← Chapters

အခန်း ၁၃၀

Vol. 9 Ch. 130

အခန်း ၁၃၀

Vol. 9 Ch. 130

အပိုင်း (၁၃၀)

သူက တလေးတစားကြည့်နေတဲ့ ချောင်ချွမ်းဖက်ကို လှည့်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တော့တယ်။

"ထားလိုက်ပါလေ၊ မင်းက ဝိညာဥ်ကျောက်တုံးတွေကိုပဲ ဆက်ပြီး ရေတွက်နေလိုက်တော့"

သူ့စကားကို ကြားလိုက်တဲ့အခါ ချောင်ချွမ်းက ဦးညွှတ်နှုတ်ဆက်ကာ ပြောလိုက်တယ်။

"ဒါဆိုရင် ဆရာကြီး ဂိုဏ်းကြီးတွေဆီမှာတင်နေတဲ့ ဝိညာဥ်ကျောက်တုံးတွေကို ..."

ချန်ထျန်းဂိုဏ်းချုပ်ကြီးက အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ကာ အဓိပ္ပာယ်ပါပါနဲ့ ပြောလိုက်တယ်။

"သစ်တောထဲမှာ ထူးထူးခြားခြား ကွဲထွက်နေတဲ့သစ်ပင်က လေတိုက်ဒဏ်ကို ခံရလိမ့်မယ်"

"တခြားဂိုဏ်းတွေကလည်း ဒီကာလအတွင်းမှာ ချန်ထျန်းဂိုဏ်းရဲ့ ဝင်ငွေအကြောင်းကိုလည်း သိနေကြမယ်ဆိုရင် ဒါကသေချာပေါက် မငြိမ်မသက်ဖြစ်လာမှာပဲ"

ဒီအချိန်မှာတော့ သူက လက်ကို ဝေ့ယမ်းလိုက်ကာ ပြောလိုက်တယ်။

"အရင်ဆုံး ဝမ့်ကျန့်ဂိုဏ်းကို ဝိညာဥ်ကျောက်တုံး၂သန်းနဲ့ တခြားဂိုဏ်းတွေကိုတော့ ဝိညာဥ်ကျောက်တုံး ၁သန်းစီ ပြန်ပေးလိုက်မယ်"

ချောင်ချွမ်းက မြန်မြန်ဦးညွှတ်လိုက်ကာ ပြန်ဖြေလိုက်တယ်။

"ဟုတ်ကဲ့ပါ"

ဒီအချိန်မှာပဲ ချန်းဖင့်က ခန်းမထဲကို လျှောက်ကာဝင်လာတယ်။ ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့ကိုတွေ့လိုက်တဲ့အခါ တရင်းတနှီး အကြည့်တစ်ခုနဲ့ သူ့ကို နှုတ်ဆက်ပြီး ပြောလိုက်တယ်။

"အကြီးအကဲချန်း ကျန့်ရွှမ်ရဲ့ သုတေသနလုပ်ငန်းနဲ့ မျက်နှာကိုပါ မြင်ရတဲ့လုပ်ဆောင်ချက်က အခြေအနေ ဘယ်လိုရှိလဲ"

ချန်းဖင့်က သူ့ကို တလေးတစားနဲ့ ဦးညွှတ်ပြီးပြောလိုက်တယ်။

"ကျွန်တော်တို့တွေ တချို့ကိစ္စတွေကိုတော့ ရှာဖွေဖော်ထုတ်ပြီးပါပြီ၊ ဒါပေမဲ့လည်း မျက်နှာချင်းဆိုင် ပုံရိပ်တွေ့ဆုံအောင် လုပ်ပေးဖို့ကတော့ ပတ်ဝန်းကျင်က ဝိညာဥ်စွမ်းအင်တွေရဲ့ သက်ရောက်မှုကို ခံရနိုင်ပြီး ပုံရိပ်တွေကို မတည်မငြိမ်တွေ ဖြစ်စေနိုင်တယ်..."

"ကိစ္စမရှိပါဘူး ဖြည်းဖြည်းချင်းလေ့လာပါ"

ချန်ထျန်းဂိုဏ်းချုပ်ကြီးက စိတ်အေးသွားတဲ့ အရိပ်တစ်ခုနဲ့ ပြောလိုက်တယ်။

"ကျန့်ရွှမ်ကို ကျင့်ကြံရေးလောကထဲမှာ အသုံးပြုနေကြပြီပဲ။ ကျန့်ရွှမ်ရဲ့ဒုတိယမျိုးဆက်ကို မရောင်းရခင် အနည်းဆုံး အချိန်သုံးလလောက် လိုပါသေးတယ်"

ချန်းဖင့်က ဒီစကားကို ကြားလိုက်တဲ့အခါ ခေါင်းညိတ်ပြီး တလေးတနက်နဲ့ ပြောလိုက်တယ်။

"ဝိညာဥ်စွမ်းအင်အမြစ်တွေနဲ့ ဝိညာဥ်စွမ်းအင်အခြေအနေတွေကို စမ်းသပ်ဖို့ ကျန့်ရွှမ်ကို သုံးတဲ့နေရာမှာကတော့ ဒါကို လေ့လာပြီးသွားပါပြီ။ သုံးလကအတွင်းမှာ ကျန့်ရွှမ်ရဲ့ ဒုတိယမျိုးဆက်ထဲမှာ ပေါ်လာမယ်လို့ ခန့်မှန်းရပါတယ်..."

သူ့စကားမဆုံးခင်မှာဘဲ ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့ကိုဖြတ်ပြောလိုက်တယ်။

ကျန့်ရွှမ်ကို သုံးကြတဲ့ ကျင့်ကြံသူတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေတဲ့ပုံဖြစ်နေတဲ့ အမူအရာတစ်ခုကို ထုတ်ပြရင်း သူက ဖြောင့်ဖြောင့်မတ်မတ်နဲ့ ပြောလိုက်တယ်။

"လုပ်ဆောင်ချက်အသစ်တွေကို အများကြီး တစ်ခါတည်း ထည့်သွင်းထားမယ်ဆိုရင် ပြဿနာတချို့ဖြစ်လာလိမ့်မယ်"

"ဒါကို တစ်ခုပြီး တစ်ခုလုပ်တာက ပိုပြီးတော့ အန္တရာယ်ကင်းလိမ့်မယ်"

"ကျုပ်သဘောအရဆိုရင်တော့ ကျန့်ရွှမ်ရဲ့ ဒုတိယမျိုးဆက်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံလို့ရတဲ့ လုပ်ဆောင်ချက်တစ်ခုကိုပဲ ထည့်ပြီး တတိယမျိုးဆက်ရောက်မှ ဝိညာဥ်အရင်းအမြစ်ကို စစ်ဆေးပေးတဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းမယ်ဆိုရင်ကော ..."

"ဒီနေ့အချိန်အခါမှာ ကျင့်ကြံရေးလောကက ကျင့်ကြံသူတိုင်းမှာ သူတို့လက်ထဲမှာ ကျန့်ရွှမ်တစ်ခုကတော့ ရှိတယ်လို့ ပြောလို့ရတယ်။ ဒီတော့ ချန်ထျန်းဂိုဏ်းက ထပ်မံသန့်စင်ထားတဲ့ ကျန့်ရွှမ်တွေကို နောက်ပိုင်းမှာ ဘယ်လိုဆက်ပြီးတော့ ရောင်းလို့ရမှာလဲ"

သူတို့တွေက နည်းစနစ်အသစ်တွေကို ရှာဖွေဖို့အလုပ်ကြိုးစားပြီး ကျင့်ကြံသူတွေကို သူတို့ရဲ့ကျန့်ရွှမ်ကို မကြာခဏ ပြောင်းလဲအသုံးပြုအောင် လုပ်ဖို့ပဲလိုတော့တယ်။

ချောင်ချွမ်းက တံခါးဝနားရောက်လာပြီး သူ့ဆရာရဲ့ ဖြောင့်မတ်တည်ကြည်တဲ့ စကားကို ကြားလိုက်ရတဲ့အချိန်မှာ ခဏလောက် တုံ့ဆိုင်းသွားလိုက်တယ်။ ဒီအချိန်မှာတော့ အပြင်လောကကလာတဲ့အသံ ပြောခဲ့တဲ့စကားတွေက မှန်ကန်တဲ့အကြောင်း ရုတ်တရက် သဘောပေါက်သွားတော့တယ်။ သူ့ဆရာက ...

တကယ့်ကို ဝမ်းတွင်းမည်း အမြတ်ကြီးစားတစ်ယောက်ပဲ...

အခုဆိုရင် ချန်ထျန်းဂိုဏ်းက သန့်စင်ခဲ့တဲ့ကျန့်ရွှမ်က ကျင့်ကြံရေးလောကတစ်ခုလုံးမှာ အရှိန်အဟုန်နဲ့ ပျံ့နှံ့နေပြီလေ။ ထျန်းကျီးဂိုဏ်းကလည်း ဒီသတင်းကိုရမှာတော့ သဘာဝပဲ။ ထျန်းကျီးဂိုဏ်းချုပ်ကြီးက သူ့လက်ထဲက အနက်နဲ့ရွှေရောင် ကျန့်ရွှမ်ပစ္စည်းကို ကြည့်လိုက်ပြီး ချန်ထျန်းဂိုဏ်းက သူတို့အကြွေးအတွက် ပြန်ဆပ်ထားတဲ့ အခုလေးတင်မှ လက်ခံရရှိခဲ့တဲ့ ဝိညာဥ်ကျောက်တုံး၁သန်း အကြောင်းကို စဥ်းစားလိုက်တယ်။ သူ့မျက်လုံးထဲမှာ စိတ်ကူးထားတဲ့ အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့တယ်။

လက်ရှိချန်ထျန်းဂိုဏ်းဟာဆိုရင် အရင်တုန်းကထက် အင်မတန်မှ ပေါများကြွယ်ဝပြီး အများကြီးလည်း ပိုကောင်းမွန်လာတယ်။ ဒါပေမဲ့လည်း သူက ချန်ထျန်းဂိုဏ်းကို စဥ်းစားလိုက်တဲ့အချိန်မှာ ချန်ထျန်းဂိုဏ်းမှာ ရှိနေသေးတဲ့ သူ့သားအကြောင်းကို အမှတ်တမဲ့ စဥ်းစားမိလိုက်ပြီး သူ့မျက်လုံးတွေက ရုတ်ခြည်းဆိုသလို ပျော့ပြောင်းသွားတယ်။

လပေါင်းများစွာ မတွေ့ရတာကြာပြီဖြစ်တဲ့ ထျန်းယောက်အကြောင်းကို စဥ်းစားလိုက်ပြီး သူက ကူကယ်ရာမဲ့သလို သက်ပြင်းချလိုက်ကာ ကျန့်ရွှမ်ကို စတင်သုံးဖို့အတွက် သူ့ရဲ့ဝိညာဥ်စွမ်းအင်တွေကို အသုံးချလိုက်တယ်။

ထျန်းယောက်က ခေါ်ဆိုမှုကို လက်ခံပြီးတဲ့နောက်မှာပဲ သူက တအံ့တသြနဲ့ ပြောလိုက်တယ်။

"အဖေ"

ထျန်းကျီးဂိုဏ်းချုပ်ကြီးက ထျန်းယောက်ရဲ့အသံကို ကြားလိုက်တဲ့အခါ သူ့အသံက ချစ်မြတ်နိုးမှုတွေ ရောပြွန်းနေတဲ့ ထည်ဝါခန့်ညားမှုတစ်ခုဖြစ်နေတယ်။

"ယောက်အာ အခု မင်း ချန်ထျန်းဂိုဏ်းကို ရောက်နေတာ အရမ်းကြာသွားပြီ၊ ထျန်းကျီးဂိုဏ်းကို ပြန်လာရမဲ့ အချိန်တန်ပြီ ဟုတ်တယ်မလား"

"အဖေ ကျွန်တော် ချန်ထျန်းဂိုဏ်းမှာ ကျွန်တော်ရဲ့အခွင့်အရေးကို အခုထိ စောင့်လို့မပြီးသေးဘူး။ ဒီတော့ ကျွန်တော် အခုလောလောဆယ်တော့ ပြန်မလာနိုင်သေးဘူး"

ထျန်းယောက်ရဲ့အသံက ထူးထူးခြားခြား ပြတ်သားလို့နေတယ်။

"ကျွန်တော် ချန်ထျန်းဂိုဏ်းမှာ ဒီလောက်အကြာကြီးနေပြီး ကျွန်တော့်အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့တာလေ။ အခုအချိန်မှ ကျွန်တော်ပြန်လာခဲ့မယ်ဆိုရင် ကျွန်တော် ကျရှုံးသွားတော့မှာပေါ့"

သူ့အဖြေကို ကြားလိုက်ရတဲ့အခါ ထျန်းကျီးဂိုဏ်းချုပ်ကြီးက ဘာမှမတတ်နိုင်တဲ့ အရိပ်အယောင်အပြည့် ဖြစ်သွားတယ်။

"ယောက်အာ အနာဂတ်ကို ဟောပြောပေးတဲ့သူ တစ်ယောက်အနေနဲ့ မင်းရဲ့ အတွက်အချက်မှာ အမှားအယွင်း လုပ်မိတာက တကယ့်ကိုသာမန်ပဲဆိုတာ မင်း သိသင့်ပါတယ်"

"မင်း ချန်ထျန်းဂိုဏ်းကို ရောက်နေတာ အဲ့လောက်တောင်ကြာနေပြီ အခွင့်အရေးကို ရှာမတွေ့သေးဘူးဆိုမှတော့ မင်းရဲ့တွက်ချက်မှုထဲမှာ တစ်ခုခု မှားယွင်းနေတာဖြစ်မှာပေါ့"

"အဖေ ကျွန်တော် ချန်ထျန်းဂိုဏ်းမှာ နည်းနည်းလောက်ထပ်ပြီး စောင့်ချင်သေးတယ်"

ထျန်းယောက်ရဲ့အသံက ပြတ်သားနေတယ်။

"တကယ်လို့ လဝက်ကြာပြီးတဲ့နောက်မှာ ဘာတစ်ခုမှ မရဘူးဆိုရင်တော့ ကျွန်တော် ဂိုဏ်းကို ပြန်လာပါ့မယ်"

ထျန်းကျီးဂိုဏ်းချုပ်ကြီးက မတတ်သာတော့ဘဲ လိုက်လျောကာ ပြောရတော့တယ်။

"ကောင်းပြီလေ"

"အခုမင်းရဲ့အကြွေးကို ဘယ်လိုဆပ်မှာလဲ။ မင်းက မင်းရဲ့အဖေကို အကြွေးဆပ်ပေးဖို့လို..."

အဲ့ဒီနေ့က လှေပျံပေါ်မှာ ထျန်းယောက်အတွက် အကြွေးလုံးဝဆပ်ပေးမှာ မဟုတ်ဘူးလို့ သူ ပြောခဲ့တယ်လေ။ ဒါပေမဲ့လည်း ဒါက ဒေါသထွက်လို့ ပြောလိုက်တဲ့စကားပါပဲ။ နောက်ဆုံးသူက တစ်ဦးတည်းသောသား မဟုတ်လား။

သားဖြစ်သူက ဆင်းဆင်းရဲရဲနဲ့ လေ့ကျင့်ရတာကို ဘယ်လိုလုပ်ပြီး တကယ်ကြည့်နေနိုင်မှာလဲ။

"စိတ်မပူပါနဲ့ အဖေ၊ အချိန်တစ်ခုရောက်ရင် ချန်ထျန်းဂိုဏ်းရဲ့ ကံကြမ္မာက ပုံမှန်အတိုင်း ပြန်ဖြစ်လာမှာပါ၊ သားရဲ့အကြွေးတွေကိုလည်း ဆပ်ပြီးသလောက်ရှိနေပါပြီ"

ထျန်းယောက်ရဲ့အသံက နည်းနည်းလေး ပိုပြီး နုပျိုနေတယ်။

"သားက ချန်ထျန်းဂိုဏ်းမှာ အဆင်ပြေနေပါတယ်။ အဖေ အဖေက အဖေ့ကျန်းမာရေးကို ဂရုစိုက်သင့်တယ်နော်"

ချန်ထျန်းဂိုဏ်းချုပ်ကြီးက ထျန်းယောက်ရဲ့အသံကို နားထောင်လိုက်ပြီး လက်တစ်ဖက်နဲ့ သူ့ရဲ့မုတ်ဆိတ်မွှေးကို သပ်ရင်း သိလိုစိတ်နဲ့မေးလိုက်တယ်။

"ယောက်အာ မင်း အဖေ့ကိုပြောစမ်းပါ၊ မင်း အခု ချန်ထျန်းဂိုဏ်းမှာနေဖို့ စဥ်းစားပြီးပြီပဲ ..."

"ချန်ထျန်းဂိုဏ်းမှာ မင်းသဘောကျတဲ့မိန်းကလေးတစ်ယောက် ရှိနေပြီဆိုတာ အမှန်ပဲလား"

ဒီအချိန်မှာတော့ သူက သူ့အနေအထားကို မြန်မြန်ဆန်ဆန် ပြောပြလိုက်တယ်။

"စိတ်မပူပါနဲ့၊ ထျန်းကျီးဂိုဏ်းက ငါတို့တွေက မိသားစုနောက်ခံကို ဂရုမစိုက်ပါဘူး။ မင်းက သဘောကျသရွေ့ ကိစ္စမရှိ..."

"အဖေ"

ထျန်းယောက်ရဲ့အသံက ကူကယ်ရာမဲ့သွားတဲ့ ခံစားချက်ဖြစ်နေတယ်။

"ကျွန်တော် ချန်ထျန်းဂိုဏ်းမှာနေတာက အခွင့်အရေးကြီးတစ်ခု ရှာဖွေဖို့အတွက်ပါပဲ"

"အဖေ တကယ်ပဲ သိချင်တယ်ဆိုရင် ကျွန်တော့်အတွက် ကျွန်တော့်ရဲ့ကံတရားကို ဆရာဦးလေးဆီမှာ ဘာဖြစ်လို့ မမေးကြည့်တာလဲ။ ဆရာဦးလေးက သွေးသားအရင်းအချာ ဦးလေး မဟုတ်ဘူးလေ။ ဒါပေမဲ့ သူ ဟောပြောနိုင်တဲ့ အရည်အချင်းက အင်မတန်မှ သာလွန်တယ်။ တကယ်လို့ ကျွန်တော်က တစ်ယောက်ယောက်ကို သဘောကျနေတယ်ဆိုရင် ဆရာဦးလေးက အဖေ့ကို မပြောပြနိုင်စရာအကြောင်း မရှိဘူးလေ"

"ငါက ဒီအတိုင်းပဲ ပြောလိုက်တာပါ"

ထျန်းကျီးဂိုဏ်းချုပ်ကြီးက အောင့်သက်သက်နဲ့ သူ့မုတ်ဆိတ်မွှေးတွေကို ပွတ်သပ်လိုက်ပြီး စကားကိုပဲ ပြန်ပြောလိုက်ရတယ်။

"မင်းလည်း အခု သက်တမ်း၃၀ဝ ကျော်လာပြီး မင်းဘဝအတွက် စဥ်းစားရမဲ့အချိန် ရောက်ပြီနော်"

"အဖေ..."

ထျန်းယောက်က ခဏလောက် တုံ့ဆိုင်းသွားလိုက်ပြီး အောင့်သက်သက်နဲ့ပဲ စကားလမ်းကြောင်း လွှဲလိုက်တော့တယ်။

"ထျန်းကျီးဂိုဏ်းမှာ အနာဂတ်အကြောင်း လာမေးမြန်းတဲ့ ကျင့်ကြံသူအရေအတွက်က အရင်တုန်းကလိုပဲလား"

သူ့မေးခွန်းကို ကြားလိုက်တဲ့အခါ ထျန်းကျီးဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာပေါ်အပြုံးက အခိုက်တန့် အေးခဲသွားပြီး သူက ဘာမှမဖြစ်သလို ပြောလိုက်တယ်။

"အဟမ်း အရင်တုန်းကလောက် များတော့ပါဘူး"

ထျန်းကြီးဂိုဏ်းချုပ်ကြီးက ခေါ်ဆိုတာကို ချလိုက်တဲ့ချက်ချင်းမှာပဲ တပည့်တစ်ယောက်က စိုးရိမ်နေတဲ့ ရုပ်တစ်ခုနဲ့ ခန်းမထဲကိုလျှောက်ဝင်လာတယ်။

"ဆရာကြီး ဟွမ်မိသားစုသခင်ကြီးက သူရဲ့ဒုတိယသားနဲ့ ရောက်လာပါတယ်။ သူရဲ့ဒုတိယသားကို မေးမြန်းချင်လို့တဲ့"

ထျန်းကျီးဂိုဏ်းချုပ်ကြီးက မျက်နှာပေါ်မှာ ထူးဆန်းတဲ့ အမူအရာတစ်ခု ဖြစ်သွားတယ်။

"သခင်ကြီးဟွမ်ဟုတ်လား "

တကယ်လို့ သူ အမှတ်မမှားဘူးဆိုရင် ဟွမ်မိသားစုက အရင်သခင်ကြီး ဆုံးပါးသွားပြီးကတည်းက မိသားစုက ကျဆင်းလာခဲ့တာပဲ။

ကျင့်ကြံရေးလောကထဲမှာ အထက်တန်း အလယ်အလတ်အဆင့် မိသားစုတစ်ခုကနေ သာမန်မိသားစုတစ်ခုအဖြစ်ကို ကျဆင်းသွားပြီလေ။

ဟွမ်မိသားစုနဲ့ ထျန်းကျီးဂိုဏ်းက ဆက်ဆံရေးကတော့ အင်မတန်မှ ကျဲပါးလွန်းပါတယ်။

ဟွမ်မိသားစုသခင်ကြီးက ရောက်လာတယ်... နောက်ပြီး သူနဲ့အတူ သူ့ရဲ့ဒုတိသားကို ခေါ်လာတယ်တဲ့...

ထျန်းကျီးဂိုဏ်းချုပ်ကြိးက တစ်ခုခုကို သတိရသွားတဲ့ပုံပဲ။ သူ့အသံကလည်း အနည်းငယ် ကြောက်မက်ဖွယ်ရာ ဖြစ်လာတော့တယ်။

"ဧကန္တ ဟွမ်မိသားစုသခင်ကြီး ဒီကိုရောက်လာတာ ဒီဂိုဏ်းချုပ်ကြီးကို..."

ခင်ဗျားရဲ့သားကို ကြွယ်ဝချမ်းသာတဲ့ဇနီးတစ်ယောက်နဲ့ ရေစက်ပါမပါ တွက်ချက်ခိုင်းဖို့များလား။

တပည့်က ရင်လေးနေတဲ့ အမူအရာတစ်ခုနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

"ဟွမ်မိသားစုက အခြေအနေ ကျဆင်းသွားတဲ့ မိသားစုတစ်ခုဆိုလည်း ဟုတ်တယ်။ ဘယ်လိုလုပ်ပြီးတော့..."

ထျန်းကျီးဂိုဏ်းချုပ်ကြီးက စုပိုင်ရဲ့မိသားစုက အခုဆိုရင် အင်မတန်မှ ချမ်းသာသွားပြီး ကျင့်ကြံရေးအဆင့်ကလည်း လျင်လျင်မြန်မြန် တိုးတက်သွားကာ သူ့ကို ထောက်ပံ့ပေးဖို့ သူ့နောက်ကွယ်မှာ မရေအတွက်နိုင်တဲ့ ကြီးမြတ်သူတွေ ရှိနေတဲ့အကြောင်း စဉ်းစားမိလိုက်ပြီး သူက ဘာမှမပြောတော့ဘဲ ပါးစပ်ကိုသာ ပိတ်ထားလိုက်တော့တယ်။

ဟွမ်မိသားစုရဲ့ သခင်ကြီးကို ဆွဲဆောင်နိုင်ခဲ့တာလည်း မဆန်းတော့ဘူးပေါ့။

မိန်းမဖြစ်သူကို ကံကောင်းခြင်းတွေ ယူလာပေးတဲ့ ကံတရားပိုင်ထားတဲ့ ယောက်ျားတစ်ယောက်ဖြစ်တဲ့ စုပိုင်က ဟွားထန်းမြို့ထဲမှာ ပေါ်လာပြီးကတည်းက ကြီးမြတ်သူ တော်တော်များများရဲ့ သမီးတွေက ကျင့်ကြံရေးအဆင့် တက်သွားတဲ့သတင်းနဲ့အတူ သူ့ဆောင်ရွက်ချက်တွေက ထျန်းကျီးဂိုဏ်းနားက မြို့ထဲမှာ ပျံနှံ့နေခဲ့တာလေ။

ကျင့်ကြံသူအများအပြားက ကောင်းကင်အထိကို ထိုးတက်သွားပြီး ကြီးမြတ်သူတွေအားလုံးရဲ့ လေးစားရတဲ့ ဧည့်သည်တစ်ယောက် ဖြစ်လာတဲ့ စုပိုင်ကိုကြည့််ရင်း သူတို့အားလုံးဆီမှာလည်း စိတ်ကူးတစ်ခုပေါ်လာတော့တယ်။ တကယ်လို့ သူတို့တွေဆီမှာသာ ဒီလိုကံတရားမျိုး ပိုင်ဆိုင်ထားမယ်ဆိုရင် ချမ်းသားမှုနဲ့ ဂုဏ်အရောင်အဝါက သူတို့မျက်စိရှေ့ကို တန်းရောက်လာလိမ့်မယ်လေ။

တစ်ချိန်မှာတော့ ထျန်းကျီးဂိုဏ်းကိုလာကြတဲ့ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေက သူတို့ကိုယ်တိုင် ဒါမှမဟုတ် သူတို့ရဲ့သားသမီးတွေမှာ ချမ်းသာကြွယ်ဝတဲ့ ကံတရားပိုင်ဆိုင်နိုင်တဲ့ စုပိုင်လို တူညီတဲ့ကံတရာမျိုးရှိမရှိ တွက်ကြည့်ပေးဖို့ ရောက်လာတော့တယ်။

အရင်တုန်းကတော့ သူက ဒီအတိုင်း သာမန်ကျင့်ကြံသူတစ်ယောက်ပါပဲ။ ဒါပေမဲ့အခုတော့ အထင်ကရမိသားစုတွေကတောင် အပျော်သဘောနဲ့စပြီးတော့ ဝင်ပါလာကြပြီလေ။

ဒါပေမဲ့ လက်ထပ်ပြီးတော့ အောင်မြင်ဖို့ကံတရားပါတဲ့ ဇနီးတစ်ယောက်ကို ပိုင်ဆိုင်ဖို့ဆိုတာကတော့ ဘယ်လိုလုပ်ပြီး အဲ့လောက်လွယ်ကူပါ့မလဲ။

ဒီလိုစဥ်းစားလိုက်ပြီး ထျန်းကျီးဂိုဏ်းချုပ်ကြီးက ဘာမှမတတ်နိုင်သလို သက်ပြင်းချလိုက်ကာ သူ့တပည့်တွေကို ပြောလိုက်တယ်။

"သွားကြမယ်၊ ဟွမ်မိသားစုနဲ့ သူတို့ရဲ့သားသမီးတွေကို သွားတွေ့ကြမယ်"

တစ်ဖက်မှာတော့ ထျန်းယောက်က ထျန်းကျီးဂိုဏ်းချုပ်ကြီးရဲ့ ကူကယ်ရာမဲ့နေတဲ့အဖြစ်ကို မသိလေဘူး။

သူက ကျန့်ရွှမ်ကို သိမ်းလိုက်ပြီးတဲ့နောက်မှာ သတင်းလာပို့တဲ့ ချန်ထျန်းဂိုဏ်းရဲ့ တပည့်တစ်ယောက်ကို တွေ့လိုက်ရတယ်။

"မိတ်ဆွေထျန်းယောက် ဂိုဏ်းချုပ်ကြီးက မင်းကို ယောက်ဟွားတောင်ထွတ်မှာ လာရောက်စုဝေးဖို့ ဖိတ်ထားတယ်"

ထျန်းယောက်ရဲ့မျက်လုံးထဲမှာ သံသယအရိပ်တစ်ခု ဖြစ်သွားတယ်။ ဂိုဏ်းချုပ်ကြီးကျန်းက အင်မတန်မှ အလုပ်များလာခဲ့တာပဲ။ သူက ဒီနေ့ကျမှ ဘယ်လိုဖြစ်ပြီးတွေ့ဆုံဖို့ အချိန်ရနေပါလိမ့်။

ဒါပေမဲ့လည်း သူက စိတ်ထဲမှာ ဘယ်လိုပဲတွေးနေပါစေ ရင်းနှီးဖော်ရွေတဲ့ အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်။

“တာအိုရောင်းရင်း ကျွန်တော့်ကို ခဏလောက်ပေးနားပါအုံး"

ယောက်ဟွားတောင်ထွတ်ကို ရောက်လာပြီးတဲ့နောက်...

သူတို့မျက်လုံးထဲကို ပထမဦးဆုံး ဝင်လာတဲ့အရာကတော့ အလယ်မှာရှိနေတဲ့ ရှုပ်ထွေးနေတဲ့ အစီအရင်တစ်ခုပဲ။ အစီအရင်ရဲ့ အလယ်မှာ အလင်းရောင်ထုတ်လွှတ်နေတဲ့ လုံးဝကို မဲပြောင်နေတဲ့ မှော်လက်နက်တစ်ခု ရှိနေတယ်။

ချန်ထျန်းဂိုဏ်းချုပ်ကြီးက မျက်လုံးထဲမှာ ကျေနပ်မှုအပြည့်နဲ့ ဒီဝိညာဥ်လက်နက်ကို ကြည့်လိုက်တယ်။

ဒီနေ့ ဒါက ချန်ထျန်းဂိုဏ်းက ထုတ်လုပ်ထားတဲ့ တတိယမျိုးဆက် ကျန့်ရွှမ်မှော်ပစ္စည်းလေ။ အစီအရင် ရှိနေမယ်ဆိုရင် အဝေးလံဆုံး နေရာမှာရှိတဲ့မြို့တွေမှာရှိတဲ့ ကျင့်ကြံသူတွေကို ကျန့်ရွှမ်ကို စိတ်အေးအေးနဲ့ သုံးနိုင်အောင် လုပ်ပေးနိုင်တယ်။

အတိအကျပြောရမယ်ဆိုရင် မှော်အစီအရင်သုံးခု ထည့်ထားပြီးသား။ မှော်အစီအရင်ကို မရေမတွက်နိုင်တဲ့ မန္တာန်စာရွက်တွေနဲ့ အကာအကွယ်ပေးထားပြီး ဖျက်ဆီးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ထိပ်တန်းအဆင့် အစီအရင်ပြုလုပ်တဲ့ ဆရာကြီးတွေနဲ့ ပြန်လည်သန့်စင်တဲ့ဆရာကြီးတွေကတောင် ဒီနေရာကနေ ပြန်လည်သန့်စင်ထားတဲ့ ကျန့်ရွှမ်ကို ခံစားမိနိုင်မှာ မဟုတ်ဘူး။

ဒါကြောင့်လည်း သူက တခြားကျင့်ကြံသူတွေကိုလာပြီးတော့ စောင့်ကြည့်ခိုင်းရဲတာပေါ့။

ထျန်းယောက်ကို ဒီကိုလာခိုင်းရတဲ့အကြောင်းအရင်းကတော့... ထျန်းယောက်က ချန်ထျန်းဂိုဏ်းမှာ အချိန်ဒီလောက်အကြာကြီး နေလာပြီးပြီလေ။ သူရဲ့အကြွေးတွေ အားလုံးကို ဆပ်ပြီးသွားတာတောင်မှ ပြန်မသွားသေးဘူး။ ဒီကိစ္စကြောင့်ပဲ သူက စုံစမ်းမေးမြန်းချင်နေသေးတာပဲ ဖြစ်မယ်။

ဒီလိုဆိုရင်တော့ သူ မြင်ချင်တဲ့အရာကို အရင်ဆုံး တိုက်ရိုက်ပြလိုက်တာက ပိုပြီးတော့ ကောင်းလိမ့်မယ်လေ။

ဘာပဲဖြစ်ဖြစ် သူက ကြည့်နေတယ်ဆိုရင်တောင် ဘာတစ်ခုမှ မြင်နိုင်လိမ့်မှာ မဟုတ်ပါဘူး။

ဒီလိုစဥ်းစားလိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးက ရင်းနှီးဖော်ရွေတဲ့ အပြုအမူတစ်ခုနဲ့ သူ့နောက်က ထျန်းယောက်ကို လက်ဝေ့ယမ်းပြလိုက်တယ်။

"တူတော် မြန်မြန်လာပါ"

ထျန်းယောက်က မျက်နှာပေါ်မှာ ဇဝဇဝါဖြစ်နေတဲ့ရုပ်တစ်ခုနဲ့ ရှေ့ကိုတိုးလာခဲ့တယ်။ ချန်ထျန်းဂိုဏ်းချုပ်ကြီးက ဒီမှော်အစီအရင်ကို ပြချင်လို့ သူ့ကို လာကြည့်ခိုင်းတာများလား။

ချန်ထျန်းဂိုဏ်းချုပ်ကြီးက ပြုံးလိုက်ပြီး ကျန့်ရွှမ်ကို သန့်စင်ရတာ ဘယ်လောက်ခက်ခဲတဲ့အကြောင်း သူ့ကိုပြောပြတယ်။

ထျန်းယောက်ကတော့ ငေးကြောင်ကြောင်နဲ့ နားထောင်နေလေရဲ့။

ဒီအချိန်မှာတော့ မှော်စက်ဝိုင်းရဲ့ အလယ်ဗဟိုက အလင်းရောင်က ထူးထူးခြားခြား ဖျတ်ခနဲ လင်းလက်သွားပြီးတဲ့နောက်မှာ အသံတစ်ခုက အားလုံးရဲ့နားထဲကို ရှင်းရှင်းလင်းလင်း ဝင်ရောက်လာတယ်။

"ဒီကျန့်ရွှမ်က တကယ် အသုံးဝင်တာပဲ။ အခုအချိန်ကစပြီး ညီအစ်ကိုတို့... ငါတို့တွေက အချင်းချင်း ဒီကျန့်ရွှမ်ကို သုံးပြီး ဆက်သွယ်ကြမယ်”

အဲ့ဒီနောက်မှာတော့ ခပ်ဩဩအသံတစ်ခုက ပြန်ဖြေလိုက်တယ်။

"အမှန်ပဲ၊ အရင်က ဆက်သွယ်ရေးပစ္စည်းတွေက တစ်ယောက်ချင်းပဲ ဆက်သွယ်လို့ရတာလေ။ ကျန်ရွှမ်လို မဟုတ်ဘူး။ ကျန့်ရွှမ်က ညီအစ်ကိုတွေ အတူတူစုဝေးပြီးတော့ တိုင်ပင်လို့ရတယ်"

မှော်စက်ဝန်းထဲမှာ ကျန့်ရွှမ်အကြောင်းကို မဆုံးနိုင်တဲ့ ချီးကျူးစကားတွေကို နားထောင်လိုက်ပြီး ထျန်းယောက်က သူ့ခေါင်းကိုလှည့်ကာ တအံ့တသြနဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ကြည့်လိုက်တယ်။

ချန်းထျန်ဂိုဏ်းချုပ်ကြီးက တကယ့်တော့ ကျင့်ကြံသူတွေရဲ့စကားဝိုင်းကို ခိုးနားထောင်ဖို့ ကျန့်ရွှမ်ကို သုံးခဲ့တာတဲ့လား။

ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာပေါ်က အမူအရာက သူ့ထက်တောင်ပိုပြီးတော့ အထိတ်တလန့် ဖြစ်သွားသေးတယ်။ သူက ခေါင်းကိုလှည့်ကာ ချန်းဖင့်ဖက်ကို ကြည့်လိုက်ပြီး သူ့အသံကလည်း အနည်းငယ်တုန်ယင်လို့နေတယ်။

"အကြီးအကဲချန်း ဘယ်လိုဖြစ်တာလဲ"

"ကျုပ်က ဘယ်လိုဖြစ်ပြီး မှော်စက်ဝန်းထဲက ကျင့်ကြံသူတွေရဲ့စကားဝိုင်းကို ကြားနိုင်နေတာလဲ"

ဒါက ချန်ထျန်းဂိုဏ်းရဲ့ ဂုဏ်သတင်းနဲ့ ကျန့်ရွှမ်ရဲ့အနာဂတ်နဲ့ ပတ်သက်နေတယ်လေ။ တကယ်လို့ ဒီသတင်းသာ ပျံ့နှံ့သွားမယ်ဆိုရင် ကျင့်ကြံရေးလောကထဲက ဘယ်သူကများ ကျန့်ရွှမ်ကို သုံးရဲပါတော့မလဲ"

ချန်းဖင့်က စိုးရိမ်တကြီးနဲ့လျှောက်လာပြီး အချိန်အကြာကြီး သူရဲ့ဝိညာဥ်စွမ်းအားတွေကို ခံစားနေလိုက်ကာ ချိတုံချတုံနဲ့ ပြောလိုက်တယ်။

"ဒီကျင့်ကြံသူတွေရဲ့ ဝိညာဥ်စွမ်းအားက ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတွေထဲက ဝိညာဥ်စွမ်းအားနဲ့ အတိုင်းအတာတစ်ခုအထိ ကွာခြားနေလို့ ဖြစ်ရမယ်၊ မှော်စက်ဝိုင်းက လတ်တလောမှာ ဒါကို လက်မခံနိုင်သေးတော့ စွမ်းအင်တွေ လျှံထွက်လာတာ ဖြစ်နိုင်တယ်"

ဒီအချိန်မှာပဲ မှော်စက်ဝိုင်းထဲက လူတွေအားလုံးက နောက်ဆုံးတော့ သူတို့ရဲ့ စုံစမ်းမေးမြန်းခြင်းကို အပြီးသတ်လိုက်ပြီး ခေါင်းဆောင်က တလေးတနက် ရက်စက်တဲ့ဟန်နဲ့ ပြောလိုက်တော့တယ်။

"မင်းရဲ့အညစ်အကြေးရေတွေ အဆင့်သင့်ဖြစ်ပြီလား"

"ဒီတစ်ခါ ငါတို့တွေက ထျန်းကျီးဂိုဏ်းရဲ့ အဖိုးတန်ဆုံးရတနာ ဖြစ်တဲ့ ထျန်းရန်ကျောက်တုံးကို တစ်ချီတည်းနဲ့ ဖျက်ဆီးပစ်ရမယ်"

...

All Chapters