အခန်း ၁၂၈
Vol. 9 Ch. 128
အပိုင်း (၁၂၈)
ဒီစကားကို ကြားလိုက်တဲ့အခါ ချန်ထျန်းဂိုဏ်းချုပ်ကြီးက စားပွဲပေါ်မှာရှိတဲ့ ကျင့်ကြံရေးလောကထဲက ရန်သူများစာရင်းဆိုတဲ့စာအုပ်ကို မြန်မြန်သိမ်းဆည်းလိုက်တယ်။ သူက အပေါ်ဝတ်ရုံကို ဆွဲဆန့်လိုက်ပြီး ခေါင်းကိုထောင်လိုက်ကာ သူ့တပည့်တွေကို ထည့်ဝါခံ့ညားပြီး ရင်းနှီးတဲ့ပုံစံမျိုးနဲ့ လက်ဝှေ့ယမ်းပြီး ပြောလိုက်တယ်။
"ဂိုဏ်းချုပ်ကြီးနှစ်ယောက်ကို ဘာဖြစ်လို့ မြန်မြန် မဖိတ်ခေါ်သေးတာလဲ"
“အခုတလော ချန်ထျန်းဂိုဏ်းချုပ်ကြီးက အလုပ်များတယ်လို့ ကျုပ်ကြားထားတယ်”
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ထိုင်ချလိုက်ပြီးတဲ့နောက်မှာ အဓိကထိုင်ခုံမှာ ထိုင်နေတဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ကြည့်လိုက်ပြီး သုန်မှုန်နေတဲ့ မျက်နှာတစ်ခုနဲ့ ပြောလိုက်တယ်။
"ဂိုဏ်းချုပ်ကြီးကျန်း ပင်ပန်းနေပြီလား"
"ဂိုဏ်းချုပ်ကြီးချီ ခင်ဗျားကတော့ နောက်နေပြန်ပါပြီ"
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ဘာတစ်ခုမှ မကြားလိုက်တဲ့ပုံစံနဲ့ ဝမ်းနည်းတဲ့မျက်နှာတစ်ခုနဲ့ ပြောလိုက်တယ်။
"ချန်ထျန်းဂိုဏ်းမှာ အခုတလော ပြဿနာတွေ အရမ်းများနေတာကတော့ အမှန်ပါပဲ။ ကျုပ်တို့တွေ အနားယူချင်တာတောင်မှ အနားယူဖို့ ခက်ခဲနေတယ်လေ"
"ဒါဆိုရင်တော့ ကျုပ်တို့တွေက ကျန်းဂိုဏ်းချုပ်ကြီးကို ဂုဏ်ပြုရမှာပဲ "
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက တဟင်းဟင်း ရယ်မောလိုက်ကာ စကားဝိုင်းကို ဦးဆောင်လိုက်တယ်။
"အခုချန်ထျန်းဂိုဏ်းက ပြဿနာတွေ အများကြီးကို ဖြေရှင်းပြီးသွားပြီဆိုတော့ ဂိုဏ်းရဲ့ဂုဏ်ရောင်ကို ပြန်လည်တည်ထောင်ပြီး သေချာပေါက် ပေါများကြွယ်ဝလာတော့မှာပဲ"
ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့စကားလုံးကို နားထောင်လိုက်ပြီးတဲ့နောက်မှာ သူ့မျက်လုံးထဲမှာ ပျော်ရွှင်တဲ့အရိပ်အယောင်တစ်ခု မပါပေမဲ့လည်း ပိုပြီးတည်ငြိမ်လာခဲ့တယ်။ ကြည့်ရတာ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးနဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးတို့နှစ်ယောက်က ဒီနေ့လာရင်း ရည်ရွယ်ချက် ကောင်းပုံတော့ မရဘူး။
အခုအချိန်မှာ သူတို့နှစ်ယောက်စလုံး အတူတူ ရောက်လာရတဲ့အကြောင်းအရင်းက ဖြစ်နိုင်တာကတော့ အကြွေးကြောင့်ပဲ ဖြစ်ရမယ်...
ချန်ထျန်းဂိုဏ်းက ကျန့်ရွှမ်ပစ္စည်းကို အခုအချိန်မှာ ထုတ်လုပ်ပြီးသွားပြီ ဆိုပေမဲ့လည်း ဒီကနေပြီးတော့ ဝိညာဥ်ကျောက်တုံးလေးတစ်တုံးတောင်မှ မရှာနိုင်သေးသလို ဒီအတွက် စွမ်းအင်တွေအားလုံးကို သုံးထားရတာလေ။
နောက် ဘာတွေဖြစ်လာမလဲဆိုတာကို သူ မသိဘူး။ အခုသူက ဝိညာဥ်ကျောက်တုံး တစ်တုံးလေးကိုတောင်မှ ထုတ်မပေးနိုင်သေးပါဘူး။
ဒီလိုစဥ်းစားလိုက်ပြီး သူ့မျက်နှာပေါ်က အမူအရာက ပိုပြီးရိုးရှင်းပြီး ရိုးသားတဲ့ပုံစံ ဖြစ်လာတယ်။ သူက ကူကယ်ရာမဲ့သွားသလို လက်ဝှေ့ယမ်းပြလိုက်ပြီး "ဂိုဏ်းချုပ်ကြီးလုရယ် ခင်ဗျား မသိလို့ပါ ချန်ထျန်းဂိုဏ်းက ပြဿနာတွေအပြည့် ဖြစ်နေပါသေးတယ်။ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ကျုပ်က ဒီရက်သတ္တတစ်ပတ်အတွင်းမှာ အလုပ်ပိုကြိုးစားဖို့ပဲ တတ်နိုင်တာပေါ့..."
သူ့စကားမဆုံးသေးခင်မှာဘဲ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ရယ်မောသံတစ်ခုနဲ့ သူ့စကားကို ဖြတ်ပြောလိုက်တယ်။
"ဂိုဏ်းချုပ်ကြီးကျန်းရယ် ဘာဖြစ်လို့အဲ့လောက်အထိ နှိမ့်ချနေရတာလဲ"
"ကျုပ်က ဂိုဏ်းချုပ်ကြီးချီနဲ့ တစ်လမ်းလုံး အတူတူလာခဲ့တာပါ။ ချန်ထျန်းဂိုဏ်းက အခုဆိုရင် ပေါများကြွယ်ဝ နေတာကို မြင်ခဲ့ပြီးပြီပါပြီ"
ဒီအချိန်မှာတော့ သူက အဓိပ္ပာယ်ပါပါနဲ့ ပြောလိုက်တယ်။
"တစ်ချိန်တုန်းက အကြွေးအများကြီးတင်နေတဲ့ ချန်ထျန်းဂိုဏ်းက တပည့်တွေတောင် အရင်တုန်းကထက် အများကြီး ပိုပြီးပြေလည်လာပြီလေ"
ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့စကားလုံးကို နားထောင်လိုက်ပြီး သူ့မျက်နှာပေါ်ကအပြုံးက အနည်းငယ် တောင့်တင်းသွားတယ်။ သူက သူ့ပါးစပ်ကို ဖွင်လိုက်ပေမဲ့လည်း ဘာမှမပြောရသေးခင် တစ်ဖက်က ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ပြတ်ပြတ်သားသား ပြောလိုက်တယ်။
"အခုကြည့်ရတာ ချန်ထျန်းဂိုဏ်းက ဝမ့်ကျန့်ဂိုဏ်းနီးပါး ချမ်းသာလာတဲ့ပုံပဲ။ ချန်ထျန်းဂိုဏ်းက ဝမ့်ကျန့်ဂိုဏ်းအပေါ် တင်ထားတဲ့ အကြွေး ၆.၂သန်းကို ဘယ်တော့ပြန်ဆပ်မယ်ဆိုတာ သိချင်ပါတယ်"
ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူတို့နှစ်ယောက်က ချော့လိုက်ခြောက်လိုက် ခြိမ်းခြောက်နေတာကို ကြားလိုက်ရတဲ့အခါ ဒီတစ်ကြိမ်တော့ သူ လွတ်မြောက်မယ် မထင်တော့ဘူးလို့ သိလိုက်တယ်။
သူ့မျက်မှာပေါ်က အပြုံးကလည်း တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူ့မျက်ခုံးတွေက မသိမသာ တွန့်ချိုးသွားတယ်။
ကျန့်ရွှမ် ဆက်သွယ်ရေးပစ္စည်းကို သန့်စင်နေတဲ့ဖြစ်စဥ်က ချန်ထျန်းဂိုဏ်းအတွက် လျှို့ဝှက်ချက်တစ်ခုလေ။ တကယ်လို့ ဂိုဏ်းကြီးတွေက သူတို့အရင်တုန်းကလုပ်ခဲ့သလို စောင့်ကြည့်ဖို့ သူရဲ့တပည့်တွေကို ထပ်ပြီး လွှတ်လာခဲ့မယ်ဆိုရင်... တကယ်လို့ ဒီတပည့်တွေက ကျန့်ရွှမ်ရဲ့ လျှို့ဝှက်ချက်ကို တွေ့ရှိသွားကြမယ်ဆိုရင်... နောက်ဆက်တွဲရလဒ်ကတော့ မတွေးဝံ့စရာပဲ။
အခုတော့ ဝေ့လည်ကြောင်ပတ် လုပ်လို့မရတော့ဘူးဆိုမှတော့...
ဒီလိုစဥ်းစားလိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးက တစ်ဖန် ပြုံးပြလိုက်တယ်။
"ခင်ဗျားတို့နှစ်ယောက် ဒီနေ့ရောက်လာတာ တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ကျုပ်က ခင်ဗျားတို့ကို လက်ဆောင်ပေးချင်တဲ့ မှော်ပစ္စည်းတစ်ခု ရှိတယ်"
သူက မျက်လုံးကနေ ချောင်ချွမ်းကို လှမ်းကြည့်လိုက်တယ်။ ချောင်ချွမ်းကလည်း သူ့လက်ထဲမှာ ဝှက်ထားတဲ့ ကျန့်ရွှမ် ပစ္စည်းနှစ်ခုကို မြန်မြန်ကောက်ယူလိုက်ပြီး ဂိုဏ်းချုပ်ကြီးနှစ်ယောက်ရှေ့ကို ဂရုတစိုက် လျှောက်လာခဲ့တယ်။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးနဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးတို့က ကျန့်ရွှမ်ပစ္စည်းကို ကောက်ကိုင်လိုက်ပြီး အချင်းချင်း ကြည့်လိုက်ကာ သူတို့ရဲ့မျက်လုံးတွေထဲမှာလည်း သံသယအရိပ် ဖြတ်ပြေးသွားတယ်။
ဒီအချိန်မှာပဲ ချန်ထျန်းဂိုဏ်းချုပ်ကြီးက ပြုံးကာ သူတို့နှစ်ယောက်ကို ဒီပစ္စည်းရဲ့လုပ်ဆောင်ပုံအကြောင်း ရှင်းပြလိုက်တယ်။
သူ့စကားဆုံးသွားတဲ့နောက်မှာပဲ သူက လူနှစ်ယောက်ရဲ့ မျက်လုံးထဲက ထိတ်လန့်နေမှုကို ကြည့်လိုက်ပြီး သူ့အသံက အရင်တုန်းကလို ရိုးသားပြီး ရင်းနှီးဖော်ရွေနေတဲ့ပုံ ဖြစ်နေတယ်။
"ဂိုဏ်းချုပ်ကြီးနှစ်ယောက်က ဒီကျန့်ရွှမ်မှော်ပစ္စည်းကို ဘယ်လိုများ မြင်ပါသလဲ"
"ကျုပ်က ကျင့်ကြံရေးလောကထဲမှာ နေရာတစ်ခု ရနိုင်တယ်ပေါ့ ဟုတ်လား"
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက အရင်ဆုံး သတိပြန်ဝင်လာခဲ့တယ်။ သူက ရင်းနှီးဖော်ရွေတဲ့ အပြုံးတစ်ခုကို ထုတ်ပြလိုက်ပြီး လေးစားတဲ့ပုံနဲ့ ပြောလိုက်တယ်။
"အရင်တုန်းက ဒီလိုကျန့်ရွှမ် ပစ္စည်းမျိုးကို တစ်ခါမှမကြားခဲ့ဖူးဘူး"
"ဒီလောက်အဆင်ပြေတဲ့ မှော်ပစ္စည်းတစ်ခုက ကျင့်ကြံရေးလောကထဲကို ရောက်သွားတာနဲ့ သေချာပေါက် နာမည်ကြီးလာလိမ့်မယ်"
ချန်ထျန်းဂိုဏ်းချုပ်ကြီး ပြောပြတဲ့အကြောင်းအရာတွေကို နားထောင်လိုက်ရုံနဲ့ သူတို့က အရမ်းကို စိတ်လှုပ်ရှားလာကြတယ်။ တခြားကျင့်ကြံသူတွေနဲ့ ဆက်သွယ်နိုင်တဲ့အပြင် သူတို့တွေက အဆင့်သတ်မှတ်ချက်နဲ့ အတင်းအဖျင်းစကား လုပ်ဆောင်ချက်တွေအကြောင်းကိုလည်း အရမ်း စိတ်ဝင်စားကြတယ်လေ။
သူက ဂိုဏ်းချုပ်ကြီးတစ်ယောက် ဖြစ်နေပြီး သူတောင်မှ ဒီလိုဖြစ်နေတယ်ဆိုရင် တခြားကျင့်ကြံသူတွေဆိုရင်တော့ ပြောစရာလိုမှာမဟုတ်ဘူး။
ကြည့်ရတာ ချန်ထျန်းဂိုဏ်းကတော့... တကယ်ကြီးကို တိုးတက်လာတော့မှာပဲ။
ဒါက ချန်ထျန်းဂိုဏ်းချုပ်ကြီးနဲ့ တည့်တည့်ရှုရှုနေဖို့ နည်းလမ်းတစ်ခု ပြင်ဆင်ရတော့မဲ့အချိန်ပဲ။
ဒီလိုစဥ်းစားလိုက်ပြီး သူ့မျက်နှာပေါ်က အမူအရာကလည်း ပိုပြီးရင်းနှီးဖော်ရွေလာတယ်။
ဒါပေမဲ့လည်း သူ့ဘေးမှာရှိတဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာထားကတော့ သူနဲ့ လုံးဝကို ဆန့်ကျင့်ဖက်ပဲ။
သူ့မျက်နှာက အေးခဲသွားပြီး သူ့မျက်လုံးတွေထဲမှာလည်း ရှုပ်ထွေးတဲ့ခံစားချက်တွေအပြည့် ဖြစ်သွားတယ်။
ကျန့်ရွှမ်လို့ခေါ်တဲ့ ဒီမှော်ပစ္စည်းက ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို သူ သေသေချာချာ သိနေတယ်လေ။ နောက်ဆိုရင် ကျန့်ရွှမ်က ဘယ်လိုတွေ နာမည်ကြီးလာမလဲဆိုတာ သူ ခန့်မှန်းနိုင်နေတယ်။
အကယ်၍များ...
ကိုယ်တိုင်ရဲ့ ကျရှုံးမှုက ကြောက်စရာကောင်းတယ်ဆိုပေမဲ့လည်း ကိုယ့်ရန်သူရဲ့ အောင်မြင်မှုက ပိုပြီးတော့ ကျောချမ်းစရာကောင်းတယ်လေ။
ချန်ထျန်းဂိုဏ်းက အရင်တုန်းက ဝမ့်ကျန့်ဂိုဏ်းထက် ပိုပြီးဆင်းရဲတာ သိသာပါတယ်။ ဒါပေမဲ့ ကျန့်ရွှမ်ကို ထုတ်လုပ်ပြီးသွားတာနဲ့ ချန်ထျန်းဂိုဏ်းက မကြာခင်မှာပဲ ချမ်းသာလာမယ်လို့ ခန့်မှန်းလို့ရတယ်။
အမြဲတမ်း ဆင်းရဲပြီး ကျန်နေခဲ့မဲ့ တစ်ခုတည်းသောဂိုဏ်းက ဝမ့်ကျန့်ဂိုဏ်းပဲ ဖြစ်နေတာကိုး။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက စကားပြောရင်း အတွေးနစ်နေသယောင် ဂိုဏ်းကိုပြန်လာတဲ့အထိ သတိပြန်မဝင်လာအောင်ပဲ။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီး ခန့်မှန်းထားတဲ့အတိုင်းပါပဲ...
ကျန့်ရွှမ်က သုံးရတာ အင်မတန်မှ လွယ်ကူပြီး စျေးကလည်း မကြီးဘူးလေ။ ဒီတော့ သာမန်ကျင့်ကြံသူတွေက ဒါကိုတတ်နိုင်တာပေါ့။ ဒါက ကျင့်ကြံရေးလောကထဲက မရေမတွက်နိုင်တဲ့ နာမည်ကြီးတွေရဲ့ ထောက်ခံခြင်းကိုလည်း ခံထားရတယ်။
အချိန်တစ်ခုကြာတဲ့အခါ ကျန့်ရွှမ်ရဲ့ ရေပန်းစားပုံက ကျင့်ကြံရေးလောကတစ်ခုလုံးကို လွှမ်းမိုးသွားတယ်။
သူရဲ့အကန့်အသတ်နဲ့ထုတ်ထားတဲ့ အရေအတွက်ကြောင့် ကျန့်ရွှမ်ရဲ့စျေးနှုန်းက မှောင်ခိုစျေးကွက်မှာ မိုးထိအောင် ထိုးတက်သွားတယ်။
ချန်ထျန်းဂိုဏ်းထဲမှာတော့-
ချောင်ချွမ်းက သူ့အသံထဲက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လို့မရအောင် ဖြစ်နေတယ်။
"ဆရာကြီး ကျန့်ရွှမ်က အခုဆိုရင် ချန်ထျန်းဂိုဏ်းအတွက် ဝိညာဥ်ကျောက်တုံး ၁၂.၃သန်း သယ်လာပေးနိုင်ပြီ"
သူက တုန်ယင်နေတဲ့ အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"တကယ်လို့ ကျွန်တော်တို့တွေ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ချန်ထျန်းဂိုဏ်းရဲ့ဒီလရဲ့ဝင်ငွေက သန်း၃၀တောင် ကျော်သွားနိုင်တယ်"
ဒီခန့်မှန်းချက်အတိုင်းဆိုရင် ချန်ထျန်းဂိုဏ်းက သုံးရက်မပြည့်သေးခင်မှာပဲ အကြွေးတွေအားလုံးကို ဆပ်နိုင်သွားလောက်တယ်။
ချန်ထျန်းဂိုဏ်းချုပ်ကြိးက သူရဲ့စိတ်လှုပ်ရှားနေတဲ့ ရုပ်သွင်ကိုကြည့်လိုက်ပြီး ဘာမှမတတ်သာသလို ခေါင်းခါပြလိုက်တယ်။ သူရဲ့မျက်လုံးထဲမှာတော့ တည်ငြိမ်ပြီး ဖာသိဖာသာ အရိပ်အယောင်တစ်ခု ဖြစ်နေတယ်။
"စိတ်လျှော့"
"ဝိညာဥ်ကျောက်တုံးတွေ အများကြီးရှာနိုင်တဲ့လူတစ်ယောက် လာနေပြီ"
သူ့စကားဆုံးသွားတာနဲ့ချက်ချင်း မဟာယန ကျင့်ကြံသူတစ်ယောက်ရဲ့ ဖိအားလှိုင်းတစ်ခုက သူတို့ရှိနေတဲ့ ခန်းမဆီကို ကြမ်းကြမ်းတမ်းတမ်း ဝင်ရောက်လာတယ်။
အဲ့ဒီနောက်မှာတော့ ဒေါသသံတစ်ခုက မိုးခြိမ်းသံအလား မြည်ဟီးသွားတယ်။
"ဒါက ကျန့်ရွှမ်ထဲမှာ မင်းတို့ချန်ထျန်းဂိုဏ်း လုပ်ထားတဲ့ အဆင့်သတ်မှတ်ချက်လား"
"ကြီးမြတ်သူရှီမင်"
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ချောင်ချွမ်းအပေါ် ဖိနိုပ်ထားတဲ့ ကြီးမြတ်သူရှီမင်ရဲ့ ဖိအားတွေကို ထိန်းထားပေးလိုက်တယ်။ သူက ရှေ့ကိုခြေနှစ်လှမ်းတိုးလာပြီး အသစ်ရောက်လာတဲ့သူကို ဦးညွှတ်နှုတ်ဆက်လိုက်တယ်။ သူ့အသံကလည်း သိမ်မွေ့ပြီး ယဥ်ကျေးလို့ပါပဲ။
"ကြီးမြတ်သူရှီမင်က ခရီးသွားလာနေတာပဲ။ ဒါနဲ့များ ဘယ်လိုဖြစ်ပြီး ကျူပ်တို့ချန်ထျန်းဂိုဏ်းကို အလည်အပတ် ရောက်လာတာလဲ"
ရှီမင်ရဲ့မျက်နှာက ညိုမည်းသွားပြီး သူ့မျက်လုံးကလည်း ဒေါသကြောင့် နီရဲသွားတယ်။
သူက ကျန့်ရွှမ်ပေါ်မှာ တွေ့လိုက်ရတဲ့ အဆင့်သတ်မှတ်ချက်ကို ပြန်စဥ်းစားလိုက်ပြီး သူ့ဒေါသတွေက မနေနိုင်ဘဲ ပြန်ပြီးတိုးတက်သွားတယ်။ သူရဲ့သွေးတွေကလည်း ဆူပွက်သွားတယ်။ သူက အံ့ကြိတ်ပြီး ပြောလိုက်တယ်။
"မင်းတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်က ဘယ်လိုလုပ်ပြီး ဒီလောက်နုံချာနေရတာလဲ"
"အဲ့ဒီကြောင်သူတော် ရန်ရှင်းက ဘယ်လိုဖြစ်လို့ ငါ့ရှေ့မှာ ရောက်နေတာလဲ"
တကယ်လို့များ တခြားတစ်ယောက်က သူ့ရှေ့မှာ ရောက်နေတယ်ဆိုရင်လည်း ထားပါတော့။ ဒါပေမဲ့ ရန်ရှင်းဆိုတဲ့ အဲ့ဒီကြောင်သူတော်ကတော့...
သူ့ကို အိမ်ပြန်မလာအောင် ဖိအားပေးခဲ့တဲ့ ကြီးမြတ်သူရန်ရှင်းလုပ်ခဲ့တဲ့ အကြောင်းအရာတွေကို စဥ်းစားလိုက်ပြီး သူ့မှာသွားတွေက တဆတ်ဆတ်တုန်သွားတယ်။
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ကြီးမြတ်သူရန်ရှင်းကို ကြီးမြတ်သူရှီမင်ရဲ့ရှေ့မှာ အဆင့်သတ်မှတ်ထားပြီး ကတည်းက ဒီနေ့လိုကိစ္စဖြစ်လာမှာကို သူက ကြိုတင်ခန့်မှန်းပြီးသားပဲ။
သူက ဘာမှမတတ်သာသလို ခေါင်းခါပြလိုက်တယ်။
"ကျုပ်က ကြီးမြတ်သူကို တမင်ဆန့်ကျင်ချင်လို့ မဟုတ်ပါဘူး"
"ကြီးမြတ်သူရဲ့ ကျင့်ကြံခြင်းအဆင့်က ကြီးမြတ်သူရန်ရှင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ တကယ်ပဲ နီးစပ်ပါတယ်၊ ခင်ဗျားတို့နှစ်ယောက်က အကြိမ်ကြိမ် တိုက်ခိုက်လာခဲ့ကြပြီး တစ်ယောက်ချင်းစီတိုင်းမှာလည်း အနိုင်အရှုံးတွေ ရှိခဲ့ကြတယ်။ ကျုပ်မှာအချိန်အကြာကြီး ရုန်းကန်လာခဲ့ပြီး နောက်ဆုံးမှ ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်ခဲ့တာပါ"
"ဒါက အချင်းချင်း လက်ရည်ချင်းယှဥ်ထားတဲ့ ခင်ဗျားရဲ့ကျင့်ကြံခြင်း အဆင့်ပါပဲ"
သူ့စကားကို ကြားလိုက်ရတဲ့အခါ ကြီးမြတ်သူရှီမင်က ပိုလိုပင် ဒေါသထွက်လာတယ်။
"ကျုပ်တို့တွေက ပြိုင်ပွဲမှာ သရေကျခဲ့တာတောင် ရန်ရှင်းက ဘာဖြစ်လို့ကျုပ်ထက် ရှေ့ရောက်နေရတာလဲ"
အခုအချိန်မှာ ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတွေတိုင်းက ကျန့်ရွှမ်တွေရှိကြပြီး ကျန့်ရွှမ်ထဲက အဆင့်သတ်မှတ်ချက်တွေကိုလည်း ကြည့်ကြတယ်လေ။ သူက ချန်ထျန်းဂိုဏ်းကို လာခဲ့တဲ့အချိန်မှာ ကျင့်ကြံသူတွေအများကြီးက ဒီအဆင့်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ပြောနေတာကို ကြားလိုက်ရတယ်။
အခုတော့ ကျန့်ရွှမ်ရဲ့ အဆင့်သတ်မှတ်ချက်ထဲမှာ ရန်ရှင်းက သူ့ထက် ရှေ့နေရာရောက်နေတယ်။ ဒီလိုဆိုရင် သူတို့တွေက လက်ရည်တူပါတယ်လို့ ဘယ်သူက ထင်တော့မှာလဲ။ သူတို့အားလုံးက ရန်ရှင်းကပဲ သူတို့ထက်သာတယ်လို့ ထင်သွားကြမှာပေါ့။
ချန်ထျန်းဂိုဏ်းချုပ်ကြီးက သိမ်မွေ့တဲ့လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
"လူကြီးမင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်သူက သာတယ်ဆိုတာကို ပြောပြဖို့ ခက်ခဲတယ်ဆိုပေမဲ့လည်း သေချာပေါက် အဆင့်သတ်မှတ်ချက်တစ်ခုကတော့ရှိ..."
"ကျင့်ကြံရေးလောကထဲမှာ ကြီးမြတ်သူရန်ရှင်းရဲ့ ဂုဏ်သတင်းက ...ခင်ဗျားထက် နည်းနည်းလေး ပိုသာတာကိုတော့ ခင်ဗျားလည်း သိပါတယ်"
ကြီးမြတ်သူရှီမင်က လက်တစ်ဖက်နဲ့ ဓားကျိုးတစ်ခုကို ဝှေ့ယမ်းကစားနေတတ်ပြီး ဒီလက်နက်ကနေ ထွက်လာတဲ့ အေးစိမ့်တဲ့ခံစားချက်ကလည်း နေရာတစ်ခုလုံးကို အေးခဲသွားသယောင်ပါပဲ။
သူက အေးတိအေးစက် ပြုံးလိုက်ပြီး သူ့အသံထဲမှာလည်း သိသာတဲ့ ပုံမှန်မဟုတ်တဲ့ သိသာတဲ့ ခြိမ်းခြောက်မှုတစ်ခုကို ဆောင်ထားတယ်။
"ဒါက တိုက်ခိုက်ရေးအဆင့် သတ်မှတ်ချက်တစ်ခုဆိုတော့ ဘာဖြစ်လို့နာမည်ကို ထည့်သွင်းစဥ်းစားနေရမှာလဲ"
"တကယ်လို့ မင်းတို့တွေက ကျုပ်ရဲ့တိုက်ခိုက်ရေးအရည်အချင်းကို သိချင်တယ်ဆိုရင် မင်းတို့ကိုယ်တိုင် တစ်ချက်လောက်လာပြီးတော့ စမ်းကြည့်လို့ရပါတယ်"
သူရဲ့ခြိမ်းခြောက်တဲ့စကား ပြီးဆုံးသွားတဲ့အချိန်မှာပဲ ကောင်းကင်နဲ့ မြေကြီးကို ခွဲပြစ်တော့မယောင် လျှပ်စီးတစ်ချက်က သိပ်မဝေးလှတဲ့ မြင့်မြတ်တောင်ထွတ်မှာ ပေါ်ပေါက်လာတယ်။ ကြီးမြတ်သူရှီမင်ရဲ့ ဓားကျိုးကို ကိုင်ထားတဲ့ လက်တွေကလည်း မသိမသာ တုံ့ဆိုင်းသွားတယ်။
ချန်ထျန်းဂိုဏ်းရဲ့ မဟာအကြီးအကဲရဲ့ ကျင့်ကြံခြင်းအဆင့်က မဟာယနအဆင့်မှာပဲ ပိတ်ဆို့နေပြီး ကြီးမြတ်သူလင်းယွမ်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပြီး တိုးတက်မှုတွေ ဆက်မလုပ်နိုင်တော့ဘူးလို့ ပြောထားတယ် မဟုတ်လား။ ဒါက ကျင့်ကြံရေးအဆင့်မှာ ပိတ်ဆို့နေတာမှ မဟုတ်ဘဲ။ ဒါကအတိဒုက္ခ ဝိညာဥ်ကျော်ဖြတ်ခြင်းအဆင့်နဲ့တောင် သိပ်မကွာတော့ဘူး"
ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူရဲ့အပြုအမူကို သတိထားမိလိုက်ပြီး အံ့သြသလိုနဲ့ ကြည့်လိုက်တယ်။
အဲ့ဒီနောက်မှာတော့ သူက တောင်းပန်တဲ့ရုပ်တစ်ခုနဲ့ ပြောလိုက်တယ်။
"မဟာအကြီးအကဲက အချိန်တစ်ခုတုန်းကမှ သူ့အတိတ်ဘဝက မှတ်ဉာဏ်တွေကို ပြန်ပြီးနိုးထနိုင်ခဲ့တာလေ။ အခုလတ်တလောမှာ သူ့ရဲ့အတိတ်ဘဝက ကျင့်ကြံခြင်းအဆင့်ကို ပြန်ပြီးတော့ အသက်သွင်းနေတာ။ လူကြီးမင်းကို မပြစ်မှားမိပါစေနဲ့လို့ပဲ ကျုပ်က ဆုတောင်းနေတာ"
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ကြီးမြတ်သူရှီမင်က သူ့လက်ထဲက ဓားကျိုးကြီးကို ပြန်သိမ်းလိုက်ပြီး လေးစားတဲ့ အရိပ်အယောင်တစ်ခုနဲ့ ပြောလိုက်တယ်။
"မဟာအကြီးအကဲရဲ့ ထည်ဝါခမ်းနားလှတဲ့ တည်ရှိမှုကို မြင်တွေ့ရတာကပဲ ကျုပ်အတွက် ဂုဏ်ယူစရာ ဖြစ်နေပါပြီ"
သူက ငယ်ရွယ်ပြီး ပေါ့ပျက်ပျက်နိုင်တဲ့အချိန်တုန်းက သူကသာ ပြိုင်ဘက်ကင်းတယ်လို့ ခံစားခဲ့ဖူးတယ်လေ။ သူက ချန်ထျန်းဂိုဏ်းရဲ့ မဟာအကြီးအကဲကို ဘယ်တုန်းကမှ မကြောက်ခဲ့သလို စကားလည်း မပြောဖူးသလောက်ပါပဲ။ အဲ့ဒီနောက်မှာတော့... သူက အသေအကျေရိုက်နှက် ခံလိုက်ရတယ်လေ။
ချန်ထျန်းဂိုဏ်းရဲ့ မဟာအကြီးအကဲရဲ့ စိတ်နေသဘောထားအရ သူသာ ချန်ထျန်းဂိုဏ်းကိုလာပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ခြိမ်းခြောက်နေတာကို သိသွားခဲ့မယ်ဆိုရင်...
ဒါပေမဲ့လည်း မဟာအကြီးအကဲရဲ့ ခြိမ်းခြောက်နေတဲ့ အရိပ်အယောင် ရှိနေတာတောင် ကြီးမြတ်သူရှီမင်က ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး မယိမ်းယိုင်တဲ့ အကြည့်တစ်ခုနဲ့ ပြောလိုက်တယ်။
"ကျုပ်ကတော့ ခင်ဗျားရဲ့အဆင့်သတ်မှတ်ချက်မှာ ပြဿနာအကြီးကြီးတစ်ခု ရှိနေသေးတယ်လို့ ထင်တယ်"
[ကျွတ်ကျွတ် ဒီကြီးမြတ်သူရှီမင်က ဘယ်လိုဖြစ်ပြီး အဲ့လောက်အထိ အပြစ်ကင်းစင်နေရတာလဲ]
ဆူညံ့သံကို ကြားလိုက်ပြီးတဲ့နောက်မှာ စူးလီက တိမ်လွှာကြေးမုံကို ဖွင့်လိုက်တယ်။
တိမ်လွှာကြေးမုံထဲက ကြီးမြတ်သူရှီမင်ရဲ့ ခေါင်းခါနေတဲ့ရုပ်ကို မြင်လိုက်ရတဲ့အခါ သူမက မနေနိုင်ဘဲ ခေါင်းခါလိုက်ကာ သက်ပြင်းချလိုက်ရတယ်။
[ဝိညာဥ်ကျောက်တုံးလေး နည်းနည်းပါးပါး သုံးလိုက်မယ်ဆိုရင် အဆင့်သတ်မှတ်ချက်ကို ပြောင်းလဲဖို့ အချိန် အဲ့လောက်ကြာမှာ မဟုတ်ဘူးလေ]
အပြင်လောကကအသံက ရုတ်တရက်ထွက်လာတဲ့ အကြောင်းအရင်းကို ကြီးမြတ်သူရှီမင်က မစဥ်းစားရသေးခင်မှာဘဲ သူ ပြောလိုက်တဲ့စကားကို ကြားလိုက်ရတယ်။
ဧကန္တ ...
သူက ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ကြည့်လိုက်ပြီး သွေးတိုးစမ်းသလို ပြောလိုက်တယ်။
"ခင်ဗျားတို့တွေ ဝိညာဥ်ကျောက်တုံးတွေ မရှိတော့လို့လား"
[ကြီးမြတ်သူရှီမင်က တကယ်ပဲ တုံးအတာလား။ ဒါမှမဟုတ် တုံးအချင် ဟန်ဆောင်တာလား]
[ဒါပေါ့ ဒီလိုမေးဖို့က အဆင်မပြေဘူးလေ။ ရှင်က ပိုပြီးတော့ ပါးပါးနပ်နပ်နဲ့ ကျိုးကြောင်းဆီလျော်ဖို့ လိုတယ်လေ]
အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကြီးမြတ်သူရှီမင်က ခဏလောက် တုံ့ဆိုင်းသွားပြီး ဆက်ပြောလိုက်တယ်။
"ချန်ထျန်းဂိုဏ်းက ဝိညာဥ်ဆေးပင်တွေက အရမ်းကို ကောင်းမွန်တယ်လို့ ကျုပ်တော့ ထင်တယ်၊ ကျုပ်က တစ်ပင်လောက်ဝယ်ဖို့ ယွမ်၁သောင်းလောက်သုံးချင်တယ်...”
သူ့စကားဆုံးသွားတာနဲ့ ချက်ချင်း ချန်ထျန်းဂိုဏ်’ချုပ်ကြီးက နောင်တရသွားတဲ့အကြည့်တစ်ခုနဲ့ သူ့ပေါင်သူ ပြန်ရိုက်ပြီး ပြောလိုက်တယ်။
"လူကြီးရယ် လူကြီးမင်း ပြောတဲ့စကားက မှန်တယ်လို့တော့ ကျုပ်တော့ ထင်တယ်"
"တိုက်ခိုက်ရေးသတ်မှတ်ချက်က ဘယ်လိုလုပ်ပြီး တခြားအချက်တွေအပေါ် အခြေခံထားလို့ရမှာလဲ၊ လူကြီးမင်း သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်က ဒီကိစ္စကို ချန်လှပ်ထားရမယ်ဆိုတာ သတိထားမိသွားပါပြီ"
"ကျုပ် အခုချက်ချင်း ကျုပ်တပည့်တွေကို ဒီအစီအစဥ်ကို သေသေချာချာလေး ပြောင်းလဲခိုင်းလိုက်ပါမယ်"
…