အခန်း ၁၃၄
Vol. 9 Ch. 134
အပိုင်း (၁၃၄)
ထျန်းကျီးဂိုဏ်းချုပ်ကြီးက တုန်တုန်ယင်ယင်နဲ့ သူ့နဖူးပေါ်ကချွေးတွေကို သုတ်လိုက်ပြီး ခြောက်ကပ်ကပ် လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ဂိုဏ်းချုပ်ကြီးကျန်းနဲ့ တာအိုရောင်းရင်းတို့က မသိကြလို့ပါ။ ကောင်းကင်ရဲ့လျှို့ဝှက်ချက်ကို တွက်ချက်တယ်ဆိုတာက အရမ်းကိုခက်ခဲလှပါပေတယ်"
"ဒီတော့ တစ်ခါတစ်လေကျတော့လည်း အမှားတွေရှိတာပေါ့။ ဒါပေမဲ့ အချိန်အများစုမှာတော့ ဒါကတော်တော်လေးကို မှန်ကန်ပါတယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ထျန်းကျီးဂိုဏ်းက ဒီနေ့မှာ အဆင့်အတန်းတစ်ခုကို ရောက်နိုင်မှာလဲ"
ဒီအချိန်မှာတော့ သူက သူ့ရင်ဘတ်ကို မြန်မြန်ပုတ်ပြီး အာမခံလိုက်တယ်။
"နောက်ပြီးတော့ မစိုးရိမ်ကြပါနဲ့ အားလုံးပဲ၊ အဓိကပြဿနာတွေနဲ့ ရင်ဆိုင်ရရင်တော့ ထျန်းကျီးဂိုဏ်းက အမှားလုပ်တယ်ဆိုတာ ရှားပါးပါပေတယ်"
[ဟုတ်တယ်၊ ကြီးကြီးမားမားကိစ္စတွေဆိုရင် မမှားဘူးလေ။ ဒါပေမဲ့လည်း ကြီးကြီးမားမားကိစ္စဆိုတာ နှစ်တစ်ရာမှာမှ တစ်ခါလောက်ပဲဖြစ်တာကိုး~~]
[ကိစ္စငယ်လေးတချို့နဲ့ ပတ်သက်ပြီးတော့ ဒါက မှန်သလား မှားသလား ဆိုတာကတော့ ကိုယ်ရဲ့ကံတရားအပေါ်ပဲ မူတည်တော့တယ်လေ~~]
ထျန်းကျီးဂိုဏ်းချုပ်ကြီးက ခုခံနေတာကို ရပ်တန့်လိုက်ပြီး ဘာမှမဖြစ်တော့တဲ့အတိုင်း စကားလမ်းကြောင်း လွှဲလိုက်တော့တယ်။
"ဂိုဏ်းချုပ်ကြီးကျန်း မြင့်မြတ်အကြီးအကဲက သူ့မှတ်ဉာဏ်တွေ ပြန်ရလာပြီး သိပ်မကြာခင်မှာ အတိဒုက္ခကျော်ဖြတ်ခြင်း ကျင့်ကြံခြင်းအဆင့်ကို ရောက်တော့မယ်ဆို ဒါကတကယ့်ကို ဂုဏ်ယူစရာကိစ္စပါပဲ"
နောက်ဆုံးတော့ ညီညွှတ်မျှတနေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ချန်ထျန်းဂိုဏ်းက ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြားမှာ စကားနည်းနည်းပါးပါးပြောလိုက်ပြီး နောက်ဆုံးတော့ မိတ်ဆွေဆန်ဆန်ပဲ အဆုံးသတ်လိုက်ကြတယ်။
-
အဲဒီနေ့လယ်ခင်းမှာ-
ထျန်းကျီးဂိုဏ်းချုပ်ကြီးနဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးတို့က တစ်ခါမှမမြင်ဖူးတဲ့ တည်ကြည်မှုတွေနဲ့ ထျန်းရန်ခန်းမထဲမှာ ထိုင်နေကြတယ်။
ယဲ့မုံ့တို့လို ကျူးကျော်လာသူတွေကို စုံစမ်းစစ်ဆေးပြီးသွားပေမဲ့လည်း အဲဒီနေ့က ကြားခဲ့ရတဲ့ သတင်းအပိုင်းအစတွေကလွဲရင် ထျန်းကျီးဂိုဏ်းချုပ်ကြီးက သူတို့ဆီကနေပြီး ဘာသတင်းအချက်အလက်မှ မရခဲ့ဘူး။
ဒီလူတွေက အင်မတန်မှ ရက်စက်တဲ့ တင်းကျပ်မှုအောက်မှာ နေနေရတာပဲ။ သူတို့တွေက ဒီကိစ္စရဲ့နောက်ကွယ်ကလူရဲ့ သတင်းအချက်အလက်ကို ဖော်ထုတ်ဖို့ကြိုးစားခဲ့မယ်ဆိုရင် သူတို့ရဲ့စွမ်းအင်ဗဟိုချက်က ပေါက်ကွဲသွားလိမ့်မယ်။ ဒါကို ကြီးမြတ်သူဟွားရိက အချိန်မှီသာ မတွေ့ရှိခဲ့ဘူးဆိုရင် တပည့်တွေအများကြီး ဒဏ်ရာရသွားနိုင်တယ်။
တစ်စုံတစ်ယောက်က သူတို့ရဲ့စိတ်ဝိညာဥ်ထဲမှာ ရှာဖွေမယ်ဆိုရင်တောင် ဒါက သူတို့ရဲ့စိတ်ဝိညာဥ်ကို ပေါက်ကွဲစေရုံသာ ရှိပြီး အသုံးဝင်တဲ့အချက်အလက်တွေ ရလာမှမဟုတ်ဘူး။ အဲဒီအစား သူတို့ရဲ့စိတ်ဝိညာဥ်ကို ရှာဖွေခဲ့တဲ့လူကပဲ အပြင်းအထန် ဒဏ်ရာရသွားလိမ့်မယ်။
ချန်ထျန်းဂိုဏ်းချုပ်ကြီးက အလွန်မှ လေးပင်နေတဲ့ အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"သိပ်မကြာခင်တုန်းက ဂိုဏ်းချုပ်ကြီးချီနဲ့ ဂိုဏ်းချုပ်ကြီးလုတို့ နှစ်ယောက်စလုံးက သတင်းပို့လာခဲ့တယ်။ သူတို့ဂိုဏ်းထဲမှာ ဖမ်းမိထားတဲ့ သူခိုးတွေအားလုံးက ကိုယ့်ဟာကို ဖျက်ဆီးပစ်လိုက်ကြတယ်တဲ့။ ဘယ်သူမှ ဒဏ်ရာမရခဲ့ပေးမဲ့ သူတို့တွေက နောက်ကွယ်ကလူနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို မရခဲ့ဘူးတဲ့။
ထျန်းကျီးဂိုဏ်းချုပ်ကြီးက လက်ရန်းပေါ်မှာ တင်ထားတဲ့ သူရဲ့လက်ကို တင်းနေအောင် ဆုပ်ထားလိုက်တယ်။ ဒီအားကြောင့်ပဲ သူရဲ့လက်တွေက ဖြူဆုတ်သွားတော့တယ်။
"ထျန်းကျီးဂိုဏ်းကို လာခဲ့တဲ့ ဒီသူခိုးတွေနဲ့လည်း အတူတူပဲ"
"သူတို့အားလုံးက ဘာချွင်းချက်မှမရှိဘဲ ကိုယ့်ဟာကို ဖောက်ခွဲပစ်လိုက်ကြတယ်"
"ထျန်းကျီးဂိုဏ်းချုပ်ကြီးရဲ့ ကြီးမြတ်သူဖြစ်တဲ့ ထျန်းရှင်းကလည်း ဒီအတွက် တွက်ချက်မှုတစ်ခု လုပ်ခဲ့သေးတယ်။ ဒါပေမဲ့ တွက်ချက်မှုကို ဆွဲလိုက်တဲ့အချိန်မှာပဲ သူရဲ့ကျင့်ကြံခြင်းအဆင့်က ချက်ချင်းဆိုသလို ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့တယ်။ သက်ဆိုင်ရာ အတွက်အချက် မန္တာန်စာရွက်ကလည်း တစ်စစီ ပျက်ဆီးသွားခဲ့ပြီး သူက ဘာသဲလွန်စကိုမှ မရနိုင်ခဲ့ဘူးတဲ့"
ဒီစကားကို ကြားလိုက်တဲ့အခါ ချန်ထျန်းဂိုဏ်းချုပ်ကြီးက မျက်မှောင်ကို တင်းတင်းကျုံ့မိတော့တယ်။
"ကြီးမြတ်သူထျန်းရှင်းတောင် ဘာမှမရဘူးဆိုတော့ ဧကန္တ..."
ဒီကိစ္စရဲ့နောက်ကွယ်က ပုဂ္ဂိုလ်က ကျင့်ကြံရေးလောကက မကြာခင်ရင်ဆိုင်ရမဲ့ ကြီးမားတဲ့ နက္ခတ်ဆိုးများလား။
ဒီလိုစဥ်းစားမိလိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးက ရင်လေသွားတဲ့ အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"အခုဒီနောက်ကွယ်ကပုဂ္ဂိုလ်က ရွှင့်ချန်ဂိုဏ်း၊ ချန်ထျန်းဂိုဏ်း၊ ဝမ့်ကျန့်ဂိုဏ်းနဲ့ ထျန်းကျီးဂိုဏ်းတို့ကို အောင်အောင်မြင်မြင် တိုက်ခိုက်ခဲ့တယ်ဆိုတာကို ကျုပ်တို့သိခဲ့ရပြီ"
ထျန်းကျီးဂိုဏ်းချုပ်ကြီးက မျက်မှောင်ကျုံ့ပြီး ဆက်ပြောလိုက်တယ်။
"ကြည့်ရတာ သူ့ရဲ့ပစ်မှတ်က ဂိုဏ်းကြီးခြောက်ဂိုဏ်း ဖြစ်မဲ့ပုံပဲ။ သူက ခုနှစ်ဂိုဏ်းမြောက်ဂိုဏ်းကိုတောင် တစ်ခုခု လုပ်ထားပြီးသား ဖြစ်လောက်တယ်"
ဒီလို စကားကိုကြားလိုက်တဲ့အခါ ချန်ထျန်းဂိုဏ်းချုပ်ကြီးက ခေါင်းညိတ်လိုက်ပြီး သူ့အသံထဲမှာလည်း စိတ်အေးသွားတဲ့ အရိပ်အယောင်တစ်ခု ပြည့်နှက်သွားတယ်။
"တော်ပါသေးရဲ့ အဲဒီပုဂ္ဂိုလ်ရဲ့အကူအညီနဲ့ ချန်ထျန်းဂိုဏ်းက အခက်အခဲတွေ အားလုံးကျော်လွှားခဲ့ပြီး အကြံအစည်တွေကိုလည်း ဖျက်ဆီးပစ်နိုင်ခဲ့လို့ပေါ့"
အပြင်လောကကလာတဲ့အသံကို စဥ်းစားမိလိုက်ကြပြီး သူက သူ့မျက်လုံးထဲက လေးစားမှုနဲ့ ကျေးဇူးတင်စိတ်ကို ဖိနှိပ်မထားနိုင်အောင်ဖြစ်သွားတယ်။
အပြင်လောကက အဘွားကြီးရဲ့ အကူအညီကြောင့်သာ မဟုတ်ဘူးဆိုရင် ချန်ထျန်းဂိုဏ်းက အခုဆိုရင် ဒီလိုဖြစ်နေပါ့မလားတောင် မစဥ်းစားရဲတော့ပါဘူး။
ထျန်းကျီးဂိုဏ်းချုပ်ကြီးကလည်း ခေါင်းညိတ် သဘောတူလိုက်တယ်။ အခုတော့ ထျန်းကျီးဂိုဏ်းထဲက ပြဿနာကို ဖြေရှင်းပြီးသွားပြီ အပြင်လောကကလာတဲ့အသံက ဒီကိစ္စမှာ အရမ်းကိုအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးခဲ့တယ်။
ဒီလိုစဥ်းစားလိုက်ပြီး သူ့အသံထဲမှာလည်း စိတ်အေးသွားတဲ့ အရိပ်အယောင်တစ်ခု ပါလာတယ်။
"အခု အဓိကဂိုဏ်းကြီးလေးခုကို ပြဿနာပေးခဲ့တဲ့ သူခိုးတွေကိုတော့ ဖမ်းမိသွားပြီ။ ဂိုဏ်းကြီးလေးခုထဲက ပြဿနာတွေကိုလည်း ဖြေရှင်းပြီးသွားပြီ။ ကျုပ်မသိသေးတာက ..."
ချန်ထျန်းဂိုဏ်းချုပ်ကြီးကလည်း သူ့မျက်နှာပေါ်မှာ တည်ငြိမ်သွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။
"ဟယ်ဟွမ်းဂိုဏ်းနဲ့ ချန်ဖူဂိုဏ်းတို့ရဲ့ အခြေအနေဘယ်လိုရှိလဲ မသိဘူး"
ထျန်းကျီးဂိုဏ်းချုပ်ကြီးက လေးနက်တဲ့လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ချန်ဖူဂိုဏ်းကို ဗုဒ္ဓရဲ့အလင်းရောင်က ကာကွယ်ပေးထားတာပဲ။ ဒီသူခိုးတွေက သူတို့ရဲ့ခန္ဓာကိုယ်မှာ မကောင်းမှုနဲ့ ညို့မှိုင်းတဲ့ ဝိညာဥ်စွမ်းအားတွေ ရှိနေတာလေ။ ဒီလိုဝိညာဥ်စွမ်းအားမျိုးက ချန်ဖူဂိုဏ်းရဲ့ နယ်မြေထဲကို ဝင်လို့မရပါဘူး"
"ဒါပေမဲ့ဟယ်ဟွမ်းဂိုဏ်းကတော့ ..."
"ဟယ်ဟွမ်းဂိုဏ်းရဲ့ အစောင့်အရှောက်သခင်ကြီး ကြီးမြတ်သူချင်းရွှီက အချိန်မရွေး သက်တမ်းစေ့သွားပြီး သေသွားနိုင်တယ်ဆိုတာ ကျင့်ကြံရေးလောကက လူအားလုံး သိလာကြတယ်။
နောက်ပြီး ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးက အမျိုးသမီးတစ်ယောက်ကို ဝတ်စားထားတဲ့ကိစ္စက ကျင့်ကြံရေးလောကထဲမှာ တော်တော်လေး ဆန့်ကျင်ဖက် ဖြစ်သွားစေသေးတယ်။
တကယ်လို့အဲဒီသူခိုးတွေကသာ ဒီအချိန်မှာ ဟယ်ဟွမ်းဂိုဏ်းကို တိုက်ခိုက်ခဲ့မယ်ဆိုရင် ဘေးအန္တရာယ် ကျရောက်လုဆဲဆဲ ဖြစ်နေတဲ့ ဟယ်ဟွမ်းဂိုဏ်းကတကယ်ပဲ...
သူက မျက်မှောင်ကျုံ့လိုက်ပြီး ကျန့်ရွှမ်ကိုထုတ်ယူလိုက်ကာ ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးကို ဆက်သွယ်ဖို့ ပြင်ဆင်လိုက်ပေမဲ့ သူက တစ်ခုခုကို စဥ်းစားမိသွားသလို မျက်နှာပေါ်မှာ ထူးဆန်းတဲ့အကြည့်တစ်ခုနဲ့ ကျန့်ရွှမ်ကို ပြန်ထည့်ထားလိုက်တယ်။
ဒီသူခိုးတွေ တိုက်ခိုက်မဲ့ အစီအစဥ်ကို သူတို့ ဘယ်လိုသိခဲ့တယ်ဆိုတာ မမေ့ဘူးလေ။
ဒီကျန့်ရွှမ်ကို... ပုံမှန်အတိုင်း သုံးလို့ရတယ်ဆိုပေမဲ့... အဟမ်း ဂိုဏ်းရဲ့အရေးကြီး လျှို့ဝှက်ချက်တွေ ပါဝင်ပတ်သက်နေတဲ့ ကိစ္စအတွက်တော့ ဒါကသတိထားတာပိုကောင်းတာပေါ့။
သူရဲ့လှုပ်ရှားမှုကို မြင်လိုက်ရတဲအခါ ချန်ထျန်းဂိုဏ်းချုပ်ကြီးကလည်း အောင့်သက်သက်နဲ့ အကြည့်လွှဲထားလိုက်တယ်။
ဒါက တကယ့်ကို တိုက်ဆိုင်မှုပါပဲ။ ဒါက ထျန်းကျီးဂိုဏ်းက အရေးကိစ္စပြဿနာကို ရှာဖွေဖော်ထုတ်သွားဖို့ ကူညီပေးခဲ့တယ်ဆိုတာကလည်း အရမ်းကိုအသုံးဝင်တဲ့ တိုက်ဆိုင်မှုတစ်ခုပါပဲလေ။
ချန်ထျန်းဂိုဏ်းကတော့ တကယ်တမ်းကျတော့ တခြားသူတွေရဲ့စကားဝိုင်းကို တကယ်ပဲ ခိုးနားထောင်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။
ဒါပေမဲ့လည်း ကျန့်ရွှမ်ကို လေ့လာနေတဲ့ ချန်းဖင့်ကိုယ်တိုင်ကတောင် ဆုံးဖြတ်ချက် မချရဲဘူးဆိုတော့ သူက ပါးစပ်ပိတ်ပြီး ထျန်းကျီးဂိုဏ်းချုပ်ကြီးရဲ့လုပ်ရပ်တွေကို မမြင်ချင်ဟန်ဆောင်ပြီး ဘာမှမဖြစ်သလို စားပွဲပေါ်က လက်ဖက်ရည်ခွက်ကို ကောက်ယူရုံပဲ တတ်နိုင်တော့တာပေါ့။
လက်ဖက်ရည်ခွက်တစ်ငုံလောက် သောက်ပြီးသွားတဲ့အခါ သူက ပန်းကန်းလုံးကို ပြန်ချလိုက်ပြီး သူ့မျက်နှာပေါ်က အမူအရာကလည်း အရင်ကလို ရင်းနှီးပြီး ရိုးရှင်းတဲ့ရုပ်တစ်ခု ပြန်ဖြစ်လာတယ်။
"စဥ်းစားကြည့်လိုက်တော့ ကျုပ် ဟယ်ဟွမ်းဂိုဏ်းဆီ အလည်မသွားရတာ တော်တော်ကြာသွားပြီပဲ။ ဂိုဏ်းချုပ်ကြီး ခင်ဗျားရော ကျုပ်နဲ့အတူ လိုက်ခဲ့ချင်လား"
ထျန်းကျီးဂိုဏ်းချုပ်ကြီးကလည်း တည်တည်ကြည်ကြည် ခေါင်းညိတ်လိုက်တယ်။
"ကျုပ်လည်း အဲဒီစိတ်ကူး ရှိပါတယ်"
-
စူးလီက ချန်ထျန်းဂိုဏ်းရဲ့လှေပျံပေါ်မှာ ပျင်းပျင်းရိရိ ထိုင်နေပြီး သန်းဝေလိုက်တယ်။
သူမက ကောင်းကင်စာအုပ်ကို ထပ်ခါထပ်ခါ လှန်လှောပေမဲ့လည်း ဒီကိစ္စရဲ့နောက်ကွယ်က ကြိုးကိုင်သူနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့အကြောင်းအရာ ဘာတစ်ခုမှ ရှာမတွေ့နေသေးဘူး။
သူမကလည်း ကျင့်ကြံရေးလောကထဲက ယိုပေါက်တွေကိုကြည့်ဖို့ အခွင့်အရေးကို အသုံးချလိုက်တယ်။
ရွှင့်ချန်ဂိုဏ်း၊ ဝမ့်ကျန့်ဂိုဏ်း၊ ချန်ထျန်းဂိုဏ်း၊ ထျန်းကျီးဂိုဏ်းတို့ရဲ့ အထက်ကလေထုကတော့ ကြီးမြတ်သူချင်းဖုန်းရဲ့ခေါင်းလိုပဲ ချောမွေ့လို့နေတယ်။
မကြာခဏဆိုသလို အနက်ရောင် အစက်အပြောက်တွေနဲ့ အပေါက်ငယ်လေးတစ်ခု ရှိတာကတော့ ပုံမှန်ပါပဲ။
ချန်ဖူဂိုဏ်းအတွက်ကတော့ အပေါက်ငယ်လေးတစ်ခု ရှိပေမဲ့လည်း ဒါကကြီးကြီးမားမား ပြဿနာ ဟုတ်ဟန်မတူဘူး။
တခြားဂိုဏ်းတွေမှာလည်းပဲ အပေါက်ကြီးအပေါက်ငယ်တွေ ရှိပေမဲ့လည်းပဲ အားလုံးက ပြဿနာလိုဆိုပေမဲ့ အပြင်းထန်ဆုံးတစ်ခုကတော့ ဟယ်ဟွမ်းဂိုဏ်းဖြစ်နေတုန်းပဲ။
ဟယ်ဟွမ်းဂိုဏ်းနဲ့ ပတ်သက်တဲ့ပြဿနာကတော့ အရမ်းကို ထူးဆန်းတယ်။ ဂိုဏ်းကို ဝါးမျိုသွားနိုင်တဲ့ ကောင်းကင်ပေါ်မှာ ဧရာမကြီးမားတဲ့ အပေါက်ကြီး ရှိမနေဘူး။
ဟယ်ဟွမ်းဂိုဏ်းရဲ့ကောင်းကင်က ချောမွေ့ပြီး ပြောင်းရှင်းနေလို့ပါပဲ။ ဒါပေမဲ့လည်း ဒါက တစ်ခြားဂိုဏ်းတွေထက် စာရင် အများကြီး ပါးလွှာလို့နေတယ်။
ကြည့်ရတာ ဒီအတိုင်း သာမန်ကာလျှံကာ တစ်ချက်လောက် တို့လိုက်တာနဲ့ ဟယ်ဟွမ်းဂိုဏ်းရဲ့ ကောင်းကင်ကြီးက မရေမတွက်နိုင်တဲ့ အပေါက်တွေဖြစ်သွားမဲ့ပုံပဲ။
ဒီလိုစဥ်းစားလိုက်ပြီး စူးလီက သူမရဲ့မျက်လုံးကို ဖြည်းဖြည်းချင်း ပိတ်ထားလိုက်တယ်။
ဒါကြောင့်ပဲ သူမက ချန်ထျန်းဂိုဏ်းချုပ်ကြီးနဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးနောက် လိုက်လာပြီး ဟယ်ဟွမ်းဂိုဏ်းကို ရောက်လာတာပေါ့။
ဖရဲသီးတွေစားဖို့ နေရာအသစ်တစ်ခု သွားရမဲ့အချိန်တန်ပြီလေ...
ဒါပေမဲ့...
သူမက မျက်လုံးတွေကို ပြန်ဖွင့်ထားလိုက်ပြီး အဆင့်ခြောက်၊ အဆင့်ခုနှစ် မှော်လက်နက်ကိရိယာတွေနဲ့ အလှဆင်ထားတဲ့ ချန်ထျန်းဂိုဏ်းရဲ့လှေပျံကို ပတ်ကြည့်လိုက်မိတယ်။ သူမက တွေးတွေးဆဆနဲ့ မေးကိုပင့်ထားလိုက်တယ်။
ကြည့်ရတာ ချန်ထျန်းဂိုဏ်းက လတ်တလောမှာ တကယ် ချမ်းသာလာတဲ့ပုံပဲ။
သူမ ချန်ထျန်းဂိုဏ်းကိုလာတုန်းက စီးလာခဲ့တဲ့ တကျွီကျွီမြည်နေတဲ့ လှေပျံကြီးနဲ့ လမ်းတစ်ဝက်မှာပဲ ပျံရင်းတန်းလန်း ပြုတ်ကျသွားတဲ့ လှေပျံကြီးကို စဥ်းစားမိလိုက်ပြီး သူမက တိတ်တိတ်လေး သက်ပြင်းချမိတယ်။
လူတစ်ယောက်က ဝိညာဥ်ကျောက်တုံးတွေရှိတာ တကယ်ကောင်းတဲ့ကိစ္စပါပဲ။
သိပ်မကြာခင်မှာပဲ သူတို့အဖွဲ့က ဟယ်ဟွမ်းဂိုဏ်းကို ရောက်လာခဲ့တယ်။
လှေပျံကြီးက မဆင်းသက်ရသေးခင်မှာဘဲ အားလုံးက သဲကြီးမဲကြီး ရန်ဖြစ်သံတစ်ခုကို ကြားလိုက်ရတယ်။
"ယွီချင်း နင်က အစ်ကိုလော့ရှန်းကို လုံးဝမကြိုက်တာ သိသာနေရဲ့သားနဲ့ နင်က ဘာဖြစ်လို့သူနဲ့ တွဲခုတ်ချင်နေရတာလဲ"
လင်ရှန်းရန်က သူမရဲ့မျက်လုံးထဲက ဒေါသတွေနဲ့ နှစ်လို့ဖွယ်ကောင်းပြီး စွဲမက်ဖွယ်ကောင်းတဲ့ ကြီးမြတ်သူယွီချင်းကို ကြည့်နေတယ်။ သူမရဲ့မျက်လုံးတွေက နီရဲနေပြီး အံ့ကြိတ်ပြီးတော့ မေးမြန်းနေတယ်။
"နင် အစ်ကိုလော့ရှန်းကို နှစ်၇၀၀လုံးလုံး ဆွဲထားပြီးပြီပဲ ဘာဖြစ်လို့ သူ့ကို လက်လွှတ်ဖို့ ငြင်းဆန်နေသေးတာလဲ"
ချန်ထျန်းဂိုဏ်းချုပ်ကြီးနဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးက ဆူညံသံကို ကြားလိုက်ရတဲ့အချိန်မှာ သူတို့အားလုံးက နားစွင့်ထားလိုက်ကြပြီး သူတို့ရဲ့မျက်လုံးထဲမှာလည်း အတင်းအဖျင်းကို စိတ်ဝင်စားသွားသလို လင်းလက်သွားတော့တယ်။
ကြီးမြတ်သူယွီချင်း၊ ကြီးမြတ်သူလော့ရှန်းနဲ့ ကြီးမြတ်သူရှန်းရန်တို့ကြားက အချစ်၊ အမုန်း၊ အာဃာတ တရားတွေကို ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတွေ အားလုံးက ကောင်းကောင်းသိပြီးသားလေ။
ကြီးမြတ်သူလော့ရှန်းက ကြီးမြတ်သူယွီချင်းကို နှစ်ပေါင်း၇၀၀လုံးလုံး စွဲမက်လာခဲ့တာ။
ဒီနှစ်၇၀၀အတောအတွင်းမှာ သူက ကြီးမြတ်သူယွီချင်းကို နက်နက်နဲနဲ ချစ်ကျွမ်းဝင်ခဲ့တယ်လို့ ပြောလို့ရတယ်။ ကြီးမြတ်သူယွီချင်း လိုချင်တာမှန်သမျှ ဓားတောင်ကိုပဲ တက်ရတက်ရ၊ လျှို့ဝှက်နယ်မြေကိုပဲ ဝင်ရဝင်ရ၊ ကြီးမြတ်သူလော့ရှန်းက ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ရအောင်လုပ်ပေးလိမ့်မယ်။
ကံဆိုးချင်တော့ ကြီးမြတ်သူယွီချင်းက ကြီးမြတ်သူလော့ရှန်းကို ဘယ်တုန်းကမှ မတုံ့ပြန်ခဲ့ဘူးလေ။
ကြီးမြတ်သူရှန်းရန်ကတော့ သူမက ကြီးမြတ်သူလော့ရှန်းရဲ့ လေးစားအားကျရသူတစ်ယောက်ဖြစ်ပြီး ကြီးမြတ်သူလော့ရှန်းအတွက် မရေမတွက်နိုင်တဲ့ကိစ္စတွေကို လုပ်ပေးခဲ့တယ်။ ကံဆိုးချင်တော့ ကြီးမြတ်သူလော့ရှန်းကလည်း သူမကို ဘယ်တုန်းကမှ လှည့်မကြည့်ခဲ့ပြန်ဘူး။
ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတော်တော်များများက ဒီကိစ္စနဲ့ပတ်သက်ပြီး လောင်းကြေးတွေတောင် ထပ်ခဲ့သေးတယ်။ တချို့က ကြီးမြတ်သူယွီချင်းက အရင်ဆုံး စိတ်လှုပ်ရှားသွားပြီး ကြီးမြတ်သူလော့ရှန်းနဲ့ အတူတူနေထိုင်လိမ့်မယ်။ တချို့ကတော့ ကြီးမြတ်သူရှန်းရန်က ကြီးမြတ်သူလော့ရှန်းကို လွှမ်းမိုးသွားနိုင်ပြီး အလှကလေးကို ရသွားလိမ့်မယ်လို့ အခိုင်အမာ ယုံကြည့်ကြတယ်။
လင်ရှန်းရန်က တခြားသူတွေရဲ့အကြည့်ကို လုံးဝဂရုမစိုက်ခဲ့ဘူး။ သူမက နီရဲနေတဲ့မျက်လုံးတွေနဲ့ ကြီးမြတ်သူယွီချင်းကို ဂရုမစိုက်သလိုနဲ့ လှမ်းကြည့်လိုက်ပြီး သူမရဲ့အသံထဲမှာလည်း ရင်နာသွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတော့တယ်။
"နင် အစ်ကိုလော့ရှန်းကို လုံးဝမကြိုက်ပါဘဲနဲ့ နင့်အတွက် အဆင့်ရှစ် ထင်းရှောက်ပန်းကို သွားခူးခိုင်းဖို့ လျှို့ဝှက်နယ်မြေထဲကို ဘာဖြစ်လို့ သူ့ကို သွားခိုင်းခဲ့တာလဲ"
"ကြီးမြတ်သူချင်းရွှီက ထင်းရှောက်ပန်းကို လိုအပ်တာလေ။ နင်က ဘာဖြစ်လို့ အစ်ကိုလော့ရှန်းကို သွားလုပ်ခိုင်းရတာလဲ"
သူမက အံ့ကိုကြိတ်လိုက်ပြီး စကားတစ်လုံးချင်းဆီ ပြောလိုက်တယ်။
"ထင်းရှောက်ပန်းကိုရလာဖို့ သူ့မှာ ဒဏ်ရာတွေ ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါးရခဲ့မယ်ဆိုတာ နင် သိရဲ့လား"
"သူက ဝိညာဥ်သားရဲကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့ပြီး သူရဲ့စွမ်းအင်ဗဟိုချက်တွေကလည်း အခုအထိပြန်တောင် မကောင်းလာသေးဘူး။ ဒါပေမဲ့ နင်ကတော့ သူ့ကိုလှည့်တောင် မကြည့်ခဲ့ဖူးလေ"
တကယ်လို့ ယွီချင်းကသာ အစ်ကိုလော့ရှန်းကို တကယ်ကြိုက်နှစ်သက်တယ်ဆိုရင် သူမကအားကျပြီး မနာလိုဖြစ်နေမယ်ဆိုရင်တောင်မှ သူတို့တွေကိုလာပြီး နှောင့်ယှက်မှာ မဟုတ်ဘူးလေ။
ဒါပေမဲ့ ယွီချင်းကတော့ အစ်ကိုလော့ရှန်းရဲ့ အချစ်မေတ္တာတွေကို ဒီလိုပုံစံနဲ့ အခွင့်ကောင်းယူဖို့ မသင့်ဘူးပေါ့။
သူမက မဟာယနကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်ရှိပြီး ကြီးမြတ်သူတစ်ယောက်လို့ ဘွဲ့တံဆိပ်ခံယူထားပေးမဲ့ ဒါက တကယ်တမ်းကျတော့ သူမရဲ့မိဘတွေက သူတို့မသေဆုံးခင် သူမရဲ့ခန္ဓာကိုယ်ထဲကို သူတို့ရဲ့ဝိညာဥ်စွမ်းအားတွေ လွှဲပြောင်းပေးခဲ့လို့လေ။ တကယ်တမ်းကျတော့ သူမရဲ့ကျင့်ကြံခြင်းအဆင့်က ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်လောက်ပဲ ယှဥ်နိုင်တာ။
အစ်ကိုလော့ရှန်းကသာ သူမကို မကယ်တင်ပေးခဲ့ဘူးဆိုရင် သူမလည်း အဲဒီယုတ်မာတဲ့ အဖွဲ့အစည်းရဲ့ ဝိညာဥ်စွမ်းအင်တွေ စုပ်ယူတာကို ခံရလိမ့်မယ်။
အဲဒီအချိန်ကစပြီး သူမကသူ့အပေါ် ရူးရူးမူးမူး ချစ်မြတ်နိုးမိခဲ့တာပဲ။ ဒါပေမဲ့ ...
သူမရဲ့ အစ်ကိုလော့ရှန်းရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေ အများကြီးကို စဥ်းစားမိလိုက်တဲ့အချိန်မှာ သူမရဲ့မျက်လုံးပေါ်က ဒေါသအပြည့်ဖြစ်သွားတော့တယ်။
ယွီချင်းရဲ့မျက်လုံးတွေက နှစ်လိုဖွယ်ဖြစ်ပြီး ချစ်ခင်ကြင်နာမှုတွေ အပြည့်ပါပဲ။ သူမက မျက်လုံးထဲမှာ ဘာမှမတတ်နိုင်တဲ့ အရိပ်အယောင်တစ်ခုနဲ့ ဒေါသထွက်နေတဲ့ လင်ရှန်းရန်ကို ကြည့်လိုက်တယ်။
"နင်က ယွီလော့ရှန်းနဲ့ ပတ်သက်ပြီး တကယ်တည်း ဘာကို သဘောကျနေတာလဲ၊ ငါက... သူ့ကို ပြောင်းလဲပေးဖို့ မေးလို့ရပါ့မလား"
"နင်က သူ့ရဲ့သိမ့်မွေမှုနဲ့ ယဥ်ကျေးမှုတွေကို သဘောကျတယ်လို့ တစ်ခါက ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ သူက မျက်နှာသေကြီးနဲ့ ဖြစ်လာပြီး စကားလည်း မပြောတော့ဘူးလေ။ ဒါနဲ့များ နင်က သူ့ကိုဘာလို့ ကြိုက်နေသေးတာလဲ"
သူမရဲ့လေသံထဲမှာ သူမက ယွီလော့ရှန်းကို လုံးဝဂရုမစိုက်တဲ့လေသံ ကြားလိုက်ရပြီး သူမက သူ့ကို အရာဝတ္ထုပစ္စည်းတစ်ခုလို့ ကစားနေတာကို တွေ့လိုက်ရတဲ့အခါ လင်ရှန်းရန်က သူမရဲ့မျက်လုံးထဲက မျက်ရည်တွေကို ထိန်းချုပ်မရနိုင်အောင် ဖြစ်သွားတော့တယ်။ သူမက မျက်ရည်တွေကို သုတ်ပြီးလိုက်ပြီး မာမာထန်ထန်နဲ့ ပြောလိုက်တော့တယ်။
"ငါ အမုန်းဆုံးက နင် အစ်ကိုလော့ရှန်းကို ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံလုပ်နေတာကိုပဲ။ ဒါပေမဲ့ နင်က နင့်အတွက် သူ့အလုပ်ကြိုးစားပေတာကိုတော့ လိုချင်နေသေးတယ်လေ"
"ငါက နင်နဲ့ ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ငါ သိပါတယ်"
လင်ရှန်းရန်ရဲ့မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှုအပြည့် ဖြစ်သွားပြီး ဝိညာဥ်စွမ်းအင်တွေကလည်း သူမရဲ့လက်ထဲမှာ စုစည်းထားလိုက်တယ်။
"ဒါပေမဲ့ နင် အစ်ကိုလော့ရှန်းကို ဒီလိုထိခိုက်နာကျင်အောင် ဆက်လုပ်နေတာကို ငါ လုံးဝရပ်ကြည့်နေနိုင်မှာ မဟုတ်တော့ဘူး"
ဒါကို မြင်လိုက်တဲ့အခါ ယွီချင်းရဲ့မျက်လုံးတွေထဲမှာ ကူကယ်ရာမဲ့တဲ့ ခံစားချက်တွေဖြစ်သွားတယ်။
"နင်လေ ဒီအချိန်တွေကို သုံးပြီး ကြိုးကြိုးစားစား လေ့ကျင့်လိုက်ပါတော့လား"
"နင် ဘာပဲလုပ်လုပ်ပါ၊ နင့်ရဲ့အစ်ကိုလော့ရှန်းက နင့်ကို ပြန်တောင်ကြည့်မှာ မဟုတ်ဘူး..."
သူမရဲ့စကားမဆုံးသေးခင်မှာဘဲ လင်ရှန်းရန်က သူမရဲ့လက်ကို ဝေ့ယမ်းလိုက်ပြီး တရစပ် တိုက်ခိုက်တော့တယ်။
ယွီချင်းက ဘာမှမတတ်နိုင်တဲ့ရုပ် ဖြစ်သွားပြီး လင်ရှန်းရန်ရဲ့ တိုက်ကွက်ပိတ်ဆို့ဖို့ သူမရဲ့လက်ကို ဆန့်လိုက်တယ်။ သူ့တို့နှစ်ယောက်က ချက်ချင်းဆိုသလို စတင်တိုက်ခိုက်ကြတော့တယ်။
လင်ရှန်းရန်က ရှေ့ကိုတလှမ်းပြီးတလှမ်း ဖိတိုက်နေပေမဲ့လည်း ယွီချင်းကတော့ အငယ်တစ်ယောက်ကို တိုက်ခိုက်နေရသလို ဟန်အမူအရာနဲ့ပါပဲ။ သူမရဲ့တိုက်ကွက်တွေထဲမှာ ဝိညာဥ်စွမ်းအင် အများကြီး မသုံးထားတဲ့အပြင် ဒီတိုက်ကွက်ထဲမှာ ဘာမှမတတ်နိုင်တဲ့ အလိုလိုက်ချစ်မြတ်နိုးတဲ့ ခံစားချက်တွေ ပြည့်နေတယ်။
စူးလီက သူတို့အချိန်အကြာကြီး တိုက်ခိုက်နေတာကို စောင့်ကြည့်လိုက်ပြီးတဲ့နောက် ပျင်းရိငြီးငွေ့လာသလို ဖြစ်လာတာနဲ့ ကောင်းကင်စာအုပ်ကို ဖွင့်လိုက်တော့တယ်။
[ဒီသုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းက တော်တော်လေး ကောင်းတာပဲ~~]
[ကျွတ်ကျွတ် ယွီလော့ရှန်းက ယွီချင်းကို ကြိုက်တယ်။ ယွီရှန်းရန်က ယွီလော့ရှန်းကိုကြိုက်တယ်။ ယွီချင်းက ~~]
[ဟမ်]
[တစ်ခုခုတော့ လွဲနေတဲ့ပုံပဲ]
စူးလီက ခေါင်းမော့လိုက်ပြီး တိုက်ခိုက်နေကြတဲ့ လူနှစ်ယောက်ကို လှမ်းကြည့်လိုက်တယ်။ သူမရဲ့အသံထဲမှာလည်း မကြားရတာကြာပြီဖြစ်တဲ့ ထိတ်လန့်တဲ့အရိပ်အယောင်တစ်ခု သယ်ဆောင်ထားတယ်။
[ယွီလော့ရှန်းက လွန်ခဲ့တဲ့နှစ်ပေါင်းရှစ်ရာတုန်း ယွီချင်းဖန်တီးထားတဲ့ ကိုယ်ပွားတစ်ခု ဖြစ်နေတာကိုး]
[ဒီတော့ ဒီနှစ်ပေါင်း၇၀၀ကြာမြင့်တဲ့ ချစ်ခြင်းတရားက ကိုယ်ကပဲ ကိုယ်ကိုယ်တိုင်ကို ပြန်ပြီးလိုက်နေတာပေါ့လေ]
[လင်ရှန်းရန် သူ့ကို တိုက်ခိုက်နေတာ ရပ်လိုက်ပါတော့၊ နင်က နင်ရဲ့ချစ်သူလုဖက်ကို တိုက်ခိုက်နေတာ မဟုတ်ဘဲနဲ့ နင့်ရဲ့ကြိတ်ချစ်နေရတဲ့ ခွက်ရှ်ကို~~]
…