← Chapters

အခန်း ၄၂၁

Vol. 43 Ch. 421

အခန်း ၄၂၁

Vol. 43 Ch. 421

အခန်း (၄၂၁) ဗဟိုချက်မျိုးစုံပါသော လေဆင်နှာမောင်းများ

ကုန်တင်လေယာဉ်၏ နောက်ဘက်တွင် ကပ်လိုက်လာသော အခြားလေယာဉ်မှူးတစ်ဦးမှာ ရှီရွှမ်း ၏ အကြံအစည်ကို ရိပ်မိသွားပြီး ထိတ်လန့်တကြား အော်ပြောလိုက်လေသည်။

"ဆရာ... အဲဒီကုန်တင်လေယာဉ်က လေဆင်နှာမောင်းတွေထဲကို တန်းတန်းမတ်မတ်ကြီး ဝင်သွားပြီ ဗျ…"

လေယာဉ်မှူး၏ နောက်တွင် ထိုင်နေသော ရွှီရူဟန် သည် အခြေအနေကို အကဲခတ်ကြည့်လိုက်လေ သည်။ ခဏတာ အကဲဖြတ်ပြီးနောက် သူက အေးအေးဆေးဆေးပင် အမိန့်ပေးလိုက်လေသည်။

"သူတို့နောက်က လိုက်…"

လေယာဉ်မှူးသည် စက္ကန့်ပိုင်းမျှ တွန့်ဆုတ်သွားသော်လည်း အခြားလေယာဉ်များထံသို့ ထိုအမိန့်ကို ပြန် လည် ထုတ်ပြန်ပေးလိုက်ရလေသည်။

"မျဉ်းဖြောင့်ပုံစံ တန်းစီပြီး လေဆင်နှာမောင်းထဲဝင်ဖို့ ပြင်ထားကြ… တစ်စီးနဲ့တစ်စီး တတ်နိုင်သမျှ ကပ် လိုက်ကြ…."

ထို့နောက် လေယာဉ်မှူးသည် ကုန်တင်လေယာဉ်ကို အမီလိုက်ရန် အရှိန်မြှင့်လိုက်တော့သည်။ သူတို့၏ လှုပ်ရှားမှုကို ကြည့်ရင်း ရှီရွှမ်းက တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"ဒီကောင်တွေ တော်တော်သတ္တိရှိတာပဲ… ငါတို့နောက်ကို လိုက်ပြီး လေဆင်နှာမောင်းထဲအထိ တကယ် ဝင်ရဲတယ်ပေါ့လေ…"

လုံယု က ခြေရာခံစက်ကို တစ်ချက်ကြည့်လိုက်ရာ အခြားလေယာဉ်များမှာ တန်းစီလျက် လိုက်ပါလာ သည်ကို မြင်လိုက်ရလေသည်။ သူက စက်မှ အကြည့်ကို လွှဲလိုက်ပြီး အတည်ငြိမ်ဆုံး အသံဖြင့် ပြော လိုက်လေသည်။

"သူတို့မှာ ရွေးချယ်စရာ မရှိဘူးလေ…. ငါတို့နောက်ကို လိုက်မလား၊ ဒါမှမဟုတ် ဒီနေရာမှာပဲ အသေခံမ လားပဲ ရှိတယ်…"

စက္ကန့်နှစ်ဆယ် ကြာပြီးနောက် ရှီရွှမ်းက ကြေညာလိုက်လေသည်။

"အခု ငါတို့ထဲကို ဝင်တော့မယ်…"

ထို့နောက် သူသည် စိတ်ကို တည်ငြိမ်အောင်ထားကာ ကုန်တင်လေယာဉ်ကြီးကို ဗဟိုချက်မျိုးစုံပါသော လေဆင်နှာမောင်းကြီးများဆီသို့ ဦးတည်မောင်းနှင်ဝင်ရောက်လိုက်လေတော့သည်။

လေဆင်နှာမောင်းထဲသို့ ဝင်လိုက်သည်နှင့် လေဖိအား သိသိသာသာ ပြောင်းလဲသွားမှုကို ယောင်ရန် ခံစားလိုက်ရပေသည်။ လေပြင်းများ၏ ဟိန်းဟောက်သံမှာ တစ္ဆေတစ်ကောင် အော်ငြီးနေသကဲ့သို့ပင်။ မြင်ကွင်းမှာ လုံးဝကွယ်အမှောင်ဖုံးသွားပြီး လေထဲတွင် ဝဲပျံနေသော အပျက်အစီးများက လေယာဉ်ကို မနားတမ်း ရိုက်ခတ်နေလျက်ရှိသဖြင့် လေယာဉ်ကို တည်ငြိမ်အောင် ထိန်းသိမ်းရန်မှာ မဖြစ်နိုင်သ လောက်ပင် ခက်ခဲလှပေတော့သည်။

ရှီရွှမ်းနှင့် လုံယုတို့၏ ကျွမ်းကျင်မှုနှင့် အပေးအယူမျှတမှုကြောင့်သာ လေယာဉ်ကြီးကို ခက်ခက်ခဲခဲ ထိန်း ကျောင်းကာ ဧရာမလေဆင်နှာမောင်းကြီးများကြားမှ ဖြတ်ကျော် ပျံသန်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

သူတို့နောက်မှ လိုက်လာသော အခြားလေယာဉ်များမှာမူ များစွာ ရုန်းကန်နေရကြပေတော့သည်။ အချို့ လေယာဉ်များမှာ ပြင်းထန်သော လေဝဲများအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရပြီး အချို့မှာမူ လေပြင်းနှင့် အတူ ပါလာသော အပျက်အစီးများကြောင့် ပျက်စီးသွားခဲ့ကြလေသည်။ အချို့မှာလည်း ကောင်းကင်မှ ကျလာသော ဥက္ကာခဲများ ထိမှန်ကာ စက်ချို့ယွင်းမှုများ ဖြစ်ကုန်ကြတော့သည်။

လေဆင်နှာမောင်းများထဲမှ ပြန်လည် လွတ်မြောက်လာချိန်တွင်မူ နောက်ကလိုက်လာသော လေယာဉ် များ၏ ထက်ဝက်ကျော်မှာ ပျက်စီးဆုံးရှုံးသွားခဲ့ကြပြီ ဖြစ်လေသည်။

မေးစေ့မှ စီးကျလာသော ချွေးစေးများကို အင်္ကျီလက်ဖြင့် သုတ်ရင်း ရှီရွှမ်းက သက်ပြင်းချကာ ပြော လိုက်လေသည်။

"ဘုရားရေ... တကယ့်ကို ကြောက်စရာကောင်းလိုက်တာ …"

လုံယုကလည်း သက်ပြင်းကို အရှည်ကြီး မှုတ်ထုတ်လိုက်ပြီး ခေါင်းညိတ် ထောက်ခံလိုက်လေသည်။

"ဟုတ်တယ်…"

သူတို့နောက်တွင် ထိုင်နေသော ယောင်ရန်က ညကြည့်မှန်ပြောင်းကို ထုတ်ယူကာ အပြင်ဘက်မြင်ကွင်း ကို အကဲခတ်လိုက်လေသည်။

အဝေးတစ်နေရာတွင် လေဆင်နှာမောင်းများမှာ ပိုမိုပြင်းထန်လာသည်ကို သတိပြုမိသဖြင့် သူမက သတိပေးလိုက်လေသည်။

"ဗဟိုချက်မျိုးစုံပါတဲ့ လေဆင်နှာမောင်းတွေက ပိုအားကောင်းလာပြီ… ငါတို့ သူတို့နဲ့ ဝေးဝေးနေသင့် တယ်…"

အသစ်ထွက်ပေါ်လာသော ငါးခုမြောက် လေဆင်နှာမောင်းကို ရှီရွှမ်း တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြော လိုက်လေသည်။

"နားလည်ပါပြီ…"

ထို့နောက် သူသည် လေလှိုင်းတုန်ခါမှုများကို အံတုကာ ကျဆင်းနေသော ဥက္ကာခဲများကို ရှောင်ကွင်းပြီး လေယာဉ်ကို ဆက်လက် မောင်းနှင်သွားလိုက်လေသည်။

မိနစ်သုံးဆယ်ခန့် ကြာပြီးနောက်တွင် ဥက္ကာခဲများ မိုးရွာသကဲ့သို့ ကျဆင်းမှုသည် နောက်ဆုံးတွင် ရပ်တန့် သွားခဲ့ပေတော့သည်။ သို့သော်လည်း ဥက္ကာခဲများကြောင့် ပျက်စီးသွားသော ပျက်စီးမှုများမှာ တစ်ကမ္ဘာ လုံးရှိ အသက်ရှင်ကျန်ရစ်သူများအတွက် အပူမီးများအဖြစ် ကျန်ရှိနေလျက်ရှိတော့သည်။

လေကြောင်း ကာကွယ်ရေး လေကြောင်းရန်ခိုလှုံရေးစခန်း ရှိရာ တောင်တန်းကြီးသို့ နီးကပ်လာသောအခါ ရှီရွှမ်းက စပီကာမှ တစ်ဆင့် အသိပေးလိုက်လေသည်။

"ဥက္ကာခဲတွေ ကျတာ ရပ်သွားပါပြီ… နောက်သုံးမိနစ်အတွင်း ငါတို့ ဆင်းသက်တော့မယ်…"

လေယာဉ်အတွင်းပိုင်းရှိ ကုန်တင်ခန်းထဲတွင် လီကျန့် နှင့် အခြားလူများမှာ ထိုအသံကို ကြားလိုက်ရသ ဖြင့် သက်ပြင်းကိုယ်စီ ချနိုင်ကြတော့သည်။ တင်ကျန့်ဖုန်း က မျက်နှာပေါ်မှ ချွေးစေးများကို သုတ်ရင်း ပြောလိုက်လေသည်။

"ကောင်းသားပဲ… အစ်ကိုရှီရွှမ်းက အရင်လိုပဲ ကျွမ်းကျင်နေတုန်းပဲ… မဟုတ်ရင်တော့ ဒီနေ့ ငါတို့အားလုံး ယမမင်းဆီမှာ အစီရင်ခံနေရပြီ…"

ကျန်သောသူများကလည်း ခေါင်းညိတ် ထောက်ခံလိုက်ကြလေသည်။ အသက်ဘေးမှ လွတ်မြောက်လာ ပြီးနောက် သူတို့၏ အကြည့်များမှာ အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံများ ဝတ်ဆင်ထားသည့် အမျိုးသား နှစ်ဦးထံသို့ ရောက်ရှိသွားခဲ့ကြလေသည်။ ထိုသူတို့၏ ခန့်ညားသော ဝတ်စုံနှင့် ကိရိယာများကို ကြည့်ကာ သူတို့၏ မျက်လုံးများမှာ အရောင်တောက်နေခဲ့ကြလေတော့သည်။

ဘေးကလူများ၏ စူးစမ်းသော အကြည့်ကို သတိပြုမိသဖြင့် ထိုအမျိုးသားနှစ်ဦး အကြည့်ချင်း ဖလှယ် လိုက်ကြပြီးနောက် တစ်ဦးက မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ…"

တင်ကျန့်ဖုန်းက သူတို့၏ တိုက်ပွဲဝင်ဝတ်စုံများကို လက်ညှိုးထိုးပြကာ မေးလိုက်လေသည်။

"ညီအစ်ကိုတို့... အဲဒီဝတ်စုံတွေက တော်တော်လေး ဈေးကြီးမှာပဲနော်…."

ပထမအမျိုးသားက ခဏစဉ်းစားပြီး ပြန်ဖြေလိုက်လေသည်။

"ဈေးနှုန်းကိုတော့ ကျွန်တော် မသိဘူး…"

ထိုသူတို့က ထပ်မံရှင်းပြလိုစိတ် မရှိသည်ကို တွေ့ရသဖြင့် တင်ကျန့်ဖုန်းလည်း ပုခုံးတွန့်ကာ သူ၏ သူငယ်ချင်းများနှင့်သာ စကားပြန်ပြောနေလိုက်လေတော့သည်။

ထိုအတောအတွင်း ရှီရွှမ်းမှာ အရေးပေါ် ဆင်းသက်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ လုံယု၏ ကူညီမှုဖြင့် သူတို့သည် တောင်ခြေတွင် လေယာဉ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပေတော့သည်။

အင်ဂျင်ကို ပိတ်လိုက်ပြီးနောက် ရှီရွှမ်းက ကြေညာလိုက်လေသည်။

"ငါတို့ ဆင်းသက်နိုင်ပါပြီ… အားလုံး လေယာဉ်ပေါ်က ဆင်းလို့ရပါပြီ…."

ထိုအသံကို ကြားသည်နှင့် ကုန်တင်ခန်းထဲမှ လူများမှာ ထိုင်ခုံခါးပတ်များကို ဖြုတ်ကာ ကျောပိုးအိတ်နှင့် လက်နက်များကို ဆွဲယူပြီး အပြင်သို့ ထွက်ရန် တန်းစီလိုက်ကြလေသည်။

မကြာမီတွင် တံခါးပွင့်သွားပြီး သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် ဆင်းလာခဲ့ကြလေသည်။

လီကျန့် မြေပြင်ပေါ်သို့ ခြေချလိုက်စဉ်မှာပင် အမိန့်ပေးသံတစ်သံကို ကြားလိုက်ရလေသည်။

"အဲဒီမှာတင်ရပ်… နောက်တစ်လှမ်း ထပ်လှမ်းရင် မင်းခေါင်းကို ကျည်ဆံနဲ့ ဖောက်လိုက်မယ်…"

လီကျန့်သည် ထိုအသံကို မှတ်မိသဖြင့် မော့ကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာတစ်ခုကို မြင်လိုက်ရ လေသည်။ လေယာဉ်မှ ထွက်ပေါ်လာသော အလင်းရောင်အောက်တွင် ကျားရှန်း ၏ မျက်နှာကို မြင် လိုက်ရခြင်း ဖြစ်ပေသည်။

သူက ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို အရှုံးပေးသည့်ဟန်ဖြင့် မြှောက်ပြကာ မေးလိုက်လေသည်။

"ညီမလေး... နေကောင်းလား…"

လီကျန့်မှန်း ကျားရှန်း သိသွားသောအခါ သူမ၏ မျက်လုံးများမှာ မယုံနိုင်လောက်အောင် ဝိုင်းစက်သွား လေသည်။ သူမ ဘာမှ ပြန်မပြောနိုင်ခင်မှာပင် တင်ကျန့်ဖုန်းနှင့် ကျန်သောသူများ လေယာဉ်ပေါ်မှ အသီးသီး ဆင်းလာခဲ့ကြလေသည်။

သူမ၏ ရဲဘော်ရဲဘက်များ အသက်ရှင်လျက်ရှိနေသည်ကို မြင်သောအခါ ကျားရှန်းသည် သူတို့ထံ ပြေး သွားပြီး လီကျန့်နှင့် တင်ကျန့်ဖုန်းကို ဖက်လိုက်သည်။ ထိုအမျိုးသားနှစ်ဦးမှာလည်း ပြုံးရွှင်စွာဖြင့် သူမ၏ ကျောကို ပုတ်ပေးလိုက်ကြလေသည်။

အနီးအနားတွင် ရပ်နေသော လီထျန်းယု ကလည်း သူ၏ သေနတ်ကို အောက်ချလိုက်ပြီး အခြားသူများ ကို လှမ်းပြောလိုက်လေသည်။

"ရပါတယ်…. သူတို့က ငါတို့သူငယ်ချင်းတွေပဲ…"

ကျားရှန်းသည် လီကျန့်နှင့် တင်ကျန့်ဖုန်းကို လွှတ်လိုက်ပြီး ကျန်သောလူများဘက်သို့ လှည့်ကာ ပြုံး လျက် မေးလိုက်လေသည်။

"နင်တို့အားလုံး ခေါင်းဆောင်နဲ့အတူ လာကြတာလား…"

မာဘန်ရွှမ် က ခေါင်းညိတ်ပြပြီး ဖြေလိုက်လေသည်။

"ဟုတ်တယ်လေ…"

ကွမ်းဟောက်ထျန်း က ပြုံးစိစိဖြင့် ခံစားချက်ပါပါ ပြောလိုက်သည်။

"ကျားရှန်း... ငါတို့ ဒီကို ရောက်ဖို့ ဘယ်လောက်တောင် ရုန်းကန်ခဲ့ရလဲဆိုတာ နင်ယုံမှာတောင် မဟုတ် ဘူး… ငါတော့ ယမမင်းဆီမှာ အစီရင်ခံရတော့မယ်လို့တောင် ထင်နေမိတာ…"

ကျားရှန်းက သူ၏ ပုခုံးကို ပုတ်ကာ ရယ်မောရင်း ပြန်နောက်လိုက်လေသည်။

"မပူပါနဲ့... နင်က အရမ်းနားညီးလွန်းလို့ ယမမင်းကတောင် နင့်ကို လက်ခံမှာ မဟုတ်ပါဘူး…"

သူတို့ နောက်ပြောင်နေကြစဉ် လုံယု၊ ရှီရွှမ်းနှင့် ယောင်ရန်တို့သည် ကုန်တင်လေယာဉ်ပေါ်မှ ဆင်းလာ ခဲ့ကြလေသည်။

အခြားလေယာဉ်များလည်း ဘေးကင်းစွာ ဆင်းသက်နိုင်သည်ကို တွေ့ရသဖြင့် ယောင်ရန်က သူမ၏ စေ့စပ်ထားသူကို လှည့်ကြည့်ကာ မေးလိုက်လေသည်။

"အာယု ... ဒီလူတွေကို ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ…"

လုံယုက ခဏစဉ်းစားပြီးမှ ပြန်ဖြေလိုက်လေသည်။

"သူတို့တွေ လေယာဉ်မောင်းနိုင်တယ်ဆိုတော့ ရွှီ၊ မု နဲ့ ဝူ မိသားစုတွေထဲက ဖြစ်မှာပါ… မင်းနဲ့ သိတဲ့ လူတွေပဲဆိုတော့ မင်းပဲ ဆုံးဖြတ်လိုက်ပါ…"

ယောင်ရန်က သူ့ကို ပြုံးလျက်ကြည့်ကာ ပြောလိုက်လေသည်။

"ကျေးဇူးပဲနော်…"

စကားခဏပြောပြီးနောက် သူတို့နှစ်ဦးသည် ကျားရှန်းနှင့် အခြားလူများရှိရာသို့ လျှောက်သွားခဲ့ကြလေ သည်။ ကျားရှန်းက ယောင်ရန်နှင့် လုံယုကို နွေးထွေးစွာ ပွေ့ဖက်လိုက်လေသည်။

သူမက ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။

"အိမ်ပြန်လာတာကို ကြိုဆိုပါတယ် ယောင်ရန်၊ ခေါင်းဆောင်… ငါတို့ နင်တို့ကို အရမ်းလွမ်းနေတာ…"

ယောင်ရန်ကလည်း ပြန်လည်၍ ဖက်လဲတကင်းဖြင့် နှုတ်ဆက်လိုက်လေတော့သည်။

"ငါလည်း နင်တို့အားလုံးကို လွမ်းနေတာပါ…."

All Chapters