အခန်း ၄၂၃
Vol. 43 Ch. 423
အခန်း (၄၂၃) အလုပ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်
ဟွမ်ကျိဟွေး က ခေါင်းညိတ်လိုက်ပြီး ဝင်ပြောလိုက်လေသည်။
"အစ်ကို ချန်ဇီကျိန်း တို့အဖွဲ့ကလည်း ခြံစည်းရိုးကိစ္စကို ကြိုးကြိုးစားစား လုပ်နေကြတယ်… အစ်ကို ဟယ် နဲ့ အစ်ကိုလီ တို့က အခြေခံစည်းမျဉ်းအချို့ကို သတ်မှတ်လိုက်တဲ့အတွက် အခုဆိုရင် ငါတို့မှာ စည်းမျဉ်းစည်းကမ်းတွေ ရှိနေပြီလေ…"
ယောင်ရန်သည် ထိုတိုးတက်မှုတွေကို မြင်ပြီး အထင်ကြီးသွားမိလေသည်။ သုံးလပင် မပြည့်သေးသည့် အချိန်တိုအတွင်းမှာပဲ ထိုပြောင်းလဲမှုနှင့် တိုးတက်မှုများသည် သူမ ထင်ထားသည်ထက်ပင် ကျော်လွန် နေခဲ့ပေတော့သည်။
ရေသိုလှောင်ခန်းသို့ ရောက်ရှိလာသောအခါ ယောင်ရန်သည် ရေကန်ရေများ ထည့်ထားသည့် ကန်များ ကို စစ်ဆေးလိုက်လေသည်။ နောက်ဆုံးကန်ထဲ၌ ရေအနည်းငယ်သာ ကျန်တော့သည်ကို သတိပြုမိသွား ပြီး သူမက ပြောလိုက်လေသည်။
"ဒီရေကန်တွေကို ငါ နောက်မှ ပြန်ဖြည့်ပေးမယ်…"
ဟွမ်ကျိဟွေးနဲ့ တန်ချီချီ တို့က ခေါင်းညိတ်လိုက်ကြပြီး သူတို့သုံးယောက်သည် ရေသွင်းစိုက်ပျိုးသော အခန်းမျာနှင့် ဖန်လုံအိမ်များကို ဆက်လက်စစ်ဆေးလိုက်ကြလေသည်။ ကင်းလှည့်စစ်ဆေးမှု ပြီးဆုံး သွားသောအခါ ယောင်ရန်သည် သူတို့၏ လုပ်ဆောင်ချက်များအပေါ် ကျေနပ်အားရသွားခဲ့လေသည်။
သူမက ထိုမိန်းကလေးနှစ်ဦးကို ပြုံးကြည့်ရင်း ချီးကျူးလိုက်လေသည်။
"ပင်ပန်းသွားကြပြီနော်… နင်တို့နှစ်ယောက်လုံး ကြိုးစားခဲ့ကြသလို နင်တို့ရဲ့ စွမ်းရည်တွေလည်း အများ ကြီး တိုးတက်လာတာကို ငါမြင်ရတယ်…"
ဟွမ်ကျိဟွေးက သက်ပြင်းတစ်ချက်ချရင်း ညည်းတွားလိုက်လေသည်။
"အဖွဲ့ထဲကို လူတွေ အများကြီး ထပ်တိုးလာတော့ ငါ ပျင်းဖို့တောင် အချိန်မရှိတော့ဘူး… ရေစွမ်းအားရှင် တွေကလည်း နည်းတော့ နေ့စဉ် ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးရတာ တကယ့်ကို စိန်ခေါ်မှုကြီးပဲ…"
သူမ၏ မျက်နှာပေါ်မှ ပင်ပန်းနွမ်းနယ်နေတဲ့ အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် ယောင်ရန်က ပြော လိုက်လေသည်။
"နင် နှစ်ရက်လောက် နားသင့်တယ်… အခုလောလောဆယ် နင်နားနေတုန်း ရေသိုလှောင်ခန်းကို ငါပဲ တာဝန်ယူပေးထားလိုက်မယ်…."
ဟွမ်ကျိဟွေးဟာ ထိုစကားကို ကြားလိုက်ရသောအခါမျက်နှာလေး ဝင်းပသွားပြီး စိတ်လှုပ်ရှားစွာနှင့် မေးလိုက်လေသည်။
"တကယ်လား…"
ယောင်ရန်က ခေါင်းညိတ်ပြပြီး အတည်ပြုပေးလိုက်လေသည်။
"အင်း... တကယ်ပေါ့…"
"ဟေး... ဝမ်းသာလိုက်တာ…. ဒါဆိုရင် မနက်ဖြန် မွန်းတည့်ချိန်အထိ ငါ အိပ်ပစ်လိုက်မယ်ကွ…"
ဟွမ်ကျိဟွေးက ဝမ်းသာအားရ အော်ဟစ်လိုက်ပါတော့လေသည်
သူမ ပျော်နေသည်ကို ကြည့်ပြီး တန်ချီချီကတော့ ခေါင်းကိုသာ ခါယမ်းနိုင်လေတော့သည်။ သူမက မတတ်သည့်လေသံနှင့် မေးလိုက်လေသည်။
"နင် အဲဒီလောက်ကြီး အိပ်နေရင် ဗိုက်မဆာဘူးလား…."
ဟွမ်ကျိဟွေးက ဂုဏ်ယူစွာနဲ့ ရယ်မောရင်း ပြန်ဖြေလိုက်လေသည်။
"နည်းနည်းလောက် ပိုအိပ်ရမယ်ဆိုရင် နည်းနည်းလောက် လျှော့စားရတာကို ငါ ဂရုမစိုက်ပါဘူး…."
သူမ၏ အဖြေကို ကြားသောအခါ တန်ချီချီလည်း ရယ်သာ ရယ်နေနိုင်လေတော့သည်။
ဂိုဒေါင်တွေအားလည်း စစ်ဆေးချင်နေသေးခြင်းကြောင့် ယောင်ရန်က ပြောလိုက်လေသည်။
"ငါ အရင်ဆုံး ဂိုဒေါင်တွေကို သွားစစ်လိုက်ဦးမယ်…. နင်တို့လည်း နင်တို့အလုပ်တွေ သွားလုပ်ကြတော့ လေ…."
"ဟုတ်ကဲ့ပါ မမယောင်ရန်…"
တန်ချီချီနှင့် ဟွမ်ကျိဟွေးတို့က ပြန်ဖြေလိုက်ကြလေသည်။
သူတို့ထွက်သွားပြီးနောက် ယောင်ရန်သည်လည်း ဂိုဒေါင်များရှိရာ ဆီသို့ လျှောက်လာခဲ့လေတော့သည်။ လေကြောင်းရန်ခိုလှုံရေးစခန်း၏ ဤအပိုင်းတွင်တော့ အဓိက အဖွဲ့ဝင်များသာ ဝင်ခွင့်ရှိသောကြောင့် ထိုအချိန်၌ မည်သူမှ ရှိမနေခဲ့ပေ။
ယောင်ရန်သည် ပထမဆုံး ဂိုဒေါင်သို့သွားလိုက်ပြီး တံခါးဖွင့်လိုက်လေသည်။ မီးဖွင့်လိုက်သည့်အခါ ဂိုဒေါင်၏ တစ်ဝက်လောက်မှာ ရိက္ခာများနှင့် ပြည့်နှက်လျက်ရှိသည်ကို တွေ့လိုက်ရလေသည်။
သေချာကြည့်လိုက်သောအခါ ထိုပစ္စည်းများသည် သူမက ဟွမ်ချန် တို့အတွက် ချန်ထားခဲ့သော ပစ္စည်း များ မဟုတ်ဘဲ အပြင်မှ ရှာဖွေတွေ့ရှိလာခဲ့သော ပစ္စည်းများဖြစ်မှန်း သိလိုက်ရလေသည်။
ပထမဂိုဒေါင်ကို စစ်ဆေးပြီးနောက် ယောင်ရန်သည် ဒုတိယဂိုဒေါင်သို့ ဆက်သွားလိုက်လေသည် ။
တစ်ခုချင်းစီကို သေချာစစ်ဆေးနေရင်း ထောင့်တစ်နေရာရှိ လွတ်နေသော ဂိုဒေါင်တစ်ခုကို သူမ သတိ ပြုမိသွားခဲ့လေသည်။
ထိုလွတ်နေသော ဂိုဒေါင်ထဲ၌ ရပ်နေရင်း သူမ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူမ၏ နေရာလွတ်ထဲမှ ရိက္ခာအမျိုးမျိုးကို ထုတ်ပြီး ဖြည့်ထားလိုက်လေသည်။ အများစုမှာ မျိုးစေ့များနှင့် ဆေးဝါးများပင် ဖြစ်ချေ၏။
ယခုအခါ ရိက္ခာများဖြင့် ပြည့်လျက်ရှိသော ဂိုဒေါင်ကို ကြည့်ပြီး သူမ ကျေနပ်စွာ ပြုံးလိုက်လေသည်။
အလုပ်ပြီးသွားသောအခါ ယောင်ရန်သည် တံခါးကို ပြန်ပိတ်ပြီး အအေးခန်းကို သွားစစ်လိုက်လေသည် ။ သန္ဓေပြောင်း သတ္တဝါအသား ကီလိုဂရမ် အနည်းငယ်သာ ကျန်တော့သည်ကို မြင်လိုက်ရသဖြင့် သူမ၏ နေရာလွတ်ထဲတွင် သိမ်းဆည်းထားသော အသားများကို မြန်မြန်ဆန်ဆန်ပင် ထပ်မံဖြည့်ပေးလိုက် လေသည်။
အသားများ ဖြည့်ပြီးတဲ့နောက် သူမ၏ နေရာလွတ်ထဲရှိ ဂိုဒေါင်ကို ပြန်စစ်ကြည့်လိုက်သောအခါ အသား များ၊ ဟင်းသီးဟင်းရွက်များနှင့် ဆန်စပါးများ အများကြီး ကျန်နေသေးသည်ကို တွေ့လိုက်ရလေသည်။ သူမ၏ နေရာလွတ်ထဲတွင် တိရစ္ဆာန်များနှင့် အပင်များ၏ ကြီးထွားနှုန်းမှာ မြန်ဆန်နေခြင်းကြောင့် ဤအရာများကို အကျိုးရှိရှိ အသုံးချနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာရန်အတွက် လိုအပ်နေကြောင်း သူမ သိနေခဲ့ပေသည် ။
ဂိုဒေါင်များကို စစ်ဆေးပြီးသွားသောအခါ ယောင်ရန်သည် ထိုနေရာမှာ ထွက်လာခဲ့ပြီး နေထိုင်ရာ အဆောင်များရှိရာဘက်သို့ ဦးတည်လိုက်လေသည်။
လမ်းတွင် ရင်းနှီးသော မျက်နှာအချို့နှင့် မရင်းနှီးသော မျက်နှာသစ်များကို မြင်တွေ့ခဲ့ရလေသည်။ ထို လူများသည် သူတို့၏ ခေါင်းဆောင်နှင့် အဖွဲ့သားများ ပြန်ရောက်လာပြီဆိုသော သတင်းကို ကြားထား ပြီးသဖြင့် ယောင်ရန်အား စူးစမ်းလိုစိတ်များဖြင့် ကြည့်နေခဲ့ကြလေသည်။
ထိုသူများ၏ အကြည့်များကို လျစ်လျူရှုရင်း ယောင်ရန်သည် သူမ၏ အိပ်ခန်းတံခါးကို အေးအေးဆေး ဆေးပင် ဖွင့်ဝင်လိုက်လေသည်။ တံခါးပိတ်လိုက်သည့်အချိန်မှာပင် ရေချိုးခန်းထဲမှ ရေကျသံကို ကြား လိုက်ရလေသည်။
သူမ၏ ဆောင်းရာသီ ဝတ်စုံကို ချွတ်လိုက်ရင်း လှမ်းမေးလိုက်လေသည်။
"အာယု... ပြီးရင် ကျွန်မတို့ အတူတူ ထမင်းစားကြမလား…."
ခဏအကြတွင် ရေချိုးခန်းထဲမှ လုံယု ၏ အသံက ထွက်ပေါ်လာခဲ့လေသည် ။
"ကောင်းပြီလေ…"
သူမသည် စားပွဲပေါ်၌ သူမ၏ ဓားရှည်ကို တင်လိုက်သည့်အချိန်မှာကင် လုံယုသည် ရေစိုနေသော ဆံပင် များကို တဘက်ဖြင့် သုတ်ရင်း ရေချိုးခန်းထဲကနေ ထွက်လာခဲ့လေသည်။
"အားချန် တို့က ဒီနေရာကို တိုးတက်အောင် တော်တော်လေး ကောင်းကောင်း လုပ်ထားကြတာပဲ…." ဟု သူက မှတ်ချက်ပေးလိုက်လေသည်။
ယောင်ရန်ကလည်း ထောက်ခံလိုက်လေသည်။
"ဟုတ်တယ်…"
လုံယုက ကုတင်ပေါ်တွင် ထိုင်လျက် ဆံပင်အခြောက်ခံရင်း ပြောလိုက်လေသည်။
"သူတို့ရဲ့ စွမ်းရည်တွေလည်း အများကြီး တိုးတက်လာတာကို ငါ သတိထားမိတယ်…. သူတို့ထဲက အများ စုက အခုဆိုရင် အဆင့် (၃) ကို ရောက်နေလောက်ပြီ…."
ဤသည်ကို ကြားသောအခါ ယောင်ရန်က သူ့အား လှည့်ကြည့်ပြီး မေးလိုက်လေသည်။
"အာယု... ကျွင်းချန် စစ်အခြေစိုက်စခန်းက ကမ္ဘာပျက်ပြီး ဒုတိယနှစ်မှာ စွမ်းရည်အဆင့်တွေကို စစ်ဆေး တဲ့ ကိရိယာကို တီထွင်နေပြီ မဟုတ်ဘူးလား…"
လုံယုက ခေါင်းညိတ်လိုက်လေသည် ။ ယောင်ရန် အတွေးနက်နေလျက်ရှိသည်ကို မြင်သောအခါ သူမ ဘာတွေးနေမှန်း သူ ခန့်မှန်းမိသွားပြီး ရှင်းပြလိုက်လေသည်။
"အရင်ဘဝမှာတုန်းကတော့ ကျွင်းချန် စစ်အခြေစိုက်စခန်းက စွမ်းအားရှင်တွေရဲ့ အဆင့်ကို စစ်ဆေးတဲ့ ကိရိယာကို တီထွင်ခဲ့တာ ဟုတ်ပါတယ်… ဒါပေမဲ့ ရန်ရန်... အဲဒီတုန်းက ဥက္ကာခဲတွေ ကျတာ၊ မီးတောင် ပေါက်ကွဲတာတွေနဲ့ လေဆင်နှာမောင်းတွေ မရှိခဲ့ဘူးလေ…"
ထိုစကားကို ကြားသောအခါ ယောင်ရန်က မေးလိုက်လေသည်။
"ဒါဆို အခု သူတို့ အဲဒီကိရိယာကို ထပ်ပြီး လုပ်နိုင်ဦးမယ်လို့ ရှင် ထင်လား….."
လုံယုက သူမ၏ မေးခွန်းကို စဉ်းစားပြီးမှ ပြန်ဖြေလိုက်လေသည်။
"သူတို့ရဲ့ အဓိက အဖွဲ့ဝင်တွေ ရှိနေသေးပြီး ငါတို့ဘက်က လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ထောက်ပံ့ပေး နိုင်ရင်တော့ သူတို့ လုပ်နိုင်လိမ့်မယ်လို့ ကိုယ်ထင်ပါတယ်… နောက်ဆုံးတော့ ပစ္စည်းကိရိယာတွေထက် နည်းပညာနဲ့ အသိပညာက ပိုပြီး အရေးကြီးတာကိုး…."
"ရှင် ပြောတာ မှန်ပါတယ်လေ…."
ယောင်ရန်က သဘောတူလိုက်လေသည်။
"ကျွန်မ နောက်မှ ဦးလေးရွှီ ကို သွားရှာပြီး ဒီကိစ္စကို ဆွေးနွေးလိုက်ဦးမယ်… သူတို့ သဘောတူမယ်ဆိုရင် ကျွန်မတို့ သေတ္တာတော် ကို တိုက်ခိုက်ဖို့ အခွင့်အလမ်း ပိုရလာလိမ့်မယ်…"
သူမ ပြောပြီးတဲ့နောက် လုံယုက တဘက်ကို ချလိုက်ပြီး ထရပ်လိုက်လေသည်။ သူမအား ရေချိုးခန်းဘက်သို့ လှည့်ပေးလိုက်ရင်း ပြောလိုက်လေသည်။
"အရင်ဆုံး သွားပြီး ရေချိုးလိုက်ဦး… နေ့လယ်စာ စားပြီးမှ ဒါကို အေးအေးဆေးဆေး ဆွေးနွေးကြ တာပေါ့…"
"အင်း... ကောင်းပါပြီရှင်…." ဟု ပြောပြီး ယောင်ရန် ရေချိုးခန်းထဲ ဝင်သွားခဲ့လေသည်။
ရေကျသံကို ကြားလိုက်ရသောအခါ လုံယုဟာ အဝတ်အစား အသစ်လဲလိုက်ပြီး ဟွမ်ချန်တို့ တင်ပြထား သော အစီရင်ခံစာများကို စတင်ဖတ်ရှုနေလေတော့သည်။