အခန်း ၁၁၄
Vol. 8 Ch. 114
အပိုင်း (၁၁၄)
လင်ချီတောင်ထွတ်။
ဆရာကြီးချုံးမင်က ကျီစစ်ယိ လဲကျသွားတာကို မြင်လိုက်တဲ့အခါ သူ့မှာ စဥ်းစားမနေနိုင်တော့ဘဲ ချက်ချင်းဆိုသလို သူ့ဘေးကို ရောက်လာပြီး ဝိညာဥ်ရတနာနဲ့ သူ့သိုလှောင်အိတ်ထဲက ဝိညာဥ်ရတနာနဲ့ ဆေးလုံးတွေကို သူ့ပါးစပ်ထဲ ထည့်ပေးလိုက်တယ်။
သူက ကျီစစ်ယိရဲ့ လက်တစ်ဖက်ကို ကိုင်ထားပြီး တုန်ယင်နေတဲ့ခံစားချက်ကို မျိုသိပ်ထားရင်း သူ့ခန္ဓာကိုယ်ထဲမှာ ပြင်းထန်တဲ့ ဝိညာဥ်စွမ်းအားတွေကို စုစည်းလိုက်ပြီး ကျီစစ်ယိရဲ့ခန္ဓာကိုယ်ထဲကို ဝိညာဥ်စွမ်းအားတွေ တစ်မျှင်ချင်း လွှဲပြောင်းပေးလိုက်တယ်။
ဒီအချိန်မှာတော့ ကပျာကယာနဲ့ အကူအညီသွားတောင်းကြတဲ့ လင်ချီတောင်ထွတ်ကနေထွက်သွားတဲ့ သူ့နောက်က အပြင်စည်းတပည့်တွေကို ဂရုမစိုက်နိုင်တော့ဘူး။
ကျီစစ်ယိရဲ့အသက်ရှူသံ ပုံမှန်ပြန်ဖြစ်လာတဲ့အခါ ဆရာကြီးချုံးမင်က နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး သူ့မျက်လုံးထဲမှာလည်း ကြောက်ရွံ့တဲ့အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။
သူက ကျီစစ်ယိကို ဘယ်လောက်ပဲ ဆူဆဲနေပါစေ။ ဘယ်လောက်ပဲ အမျက်ဒေါသထွက်နေပါစေ။ ကျီစစ်ယိက သူ့သားလေ။ သူက ဘယ်လိုလုပ်ပြီး သူ့ကို ထိခိုက်အောင် လုပ်ရက်မှာလဲ။ သူက ဒီအတိုင်း...
အကြီးအကဲချုံးမင်က မသိမသာ မျက်မှောင်ကျုံ့ထားလိုက်တယ်။ သူ ခုနတုန်းက ဒီလောက်များပြားနဲ့ ဝီညာဥ်စွမ်းအင်တွေကို မသုံးခဲ့ပါဘူး။ သူက ဒီအတိုင်း ဒေါသထွက်ချင်ဟန်ဆောင်ခဲ့တာပဲရှိတာ။ ရွှေအမြုတေ အဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ ရိုက်ချက်ဆိုတာ ကလိထိုးတာထက် နည်းနည်းလေးပဲ ပိုပြင်းထန်တာပဲရှိတာပါ။ ယိအာက ဘယ်လိုဖြစ်ပြီး ဒီလောက်ဆိုးဆိုးရွားရွား ဒဏ်ရာရသွားပါလိမ့်။
ဒီလိုစဥ်းစားလိုက်ပြီး သူက အသက်ရှုသံ ပုံမှန်ပြန်ဖြစ်လာတဲ့ ကျ်ီစစ်ယိကို ကြည့်လိုက်ပြီး စိုးရိမ်စိတ်နဲ့ တည်ငြိမ်စိတ် ရောနှောနေတဲ့ အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ယိအာ မင်းဘယ်တုန်းက ဒဏ်ရာရသွားတာလဲ။ မင်းဘယ်လို ဒဏ်ရာရသွားခဲ့တာလဲ"
သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကျီစစ်ယိက သူ့ရင်ဘတ်ထဲက နာကျင်မှုကို သည်းခံထားရင် ဆရာကြီးချုံးမင်ရဲ့ လက်မောင်းပေါ်ကနေ ထရပ်လိုက်တယ်။ အေးစက်စက် အပြုံးတစ်ခုနဲ့ သူက ပြောလိုက်တယ်။
"ကျွန်တော် အခု အသက်ရှင်ပြီးတော့ ကောင်းကောင်းမွန်မွန် ရှိနေတယ်။ ကျွန်တော်က စိတ်ပျက်သွားစေတယ် မဟုတ်လား"
ဆရာကြီးချုံးမင် သူ့စကားကို ကြားလိုက်ရပြီး အင်မတန်မှ ဒေါသထွက်သွားတော့တယ်။ သူ့သွေးတွေကလည်း လှိုက်တက်လာတော့တယ်။ ဒါပေမဲ့လည်း ကျီစစ်ယိရဲ့ ဖြူဆုတ်နေတဲ့မျက်နှာကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ ဒေါသအရိပ်အယောင်တစ်ခု ရှိနေပေမဲ့လည်း သူ့ရဲ့စိုးရိမ်စိတ်ကတော့ လုံးဝ ပျောက်ကွယ်မသွားခဲ့ဘူး။ သူက လေးနက်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"မင်းရဲ့အဖေက ဘယ်လိုလုပ်ပြီး မင်း ဒုက္ခရောက်တာကို မျှော်လင့်ရက်မှာလဲ"
သူက ပြောလက်စစကားကို ရပ်ထားလိုက်ပြီး ကျီစစ်ယိရဲ့စွမ်းအားဗဟိုချက်ကို စုစည်းတုန်းက မူမမှန်တဲ့အချက်ကို ပြန်စဥ်းစားလိုက်ပြီး သူ့မျက်ခုံးတွေက မနေနိုဘဲ တွန့်ချိုးသွားတော့တယ်။
"မင်းဒီနှစ်ရက်မှာ ယွမ်ယင်းရဲ့ထိခိုက်မှုတွေ ရှိခဲ့တာလား"
"လေ့ကျင့်တဲ့အခါမှာ လုံးဝ စိတ်မရှည်ဖြစ်လို့ မရဘူးလို့ ငါ မင်းကို ဘယ်နခါပြောရမှာလဲ၊ မင်းရဲ့ရွှေအမြုတေကျင့်ကြံခြင်းအဆင့်က ဒါကိုစလုပ်ဖို့ တည်ငြိမ်မှုမရှိသေးဘူးလေ။ မင်းလုပ်လို့မရ..."
"အဖေက အဖြေကို သိရဲ့သားနဲ့ မေးခွန်းတွေကို တကယ် မေးနေတာပဲ"
ကျီစစ်ယိရဲ့အသံက သူ့စကားတွေကို ကြားလိုက်ရတဲ့အခါ ပိုပြီးအေးစက်လာခဲ့ပြီး သူ့ရဲ့ငယ်ရွယ်နုပျိုလှတဲ့ မျက်လုံးထဲမှာလည်း လုံးဝကို ခံစားကြည့်လို့မရတဲ့ ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ပါသွားတယ်။ သူက ခေါင်းကိုမော့ထားလိုက်ပြီး ခေါင်းမာမာနဲ့ပြောလိုက်တယ်။
"ကျွန်တော် ဒီမှာလုပ်နေတဲ့ အရာတွေအားလုံးကို တစ်ယောက်ယောက်က အဖေ့ဆီကို သတင်းပို့ပေးနေတယ် မဟုတ်ဘူးလား"
"ကျွန်တော်က ဘာကိုမှမတောင်းဆိုဘဲနဲ့ ယွမ်ယင်းကို တိုက်ခိုက်နေတာကို အဖေက သိတဲ့အပြင် ကျွန်တော် ကျရှုံးသွားတဲ့အချိန်ကိုစောင့်ဆိုင်းပြီး ကျွန်တော့်ကို လှောင်ပြောင်ဖို့ စောင့်နေတာ မဟုတ်လား။ ဒါကအဖေ့ရဲ့ ကြီးမြတ်သူချုံးမင်ဆိုတဲ့ အခွင့်အာဏာကို ထုတ်ပြဖို့ပဲ မဟုတ်လား"
ကြီးမြတ်သူချုံးမင်က ပိုပြီးတော့ မျက်မှောင်ကျုံ့လာတယ်။ သူ့ရဲ့အသံကလည်း အနည်းငယ် ဒေါသထွက်လာတော့တယ်။
"မင်းရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ဖို့ ငါဘယ်တုန်းက လူလွှတ်ထားလို့လဲ"
"ငါ ဒီနေ့ မင်းရဲ့စွမ်းအင်ဗဟိုချက်ကို ပေါင်းစည်းပေးတဲ့အချိန်ကျမှ ဒီပြဿနာကို သိသွားတာ။ ငါက ဘယ်လိုလုပ်ပြီး ဒီကိစ္စကိုကြိုသိနိုင်မှာလဲ"
"မဟာယနကျင့်ကြံသူ ဆရာကြီးတစ်ယောက်က သူ လုပ်ထားတဲ့ကိစ္စတွေအတွက် တာဝန်ယူရဲတဲ့သတ္တိ မရှိဘူးလား"
ကျီစစ်ယိရဲ့အသံက သူရဲ့ရှင်းပြချက်ကို ကြားလိုက်ပြီးတဲ့နောက်မှာ သရော်လှောင်ပြောင်သံ စွက်သွားတော့တယ်။
"ဒါဆိုရင် အကြိမ်တိုင်းမှာ အဖေက ဘာဖြစ်လို့ ကျွန်တော်ရဲ့ လက်ရှိအခြေအနေကို အတိအကျ ပြောနိုင်နေတာလဲ"
"အစကတည်းက ကျွန်တော်က ကြောက်ရွံ့ပြီး သတ္တိနည်းတယ်ဆိုပေမဲ့ ရှေ့တိုးလာတဲ့အချိန်တိုင်းမှာပဲ အဖေက သတင်းကို ချက်ချင်းရခဲ့တယ် မဟုတ်ဘူးလား"
"အဲ့ဒီတစ်ခါတုန်းကလည်း ကျွန်တော်က သုံးရက်လောက် မလေ့ကျင့်တာပဲ ရှိပါတယ်။ အဖေက ကျွန်တော့် အခန်းတံခါးကို မစဥ်းမစားနဲ့ ရောက်လာခဲ့တယ်လေ။ ပြီးတော့ အဖေက စောင့်ကြည့်နေတာ မဟုတ်ဘူးလို့ ပြောနေတယ် ဟုတ်လား"
ဆရာကြီးချုံးမင်က သူ့စိတ်ထဲက သူ ပြောနေတဲ့စကားလုံးတွေကို ပြန်လည်ချေပရင်း ပင့်သက်တစ်ချက်ရှိုက်ကာ မာတင်းတင်းနဲ့ရှင်းပြလိုက်တယ်။
"အဲ့ဒီတုန်းကတော့ မင်းက ငယ်သေးတယ်လေ။ ဒါကြောင့်မို့လို့ ငါက မင်းကို ပိုပြီးဂရုစိုက်စေချင်လို့ လူတွေကို အကူအညီတောင်းထားခဲ့တာ"
"ဒါပေမဲ့ မင်းက ဒါကို မကြိုက်ဘူးလို့ ပွင့်ပွင်းလင်းလင်း ပြောကတည်းက ငါ တခြားလူတွေကို မခိုင်းတော့ဘူးလေ..."
ဒီအချိန်မှာတော့ သူက နောက်ထပ်တစ်ခွန်းနဲ့ ထပ်ရှင်းပြလိုက်တယ်။
"အဲ့ဒီတုန်းက မင်း ရက်တော်တော်ကြာအောင် မလေ့ကျင့်ခဲ့ဘူး။ ဒါကလည်း မင်းရဲ့ ဂိုဏ်းတူအစ်ကို ..."
"တော်ပါတော့"
ကျီစစ်ယိရဲ့အသံက ရုတ်တရက်ဆိုသလို ပိုပြီးကျယ်လောင်လာခဲ့တယ်။
"ဟုတ်ပါတယ်၊ အကြိမ်တိုင်းလိုလိုပဲ အဖေက ကျွန်တော့်သတင်းတွေကို ဒီအတိုင်း မတော်တဆ ကြားခဲ့တာ"
သူက ဣန္ဒြေပျက်သွားတာကို သိလိုက်ရပြီးတဲ့နောက်မှာ သူရဲ့အခြေအနေကို မြန်မြန် ပြန်လည်ထိန်းညှိထားလိုက်ပြီး သူ့အသံကလည်း ဘာမှဂရုမစိုက်တဲ့ပုံစံ ဖြစ်သွားတယ်။
"အဖေကတော့ စောင့်ကြည့်မနေပါဘူးလို့ ပြောခဲ့တယ်။ အဲ့ဒီနောက်မှာတော့ အဲ့လိုဟုတ်မနေဘူးလေ"
တိုက်ရိုက်အပြစ်တင်နေတဲ့ သူ့ရဲ့လေသံကို နားထောင်ပြီးတဲ့နောက်မှာ ဆရာကြီးချုံးမင်က ခုနတုန်းကရှိခဲ့တဲ့ စိတ်ရှည်မှုတွေက လုံးဝပျောက်ဆုံးသွားပြီး သူရဲ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ကာ ဒေါသတကြီး ပြောလိုက်တော့တယ်။
"မင်းကငါ့သားပဲ၊ ငါ မင်းကို စောင့်ကြည့်နေတော့ရော ဘာဖြစ်လဲ"
နှစ်ယောက်ကြားက ငြင်းခုံနေတဲ့အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ ဘေးမှာရှိနေတဲ့ အပြင်စည်းတပည့်က ရင်ဘတ်နားရောက်တဲ့အထိ ခေါင်းကို ငုံထားလိုက်တော့တယ်။ အချိန်မရွေး ဆွဲထည့်ခံရမှာ ကြောက်တဲ့အတွက် သူက ကြောက်လန့်တကြားနဲ့ပါပဲ။ သူသာ စောစောသိခဲ့မယ်ဆိုရင် အကူအညီ တောင်းဖို့အတွက် တခြားတောင်ထွတ်ဆီကို သူရဲ့ဂိုဏ်းတူအစ်ကိုနောက် အဖော်လိုက်လာခဲ့မှာ မဟုတ်ဘူး။
ဒီအချိန်မှာတော့ သူတို့ဘေးက အပြင်စည်းတပည့်ကို ဘယ်သူမှ သတိမထားမိကြဘူး။ ကျီစစ်ယိက ဆရာကြီးချုံးမင်ရဲ့ ဝန်ခံလိုက်တဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူ့မျက်လုံးထဲမှာ ဝမ်းနည်းမှုနဲ့ ဒေါသအရိပ်အယောင်တွေ ပေါ်ထွက်လာခဲ့တယ်။ သူက အံ့ကြိတ်ထားလိုက်ပြီး ပြောလိုက်တော့တယ်။
"ဟုတ်ပါတယ် ကျွန်တော်က ဘာတတ်နိုင်မှာလဲ"
"တကယ်လို့ အဖေက ကျွန်တော့်ကို လက်ဝါးတစ်ချက်နဲ့ သတ်ပစ်မယ်ဆိုရင်တောင် ကျွန်တော်က နာနာခံခံနဲ့ လက်ခံလိုက်ရုံပဲ မဟုတ်လား"
သူရဲ့စွပ်စွဲသံကို ကြားလိုက်ရတဲ့အခါ ဆရာကြီးချုံးမင်က သူ အခုလေးတင် တိုက်ခိုက်ခဲ့တဲ့ပုံကို ပြန်စဥ်းစားမိသွားတယ်။ သူမျက်လုံးထဲက ဒေါသတွေကလည်း ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားတယ်။ သူက ပြောစရာစကား ပျောက်ဆုံးသွားပြီး အကြည့်လွှဲ ထားလိုက်တော့တယ်။ သူက ဒီလိုအချိန်မျိုးဆိုရင် ဒီလိုပဲလုပ်နေတတ်ခဲ့တာပဲ...
ဒါက တကယ်တမ်းတော့ သူ့အမှားပါပဲလေ၊ ယိအာက အမြဲတမ်း အရမ်းကိုခေါင်းမာခဲ့တာ သူ ဒါကိုသိတာလည်း ကြာနေပြီပဲ။ ခုနတုန်း သူ ဘာဖြစ်လို့ ကိုယ့်ဟာကို မထိန်းချုပ်မိနိုင်ပါလိမ့်။
ဘာပဲဖြစ်ဖြစ်ပါ သူခုနတုန်းက ဒီလိုမတိုက်ခိုက်သင့်ဘူးပဲ။
သူက ဒီလိုစဥ်းစားလိုက်ပြီး အခြေအနေအေးချမ်းသွားအောင် စကားပြောတော့မယ် ပြင်လိုက်တဲ့အချိန်မှာပဲ စိုးရိမ်ပူပန်နေတဲ့အသံတစ်ခုက သူ့ကို ဖြတ်ပြောလိုက်တယ်။
"ဆရာကြီး၊ ဂိုဏ်းတူညီလေး ဘာဖြစ်သွားသေးလဲ"
ကျီယွမ်ရှန်းက မျက်နှာပေါ်မှာ စိုးရိမ်နေတဲ့ရုပ်တစ်ခုနဲ့ သူတို့နှစ်ယောက်ဆီကို ရောက်လာတယ်။ ကျီစစ်ယိက အန္တရာယ်ကင်းကင်း ရှိနေတာကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူက စိတ်အေးသွားတဲ့ပုံဖြစ်သွားပြီး သူ့မျက်နှာကလည်း ပုံမှန်အတိုင်း သိမ်မွေ့ပြီး ဘာမှမဖြစ်တော့တဲ့ပုံစံ ပြန်ဖြစ်သွားတယ်။
သူ့အသံကတော့ နည်းနည်းစိုးရိမ်နေပြီး ရင်းနှီးနေတဲ့ပုံပေါ်တယ်။
"ဂိုဏ်းတူညီလေး မင်း ဘာမှမဖြစ်လို့ ငါဝမ်းသာပါတယ်"
ဒီအချိန်မှာတော့ သူက တင်းမာနေတဲ့မျက်နှာထားနှစ်ခုနဲ့ လူနှစ်ယောက်ကို လှမ်းကြည့်လိုက်ပြီး ချောင်းဟန့်လိုက်ကာ ဆရာကြီးချုံးမင်အတွက် ဖျန်ဖြေပေးတော့တယ်။
"ဂိုဏ်းတူညီလေး မင်းလည်း ဆရာရဲ့ဒေါသကို သိသားပဲ။ ဆရာက ဂိုဏ်းတူညီလေးရဲ့အကြောင်းကိုပဲ စဥ်းစားနေတာပါ။ ဂိုဏ်းတူညီလေးက ... ဆရာ့ကို မမုန်းဖို့ ငါမျှော်လင့်ပါတယ်"
"တကယ်တမ်းကျတော့ ဆရာကြီးက ပုံမှန်ဆိုရင် ဂိုဏ်းတူညီလေးကို အများကြီး ဂရုစိုက်ပါတယ်။ ဒီနေ့က ပိုလို့တောင်..."
"တော်ပါတော့"
ကျီစစ်ယိရဲ့မျက်နှာက သူ့ရဲ့နားချတဲ့စကားလုံးတွေကို ကြားလိုက်ရတဲ့အခါ ပိုပြီးဆိုးရွားလာတယ်။ ဒါက လောင်နေတဲ့မီးပေါ် ဆီကို ထပ်လောင်းထည့်လိုက်သလိုပဲ။ သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး စကားတစ်ခွန်းချင်းစီ ပြောလိုက်တော့တယ်။
"သတိပေးခဲ့တဲ့အတွက် ဂိုဏ်းတူအစ်ကိုကို ကျေးဇူးတင်ပါတယ်"
ဒီအချိန်မှာတော့ ကြီးမြတ်သူချုံးမင်က နောက်ဆုံးတော့ ကျီယွမ်ရှန်းကို ကြည့်လိုက်တယ်။ သူ့ရဲ့ဇွဲလုံ့လရှိလှတဲ့ ကျင့်ကြံခြင်းအဆင့်ကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူ့မျက်လုံးထဲမှာ စိတ်အေးသွားတဲ့ အရိပ်အယောင်တစ်ခု ဖျတ်ခနဲလက်သွားတယ်။
"တစ်လလောက် သီးသန့်ကျင့်ကြံခြင်းလုပ်ပြီးတဲ့အခါ မင်းရဲ့အဆင့်က ယွမ်ယင်းအလယ်အဆင့်ကို ရောက်သွားပြီပဲ။ မဆိုးဘူး"
"ဆရာ ဆရာကအရမ်းကို ကြင်နာတတ်လှပါတယ်"
ကျီယွမ်ရှန်းက ဦးညွှတ်လိုက်ပြီး ခေါင်းကိုငုံ့ထားလိုက်တယ်။ ဒါပေမဲ့လည်း သူ့မျက်လုံးထဲမှာတော့ မှောင်မည်းသွားတဲ့ အရောင်တစ်ခု လက်သွားတယ်။
ကျီစစ်ယိက သူ့နှုတ်ခမ်းတွေကို တင်းနေအောင်စေ့ထားလိုက်ပြီး ကြီးမြတ်သူချုံးမင်ရဲ့ ချီးကျူးစကားတွေကို နားထောင်လိုက်တယ်။ သူက သူ့မျက်လုံးထဲက အားကျတဲ့စိတ်ကိုတောင် သတိမထားမိလိုက်ဘူး။ သူက အေးစက်စက်နဲ့ ပြောလိုက်တော့တယ်။
"ခင်ဗျားတို့တွေ ဆရာတပည့်ကြားက နက်ရှိုင်းတဲ့ချစ်ခြင်းတရားတွေကို ပြသချင်တယ်ဆိုရင်လည်း တခြားနေရာကို သွားရှာကြ။ ကျွန်တော် ပြန်သွားပြီးတော့ ကုသလိုက်အုံးမယ်"
သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကျီယွမ်ရှန်းရဲ့ မျက်လုံးထဲမှာ အရင်ကလိုပဲ တူညီတဲ့စိုးရိမ်မှုအပြည့် ဖြစ်သွားတယ်။
"ဒါဆိုရင် ဂိုဏ်းတူညီလေးက ကိုယ့်ဟာကိုသေချာပေါက် ဂရုစိုက်ရမယ်နော်"
သူ့စကားဆုံးသွားပြီးတဲ့နောက်မှာ သူက တစ်ခုခုကို သတိရသွားတဲ့ပုံနဲ့ သူ့အသံက ပိုပြီးတော့ တည်ငြိမ်လာခဲ့တယ်။
"ခုနတုန်းက တပည့်ထင်ထားတာက ဂိုဏ်းတူညီလေးက အပြင်းအထန် ဒဏ်ရာရသွားတယ်ပေါ့။ အလန့်တကြားနဲ့ သူက တခြားမြင့်မြတ်တောင်ထွတ်တွေဆီကို အကူအညီ သွားတောင်းခဲ့တယ်လို့ ထင်လိုက်တာ"
"တခြားကြီးမြတ်သူတွေနဲ့ အကြီးအကဲတွေကလည်း လင်ချီတောင်ထွတ်ကို ခဏနေ ရောက်လာတော့မယ်ထင်တယ်"
အဲ့ဒီအပြင်စည်းတပည့်တွေက အဲ့လောက်အထိ ဆူညံ့မနေဘူးဆိုရင် သူက ဘယ်လိုလုပ်ပြီး စောစောစီးစီး ထွက်လာနိုင်မှာလဲ။
ကျီယွမ်ရှန်းက ရေးကြီးခွင်ကျယ် လုပ်ခဲ့တဲ့ တပည့်ကို သူ့စိတ်ထဲမှာ အကြိမ်ကြိမ် ကျိန်ဆဲလိုက်တော့တယ်။
အပြင်လောကက အခုတလော ချန်ထျန်းဂိုဏ်းကို အရမ်းကို အာရုံစိုက်နေခဲ့တာလေ။ ဒီလောက်ကြီးမားတဲ့ ဆူညံသံက သူ့ကို သေချာပေါက် ဆွဲဆောင်နေမှာပဲ။
တော်ပါသေးရဲ့။ သူက လင်ချီတောင်ထွတ်မှာ ရှိနေပေလို့ပဲ။ သူက ဆူညံသံကို ကြားလိုက်ရတဲ့အချိန်မှာ အလောတကြီး အပြေးရောက်လာတာဆိုတော့ ဒါက ဒီကိစ္စကို တားမြစ်နိုင်ဖို့ လုံလောက်သင့်ပါတယ်။
ဒီအချိန်မှာတော့ ချန်ထျန်းဂိုဏ်းချုပ်ကြီးက လင်ချီတောင်ထွတ်ကို ရောက်နှင့်နေပြီး သူနောက်မှာလဲ အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေ တပည့်တွေ အများကြီးတောင် ပါလာသေးတယ်။
လူအုပ်အကြီးကြီးတစ်ခုက သူတို့သုံးယောက်ရှေ့မှာ ဆင်းသက်လာခဲ့တယ်။ ချန်ထျန်းဂိုဏ်းချုပ်ကြီးက မျက်နှာက အနည်းငယ် ဖြူဆုတ်နေပေမဲ့ အသက်ရှူသံကတော့ တည်ငြိမ်နေတဲ့ ကျီစစ်ယိကို လှမ်းကြည့်လိုက်ပြီး စိတ်အေးသွားကာ သက်ပြင်းချလိုက်ရင်း ပြောလိုက်တော့တယ်။
"ငါရဲ့တူတော်မောင် အဆင်ပြေရဲ့လား"
အဲ့ဒီနောက်မှာတော့ သူက ကြီးမြတ်သူ ချုံးမင်ဖက်ကို လှည့်ပြီး တလေးတစားနဲ့ ပြောလိုက်တော့တယ်။
"အကြီးအကဲရယ် တစ်ခါတစ်လေတော့ ခင်ဗျားလည်း ခင်ဗျားရဲ့ဒေါသကို ထိန်းသင့်ပါတယ်"
"စစ်ယိက အမြဲတမ်း လိမ်လိမ်မာမာနဲ့ သိတတ်တဲ့သူပါ၊ ခင်ဗျားက... ဘာပဲဖြစ်ဖြစ်ပါ။ ရက်စက်တဲ့လက်ကိုတော့ မသုံးသင့်ဘူးလေ"
ချန်ထျန်းဂိုဏ်းရဲ့ တခြားအကြီးအကဲတွေကလည်း ဘာတစ်ခွန်းမှ မပြောဘူးဆိုပေမဲ့ သူတို့ရဲ့မျက်လုံးထဲမှာတော့ ထောက်ခံမှုအပြည့် ဖြစ်နေတယ်။
ကြီးမြတ်သူချုံးမင်ရဲ့မျက်နှာက အေးခဲသွားတော့တယ်။ ဒါပေမဲ့လည်း သူက ကိုယ့်ဟာကိုခုခံဖို့ ဘာတစ်ခွန်းမှ မပြောလိုက်ဘူး။
ဒီအချိန်မှာပဲ ကျီယွမ်ရှန်းက လင်ချီတောင်ထွတ်ပေါ်ကလူတွေကို ကြည့်လိုက်ပြီး အံကြိတ်ထားလိုက်မိတော့တယ်။ သူက သူတို့တွေကို ထွက်သွားဖို့ ပြောတော့မဲ့ဆဲဆဲမှာပဲ သူ့ကို ခြောက်လှန့်နေတဲ့ အသံတစ်ခုက ရုတ်တရက်ဆိုသလို ထွက်လာတော့တယ်။
[ကျီစစ်ယိက အရိုက်ခံရပြီးတော့ အသက်ထွက်တော့မလို ဖြစ်သွားတယ်လို့ သူတို့တွေ ပြောခဲ့တယ် မဟုတ်လား]
[အသက်ထွက်တော့မလို့တဲ့လား၊ သူက ဒီအတိုင်း အသက်တိုနေတာ မဟုတ်ဘူးလား]
စူးလီက အန္တရာယ်ကင်းသွားပြီး သူရဲ့နဂိုပန်းရောင်အသားအရေကို ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ ကျီစစ်ယိကို တစ်ချက်ကြည့်လိုက်တယ်။ သူမက ပျင်းပျင်းရိရိနဲ့ သမ်းဝေလိုက်ပြီး ကောင်းကင်စာအုပ်ကို လှန်လှောနေတဲ့ လှုပ်ရှားမှုကိုတောင် အရှိန်လျော့လိုက်သေးတယ်။
[ခုနတုန်းက ကျီစစ်ယိက ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့တယ်ဆိုတာက သူက ယွမ်ယင်းကို အားအင်အပြည့် ကြိုးစားတိုက်ခိုက်ပြီး ရှုံးနိမ့်ခဲ့လို့ဖြစ်နေတာကိုး]
[သူရဲ့စွမ်းအင်ဗဟိုချက်က ဒဏ်ရာရပြီးသား ဖြစ်နေပြီလေ။ သူက သူ့အဖေရဲ့ရိုက်နှက်တာ ခံလိုက်ရတယ်။ ဒါက ပြင်းထန်တဲ့ဒဏ်ရာတစ်ခု ဖြစ်သွားတာပေါ့]
[ဒါပေမဲ့ ဒီကြီးမြတ်သူချုံးမင်ကလည်း ပြဿနာရှိနေတာပဲ။ သူက သူ့သားရဲ့အသားအရေ ပုံမှန်မဟုတ်တာကို အစကတည်းက သတိမထားမိခဲ့တဲ့အပြင် သူက သားဖြစ်သူကိုလည်းပဲ တကယ်ရိုက်နှက်ခဲ့သေးတယ်]
ကြီးမြတ်သူချုံးမင်က ဒီစကားကို ကြားလိုက်ရတဲ့အခါ အနည်းငယ် တအံ့တသြ ဖြစ်သွားတော့တယ်။ သူ့မျက်လုံးထဲမှာလဲ ကိုယ့်ဟာကို့ပြစ်တင်တဲ့ အရိပ်အယောင် ဖျတ်ခနဲ လက်သွားတယ်။ သူ ယိအာကို တွေ့လိုက်တဲ့အချိန်တုန်းက ယိအာ မူမမှန်ဖြစ်နေတာကို တကယ်ပဲ သတိမထားမိခဲ့ဘူးလေ။
အဲ့ဒီအစား...
ဒီအချိန်မှာတော့ အပြင်လောကကအသံက ဆက်ပြီးပြောလိုက်တယ်။
[အကြီးအကဲချုံးမင်က ဘာဖြစ်လို့ အဲ့လောက်ဒေါသထွက်သွား...]
[ကျွတ်ကျွတ် သူက နေ့တစ်ဝက်လောက် ဂရုတစိုက်လုပ်ထားတဲ့ မက်မွန်ပွင့်ဟင်းရည်က ကျီစစ်ယိဆီကို ယူလာတဲ့အချိန်မှာပဲ မှောက်သွားတာကိုး...]
[ဟင်းရည်က မှောက်သွားတဲ့အပြင် ကျီစစ်ယိရဲ့ လှောင်ပြောင်သရော်တာကိုလည်း ခံလိုက်ရသေးတယ်။ သူ အဲ့လောက် ဒေါသထွက်သွားတာလည်း မဆန်းတော့ဘူးပေါ့]
ဒီအချိန်မှာတော့ မှင်တက်အံ့သြသွားတဲ့လူက ကျီစစ်ယိ ဖြစ်သွားတော့တယ်။ သူက ခေါင်းကို လှည့်လိုက်ပြီး မယုံမကြည်နဲ့ အကြီးအကဲချုံးမင်ကို ကြည့်လိုက်တယ်။
အဲ့ဒီမက်မွန်ပွင့် ဟင်းရည်ပန်းကန်ကို ငါ့အဖေကိုယ်တိုင် လုပ်ထားခဲ့တာတဲ့လား...
သူက အတိုင်းအတာတစ်ခုအထိ ဆွံ့အသွားပြီး ပါးစပ်ကို ဖွင့်လိုက်ပေမဲ့လည်း သူ ဘာမှမပြောရသေးခင်မှာဘဲ ပြစ်တင်ရှုတ်ချသံတစ်ခုနဲ့ ကျီယွမ်ရှန်းရဲ့အသံက ထွက်လာခဲ့တယ်။
"ဂိုဏ်းတူညီလေး ဒါတော့ မင်း အမှားဖြစ်သွားပြီ"
အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကျီယွမ်ရှန်းက စိုးရိမ်စိတ် ဖြစ်သွားပြီး ထွက်မရပ်ဘဲ မနေနိုင်အောင်ဖြစ်သွားတယ်။
သူက သူ့ပတ်ဝန်းကျင်က အစွမ်းထက်ပုဂ္ဂိုလ်တွေရဲ့အကြည့်ကို ခံစားမိလိုက်ပြီး သူ့စိတ်ထဲက ကြောက်လန့်နေတဲ့ခံစားချက်ကို မျိုသိပ်ထားလိုက်တယ်။ အရင်တုန်းက မရေမတွက်နိုင်တဲ့ အကြိမ်တုန်းကလိုပဲ သူက အေးအေးဆေးဆေးနဲ့ ကျီစစ်ယိကို သွားဆွတော့တယ်။
"ဆရာက ဂိုဏ်းတူညီလေးအတွက် ဝိညာဥ်စွမ်းအင် အစားအသောက် လုပ်ပေးဖို့ အချိန်အများကြီး ပေးထားရတာ။ ဂိုဏ်းတူညီလေးက ဒါကို မကြိုက်ဘူးဆိုရင်တောင် နည်းနည်းလေးတော့ လက်ခံသင့်တာပေါ့။ မင်းက ဘယ်လိုဖြစ်ပြီး..."
အခုလေးတင်မှ နည်းနည်းလေး ပြေလျော့သွားတဲ့ ကျီစစ်ယိရဲ့အမူအရာတွေက ရုတ်တရက်ဆိုသလို တစ်ဖန်ပြန်ပြီး အေးစက်သွားတော့တယ်။
"ဂိုဏ်းတူအစ်ကိုက ဒါကိုကြိုက်တယ်ဆိုရင်လည်း ဂိုဏ်းတူအစ်ကိုက ယူသွားပြီးတော့ သောက်လိုက်လို့ ရပါတယ်။ ဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး"
ဟုတ်တယ်လေ။ သူက တစ်ချိန်လုံး သူ့ကို စောင့်ကြည်လာခဲ့တာပဲ။ ဧကန္တ သူက မက်မွန်ပွင့်ဟင်းရည်ကို မကြိုက်ဘူးဆိုတာ သူ မသိတာ ဖြစ်နိုင်လို့လား။
ကျီစစ်ယိရဲ့စကားကို ကြားလိုက်တဲ့အခါ ဆရာကြီးချုံးမင်ရဲ့ မျက်နှာပေါ်အမူအရာကလည်း အေးစက်သွားခဲ့တယ်။
အဲ့ဒီအချိန်မှာပဲ ကောင်းကင်ကလာတဲ့အသံက ခပ်တိုးတိုးလေး ထွက်လာတယ်။
"ဒီလူသားသုံးယောက်က ..."
မိသားစုနှစ်ခုကြားက ရန်ပွဲတစ်ခုလို့ ငါ ဘာဖြစ်လို့ ခံစားမိနေပါလိမ့်"
[အဲ့လိုပြောလို့ ဒီဆရာကြီးချုံးမင်က သူ့သားက ဒီပန်းပွင့်တွေ လုပ်ထားတဲ့ ဝိညာဥ်စွမ်းအင် အစားအသောက်တွေကို အမုန်းဆုံးဆိုတာ မသိလေရော့သလား။ သူက ဒါတွေကို စားပြီးတိုင်း အမြဲတမ်း အော့အန်နေခဲ့တာလေ]
"ဒီလောက်များပြားတဲ့ အရသာရှိတဲ့ဝိညာဥ် အစားအသောက်တွေကို မလုပ်ဘဲနဲ့ ဘာဖြစ်လို့များ မက်မွန်ပွင့်ဟင်းရည်ကိုပဲ လုပ်နေပါလိမ့်"
ဆရာကြီးချုံးမင်ရဲ့ မျက်နှာပေါ်က အေးစက်စက် မျက်နှာအမူအရာက ရုတ်တရက်ဆိုသလို ပြိုကွဲသွားခဲ့တယ်။ သူက ခေါင်းကို လှည့်လိုက်ပြီး သူ့အသံကို ပျော့ပြောင်းဖို့ ကြိုးစားလိုက်ပေမဲ့လည်း သူ့အသံထဲမှာ အကြီးအကဲတစ်ယောက်ရာထူးရဲ့ မာထန်နေတဲ့ခံစားချက်တစ်ခုက ပါနေလေရဲ့။
"မင်းက မက်မွန်ပွင့်ဟင်းရည်ကို မကြိုက်တာကို ဘာဖြစ်လို့ ငါ့ကို မပြောခဲ့တာလဲ"
ဒီလိုမေးလိုက်ပြီးတဲ့နောက်မှာ သူက ကျီစစ်ယိနဲ့ ရှိနေတဲ့အချိန်တွေကို ပြန်စဥ်းစားမိလိုက်ပြီး ဇဝေဇဝါရုပ်တစ်ခုနဲ့ ပြောလိုက်တယ်။
"ဒါပေမဲ့ ငါက ရက်သတ္တတစ်ပတ်တိုင်းမှာ မင်းဆီကို မက်မွန်ပွင့်ဟင်းရည်ကို လာပို့တဲ့အချိန်တိုင်း မင်းက ဒါကိုသောက်ခဲ့တာပဲ မဟုတ်ဘူးလား"
ကျီယွမ်ရှန်းရဲ့ စကားအရဆိုရင် ကျီစစ်ယိက ဒီလိုဝိညာဥ်အစားအသောက်မျိုး သဘောကျတယ်လို့ သူက ထင်ထားမိတာလေ။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အမြဲတမ်း တင်းမာလာတဲ့အချိန်တိုင်း သူကငြိမ်းချမ်းရေးယူဖို့ အရင်ဆုံးစလုပ်ခဲ့ပြီး သူကိုယ်တိုင် မက်မွန်ပွင့်ဟင်းရည် တစ်ပန်းကန်ကို အမြဲတမ်းလုပ်ပေးခဲ့တာပဲ...
သူ့မေးခွန်းကို ကြားလိုက်ပြီးတဲ့အခါ ကျီစစ်ယိက သူ့မျက်လုံးထဲက ဝမ်းနည်းမှုတွေကို ဖုံးကွယ်ထားဖို့ မျက်လုံးကို မှိတ်လိုက်တော့တယ်။
"အဖေက ကျွန်တော့်ရဲ့လှုပ်ရှားမှုတိုင်းကို ဂရုစိုက်ဖို့ အမြဲတမ်းလူတွေကို လွှတ်ထားခဲ့တယ် မဟုတ်လား။ ကျွန်တော်က မက်မွန်ပွင့်ဟင်းရည် လုံးဝမကြိုက်တာကို အဖေက မသိဘူးတဲ့လား"
သူတို့နှစ်ယောက် အငြင်းအခုံဖြစ်ကြတဲ့အချိန်တိုင်း သူက မက်မွန်ပန်းပွင့် ဟင်းရည်တစ်ပန်းကန်ကို လူလွှတ်ပြီး ပို့ခိုင်းတယ်။ သူ သောက်သွားအောင်လည်း စောင့်ကြည့်ခိုင်းခဲ့တယ်လေ။ ဒါက သူ့စကားကို နားမထောင်ရင် ဒီလိုဖြစ်မယ်လို့ ဒီနည်းလမ်းကို သုံးခဲ့တာပဲ မဟုတ်ဘူးလား။
[ဒီနှစ်ယောက်က သူတို့တွေထိုင်ပြီးတော့ စကားကောင်းကောင်းလေး မပြောခဲ့ကြဘူးလား]
စူးလီက အစတုန်းက ဒီဖရဲသီးက စိတ်ဝင်စားစရာ မကောင်းဘူးလို့ ထင်ထားခဲ့တာ။ ဒါက သားအဖနှစ်ယောက် ဒေါသထွက်ပြီး အငြင်းပွားကြတာပဲလေ။
သူမက အိမ်ပြန်ပြီး တစ်ရေးလောက်အိပ်မယ်လို့ ပြင်လိုက်တဲ့အချိန်မှာပဲ သူတို့နှစ်ယောက်ကြား စကားသံကို ကြားလိုက်ရတယ်လေ။ သူမက လက်တစ်ဖက်ကို ထောက်ထားလိုက်ပြီး စိတ်ဝင်စားမှုတချို့ ပြန်ရလာတာပေါ့။
[အံ့သြစရာကောင်းလိုက်တာ၊ သူတို့တွေက အတူတူထိုင်ပြီး စကားမပြောကြတဲ့အပြင် တွေ့လိုက်တဲ့အချိန်တိုင်း စကားသုံးခွန်းနဲ့တင် စကားများနေကြသေးတယ်]
[သူတို့တွေက သားအဖတွေလား ဒါမှမဟုတ် ရန်သူတွေလား]
[ဒါပေမဲ့... ကြီးမြတ်သူချုံးမင်က သူ့သား မက်မွန်ပင့်ဟင်းရည် မသောက်နိုင်ဘူးဆိုတာ တကယ် မသိခဲ့တာပဲ]
[သူက ဒါကို မသိတဲ့အပြင် သူ အရသာရှိအောင် နေ့တစ်ဝက်လောက် အချိန်ယူပြီး ချက်ပြုတ်ထားတဲ့ ဒီမက်မွန်ပွင့်ဟင်းရည်ကို အရမ်းကြိုက်တယ်လို့တောင် ထင်နေသေးတာ။ သူ့မှာ အစားအသောက် ချက်ပြုတ်တဲ့ ကျင့်ကြံခြင်းပါရမီ မပါဘူးဆိုပေမဲ့ပေါ့လေ...]
[ဒီတော့ သူတို့တွေ စကားများကြတဲ့အကြိမ်တိုင်း သူက သူ့ကိုယ်သူ တောင်းပန်ဖို့ အခွင့်အရေး မရခဲ့ဘူးပေါ့။ ဒါကြောင့် သူက မီးဖိုချောင်ထဲသွားပြီး မက်မွန်ပွင့်ဟင်းရည် တစ်ပန်းကန်ကို သွားလုပ်တော့တာပဲ]
ဒီစကားကို ကြားလိုက်ရတဲ့အခါ ကျီစစ်ယိရဲ့မျက်လုံးတွေက ဇဝေဇဝါ ဖြစ်သွားတော့တယ်။
"အဖေက ကျွန်တော့်ကို စောင့်ကြည့်ပေးဖို့ လူတစ်ယောက် အမြဲတမ်း လွှတ်ထားတယ် မဟုတ်ဘူးလား။ မက်မွန်ပွင့်ဟင်းရည် သောက်ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့ တုံ့ပြန်ပုံကို အဖေက မသိနိုင်ဘူးတဲ့လား"
သူက ဒါကို အတင်းစားခိုင်းပြီးတဲ့နောက်မှာ အပြင်းအထန် မအန်ထုတ်တဲ့အချိန် ဘယ်တုန်းကရှိလို့လဲ။
[စောင့်ကြည့်နေတယ် ဟုတ်လား]
[နင် အသက်ခြောက်နှစ်အရွယ်တုန်းက အကြီးအကဲချုံးမင်က အခန်းထဲမှာ နင်တစ်ယောက်ထဲ ရှိနေတာကို စိုးရိမ်ပြီး တစ်ညလုံး နင့်ပြတင်းပေါက်နားမှာ တိတ်တိတ်လေး နေခဲ့တဲ့အချိန်ကို ပြောနေတာလား]
[ဒါပေမဲ့ နင် ဒါကို မကြိုက်ဘူးလို့ ပြောကတည်းက သူက အဲ့ဒါကို ထပ်မလုပ်တော့ဘူးလေ... ]
စူးလီက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကိုကြည့်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ သံသယအရိပ်အယောင်တစ်ခု ဖျတ်ခနဲလက်သွားတယ်။
[သားအဖနှစ်ယောက်က ဘယ်လိုဖြစ်ပြီး လောကတစ်ခုထဲမှာ နေနေတဲ့ပုံ မပေါ်တာလဲ]
[လက်တွေ့ကျကျ ပြောရမယ်ဆိုရင် ဒီနှစ်ယောက်က ဒေါသကြီးတယ်ဆိုရင်တောင် သူတို့တွေက ဒီလိုမဖြစ်သင့်ဘူးလေ။ နားလည်မှု လွဲထားတဲ့ကိစ္စတွေက အရမ်းများလွန်းလို့ သူတို့တွေက စကားတစ်ခွန်းတောင် ဆက်ပြီးမပြောနိုင်ကြဘူးတဲ့]
[ပြဿနာက ဘယ်မှာပါလိမ့်၊ ကြည့်လိုက်ပါအုံးမယ်]
"ဆရာ၊ ဂိုဏ်းတူညီလေး "
ကျီယွမ်ရှန်းရဲ့ ကျောပြင်က ချွေးအေးတွေနဲ့ ဖုံးလွှမ်းသွားတော့တယ်။ သူက အပြင်လောကက လာတဲ့အသံကို မြန်မြန်စကားဖြတ်ပြောလိုက်ပြီး သူ့မျက်နှာပေါ်မှာလည်း ရိုးရှင်းပြီးရိုးသားတဲ့ အမူအရာတစ်ခုကို ဆောင်ထားလိုက်တယ်။
"ဒါက နားလည်မှုလွဲတာဆိုတော့ ဒီအတိုင်းပဲ ဖြေရှင်းလိုက်ကြပါ"
"နောက်ပိုင်းကျရင် ဂိုဏ်းတူညီလေးက ဆရာရဲ့ကောင်းမွန်တဲ့ စေတနာတွေကို နားလည်သွားမှာပါ"
[ကျွတ်ကျွတ် ဒီနားလည်မှုလွဲသွားတဲ့ကိစ္စတွေက နင်ပဲ မီးကို လောင်စာထည့်လို့ ဖြစ်သွားတဲ့ဟာတွေ မဟုတ်လား]
စူးလီက ကျီယွမ်ရှန်းရဲ့ စကားကိုကြားလိုက်ရပြီးတဲ့နောက်မှာ သူ့စကားလုံးတွေနဲ့ ပတ်သက်ပြီး တစ်ခုခုလွဲနေတာကို ခံစားမိလိုက်တယ်။ ဒီတော့ သူမက ကောင်းကင်စာအုပ်ထဲမှာ ကျီယွမ်ရှန်းအကြောင်း မှတ်တမ်းတင်ထားတဲ့ စာမျက်နှာကို အေးအေးဆေးဆေးနဲ့ လှန်လှောပြီး ဖတ်လိုက်တယ်။ စာကိုဖတ်ပြီးတဲ့နောက်မှာတော့ သူမက မနေနိုင်တော့ဘဲ ခေါင်းမော့ကြည့်လိုက်ပြီး မျက်နှာပေါ်မှာ ရိုးသားကြိုးစားတယ်ဆိုတဲ့ စကားလုံးကိုရေးထားတဲ့ ကျီယွမ်ရှန်းကို လှမ်းကြည့်ပြီး သက်ပြင်းနှစ်ချက်ချကာ ပြောလိုက်တော့တယ်။
[ဒီလူနှစ်ယောက် အငြင်းပွားကြတဲ့အချိန်တိုင်း ဆယ်ခါမှာကိုးခါက နင်နဲ့ပတ်သက်နေတာပဲလေ]
ကျီယွမ်ရှန်းက ဆရာကြီးချုံးမင်ရဲ့ စေ့စေ့စပ်စပ် ကြည့်နေတဲ့ အကြည့်ကို ခံစားမိလိုက်ပြီး အလောတကြီး ရှင်းပြလိုက်တော့တယ်။
"ဂိုဏ်းတူညီလေး အထင်မလွဲပါနဲ့၊ တကယ်တမ်းကျတော့ ဆရာက အခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်နေတာကို တွေ့လိုက်ရလို့ ငါက စကားတစ်ခွန်း၊ နှစ်ခွန်းလောက်ပဲ ပြောခဲ့တာပါ"
"ဆရာက မင်းကို စောင့်ကြည့်ချင်နေခဲ့တာ မဟုတ်ပါဘူး"
[ကျွတ်ကျွတ် ဒီစကားပြောတဲ့ အနုပညာကို ကြည့်လိုက်စမ်း... ]
[သူက သူကိုယ်တိုင် စောင့်ကြည့်နေတဲ့ကိစ္စကို လှလှပပ ဖော်ပြတတ်ပြီး ဆရာကြီးရဲ့စိုးရိမ်မှုကိုတောင်မှ အသုံးချတတ်သေးတယ်]
[ပြဿနာက နင် ပြန်ပြောပြတဲ့အကြောင်းအရာတွေက... အရမ်းကို အင်အားကြီးနေလို့လေ]
စူးလီက တအံ့တသြရုပ်တစ်ခုနဲ့ ပြောလိုက်တော့တယ်။
[အကြီးအကဲချုံးမင်က နင့်ကို ဝိညာဥ်စွမ်းအင်အစားအသောက်ကို ကျီစစ်ယိဆီ ယူသွားခိုင်းတဲ့ ပထမဦးဆုံးအကြိမ်မှာ ကျီစစ်ယိက အားလုံးကို စားလိုက်တာ သိသာပါတယ်။ ဒါပေမဲ့ နင်ကတော့ တစ်ကိုက်လောက်ပဲ စားလိုက်တယ်လေ။ တည်တည်ကြည်ကြည် မျက်နှာထားနဲ့ နင်က မက်မွန်ပွင့်ဟင်းရည်ကို ယူထုတ်သွားပြီး ဒီအကြောင်းကိုတောင် ပြောလိုက်သေးတယ်လေ]
[အဲ့ဒီကတည်းက အကြီးအကဲချုံးမင်က ကျီစစ်ယိ မက်မွန်ပွင့်ဟင်းရည်ကို သောက်ရတာ ကြိုက်တယ်လို့ အခိုင်အမာ ယုံကြည်သွားတာပေါ့။ ဒီတော့ သူတို့တွေ စကားများကြတဲ့အချိန်တိုင်း သူက ဒီဟင်းရည်ကို လုပ်တော့တာပဲ...]
[ဒါပေမဲ့ ကျီစစ်ယိက ဒါကိုသောက်ပြီးတိုင်း အော့အန်တယ်လေ။ အကြီးအကဲချုံးမင်က စကားတစ်ခါ များပြီးတိုင်း သူ့ကို ဟင်းရည်တစ်ပန်းကန် လာပို့ပေးတတ်တယ်။ ဒီတော့ ကျီစစ်ယိကလည်း ဒါက ဆရာကြီးချုံးမင်က သူ့ကိုဆုံးမနေတဲ့နည်လမ်း တစ်ခုလို့ပဲ ထင်မိတော့တာပေါ့...]
[ဟားဟား ဒီသားအဖနှစ်ယောက်က အရမ်းသနားစရာကောင်းပြီး ရယ်စရာကောင်းတာပဲ]
အပြင်လောကကလာတဲ့အသံက ရယ်မောနေပေမဲ့လည်း အကြီးအကဲချုံးမင်နဲ့ ကျီစစ်ယိရဲ့မျက်နှာတွေက တပြိုင်တည်း ရုပ်တည်ကြီး ဖြစ်သွားကြတော့တယ်။
...