အခန်း ၁၃၂
Vol. 9 Ch. 132
အပိုင်း (၁၃၂)
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ပုံမှန်ပြန်ဖြစ်သွားတဲ့ အစီအရင်ကို ကြည့်လိုက်ပြီး သူ့ဘေးမှာရပ်နေတဲ့ ထျန်းယောက်ကို လှည့်ကြည့်လိုက်တယ်။ သူက သူ့အပြုံးကို ဖိနိုပ်ထားလိုက်ပြီး လေးနက်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"တစ်စုံတစ်ယောက်ကတော့ ငါ့တိုရဲ့ဂိုဏ်းကြီးခြောက်ခုကို ဒီလိုပစ်မှတ်ထားရဲသတဲ့။ ငါတို့တွေ သူတို့ကို အလွယ်တကူ လွှတ်ပေးလိုက်လို့ လုံးဝမဖြစ်ဘူး"
ဒီအချိန်မှာတော့ သူက တလေးတနက်နဲ့ ပြောလိုက်တယ်။
"တူတော်မောင် သူခိုးတွေကတော့ တကယ့်ကို အင်အားအလုံးအရင်းနဲ့ လာနေပြီ ချန်ထျန်းဂိုဏ်းက ထျန်းကျီးဂိုဏ်းကို ကူညီပေးဖို့ ဆန္ဒရှိပါတယ်"
ထျန်းယောက်က သူ့ကိုတလေးတစား ဦးညွှတ်ပြီးပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီး"
သုံးရက်ကြာပြီးနောက် ညနေခင်းတွင်~~
ယဲ့စန်းက အစီအစဥ်အတိုင်း ထျန်းကျီးဂိုဏ်းထဲကို ခိုးဝင်လာပြီး ထျန်းကျီးဂိုဏ်းရဲ့ ရတနာထားတဲ့နေရာဖြစ်တဲ့ ချူချင်းခန်းဆောင်ကို ရောက်လာခဲ့တယ်။
ထျန်းကျီးဂိုဏ်းရဲ့ တစ်ဦးတည်းသော အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ရှိတဲ့ အကြီးအကဲကို သူတို့ရဲ့အကြီးအကဲက ခေါ်ထုတ်သွားပြီးပြီ။ ကျန်နေတဲ့မဟာယနအဆင့် ကြီးမြတ်သူသုံးယောက်ကတော့ အပြင်ဖက်မှာ သွားလာနေကြတယ်။
သူက ဒီနေရာမှာ ဆူဆူညံညံလုပ်နေသရွေ့တော့ အားလုံးက ဒီနေရာကို အာရုံစိုက်နေတဲ့အချက်ကို အခွင့်ကောင်းယူပြီး ယဲ့စစ်က ချူးချင်းခန်းဆောင်ကို ဝိညာဥ်စွမ်းအင်မီးတွေနဲ့ မီးရှို့ပစ်လိုက်နိုင်တယ်။ အဲ့ဒီအချိန်ကျရင် ထျန်းကျီးဂိုဏ်းက သေချာပေါက် ရုန်းရင်းဆန်ခက် ဖြစ်သွားလိမ့်မယ်။
ဒီလိုစဥ်းစားလိုက်ပြီး ဆုံးဖြတ်ချက်ပြတ်သားတဲ့ အပြုံးတစ်ခုက သူ့နှုတ်ခမ်းပေါ်မှာ ဖြစ်တည်လာတယ်။
စီစဥ်ထားတဲ့အချိန် ရောက်လာပြီကို တွေ့လိုက်ရတဲ့အခါ သူက သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြီး အဆင့်ခုနှစ်အစီအရင်တစ်ခုက သူ့ပတ်ဝန်းကျင်မှာ ရုတ်တရက်ပေါ်လာတယ်။ ဒီအစီအရင်က သူ့ကို ကာကွယ်ပေးနိုင်ပြီး ထျန်းကျီးဂိုဏ်းက ကျင့်ကြံသူတွေရဲ့ ထိခိုက်အောင်လုပ်လာမှာကိုလည်း ကာကွယ်ပေးနိုင်တယ်။
ဒီအစီအရင်ထဲမှာ သူက ပတ်ဝန်းကျင်က ကျင့်ကြံသူတွေရဲ့အာရုံကို ဆွဲဆောင်ဖို့ ကိစ္စတွေ အများကြီးလုပ်နိုင်တယ်။
ပြင်းထန်တဲ့လေလှိုင်းတစ်ချက်က အစီအရင်ထဲကို တိုက်ခတ်လာပြီး သူကသူရဲ့စွမ်းအင်ဗဟိုချက်ထဲက ချီကို အာရုံစိုက်ထားလိုက်တယ်။ ပြစ်တင်ရှုတ်ချနေတဲ့ သူ့အသံကလည်း ဝိညာဥ်တောင်ထွတ်တစ်လျှောက်လုံး ပဲ့တင့်ထွက်သွားခဲ့တယ်။
"ထျန်းလင်ခန်းဆောင်ရဲ့သခင်က ငါ့မိန်းမကို မြူဆွယ်ခဲ့တယ်..."
သူ့စကားမဆုံးခင်မှာဘဲ ဝိညာဥ်စွမ်းအင်စီးကြောင်းတစ်ခုက သူ့ပတ်ဝန်းကျင်က အစီအရင်ကို အလွယ်တကူ ထိုးဖောက်လာပြီး သူ့ကို လွင့်ထွက်သွားအောင် လုပ်လိုက်တော့တယ်။
မီတာပေါင်းများစွာအထိ လွှင့်ထွက်သွားပြီးတဲ့နောက်မှာတော့ ယဲ့စန်းက သူ့မျက်နှာပေါ်က အံ့အားသင့်နေတဲ့ရုပ်တစ်ခုကို ထိန်းမထားနိုင်ခဲ့သေးဘူး။
ဒါက ဘယ်လိုဖြစ်တာလဲ။
သူ လုပ်ထားတဲ့အစီအရင်ကို အကြီးအကဲက သူ့ကိုပေးခဲ့တာလေ။ ဒါက မဟာယနကျင့်ကြံသူရဲ့ တိုက်ကွက်ကို အမွှေးတိုင်တစ်တိုင်စာအထိ ကာကွယ်ပေးနိုင်တယ်လေ။ ဒါပေမဲ့ တစ်စုံတစ်ယောက်က တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ်တဲ့။ ယဲ့စန်းက သတိပြန်မဝင်လာသေးခင်မှာဘဲ မရေမတွက်နိုင်တဲ့ ထျန်းကျီးဂိုဏ်းသားတွေရဲ့ ဝန်းရံတာခံလိုက်ရပြီး သူတို့တွေက သူ့ဝိညာဥ်စွမ်းအင်တွေအားလုံးကို ထိန်းချုပ်ထားလိုက်ပြီး သူ့ကိုလည်း တင်းကြပ်နေအောင် ချည်နှောင်ထားလိုက်ကာ လုံးဝလှုပ်မရအောင် ဖြစ်သွားတော့တယ်။
သူက ပါးစပ်အဟောင်းသားဖြစ်သွားပြီး ထျန်းကျီးဂိုဏ်းရဲ့လုပ်ရပ်ကို စွပ်စွဲဖို့ တစ်ခုခုပြောတော့မယ် ပြင်လိုက်ပေမဲ့ ဂိုဏ်းသားတစ်ယောက်က သူ့ပါးစပ်ထဲကို အဝတ်စုတ်တစ်ခု မြန်မြန် ထိုးထည့်ထားလိုက်တယ်။
တစ်ဖက်မှာတော့ လှုပ်ရှားမှုပြုလုပ်လိုက်တဲ့ ကြီးမြတ်သူဟွားယီက ဆရာကြီးမုကို ပြုံးပြပြီး ပြောလိုက်တယ်။
"ဆရာကြီးမုက အစီအရင်နဲ့ပတ်သက်လာရင် တကယ်ပညာရှင်တစ်ယောက်ပဲ။ အစီအရင်ထဲက အားနည်းချက်တွေကို ရှာတွေ့သွားတယ်"
ဆရာကြီးမုဖုန်းက မြန်မြန်ဦးညွတ်ပြီး ပြောလိုက်တော့တယ်။
"လူကြီးမင်း လူကြီးမင်းက တကယ့်ကို ချီးမွမ်းလို့နေပါပြီ။ လူကြီးမင်းရဲ့ အစွမ်းထက်လှတဲ့ ဝိညာဥ်စွမ်းအင်ကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်တော် ပြစ်ချက်အနာအဆာတွေကို ရှာတွေ့နိုင်တယ်ဆိုရင်တောင် ဒါကအသုံးဝင်မှာ မဟုတ်ဘူးလေ"
ယဲ့စန်းက သူတို့ရဲ့စကားဝိုင်းကို နားထောင်ပြီး သူ့မျက်လုံးတွေကလည်း နားမလည်နိုင်ခြင်းအပြည့် ဖြစ်သွားတယ်။
ဂိုဏ်းက ချင်းမုတောင်ထွတ်သခင်က ဘယ်လိုလုပ်ပြီး ထျန်းကျီးဂိုဏ်းမှာ ပေါ်လာတာလဲ။
နောက်ပြီးတော့ ကြီးမြတ်သူဟွားယီတဲ့။ သူက အပြင်ဖက်မှာ သွားလာနေတာ ခုနှစ်နှစ်တောင် ရှိနေပြီ မဟုတ်လား။ ရုတ်တရက်ကြီး ဒီနေ့ကျမှ ဘာဖြစ်လို့ ထျန်းကျီးဂိုဏ်းကို ပြန်လာခဲ့တာလဲ။
သူက ဇဝေဇဝါဖြစ်နေတုန်းမှာပဲ ကြီးမြတ်သူဟွားယီရဲ့ ဝိညာဥ်စွမ်းအားတွေက သူရဲ့သိုလှောင်အိတ်ကို ဖြတ်ချပစ်လိုက်ပြီး ချင်းရွှေရည်ထည့်ထားတဲ့ ဖန်ပုလင်းကလည်း မျက်စိတစ်မှိတ်အတွင်းမှာပဲ ကြီးမြတ်သူဟွားယီရဲ့ လက်ထဲကို ရောက်သွားတော့တယ်။
ပတ်ဝန်းကျင်က ကျင့်ကြံသူအားလုံးက ကြီးမြတ်သူဟွားယီ လှုပ်ရှားလိုက်တာနဲ့ တစ်ပြိုက်နက် နောက်ကိုဘာမှမပြောဘဲ ဆုတ်သွားတော့တယ်။
ယဲ့စန်းကတော့ သူ့ဘေးက မြင်ကွင်းကိုကြည့်လိုက်ပြီး သူ့နှလုံးသားကလည်း တဖြည်းဖြည်း လေးလံလာတော့တယ်။
ဒါကြီးက ဘာဖြစ်လို့များ သူတို့အတွက် ထောင်ချောက်တစ်ခုလို့ ထင်နေမိတာပါလဲ။
ဒီအချိန်မှာပဲ ကြီးမြတ်သူချင်းဖုန်းကလည်း လူတစ်ယောက်ကို သယ်ပြီးတော့ ရောက်လာတော့တယ်။ သူကသူ့လက်ထဲက သတိမေ့နေတဲ့လူကို ယဲ့စန်းရဲ့ဘေးက မြေကြီးပေါ်ကို ပြစ်ချလိုက်တယ်။
ယဲ့စန်းက မျက်လုံးထဲမှာ ပျာယာခတ်သွားတဲ့ရုပ်တစ်ခုနဲ့ ဝိညာဥ်စွမ်းအားတွေ လုံးဝကုန်ဆုံးသွားတဲ့ ယဲ့စစ်ကို ကြည့်လိုက်တယ်။
ကြီးမြတ်သူချင်းဖုန်းကတော့ ဒီထောင်ချောက်ထဲက ငါးလေးရဲ့ အပြုအရာကို ဂရုမစိုက်လေဘူး။ သူက ကိုယ်ကိုလှည့်လိုက်ပြီး သူလုပ်ခဲ့လှုပ်ရှားမှုတိုင်းကလည်း လေပြည်လေးလို့တည်ငြိမ်ပြီး ဘာမှမဖြစ်သလိုပဲ။
သူကကြီးမြတ်သူဟွားယီကို ခေါင်းညိတ်ပြလိုက်ပြီး တိတ်တဆိတ် လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ချုချင်ခန်းဆောင်ကို မီးရှို့ချင်တဲ့သူခိုးကို ဖမ်းပြီးသွားပြီ။ ဂိုဏ်းချုပ်ကြီးဖက်မှာရော အခြေအနေ ဘယ်လိုလဲ သိချင်မိတယ်"
"စိတ်အေးအေးထားပါ"
ကြီးမြတ်သူဟွားယီက အပြုံးတစ်ခုနဲ့ သူ့ပခုံးကိုပုတ်ပေးလိုက်ပြီး
"ကျုပ်တို့တွေ ပြင်ဆင်မှုတွေ အပြည့်အဝလုပ်ထားပါတယ်။ ကျုပ်တို့မှာ ချန်ထျန်းဂိုဏ်းရဲ့ အကူအညီ ယူထားတာကို မပြောနဲ့အုံး၊ တစ်ခုခုလွဲချော်သွားဖို့ဆိုတာက လုံးဝမဖြစ်နိုင်ဘူး"
သူ့စကားဆုံးသွားတဲ့ချက်ချင်း ထျန်းကျီးဂိုဏ်းချုပ်ကြီးက ထျန်းကျီးဂိုဏ်းထဲကို ခိုးဝင်လာကြတဲ့ သူခိုးတွေအားလုံးကို ခေါ်လာပြီး ကြီးမြတ်သူနှစ်ယောက်နဲ့လာတွေ့တယ်။
ထျန်းကျီးဂိုဏ်းချုပ်ကြီးက မြေကြီးပေါ်မှာလှဲလျောင်းနေတဲ့ လူနှစ်ယောက်ကို ကြည့်လိုက်ပြီး စိတ်အေးသွားကာ သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်တယ်။
"အခု သူခိုးတွေအားလုံးကို ဖမ်းပြီးသွား"
သူ့စကားမဆုံးခင်မှာဘဲ သူက ရင်းနှီးပြီးသား အသံတစ်ခုကို ကြားလိုက်ရတယ်။
[အားလုံးကို ဖမ်းမိသွားပြီ~~]
[ထျန်းကျီးဂိုဏ်းချုပ်ကြီး ရှင်က အရမ်းကို အလွယ်တကူ တွေးနေတာပဲ~~]
စူးလီက လူအုပ်ကြီးတစ်ခုရဲ့နောက်မှာ ရပ်နေပြီး ကောင်းကင်စာအုပ်ကို ဖြည်းဖြည်းချင်း လှန်လှောကြည့်လိုက်တယ်။
[ဒါပေမဲ့လည်း ဒါက ဟုတ်ပါတယ်။ လွန်ခဲ့တဲ့သုံးရက်တုန်းက မှော်စက်ကွင်းထဲမှာ ကြားထားတဲ့ အစီအစဥ်တွေက အားလုံးမဟုတ်ဘူးဆိုတာ ဘယ်သူက စဥ်းစားမိမှာလဲ]
[ဂိုဏ်းချုပ်ကြီးက သူ့တပည့်တွေကို ဒီကိစ္စကို လျှို့ဝှက်ထားရမယ်လို့တောင် မပြောခဲ့ဘူးလေ]
[ကြည့်လိုက်ပါအုံးမယ် သူက ကျန်နေတဲ့ ချင်းရွှေအရည်နှစ်ခုကို ကိုင်ထားပြီး ထျန်းကျီးဂိုဏ်းရဲ့ ကျုံးအလယ်ထဲကို လောင်းချဖို့ ကြိုးစားနေတာပဲ]
[ကျုံးရဲ့အလယ်ဗဟိုကို ထျန်းရန်ကျောက်တုံးနဲ့ ဆက်သွယ်ထားတာလေ။ အဲ့ဒီထဲကို လောင်းချလိုက်တဲ့ ချင်းရွှေအရည်တွေက အာနိသင်ပြဖို့ အချိန်အကြာကြီး ယူရမှာဆိုပေမဲ့လည်း ဒါက ထျန်းရန်ကျောက်တုံးကို တကယ်ပဲ ပျက်စီးစေနိုင်တယ်]
[ကျွတ်ကျွတ် သူ့လက်အောက်ငယ်သားတွေက သူရဲ့စေ့စပ်သေချာတဲ့ အတွေးအခေါ်ကို ချီးမွမ်းကြတာလည်း မဆန်းတော့ပါဘူး]
[သူ့လူတွေက အောင်မြင်တာဖြစ်ဖြစ် မအောင်မြင်တာဖြစ်ဖြစ် ကျင့်ကြံသူတွေအားလုံးရဲ့ အာရုံကိုဆွဲဆောင်ထားကြတယ်လေ။ ကျုံးရဲ့အလယ်ဗဟိုကို အစီအရင်တစ်ခုနဲ့ ကာကွယ်ထားတယ်။ ဒီတော့ ထျန်းကျီးဂိုဏ်သားတွေအားလုံးက သေချာပေါက် လျစ်လျူရှုထားမှာပဲ~~]
သူမရဲ့စကားမဆုံးသေးခင်မှာဘဲ ကြီးမြတ်သူနှစ်ယောက်က လေအလျင်လို နေရာမှာတင် ပျောက်သွားတော့တယ်။
စူးလီက သူတို့ရဲ့လှုပ်ရှားမှုကို သတိထားမိလိုက်ပြီး တွေးတွေးဆဆနဲ့ မေးလေးကို မော့ကြည့်လိုက်တယ်။
[သူတို့တွေလည်း တစ်ခုခုမှားနေတာကို သိသွားကြလို့လား]
[မဟာယနကျင့်ကြံသူတစ်ယောက်လို့ မပြောရဘူး၊ သူက ဒီပေါင်းစပ်ကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတွေထက် နည်းနည်းလေးတော့ ပိုဉာဏ်ကောင်းတာပဲ~~]
ဒီစကားကို ကြားလိုက်ရတဲ့အခါ ထျန်းကျီးဂိုဏ်းချုပ်ကြီးရဲ့မျက်နှာနဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာတို့က အနည်းငယ် တောင့်တင်းသွားကြတော့တယ်။
ထျန်းကျီးဂိုဏ်းချုပ်ကြီးက အရင်ဆုံးသတိပြန်ဝင်လာခဲ့တယ်။ သူက ကျုံးရှိရာဖက်ကို အရင်ဆုံး လှမ်းကြည့်လိုက်တယ်။ သွားချင်စိတ်ကို ဆက်ပြီးထိန်းမထားနိုင်တော့ဘဲ ဘာတွေဖြစ်နေလဲဆိုတာကို သိချင်လိုက်တဲ့အချိန်မှာပဲ ကြီးမြတ်သူနှစ်ယောက်က မည်းနက်နေတဲ့လူတစ်ယောက်ကို သယ်ပြီးပြန်လာခဲ့တော့တယ်။
ယဲ့မုံ့ရဲ့မျက်လုံးတွေက မယုံကြည်နိုင်မှုအပြည့်ပါပဲ။ အစီအစဉ် ချောမွေ့ပြီးမြောက်ဖို့အတွက် သူက သူ့လက်အောက်ငယ်သားတွေ အားလုံးကို မှော်လက်နက်တွေအားလုံး ခွဲဝေပေးထားတယ်လေ။
သူလုပ်ဖို့လိုတဲ့အရာကလည်း အစီအစဥ်ရဲ့ အန္တရာယ်အနည်းဆုံး အပိုင်းတစ်ခုပဲ။ ဒီတော့ သူက သတိလျော့ချထားပြီး သူ့ကိုယ်ပေါ်မှာ အကာအကွယ်ပစ္စည်း တစ်ခုနှစ်ခုလောက်ပဲ ယူထားခဲ့တာပေါ့။
ဒါပေမဲ့ ဘာဖြစ်လို့လဲ။
အပြင်ဖက်မှာ ခရီးသွားလာနေခဲ့တဲ့ ဟွားယီက ရုတ်တရက်ကြီး ဘာဖြစ်လို့ထျန်းကျီးဂိုဏ်းကို ပြန်လာရတာလဲ။ သူတို့တွေက ဘယ်လိုလုပ်ပြီး ကျုံးအလယ်မှာရှိတဲ့သူ့ကို ချက်ချင်း ရှာတွေ့သွားကြတာလဲ။
ယဲ့မုံ့က မြေကြီးပေါ်ကို ပစ်ချခံလိုက်ရပြီးတဲ့နောက်မှာ သူ့ပတ်ဝန်းကျင်မှာလဲကျနေတဲ့ သူ့တပည့်တွေကို ကြည့်လိုက်ပြီး သူ့မျက်လုံးကလည်း ရုတ်တရက်ဆိုသလို အင်မတန်မှ ရူးသွပ်သွားတော့တယ်။
သူ့လူတွေကို သူတို့ရဲ့ဝိညာဥ်လက်နက်တွေနဲ့ ထိန်းချုပ်ထားတာလေ။ သူ့ကိုသစ္စာဖောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီတော့တစ်ခုတည်းသော ဖြစ်နိုင်ခြေက ထျန်းကျီးဂိုဏ်းက တစ်ခုခုလွဲနေတာကို လုံးဝအာရုံခံမိတာပဲ ဖြစ်ရမယ်။
သူက အံကိုကြိတ်ထားလိုက်ပြီး ဟိန်းဟောက်လိုက်တယ်။
"ဒါက ဘာဖြစ်နေတာလဲ"
"ငါ့အစီအစဥ်က အပြစ်အနာအဆာ မရှိပါဘူး။ မင်းတို့တွေက ဘယ်လိုဖြစ်ပြီး ဟာကွက်ကို ရှာတွေ့သွားကြတာလဲ"
သူက တခြားသူတွေထက် အများကြီးပိုပြီးဉာဏ်ကောင်းတယ်လို့ ကိုယ့်ဟာကိုထင်ထားပြီး သူ့အစီအစဥ်မှာလည်း လုံလောက်တဲ့ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ ထင်ထားတယ်လေ။ ဒီအခိုက်အတန့်အတွင်းမှာ သူကကျရှုံးမှုကို ကိုယ့်ဟာကိုလက်မခံနိုင်အောင် ဖြစ်နေတယ်။
သူ့နောက်မှာနေတဲ့ စူးလီက သူရဲ့ရူးသွပ်တော့မတတ် မေးခွန်းကို နားထောင်လိုက်ပြီး ရွံ့ရှာတဲ့ဟန်နဲ့ သူမရဲ့နားကို ပွတ်သပ်လိုက်တယ်။
[ရှင့်ရဲ့အစီအစဥ်ကို အစောကတည်းက ကြားထားပြီးသားလေ။ ရှင်က ရူးရူးမိုက်မိုက်နဲ့ အဓိကအချက်တွေတောင် ထောက်ပြလိုက်သေးတယ်]
[ငါတို့တွေက နင့်ကို မဖမ်းနိုင်ဘူးဆိုရင် ထျန်းကျီးဂိုဏ်းကတော့ ဒီအတိုင်းအထုပ်ကိုပြင်ပြီး ဂိုဏ်းကို ဖျက်သိမ်းလိုက်ရုံပဲ~~]
ယဲ့မုံ့က နေရာမှာတင် အေးခဲသွားတော့တယ်။ ဒါပေမဲ့ ကြီးမြတ်သူဟွားယီက သူရဲ့အသံတိတ်သွေးကြောကို မြန်မြန်ပိတ်ဆို့ထားလိုက်ပြီး သူ့ပါးစပ်ကိုလည်း မြန်မြန်ပိတ်လိုက်တယ်။
သိပ်မကြာခင်မှာပဲ စည်းကမ်းထိန်းသိမ်းရေးခန်းမကလူတွေက ကျူးကျော်လာသူအဖွဲ့ကို စုံစမ်းမေးမြန်းဖို့ ခန်းမထဲကို ခေါ်လာခဲ့တယ်။
ထျန်းကျီးဂိုဏ်းချုပ်ကြီးက ထျန်းကျီးဂိုဏ်းရဲ့ အရေးပေါ်ကိစ္စကို နောက်ဆုံးတော့ ဖြေရှင်းပြီးသွားပြီကို မြင်လိုက်ရတဲ့အခါ သူက စိတ်အေးသွားကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးဖက်ကို လှည့်ကာ ဦးညွှတ်ပြီး ပြောလိုက်တယ်။
"ထျန်းကျီးဂိုဏ်းရဲ့ အရေးပေါ်ကိစ္စကို ဖြေရှင်းနိုင်ခဲ့တာက ချန်ထျန်းဂိုဏ်းရဲ့ ကြီးမားတဲ့အကူအညီကြောင့်ပါ"
ချန်ထျန်းဂိုဏ်းချုပ်ကြီးက မြန်မြန်လှည့်ကာ နှုတ်ဆက်ပြီး ယဥ်ယဥ်ကျေးကျေးပြောလိုက်တယ်။
"ဂိုဏ်းချုပ်ကြီးရယ် အားနာနေပါပြီ၊ ဂိုဏ်းကြီးခြောက်ဂိုဏ်းက ညီညွတ်သင့်ပြီး အပြန်အလှန် ကူညီပေးသင့်တာပေါ့။ ဒီအပြင် ခင်ဗျားနဲ့ ကျူပ်ဆိုတာကလည်း ပုဂ္ဂိုလ်ရေးအရ အလွန်မှကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာပဲ။ ထျန်းကျီးဂိုဏ်းက အရေးပေါ်ကိစ္စနဲ့ ရင်ဆိုင်နေရတာကို ဘယ်လိုလုပ်ပြီး ဘေးမှာရပ်ကြည့်နေနိုင်ပါ့မလဲ"
ဒီအချိန်မှာတော့ သူက မသိမသာပြုံးလိုက်ပြီး သူရဲ့အသံထဲမှာလည်း ကိုယ့်ဟာကိုယ် လှောင်ပြောင်သရော်နေတဲ့ အရိပ်အယောင် သယ်ဆောင်ထားတယ်။
"ချန်ထျန်းဂိုဏ်းရဲ့ အကူအညီမရှိဘူးဆိုရင်တောင် ထျန်းကျီးဂိုဏ်းက ဒီသူခိုးတွေကိုဖမ်းဖို့ အိတ်ထဲကပစ္စည်းတစ်ခုကို ဆွဲထုတ်သလောက်ကို လွယ်ကူပါတယ်"
နှစ်ယောက်သားက စကားပြောလာရင်း စည်းကမ်းထိန်းသိမ်းရေးရှိရာဖက်ကို ဖြည်းဖြည်းချင်း လျှောက်လာတယ်။
"ဂိုဏ်းချုပ်ကြီးကျန်းက အခုတစ်လော အရမ်းကို အလုပ်ရှုပ်တယ်လို့ ကျုပ် ကြားမိတယ်"
ထျန်းကျီးဂိုဏ်းချုပ်ကြီးက သူ့မုတ်ဆိတ်မွှေးကိုသပ်လိုက်ပြီး အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်။
"အခုဆိုရင် ကျန့်ရွှမ်က ကျင့်ကြံရေးလောကထဲမှာ ဆက်သွယ်ရေးအဆောင်မန္တန်ရဲ့နေရာကို အစားထိုးပြီးသွားပြီ။ ဒါက မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေအတွက် ဘဝကို ပိုပြီးလွယ်ကူလာအောင် လုပ်ပေးလိုက်တာပဲ"
ထျန်းကျီးဂိုဏ်းချုပ်ကြီးက လူတွေကို ချီးကျူးရတဲ့အနုပညာမှာ တော်တော်လေးကို ကျွမ်းကျင်လာတယ်။ သူက ချန်ထျန်းဂိုဏ်းကို ကျန့်ရွှမ်ကနေရလာတဲ့ ဝိညာဥ်ကျောက်တုံးကို အဲ့ဒီအစားသူမတူညီတဲ့ ချဥ်းကပ်မှုတစ်ခုကို ယူလိုက်ပြီး ကျင့်ကြံရေးလောကထဲမှာ ကျန့်ရွှမ်ရဲ့အခန်းကဏ္ဍကို ချီးမြှောက်ပြောဆိုလိုက်တယ်။
သူက သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်လိုက်ပြီး ထည်ဝါပြီး အားအင်အပြည့်ပါတဲ့ အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ဂိုဏ်းချုပ်ကြီးကျန်းရဲ့ ဆောင်ရွက်ချက်တွေက ပစ္စုပ္ပန်နဲ့ အနာဂတ်မျိုးဆက်တွေအတွက် ကျေးဇူးရှိတယ်လို့ ပြောလို့ရပါတယ်"
ချန်ထျန်းဂိုဏ်းချုပ်ကြီးကတော့ သူ့ကို မြှောက်ပင့်စကား ပြောဆိုနေမှန်းသိပေမဲ့ သူက သူ့မျက်လုံးတွေကို အစင်းရာလေးတစ်ခု ကျဥ်းမြောင်းသွားတဲ့အထိ ပြုံးပြနေလိုက်တယ်။ သူက ရှေ့ကိုဆက်လျှောက်လာရင်း နိမ့်ချတဲ့ဟန်နဲ့ ပြောလိုက်တယ်။
"ဂိုဏ်းချုပ်ကြီးရယ် ခင်ဗျားကလည်း တကယ်ပဲ ချဲ့ကားနေပါပြီ။ ကျွန်တော်က ချီးကျူးစကားကို ဘယ်လိုလုပ်ပြီး ထိုက်တန်မှာလဲ"
ဒီလိုငြင်းဆိုလိုက်ပြီးတဲ့နောက်မှာ သူကလည်း ထျန်းကျီးဂိုဏ်းချုပ်ကြီးကို အပြန်အလှန် ချီးကျူးစရားပြောဆိုလိုက်တယ်။
"ထျန်းကျီးဂိုဏ်းချုပ်ကြီး ခင်ဗျားမှာလည်း လေးစားအားကျဖို့ကောင်းတဲ့ ထျန်းယောက်ဆိုတဲ့ သားတစ်ယောက်ရှိနေတာပဲ"
"တူတော်မောင်ထျန်းယောက်က အနာဂတ်ကို ဟောပြောတဲ့နေရာမှာ တကယ့်ကို အားကောင်းတဲ့ အရည်အချင်းတစ်ခုရှိတယ်လို့ ကျုပ် ကြားထားတယ်။ သူက ခင်ဗျားရဲ့အမွေအနှစ်တွေအားလုံးကို လက်ခံရရှိထားတယ်လို့ ပြောလို့ရတယ်"
သူက အပြုံးတစ်ခုနဲ့ ဆက်ပြောလိုက်တယ်။
"ဒီတစ်ကြိမ်သူခိုးတွေ ထျန်းကျီးဂိုဏ်းထဲကို ခိုးဝင်လာတဲ့ကိစ္စကလည်း တူတော်မောင်ရဲ့ အနာဂတ်ကို ကြိုပြောပြနိုင်တဲ့ အရည်အချင်းကိုကျေးဇူးတင်ရမယ်"
"သူ့ရဲ့ခေါင်းတွေက လူငယ်တွေထဲက ပေါ်ထွက်လာတယ် ဆိုတဲ့စကားက တကယ်ကိုအမှန်ပါပဲ"
သူတို့နှစ်ယောက်က အချင်းချင်းအပြန်အလှန် ချီးမွမ်းပြောဆိုနေကြရင်း ရှေ့ကိုလျှောက်သွားတယ်။
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ထျန်းကျီးဂိုဏ်းချုပ်ကြီးကို ခေါင်းအစခြေအဆုံး ချီးမွမ်းပြီးသွားတာတောင် ဒီဂိုဏ်းချုပ်ကြီးကလည်း ချန်ထျန်းဂိုဏ်းချုပ်ကြီးကို အေးအေးလူလူနဲ့ ချီးမွမ်းစကားပြောဆိုနေတုန်းပဲ။ သူက တစ်နာရီထက်ပိုကြာတဲ့အထိ ချီးမွမ်းစကားကို ဆက်ပြောဆိုနေနိုင်တဲ့ပုံပဲ။
ထျန်းကျီးဂိုဏ်းချုပ်ကြီးက ဂိုဏ်းကိုအုပ်ချုပ်နိုင်တဲ့ သူ့အရည်အချင်းကို ချီးကျူးစကား ပြောလိုက်ပြီးတဲ့နောက်မှာတော့ ချန်ထျန်းဂိုဏ်းချုပ်ကြီးက လေးနက်တဲ့ ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး ထျန်းကျီးဂိုဏ်းချုပ်ကြီးကို ချီးမွမ်းစကားပြောဆိုဖို့ ဘာမှစဥ်းစားလို့ မရနိုင်အောင် ဖြစ်သွားတယ်။
ထျန်းကျီးဂိုဏ်းချုပ်ကြီးက စကားအရာမှာ ကျွမ်းကျင်လှပါပေတယ်။
သူ့မှာကတော့ ထျန်းကျီးဂိုဏ်းကို ခေါင်းအစခြေအဆုံး နှစ်ကြိမ်လောက်ချီးကျူးပြီးသွားတဲ့နောက်မှာ ပြောစရာလုံးဝ မရှိတော့ဘူး။
သူက သူ့ဘေးမှာ လျှောက်လာတဲ့ တည်ငြိမ်ပြီး နှစ်လိုဖွယ်ကောင်းကာ ဖြောင့်မတ်မှန်ကန်တဲ့ ချင်းဖုန်းကြီးမြတ်သူ့ကို မြင်လိုက်တဲ့အခါ သူ့မျက်လုံးတွေက လင်းလက်သွားပြီး သူအသံကလည်း ပိုပြီးကျယ်လောင်လာတယ်။
"ဆရာကြီးချင်းဖုန်းရဲ့ ဂမ္ဘီရစွမ်းရည်က ကျင့်ကြံရေးလောကထဲမှာ အကောင်းဆုံးထဲက အကောင်းဆုံးပါပဲ။ သူ့မှာအင်မတန်မှ အနှစ်သာရပြည့်ဝလှတဲ့ ဝိညာဉ်စွမ်းအင် ပိုင်ဆိုင်ထားသေးတယ်..."
သူက တစ်ခုခုကို သတိရသွားတဲ့ပုံနဲ့ လေးစားမှုအပြည့် ပြောလိုက်တယ်။
"ဒီအပြင့် ကြီးမြတ်သူချင်းဖုန်းရဲ့ ဂမ္ဘီရပညာကိုလည်း ကောင်းကင်က တားမြစ်ထားတာမရှိဘူးလေ။ တကယ်ပဲ သူ့ကို အားကျမိပါတယ်"
သူရဲ့ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်နဲ့ ကြီးမြတ်သူချင်းဖုန်းကို ချီးကျူးနေရတာက သူ့အတွက် နည်းနည်းလေး ရဲတင်းလွန်းတယ်လို့ သတိထားမိလိုက်ပြီးတဲ့နောက်မှာ သူက ကြီးမြတ်သူချင်းဖုန်းကို ဦးညွှတ်လိုက်ပြီး တလေးတစား ထပ်ပြောလိုက်တယ်။
"မဟာအကြီးအကဲက ကြီးမြတ်သူအကြောင်းကို ကျွန်တော့်ကို မကြာခဏ ပြောပြတတ်ပါတယ်။ သူက အချိန်ရှိတဲ့အခါကျရင် ကြီးမြတ်သူနဲ့ သေချာပေါက်တွေ့ဆုံရမယ်လို့လည်း ပြောခဲ့သေးတယ်"
ကြီးမြတ်သူချင်းဖုန်းက စကားမပြောရသေးခင်မှာဘဲ အင်မတန်မှ ရင်းနှီးလှတဲ့ အသံတစ်ခုကိုကြားလိုက်ရတယ်။
[ကောင်းကင်ရဲ့နိယာမရဲ့ တားမြစ်ခြင်း မခံထားရဘဲ အနာဂတ်ကို ဟောပြောနိုင်တဲ့သူတွေ တကယ်ရှိသတဲ့လား]
ကောင်းကင်တာအိုတစ်ယောက်ဖြစ်တဲ့ စူးလီက သိလိုစိတ်နဲ့ ကောင်းကင်တာအိုစာအုပ်ကို ဖွင့်လိုက်တယ်။ စာအုပ်ထဲက စကားလုံးတွေကို မြင်လိုက်ပြီးတဲ့နောက်မှာတော့ သူမက မနေနိုင်ဘဲ အသံထွက်အော်ရယ်လေတော့တယ်။
[ဒါက ကောင်းကင်ဘုံရဲ့နိယာမရဲ့ တားမြစ်ခြင်းမခံရဘူးလို့ ဘယ်လိုလုပ်ပြောနိုင်မှာလဲ။ ဒါက ကောင်းကင်နိယာမရဲ့ တကယ့်ကို အရမ်းတင်းကြပ်ထားတဲ့ဟာပဲ ဟားဟားဟား]
[ဒီအကြောင်းကို ဘယ်သူမှ မသိရတဲ့ကိစ္စကတော့၊ ဒါပေါ့လေ သူက သူ့နိုးလာတဲ့ မနက်ခင်းတိုင်းမှာ ကိုယ့်ဟာကို ရုပ်ဖျက်ထားတာကြောင့်ကိုး ဟားဟားဟား]
[အားနည်ချက်၅ခုနဲ့ ချိုယွင်းချက်၃ခုရဲ့ အကြွင်းအကျန်တွေရဲ့ အပြစ်ပေးခံလိုက်ရတဲ့ ကြီးမြတ်သူချင်းဖုန်းရဲ့ ပြစ်ဒဏ်ကလေ~~]
[ဟားဟားဟား ခေါင်းတုံးဖြစ်နေတာက ချို့ယွင်းချက်တစ်ခု မဟုတ်ဘူးလို့ ဘယ်သူက ပြောမှာမလို့လဲ~~]
...