← Chapters

အခန်း ၁၁၁

Vol. 8 Ch. 111

အခန်း ၁၁၁

Vol. 8 Ch. 111

အပိုင်း (၁၁၁)

ဘယ်လိုဖြစ်တာလဲ။

ကြီးမြတ်သူလင်းယွမ်က မဟာအကြီးအကဲကို စွဲလမ်းခြင်းဆေးမှုန့် ပေးခဲ့သတဲ့လား။ ဒါပေမဲ့ ဒါက လုံးဝ အဓိပ္ပာယ်မရှိဘူး မဟုတ်လား။

ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးအပေါ်ထားတဲ့ မဟာအကြီးအကဲရဲ့ ချစ်ခြင်းက ကြီးမြတ်သူလင်းယွမ်ကို ဘာအကျိုးအမြတ် ယူလာပေးမှာမလို့လဲ။

ချန်ထျန်းဂိုဏ်းသားတွေ အားလုံးရဲ့ မျက်နှာပေါ်မှာ သိသာထင်ရှားတဲ့ အံ့ဩရိပ်တစ်ခု ဖြစ်နေတော့တယ်။

သူတို့ အထိတ်တလန့် ဖြစ်သွားတာလည်း မဆန်းဘူးလေ။ ကြီးမြတ်သူလင်းယွမ်က ကျင့်ကြံရေးလောကထဲမှာ ကောင်းမွန်တဲ့ ဂုဏ်သတင်းတစ်ခု ပိုင်ဆိုင်ထားတဲ့လူပဲ။

ကြီးမြတ်သူလင်းယွမ်မှာ မြင့်မားတဲ့ကျင့်ကြံရေး အဆင့်တစ်ခုရှိတယ်။ ဒါပေမဲ့ သူ့မှာ တခြားကြီးမြတ်သူတွေလို ဟိတ်ဟန်တွေ စိတ်နေစိတ်ထား မျက်နှာမျိုးတွေမရှိဘူး။ အဲဒီအစား သူက သိမ်မွေပြီးတော့ ကြင်နာတတ်တယ်။ သူက ကျင့်ကြံသူတွေအများကြီးကိုလည်း ကူညီပေးခဲ့ပြီး ကျင့်ကြံရေးအဆင့်နိမ့်တဲ့ ကျင့်ကြံသူတွေကိုလည်း တူညီတဲ့စေတနာတွေနဲ့ ဆက်ဆံပေးခဲ့တယ်။

အဲဒီအပြင် ချန်ထျန်းဂိုဏ်းမှာ ကြီးမြတ်သူလင်းယွမ်ရဲ့အဆင့်က ဂိုဏ်းကို ကာကွယ်ပေးနေတဲ့ တခြားကြီးမြတ်သူတွေနဲ့လည်း ကွာခြားချက် မရှိပါဘူး။ သူ့မှာ မဟာအကြီးအကဲနဲ့ ကောင်းမွန်တဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံရေးတစ်ခုရှိပြီး သူက ချန်ထျန်းဂိုဏ်းကိုလည်း အကြိမ်ကြိမ် အကြံဉာဏ်တွေပေးခဲ့သေးတာပဲ။

ချန်ထျန်းဂိုဏ်းက အခက်ခဲဆုံး အခြေအနေမှာ ရောက်နေတဲ့အချိန်မှာ ဂိုဏ်းကို အခက်အခဲကနေ ကျော်လွှားနိုင်အောင် ဝိညာဥ်ကျောက်တုံး သောင်းချီ ထုတ်ပေးခဲ့တာလည်း ကြီးမြတ်သူလင်းယွမ်ပဲလေ။

ဒီလိုစဥ်းစားလိုက်မိတဲ့အခါ လူတချို့က သိပ်မဝေးလှတဲ့နေရာမှာ ရပ်နေတဲ့ ကြီးမြတ်သူလင်းယွမ်ကို မနေနိုင်ဘဲ လှမ်းကြည့်လိုက်ကြတော့တယ်။

ဧကန္တ ကြီးမြတ်သူလင်းယွမ်မှာ အခက်အခဲတချို့ရှိနေလို့လား။

ကြီးမြတ်သူလင်းယွမ်ကတော့ သူ့စိတ်ထဲမှာ ကောင်းကင်ကလာတဲ့အသံကို အကြိမ်မရေမတွက်နိုင်အောင် ကျိန်ဆဲပြီးသွားပြီ။ ချန်ထျန်းဂိုဏ်းကနေ ထွက်ပြေးဖို့ မရေမတွက်နိုင်တဲ့နည်းလမ်းတွေကို စဥ်းစားထားပေမဲ့လည်း သူ့မျက်နှာကတော့ တည်ငြိမ်တဲ့ အမူအရာတစ်ခုကို ဆောင်ထားဆဲပဲ။

လူအုပ်ကြီးရဲ့အကြည့်တွေကို ခံစားမိလိုက်တဲ့အခါ သူက ဘာမှမတတ်နိုင်သလို သူ့မျက်ခုံးတွေကို ပွတ်သပ်လိုက်ပြီး တည်ငြိမ်တဲ့လေသံတစ်ခုနဲ့ သူ့ပတ်ဝန်းကျင်က လူတွေကို ပြောလိုက်တယ်။

"ရန်ကျစ် မင်းနဲ့ငါက ဒီလောက် အချိန်အကြာကြီး အချင်းချင်း သိလာခဲ့ကြတာပဲ။ ငါဘယ်သူဆိုတာ မင်းကပိုပြီးတော့သိပါတယ်။ မင်းက လှုံ့ဆော်ခံလိုက်ရမှာ မဟုတ်ဘူးလို့ ငါယုံတယ်”

သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ မဟာအကြီးအကဲက မျက်မှောင်ကျုံ့လိုက်သေးတယ်။ အပြင်လောကကလာတဲ့အသံက သူ ပေါ်ထွက်လာရင် ဘယ်တော့မှ အမှားဆိုတာ မရှိခဲ့ဖူးဘူး။

သူက အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့စကားကို ပြန်စဥ်းစားလိုက်တယ်။ သိပ်မကြာသေးခင်က ကြီးမြတ်သူလင်းယွမ်နဲ့ တွေ့ခဲ့ပြီးတဲ့နောက်ပိုင်း အခြေအနေကို ရုတ်တရက်ပြန်ပြီး သတိရလာတယ်။

အပြင်လောကကလာတဲ့အသံ ပြောတဲ့စကားနဲ့တစ်ထပ်တည်းပဲ။ သူတို့နှစ်ယောက် အတူတူသောက်ကြပြီဆိုရင် သူ့စိတ်ထဲမှာ ရန်ဖေးကို စဥ်းစားမိတာက အကြိမ်ကြိမ်ပဲ။ သူလုပ်ခဲ့တဲ့ အဓိပ္ပာယ် မရှိတဲ့ကိစ္စတွေ တော်တော်များများကလည်း မူးနေတုန်းမှာပဲ ဖြစ်သွားခဲ့တာ။

အရေးအကြီးဆုံးအချက်က ကြီးမြတ်သူလင်းယွမ်ဆိုတာ ကျင့်ကြံရေးလောကထဲမှာ သူ အယုံကြည်ရဆုံးသူပဲ။ သူက ကြီးမြတ်သူလင်းယွမ်အပေါ် လုံးဝ သတိမထားမိခဲ့ဘူးလေ။

တကယ်လို့ သူက တကယ်ပဲ တစ်ခုခုလုပ်မယ်ဆိုရင် ...

ဒီစဥ်းစားလိုက်ပြီး သူက သူ့နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားလိုက်တယ်။ သူ့မျက်လုံးတွေထဲမှာလည်း တင်းမာတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားခဲ့တယ်။

"ယွမ်ရှန့် မင်းယူလာတဲ့ အဲဒီဝိညာဥ်စွမ်းအင် အရက်တွေရဲ့အရသာက အကြိမ်တိုင်း နည်းနည်းလေး ထူးဆန်းနေတယ်။ ဟုတ်တယ်မလား"

ကြီးမြတ်သူလင်းယွမ်က သူ့စိတ်အတွင်းပိုင်းထဲက အထိတ်တလန့် ဖြစ်သွားတဲ့ ခံစားချက်ကို ဖိနိုပ်ထားလိုက်ပြီး သူက ရှင်းပြတော့မဲ့ဆဲဆဲမှာပဲ ပွဲကိုကြည့်နေတဲ့ အပြင်လောကကအသံက စကားဖြတ်ပြောလိုက်တော့တယ်။

[အိုး မဟာအကြီးအကဲက တကယ်တော့ပြဿနာကို ရှာတွေ့သွားပြီပဲ]

[အဲဒီဝိညာဥ်စွမ်းအင်အရက်တွေက တကယ်ပဲ အရသာ မမှန်ဘူးလေ။ အရက်အိုး တစ်ခုချင်းစီမှာ သူရဲ့ကိုယ်ပိုင်ထူးခြားတဲ့ လက္ခဏာတွေ ရှိနေတာပဲ]

[ကြီးမြတ်သူလင်းယွမ်က ရှင် သိသွားမှာစိုးလို့ ကြီးကြီးမားမားတွေ တစ်ခုမှ မလုပ်ရဲဘူးလေ။ ဒါပေမဲ့လည်း သေးငယ်တဲ့ လှည့်ကွက်လေးတွေကိုတော့ အများကြီး လုပ်ထားခဲ့တယ်]

[ချစ်စိတ်မွှန်ဆေးမှုန့်ကတော့ အဲဒီထဲကတစ်ခုပေါ့]

စူးလီက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကိုကြည့်လိုက်ပြီး သူမရဲ့အသံက အနည်းငယ်စိတ်လှုပ်ရှားနေတဲ့ပုံပဲ။

[ကြည့်လိုက်ပါအုံးမယ်။ ပြီးခဲ့တဲ့တစ်ခေါက် သူလာတုန်းက အရက်ထဲမှာ နှလုံးကွဲကြေဆေးမှုန့်အပြည့်ပဲ]

[မဟာအကြီးအကဲက ဒေါသကြီးတယ်လေ။ သူက အဲဒီတုန်းကဆိုရင် အလွယ်တကူ ဒေါသထွက်လွယ်တာပေါ့။ သူက တစ်နေ့လုံး ချန်ထျန်းဂိုဏ်းက ကျင့်ကြံသူတွေနဲ့ လက်ရည်ချင်း ယှဥ်နေပြီး ချန်ထျန်းဂိုဏ်းက လူတိုင်းကို သနားစရာဖြစ်အောင် လုပ်ခဲ့တာ။ သူတို့တွေက မဟာအကြီးအကဲကို တွေ့တာနဲ့ ထွက်ပြေးချင်ကြတော့တာပေါ့...]

[ဒီလိုဖြစ်လာတဲ့အချိန်တိုင်း ကြီးမြတ်သူလင်းယွမ်က မဟာအကြီးအကဲကို တားဖို့ နားချဖို့ရောက်လာတတ်တယ်]

[ကောင်းလိုက်တဲ့အကြံအစည်ပဲ ...]

ချန်ထျန်းဂိုဏ်းက ကျင့်ကြံသူတွေအားလုံးက ကြီးမြတ်သူလင်းယွမ်ကို လေးစားပြီး ကျေးဇူးတင်ကြတာလည်း မဆန်းတော့ဘူးပေါ့...။

ချန်ထျန်းဂိုဏ်းချုပ်ကြီးက လက်ရည်ချင်းယှဥ်ဖို့ မဟာအကြီးအကဲ ဖိအားပေးခံရတဲ့မြင်ကွင်းကို ရုတ်တရက် သတိရသွားတော့တယ်။

သူ့မှာအရိုက်ခံရပြီး ထွက်ပြေးနေရတဲ့အချိန်တုန်းက ကြီးမြတ်သူလင်းယွမ်ကပဲ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာပြီး မဟာအကြီးအကဲကို ရပ်တန့်ဖို့ နားချပေးခဲ့တာလေ။

အဲဒီတုန်းကတော့ မဟာအကြီးအကဲက အဲဒီကာလအတွင်းမှာ ဒေါသထွက်နေတာကြောင့်လို့ပဲ စဥ်းစားလိုက်ပြီး ကြီးမြတ်သူလင်းယွမ်ကို အထူးတလည် ကျေးဇူးတင်ခဲ့မိသေးတယ် ...။

ဒီအချိန်မှာပဲ အပြင်လောကကအသံက ဆက်ပြီးပြောလိုက်တယ်။

[နောက်ဆုံးတစ်ခေါက် ထည့်လိုက်တဲ့ဆေးကတော့ ကျုံးချင်းမှုန့်တဲ့ ဝိုးးး ကျုံးချင်းမှုန့်ရဲ့ အာနိသင်နဲ့ဆိုရင် မဟာအကြီးအကဲက သီးသန့်ကျင့်ကြံရေးစပြီး ဝင်ပြီဆိုတာနဲ့ ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးကို စပြီး စဥ်းစားမိတော့တာပဲ။ ဘယ်သူက ဒါကို တွန်းလှန်နိုင်ပါမလဲ]

[ဒါကြောင့် သူက ဟယ်ဟွမ်းဂိုဏ်းရဲ့ ဂိတ်တံခါးမှာ သွားစောင့်နေဖို့ အပြေးအလွှား သွားတော့တာပေါ့...]

[နောက်ပြီး အဲဒီတစ်ခေါက် မတိုင်ခင်တုန်းကလည်း...]

ဒီစကားကို ကြားလိုက်ရတဲ့အခါ ချန်ထျန်းဂိုဏ်းချုပ်ကြီးက ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ လက်ဖျောက်တစ်ချက် တီးလိုက်တဲ့အချိန်မှာပဲ ချန်ထျန်းဂိုဏ်းမှာရှိတဲ့ လူတွေအားလုံးက ကြီးမြတ်သူလင်းယွမ် ထွက်ပြေးမဲ့လမ်းကို တိတ်တဆိတ် ပိတ်ဆို့ထားလိုက်ကြတယ်။

တကယ့်လို့ ဒါက ကျုံးချင်းမှုန့်ပဲဆိုရင်တော့ သူတို့တွေက စိတ်ထဲမှာ ကြီးမြတ်သူလင်းယွမ်အတွက် ဆင်ခြေတွေ ရှိသေးတယ်လေ။ ဒါပေမဲ့ လူတွေရဲ့စိတ်ကို ဖျက်ဆီးပြစ်နိုင်တဲ့ ဆေးပေါင်းများစွာပါနေတော့ ...

မဟာအကြီးအကဲရဲ့စိတ်က နဂိုကတည်းက မတည်ငြိမ်ဘဲ အပြင်က ဖိအားကြောင့် အလွယ်တကူ အနှောင့်အယှက် ဖြစ်လွယ်တယ်။ ကြီးမြတ်သူလင်းယွမ်က မဟာအကြီးအကဲကို တိတ်တဆိတ် ဖျက်ဆီးချင်နေတာပဲ။

ကြီးမြတ်သူလင်းယွမ်ကလည်း ချန်ထျန်းဂိုဏ်းကလူတွေရဲ့ လှုပ်ရှားမှုတွေကို ခံစားမိလိုက်တယ်။ သူက မျက်နှာပေါ်က ဣန္ဒြေကို ဆက်ပြီး မထိန်းထားနိုင်တော့ဘူး။ အပြင်လောကကအသံက ဘယ်လိုလုပ်ပြီး ဒီလောက်ရှင်းရှင်းလင်းလင်း သိနေတာလဲ။ သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး အနည်းငယ် တုန်တုန်ယင်ယင်နဲ့ မဟာအကြီးအကဲကို ပြောလိုက်တော့တယ်။

"ရန်ကျစ် ငါ ရှင်းပြတာကို နားထောင်ပါအုံး တကယ်တော့ ငါက..."

မဟာအကြီးအကဲက စာရင်းရှင်းရတာကို အမြဲတမ်း သဘောကျလာခဲ့တာလေ။ သူက သစ္စာဖောက်ခံရတယ်ဆိုရင်တောင် သူက လူကိုယ်တိုင် ပြစ်တင်ပြောဆိုပြီး မေးခွန်းထုတ်နေမှာ မဟုတ်ဘူး။ သူက သစ္စာဖောက်သွားတဲ့သူကို တူညီတဲ့တန်ကြေးပဲ ပြန်ပေးလိမ့်မယ်။

သူ့မျက်လုံးတွေက စူးရှနေပြီး အနက်ရောင်ပြောင်းသွားတယ်။ လျှပ်စီးတွေက သူရဲ့ညာဘက်လက်ကို ဝန်းရံထားတယ်။ သူက တစ်လုံးချင်းစီ ပြောလိုက်တော့တယ်။

"မင်း ရှင်းပြလေ ငါ နားထောင်နေတယ်"

ကြီးမြတ်သူလင်းယွမ်က မဟာအကြီးအကဲဆီက ဖိအားကို ခံစားလိုက်ရပြီး သူ့မျက်နှာက ရုတ်ခြည်းဆိုသလို ဖြူဆုတ်သွားတော့တယ်။

အခုအချိန်မှာ သူနဲ့မဟာအကြီးအကဲ နှစ်ယောက်စလုံးက မဟာယနကျင့်ကြံသူတွေဆိုရင်တောင် ပြီးခဲ့တဲ့ နှစ်နှစ်ထောင်အတွင်းမှာ မဟာအကြီးအကဲကို တစ်ခါမှ အနိုင်မရခဲ့ဘူးဖူး။

ဒါပေမဲ့လည်း အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့စကားတွေကို ခုခံဖို့ရာ ဘာနည်းလမ်းမှလည်း မရှိလေဘူး...။

ဒီလိုစဥ်းစားလိုက်ပြီး သူက ရက်စက်တဲ့နှလုံးသားတစ်ခုနဲ့ ခံစားချက်ဝှက်ဖဲကို ထုတ်လိုက်တော့တယ်။

"ရန်ကျစ် မင်းနဲ့ငါက နှစ်ပေါင်းနှစ်ထောင်နီးပါး အချင်းချင်း သိလာခဲ့တာပဲ။ ငါ ဘာပဲလုပ်လုပ် ငါ့မှာအကြောင်းအရင်း ရှိတယ်ဆိုတာကိုတော့ မင်း ယုံမှဖြစ်မယ်"

အပြင်လောကကလာတဲ့အသံက ထွက်လာတာ နှစ်ဝက်လောက်ပဲ ရှိသေးတယ်လေ။ ဒီတော့ သူက ပြီးခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်မှာ ဖြစ်သွားခဲ့တဲ့အရာတွေကိုတော့ သိနေအုံးမယ်လို့ သူကတော့ မယုံဘူး။

ဒီလိုစဥ်းစားလိုက်ပြီး သူက အင်မတန်မှနက်ရှိုင်းတဲ့ သံယောဇဥ်တွေနဲ့ ပြောလိုက်တယ်။

"ရန်ကျစ် မင်း မေ့သွားပြီလား။ မင်းရဲ့စိတ်ဝိညာဥ်တွေ ကျိုးပျက်တော့မဲ့အချိန်တုန်းက မင်းရဲ့စိတ်ဝိညာဥ်ကို တည်ငြိမ်အောင်လုပ်ပေးခဲ့တာ ငါပဲလေ။ အခုအချိန်မှာ စိတ်ထဲကမိစ္ဆာကောင်ကို ထိန်းချုပ်နိုင်တဲ့ အခွင့်အရေးပေးခဲ့တဲ့သူကလည်း ငါပဲ"

"တကယ်လို့ ငါက မင်းအပေါ် မကောင်းတဲ့စိတ်တွေ ရှိနေမယ်ဆိုရင် ငါက ဘာဖြစ်လို့ မင်းကို ကယ်တင်နေအုံးမှာလဲ"

သူ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ မဟာအကြီးအကဲက သူ့စိတ်ထဲမှာ သံသယတွေ ဖြစ်သွားပြီး သူ့မျက်နှာကလည်း နည်းနည်းလေး ပျော့ပြောင်းသွားတယ်။

ဟုတ်သားပဲ။ လင်းယွမ်ကြောင့်သာ မဟုတ်ရင် သူ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်က သေသွားပြီးလောက်ပြီ။

ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့အသံရဲ့ သံသယဖြစ်နေတဲ့အသံက ပြန်ထွက်လာခဲ့တယ်။

"နှစ်ပေါင်းနှစ်ထောင်လောက် အချင်းချင်း သိလာတယ်ဆိုတာ ဘာကိုပြောတာလဲ"

ကြီးမြတ်သူလင်းယွမ်ရဲ့ စကားလုံးတွေကို ကြားလိုက်ပြီးတဲ့နောက်မှာ စူးလီက သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို စဥ်းစဥ်းစားစားနဲ့ လှန်လှောကြည့်လိုက်ပြီး

[ငါမှတ်မိသလောက်တော့ မဟာအကြီးအကဲက အခုမှ သက်တမ်း နှစ်ပေါင်းရှစ်ရာပဲ ရှိသေးတာလေ]

[ရှာကြည့်လိုက်ပါအုံးမယ်...]

[ဒါက တကယ် ပြန်လည်ဝင်စားထားတာပဲ။ အတိတ်ဘဝတုန်းက မဟာအကြီးအကဲက အရမ်းကို မြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့်တစ်ခု ပိုင်ဆိုင်ထားပြီး လေဟာနယ်ဖြိုခွဲခြင်း ကျင့်ကြံခြင်းအဆင့်ကိုတောင် ရောက်ခဲ့ပြီလေ...]

[ဒါတော့ မဟုတ်သေးဘူး။ လေဟာနယ်ဖြိုခွဲခြင်း ကျင့်ကြံခြင်းအဆင့်ဆိုတာက လက်တွေ့ကျကျ ပြောရမယ်ဆိုရင် လျှောက်စရာလမ်းတွေမှ အများကြီးပဲ သူက ဘယ်လိုလုပ်ပြီး ရုတ်တရက် သေသွားနိုင်မှာလဲ]

ဒီစကားကို ကြားလိုက်ရတဲ့အခါ ကြီးမြတ်သူလင်းယွမ်ရဲ့မျက်နှာက ရုတ်ခြည်းဆိုသလို ဖြူဆုတ်သွားတော့တယ်။ သူက စိတ်ထဲမှာ ကိုယ့်ဟာကိုဆက်ပြီး နှစ်သိမ့်နေလိုက်တယ်။

နှစ်ပေါင်းတစ်ထောင်တောင် ကုန်ဆုံးခဲ့ပြီးပြီပဲ သူက ဒါကိုအရမ်းကို လျှို့လျှို့ဝှက်ဝှက်နဲ့ လုပ်ထားခဲ့တာ။ အပြင်လောကက လာတဲ့အသံက လုံးဝသိမှာမဟုတ်ပါဘူး။

ကံဆိုးချင်တော့ အပြင်လောကကအသံ ပြောလိုက်တဲ့ နောက်စကားလုံးတွေက သူစိတ်ထဲက မျှော်လင့်ချက် အမျှင်တန်းလေးကို လုံးဝပြတ်ရှသွားစေတော့တယ်။

[ဟုတ်နေပါပြီ၊ အရင်ဘဝက မဟာအကြီးအကဲ သေဆုံးမှုကလည်း ကြီးမြတ်သူလင်းယွမ်နဲ့ ပတ်သက်နေတာပဲ]

မဟာအကြီးအကဲက ရုတ်တရက် သူ့ခေါင်းကိုလှည့်လိုက်ပြီး သူ့ဘေးမှာရှိတဲ့ ကြီးမြတ်သူလင်းယွမ်ကို စိုက်ကြည့်လိုက်တယ်။

ချန်ထျန်းဂိုဏ်းက လူတိုင်းကလည်း မယုံမကြည်နဲ့ ခေါင်းကို လှည့်ကြည့်လိုက်ကြတယ်။ သူတို့ရဲ့မျက်လုံးထဲမှာ သံသယတွေရှိနေပေမဲ့လည်း ဒါကတည်ငြိမ်တဲ့ လူသတ်လိုစိတ်တစ်ခုထက် ပိုတာပဲရှိတယ်။

ကြီးမြတ်သူလင်းယွမ်က သူ့ကိုသတ်ချင်နေတဲ့ မရေမတွက်နိုင်တဲ့ မျက်လုံးပေါင်းများစွာကို ခံစားလိုက်ရပြီး သူ့နှလုံးသားကလည်း မျှော်လင့်ချက် ပျက်သုန်းသွားခဲ့တယ်။ သွားပြီ။ သူကတော့ တကယ်သွားတော့မှာပဲ။

သူသာ စောစောသိခဲ့မယ်ဆိုရင် ဒီတစ်ကြိမ် ချန်ထျန်းဂိုဏ်းမှာ ပေါ်လာမှာ မဟုတ်ဘူး။ အရင်တစ်ခါတုန်းက သူခတ်ခဲ့တဲ့အဆိပ်ပေါင်း ဆေးတွေကလည်း မဟာအကြီးအကဲက အချိန်တိုအတွင်း သူ့မှတ်ဉာဏ်ထဲမှာ ပြန်ပြီးတော့ စဥ်းစားနိုင်မှာ မဟုတ်ဘူး။ သူရဲ့ကျင့်ကြံခြင်းအဆင့်ကို အောင်မြင်အောင်လုပ်ဖို့ဆိုရင် ပြောစရာတောင်မလိုဘူး...။

ကြီးမြတ်သူလင်းယွမ်က ဘယ်လိုပဲ စိတ်ပျက်လက်ပျက် ဖြစ်နေပါစေ အပြင်လောကကအသံက ဆက်ပြီးပြောနေတယ်။

[ကျွတ်ကျွတ် အဲဒီတုန်းက ဒီကြီးမြတ်သူလင်းယွမ်ကလည်း မဟာအကြီးအကဲအတွက် ကောင်းတာ လုပ်ပေးပါတယ်ဆိုတဲ့ နာမည်အောက်မှာ မကောင်းတာတွေအများကြီး လုပ်ခဲ့တာပဲ]

[မဟာအကြီးအကဲက အဆင့်ကိုးဝိညာဥ်သားရဲနှစ်ကောင်ရဲ့ တိုက်ခိုက်တာ ခံလိုက်ရတယ်။ ဒါကိုလည်း ကြီးမြတ်သူလင်းယွမ် လုပ်ခဲ့တာပဲ။ သူက မဟာအကြီးအကဲရဲ့ ဝိညာဥ်စွမ်းအားတွေကို ခဏလောက် ပိတ်ဆို့အောင်လုပ်ထားဖို့ အဆိပ်တွေကိုလည်း ထည့်ခဲ့တယ်]

[ကိုယ့်ကိုသတ်ချင်နေတဲ့ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ နေထိုင်ရတာက တကယ့်ကို ခက်ခဲတာပဲ]

[မဟာအကြီးအကဲကလည်း အရမ်းကိုတုံးအပြီး သနားစရာကောင်းပါပေတယ်။ သူက နှစ်ဘဝလုံးလုံးမှာ လူတစ်ယောက်တည်းရဲ့ ဒုက္ခပေးတာခံနေရတယ်]

ဒါကိုတွေ့လိုက်တဲ့အခါ စူးလီက နှစ်ဘဝလုံးလုံး အမှောင်ထဲမှာနေနေရတဲ့ မဟာအကြီးအကဲကို ကိုယ်ချင်းစာစိတ်နဲ့ လှမ်းကြည့်လိုက်တယ်။

[ပထမတစ်ခေါက်တုန်းက သူ့ကိုဘာဖြစ်လို့ ကယ်ခဲ့လဲဆိုတာကတော့...]

[ဒါပေါ့ သူ တကယ်သေသွားမယ်ဆိုရင် ချန်ထျန်းဂိုဏ်းက အင်အားအကုန်သုံးပြီး သေချာပေါက် စုံစမ်းကြတော့မယ်လေ။ သူက မဟာအကြီးအကဲ သေသွားတဲ့နေရာမှာ သက်သေတွေကို ဖျောက်ဖျက်ဖို့ အဲဒီနေရာမှာ ရောက်နေတာကိုး။ သူက ချန်ထျန်းဂိုဏ်းထဲကအားလုံးရဲ့ သေချာပေါက် ဖော်ထုတ်တာ ခံရမှာပေါ့]

[ဒီလိုဆိုရင် မဟာအကြီးအကဲ သေသွားတာနဲ့ သူ့မှာ ချန်ထျန်းဂိုဏ်းကိုရှင်းပြဖို့ နည်းလမ်းမရှိတော့ဘူးလေ]

[ဒီတော့ သူက မဟာအကြီးအကဲရဲ့ ပြိုကွဲတော့လုနီးနီးဖြစ်နေတဲ့ ဝိညာဥ်ကို သိမ်းထားလိုက်ရတာပေါ့။ မဟုတ်ဘူး ... သူက မဟာအကြီးအကဲရဲ့ဝိညာဥ်ကို နည်းနည်းလေး ပိုပြီး ပျက်စီးသွားအောင် လုပ်လိုက်တာ...]

[အဲဒီနောက်မှာတော့ သူက မဟာအကြီးအကဲသတ်ခဲ့တဲ့ မသေမျိုးနီးပါးအဆင့်ရှိတဲ့ သားရဲနှစ်ကောင်ရဲ့ ဆေးလုံးတွေ အားလုံးကိုလည်း တိတ်တိတ်လေး သိမ်းထားလိုက်တယ်။ ချန်ထျန်းဂိုဏ်းကိုတော့ အသုံးမဝင်တော့တဲ့ သားရဲရဲ့ အသားနဲ့ သွေးတွေကိုပဲ ပေးလိုက်တာပေါ့]

မဟာအကြီးအကဲရဲ့မျက်နှာက ကျောချမ်းလောက်အောင် အေးစိမ့်သွားပြီး သူရဲ့ရှည်လျားတဲ့ ငွေရောင်ဆံပင်တွေကလည်း လေထဲမှာ တဖျတ်ဖျတ်လွင့်နေတယ်။ သူ့လက်ထဲက ဝိညာဥ်စွမ်းအားတွေကလည်း အနက်ရောင် မိုးကြိုးဘောလုံးတစ်ခုလို စုစည်းထားတယ်။ ဒါက ကြီးမြတ်သူလင်းယွမ်ကို ဖျက်ဆီးနိုင်တဲ့ အင်အားတစ်ခု ပါဝင်နေတယ်။

ကြီးမြတ်သူလင်းယွမ်က မဟာအကြီးအကဲလက်ထဲက ဝိညာဥ်စွမ်းအင်တွေကို ခံစားမိလိုက်တဲ့အခါ သူ့မျက်နှာက သွေးရောင်တွေ လုံးဝပျောက်ဆုံးသွားတော့တယ်။

စူးလီက သူ့ရဲ့လှုပ်ရှားမှုတွေကို လုံးဝဂရုမစိုက်လေဘူး။ သူမက ကောင်းကင်စာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ ဆေးလုံးကို ကြည့်လိုက်တယ်။ အဲဒီဆေးလုံးက သူမရဲ့သိုလှောင်တဲ့အိတ်ထဲမှာတောင် မရှိဘူး။ သူမက စိတ်ပျက်လက်ပျက် မျက်နှာတစ်ခုနဲ့ ပြောလိုက်တော့တယ်။

[ဒါက နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိတဲ့မသေမျိုးတစ်ဝက် ဖြစ်နေပြီးသား သားရဲဆေးလုံးတစ်ခုပဲ]

[ဒီဆေးလုံးရဲ့တစ်ဝက်တောင် မပြည့်တဲ့ ပမာဏာနဲ့ဆိုရင် သူ့ရဲ့ကျင့်ကြံခြင်းကို မဟာယနအဆင့် ရောက်သွားအောင် မြင့်တင်ပေးနိုင်တယ်]

[ကံဆိုးချင်တော့ သားရဲဆေးလုံးရဲ့ ဝိညာဥ်စွမ်းအားတွေက အရမ်းကို ရက်စက်ကြမ်းတမ်းတယ်။ သူ့မှာ ဒါကို ပြီးပြည့်စုံအောင် သန့်စင်လို့တောင် မပြီးသေးဘူး။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က မဟာယနကျင့်ကြံခြင်းအဆင့် ဆိုပေမဲ့လည်း ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်ထက် နည်းနည်းလေးပဲ ပိုပြီးသန်မာတယ်...]

စူးလီက သားရဲဆေးလုံးအတွက် နှမြောတသတဲ့စိတ်ကို ဖော်ပြပြီးတဲ့နောက်မှာ ကောင်းကင်စာအုပ်ထဲက ကြီးမြတ်သူလင်းယွမ်ရဲ့ လုပ်ရပ်တွေကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်တော့တယ်။

[ကျွတ်ကျွတ် ကြီးမြတ်သူလင်းယွမ်မှာ တကယ်ပဲကောင်းမွန်တဲ့ အစီအစဥ်တစ်ခု ရှိနေတာပဲ။ ဘာပဲဖြစ်ဖြစ်လေ မဟာအကြီးအကဲရဲ့ စိတ်ဝိညာဥ်က ပျက်စီးတော့ လုနီးနီးဖြစ်နေတာ သူ့အရင်ဘဝက ကိစ္စတွေကို မှတ်မိနိုင်တော့မှာ မဟုတ်ဘူးလေ။ သူက ချန်ထျန်းဂိုဏ်းတစ်ခုလုံးကိုလည်း သူ့အပေါ် ကျေးဇူးတင်ရအောင် လုပ်ထားသေးတယ်]

[ဒါပေမဲ့ သူ ကောင်းကောင်း တွက်ချက်မထားခဲ့တဲ့ တစ်ခုတည်းသောကိစ္စက မဟာအကြီးအကဲရဲ့ အရည်အချင်းပဲ ဖြစ်ရမယ် ...]

[မဟာအကြီးအကဲက နှစ်ပေါင်းသက်တမ်း၈၀၀ပဲ ရှိသေးတာကို မဟာယနကျင့်ကြံခြင်းအဆင့် ထပ်ပြီး ကျင့်ကြံနိုင်လိမ့်မယ်လို့ ဘယ်သူကသိမှာလဲ။ သူက အချိန်မရွေး လေဟာနယ်ဖြိုခွဲခြင်းအဆင့်ကိုတောင် ရောက်သွားနိုင်တယ်]

[အဲဒီအချိန်ကျရင် သူက သူ့အတိတ်ဘဝကကိစ္စတွေကို သေချာပေါက် သတိရသွားနိုင်ပြီး သူက သေဆုံးခြင်းနဲ့ပတ်သက်ပြီး သံသယတွေကို တွေ့သွားနိုင်တယ်]

[ဒါကြောင့်လေ ကြီးမြတ်သူလင်းယွမ်က မဟာအကြီးအကဲဆီကို သေချာပေါက် ရောက်လာပြီး သူ့ကိုအဆိပ်ခတ်လိုက်၊ သူ့ကိုဒုက္ခတွေပေးလိုက်နဲ့ အချစ်နွံ့ထဲမှာ ပိတ်နေတဲ့သူကို လာကြည်လိုက်လုပ်နေတာပေါ့...]

[သူက မဟာအကြီးအကဲကို စိတ်အေးအေးချမ်းချမ်းနဲ့ ကျင့်ကြံလို့မရအောင် လုပ်မယ်လို့ ဆုံးဖြတ်ပြီးသားလေ။ သူရဲ့ဝိညာဥ်ကိုလည်း ဖျက်ဆီးပြစ်လိမ့်မယ်...]

[ဒီအခြေအနေကိုကြည့်ရင် နောက်ထပ်နှစ်တစ်ရာ ဒါမှမဟုတ် နှစ်ရှစ်ဆယ်လောက်အတွင်းမှာ မဟာအကြီးအကဲက ကျိန်ဆဲခံနေရပြီး တစ်သက်လုံး မဟာယနကျင့်ကြံခြင်းအဆင့်မှာပဲ နေသွားရမယ်လို့ ခန့်မှန်းရတယ်]

သူမက သက်ပြင်းချလိုက်တဲ့အချိန်မှာပဲ ရှန့်ဟောတောင်ထွတ်ရဲ့ ကောင်းကင်တစ်ခုလုံးက ရုတ်တရက်မဲမှောင်သွားပြီး မရေမတွက်နိုင်တဲ့ မိုးကြိုးလျှပ်စီးတွေ တဖျတ်ဖျတ် လက်သွားတော့တယ်။

အဲဒီနောက်မှာတော့ ဝိညာဥ်စွမ်းအားတွေ အချင်းချင်းပွတ်တိုက်သံက အားလုံးရဲ့နားထဲမှာ မြည်ဟီးသွားတော့တယ်။

စူးလီက စိတ်လှုပ်ရှားစွာနဲ့ ခေါင်းကိုမော့ကြည့်လိုက်ပြီး တိုက်ခိုက်နေကြပြီးဖြစ်တဲ့ လူနှစ်ယောက်ကို ကြည့်လိုက်တယ်။

[အခုကတည်းက တိုက်ခိုက်နေကြပြီလား]

[ဒီအခြေအနေကို ကြည့်လိုက်ပါအုံး ဒီဝိညာဥ်စွမ်းအားတွေက ... မဟာအကြီးအကဲက တစ်ခုခုလွဲနေတာကို တွေ့သွားလို့များလား]

[ငါပြောပါတယ်၊ လူတစ်ယောက်က နှစ်ဘဝကြီးများတောင် တုံးအနိုင်ပါ့မလား]

မဟာအကြီးအကဲရဲ့ ကျင့်ကြံခြင်းအဆင့်က ကြီးမြတ်သူလင်းယွမ်ထက် အများကြီး မြင့်မားနေတယ်။ သူရဲ့ဝိညာဥ်စွမ်းအင် အရင်းအမြစ်ကလည်း နှစ်တစ်ထောင်အတွင်းမှာ ရှားပါးလွန်းတဲ့ သန္ဓေပြောင်း လျှပ်စီးဝိညာဥ်စွမ်းအား အရင်းအမြစ်ဖြစ်နေတယ်။ ဒါပေမဲ့လည်း တိုက်ခိုက်မှုတစ်ချီ နှစ်ချီလောက် ပြီးသွားတဲ့အခါမှာတော့ ကြီးမြတ်သူလင်းယွမ်ရဲ့ စွမ်းအားဗဟိုချက်တွေ အားလုံးက ရပ်တန့်သွားပြီး မြေကြီးပေါ်ကို အပြင်းအထန် ကန်ထုတ်ခံလိုက်ရတော့တယ်။

ဒီအချိန်မှာတော့ ကြီးမြတ်သူလင်းယွမ်မှာ မသေမျိုးပုံစံ နည်းနည်းလေးမှ မကျန်တော့ဘူး။ သူရဲ့အဝတ်အစားတွေကလည်း မိုးကြိုးလျှပ်စီးတွေကြောင့် အပိုင်းပိုင်းအစစ ဆုတ်ပြဲသွားပြီး အဓိကအစိတ်အပိုင်းလေးကို ခဲခဲရင်းရင်း ဖုံးကွယ်ထားရတော့တယ်။ သူ့ရဲ့ဆံပင်တွေကလည်း မိုးကြိုးဒဏ်ကြောင့် တစ်ဝက်စီ နှစ်ခြမ်းကွဲပြီး ထောင်တက်နေတယ်။ မိုးကြိုးစွမ်းအင်တွေ ကျန်ရစ်နေသေးတဲ့ သူရဲ့မဲပြာတဲ့မျက်နှာကလည်း တဖြည်းဖြည်း လျှပ်စီးမိုးကြိုးတွေ စိမ့်ဝင်နေတဲ့တူးခြစ်နေတဲ့စွမ်းအင်တွေ ထုတ်လွှတ်နေတယ်။

မဟာအကြီးအကဲက ပြန်တိုက်ခိုက်ဖို့ အရည်အချင်း လုံးဝမရှိတော့ဘဲ မြေကြီးပေါ်မှာ လုံးဝလဲကျနေတဲ့ ကြီးမြတ်သူလင်းယွမ်ကို အေးစက်စက်မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး အထင်သေးစွာနဲ့ ပြောလိုက်တော့တယ်။

"ကဲ မင်း အခုဆက်ပြီး ရှင်းပြလို့ရပြီ"

...

All Chapters