အခန်း ၄၂၅
Vol. 43 Ch. 425
အခန်း (၄၂၅) ရွှီချိဖန်၏ အစီအစဉ်
ယောင်ရန် က ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"ဒါက အလောတကြီးတော့ မဟုတ်ပါဘူး… ဦးလေးရွှီ… ဦးလေးတို့အဖွဲ့က စွမ်းအားရှင်တွေရဲ့ အဆင့်ကို တိုင်းတာနိုင်မယ့် ကိရိယာတစ်ခုလောက် လုပ်ပေးနိုင်မလားဆိုတာ သိချင်လို့ပါ…."
စားပွဲရှည်ကြီးမှာ ထိုင်နေသော ရွှီချိဖန် နှင့် အခြားအရာရှိကြီးများသည် ထိုစကားကို ကြားသောအခါ အားလုံး၏ အကြည့်များက သူမဆီကို ရောက်လာကြလေတော့သည်။
သူတို့၏ အမူအရာများကို ကြည့်ပြီး ယောင်ရန်က အဖြေကို ချက်ချင်း ခန့်မှန်းမိသွားခဲ့လေသည်။
*သူတို့ရဲ့ တုံ့ပြန်မှုအရဆိုရင် ဒီကိရိယာကို လျှို့ဝှက်ပြီး တီထွင်နေကြပြီ ဖြစ်မှာပဲ… *
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရွှီချိဖန်က ခပ်တိုးတိုး ရယ်မောရင်း ပြောလိုက်လေသည်။
"မင်းရဲ့ သတင်းကွန်ရက်က တကယ်ကို အထင်ကြီးစရာပဲ… မင်းလည်း သိထားပြီးပြီဆိုတော့ ငါ ဖုံးကွယ် မနေတော့ပါဘူး…"
"ဟုတ်တယ်... ငါတို့ ဒီကိရိယာကို တီထွင်ဖို့ ကြိုးစားနေတာ… ဒါပေမဲ့ ဥက္ကာခဲတွေ ကျလာတာနဲ့ မီးတောင်ပေါက်ကွဲတာတွေကြောင့် ဒီစီမံကိန်းကို ခဏ ရပ်ထားရတယ်…"
ဤသည်ကို ကြားသောအခါ ယောင်ရန်က မေးလိုက်လေသည်။
"ဦးလေးရွှီ... တကယ်လို့ ဦးလေးတို့ဆီမှာ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေနဲ့ ကုန်ကြမ်းတွေ ရှိမယ်ဆိုရင် ဒီစီမံကိန်းကို ဆက်လုပ်လို့ ရနိုင်မလားဟင်…."
သူမ စကားဆုံးသည်နှင့် ယယဲ့ကျွင်းခိုင် က သူမကို ကြည့်လိုက်ပြီး မေးလာခဲ့လေသည်။
"မမလေး... မင်းက ငါတို့ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ကိရိယာတွေကို ထောက်ပံ့ပေးဖို့ စိတ်ကူးနေတာ လား…"
ယောင်ရန်က သူ့အား လှည့်ကြည့်လိုက်သောအခါရွှီရူဟန် က သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးလိုက် လေသည်။
"မမလေးယောင်... ဒါက ရူပဗေဒနဲ့ သိပ္ပံသုတေသနဌာနရဲ့ သိပ္ပံပညာရှင်ချုပ် ယယဲ့ကျွင်းခိုင်ပါ… ပရော်ဖက် ဆာယဲ့... ဒါက ကျွန်တော့်ရဲ့ ညီမလေး ယောင်ရန်ပါ…"
ရွှီရူဟန်က သူမအား "မမလေးယောင်" ဟု ခေါ်နေဆဲ ဖြစ်သော်လည်း "ညီမလေး" ဟု မိတ်ဆက် ပေးလိုက်ခြင်းကြောင့် ယောင်ရန်၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားခဲ့လေသည်။
သူ့အား စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်ပြီးနောက် သူမက ယယဲ့ကျွင်းခိုင်ဘက်သို့ လှည့်ကာ ပြောလိုက် လေသည်။
"ပရော်ဖက်ဆာယဲ့... ဦးလေး လိုအပ်တဲ့ ပစ္စည်းကိရိယာနဲ့ ကုန်ကြမ်းစာရင်းကို ကျွန်မကိုပေးရင် ဒါတွေ ကို ရအောင် ပြင်ဆင်ပေးဖို့ နည်းလမ်း ရှာပေးပါ့မယ်…."
ထိုစကားကို ကြားလိုက်ရသောအခါ ယယဲ့ကျွင်းခိုင်၏ မျက်လုံးများ အရောင်တောက်သွားခဲ့လေသည်။ သူက ယောင်ရန်ကို ခဏမျှ အကဲခတ်လိုက်ပြီးမှ မေးလိုက်လေသည်။
"ဒီပစ္စည်းတွေနဲ့ ကိရိယာတွေ ပေးတဲ့အတွက် မင်းက ဘာပြန်လိုချင်တာလဲ…."
ယောင်ရန်သည် ပါးနပ်သောသူများနှင့် စကားပြောရခြင်းကို သဘောကျလေသည်။
သူမက ပြုံးလျက် ပြန်ဖြေလိုက်လေသည်။
"ကျွန်မက အဲဒီကိရိယာ နှစ်ခုပဲ လိုချင်တာပါ… တကယ်လို့ တခြားစီမံကိန်းတွေ ရှိမယ်ဆိုရင်လည်း ကျွန်မဘက်က ကူညီပေးနိုင်ပါတယ်…. ဒါပေမဲ့ အလဲအလှယ်အနေနဲ့ အချောသတ်ထွက်လာတဲ့ ပစ္စည်း ကိုပဲ ကျွန်မ လိုချင်တာပါ… ဒီသဘောတူညီချက်အပေါ် ပရော်ဖက်ဆာယဲ့ ဘယ်လိုထင်လဲ…."
ယယဲ့ကျွင်းခိုင်က သူမရဲ့ စကားကို အတွေးနက်စွာဖြင့် မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်လေသည်။ သူက ချက်ချင်း ပြန်မဖြေဘဲ ရွှီချိဖန်ဘက် လှည့်ကာ ပြောလိုက်လေသည်။
"ကော်မန်ဒါရှု... ဒီကိစ္စကို ခင်ဗျားပဲ ဆုံးဖြတ်ပေးပါ…"
ရွှီချိဖန်က ခဏလောက် စဉ်းစားပြီးမှ ယောင်ရန်ဘက် လှည့်လိုက်လေသည်။
"ရှောင်ရန် ... မင်း ဒါကို သေချာပြီလား… ဒီစီမံကိန်းအတွက် လိုအပ်တဲ့ ကိရိယာတွေနဲ့ ကုန်ကြမ်းတွေကို စုဆောင်းဖို့က မလွယ်ဘူးနော်… နောက်ပြီး ငါတို့ ဒီနေရာမှာ သိပ်အကြာကြီး နေဖြစ်မှာ မဟုတ်ဘူး…"
ဤသည်ကို ကြားသောအခါ ယောင်ရန်က မေးလိုက်လေသည်။
"ဦးလေးရွှီ... ဦးလေးမှာ အစီအစဉ် ရှိလို့လား…"
ရွှီချိဖန်က ခေါင်းညိတ်ကာ ရှင်းပြလိုက်လေသည်။
"ငါတို့ မနက်ဖြန်ကစပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးမစ်ရှင်ကို စတင်တော့ မယ်… ဒီတောင်ရဲ့ ဘေးကတောင်ပေါ်မှာ အခြေစိုက်စခန်းတစ်ခု တည်ဆောက်ဖို့ ရှိတယ်…၊ ဒါကြောင့် ဆူညံသံလေးတွေအတွက်တော့ သည်းခံပေးစေချင်တယ်… ဒါပေမဲ့ စိတ်မပူပါနဲ့... အသက်ရှင်ကျန်ရစ် သူတွေက မင်းတို့အဖွဲ့ကို မနှောင့်ယှက်စေရဘူးလို့ ငါ အာမခံပါတယ်…."
ရွှီချိဖန် နှင့် ကျွင်းချန် စစ်အခြေစိုက်စခန်းက အရာရှိကြီးများသည် အသက်ရှင်ကျန်ရစ်သူများကို ကယ် ဆယ်ရန် စီစဉ်နေခြင်းကို ယောင်ရန် အံ့သြမိခြင်းမရှိခဲ့ပေ။
နောက်ဆုံး၌ သူတို့သည် သာမန်ပြည်သူများအား ကာကွယ်စောင့်ရှောက်ရန် သစ္စာဆိုထားသော စစ်သည်များပင် မဟုတ်ပါလား….။
စဉ်းစားပြီးတဲ့နောက် ယောင်ရန်က ပြောလိုက်လေသည်။
"နားလည်ပါပြီ… ဦးလေးရွှီ... ကျွန်မတို့အတွက် စိတ်မပူပါနဲ့… ဦးလေး လုပ်စရာရှိတာကိုသာ လုပ်ပါ… တကယ်လို့ ရိက္ခာ ဒါမှမဟုတ် လူအင်အား လိုအပ်မယ်ဆိုရင်လည်း ကျွန်မကို ပြောပါနော်… ကျွန်မ တတ် နိုင်သလောက် ကူညီပေးပါ့မယ်…."
ရွှီချိဖန်က ပြုံးပြီး ခေါင်းညိတ်ပြလေသည်။
"ကျေးဇူးပါပဲ ရှောင်ရန်ရာ…"
ယောင်ရန်က ထပ်ပြောလိုက်လေသည်။
"ပစ္စည်းကိရိယာနဲ့ ကုန်ကြမ်းတွေအတွက်ကတော့ ဦးလေးတို့ သဘောတူမယ်ဆိုရင် ကျွန်မ ရှာပေးပါ့ မယ်…"
သူမ၏ ယုံကြည်မှုကို မြင်လိုက်ရသောအခါရွှီချိဖန်က ပြောလိုက်လေသည်။
"မင်းက ဒီလောက်အထိ ကမ်းလှမ်းလာမှတော့ ဦးလေးအနေနဲ့ မင်းရဲ့ အချိန်ကိုက် အကူအညီအတွက် ကျေးဇူးပဲ တင်ရတော့မှာပေါ့…."
သူမ လိုချင်သည့် အဖြေကို ရလိုက်သောကြောင့် ယောင်ရန်က ပြုံးလိုက်လေသည်။
"ကျွန်မက အဲဒီလောက်အထိ စိတ်သဘောထား မကြီးပါဘူး ဦးလေးရွှီ… ကျွန်မ အဲဒီကိရိယာကို လိုချင် ရုံပါပဲ…."
ရွှီချိဖန်က ရယ်မောရင်း ခေါင်းကို ခါယမ်းကာ ပြောလိုက်လေသည်။
"မင်းရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် မင်းက ငါတို့ကို ကူညီနေတာကတော့ အမှန်ပဲလေ… စိတ်မပူပါနဲ့ ... မင်း လိုချင်တဲ့ ကိရိယာကို ရစေရမယ်လို့ ဦးလေး အာမခံပါတယ်…."
သူ ကတိပေးလိုက်သောကြောင့် ယောင်ရန် ပျော်သွားခဲ့လေသည်။ သူမက ခေါင်းညိတ်ပြီး နှုတ်ဆက် လိုက်လေသည်။
"ဒါဆို ဦးလေးတို့ အစည်းအဝေးကို ကျွန်မ အနှောင့်အယှက် မပေးတော့ပါဘူး… အားလုံးပဲ ဒီမှာနေရတာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်…"
သူမ ထရပ်လိုက်သောအခါအခြားသူများကလည်း ထရပ်လိုက်ကြပြီး သူမ အစည်းအဝေးခန်းထဲက ထွက်သွားသည်ကို ကြည့်နေခဲ့ကြလေသည်။
အားလုံး ပြန်ထိုင်ပြီးနောက် ရွှီချိဖန်က ယယဲ့ကျွင်းခိုင်ကို ကြည့်ကာ ပြောလိုက်လေသည်။
"ပရော်ဖက်ဆာယဲ့... ဦးလေး လိုအပ်တဲ့ ပစ္စည်းကိရိယာနဲ့ ကုန်ကြမ်းစာရင်းကို အမြန်ဆုံး ပြင်ဆင်ပြီး ရှီးချန် ဆီကို လွှဲပေးလိုက်ပါဦး…"
ယဲ့ကျွင်းခိုင်က ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်ကဲ့ပါ ကော်မန်ဒါ…"
ထို့နောက် ရွှီချိဖန်က အခြားသူများဘက်သို့ လှည့်ကာ…၊
"ကဲ... အခု ကယ်ဆယ်ရေးမစ်ရှင်ရဲ့ အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးကြတာပေါ့…."
တစ်ဖက်တွင်မူ ဝူယဲ့ဟောင် နှင့် သူ၏အဖွဲ့သည် လော့ချန် မြို့၏ ဆင်ခြေဖုံးသို့ နောက်ဆုံးတွင် ရောက်ရှိ လာခဲ့ပြီဖြစ်လေသည်။ ရှေ့ရှိလမ်းကို ဥက္ကာခဲများက ပိတ်ဆို့နေသည်ကို ကြည့်ပြီး ဝူယဲ့ဟောင်က စကား ပြောစက်ကို ယူကာ အမိန့်ပေးလိုက်လေသည်။
"လမ်းရှင်းကြ…"
အမိန့်ပေးပြီးနောက် သူက ကားမောင်းသူဘက် လှည့်ကာ ပြောလိုက်လေသည်။
"မင်း ဒီမှာပဲ နေခဲ့…"
"ဟုတ်ကဲ့ပါ ဗိုလ်ကြီး…"
ဝူယဲ့ဟောင်သည် ဥက္ကာခဲများကို ဖယ်ရှားရန် အခြားအဖွဲ့သားများနှင့်အတူ သံချပ်ကာကားပေါ်မှဆင်း လိုက်လေသည်။ သူတို့ အလုပ်လုပ်နေစဉ်မှာပင် အဝေးမှ အသက်ရှင်ကျန်ရစ်သူ အဖွဲ့တစ်ဖွဲ့က ချဉ်းကပ် လာနေခဲ့လေသည်။
ဝူယဲ့ဟောင်၏ လက်အောက်ငယ်သားတစ်ဦးက အသက်ရှင်ကျန်ရစ်သူများကို သတိပြုမိသွားပြီး သတင်းပို့ လိုက်လေသည်။
"ဗိုလ်ကြီး အနောက်ဘက်ကနေ အသက်ရှင်ကျန်ရစ်သူ အဖွဲ့တစ်ဖွဲ့ လာနေပါတယ်…"
ဝူယဲ့ဟောင်က ထိုဘက်ကို လှည့်ကြည့်လိုက်ရာ စုတ်ပြတ်သတ်နေသော အဝတ်အစားများ ဝတ်ထား သော လူတစ်ဒါဇင်ကျော်ကို မြင်လိုက်ရလေသည်။ သူတို့၏ ဖုန်များပေကျံပြီး ပိန်လှီနေသော ကိုယ် ခန္ဓာများသည် လမ်းလျှောက်နေသော အလောင်းကောင်များကဲ့သို့ပင် ယိုင်တိုင်တိုင်နှင့် ရှေ့ကို တိုး လာနေခဲ့ကြလေသည်။
ဝူယဲ့ဟောင်က သူ့လက်ဖဝါးရှိ ဖုန်များကို ခါထုတ်လိုက်ပြီး အမိန့်ပေးလိုက်လေသည်။
"ဥက္ကာခဲတွေကို ဆက်ရှင်းကြ…"
"ဟုတ်ကဲ့ပါ ဗိုလ်ကြီး…"
အမိန့်ရသည်နှင့် သူ၏ လက်အောက်ငယ်သားများသည် သူတို့အလုပ်ကို ဆက်လုပ်ကြလေတော့သည်။
ဝူယဲ့ဟောင်က မလှုပ်မယှက် ရပ်နေရင်း ချဉ်းကပ်လာနေသော လူအုပ်ကို စောင့်ကြည့်နေခဲ့လေသည်။
သူတို့ အနီးနားသို့ ရောက်လာသောအခါအဖွဲ့ထဲရှိ မိန်းကလေးတစ်ယောက်က သံချပ်ကာကားများဆီက အလင်းရောင်ကို မြင်သွားခဲ့လေသည်။ သူမက မယုံနိုင်သလိုနဲ့ မျက်လုံးကို ပွတ်ပြီး ထပ်ကြည့်လိုက်လေ သည် လမ်းရှင်းနေသော လူများကို မြင်လိုက်ရသောအခါသူမ၏ မှိုင်းညို့နေလျက်ရှိသော မျက်လုံးများ ထဲတွင် မျှော်လင့်ချက်အရောင်လေးတွေ ထွက်ပေါ်လာခဲ့လေတော့သည်
ဘေးမှလူ၏လက်ကို ဆွဲပြီး သံချပ်ကာကားများဆီကို လက်ညှိုးထိုးပြကာ တစ်ခုခုပြောရန် သူမ ပါးစပ် ဟလိုက်လေသည်။ သို့သော်လည်း ရေမသောက်ရသည်မှာ နှစ်ရက်ရှိပြီဖြစ်သလို ဖုန်များကြောင့် လည် ချောင်းနာနေသည်မို့ သူမဆီက ဘာအသံမှ ထွက်လာခဲ့ခြင်းမရှိေ။