← Chapters

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း(၂၂၈)

​ထိုအချိန် မြင်းရထားပေါ်မှ ရှောင်ရှန်းသည် စတင် လှုပ်ရှားလာခဲ့သည်။ ​သူသည် အေးအေးလူလူပင် ထထိုင်လိုက်ပြီး စားကြွင်းငါးရိုးကို ဘေးသို့ ပစ်ချလိုက်ကာ ဘယ်ကနေ ထုတ်ယူလိုက်မှန်းမသိသော ဇက်ကြိုးတစ်ချောင်းကို ထုတ်ယူလာခဲ့၏။

၎င်းမှာ မည်သည့် နတ်ဘုရားသားရဲ၏ အကြောဖြင့် ပြုလုပ်ထားမှန်းမသိရဘဲ အပေါ်တွင် ရတနာမျိုးစုံ စီခြယ်ထားကာ ၊ လရောင်အောက်တွင် တောက်ပနေသည့် လူ့လောကတွင် မရှိနိုင်လောက်အောင် အလွန် လှပလွန်းသော ဇက်ကြိုးကြီးပင် ဖြစ်သည်။

ရှောင်ရှန်းသည် ဤအထူးဇက်ကြိုးကြီးကို ကိုင်မြှောက်လျက် ထိုဧရာမမိကျောင်းကြီးကို ယမ်းပြကာ လူကုန်ကူးသူတစ်ယောက်ပမာ ကြင်နာလှသော အပြုံးကြီးဖြင့် ပြောလိုက်သည်။

“မိကျောင်းလေး.. လာလေ ၊ အဲဒီလောက်ကြီး မရက်စက်စမ်းပါနဲ့”

သူ၏ အသံမှာ မကျယ်လောင်သော်လည်း မိကျောင်းကြီး၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။

“ငါနဲ့ လိုက်ခဲ့ရင် နောက်ဆို နေ့တိုင်း အသားစားရမယ့်အပြင် ဇိမ်ခံရထားလည်း စီးရဦးမှာနော် ဘယ်လိုလဲ"

...

နာမည်ဆိုးဖြင့် ကျော်ကြားသည့် နှစ်တစ်ထောင် မိစ္ဆာမိကျောင်းကြီးသည် တောက်ပနေသော ဇက်ကြိုးကြီးကို ကြည့်ကာ လေထုထဲမှ ဆွဲဆောင်မှုရှိလှသော အမွှေးနံ့သာကို ရှူရှိုက်နေမိသည်။ ၎င်း၏ ထက်မြက်သော သွားများဖြင့် ပြည့်နှက်နေသည့် ဧရာမပါးစပ်ကြီးထဲမှ သွားရည်များ တရွှဲရွှဲ စီးကျလာသည်။

​၎င်းသည် မိမိ၏ သားရဲသက်တမ်းတစ်လျှောက်တွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသေးသည့် ပြင်းထန်သော စိတ်ကူးစိတ်သန်း တိုက်ပွဲကြီးထဲသို့ ကျရောက်သွားရှာသည်။

​အကျိုးအကြောင်း ဆင်ခြင်တုံတရားက သူ့ရှေ့တွင် သေးငယ်သော ထိုလူသားကို တစ်လုပ်တည်းဖြင့် ဝါးမြိုပစ်ရန် သတိပေးနေပြီး၊ တိရစ္ဆာန်၏ဗီဇက ထိုလူသား၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် လောကရှိ မည်သည့် ဝိညာဉ်ဆေးထက်မဆို ပိုမိုဆွဲဆောင်မှုရှိသည့် အကောင်းဆုံး အရသာကြီး ဖြစ်ကြောင်း ရူးသွပ်မတတ် အော်ဟစ်တိုက်တွန်းနေသည်။

​သို့သော် ထိုနဂါးအရှိန်အဝါကလည်း သူ၏ စိတ်ဝိညာဉ်အနက်ရှိုင်းဆုံးနေရာတွင် သံခြေကျင်း ခတ်နှိပ်ထားသကဲ့သို့ ရှိနေသဖြင့် သူ့အား မည်သို့မျှ ရိုင်းစိုင်းရဲတင်းခွင့် မပေးချေ။

စားရမှာလား မစားရမှာလား...

ဤသည်က ခက်ခဲသော ပုစ္ဆာတစ်ပုဒ်ပင် ဖြစ်သည်။

“ဘာလဲ.. မကျေနပ်သေးဘူးလား"

ရှောင်ရှန်းက မျက်ခုံးတစ်ချက် ပင့်ကာ သူ့လက်ထဲက လှပသော ဇက်ကြိုးကို ယမ်းပြလိုက်သည်။

“ငါကိုယ်တော်ရဲ့ စီးတော်ယာဉ်က လက်ရှိ အမတ်ချုပ်ကြီးတောင် အဆင့်မမှီဘူး... မင်းကို ခုလို အခွင့်အရေးပေးတာ မင်း ဂုဏ်ယူသင့်တယ်"

ဤစကားကြောင့် နေရာတွင် ရှိနေကြသော လူတိုင်း ဆွံ့အသွားကြရပြန်သည်။

ချန်ချင်းက ဘေးနားမှနေ၍ ချောင်းတစ်ချက် ဟန့်ကာ ရှေ့ထွက်လာသည်။ ထို့နောက် သူ၏ ကြံ့ခိုင်လှသော စစ်ဗျူဟာမြောက် စိတ်ဓာတ်အင်အားကို ထုတ်ဖော်လျက် ထိုမိကျောင်းကြီးအား ပြတ်သားစွာဖြင့် ဟိန်းဟောက် ကြိမ်းမောင်းလိုက်သည်။

“မိစ္ဆာကောင်....အိမ်ရှေ့မင်းသားက မင်းကို အခွင့်အရေးပေးတာက မင်းရဲ့ ကုသိုလ်ကံပဲ၊ အမြန်ဆုံး ရှေ့တိုးပြီး အမိန့်ကို မခံယူသေးဘူးလား"

​ဤဟိန်းဟောက်သံသည် ကုလားအုတ်ကျောပေါ်သို့ နောက်ဆုံးတင်လိုက်သော ကောက်ရိုးတစ်မျှင်ကဲ့သို့ပင် မိကျောင်းကြီး၏ သည်းခံနိုင်စွမ်းကို အဆုံးသတ်ပစ်လိုက်သည်။

​နှစ်တစ်ထောင် မိစ္ဆာမိကျောင်းကြီး၏ ဧရာမခန္ဓာကိုယ်ကြီးသည် ပြင်းထန်စွာ တုန်ခါသွားရရှာသည်။ ရှေ့မှ သေးငယ်လှသော လူသား၏ ဆွဲဆောင်မှုနှင့် ဖိနှိပ်မှု၊ ထို့အပြင် ဘေးနားမှ စစ်နတ်ဘုရားတစ်ဦးအလား ခြိမ်းခြောက်နေမှုများကြောင့် သူသည် စဉ်းစားတွေးတောခြင်းကို လုံးဝ စွန့်လွှတ်ကာ လက်နက်ချလေတော့၏။

' ထားလိုက်ပါတော့.. တိုက်လည်းမတိုက်နိုင်၊ ဆွဲဆောင်မှုကိုလည်း မတွန်းလှန်နိုင်မှတော့ အဖွဲ့ထဲပဲ ဝင်လိုက်တော့မယ်'

ယဲ့လင်ရွှမ်း၊ စူးဝမ်ချင်းနှင့် စစ်သည်တော်အားလုံး ပါးစပ်အဟောင်းသားဖြင့် မှင်သက်စွာ ကြည့်နေကြစဉ်မှာပင် ၊

ထိုကြောက်မက်ဖွယ်ရာ ကောင်းပြီး မည်သည့်စစ်တပ်ကိုမဆို တုန်လှုပ်စေနိုင်သော ‘ရွှံ့ညွန်ဘုရင်’ ကြီးသည် ၎င်း၏ ရက်စက်ပြီး မြင့်မြတ်လှသော ခေါင်းကြီးကို အမှန်တကယ်ပင် နှိမ့်ချလိုက်ကာ လိမ္မာသော လယ်ထွန်နွားတစ်ကောင်ပမာ ‘ ငါးဆားနယ်' မြင်းရထားရှေ့သို့ အလိုလို တိုးကပ်လာတော့သည်။

ရှောင်ရှန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။ ထိုလှပသော ဇက်ကြိုးသည် အသိဉာဏ်ရှိသည့်အလား အလိုလို ပျံသန်းသွားပြီး မိကျောင်းကြီး၏ လည်ပင်းတွင် ကွက်တိ စွပ်မိသွားကာ ချက်ချင်းပင် တင်းကျပ်သွားသည်။

အပေါ်က ရတနာများမှ တောက်ပသော အလင်းတန်းများ ဖြာထွက်နေသည်မှာ ဤဧရာမ မိစ္ဆာကောင်ကြီးနှင့် လုံးဝ လိုက်ဖက်မှုမရှိဘဲ အနည်းငယ် ရယ်စရာကောင်းနေသည်။

“အင်း.. မဆိုးဘူး၊ အတိုင်းအတာက ကွက်တိပဲ”

ထို့နောက် ရှောင်ရှန်းသည် ချန်ချင်းဘက်သို့ လှည့်ကာ ဆိုလိုက်၏။

“စစ်သူကြီးချန်.. သတ္တိရှိတဲ့ ညီအစ်ကို နှစ်ယောက်လောက် ရှာပြီး မြင်းရထားနဲ့ တွဲချိတ်ဖို့ လုပ်ပေးပါဦး"

ချန်ချင်း၏ နှုတ်ခမ်းသားများမှာ တဆက်ဆက် တုန်ခါသွားသော်လည်း နောက်ဆုံးတွင် ဦးညွှတ်ကာ ဖြေကြားလိုက်သည်။

“အမိန့်အတိုင်းပါ အရှင့်သား”

ဤသို့ဖြင့် သာရှမင်းဆက်၏ သမိုင်းတစ်လျှောက် အဆန်းပြားဆုံး မြင်ကွင်းကြီး ပေါ်ပေါက်လာတော့သည်။

အလျား ပေတစ်ရာကျော်ရှိသော ရှေးဦးမိကျောင်းကြီးသည် လည်ပင်းတွင် ရတနာမျိုးစုံ စီခြယ်ထားသော ဇက်ကြိုးကို စွပ်လျက် ရှေ့မှနေ၍ အားကုန် ယက်ကန်နေရှာသည်။

၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးသည် ရွှံ့ညွန်ထဲတွင်ပင် ကုန်းမြေပေါ်၌ လျှောက်လှမ်းနေသည့်အလား လျှင်မြန်သော အရှိန်ဖြင့် ဧရာမ ဇိမ်ခံမြင်းရထားကြီးကို ဆွဲလျက် လှိုင်းတံပိုးများကို ဖြတ်ကျော်ကာ ရှေ့သို့ ပြေးနှင်နေ၏။

မြင်းရထား ဖြတ်သန်းသွားသော နေရာတိုင်းတွင် ရွှံ့ရေများ လှိုင်းထန်သွားပြီး အဆိပ်ငွေ့များ လွင့်စင်ကုန်သည်။ ပုံမှန်ဆိုလျှင် ရွှံ့ညွန်ထဲတွင် ပုန်းအောင်းနေတတ်သော အဆိပ်ရှိသော ပိုးမွှားများနှင့် မြွေကောင်များသည် ယခုအချိန်တွင် အရိပ်ပင်မပြရဲကြဘဲ အဝေးသို့ ထွက်ပြေးကုန်ကြသည်။

​ထို ‘ငါးဆားနယ်’ မြင်းရထားအတွင်း၌ ရှောင်ရှန်းသည် သူ၏ ရေခဲကျောက်ကုတင်ထက်တွင် ပြန်လည်လဲလျောင်းနေပြီ ဖြစ်၏။ သူ၏ လက်ထဲ၌ စူးဝမ်ချင်း ဖျော်စပ်ပေးထားသော ရေနွေးကြမ်းပူပူကို ကိုင်ဆောင်ထားရင်း ရထားပြတင်းပေါက်မှတစ်ဆင့် ပြင်ပတွင် လျှင်မြန်စွာ ကျန်ရစ်ခဲ့သည့် ရွှံ့နွံတော ရှုခင်းများကို ဇိမ်ရှိရှိဖြင့် ကြည့်ရှုခံစားနေခဲ့သည်။

“ဟေ့.. ရှောင်ချွေ ဘယ်ဘက်ကို နည်းနည်းကွေ့ဦး၊ ဘယ်ဘက်ကို...ဟုတ်ပြီ ၊ အဲဒီ ရေအိုင်ကို ရှောင်ဦး...ရထားဆောင့်တယ်"

“ငါပြောတာက.. မင်း လမ်းတည့်တည့် မသွားနိုင်ဘူးလား... ဟိုကွေ့ဒီကွေ့ လျှောက်သွားနေတာ ဘာသဘောလဲ...ငါကိုယ်တော်က မူးတတ်တာ မဟုတ်ဘူး ..ခု မင်းကြောင့် မူးချင်သလိုလို ဖြစ်နေပြီ"

ရှောင်ရှန်း၏ ဖြစ်သလို အမည်ပေးလိုက်သော"ရှောင်ချွေ" ဟူသည့် နှစ်တစ်ထောင် မိကျောင်းကြီးသည် ဝမ်းနည်းပူဆွေးစွာဖြင့် တိုးညင်းစွာ ဟိန်းဟောက် နေရှာပြီး ၊ မိမိအနေဖြင့် အကောင်းဆုံး ထိန်းညှိမောင်းနှင်နေကြောင်း ဆင်ခြေပေးနေပုံရသည်။

ရထားအပြင်ဘက်တွင် မြင်းစီးလျက် ယှဉ်တွဲလိုက်ပါလာသော ယဲ့လင်ရွှမ်းသည် မိမိ၏ လောကအမြင်သုံးရပ်လုံးမှာ အကြိမ်ကြိမ် ချေမှုန်းခံရပြီးနောက် ပြန်လည်တည်ဆောက်လိုက်၊ တစ်ဖန် ပြာမှုန့်အဖြစ် ကြေမွသွားလိုက်နှင့် သံသရာလည်နေသကဲ့သို့ ခံစားလိုက်ရသည်။

သူမသည် ဓားပညာကို အနှစ်သုံးဆယ်ပတ်လုံး အသည်းအသန် လေ့ကျင့်ခဲ့ပြီး မိစ္ဆာများကို နှိမ်နင်းကာ တောတောင်အနှံ့ လျှောက်လှမ်းလျက် သေဘေးပေါင်းများစွာကို ကျော်ဖြတ်ခဲ့ဖူးသူ ဖြစ်သည်။

သူမ အမြဲယုံကြည်စောင့်ထိန်းခဲ့သည်မှာ ဓားသွားထက်မှ ဖြောင့်မတ်ခြင်းတရားနှင့် မကောင်းမှုဟူသမျှကို အမြစ်ပြတ် ချေမှုန်းရေးပင် ဖြစ်သည်။

All Chapters