အခန်း ၄၂၆
Vol. 43 Ch. 426
အခန်း (၄၂၆) လော့ချန်မြို့သို့ ဦးတည်ခြင်း
မိန်းကလေးက သူ၏ အင်္ကျီကို ဆွဲနေသည်ကို သတိထားမိလိုက်သောအခါ အမျိုးသားက အားနည်းပြီး အက်ကွဲနေသည့် အသံဖြင့် မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ…"
မိန်းကလေးက တစ်ခုခုပြောဖို့ ကြိုးစားနေသလိုမျိုး ပါးစပ်ကို ဟစိဟစိလုပ်ရင်း သံချပ်ကာကားများ ဆီ ကို စိုးရိမ်တကြီး လက်ညှိုးထိုးပြလေသည်။ သူမ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ အမျိုးသားက လည်း သူမ လက်ညှိုးထိုးပြရာကို လိုက်ကြည့်လိုက်လေသည်။
အဝေးက တောက်ပနေလျက်ရှိသော မီးရောင်များကို မြင်လိုက်ရသောအခါသူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့လေတော့သည်။ သူက မိန်းကလေး၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ပြီး ပြောလိုက်လေ သည်။
"ဒီမှာပဲ နေခဲ့နော်… ငါ သွားစစ်ကြည့်လိုက်ဦးမယ်…"
မိန်းကလေးက စိုးရိမ်တကြီးနှင့် ခေါင်းယမ်းလိုက်သော်လည်း အမျိုးသားဖြစ်သူက သူမ၏ ပုခုံးနှစ်ဖက် ကို ကိုင်ပြီး မျက်လုံးချင်း ဆုံကြည့်လိုက်လေသည်။
"လိမ္မာတယ်၊ ငါ့စကားနားထောင်နော်… ငါ အရင်သွားစစ်ကြည့်မယ်… သူတို့က လူကောင်းတွေဆိုရင် ငါ နင့်ကို လာခေါ်မယ်… ဒီမှာပဲ နေခဲ့၊ ဘယ်မှမသွားနဲ့၊ ဟုတ်ပြီလား…."
သူက သူမ၏ ခေါင်းညိတ်မှုကို စောင့်လိုက်လေသည်။
သူ လိမ်ပြောနေခြင်း မဟုတ်မှန်း သိလိုက်ရသောအခါ မိန်းကလေးက မတတ်သာသည့်အဆုံး ခေါင်း ညိတ်ပြီး ထိုနေရာမှာတင် ကျန်နေခဲ့လေသည်။ မည်သူမှ သူတို့အား သတိမထားမိသည်ကို သေချာသွား သောအခါအမျိုးသားက သူ၏ စုတ်ပြတ်နေသော အင်္ကျီကို ချွတ်ပြီး မိန်းကလေး၏ ပုခုံးပေါ် ခြုံပေး လိုက်လေသည်။
မထွက်ခွာခင်တွင် သူက တိုးတိုးလေး ကပ်ပြောလိုက်လေသည်။
"တကယ်လို့ ငါ တစ်ခုခုဖြစ်ရင် ပြေးတော့နော်… နောက်ကို လုံးဝလှည့်မကြည့်နဲ့၊ တတ်နိုင်သမျှ အမြန် ဆုံး ပြေး…"
သူ့စကားကြောင့် မိန်းကလေး၏ မျက်လုံးများ နီမြန်းလာသော်လည်း ဘာမှမပြောဘဲ တိတ်တိတ်လေး ခေါင်းညိတ်လိုက်လေသည်။ သူမ၏ ဖုန်များပေကျံနေသော ဆံပင်လေးများကို ပုတ်ပေးပြီးနောက် အမျိုးသားက လှည့်ထွက်လာပြီး သံချပ်ကာကားများဆီကို သတိထားပြီး ချဉ်းကပ်သွားတော့လေသည်။
အမျိုးသား ချဉ်းကပ်လာသည်ကို မြင်သောအခါ ဝူယဲ့ဟောင် က သံချပ်ကာကားနားကို လျှောက်လာ ခဲ့လေသည်။ ကားကို မှီရပ်ရင်း ထိုအမျိုးသားကို စောင့်နေလိုက်လေသည်။
မကြာခင်မှာပင် အမျိုးသားက မီတာအနည်းငယ်အကွာ၌ ရပ်လိုက်ပြီး ဝူယဲ့ဟောင်က သူ့အား တိတ်တ ဆိတ် စိုက်ကြည့်နေခြင်းကြောင့် စိုးရိမ်တကြီးဖြင့် သူ၏ စုတ်ပြတ်နေသည့် အဝတ်များကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ထားမိလေသည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အမျိုးသားက တုံ့ဆိုင်းစွာဖြင့် မေးလိုက်လေသည်။
"အစ်ကို... လော့ချန်မြို့ ကို သွားမှာလားခင်ဗျ…"
"အင်း…"
ဝူယဲ့ဟောင်က တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်လေသည်။
ဤသည်ကို ကြားလိုက်ရသောအခါအမျိုးသား၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အရောင်များ လက်ခနဲ ဖြစ်သွားခဲ့လေသည်။ သူက ဂရုတစိုက်နှင့် ထပ်မေးလိုက်လေသည်။
"အစ်ကို... ကျွန်တော်တို့... ကျွန်တော်တို့ လိုက်လို့ရမလား… ကျွန်တော့်ညီမလေးက နေမကောင်းဘူး၊ သူ လမ်းလျှောက်ပြီး လော့ချန်မြို့အထိ သွားဖို့ အားမရှိတော့လို့ပါ…"
ဝူယဲ့ဟောင်ရဲ့ အမူအရာမဲ့နေသော မျက်နှာကို မြင်သောအခါ အမျိုးသားက ခပ်မြန်မြန်ပင် ထပ်ပြော လိုက်လေသည်။
"တကယ်လို့ အနှောင့်အယှက်ဖြစ်မယ်ဆိုရင်လည်း အနည်းဆုံးတော့ ရေလေးနည်းနည်းလောက် ပေးနိုင် မလားခင်ဗျာ…"
ဝူယဲ့ဟောင်က ပြန်မဖြေဘဲ အဝေးကနေ သူတို့အား စောင့်ကြည့်နေသော မိန်းကလေးဆီကို လှမ်းကြည့် လိုက်လေသည်။ စက္ကန့်အနည်းငယ်ကြာမှ အမျိုးသားဘက် ပြန်လှည့်လာပြီး မေးလိုက်လေသည်။
"အဲဒါ မင်းညီမလား…."
အမျိုးသားကလည်း လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။
"ဟုတ်ကဲ့…"
ပိန်လှီနေသော ခန္ဓာကိုယ်ပေါ်၌ ပွယောင်းနေသော အဝတ်အစားများဝတ်ထားသော ထိုအားနည်းနေ သည့် မိန်းကလေးကို ကြည့်ရင်း ဝူယဲ့ဟောင် မိဘမဲ့ဂေဟာမှာ ရှိစဉ်တုန်းက သူ့ ညီမလေးကို ရုတ်တရက် သတိရသွားမိလေသည်။
ထူးထူးခြားခြား သနားစိတ် ဝင်လာခြင်းကြောင့် သူက ပြောလိုက်လေသည်။
"ဒီမှာ ခဏစောင့်…"
ပြန်ပြောမည့်စကားကို မစောင့်ဘဲ ဝူယဲ့ဟောင်က နောက်ဆုံး သံချပ်ကာကားဆီ လျှောက်သွားလိုက်ပြီး နောက်ဖုံးကို ဖွင့်လိုက်လေသည်။ သေတ္တာထဲမှ ကျောပိုးအိတ်တစ်လုံးကို ထုတ်လိုက်ပြီး အထဲကို ရှေးဦး သူနာပြုစုကိရိယာ၊ ရေသန့်ဗူး အချို့၊ အသင့်စား ဘီစကစ်ထုတ် ၊ ဆောင်းရာသီဝတ်စုံ နှစ်ထည်နှင့် စစ်သုံး ဓားမြှောင်တစ်စုံတို့ကို ထည့်လိုက်လေသည်
ကျောပိုးအိတ် ပြည့်သွားသောအခါကားနောက်ဖုံးကို ပိတ်လိုက်ပြီး ထိုအမျိုးသားဆီ ပြန်လျှောက်လာ ကာ သူ့ဆီကို ပစ်ပေးလိုက်လေသည်။
"ဒါ ယူသွား…"
အမျိုးသားက ကျောပိုးအိတ်ကို ယိုင်တိုင်တိုင်ဖြင့် ဖမ်းလိုက်ပြီး အိတ်၏ အလေးချိန်ကြောင့် အံ့အားသင့် သွားခဲ့လေသည်။
"သွားတော့…."
ဝူယဲ့ဟောင်က ပြောပြီးသည်နှင့် ဥက္ကာခဲများကို ရှင်းလင်းရန် သူ၏ လက်အောက်ငယ်သားများရှိရာဆီ ပြန်သွားခဲ့လေတော့သည်။
အမျိုးသားက ခဏလောက် ကြောင်ရပ်နေပြီးမှ ကျောပိုးအိတ်ကို ပိုက်ပြီး သူ့ညီမလေးဆီ အပြေးအလွှား ပြန်သွားလေတော့သည်။
ဝူယဲ့ဟောင်၏ လက်အောက်ငယ်သားတစ်ယောက်က စပ်စုချင်စိတ်ဖြင့် မေးလိုက်လေသည်။
"ဗိုလ်ကြီး... သူတို့ကို ဘာလို့ ရိက္ခာတွေ အများကြီး ပေးလိုက်တာလဲ…."
ဝူယဲ့ဟောင်က သူ့လက်အောက်ငယ်သားကို ခဏမျှ ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောခဲ့ချေ။ သူ၏ ဗိုလ်ကြီးက ဖြေချင်စိတ်မရှိသည်ကို သိလိုက်ရသောအခါ ထိုလူက ပုခုံးတွန့်လိုက်ပြီး လမ်း ကိုသာ ဆက်ရှင်းနေလိုက်လေတော့သည်။
မိနစ်နှစ်ဆယ်ကျော် ကြာပြီးနောက်၌ ပိတ်ဆို့နေသည်များကို ဖယ်ရှားနိုင်ခဲ့ကြလေသည်။
ဝူယဲ့ဟောင်က သူ့လက်မှ ဖုန်များကို ခါထုတ်လိုက်ပြီး အေးအေးဆေးဆေးပင် အမိန့်ပေးလိုက်လေ သည်။
"သွားကြစို့…."
ထို့နောက် အဖွဲ့သားများသည် သံချပ်ကာကားပေါ် တက်လိုက်ကြပြီး လော့ချန်မြို့ကို ခရီးဆက်ခဲ့ကြလေ သည်။ သူတို့ ထွက်သွားပြီးနောက်တွင် အရိပ်ထဲမှ လူရိပ်နှစ်ခု ထွက်ပေါ်လာခဲ့လေသည်။ မိန်းကလေးက သူမ၏ အစ်ကိုဖြစ်သူ လက်ကိုဆွဲပြီး ထွက်ခွာသွားသော ကားများဆီသို့ စိုးရိမ်တကြီး လက်ညှိုးထိုး ပြနေခဲ့လေသည်။
သူမ၏ ခေါင်းကို ပုတ်ပေးရင်း အမျိုးသားက နှစ်သိမ့်လိုက်လေသည်။
"လာ... အစ်ကို နင့်ကို ကျောပိုးသွားမယ်…"
သူက ကျောပိုးအိတ်ကို ချွတ်ပြီး ရှေ့တွင် ပိုက်လိုက်ကာ ဆောင့်ကြောင့်ထိုင်ပြီး သူ၏ ညီမလေးအား ကျောပေါ် တက်လာရန် စောင့်နေလိုက်လေသည်။ မိန်းကလေးက သူမ အစ်ကို၏ ပိန်လှီနေသော ကျောပြင်ကို ကြည့်ပြီး ခဏမျှ တွန့်ဆုတ်နေခဲ့သော်လည်း နောက်ဆုံးတွင် တက်လိုက်လေတော့သည်
"မြဲမြဲဖက်ထားနော်"
သူက ညွှန်ကြားလိုက်ပြီး ခက်ခက်ခဲခဲနဲ့ မတ်တပ်ရပ်လိုက်လေသည်။
ညီမလေးကို ပိုးထားရင်း အမျိုးသားက ရှေ့ကို တစ်လှမ်းချင်း လျှောက်သွားတော့လေသည်။
တစ်ဖက်မှာတော့ သံချပ်ကာကားအတွင်းရှိ ဝူယဲ့ဟောင်သည် ယောင်ယွဲ့ချွမ် နှင့် သူ၏ နာရီကတစ်ဆင့် စကားပြောနေခဲ့လေသည်။
"ဖူကျန်းတောင် က ပေါက်ကွဲသွားတယ် ဟုတ်လား…. ဒါဆို မမလေးယောင်ရော…"
ဝူယဲ့ဟောင်က စိုးရိမ်တကြီးဖြင့်အလောတကြီး မေးလိုက်လေသည်။
အဝေးကနေ စီးကျနေလျက်ရှိသော ချော်ရည်ပူများကို ကြည့်ရင်း ယောင်ယွဲ့ချွမ်က လက်သီးကို ကျစ် ကျစ်ပါအောင် ဆုပ်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"ကျွင်းချန် စစ်အခြေစိုက်စခန်းတော့ မရှိတော့ဘူး… ရန်ရန်ကတော့ ငါ ဒီကို မရောက်ခင်ကတည်းက လွတ်သွားလောက်ပါပြီ…"
ဤသည်ကို ကြားသောအခါ ဝူယဲ့ဟောင်က စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်လေသည်။ ခဏ မျှ တိတ်သွားပြီးမှ သူက ပြောလိုက်လေသည်။
"ငါ လော့ချန်မြို့ကို ရောက်ခါနီးပြီ… အဲဒီရောက်ရင် ငါ မင်းကို ပြန်ဆက်သွယ်လိုက်မယ်…."
"ကောင်းပြီလေ…."
ယောင်ယွဲ့ချွမ်က ပြန်ဖြေလိုက်လေသည်။
ဖုန်းမချခင်မှာ ဝူယဲ့ဟောင်က ထပ်ပြောလိုက်လေသည်။
"ဂရုစိုက်ဦးနော်…"
"အေးပါ…"
ယောင်ယွဲ့ချွမ်က ပြောပြီး ဖုန်းချလိုက်လေသည်။
အဝေးက ချော်ရည်စီးဆင်းမှုကို ကြည့်ရင်း သူက တိုးတိုးလေး ရေရွတ်လိုက်မိလေသည်။
"ရန်ရန်... ကျေးဇူးပြုပြီး အသက်ရှင်နေပေးပါ…."
သူ့လက်အောက်ငယ်သားတစ်ဦးက သူ့နားကို ချဉ်းကပ်လာပြီး ပြောလိုက်လေသည်။
"ဗိုလ်ကြီးယောင်... ကျွန်တော်တို့ အခု သွားသင့်ပါပြီ… ချော်ရည်တွေက ရှေ့ကို တိုးလာနေတုန်းပဲ…."
ယောင်ယွဲ့ချွမ်က ခေါင်းညိတ်ပြပြီး အမိန့်ပေးလိုက်လေသည်။
"လော့ချန်မြို့ကို ဦးတည်ကြမယ်…"
"ဟုတ်ကဲ့ပါ ဗိုလ်ကြီး…"
ယောင်ယွဲ့ချွမ်နဲ့ ဝူယဲ့ဟောင်တို့ လော့ချန်မြို့ကို သွားနေကြစဉ်မှာပင် ရွှီချိဖန် နှင့် သူ၏ အဖွဲ့သားများသည် ကယ်ဆယ်ရေးမစ်ရှင်အတွက် ပြင်ဆင်မှုများဖြင့် အလုပ်ရှုပ်နေလျက်ရှိကြလေသည်။
နောက်တစ်နေ့၌ ရွှီရူဟန် နဲ့ သူ့အဖွဲသည် ဘေးမှတောင်ကို ကွင်းဆင်းစစ်ဆေးရန်အတွက် လေကြောင်း ရန်ခိုလှုံရေးစခန်းမှ ထွက်လာခဲ့ကြလေသည်။ နာရီပေါင်းများစွာ ရှာဖွေ ဆွေးနွေးပြီးနောက်၌ အရေးပေါ် ကယ်ဆယ်ရေးစခန်း ဖွင့်ရန် သင့်တော်သော နေရာတစ်ခုကို နောက်ဆုံးတွင် ရွေးချယ်နိုင်ခဲ့ကြလေ သည်။
လူအုပ်ရှေ့မှာ ရပ်နေရင်း မုရှီးချန် က ညွှန်ကြားလိုက်လေသည်။
"အဖွဲ့ သုံးဖွဲ့က တဲတွေထိုးပြီး ရိက္ခာတွေ ပြင်ဆင်ထားကြ… ကျန်တဲ့လူတွေကတော့ ကယ်ဆယ်ရေး မစ်ရှင် နဲ့ စခန်းလုံခြုံရေးကို အဓိကထားလုပ်ကြမယ်…."
"ကယ်ဆယ်ရေးမစ်ရှင်ကို အလှည့်ကျစနစ်နဲ့ လုပ်သွားမယ်… အလှည့်တစ်ခုစီက အများဆုံး ရှစ်နာရီပဲ ကြာမယ်… ကယ်ဆယ်ရေးအဖွဲ့တွေက အလှည့်မပြီးခင်မှာ ဒီကို ပြန်ရောက်ရမယ်…"
"စီမံခန့်ခွဲရေးအဖွဲ့က အသက်ရှင်ကျန်ရစ်သူတွေကို စာရင်းသွင်းမယ်၊ သူတို့ရဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ပြီး ရိက္ခာတွေ ခွဲဝေပေးမယ်… တစ်ချိန်တည်းမှာပဲ ဆေးအဖွဲ့က ဒဏ်ရာရရှိသူတွေကို ကုသဖို့ ဦးစားပေး လုပ်ဆောင်သွားမယ်…"
သူ၏ ညွှန်ကြားချက်များ ပြီးသွားသောအခါလူအုပ်ကို ကြည့်ပြီး မေးလိုက်လေတော့လေ သည်။
"မေးစရာ ရှိသေးလား…"