အခန်း ၁၁၃
Vol. 8 Ch. 113
အပိုင်း (၁၁၃)
စူးလီက မျက်လုံးထဲမှာ ကိုယ်ချင်းစာတဲ့အရိပ်တစ်ခုနဲ့ အကြီးအကဲလဲ့ယောင်းဘေးက ဖုန်တက်ပြီး ဘာအရောင်အဝါမှမရှိတော့တဲ့ သိုလှောင်အိတ်ကို ကြည့်မိတော့တယ်။
အကြီးအကဲလဲ့ယောင်းက ဝိညာဥ်ကျောက်တုံးတွေကို ရှာဖွေဖို့အတွက် ဆယ်နှစ်ကျော်ကျော်လောက် ဆရာတစ်ယောက် လုပ်လာခဲ့တယ်လို့ သူမက တွက်ချက်မိတယ်။ မနားမနေ ကြိုးစားအားထုတ်မှုနဲ့ အလေးအနက်တာဝန်ယူမှုရှိတဲ့ သဘောထားတစ်ခုမှာ သူက သူ့အကြွေးကို သုညကနေ အနုတ်တစ်သောင်းပြတဲ့အထိ အောင်အောင်မြင်မြင် လျော့ချနိုင်ခဲ့တယ်။
ဘယ်လိုလုပ်ပြီး အရမ်းကိုသနားစရာကောင်းနေပါလိမ့် ...
အခုအချိန်ကစပြီး အကြီးအကဲလဲ့ယောင်းကလဲ ချန်းထျန်းဂိုဏ်းက တခြားအကြီးအကဲခေါင်းဆောင်တွေလိုပဲ ဂိုဏ်းထဲမှာ ဒီတိုင်းပဲနေတော့မယ် ထင်ပါတယ်။
ဒါက ဘယ်လို လူ့ဒုက္ခမျိုးပါလိမ့်...
ဒီအချိန်မှာပဲ စူးလီက ရုတ်တရက်ဆိုသလို တခြားလူတွေရဲ့ ဝမ်းနည်းဖွယ်အတွေ့အကြုံတွေကို သတိရသွားတယ်။ အကြီးအကဲလဲ့ယောင်းက တကယ်တော့ အဆိုးရွားဆုံး မဟုတ်သေးပါဘူး။
ရှန့်ဟော်တောင်ထွတ်သခင်က လူတွေကိုလှည့်စားတဲ့နေရာမှာ မအောင်မြင်ခဲ့တဲ့အပြင် ငွေနဲ့လိင်ကိုလည်း လှည့်ဖျားခံလိုက်ရသေးတယ်။ သူက မရေမတွက်နိုင်တဲ့ ဝိညာဥ်ကျောက်တုံးတွေကို ဆုံးရှုံးခဲ့ပြီး မဟာအကြီးအကဲရဲ့ ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်တာလည်း ခံခဲ့ရသေးတယ်။ သူကခန္ဓာကိုယ်၊ စိတ်နဲ့ ပိုင်ဆိုင်မှုတွေ ကြီးကြီးမားမား ဆုံးရှုံးခဲ့ရတယ်။
အကြွေး ဝိညာဥ်ကျောက်တုံး ၁.၂သန်းရှိသေးတဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးရဲ့တပည့် ကျောက်ရန်လောက်တော့ မဆိုးသေးပါဘူး။ သူကသူ့အကြွေးတွေကိုဆပ်ဖို့ ချွန်းရှန်းဂေဟာမှာ ဧည်ခံဖျော်ဖြေနေရသေးတယ် ထင်ပါတယ်။
ဒါနဲ့ ချန်းထျန်းဂိုဏ်းက ဆင်းရဲဖို့လိုအပ်တဲ့ ပြင်းထန်တဲ့ရောဂါတချို့များ ခံစားနေကြရတာလား။
အားလုံးရဲ့အတွေ့အကြုံက အရမ်းကိုမှသနားစရာ ကောင်းလွန်းလို့ ဒါကိုမြင်လိုက်တဲ့လူတိုင်းကို ဝမ်းနည်းစေပြီး ဒါကိုကြားလိုက်တဲ့လူတိုင်းကိုလည်း မျက်ရည်ကျတဲ့အထိ ဖြစ်ရစေတယ်။
စူးလီက နားမလည်နိုင်အောင် ဖြစ်နေတဲ့အချိန်မှာပဲ ပွဲလာကြည့်တဲ့ ချင်းမူတောင်ထွတ်သခင်က အကြီးအကဲလဲ့ယောင်းဆီကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့တယ်။
ချန်းထျန်းဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ အတွင်းစည်းတပည့်တွေက ထူးဆန်းတဲ့နည်းလမ်းတွေနဲ့ သူတို့ရှာဖွေရရှိထားတဲ့ ဝိညာဥ်ကျောက်တုံးတွေကို ဆုံးရှုံးခဲ့ရတယ်ဆိုပေမဲ့လည်း ...
အကြီးအကဲလဲ့ယောင်းရဲ့ ဝိညာဥ်ကျောက်တုံး ဆုံးရှုံးပုံကတော့... သူ့ကို သူ့တပည့်တွေက ချစ်မြတ်နိုးခံရတဲ့အတွက် လျော်ကြေးငွေအဖြစ် ဝိညာဉ်ကျောက်တုံးတွေကို ပေးချေခဲ့တာပဲ။ အဟမ်း... ဒါက သူ့ကို ဒီလိုပုံစံမျိုးတွေ့ရတာ တကယ်တမ်း ပထမဦးဆုံးအကြိမ်ပဲ။
အကြီးအကဲလဲ့ယောင်းရဲ့မျက်လုံးတွေက မှေးမှိန်ထုံထိုင်းနေတာကို မြင်လိုက်ရပြီး သူမရဲ့လေးလံတဲ့ခန္ဓာကိုယ်ကို မြင်လိုက်ရတဲ့အခါ သူက မလုံမလဲခံစားချက်တစ်ခုနဲ့ သူမကို နှစ်သိမ့်ရင်း ချောင်းဟန့်လိုက်တယ်။
"အကြီးအကဲလဲ့ယောင်း ကျုပ် တကယ်ပဲ စိတ်မကောင်းပါဘူး"
ဒီလိုပြောလိုက်ပြီးတဲ့နောက်မှာ သူက စိတ်ဆင်းရဲလို့ မဝသေးတဲ့ပုံပါပဲ။ သူက ခပ်တိုးတိုးလေး ပြောလိုက်တယ်။
"စိတ်မပူပါနဲ့ မင်းက ချန်းထျန်းဂိုဏ်းမှာ စိတ်အေးလက်အေးနဲ့ နေပြီး ဘာမှမလုပ်သရွေ့ မင်းရဲ့အကြွေးတွေက ဘယ်တော့မှ တက်လာမှာမဟုတ်ပါဘူး"
ဒီအချိန်မှာတော့ သူက သူစိမ်းတစ်ယောက်လို သူမရဲ့ပခုံးကို ပုတ်ပေးလိုက်တယ်။
"ဒါက ဝိညာဥ်ကျောက်တုံး အခုတစ်သောင်းလေးပါပဲ၊ ဒီလို စဥ်းစားကြည့်လိုက်ပါလား၊ ဝိညာဥ်ကျောက်တုံး သန်းချီအကြွေးတင်နေတဲ့လူတွေမှ အများကြီးရှိသေးတယ်လေ"
အကြီးအကဲလဲ့ယောင်းက သူရဲ့နှစ်သိမ့်စကားကို ကြားလိုက်ရတဲ့အခါ သူမရဲ့မျက်နှာပေါ်က အမူအရာက ပိုပြီးတော့ ရှုပ်ထွေးလာခဲ့တယ်။ သူမက ပါးစပ်ကိုဖွင့်လိုက်ပြီး တစ်ခုခု ပြောမယ်လို့ ပြင်လိုက်တဲ့အချိန်မှာပဲ သိပ်မဝေးလှတဲ့နေရာက နှလုံးကွဲကြေနေတဲ့ ငိုသံတစ်ခုကို ကြားလိုက်ရတယ်။
"တောင်ထွတ်သခင်မု ခင်များ ကျွန်တော့်ကို သနားစရာဖြစ်အောင် လုပ်ခဲ့တာပဲ"
သူမက အသံကိုကြားလိုက်ရပြီးတဲ့နောက်မှာ သူမရဲ့မျက်လုံးထဲက သုန်မှုန်ပြီး ရှုပ်ထွေးနေတဲ့ ခံစားချက်တွေက ရုတ်ခြည်းဆိုသလို အတင်းအဖျင်းကို စိတ်ဝင်စားတဲ့ပုံ ပေါက်သွားတော့တယ်။ စိတ်လှုပ်ရှားစရာပဲ ဘာပဲဖြစ်ဖြစ် ဝိညာဥ်ကျောက်တုံးတွေကို ရှာခဲ့နိုင်တာပဲလေ။ တကယ်လို့ ကိုယ့်ဟာကိုအတွက် ဝမ်းနည်းဖို့အချိန်ရှိတယ်ဆိုရင် ပတ်ဝန်းကျင်ကလူတွေရဲ့ သစ်သီးတွေကိုလည်း စားရအုံးမှာပေါ့။
အနည်းဆုံးတော့ ဒါက သူမကို နည်းနည်းလေး ပိုပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်လေ။
သူမက ရုတ်တရက် ခေါင်းကိုလှည့်လိုက်ပြီး ချင်းမုတောင်ထွတ်သခင်ကို ကြည့်လိုက်တယ်။ သူမရဲ့အသံထဲမှာလည်း ထိန်းချုပ်လို့မရနိုင်တဲ့ သိလိုစိတ်တွေအပြည့် ဖြစ်နေတယ်။
"ဆရာကြီးမု ရှင်က ဘယ်သူကိုမှ မပြောပြဘဲနဲ့ ငွေခိုးရှာနေတာလား"
ချင်းမုတောင်ထွတ်သခင်က အသံလာရာဘက်ကို တအံ့တသြနဲ့ လှည့်ကြည့်လိုက်တယ်။ သူက အကြီးအကဲလဲ့ယောင်းရဲ့ မေးခွန်းကို ကြားလိုက်တဲ့အချိန်မှာ စဥ်းစားမနေတော့ဘဲ ပြောလိုက်တယ်။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
"ကျုပ် အနားယူထားတာ နှစ်ပေါင်းသုံးဆယ်တောင် ရှိပြီပဲ"
သူ့စကားဆုံးသွားတာနဲ့ ချက်ချင်း အသံပိုင်ရှင်က သူတို့နှစ်ယောက်ရှေ့ကို ရောက်လာခဲ့တယ်။ ဒီလူက ဝဝဖိုင့်ဖိုင့် ဗိုက်ရွှဲရွှဲနဲ့ သူရဲ့ခန္ဓာကိုယ်ပေါ်မှာလည်း ဝိညာဥ်ကျောက်တုံးတွေ အဆင့်အမျိုးမျိုး စီချယ်ထားတယ်။ သူက အမောတကောနဲ့ သူ့လက်ကို ရင်ဘတ်ပေါ်မှာ ဖိထားလိုက်ပြီး သူရဲ့လက်ဆယ်ချောင်းအပေါ်မှာလည်း အကာအကွယ် မှော်လက်စွပ်တွေကို ဝတ်ဆင်ထားတယ်။
သူ့မှာ ဝိုင်းဝိုင်းစက်စက် ပါးပြင်တွေနဲ့ အလွန်မှ ဝဖိုင့်တဲ့မျက်နှာတစ်ခု ရှိတယ်။ သူရဲ့သေးငယ်ပြီး နူးညံ့တဲ့မျက်လုံးတွေက အခုတော့ ပြစ်တင်ရှုံ့ချနေတဲ့ ဒေါသအပြည့်ဖြစ်နေတယ်။ သူက သူရင်ဘတ်ကို အုပ်ထားပြီး သူရဲ့အသံကလည်း ကံမကောင်းတဲ့ မတရားမှုတစ်ခုကို ရင်ဆိုင်နေရသလို အင်မတန်မှ သနားစရာကောင်းနေတယ်။
"ဆရာကြီးမု ခင်ဗျားကလေ ကျုပ်ကို တကယ်ဒုက္ခပေးတာပဲ"
အစောပိုင်းက လူခွဲသွားပြီဖြစ်တဲ့ ချန်းထျန်းဂိုဏ်းကတပည့်တွေနဲ့ အဆင့်မြင့်ခေါင်းဆောင်တွေက တိတ်တိတ်လေး ပြန်စုဝေးလာကြပြီး နားစွန့်ထားကြတယ်။
တောင်ထွတ်သခင်မုက သူ့မျက်လုံးထဲမှာ လုံးဝနားမလည်နိုင်တဲ့ပုံနဲ့ လုံးဝမရင်းနှီးလှတဲ့မျက်နှာကို ကြည့်လိုက်တယ်။
"ဒါက...ရောင်းရင်း ခင်ဗျား လူအမှတ်မှားနေပြီထင်ပါတယ်။ ဟုတ်တယ်မလား"
လျိုချန်းရှန့်ရဲ့ နဂိုကမှသေးငယ်တဲ့မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်လာခဲ့တယ်။ သူက တောင်ထွတ်သခင်မုကို မယုံမကြည်နဲ့ ကြည့်လိုက်တယ်။ ဒေါသထွက်နေတဲ့အတွက်ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဆက်တိုက်တုန်ယင်နေတယ်။
"ခင်ဗျား တကယ်ပဲ ... အခုထက်ထိ ဝန်မခံသေးဘူးလား"
"ကျုပ်က ဘယ်လိုဖြစ်ပြီး လူ အမှတ်မှားရမှာလဲ။ အဲဒီတုန်းက ခင်ဗျား ကျုပ်အိမ်ကို လာခဲ့တုန်းက လူတွေကိုလိမ်ညာဖို့ ချန်းထျန်းဂိုဏ်းရဲ့ချင်းမုတောင်ထွတ်သခင်ဆိုတဲ့ နာမည်နဲ့လာခဲ့တာလေ"
"နောက်ပြီးတော့ ခင်ဗျားရဲ့ဒီမျက်နှာ၊ ခင်ဗျား ကျုပ်ကို သတ်သွားတယ်ဆိုရင်တောင် ကျုပ်ကဘယ်တုန်းကမှ လူအမှတ်မှားမှာ မဟုတ်ဘူး။ တောင်ထွတ်သခင်မုက သူ့အသံကို နားထောင်ရင်း တစ်ခုခုကို သတိရသွားတဲ့ပုံပဲ။ သူရဲ့အသံက တွေဝေနေတဲ့ အရိပ်အယောင်တစ်ခုကို သယ်ဆောင်ထားတယ်။
"ခင်ဗျားက... လျိုချန်းရှန့် ဟုတ်တယ်မလား။ လျိုမိသားစုသခင်ကြီးလေ"
"အဟမ်း ခင်ဗျားက လွန်ခဲ့တဲ့နှစ်သုံးဆယ်တုန်းကထက် နည်းနည်းလေး ပိုသန်မာလာတာကိုး။ ဒီတောင်ထွတ်သခင်က ခင်ဗျားကို ဒီတဒင်္ဂအတွင်း မှတ်တောင်မမှတ်မိတော့ဘူး..."
"ဆရာကြီးမုက ကိစ္စတွေကို အလွယ်တကူမေ့လျော့တတ်တဲ့ တကယ့်မြင့်မြတ်တဲ့လူပါပဲ"
လျိုချန်းရှန့်က အံ့ကြိတ်ထားလိုက်ပြီး နီရဲနေတဲ့မျက်လုံးတွေနဲ့ စကားကို တစ်ခွန်းချင်း ပြောလိုက်တော့တယ်။
"ဒီနေ့ ခင်ဗျားက ချန်းထျန်းဂိုဏ်းရဲ့ ချင်းမုတောင်ထွတ်သခင် ဖြစ်နေရင်တောင် ချန်းထျန်းဂိုဏ်းက ခင်ဗျားကိုကာကွယ်ဖို့ ကြိုးစားရင်တောင် ကျုပ်ကတော့ ကျုပ်ကိုယ်တိုင်အတွက် တရားမျှတမှုကို သေချာပေါက်ရှာဖွေရမယ်"
ဆရာကြီးမုက သူ့စကားကိုကြားလိုက်တဲ့အခါ သူ့မျက်လုံးတွေက လုံးဝကို နားမလည်နိုင်အောင် ဖြစ်သွားတော့တယ်။
သူ မှတ်မိသလောက်တော့ လျိုချန်းရှန့်က အချိန်အကြာကြီး ဆက်ခံသူတစ်ယောက်မှ မရှိခဲ့ဘူးလေ။ ဒီတော့ သူက ကလေးတစ်ယောက်ရဖို့အတွက် ငွေအများကြီးသုံးခဲ့တာပေါ့။
အဟမ်း သူကလည်း အဲ့ဒီတုန်းက ငွေကို မက်မောသွားတယ်လေ။ ဒီတော့ သူက ချန်းထျန်းဂိုဏ်းရဲ့ ဆရာကြီးဆိုတဲ့ဂုဏ်ကို ထုတ်သုံးပြီး သူအချိန်အကြာကြီး လေ့လာထားခဲ့တဲ့ ကလေးအများကြီး မွေးဖွားခြင်းအစီအရင်ကို လျိုချန်းရှန့်ရဲ့အိမ်တော်ထဲမှာ ချထားပေးခဲ့တာပေါ့။
သူ့ရဲ့ကလေးအများကြီးမွေးနိုင်တဲ့အစီအရင်က အသုံးမဝင်နိုင်ဘူးဆိုရင်တောင် လျိုမိသားစုသခင်ကြီးက ဆက်ခံသူ မရခဲ့တာဘဲ ရှိတာလေ။ ကျင့်ကြံသူတစ်ယောက်က သားသမီးရဖို့ဆိုတာ ခက်ခဲတယ်။ ကံတရားကလည်း ခန့်မှန်းလို့ရတာ မဟုတ်ဘူး။ သားသမီးမရှိဘူးဆိုရင်တောင် လျိုချန်းရှန်ရဲ့လက်ရှိ သဘောထားနဲ့တော့ ဒီလိုပြောဖို့ မထိုက်တန်ဘူးလေ။ ဟုတ်တယ်မလား။
ရုတ်တရက်ဆိုသလို တောင်ထွတ်သခင်မုက တစ်ခုခုကို သတိရသွားတဲ့ပုံပဲ။ သူ့ကျောပြင်က အနည်းငယ်မတ်သွားပြီး သူ့အသံကလည်းပိုပြီး ထည်ဝါလာတော့တယ်။
"ကျွန်တော် မှတ်မိပါသေးတယ်။ သိပ်မကြာခင်တုန်းက ဒီတောင်ထွတ်သခင်က နေရာဟောင်းကို အလည်ပြန်ရောက်လာတယ်။ ဒါပေမဲ့ လျိုသခင်ကြီးမှာ ကလေးတွေ အများကြီးရှိလာပြီး သားတစ်ယောက်နဲ့ သမီးတစ်ယောက်တောင် ပိုင်ဆိုင်ထားတယ်လို့ စျေးသည်တွေဆီက ကြားခဲ့တယ်"
“ဒီတောင်ထွတ်သခင်ရဲ့ ကလေး အများကြီး မွေးဖွားနိုင်တဲ့အစီအရင်က တကယ်အသုံးဝင်တယ်ဆိုတာ သိသာနေတာပဲ။ သခင်ကြီးလျိုက သူ့အကြွေးကို ရှောင်လွှဲဖို့ကြိုးစားနေတာပဲ"
သူ့စကားဆုံးသွားတဲ့နောက်မှာ လျိုသခင်ကြီးရဲ့မျက်နှာက မျှော်လင်မထားဘဲ ပိုပြီးဝမ်းနည်းလာတဲ့ပုံ ဖြစ်လာတယ်။ သူရဲ့ရင်ဘတ်ကလည်း ကြမ်းကြမ်းတမ်းတမ်း နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး သူက အချိန်အကြာကြီး ပါးစပ်ကို ဖွင့်ထားမိကာ စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ဖြစ်သွားတော့တယ်။
စူးလီက အင်မတန်မှ ဒေါသထွက်နေပေမဲ့လည်း အနည်းငယ်ရှက်ရွံ့နေတဲ့ လျိုသခင်ကြီးကို ကြည့်လိုက်ပြီး အကြောင်းတစ်ခုခုကြောင့် အကြောင်းအရင်းကို ရှာဖွေချင်စိတ် ဖြစ်သွားတော့တယ်။
[ဟားဟားဟား ဒီလျိုသခင်ကြီးမှာ သားတစ်ယောက် သမီးတစ်ယောက်ထက် ပိုရှိနေတာပဲ။ သူ့မှာ သားသမီးအယောက် ၇၀ ကျော်တောင်ရှိတယ်တဲ့...]
[နှစ်၃၀အတွင်းမှာ သားသမီး ၇၆ယောက်ကို မွေးခဲ့သတဲ့ !...!...!]
ဒီနေရာမှာလာပြီး ခိုးနားထောင်နေကြတဲ့ ချန်းထျန်းဂိုဏ်းက လူအားလုံးက မှင်တက်အံ့သြသွားတော့တယ်။ ဒီကလေးမွေးဖွားခြင်းအစီအရင်က အရမ်းကို အသုံးဝင်တာတဲ့လား။
လျိုမိသားစုသခင်ကြီးက ရွှေအမြုတေကျင့်ကြံခြင်း နောက်ဆုံးအဆင့်ရောက်နေတာကို သတိထားမိလိုက်ကြပြီး ပြင်ပအကူအညီသာ မရဘူးဆိုရင် သူက ကလေးလေး၊ ငါးယောက်ထက် ပိုရှိလိမ့်မှာ မဟုတ်ဘူးဆိုတာ အတိအကျပဲ။ ဒါပေမဲ့ အခုကျတော့သူ့မှာ ကလေး ၇၀ ကျော်တောင်ရှိနေတယ်တဲ့။
အထူးသဖြင့် တာအိုစုံတွဲဖြစ်လာခဲ့တဲ့ ချန်ထျန်းဂိုဏ်းက အကြီးအကဲခေါင်းဆောင်တွေက အခုထက်ထိ ကလေး မရကြသေးဘူးလေ။ သူတို့ အားလုံးက လှပတဲ့မျက်လုံးတွေနဲ့ မုဆရာကြီးကို ကြည့်လိုက်ကြတယ်။
အပြင်လောကကလာတဲ့အသံက နောက်တစ်ခွန်းကို ပြောလိုက်တဲ့အချိန်အထိပဲ။
[ဟားဟားဟား သနားစရာကောင်းလိုက်တာ ကလေးအယောက် ၇၀ ကျော်မှာ သူ မနေ့တုန်းက စစ်ဆေးခဲ့တယ်လေ။ တစ်ယောက်မှ သူ့ကလေးတွေ မဟုတ်ဘူးတဲ့! ]
[ကလေးအရင်းက တစ်ယောက်မှတောင် မပါဘူးတဲ့လေ ဟားဟားဟား ...]
[ဒီကလေးအများကြီးရနိုင်တဲ့အစီအရင်က တကယ် အံ့သြစရာကောင်းတာပဲ။ ဟားဟားဟား...]
[ဒါက အသုံးမဝင်ဘူးလို့ ပြောလိုက်တယ်နော်၊ ဒါပေမဲ့လည်း အစီအရင်ချပြီးသွားတဲ့နောက်မှာတော့ ကလေးအယောက် ၇၀ ကျော်တောင် ရှိလာတယ်လေ။ ဒါကိုများ အသုံးမဝင်ဘူးလို့ ပြောတတ်တယ်၊ ဟားဟားဟား ကလေးအရင်း တစ်ယောက်မှ မပါတာကလွဲလို့ပေါ့]
ဒီအသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကြီးမြတ်သူလင်းယွမ်ကိစ္စကို ခုမှဖြေရှင်းပြီးလာတဲ့ ချန်းထျန်းဂိုဏ်းချုပ်ကြီးက ရုတ်တရက် သူ့မျက်လုံးထဲမှာ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးသွားပြီး နောက်ကို တိတ်တိတ်လေး ခြေနှစ်လှမ်းပြန်ဆုတ်လိုက်တယ်။ အစောပိုင်းက အတိုင်းအတာတစ်ခုအထိ စိတ်လှုပ်ရှားသွားကြတဲ့ တခြားလူတွေကလည်း လုံးဝကို မထူးဆန်းတော့တဲ့ပုံစံ ဖြစ်သွားကြတယ်။
ဆရာကြီးမုဖုန်းက ကောင်းကင်ကလာတဲ့အသံရဲ့ ထိန်းမနိုင်သိမ်းမရ ရယ်သံကို နားထောင်လိုက်ပြီး သူ့မျက်နှာပေါ်က ယုံကြည်မှုနဲ့ ထည်ဝါတဲ့အမူအရာတွေက ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားတော့တယ်။
ဒီအချိန်မှာပဲ သူက ရုတ်တရက်ဆိုသလို လျိုမိသားစုသခင်ကြီးရဲ့မျက်နှာကို မကြည့်ရဲအောင် ဖြစ်သွားတယ်။
လျိုမိသားစုသခင်ကြီးမှာ ကလေးအရင်းတစ်ယောက်မှ မရှိဘူးဆိုတာ တကယ်ပဲလား။
မဟုတ်လောက်ပါဘူး ... မဖြစ်နိုင်ဘူး မဟုတ်လား။
ကောင်းကင်ကလာတဲ့အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ လျိုမိသားစုသခင်ကြီးက စိတ်ပျက်လက်ပျက်နဲ့ သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ ကျင့်ကြံခြင်းအဆင့်ကို လှမ်းကြည့်လိုက်တယ်။ အခြေခံအားဖြင့်တော့ သူတို့အားလုံးက ရွှေအမြုတေကျင့်ကြံခြင်းအဆင့် အထက်မှာပဲရှိနေကြတယ်။
ဒါကိုမြင်လိုက်ရတဲ့အခါ သူက ရုတ်တရက်ဆိုသလို စိတ်အားတက်ကြွသွားပြီး ဘာတစ်ခုကိုမှ ဖုံးကွယ်မနေတော့ဘဲ ဆရာကြီးမုဖုန်းကို အော်ပြောလိုက်တော့တယ်။
"အမှန်ပဲ၊ ခင်ဗျားရဲ့ ကလေးမွေးဖွားခြင်းအစီအရင် ချထားပြီးကတည်းက ကျုပ်အိမ်က ဇနီးသည်တွေနဲ့ ကိုယ်လုပ်တော်တွေအားလုံးက ကိုယ်ဝန်ရှိလာကြတယ်။ ဒါပေမဲ့ မနေ့ကမှ ကျုပ် စစ်ဆေးကြည့်လိုက်တော့ သူတို့ထဲကတစ်ယောက်ကမှ ကျုပ်ကလေးတွေ မဟုတ်ဘူးဆိုတာကို တွေ့လိုက်ရတယ်"
"ကျုပ်ရဲ့ ကလေးအရင်း တစ်ယောက်မှတောင် မပါဘူးဗျ"
"ခင်ဗျား ကျုပ်အိမ်ထဲမှာ ဘယ်လိုမှော်အစီအရင်တွေချခဲ့တာလဲ ကျုပ် တကယ်ပဲ တကယ့်ကိုပဲ..."
"ခင်ဗျား ကျုပ် အပေါ်တင်ထားတဲ့ အကြွေးတွေကို ဘယ်လိုနည်းလမ်းနဲ့ ပြန်ဆပ်မှာလဲ..."
စူးလီက သူရဲ့မျက်ရည်အပြည့် စွပ်စွဲမှုတွေကို နားထောင်လိုက်ပြီး သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို တွေးတွေးဆဆနဲ့ ကြည့်လိုက်တယ်။
[သခင်ကြီးလျိုက အဲ့လောက်အထိ စိတ်ပျက်လက်ပျက် ဖြစ်နေတာလဲ မဆန်းတော့ဘူးလေ။ သူ့မှာ တရားဝင်မိန်းမတစ်ယောက်နဲ့ ကိုယ်လုပ်တော်ပေါင်း အယောက် ၃၀ကျော်ရှိတယ်။ သူတို့တစ်ယောက်ချင်းစီမှာ အခြေခံအားဖြင့်တော့ ကလေးတစ်ယောက် နှစ်ယောက်လောက် ရှိရမှာ ...]
[ဒီအဓိပ္ပာယ်က ...]
[ကလေးမွေးဖွားခြင်း အစီအရင်ချထားပြီးတဲ့နောက်မှာ သူ့မိန်းမတွေနဲ့ ကိုယ်လုပ်တော်တွေ အားလုံးက သူ့ကို လှည့်စားသွားခဲ့တာပေါ့... တစ်ယောက်မှ မကျန်ခဲ့ကြဘူးလေ...]
[ကလေးမွေးဖွားခြင်း အစီအရင် မချခင်တုန်းကတော့ ဘယ်သူက တံတိုင်းပေါ် ကျော်တက်ခဲ့တယ်ဆိုတာ ဘယ်သူမှ မသိဘူးလေ။ ဒါပေမဲ့လည်း ကလေးမွေးဖွားခြင်း အစီအရင် ချထားပြီးတဲ့နောက်မှာတော့ သူတို့အားလုံးက သေချာပေါက် အပြင်ထွက်ခဲ့ကြတာပဲ...]
[သခင်ကြီးလျိုက အိမ်တံခါးအထိ ရောက်လာတာလည်း တကယ်မဆန်းတော့ဘူးလေ။ သူ လုပ်ပေးခဲ့တဲ့ အစီအရင်တစ်ခုက ကြာကူလီအယောက် ၃၀ကျော်ကို မွေးဖွားပေးခဲ့တာကိုး ဟားဟားဟား...]
[ဒါက ကလေးမွေးဖွားခြင်းအစီအရင်လား၊ ဒါမှမဟုတ် မက်မွန်ပွင့်ဖူးခြင်း အစီအရင်များလား...]
အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့စကားလုံး တစ်လုံးချင်းစီမှာ ဆရာကြီးမုဖုန်းရဲ့မျက်နှာက ပိုပြီးတော့ ဖြူဆုတ်လာပြီး နောက်ဆုံးမှာတော့ ချွေးအေးတွေအများကြီး သူ့နဖူးပေါ်မှာ စိမ့်ထွက်လာတော့တယ်။
သူ့အသံကလည်း တုန်ယင်ပြီးတော့ မြှောက်ပင့်ပြောဆိုနေရတယ်။
"သခင်ကြီးလျိူ ကျွန်တော် တကယ်မသိခဲ့ရပါဘူး ... အဟွတ် ဒီလို စိတ်နှလုံးကွဲကြေရတဲ့ကိစ္စမျိုး ဖြစ်ခဲ့သတဲ့လား။ ကျုပ် တကယ်ပဲ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်"
သခင်ကြီးလျိုရဲ့ လက်ရှိအခြေအနေကို ကြည့်ရတာကတော့ သူကဝိညာဥ်ကျောက်တုံးတွေ လုံးဝရှားပါးနေမဲ့ပုံ မဟုတ်ဘူးလေ။
သူက ဝိညာဥ်ကျောက်တုံးတွေ ရှားပါးနေတယ်ဆိုရင်တောင် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ကျော်အတွက် ကလေးအယောက် ၇၀ ကျော်ရဲ့ ကုန်ကျစရိတ်က ... သူ ဒါကိုတော့ တကယ်မတတ်နိုင်ဘူးနော်။
သူ ဒီမှော်အစီအရင်ကိုချပေးခဲ့တုန်းက ဝိညာဥ်ကျောက်တုံး ၃သောင်းပဲ ရှာနိုင်ခဲ့တာလေ။ အခုတော့ သူက ဒီဝိညာဥ်ကျောက်တုံး ၃သောင်းကို ဆုံးရှုံးရတော့မှာလား။
ဒီလိုစဥ်းစားလိုက်ပြီး ဆရာကြီးမုဖုန်းရဲ့မျက်နှာက ဖြူဆုတ်သွားတော့တယ်။ သူ့မျက်လုံးထဲမှာလည်း စိတ်ပျက်လက်ပျက် အမူအရာအပြည့်ဖြစ်သွားတယ်။
နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီပဲ။ ဝိညာဥ်ကျောက်တုံးဆုံးရှုံးရတဲ့ ဒီလိုကံတရားမျိုးကလည်း နောက်ထပ်နှစ် ၃၀ ကျော်အထိ ဆက်ပြီးသွားနေအုံးမှာလား။
သူက အကြွေးဆပ်ဖို့ သူ့ရဲ့သိုင်းပညာကိုရောင်းချဖို့ ချွန်းရှန်းဂေဟာကို သွားဖို့လိုလာပြီလားလို့ စဥ်းစားလိုက်တဲ့အချိန်မှာပဲ အပြင်လောကကဆက်ပြီးတော့ ပြောလိုက်တယ်။
[ဟဲ့ တစ်ခုခုမှားနေပါတယ်လို့ ငါပြောသားပဲ... ]
[လွန်ခဲ့တဲ့နှစ် ၃၀ တုန်းက သူ ကလေးမရှိခဲ့တဲ့ အချိန်တုန်းက လျိုမိသားစုသခင်ကြီးက မင်ထျန်းမြို့ထဲက ဝိညာဥ်ကျောက်တုံး နည်းနည်းလေးပဲ ပိုင်ဆိုင်တဲ့ ဆိုင်ရှင်တစ်ယောက်ပဲလေ။ သူရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း အုတ်မြစ်တည် ကျင့်ကြံခြင်းအဆင့်ပဲ ရှိသေးတာပဲ]
[သူ ပထမကလေးကို ရလာကတည်းက သူ့ဆိုင်ကလည်း စပြီးတော့ တဖြည်းဖြည်း ပိုပြီးကြီးမားလာခဲ့တယ်...]
[နောက်ပိုင်းကျတော့ ကလေးတစ်ယောက်ရလာရင် ဝိညာဥ်ကျောက်တုံးတွေက ပိုပြီးရှာဖွေနိုင်လာလေပဲ။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း ဆက်ပြီးတော့ တိုးတက်လာခဲ့တယ်။ အခုဆိုရင် မင်ထျန်းမြို့ရဲ့ ရှေ့ပြေးခေါင်းဆောင် မိသားစုကြီးတစ်ခု ဖြစ်လာပြီး သူ့ကျင့်ကြံခြင်းကလည်း ရွှေအမြုတေကျင့်ကြံခြင်း နောက်ဆုံးအဆင့်ကို ရောက်သွားပြီ]
ဒါိကိုတွေ့လိုက်တဲ့အခါ စူးလီက လျိုမိသားစုသခင်ကြီးရဲ့ ကံတရားကို ခံစားမိလိုက်ပြီး ရုတ်တရက် သဘောပေါက်သွားတော့တယ်။
[ဒါက ကလေးအများကြီးရမှ ချမ်းသာမဲ့ ရှားမှရှားတဲ့ ကံကြမ္မာပဲ]
[သူ့ကလေးတွေက ကလေးအရင်း မဟုတ်ဘူးဆိုပေမဲ့လည်း သူ ရရှိခဲ့တဲ့ကံကောင်းခြင်းကတော့ အမှန်စင်စစ်ပဲလေ။ ဘဝမှာ တစ်ခုခုမရခင် တစ်ခုခုကိုစွန့်လွှတ်ရတာက သဘာဝပဲပေါ...]
အပြင်လောကကလာတဲ့အသံကို ကြားလိုက်တဲ့အခါ သခင်ကြီးလျိုရဲ့ ဝမ်းနည်းစိတ်ပျက်နေတဲ့ အမူအရာက ရုတ်တရက် အေးခဲသွားတော့တယ်။
ကလေးအများကြီးရမှ ချမ်းသာတဲ့ဘဝဆိုတာ ... ဘာအဓိပ္ပာယ်လဲ။ သူရဲ့ဆိုင်လုပ်ငန်းက ချင်းအာကို မွေးပြီးကတည်းက အများကြီးတိုးတက်လာတာကို ပြန်စဥ်းစားမိလိုက်တယ်။ ဒါပေမဲ့ ဒါက အမျိုးသမီးကျင့်ကြံသူတွေကြားထဲမှာ အထူးတလည် နာမည်ကြီးတဲ့ မျက်နှာချေတစ်မျိုးကို မမျှော်လင့်ဘဲ ဝယ်ခဲ့မိတဲ့အတွက်ကြောင့် မဟုတ်ဘူးလား။ နောက်ပိုင်းဖြစ်သွားတဲ့ ကိစ္စတွေကတော့ သူက ကိုယ်လုပ်တော်တွေ အများကြီး ထပ်ရှိလာပြီး ကလေးတွေလည်း အများကြီး ရှိလာတယ်လေ။ ဒီတော့ သူက ဒီကိစ္စကို ထပ်ပြီးအများကြီး ဂရုမစိုက်ခဲ့မိဘူး...
သူက မျက်မှောင်ကျုံ့ပြီး စဥ်းစားနေမိတဲ့အချိန်မှာပဲ အပြင်လောကကလာတဲ့အသံကို ဝိုးတဝါးကြားလိုက်တယ်။
[ဒါပေမဲ့လည်း ကလေးတွေ အများကြီးရှိသွားပြီး ချမ်းသာခြင်းကို ပိုင်ဆိုင်ဖို့ဆိုရင် ဒါပေါ့လေ ရှင်က သူတို့တွေကို ကိုယ့်ကလေးအရင်းလို သဘောထားမှပဲ ဒီကံကောင်းခြင်းကို မ,စခံရမှာပေါ့...]
[ကျွတ်ကျွတ် လျိုသခင်ကြီးက ကလေးတွေကို ထင်းတဲထဲမှာ ပိတ်လှောင်ထားသတဲ့]
[ကလေးအယောက် ၇၀ ကျော်ဆိုတော့ လျိုမိသားစုရဲ့ ထင်းတဲကြီးက တကယ့်ကို အကြီးကြီးပဲပေါ့...]
[ကြည့်လိုက်ပါအုံးမယ် အခုဆိုရင် လျိုသခင်ကြီးရဲ့ဆိုင်က ပြသာနာတွေ အများကြီးရှိနေတဲ့ပုံပဲ]
အပြင်လောကကအသံ ပြောလိုက်တဲ့စကားအပြီးမှာပဲ လျိုသခင်ကြီးရဲ့ဘေးက ဆက်သွယ်ရေးပစ္စည်းက မီးလင်းလာခဲ့တယ်။ သူက ဆက်သွယ်ရေးပစ္စည်းကို ကောက်ကိုင်လိုက်တော့ တစ်ဖက်က ဘဏ္ဍာထိန်းရဲ့အသံက စိုးရိမ်တကြီးပုံစံနဲ့ ထွက်လာတယ်။
"သခင်ကြီး ကျေးဇူးပြုပြီး အခုချက်ချင်း ပြန်လာပေးပါအုံး။ ကျင်းယီဆိုင်မှာ ပြဿနာအကြီးကြီး ဖြစ်သွားပြီ"
လျိုမိသားစုသခင်ကြီးက အပြင်လောကကအသံ အခုလေးတင် ပြောလိုက်တဲ့စကားကို ရုတ်တရက် ပြန်စဥ်းစားမိသွားပြီး တွေဝေမနေဘဲ ပြောလိုက်တော့တယ်။
"ထင်းတဲထဲက သခင်လေးနဲ့ သခင်မလေးတွေကို မြန်မြန်လွှတ်ပေးလိုက်"
အဲ့လိုပြောလိုက်ပြီးတဲ့နောက်မှာ သူက မလုံလောက်သေးဘူးလို့ ခံစားရပြီး သူ့အသံကို ထပ်မြှင့်လိုက်တယ်။
"မြန်မြန်လုပ် သူတို့တွေကို ကောင်းကောင်းဆက်ဆံနော်၊ ဂရုမစိုက်ဘဲ ပစ်မထားကြနဲ့"
ဆက်သွယ်ရေးပစ္စည်းရဲ့ တစ်ဖက်ခြမ်းကလူက ရုတ်တရက် မှင်တက် အံ့သြသွားတယ်။
"ဒါပေမဲ့ သခင်ကြီး သခင်ကြီးမေ့သွားပြီလား။ သခင်လေးနဲ့ သခင်မလေးတွေက... သခင်ကြီးရဲ့ သားသမီးအရင်းတွေ မဟုတ်ဘူးလေ..."
"တိတ်စမ်း"
လျိုမိသားစုသခင်ကြီးက ဆုံးဖြတ်ချက်တချို့ကို ချပြီးတဲ့ပုံပဲ။ သူ့ရဲ့အသံက ခိုင်မာပြတ်သားနေတယ်။
"ငါ မနေ့က မှားသွားခဲ့တာ။ သူတို့တွေအားလုံးက ငါ့ကို အချိန်အကြာကြီး အဖေလို့ ခေါ်လာခဲ့ကြတာပဲ။ ဒါကြောင့် ငါကလည်း သူတို့တွေကို ငါ့ကလေးအရင်းလို သဘောထားရမှာပေါ့"
"သူတို့အားလုံးကို မြန်မြန်ထုတ်ပေးလိုက်။ အခုအချိန်ကစပြီး သူတို့တွေက မင်းရဲ့သခင်လေးနဲ့ သခင်မလေးတွေပဲ"
အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့စကားက မှန်တယ်။ အမြတ်ရှိရင် အရှုံးလည်း ရှိရမှာပေါ့။
သူ့မှာ သားသမီးအရင်းမရဖို့ ကံမပါလာပေမဲ့လည်း သူကဒီ ကလေးတွေကို ကောင်းကောင်း ချစ်မြတ်နိုးပေးလို့ရတာပဲ။
သူက ဒီကလေးတွေကို နှစ်သုံးဆယ်တိုင်အောင် ပြုစုစောင့်ရှောက်ပေးလာရတာ သူ့အငယ်ဆုံးသားလေးဆိုရင် အခု ခြောက်နှစ်တောင်ရှိပြီ။ ဒီတော့ သူက သူတို့အပေါ် သံယောဇဥ်တွေ ဖြစ်လာပြီးပြီပဲ။
နောက်ပြီးတော့ လျိုမိသားစုကလည်း ပြီးခဲ့တဲ့နှစ်သုံးဆယ်အတွင်း သူတို့ရဲ့စီးပွားရေးတွေကို ဒီလောက်အများကြီး ချဲ့ထွင်လာခဲ့တယ်။ ရန်သူတွေလည်း အများကြီးပဲ တကယ်လို့ လျိုမိသားစုရဲ့ စီးပွားရေးမှာ တစ်ခုခု အမှားအယွင်း ဖြစ်သွားခဲ့မယ်ဆိုရင် လျိုမိသားစုရဲ့ သားသမီးတွေက အရင်း ဟုတ်တယ် မဟုတ်ဘူးဆိုတာက လျိုမိသားစုရဲ့အုတ်မြစ်နဲ့ နှိုင်းယှဥ်လို့မရဘူးလေ။
ဒီလိုစဥ်းစားလိုက်ပြီး သူက ဆရာကြီးမုဖုန်းနဲ့ ဆက်ပြီးငြင်းခုံဖို့ ဆန္ဒမရှိတော့ဘဲ လျိုမိသားစုအိမ်တော်ကို မြန်မြန်ပြန်သွားတော့တယ်။
အာဏာကို မြှောက်ပင့်ပြီး အားနည်းသူကို အနိုင်ကျင့်တတ်တဲ့ သူ့အစေခံတွေကို ကိုယ်တိုင် မစောင့်ကြည်ခဲ့ဘူးဆိုရင် သူ စိတ်အေးနိုင်မှာ မဟုတ်ဘူးလေ။
ဆရာကြီးမုက အလောတကြီး ထွက်သွားတဲ့ လျိုသခင်ကြီးရဲ့ ကျောပြင်ကို ကြည့်လိုက်မိတယ်။ သူရဲ့ခြေထောက်တွေက အားနည်းချိနဲ့သွားတော့တယ်။ သူရဲ့ပေါင်းစပ်ကျင့်ကြံခြင်း အဆင့်ကလည်းပဲ သူ့ခန္ဓာကိုယ်ကို ထိန်းမထားနိုင်ဘဲ ဖြစ်သွားတယ်။ တော်ပါသေးရဲ့။ သခင်ကြီးလျိုက ဒီတစ်ကြိမ် သူ့ကိုဝိညာဥ်ကျောက်တုံးတွေ ပြန်ဆပ်ခိုင်းဖို့ မလိုအပ်ပေလို့ပဲ။
သူ တကယ်ပဲ ဒါကို မတတ်နိုင်ဘူးလေ။
နှစ်သုံးဆယ်ကြာပြီးတဲ့နောက်မှာ အကြွေးရှင်တစ်ယောက်က သူ့အိမ်တံခါးကို ရောက်လာလိမ့်မယ်လို့ ဘယ်သူထင်ထားမိမှာလဲ။
ဆရာကြီးမုက လွန်ခဲ့တဲ့နှစ် ၃၀ တုန်းက သူ့အကြွေးကြောင့် အစီအရင်ချပေးမဲ့တာဝန်ကို ရူးရူးမိုက်မိုက် လက်ခံမိတဲ့ပုံကို ပြန်ပြီးစဥ်းစားမိလိုက်တယ်။ အခုလေးတင်မှ အနည်းငယ် အဆင်ပြေလာတဲ့သူမျက်နှာက ဖြူဆုတ်သွားတော့တယ်။
အဲ့ဒီအချိန်တုန်းက သူအားအင်တွေ အများကြီး ဘယ်ကရခဲ့တယ်ဆိုတာတော့ ဘုရားပဲ သိပါလိမ့်မယ်။ သူက တစ်နှစ်အတွင်းကို တာဝန်တွေ ၁၂ခုမက လက်ခံခဲ့တယ်လေ။ စုစုပေါင်းဆယ်နှစ်ကျော် အချိန်ယူခဲ့ရတယ်...
မှော်အစီအရင်ပေါင်း အခု၁၀၀လောက်ပေါ့။
နောက်ပြီးတော့ အဲ့ဒီတုန်းက သူကမှော်အစီအရင်ကို လေ့လာနေတဲ့အချိန်လေ...
တကယ်လို့များ မှော်အစီအရင်တွေထဲက ... တစ်ခု၊ နှစ်ခု၊ သုံးခုသာ ပြဿနာတွေ အများကြီး ရှိလာခဲ့မယ်ဆိုရင် ...
အကြွေးသန်းပေါင်းများစွာက လက်တစ်ကမ်း အလိုလောက်မှာပဲ။
ချန်းထျန်းဂိုဏ်းက တကယ် အန္တရာယ်ကင်းသွားပြီလား။ ခဏနေကျရင် အကြွေးရှင်တွေက သူ့ကို ဒီနေရာမှာ လာရှာအုံးမှာလား။ နောက်ဆုံး သူက အလုပ်လုပ်တဲ့အချိန်တိုင်း ချန်းထျန်းဂိုဏ်းရဲ့ ချင်းမုတောင်ထွတ်သခင်ဆိုတဲ့ နာမည်နဲ့ လုပ်လာခဲ့တာလေ...
ဒီလိုစဥ်းစားလိုက်ပြီး တောင်ထွတ်သခင်မုက ရုတ်တရက် သူ့ခေါင်းကိုလှည့်လိုက်ပြီး အကြီးအကဲလဲ့ယောင်းကို ပြောလိုက်တော့တယ်။
"အကြီးအကဲ ဂိုဏ်းချုပ်ကြီးနဲ့ တခြားသူတွေကို ကျုပ် ခရီးသွားတယ်လို့ ပြောပေးပါအုံး။ ကျုပ် ဘယ်အချိန် ပြန်လာမလဲဆိုတာကတော့ မသိဘူး"
သူက ပြောရင်းဆိုရင်း မြင့်မြတ်တောင်ထွတ် မြန်မြန်ပျံသန်းသွားတော့တယ်။
"ချင်းမုတောင်ထွတ်ကိုတော့ ခင်ဗျား သဘောအတိုင်းပဲ..."
ဖြစ်စဥ်တစ်ခုလုံးကို စောင့်ကြည့်လာခဲ့တဲ့စူးလီက ထူးဆန်းတဲ့ အမူအရာတစ်ခုနဲ့ တောင်ထွတ်သခင်မုရဲ့ ကျောပြင်ကို ကြည့်နေမိတယ်။
အစောပိုင်းတုန်းက ရွှင့်ချန်ဂိုဏ်းနဲ့ ဝမ့်ကျန့်ဂိုဏ်းမှာ ဖရဲသီးစားတုန်းကဆိုရင် ဒီဂိုဏ်းနှစ်ခုမှာ ပြဿနာတချို့ ရှိတယ်ဆိုတာကို ခံစားမိပေမဲ့လည်း သူမက ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ဘူးလေ။
အဟမ်း။ ဟုတ်တာပေါ့။ အကြောင်းကလည်း ဂိုဏ်းနှစ်ခုနဲ့ပတ်သက်တဲ့ ဖရဲသီးတွေကလည်း အရမ်းကို ထိတ်လန့်စရာကောင်းတယ်လေ။ ဒါကပဲ သူမကို အကြောင်းအရာတချို့တွေ ကို မျက်စိလျှမ်းသွားစေတာပေါ့။
ဒါပေမဲ့ ချန်ထျန်းဂိုဏ်းကတော့...
ဒီဖရဲသီးတွေကို စားခဲ့ပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်က တစ်ဝက်ဆုတ်ပြဲနေတဲ့ အမှန်တရားကို ယူလာပြီး သူမ ခေါင်းပေါ် လာပြစ်ချနေသလိုပဲ။
ဒါက အရမ်းကို သိသာတယ်လေ။ သိသာနေတာမှ သူမမှာ ဒါကို လျစ်လျူရှုလို့တောင် မရဘူး။ အရင်က ဂိုဏ်းနှစ်ခုမှာ ပြဿနာရဲ့အရင်းအမြစ်ကို စဥ်းစားမိလိုက်ပြီး သူမက သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို တွေးတွေးဆဆနဲ့ ပြန်ဖွင့်ကြည့်လိုက်တယ်။
[ကြည့်ရတာ ချန်ထျန်းဂိုဏ်းက ဒီဓာတ်ငါးမျိုးမှာ ဝိညာဥ်ကျောက်တုံးတွေ လိုအပ်နေတာပဲ...]
[ချန်ထျန်းဂိုဏ်းမှာ ဘာတွေမှားနေလဲဆိုတာ ကြည့်လိုက်ပါအုံးမယ်]
အခုလေးတင်မှ ဖရဲသီး စားလို့ပြီးသွားပြီး ပြန်တော့မယ် ပြင်နေကြတဲ့လူတွေက ရုတ်တရက် ရပ်လိုက်ကြတယ်။
ချန်ထျန်းဂိုဏ်းချုပ်ကြီးကတော့ ပိုပြီးတည်ငြိမ်ပြီး မျှော်လင့်တကြီး ဖြစ်နေတယ်။ ချန်းထျန်းဂိုဏ်းရဲ့ ကံတရားက လတ်တလော အပြောင်းအလဲဖြစ်နေတာက နှစ်ပေါင်းတစ်ထောင်ကြာပြီးတိုင်းမှာ ဖြစ်တတ်တဲ့ ပုံမှန်အလေ့အကျင့်လို့ပဲ သူက ထင်ထားခဲ့တာလေ။
လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်တုန်းကလည်း ချန်းထျန်းဂိုဏ်းကလည်း ဒီလိုရှုပ်ထွေးတဲ့ကံတရားတစ်ခု ဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း သူက ဆယ်စုနှစ်တစ်ခုပြီးသွားတဲ့အခါ ပြန်ကောင်းသွားခဲ့တာပဲ။
ဒီတော့ ချန်းထျန်းဂိုဏ်းရဲ့ အကြီးအကဲခေါင်းဆောင်တွေက တော်တော်လေး ဒုက္ခရောက်ခဲ့ကြပေမဲ့လည်း သူတို့တွေက ဒီကိစ္စကိုသိပ်ပြီး အလေးအနက် မထားခဲ့ကြဘူးလေ။
ဧကန္တ ချန်းထျန်းဂိုဏ်းရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး ဒီတစ်ကြိမ်ပြဿနာက ပုံမှန်မဟုတ်ဘဲ တစ်ခုခု ဖြစ်နေတာများလား။
တကယ်လိုများ ကောင်းကင်ကလာနဲ့အသံက အကြောင်းအရင်းကို တကယ်ပဲ ဖော်ထုတ်ပေးနိုင်မယ်ဆိုရင်...
[ဟယ် ချန်းထျန်းဂိုဏ်းက လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်တုန်းကလည်း ပြဿနာတွေဖြစ်ခဲ့တာပဲ။ အဲ့ဒီတုန်းက... ဟားဟားဟား ချန်းထျန်းဂိုဏ်းရဲ့ အကြီးအကဲခေါင်းဆောင်တွေ အားလုံးက မကောင်းတဲ့ မက်မွန်ပွင့်တွေနဲ့ တွေ့ကြုံခဲ့ရတာတဲ့လား]
[ဟားဟားဟား ဒီမကောင်းတဲ့မက်မွန်ပွင့်တွေက ဘယ်လောက်တောင်များ ဆိုးရွားလွန်းလို့ ချန်းထျန်းဂိုဏ်းရဲ့ အကြီးအကဲတွေအားလုံးကို မသေမချင်း တစ်ကိုယ်တည်းဖြစ်နေအောင် ခြိမ်းခြောက်နေတာလဲ...]
[ဟားဟားဟား ဒီကိစ္စက သူတို့ခန္ဓာကိုယ်နဲ့စိတ်ကို ဘယ်လောက်ထိတောင်မှ ထိခိုက်စေခဲ့လိုလဲ]
[ဒီတစ်ခါကျရင်တော့ ရှင်တို့တွေက ရှင်တို့ရှာထားတာထက် အနည်းဆုံးနှစ်ဆလောက် ဆုံးရှုံးရလိမ့်မယ်]
[တစ်နည်းပြောရရင်တော့ ရှင်တို့တွေက အလုပ်ကြိုးစားလေလေ ပိုပြီးတော့ဆင်းရဲလေလေပေါ့]
အားလုံးက စိတ်ဝင်တစားနဲ့ နားထောင်နေကြပြီး အသက်တောင် မရှုရဲတော့ဘူး။ စိုးရိမ်တဲ့အသံတစ်ခု ရုတ်တရက်ပေါ် ထွက်လာခဲ့တယ်။
“အိုး သွားပါပြီ ကြီးမြတ်သူချုံးမင်က ဂိုဏ်းတူအစ်ကို ကျစ်ယီကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်မိသွားပြီ”
"ဂိုဏ်းတူအကိုကျစ်ယီရဲ့ စွမ်းအားဗဟိုချက်တွေက ပြင်းပြင်းထန်ထန် ထိခိုက်မိသွားတယ်။ သူ့အသက်ရှုသံကလည်း အားနည်းလာပြီ။ ဂိုဏ်းချုပ်ကြီးနဲ့ အကြီးအကဲတို့ တစ်ချက်လောက် သွားကြည့်သင့်တယ်"
စူးလီက အသံကိုကြားလိုက်ပြီး ကောင်းကင်စာအုပ်ကို မသိစိတ်က လှန်လှောကြည့်မိသွားတယ်။
[ကျီစစ်ယီ... အကြီးအကဲချုံးမင်ရဲ့သားပဲ]
[အလို ဘယ်လို နက်ရှိုင်းတဲ့အမုန်းတရားက ဒီလိုသေကွင်းသေကွက် သိုင်းကွက်တစ်ခုကို ထုတ်မိတာတဲ့လဲ]
သူမက ကောင်းကင်စာအုပ်ကို ကြည့်နေရာမှ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်တယ်။
ချန်ထျန်းဂိုဏ်းရဲ့ပြဿနာတွေကို ကောင်းကင်စာအုပ်ထဲမှာ အချိန်မရွေး ဖတ်လို့ရတယ်လေ။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးနဲ့ လွဲသွားရင်တော့ ဒါက နောက်တစ်ခါ ပြန်ပြီးတွေ့ကြုံရမှာ မဟုတ်ဘူး။]
...