးအကဲလင်းယွမ်က သူ့အသံကို ကြားလိုက်တဲ့အချိန်မှာ သူ့မျက်လုံးထဲမှာ မသိသာတဲ့ အမှောင်ထုအရိပ် လက်သွားတယ်။ အဲ့ဒီနောက်မှာပဲ သူ့ခေါင်းကိုမော့လိုက်ပြီ သူမျက်လုံးထဲမှာ သိမ်မွေ့ပြီးနွေးထွေးတဲ့ပုံစံ ဖြစ်သွားတယ်။

"ရန်ကျစ် မင်းလည်း ဆရာကြီးရန်ဖုန်းနဲ့ အချိန်အကြာကြီး လက်ရည်ယှဥ်လာခဲ့ပြီးပြီးပဲ။ မင်းလည်း ပင်ပန်းနေလောက်ပြီပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါလည်း ဒီကိုလာတဲ့အချိန်မှာ မင်း အကြိုက်ဆုံး ရန်ရှန်းအရက်ကို ယူလာခဲ့တယ်။ ငါတို့တွေ အတူတူ အရက်သောက်ကြရင်ကော"

လှောင်ရယ်တဲ့အရိပ်အယောင် တစ်ခုမှမပါဘဲ ရင်းနှီးသိမ်မွေ့တဲ့ သူ့အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ မဟာအကြီးအကဲက နောက်ဆုံးတော့ သူရဲ့လက်တွေကို ရပ်တန့်ထားလိုက်ပြီး သူ့မျက်လုံးထဲမှာလည်း သိမ်မွေ့တဲ့ခံစားချက်တစ်ခု စွန်းထင်လာခဲ့တယ်။ သူက လျှပ်တပြကိဆိုသလို သူ့ရှေ့ကို ရောက်သွားတယ်။ မိုးကြိုးလျှပ်စီးတွေ အနည်းငယ် ယှက်သန်းနေတဲ့ သူရဲ့ရှည်လျားတဲ့ ငွေရောင်ဆံပင်က လေထဲမှာလွင့်ပျံနေတယ်။

သူက အကြီးအကဲလင်းယွမ်ရဲ့ ပခုံးကိုပုတ်လိုက်ပြီး ရှားရှားပါးပါး စိတ်အေးပြီး ယုံကြည်သွားတဲ့လေသံနဲ့ ပြောလိုက်တယ်။

"သွားကြစို့ ငါတို့တွေ မမူးမချင်း အိမ်မပြန်ဘူး"

ကြီးမြတ်သူလင်းယွမ်ကလည်း သူအသံကိုကြားလိုက်ချိန်မှာ စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့တယ်။

သူတိုနှစ်ယောက် ရှေ့ကို တစ်လှမ်းလှမ်း လိုက်တဲ့အချိန်မှာပဲ ခြောက်လှန့်နေဟန်တူတဲ့ ကောင်းကင်ကအသံတစ်ခုကို ကြားလိုက်ရတယ်။

[ရှင်က သူ့ကို အဲ့လောက်လွယ်လွယ်လေးနဲ့ နားချနိုင်သွားတယ်တဲ့လား]

[တစ်ချက်ကြည်ရုံနဲ့ ခေါင်းမာတတ်တဲ့ မဟာအကြီးအကဲကို စကားတစ်ခွန်းလေးနဲဲပဲ နားချနိုင်တယ်တဲ့လား]

[တကယ်တည်း ဒီကြီးမြတ်သူလင်းယွမ်က ဘယ်သူပါလိမ့်]

ကြီးမြတ်သူလင်းယွမ်ရဲ့ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားတယ်။ သူက ဖြည်းဖြည်းချင်း လေကို မှုတ်ထုတ်လိုက်ပြီး သူ့ဘေးမှာရှိနေတဲ့ မဟာအကြီးအကဲကို သိမ်မွေ့တဲ့လေသံတစ်ခုနဲ ပြောလိုက်တယ်။

"မြန်မြန်သွားရအောင် မဟုတ်ရင် နွေးနေသေးတဲ့အရက်တွေက အေးသွားမှာစိုးရတယ်"

ကောင်းကင်ကလာတဲ့အသံက သူနဲ့ တစ်ချိန်တည်းနီးပါး ပြောလိုက်တယ်။

[အလိုလေး ဒါက တကယ့်ကို သူငယ်ချင်းအစစ်လား]

[မဟာအကြီးအကဲက ဟယ်ဟွမ်းဂိုဏ်းကနေ ထွက်သွားတော့မဲ့ဆဲဆဲမှာ သူက မဟာအကြီးအကဲကို ပေါ်ပေါ်ထင်ထင်ပဲ ဆက်တိုက် နှစ်သိမ့်နေတာလေ။ မဟာအကြီးအကဲနဲ့ ဟယ်ဟွမ်းဂိုဏ်းချုပ်တို့ကြားက ချိုမြိန်မှုတွေအကြောင်းကို မကြာခဏ သက်ပြင်းချပြီးတော့ ပြောတတ်တယ်။ ဒါကြောင့်လည်း မဟာအကြီးအကဲက ပိုပိုပြီး လက်မလွှတ်နိုင်တာပေါ့]

[ဟမ် ချန်ထျန်းဂိုဏ်းကို နေရာတကာမှာ ဝိညာဥ်ကျောက်တုံးတွေ ချေးငှားခိုင်းတာကလည်း သူပဲ ဖြစ်နေတာတဲ့လား]

[နေပါအုံး...]

[ကြီးမြတ်သူလင်းယွမ်က မဟာအကြီးအကဲနဲ့ တွေ့တဲ့အချိန်တိုင်း သူကသူရဲ့အရက်ထဲမှာ အချစ်ယစ်မှူးဆေးမှုန့်ကို တိတ်တိတ်လေး ခိုးထည့်ထားတာတဲ့လား]

[မဟာအကြီးအကဲက ဘာဖြစ်လို့ အဲ့လောက်အထိ အချစ်ရူးဖြစ်နေတာလဲလို့ စဥ်းစားမိပါတယ်]

[ဖြစ်ချင်တော့ ဒါတွေအားလုံးက သူရဲ့အကောင်းဆုံး သူငယ်ချင်းကြောင့်ကိုး]

...

All Chapters