← Chapters

အခန်း ၁၂၀

Vol. 8 Ch. 120

အခန်း ၁၂၀

Vol. 8 Ch. 120

အပိုင်း (၁၂၀)

ဖေ့ထျန်းက အုတ်မြစ်တည်ကျင့်ကြံရေးအဆင့်ပဲ ရှိသေးတာကြောင့် သူက အပြင်လောကရဲ့စကားသံကို မကြားနိုင်ဘူးလေ။ မနေ့က သူကယ်တင်ပေးခဲ့တဲ့ ဝိညာဉ်စွမ်းအင်မြွေကြီးကလည်း တကယ်တမ်းကျတော့ နဂါးအသွင်ကို အောင်အောင်မြင်မြင် ပြောင်းလဲနိုင်တယ်ဆိုတာကို သူ မသိဘူးပေါ့။

လူပေါင်းများစွာကို ကယ်တင်ပြီးတဲ့နောက်မှာ သူမက အခု ကျင့်ကြံရေးလောကမှာ အေးအေးဆေးဆေးနဲ့ လမ်းလျှောက်နိုင်နေပြီလေ။ ဒါပေမဲ့ သူမရဲ့အမူအရာကတော့ ခန်းမထဲကို ရောက်လာစကတည်းက လုံးဝပြောင်းလဲသွားတာမျိုး မရှိခဲ့ဘူး။ သူမက သတိရှိရှိ စိတ်ရင်းနဲ့ ရိုးရိုးရှင်းရှင်းပုံစံလေးပဲ ဖြစ်နေတယ်။

ဒီလူတွေကို ကယ်တင်ပေးရတာကတော့ ဒီအချိန်မှာ ပုံမှန်လုပ်ရပ်တစ်ခုဖြစ်ပြီး သူတို့တွေရဲ့ အာရုံစူးစိုက်တာခံရဖို့ မတန်ဘူးလို့ သူမရဲ့စိတ်ထဲမှာ ခံစားမိတယ်လေ။ သူမကလည်း သူတို့ဆီက တစ်ခုခုပြန်ရဖို့ တစ်ခါမှ မစဉ်းစားခဲ့ပါဘူး။

ဒီတော့ ဒီလူတွေရဲ့မျက်လုံးထဲက မျှော်လင့်တကြီးဝမ်းသာအားရ အခြေအနေကို ရင်ဆိုင်လိုက်ရတဲ့အခါ နောက်ကိုဒီအတိုင်း တစ်လှမ်းဆုတ်မိသွားပြီး စိတ်ထဲမှာပဲ အတွေးတစ်ခု ပေါ်လာတော့တယ်။

သူမ အချိန်အကြာကြီး ထွက်လာခဲ့တာ ရှောင်ကျင်းရဲ့ဒဏ်ရာက ဘယ်လိုဖြစ်သွားလဲ မသိဘူး။

နောက်ဆုံးတော့ ဒီလူတွေက ဘယ်လောက်ပဲ စိတ်ရင်းပါပြီး ကျေးဇူးတင်စကားပြောနေပါစေ ရှောင်ကျင်းအကြောင်းကိုပဲ စဉ်းစားမိနေတဲ့ ဖေ့ထျန်းကတော့ ဒီအတိုင်းပြုံးပြလိုက်ပြီး စကားတစ်ခွန်းနဲ့ သူတို့ကို နှစ်သိမ့်စကား ပြောလိုက်တယ်။ အဲဒီနောက်မှာတော့ သူတို့တွေရဲ့ အထီးကျန်နေတဲ့ အကြည့်ကြားမှာပဲ ခန်းမထဲကနေ ထွက်သွားတော့တယ်။

ရန်ထန်က ပထမဦးဆုံး သတိပြန်ဝင်လာတယ်။ သူက ကိုယ်ကိုလှည့်လိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးကို တလေးတစား နှုတ်ဆက်လိုက်တယ်။ သူ့အသံကလည်း အရင်တုန်းကထက်ပိုပြီးတော့ တလေးတစား ဖြစ်လို့နေတယ်။

“ဦးလေး ကျွန်တော်က အစောကြီးကတည်းက ချန်ထျန်းဂိုဏ်းကို သတိတရရှိနေတာပါ။ ကျွန်တော် အခု ဒီကိုရောက်လာတာကလည်း ကျွန်တော်က ဆုံးမသွန်သင်မှုတွေကို ခံယူချင်လို့ပါ”

ချန်ထျန်းဂိုဏ်းချုပ်ကြီးက ရန်ထန်ရဲ့မျက်လုံးတွေက ခန်းမရဲ့ဝင်ပေါက်နားမှာပဲ တဝဲလည်လည် ဖြစ်နေတာကို မြင်လိုက်ရပြီး သူ ပြောချင်တဲ့စကားကို ချက်ချင်းနားလည်သွားတော့တယ်။ သူက ချောင်းဟန့်လိုက်ပြီး

“အခုအချိန်မှာ ချန်ထျန်းဂိုဏ်းရဲ့အတွင်းစည်းက နည်းနည်းလေး လူများနေတယ်။ တကယ်လို့ စိတ်မရှိဘူးဆိုရင် အပြင်စည်းမှာ ခဏလောက်နေလိုက်ရင်ရော”

ရန်ထန်ရဲ့မျက်လုံးတွေက ရုတ်တရက် လင်းလက်သွားပြီး သူက အားတက်သရော ခေါင်းညိတ်ပြလိုက်တယ်။

“စိတ်မရှိပါဘူး။ စိတ်မရှိပါဘူး”

သူ့စကားဆုံးသွားတာနဲ့ သူက မျက်နှာပေါ်မှာ ဝမ်းသာအားရအကြည့်တစ်ခုနဲ့ သူ့နောက်ကလူကို ပြောလိုက်တယ်။

“အန်းချီ ငါ့အဖေကို ပြန်သွားပြီးတော့ ပြောလိုက်။ ငါ အခုလောလောဆယ် ချန်ထျန်းဂိုဏ်းမှာ နေရလိမ့်မယ်”

အန်းချီကလည်း ပြတ်ပြတ်သားသား ခေါင်းညိတ်‌‌ပြောတယ်။

“စိတ်မပူပါနဲ့ သခင်လေး။ သခင်လေး ချန်ထျန်းဂိုဏ်းမှာ အေးဆေးဆေးနေနိုင်ဖို့အတွက် ကျွန်တော် သခင်ကြီးကို သေချာပေါက် နားချလိုက်ပါ့မယ်”

ဒီအချိန်မှာတော့ ဘေးမှာရပ်နေတဲ့ သခင်လေးချင်ကလည်း မြန်မြန်ဆန်ဆန် ပြောလိုက်တော့တယ်။

“ဂိုဏ်းချုပ်ကြီး ကျန်း ကျွန်တော်ကလည်း ချန်ထျန်းဂိုဏ်းကို အစောကြီးကတည်းက သတိရနေတာပါ...“

လက်ဖက်ရည်ခွက်တစ်၀က်စာ ကြာသွားတဲ့အချိန်နောက်မှာတော့ ဒီလူတွေက သူတို့ရဲ့အိတ်တွေကို ထုပ်ပိုးပြီး အချင်းချင်း သဘောမကျတဲ့ပုံနဲ့ ချန်ထျန်းဂိုဏ်းရဲ့အပြင်စည်းတံခါးကို လျှောက်သွားလိုက်ကြတော့တယ်။

ချန်ထျန်းဂိုဏ်းချုပ်ကြီးကလည်း သူတို့ရဲ့ကျောပြင်ကိုကြည့်နေပြီး သူ့မျက်လုံးထဲမှာ အံ့သြရိပ်တွေ ထိန်းမရအောင် ဖြစ်သွားတော့တယ်။

ချန်ထျန်းဂိုဏ်းရဲ့အပြင်စည်းမှာ ထူးထူးခြားခြား ကံတရားပိုင်ဆိုင်ထားတဲ့... ဖေ့ထျန်းလို တပည့်တစ်ယောက် တစ်ကယ်ရှိနေတာတဲ့လား။ ဒီလိုဆိုရင် ချန်ထျန်းဂိုဏ်းက ဒီအထက်တန်းစားမိသားစုတွေ၊ ကြီးမြတ်သူတွေနဲ့ မိဟွားတောနဲ့တောင် ကောင်းမွန်တဲ့ဆက်ဆံရေး ရှိတယ်လို့ သတ်မှတ်နိုင်ပြီပဲ။

အပြင်လောကကလာတဲ့အသံက လိပ်နက်ကြီးဒဏ်ရာရနေတဲ့အကြောင်း ထုတ်မပြောခဲ့ဘဲ အဖြေတစ်ခု ရှာမပေးခဲ့ရင် ချန်ထျန်းဂိုဏ်းရဲ့ကံကြမ္မာက ဘယ်တော့မှ အစစ်အတိုင်း ပြန်ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး။ ချန်ထျန်းဂိုဏ်းရဲ့ တပည့်တွေရဲ့ကံတရားကိုလည်း သေချာပေါက် ဖော်ပြခွင့်ရမှာ မဟုတ်တော့ဘူးပေါ့။

ဒီလိုစဉ်းစားမိလိုက်ပြီး အပြင်လောကကလာတဲ့အသံအပေါ် သူ့ရဲ့ကျေးဇူးတင်စိတ်က အထွတ်အထိပ်ကို ထိုးတက်သွားတော့တယ်။ ခန်းမထဲမှာ တခြားသူတွေသာ မရှိဘူးဆိုရင် သူကတော့ ကောင်းကင်ကလာတဲ့အသံကို ဒူးထောက်ပြီး တကယ်တမ်း ဦးချကန်တော့ချင်လိုက်တော့တယ်။

ခန်းမရဲ့ထောင့်လေးနားမှာရှိတဲ့ စူးလီကတော့ ချန်ထျန်းဂိုဏ်းချုပ်ကြီး စဉ်းစားနေတဲ့အကြောင်းအရာကို မသိလေဘူး။ ဖရဲသီးစားပြီးသွားတဲ့နောက်မှာ သူမက ကျယ်ကျေနပ်နပ်နဲ့ အကြောဆန့်လိုက်တော့တယ်။

ဒီခရီးက တကယ်တမ်း အချည်းအနှီး မဖြစ်ဘူးပဲ။ ဒီနေရာက ဖရဲသီးတွေကလည်း အရမ်းကို ချိုမြိန်ပြီးတော့ အရသာရှိတယ်။

စူးလီက ဒီအကြောင်းကို စဉ်းစားလိုက်ရင်း ခန်းမဝင်ပေါက်ဆီကို ဖြည်းဖြည်းလေး လျှောက်သွားလိုက်ပြီး ယွင်ချီတောင်ထွတ်ကိုပြန်ပြီး ကောင်းကောင်းလေး အနားယူမယ်လို့ စဉ်းစားထားလိုက်တယ်။

သူမက ခန်းမရဲ့တံခါးအပြင်ဘက်ကို တစ်လှမ်းထွက်လိုက်တဲ့အချိန်မှာပဲ ချောင်ချွမ်းရဲ့ လေအလျင်လိုပုံရိပ်က ခန်းမထဲကို တစ်ဖန်ပြန်ဝင်လာခဲ့တယ်။

စူးလီက မရပ်လိုက်ဘဲ နောက်တစ်လှမ်း ဆက်လျှောက်တော့မဲ့အချိန်မှာ ချန်ထျန်းဂိုဏ်းချုပ်ကြီးကို တင်ပြနေတဲ့ချောင်ချွမ်းရဲ့ လေးနက်တဲ့အစီရင်ခံစာကို ကြားလိုက်ရတော့တယ်။

“ဂိုဏ်းချုပ်ကြီး ချင်းမို့တောင်ထွတ်က အတွင်းစည်းတပည့်(၆)ယောက်က အကြောင်းရင်းမရှိဘဲနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တယ်။ ဒဏ်ရာရသွားတဲ့ အကြောင်းအရင်းကိုလည်း အခုထက်ထိ ရှာမတွေ့သေးဘူး”

စူးလီက ခဏလောက်ရပ်တန့်သွားပြီး အနည်းငယ်သိလိုစိတ်နဲ့ ခေါင်းပြန်လှည့်ကြည့်လိုက်တယ်။

ချန်ထျန်းဂိုဏ်းချုပ်ကြီးက ချောင်ချွမ်းခန်းမထဲကို ဝင်လာတဲ့အချိန်မှာပဲ သူ့မျက်နှာအမူအရာကို ထိန်းချုပ်ပြီးသွားပြီလေ။ ချောင်ချွမ်းပြောလိုက်တဲ့စကားကိုကြားလိုက်ရပြီးတဲ့နောက်မှာတော့ သူက မနေနိုင်ဘဲ မျက်မှောင်ကြုတ်မိသွားတယ်။

“အကြောင်းမရှိဘဲ အပြင်းအထန် ဒဏ်ရာရသွားတယ် ဟုတ်လား”

“ဧကန္တ ချန်ထျန်းဂိုဏ်းထဲက လူဆိုးတစ်ယောက်က ပြဿနာ ရှာနေတာများလား”

ချောင်ချွမ်းက မတ်မတ်ရပ်လိုက်ပြီး သူ့အသံကလည်း ဇဝေဇဝါနဲ့ ဖြစ်နေတော့တယ်။

“ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတဲ့ တပည့်တွေ တော်တော်များများ ပြောတာကတော့...အတွင်းစည်းတပည့် ကျန်းချောင်အန်းနဲ့ ပတ်သက်နေတယ်တဲ့...”

“သူတို့တွေက အပြင်းအထန် ဒဏ်ရာရသွားတဲ့ အကြောင်းအရင်းကို ရှာမတွေ့ခဲ့ဘူးလို့ ပြောခဲ့တယ် မဟုတ်လား”

ချန်ထျန်းဂိုဏ်းချုပ်ကြီးက ထရပ်လိုက်ပြီး သိက္ခာအပြည့်အသံတစ်ခုနဲ့ ပြောလိုက်တယ်။

“သူတို့တွေက ဘာဖြစ်လို့ တခြားတပည့်တွေကို လက်ညှိုးထိုးစွပ်စွဲနေတာလဲ”

“ဧကန္တ ရန်ငြှိုးဟောင်းများ ရှိနေလို့လား”

ဒီကိုမလာခင်မှာ ချောင်ချွမ်းက လက်ရှိအခြေအနေကို အနှစ်ချုပ် နားလည်ထားခဲ့တယ်လေ။ ဂိုဏ်းချုပ်ကြီးရဲ့မေးခွန်းကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူက သူ့သံသယတွေကို ဖိနှိပ်ထားလိုက်ပြီး လေးနက်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။

“တခြား အတွင်းစည်းတပည့်တွေ ပြောပုံအရတော့ ကျန်းချောင်အန်းက ဒီပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတဲ့အတွင်းစည်းတပည့်တွေနဲ့ အရမ်းကို ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်တဲ့”

ဒီစကားကို ကြားလိုက်ပြီးတဲ့နောက်မှာ စူးလီက ခန်းမအပြင်ဘက်ကို လှမ်းထွက်ပြီးသားဖြစ်နေတဲ့ သူမရဲ့ခြေလှမ်းတွေကို မြန်မြန်ပြန်ရုပ်သိမ်းလိုက်ပြီး ကိုယ်ကိုလှည့်ကာ သူမရဲ့မျက်လုံးထဲမှာလည်း စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။

“ဧကန္တ ဂိုဏ်းတစ်ခုတည်းက ညီအစ်ကိုတွေက ကိစ္စတစ်ခုခုကြောင့် အချင်းချင်း မသင့်မြတ်တာမျိုး ဖြစ်သွားတာများလား”

ဂိုဏ်းချုပ်ကြီးက ခန်းမဝင်ပေါက်နားမှာရပ်နေတဲ့ စူးလီကို ကြည့်လိုက်ပြီး လိပ်နက်ကြီးရဲ့ အမှာစကားကို သတိရသွားပြန်တယ်။ သူက သူ့မျက်နှာအမူအရာကို ချက်ချင်းပြင်ဆင်ထားလိုက်ပြီး ရင်းနှီးဖော်ရွေတဲ့အသံတစ်ခုနဲ့ မေးလိုက်တယ်။

“တကယ်လို့ မင်း အလုပ်မများဘူးဆိုရင် အတူတူ သွားကြည့်ကြရအောင်လား”

စူးလီကလည်း ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ ခေါင်းညိတ်ပြီး ကျွတ်ဆတ်ဆတ် အသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။

“ဒါဆို သွားကြစို့လေ”

ချင်းမို့တောင်ထွတ်ခန်းမထဲမှာ-

အပြင်းအထန်ဒဏ်ရာရနေတဲ့ တပည့်တော်တော်တော်များများက (၂)ယောက်တစ်စု၊ (၃)ယောက်တစ်စု ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေတယ်။ သူတို့တွေက ဆေးကုသမှု ခံယူပြီးသွားပေမဲ့လည်း အားလုံးရဲ့မျက်နှာတွေကတော့ ဖြူဆုတ်ပြီး သွေးတွေမရှိဖြစ်နေတုန်းပဲ။

၀မ်ချီက ပျက်စီးပြီး ညိုမည်းသွားတဲ့ အခြေတည်စဝိညာဉ်ကို ခံစားမိလိုက်ပြီး သူ့မျက်နှာက လုံးဝ စိတ်ပျက်အားလျော့သွားတော့တယ်။

သူ ဒီဒဏ်ရာကနေ ပြန်ပြီးကောင်းမွန်လာတယ်ဆိုရင်တောင် သူက ဒီဘဝမှာ အခြေတည်စဝိညာဉ်ကျင့်ကြံခြင်းအဆင့်ကိုပဲ ရနိုင်တော့မယ်လေ။

သူ့ပတ်ဝန်းကျင်က တပည့်တွေရဲ့မျက်နှာ အမူအရာကလည်း သူ့လိုပဲ စိတ်ပျက်အားလျော့နေတယ်။

ဒီအချိန်မှာပဲ ချန်ထျန်းဂိုဏ်းချုပ်ကြီးက ခန်းမထဲကို ဝင်လာခဲ့တယ်။ သူကခန်းမထဲက ဒဏ်ရာအပြင်းအထန်ရနေတဲ့ တပည့်(၇)ယောက်ကို ကြည့်လိုက်ပြီး သူတို့ဒဏ်ရာကို စမ်းသပ်ကြည့်လိုက်ပြီးတဲ့နောက်မှာ သူ့မျက်လုံးတွေထဲမှာ တည်ကြည်တဲ့အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာတော့တယ်။

ဒီလူတွေထဲမှာ (၆)ယောက်က ရွှေအမြုတေအဆင့် ကျင့်ကြံရေးဖြစ်ပြီး (၁)ယောက်ကတော့ အခြေတည်စ ဝိညာဉ်ကျင့်ကြံရေးအဆင့်ပဲ။ သူတို့တစ်ယောက်ချင်းစီက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြတယ်။

သူတို့ထဲမှာ တော်တော်များများရဲ့ စွမ်းအင်ဗဟိုချက်တွေကလည်း ပျက်စီးသွားပြီ။ တကယ်လို့ အခွင့်အရေးသာ မရှိခဲ့ဘူးဆိုရင် ဒီဘဝမှာ သူတို့တွေက နောက်ထပ်အဆင့်တက်ဖို့ မျှော်လင့်ချက် လုံးဝရှိတော့မှာ မဟုတ်ဘူး။ ဒါက သူတို့ရဲ့သက်တမ်းကိုလည်း ထိခိုက်မှုရှိသွားနိုင်တယ်။

ချန်ထျန်းဂိုဏ်းချုပ်ကြီးက မျက်မှောင်ကြုတ်လိုက်ပြီး ဘေးမှာရပ်နေတဲ့ ချင်းမို့တောင်ထွတ်သခင်ကို ကြည့်လိုက်တယ်။

“ချင်းမို့တောင်ထွတ်မှာ တစ်ခုခုထူးခြားတာများ ရှိခဲ့သလား။ တပည့်တွေအများကြီးက အကြောင်းရင်း မရှိဘဲ ဘာဖြစ်လို့ ဒဏ်ရာရသွားကြတာလဲ”

ချင်းမို့တောင်ထွတ်သခင်က အလောတကြီး ဦးညွှတ်နှုတ်ဆက်လိုက်ပြီး သူ့အသံထဲမှာလည်း ချီတုံချတုံ အရိပ်အယောင်တစ်ခု ဖြစ်နေတယ်။

“ချင်းမို့တောင်ထွတ်မှာ ထူးထူးခြားခြား ဘာမှမဖြစ်ခဲ့ပါဘူး။ ဒီတပည့်တွေ ဒဏ်ရာရသွားတဲ့ကိစ္စရဲ့ အရင်းအမြစ်ကလည်း...“

သူ့အသံက ရုတ်တရက် ရပ်တန့်သွားတော့တယ်။ သူက အခုလေးတင် ကြားခဲ့တဲ့ရှင်းပြချက်တစ်ခုကို သတိရသွားခဲ့တယ်။

အဲဒီအကြောင်းအရင်းတွေက ပြောပြဖို့ရာ တကယ် ခက်ခဲတယ်လေ။

ဒီအချိန်မှာပဲ ရင်းနှီးပြီးသား ကောင်းကင်ကလာတဲ့အသံက ခပ်တိုးတိုးလေး ထွက်လာခဲ့တယ်။

[ဟားဟားဟား ဘယ်လိုဖြစ်ပြီးတော့ ဒီလူတွေက ဒီလိုထူးဆန်းတဲ့ ဒဏ်ရာရသွားခဲ့တာလဲ]

[ဝမ်ချီက အိမ်အပြင်ထွက်လာတဲ့အခါ ချော်လဲပြီးတော့ ခြံဝင်းထဲမှာချထားတဲ့ အဆင့်(၃)ဟွားထင် ငရုတ်ကျည်ပွေ့ပေါ်ကို မတော်တဆ ပြုတ်ကျသွားပြီး သူ့ရဲ့အခြေတည်စဝိညာဉ်ကလည်း ချက်ချင်း ပြိုကွဲသွားတယ်တဲ့]

[ဂိုဏ်းက တပည့်အချင်းချင်း ရန်ဖြစ်ခဲ့တဲ့တစ်ယောက်လည်း ရှိသေးတယ်။ တကယ်တမ်းတော့ သူတို့တွေက ရန်ဖြစ်နေကြတာ မဟုတ်ပါဘူး။ သူ့အခန်းထဲကို ပြန်လာပြီးတဲ့နောက်မှာ သူက ပိုပိုပြီးတော့ ဒေါသထွက်လာတာတဲ့။ သူ့ရဲ့ချီနဲ့သွေးတွေကလည်း ပြောင်းပြန် စီးဆင်းပြီး သူ့ရဲ့စွမ်းအင်ဗဟိုချက်တွေက ချက်ချင်း ဒဏ်ရာရသွားတာတဲ့]

[ကျွတ်ကျွတ် ဒီလိုလူမျိုးလည်း ရှိသေးတယ်။ ‌ဆောင်ကြာမြိုင်ကို အလည်အပတ် အသွားများပြီး အားအများကြီး အသုံးလွန်သွားတဲ့အတွက်ကြောင့် ပြန်ရောက်လာတဲ့အခါမှာ သူ့ရဲ့ရွှေအမြုတေက ကွဲအက်သွားတာကို တွေ့လိုက်ရသတဲ့]

[နောက်ထပ် တစ်ယောက်ရှိသေးတယ်...]

စူးလီက တအံ့တ‌‌သြနဲ့ ကောင်းကင်စာအုပ်ထဲက စာလုံးတွေကို ဖတ်မိနေတယ်။

[ဒီတပည့်တွေရဲ့ ဒဏ်ရာရသွားတဲ့ အကြောင်းအရင်းက... ဘာဖြစ်လို့များ တစ်ယောက်ထက် တစ်ယောက်ပိုပြီးတော့ အဓိပ္ပာယ်မရှိ ဖြစ်နေတာလဲ]

အပြင်လောကကလာတဲ့အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ ချန်ထျန်းဂိုဏ်းချုပ်ကြီးက မယုံမကြည်နဲ့ ချင်းမို့တောင်ထွတ်သခင်ကို ကြည့်လိုက်တော့တယ်။ တောင်ထွတ်သခင်က ရှက်ရှက်နဲ့ ခေါင်းညိတ်ပြလိုက်တာကို မြင်လိုက်ရတဲ့အခါ သူ့မျက်လုံးထဲမှာ နားမလည်နိုင်တဲ့ ရုပ်တစ်ခု ဖြစ်သွားတော့တယ်။

ဒါတွေက ချန်ထျန်းဂိုဏ်းရဲ့ အတွင်းစည်းတပည့်တွေလေ။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း အချိန်ကာလတစ်ခုကတည်းက ကျန်သူတွေကြားမှာ အကောင်းဆုံးပဲ။ သူတို့တွေက ဘယ်လိုဖြစ်ပြီး ဒီအကြောင်းကိစ္စကြောင့်... ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်မှာလဲ။

ချင်းမို့တောင်ထွတ်သခင်က ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူ သိပ်မကြာသေးခင်က သိလိုက်ရတဲ့ဒီတပည့်တွေရဲ့ ဒဏ်ရာရသွားတဲ့ အကြောင်းအရင်း အသေးစိတ်ကို ပြောပြလိုက်တယ်။

စူးလီက သူ့ရဲ့အကြောင်းအရင်းတွေကို နားထောင်လိုက်ပြီးတဲ့အခါမှာ တွေးတွေးဆဆနဲ့ ကောင်းကင်စာအုပ်ကို လှန်လှောကြည့်လိုက်တယ်။

[ဒီဒဏ်ရာတွေက တကယ့်ကို အံ့သြစရာကောင်းနေတာပဲ။ ပြောလို့မရဘူး၊ ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ တကယ်ပဲ တစ်ယောက်ယောက် ရှိနေလောက်တယ်...]

အပြင်လောကက စကားသံပြောလို့ မပြီးဆုံးသေးခင်မှာဘဲ ခေါင်းဆောင်လာတဲ့ဝမ်ချီက ကမန်းကတမ်း ခေါင်းညိတ်ပြတယ်။

သူက သူ့ရဲ့စွမ်းအင်ဗဟိုချက်ထဲက အခြေတည်စဝိညာဉ်ထဲမှာ ပြင်းထန်တဲ့နာကျင်မှုတစ်ခုကို သည်းခံထားရပြီး ရှိသမျှအားကိုထုတ်ကာ ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ပြောလိုက်တော့တယ်။

“ဂိုဏ်းချုပ်ကြီး ကျွန်တော်က အခြေတည်စဝိညာဉ် ကျင့်ကြံသူတစ်ယောက်ပါ။ အဆင့်(၃) မှော်လက်နက်တစ်ခုအပေါ် ပြုတ်ကျသွားရုံနဲ့ ကျွန်တော့်ရဲ့ အခြေတည်စဝိညာဉ်က ဘယ်လိုလုပ်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်မှာလဲ”

“ကျန်းချောင်အန်းက နောက်ကွယ်မှာ တိတ်တိတ်လေး တစ်ခုခု လုပ်နေတာပဲဖြစ်ရမယ်”

တခြားဒဏ်ရာရနေတဲ့တပည့်တွေကလည်း ခေါင်းညိတ် သဘောတူလိုက်ကြတယ်။

“ဟုတ်ပါတယ်။ ဒါကိုလုပ်ခဲ့တာက ကျန်းချောင်အန်းပဲဖြစ်ရမယ်”

ချင်းမို့တောင်ထွတ်သခင်က ကိုယ်ကိုပြန်လှည့်လိုက်ပြီး မသင်္ကာတဲ့အရိပ်တစ်ခုနဲ့ လေးနက်တဲ့ အသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။

“ချင်းမို့တောင်ထွတ်က တပည့်တွေအားလုံးက ကျန်းချောင်အန်းမှာ မင်းတို့တွေနဲ့အရမ်းကို ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိတာ သိထားတာပဲ။ သူက ဘာဖြစ်လို့ မင်းတို့အပေါ်မှာ ဒီလိုပြင်းထန်တဲ့ လက်ချက်တစ်ခုကိုသုံးမှာလဲ”

“နောက်ပြီးတော့ ကျန်းချောင်အန်းက အခုမှ ရွှေအမြုတေကျင့်ကြံခြင်းအဆင့်ပဲ ရှိသေးတာလေ။ သူက ဘယ်လိုလုပ်ပြီး မင်းကို ထိခိုက်အောင် လုပ်နိုင်မှာလဲ။ မင်းက အခြေတည်စ ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ပဲ”

ဝမ်ချီက တွေဝေမနေဘဲ ပြောလိုက်တော့တယ်။

“သူက သေချာပေါက် မနာလိုဖြစ်နေတာပဲ ဖြစ်ရမယ်။ ကျွန်တော်က သူ့ထက်အရင်ဆုံး စိတ်ဝိညာဉ်သဏ္ဌာန်ကို ရသွားခဲ့တာဆိုတော့ မနာလိုလို့ပဲဖြစ်ရမယ်”

“ဟုတ်တယ် ကျွန်တော်က သိပ်မကြာခင်ကမှ ဒီအခွင့်အရေးတစ်ခုကို ရခဲ့တာလေ။ ကျန်းချောင်အန်းက ဒီအကြောင်းကို သိလိုက်ရပြီးတဲ့နောက်မှာ ဒီအခွင့်အရေးနဲ့ပတ်သက်ပြီး သူက အရမ်းကို သိချင်စိတ်ဖြစ်နေခဲ့တာ”

“သူက ကျွန်တော်ရဲ့အခွင့်အရေးကို ခိုးယူချင်တာပဲ ဖြစ်ရမယ်။ ဒါကြောင့်မို့လို့ သူက ဒီလိုညစ်ပတ်တဲ့နည်းလမ်းတွေကို ခိုးပြီးသုံးခဲ့တာ”

အခိုက်အတန့်အတွင်းမှာပဲ ကျန်းချောင်အန်းကို စွပ်စွဲနေကြတဲ့ တပည့်တွေ တော်တော်များများရဲ့အသံက ခန်းမထဲမှာ ပဲ့တင်ထွက်သွားတော့တယ်။

စူးလီက သူတို့ကိုကြည့်လိုက်ပြီး သူတို့တစ်ယောက်ချင်းစီက ကျန်းချောင်အန်းကို အတိုင်းအတာတစ်ခုအထိ နက်နက်ရှိုင်းရှိုင်း မုန်းတီးနေတဲ့ပုံကို မြင်လိုက်ရတယ်။ သူမကမျက်လုံးထဲမှာ မသင်္ကာတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတော့တယ်။

[ကျန်းချောင်အန်းက သူတို့တွေနဲ့ အရမ်းကိုကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ ပြောခဲ့တယ်မလား]

[ဒါက အဲ့လို လုံးဝဟုတ်ဟန်မတူဘူး... သူတို့ကြားမှာ နက်ရှိုင်းတဲ့ အမုန်းတရားတချို့ ရှိနေတဲ့ပုံနဲ့ပဲတူတယ်...]

[အဲလိုမှ မဟုတ်ဘူးဆိုရင် ဒီလူတွေ ဒဏ်ရာရတဲ့အခါ သူတို့ပထမဦးဆုံး စဉ်းစားမိတဲ့သူက ဘယ်လိုဖြစ်ပြီး ကျန်းချောင်အန်း ဖြစ်နေတာလဲ]

စူးလီက သူတို့တွေကြားထဲက ဆက်ဆံရေးကို သိမြင်ဖို့ ကောင်းကင်စာအုပ်ကို လှန်လောကြည့်ရှုလိုက်တဲ့အချိန်မှာပဲ အလောတကြီး ပြေးဝင်လာတဲ့အသံကို ခန်းမဝင်ပေါက်နားမှာ ရုတ်တရက် ကြားလိုက်ရတယ်။

နောက်တစ်စက္ကန့်မှာပဲ စိုးရိမ်နေတဲ့အကြည့်တစ်ခုနဲ့ အတွင်းစည်းတပည့်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ပုံရိပ်တစ်ခုက ခန်းမရဲ့ဝင်ပေါက်ဆီမှာ ပေါ်လာခဲ့တယ်။

သူက ခန်းမထဲကို ဝင်လာတဲ့အချိန်မှာ သူ့ရဲ့ပထမဦးဆုံးတုံ့ပြန်မှုက ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ဦးညွတ်နှုတ်ဆက်လိုက်တာမဟုတ်ဘဲ ခန်းမထဲက ဒဏ်ရာရနေတဲ့တပည့်တွေကို စိုးရိမ်တကြီး ကြည့်လိုက်တာပဲ ဖြစ်တော့တယ်။

“အစ်ကို တစ်ယောက်ယောက်က မင်းကို တိုက်ခိုက်သွားခဲ့တာလား”

“ဘာဖြစ်လို့ ဒီလောက်ပြင်းပြင်းထန်ထန်ကြီး ဒဏ်ရာရသွားတာလဲ”

ကျန်းချောင်အန်းက အပြစ်ကင်းစင်ပြီး ချောမောလှပတဲ့ မျက်နှာတစ်ခု ပိုင်ဆိုင်ထားပြီး ဝိုင်းစက်တဲ့ဗာဒံ‌စေ့ သဏ္ဍာန်မျက်ဝန်းတစ်ခုနဲ့ အပြစ်ကင်းစင်သလို နားမလည်နိုင်တဲ့ အရိပ်အယောင်တစ်ခုနဲ့ ကြည့်နေတယ်။

သူက ကျင့်ကြံရေးလောကထဲမှာ သိပ်တွေ့ရလေ့မရှိတဲ့ အထက်တန်းစားမိသားစုက သခင်လေးတစ်ယောက်နဲ့ ဆင်တူလေရဲ့။ သူက အရမ်းကိုနုံအတဲ့ပုံစံ ဖြစ်နေတဲ့အတွက် သူ့တစ်ကိုယ်လုံးမှာ “တုံးအပြီးအယုံလွယ်ပါတယ်”လို့ စာတွေရေးထားတဲ့အတိုင်းပဲ။

၀မ်ချီက သူ့မျက်နှာကို ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှာဒေါသနဲ့ နီမြန်းသွားတော့တယ်။

“မင်းက ဘာဖြစ်လို့ ဒီမှာလာပြီး ဟန်ဆောင်နေတာလဲ။ ငါတို့တွေ ဒီလိုဒဏ်ရာရသွားခဲ့တာ မင်း လုပ်ခဲ့တာပဲ မဟုတ်ဘူးလား”

သူ့စကားဆုံးသွားပြီးတဲ့နောက်မှာ သူက ခေါင်းကို ပြန်လှည့်လိုက်ပြီး မျက်နှာပေါ်မှာ စွပ်စွဲနေတဲ့အကြည့်တစ်ခုနဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ပြောလိုက်တော့တယ်။

“ဂိုဏ်းချုပ်ကြီး ဆရာ၊ ဆရာက တပည့်အတွက် ဆုံးဖြတ်ချက်တစ်ခုကို သေချာပေါက်ချပေးရပါမယ်”

…

All Chapters