← Chapters

အခန်း ၄၂၈

Vol. 43 Ch. 428

အခန်း ၄၂၈

Vol. 43 Ch. 428

အခန်း (၄၂၈) အဖွဲ့လိုက် လုပ်ဆောင်ခြင်း

လုံယု ထွက်သွားပြီးနောက် ယောင်ရန် သည် မီးဖိုချောင်ဝန်ထမ်းများဘက်သို့ လှည့်ကာ ညွှန်ကြားလိုက် လေသည်။

"ထမင်းဘူးတွေ ပိုပြင်ထားပေးကြပါ… ခဏနေရင် လာသယ်ဖို့ ကျွန်မ စီစဉ်လိုက်မယ်…"

"ဟုတ်ကဲ့ပါ မမလေးယောင်…" ဟု သူတို့က ပြန်ဖြေလိုက်ကြလေသည်။

မထွက်ခွာမီ ယောင်ရန်သည် ထမင်းဘူး သုံးဆယ်ကျော်ကို ကတ်ထူသေတ္တာတစ်လုံးထဲသို့ ထည့်ကာ မုရှီးချန် ကို ရှာရန် မီးဖိုချောင်ထဲမှ သယ်ထုတ်လာခဲ့လေသည်။

သူ့အား ထမင်းစားဆောင်တွင် စောင့်နေဆဲဖြစ်သည်ကို မြင်သောအခါ သူမက ပြောလိုက် လေသည်။

"အစ်ကိုရှီးချန်... ဒီစားစရာတွေကို တစ်ပါတည်း ယူသွားလိုက်ပါဦး…."

မုရှီးချန်သည် သေတ္တာကို အမြန်လှမ်းယူလိုက်ပြီး ပြောလိုက်လေသည်။

"ကျေးဇူးပဲနော်… အစ်ကို အခုပဲ စခန်းကို ပြန်လိုက်တော့မယ်…"

"ကောင်းပါပြီ…."

မုရှီးချန် ထွက်သွားပြီးနောက် ယောင်ရန်သည် အရေးပေါ် ကယ်ဆယ်ရေးစခန်းသို့ ဆေးဝါးများ ပို့ဆောင် ရန်အတွက် ချန်ဇီကျိန်းကို သွားရှာလိုက်လေသည်။ သူ့အား တွေ့လိုက်သည့်အချိန်တွင် ချန်ဇီကျိန်းနှင့် အခြားလူများမှာ အပြင်ထွက်ရန် အဆင်သင့် ဖြစ်နေကြပြီဖြစ်လေသည်။

ချန်ဇီကျိန်းကားပေါ်မတက်မီ ယောင်ရန်က အပြေးအလွှား လှမ်းခေါ်လိုက်လေသည်။

"အစ်ကိုချန်…"

ချန်ဇီကျိန်းက ရပ်လိုက်ပြီး လှည့်ကြည့်ရာ သူမ လျှောက်လာသည်ကို မြင်သွားခဲ့လေသည်။

"မမလေးယောင်... တစ်ခုခု လိုအပ်လို့လားခင်ဗျ…"

ယောင်ရန်က ခေါင်းညိတ်ပြရင်း မေးလိုက်လေသည်။

"ဟုတ်ကဲ့… အစ်ကိုတို့ အရေးပေါ် ကယ်ဆယ်ရေးစခန်းကို သွားကြမလို့လား…"

"မမလေးယောင် ကျွန်တော့်ကို တစ်ခုခု ကူညီခိုင်းစရာ ရှိလို့လား…"

ချန်ဇီကျိန်းက မေးလိုက်လေသည်။

"ဟုတ်ပါတယ်…."

ယောင်ရန်က ပြန်ဖြေလိုက်လေသည်။

"အရေးပေါ် ကယ်ဆယ်ရေးစခန်းကို ပစ္စည်းတချို့ ပို့ပေးဖို့ ကူညီပေးနိုင်မလားဟင်…"

"ရတာပေါ့…"

ချန်ဇီကျိန်းက သဘောတူလိုက်ပြီး အနီးနားရှိ နေရာလွတ် စွမ်းအားရှင် သုံးဦးကို လှမ်းခေါ်လိုက်လေ သည်။

"မင်းတို့ သုံးယောက်... ခဏလောက် လာခဲ့ကြဦး…"

သူတို့ ချဉ်းကပ်လာသောအခါ ချန်ဇီကျိန်းက ပြောလိုက်လေသည်။

"မလေးယောင်... သူတို့ သုံးယောက်လုံးရဲ့ နေရာလွတ်က တော်တော်လေး ကျယ်ပါတယ်… သူတို့ကိုပဲ ပစ္စည်းတွေ လွှဲပေးလိုက်ပါ၊ အရေးပေါ် ကယ်ဆယ်ရေးစခန်းကို အမြန်ဆုံး ရောက်အောင် ကျွန်တော်တို့ ပို့ပေးလိုက်ပါ့မယ်.."

"ကျေးဇူးပါပဲ အစ်ကိုချန်…."

ထို့နောက် နေရာလွတ် စွမ်းအားရှင် သုံးဦးဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ကျွန်မနောက်ကို လိုက်ခဲ့ပေးကြပါဦး…"

သူမသည် သူတို့အား ဘေးတစ်နေရာသို့ ခေါ်သွားပြီး သူမ ကြိုတင်ပြင်ဆင်ထားသည့် ဆေးဝါးများကို စတင်ထုတ်ပေးလိုက်လေတော့သည်။ ပိုးသတ်ထားသည့် ဒဏ်ရာစီးတဘက်များ၊ ပတ်တီးများ၊ ဂွမ်းစ များ၊ ပိုးသတ်ဆေးဆီများ၊ အပူလောင်ပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ အပူတိုင်းကိရိယာ၊ ကတ်ကြေး၊ ဇာဂနာ၊ ဆေးဘက်ဆိုင်ရာ လက်အိတ်များနှင့် အခြား အသုံးများသည့် ဆေးပစ္စည်းများ ပါဝင်လေသည်။

ယောင်ရန်က တစ်ခုခု ကျန်နေသေးသလားဟု စစ်ဆေးနေစဉ်မှာပင် ထိုနေရာလွတ် စွမ်းအားရှင် သုံးဦးမှာ ဆေးသေတ္တာများနှင့် ဆေးပစ္စည်းပုံကြီးကို ကြည့်ကာ မှင်သက်နေကြလေတော့သည်။

ကမ္ဘာပျက်ပြီး တစ်နှစ်ကျော်ကြာသည့်တိုင်အောင် ဤမျှများပြားလှသော ဆေးဝါးများကို တစ်စုံ တစ်ယောက်က ပိုင်ဆိုင်ထားနိုင်သေးသည်ဆိုသည်မှာ ယုံရခက်စရာပင်။

ပစ္စည်းများ ထုတ်ပြီးသွားသောအခါ ယောင်ရန်က သူတို့ သုံးဦးကို လှည့်ကြည့်ပြီး မေးလိုက်လေသည်။

"ဒါတွေအားလုံးကို ရှင်တို့ထဲက တစ်ယောက်ယောက်ရဲ့ နေရာလွတ်ထဲမှာ ဆံ့ပါ့မလား…"

သူတို့အားလုံးက ခေါင်းညိတ်ပြကြသည်။ တစ်ဦးက လက်ထောင်ပြပြီး ပြောလိုက်လေသည်။

"ကျွန်တော့် နေရာလွတ်ထဲမှာ ဒီဆေးပစ္စည်းတွေအတွက် နေရာအလုံအလောက် ရှိပါသေးတယ်…."

သူတို့၏ နေရာလွတ်က တကယ့်ကို ကျယ်ဝန်းသည့်အတွက် ယောင်ရန် ဝမ်းသာသွားခဲ့လေသည်။ သူမ က ပြုံးလျက် ညွှန်ကြားလိုက်လေသည်။

"ဒါဆိုရင် ရှင်ပဲ ယူထားလိုက်တော့… ပြီးရင် ဆေးအဖွဲ့ဆီကို သေချာ အပ်ပေးလိုက်ပါနော်…"

"စိတ်ချပါဗျ…"

ထိုစွမ်းအားရှင်က ဆေးဝါးများကို စတင်သိမ်းဆည်းနေစဉ် ယောင်ရန်က နောက်ထပ် ပစ္စည်းများကို ထပ်ထုတ်ပေးပြန်လေသည်။

တာရှည်ခံသည့် စားသောက်ကုန်များဖြစ်သော အသင့်စား ဘီစကစ်များ၊ အစေ့အဆန်ခြောက်များ၊ စွမ်းအင်ဖြည့် ဘားများ၊ စစ်သုံးရိက္ခာများ၊ ဟင်းသီးဟင်းရွက်ခြောက်များ၊ အသားခြောက်များနှင့် အခြား အရာများ ပါဝင်သည့် သေတ္တာပေါင်းများစွာကို သူမ ထုတ်ပေးလိုက်လေသည်။ မီးဖိုချောင်ဝန်ထမ်းများ ပြင်ပေးထားသည့် ထမင်းဘူးများကိုလည်း ထည့်ပေးလိုက်လေသည်။

ထို့နောက် ယောင်ရန်သည် သူမ ကြိုတင်ပြင်ဆင်ထားသည့် ရောစပ်ထားသော ရေကန်ရေဗူးများကို ထုတ်ပေးလိုက်လေသည်။ ရေဂါလံ (၁၀၀) လျှင် ရေကန်ရေ နှစ်စက်နှုန်းသာ ရောထည့်ထားခြင်းဖြင့် သာမန်လူများပင် စွမ်းအင်လွန်ကဲသည့် ဘေးထွက်ဆိုးကျိုးများ မခံစားရဘဲ ဘေးကင်းကင်းနှင့် သောက် သုံးနိုင်ရန် သူမ စီစဉ်ထားခြင်းဖြစ်ပေသည်။

ထိုရေတွင် အားနည်းသော ကုသနိုင်စွမ်းရှိနေဆဲဖြစ်ရာ အသက်ရှင်ကျန်ရစ်သူများ အမြန်ပြန်လည် ကျန်းမာလာစေရန်နှင့် ကိုယ်ခံအားကောင်းလာစေရန် ကူညီပေးနိုင်သဖြင့် ကပ်ရောဂါများ မဖြစ်ပွား အောင် တားဆီးပေးနိုင်ပေသည်။

ဤမရှိမဖြစ် ပစ္စည်းများအပြင် ဆပ်ပြာ၊ သွားတိုက်ဆေး၊ စိုစွတ်သော တစ်ရှူးများ၊ အိပ်အိတ်များ၊ အနွေးစောင်များ၊ အဝတ်အစားနှင့် ဖိနပ်များ၊ ဖယောင်းတိုင်၊ လက်နှိပ်ဓာတ်မီးနှင့် အနွေးဓာတ်ရရန် မီးသွေးစသည့် နေ့စဉ်သုံး ပစ္စည်းများကိုလည်း သူမ ပြင်ဆင်ပေးထားခဲ့လေသည်။

နေရာလွတ် စွမ်းအားရှင်တစ်ဦးမှာ တောင်ပုံရာပုံ ဖြစ်နေသည့် ပစ္စည်းပုံကြီးကို ကြည့်ကာ အံ့သြလွန်းသ ဖြင့် နေရာတွင်တင် ကြောင်အမ်းနေမိသည်။ ပစ္စည်းအရေအတွက်က ကြောက်စရာကောင်းနေရုံ သာမက ယောင်ရန်၏ နေရာလွတ် အကျယ်အဝန်းမှာ သူတို့ စိတ်ကူးထားသည်ထက် များစွာ ကျော်လွန် နေသည်ကို သူတို့ သိလိုက်ရပေသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် သူသည် သူမကို လှည့်ကြည့်ကာ တွေးမိနေတော့သည်။

'သူက ဘယ်လောက်တောင် သန်မာတာလဲ… ဒီလောက်ကျယ်တဲ့ နေရာလွတ်မျိုး ဘယ်လိုလုပ် ရှိနိုင် တာလဲ… နောက်ပြီး ဒီပစ္စည်းတွေကိုရော ဘယ်ကရတာလဲ…'

သူ အတွေးထဲ နစ်နေစဉ်မှာပင် အခြားစွမ်းအားရှင်တစ်ဦးက အမြန် သတိပြန်ဝင်လာပြီး ပြောလိုက်လေ သည်။

"မမလေးယောင်... ခဏလောက် စောင့်ပါဦး… ဒီပစ္စည်းတွေကို သိမ်းဖို့ တခြားညီအစ်ကိုတွေပါ လာကူဖို့ ကျွန်တော် သွားခေါ်လိုက်ပါဦးမယ်…"

"ကောင်းပြီလေ…."

ယောင်ရန်က သဘောတူလိုက်လေသည်။ ထို့နောက် ကျန်နေသော စွမ်းအားရှင်ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

"ဒါတွေကို အရင် သိမ်းထားလို့ ရမလား…"

သူလည်း သတိပြန်ဝင်လာပြီး အလျင်အမြန်ပင် ခေါင်းညိတ်ပြလိုက်လေသည်။

ပစ္စည်းများ သိမ်းဆည်းရန် အချိန်အနည်းငယ် ကြာဦးမည်ဖြစ်သည်ကို မြင်သောအခါ ယောင်ရန်က မှာကြားလိုက်လေသည်။

"ဒါဆို ဒါကို ရှင်တို့လက်ထဲပဲ အပ်ထားခဲ့မယ်နော်… ပစ္စည်းတွေကို ဘေးကင်းကင်းနဲ့ ရောက်အောင် ပို့ပေးပါဦး…"

နေရာလွတ် စွမ်းအားရှင်က ခေါင်းညိတ်ပြကာ သူမကို စိတ်ချစေရန် ပြောလိုက်လေသည်။

"စိတ်မပူပါနဲ့ မမလေးယောင်… အားလုံးကို အရေးပေါ် ကယ်ဆယ်ရေးစခန်းဆီ ရောက်အောင် ကျွန်တော် တို့ ပို့ပေးပါ့မယ်…"

"ပင်ပန်းသွားပါပြီ ရဲဘော်တို့…"

သူတို့အား ကျေးဇူးတင်စကား ပြောပြီးနောက် ယောင်ရန်သည် ချန်ဇီကျိန်းကို ရှာရန် ထွက်လာခဲ့လေ သည်။ သူ စစ်သည်များနှင့် စကားပြောနေသည်ကို မြင်သောအခါ သူမ ချဉ်းကပ်သွားပြီး အသိပေးလိုက် လေသည်။

"အစ်ကိုချန်... အစ်ကိုရှီးချန်ကို တစ်ချက် ပြောပေးပါဦး… ကယ်ဆယ်ရေးသမားတွေနဲ့ အသက်ရှင်ကျန် ရစ်သူတွေအတွက် စားစရာတွေ ထပ်ပြင်နေတုန်းမို့လို့ နောက်တစ်နာရီလောက်နေရင် လူလွှတ်ပြီး လာယူခိုင်းလိုက်ပါဦးလို့…"

ချန်ဇီကျိန်းက ခေါင်းညိတ်ပြလိုက်လေသည်။

"ကောင်းပြီလေ…"

သူမ ပြောပြီးသည်နှင့် နောက်ဘက်မှ ကျားရှန်း ၏ အသံက ထွက်ပေါ်လာခဲ့လေသည်။

"ယောင်ရန်... နင့်ကို ရှာနေတာ တော်တော်ကြာနေပြီ…"

ယောင်ရန် လှည့်ကြည့်လိုက်ပြီး မေးလိုက်လေသည်။

"အစ်မကျားရှန်း... ဘာဖြစ်လို့လဲ…"

ကျားရှန်းက သူမထံ စက္ကူတစ်ရွက် ကမ်းပေးရင်း ရှင်းပြလိုက်လေသည်။

"ဒါ ပရော်ဖက်ဆာယဲ့ ပေးလိုက်တဲ့ ကုန်ကြမ်းနဲ့ ကိရိယာ စာရင်းပဲ… သူက ဒါတွေကို အမြန်ဆုံး လိုအပ် နေတယ်တဲ့၊ နင် တတ်နိုင်သလောက် အမြန်ဆုံး ပြင်ဆင်ပေးနိုင်မလားလို့ မေးခိုင်းလိုက်တယ်…"

ယောင်ရန် စာရင်းကို ယူပြီး သေချာဖတ်လိုက်လေသည်။ ဖတ်ပြီးသွားသောအခါ သူမ၏ မျက်လုံးများ ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြစ်သွားခဲ့လေသည်။

*ဒီရှားပါး သတ္တုဒြပ်စင်တွေ... ဒါတွေက စွမ်းအင်မျှော်စင် ဆောက်တဲ့နေရာမှာ သုံးတာ မဟုတ်ဘူးလား*

သူမ လုံးဝကြီး မသေချာသော်လည်း ဤကဲ့သို့သော ရှားပါးသတ္တုဒြပ်စင်များကို စွမ်းအင်မျှော်စင် ဆောက်လုပ်ရာတွင်သာ အသုံးပြုရသည်ကို ယောင်ရန် မှတ်မိနေခဲ့ပေသည်။

သူမ သံသယရှိနေသော်လည်း ယောင်ရန်က ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။

"ဒီပစ္စည်းတချို့က ကျွန်မဆီမှာ ရှိပါတယ်… ကျန်တာတွေကိုလည်း စုဆောင်းဖို့က ပြဿနာမရှိပါဘူး

All Chapters