← Chapters

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း (၂၃၂) - အရှင့်သား၊ ကျွန်တော်မျိုးအား 《နှလုံးသားကျင့်စဉ်》ကို သင်ကြားပေးဖို့ တောင်းပန်အပ်ပါတယ်

' ရှောင်ဖို့ ပျင်းတယ်ဆိုတာ ဘာသဘောလဲ...ပြောချင်တာ ပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုးစုံနဲ့ ရင်ဆိုင်ရချိန်မှာတောင် သူကတော့ တောင်ကြီးတစ်လုံးပမာ မလှုပ်မယှက်ဘဲ နေနိုင်တယ်...ဒါဟာ ယုံကြည်မှုအပြည့်ရှိတယ်လို့ ဆိုလိုတာပဲ...'တောင်ကြီးပမာ မလှုပ်မယှက် ရှိနေခြင်း’ ဆိုတာဟာ စိတ်နယ်ပယ်အရာမှာ အထွပ်အထိပ်အဆင့်ကို ရောက်ရှိနေခြင်းပဲ'

‘သူ့ဟာသူ စုပ်ယူမိသွားတယ် ဆိုတာကရော ဘာသဘောလဲ... ပြင်ပက လာတဲ့စွမ်းအင်မှန်သမျှ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ့်အတွက် အသုံးချနိုင်တာဟာ ဒါက ‘မြစ်ချောင်းအားလုံး ပင်လယ်ထဲ စီးဝင်သကဲ့သို့ အရာအားလုံးကို လက်ခံနိုင်ခြင်း’ ဆိုတဲ့ သိုင်းပညာရဲ့ အဆုံးစွန်ကို ရောက်ရှိပြီဆိုတာကို သက်သေပြလိုက်တာပဲ'

ချန်ချင်းသည် သူ့ဘဝတစ်လျှောက် စစ်မြေပြင်တွင် ကျင်လည်သတ်ဖြတ်ရင်း သူ၏ သိုင်းပညာမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် သတ်ဖြတ်ခြင်း အငွေ့အသက်များနှင့် စစ်မြေပြင်၏ အရှိန်အဝါများက ခန္ဓာကိုယ်တွင် အလွန်များပြားနေသဖြင့် နောက်ဆုံး အတားအဆီးကို ဘယ်တော့မှ မကျော်ဖြတ်နိုင်ဘဲ ပြီးပြည့်စုံခြင်းအဆင့်သို့ မရောက်ရှိနိုင်ခဲ့ပေ။

သူ အမြဲတမ်း လိုက်လံရှာဖွေခဲ့သည်မှာ ပို၍ ပြင်းထန်သော အားအင်၊ ပို၍ မြန်ဆန်သော ဓားနှင့် ပို၍ ထက်မြက်သော သိုင်းကွက်များသာ ဖြစ်သည်။ သို့သော် တကယ့် စစ်မှန်သော အစွမ်းထက်ဆုံး နိယာတရားမှာ ‘မပြိုင်ဆိုင်ခြင်း’ နှင့် ‘ဘာမှမလုပ်ဘဲ နေခြင်း ' ဖြစ်လိမ့်မည်ဟု ဘယ်သောအခါမှ တွေးထင်မထားခဲ့ပေ။

'တကယ်ကို ဒီလိုပါပဲလား.... တကယ်ကို ဒီလိုပါပဲလား ၊ အရှင့်သားက ငါ့ကို လမ်းညွှန်ပြသပေးနေတာပဲ'

ဤအချက်ကို သဘောပေါက်သွားချိန်တွင် ချန်ချင်း တစ်ယောက် စိတ်လှုပ်ရှားမှု ပြင်းထန်ကာ ခန္ဓာကိုယ်သည်ပင် တုန်ယင်လျင် ၊ မျက်နှာထက်တွင် ကြည်ညိုလေးစားမှုများနှင့် ရူးသွပ်မှုများ အတိုင်းသား ထင်ဟပ်လာ၏။

သူသည် ရှောင်ရှန်းရှေ့သို့ အမြန် တိုးကပ်သွားပြီး “ဝုန်း” ခနဲ့ ဒူးတစ်ဖက် ထောက်လျက် ၊ ကောင်းကင်နှင့်မြေကြီး တုန်ဟည်းမတတ် ထူးခြားသော အရိုအသေပေးမှုကြီးကို ပြုလုပ်လေတော့၏။

“အရှင့်သား...ကျွန်တော်မျိုးက ဉာဏ်ပညာ နည်းလွန်းပါတယ်...ဒီနေ့ အရှင့်သားရဲ့ အဖိုးတန်တဲ့ စကားလုံးတွေကို ကြားရမှသာ ‘ဘာမှမလုပ်ခြင်းဖြင့် အရာအားလုံးကို ပြီးမြောက်စေခြင်း’ ဆိုတဲ့ သိုင်းပညာရဲ့ တကယ့်အနှစ်သာရကို သဘောပေါက်နိုင်ခဲ့ပါတယ်"

" ကျွန်တော်မျိုး…… ကျွန်တော်မျိုး သတ္တိမွေးပြီး တောင်းဆိုပါရစေ....အရှင့်သားထံကနေ ‘ ငါးဆားနယ်တစ်ကောင်၏ နေထိုင်ခြင်း' မဟုတ်ပါဘူး...' ဘာမှမလုပ်ခြင်းဖြင့် နှလုံးသားကျင့်စဉ်'ကို သင်ကြားပေးဖို့ မျှော်လင့်ပါတယ်"

ဤမြင်ကွင်းသည် လူတိုင်းကို လုံးဝ ကြောင်အမ်းသွားစေခဲ့သည်။ အထူးသဖြင့် ရှောင်ရှန်း ကိုယ်တိုင်ဖြစ်ပြီး ၊ သူသည် ချန်ချင်း၏ ရုတ်တရက် တောင်းဆိုမှုကြောင့် လန့်ဖျပ်သွားပြီး စိတ်ရောဂါရှင်တစ်ယောက်ကို ကြည့်သည့် မျက်နှာပေးမျိုးဖြင့် ကြည့်နေမိသည်။

“စစ်သူကြီး ချန်.. ခင်ဗျား ဘာမှမဖြစ်ပါဘူးနော်....မြေကြီးက အေးတယ်၊ အမြန်ထ အမြန်ထ”

“အရှင့်သား သဘောမတူရင် ကျွန်တော်မျိုး ဘယ်တော့မှ မထတော့ဘူး”

ချန်ချင်း၏ သဘောထားမှာ ပြတ်သားလွန်းပြီး မျက်ဝန်းများက လူကို ဝါးမြိုမတတ် ပူပြင်းလှပေသည်။

“……...."

ရှောင်ရှန်း တစ်ယောက် ခေါင်းကိုက်သွားသည်။ သူ အကြောက်ဆုံးမှာ ဤကဲ့သို့ ခေါင်းမာသော စစ်သားများ ဖြစ်ပြီး၊ အကျိုးအကြောင်း ပြော၍မရသည့်အပြင် အလွန်လည်း ဇွဲကောင်းကြသည်။ စစ်တပ်ကြီးတစ်ခုလုံးကို ကိုင်လှုပ်နိုင်သော စစ်သူကြီးတစ်ယောက်က မိမိရှေ့တွင် ဒူးထောက်နေသည်ကို အပြင်သို့ ပြန့်နှံ့သွားပါက မည်သို့ ရှိအံ့နည်း။

“ကဲ.. ကဲ.. ကဲ.. တော်တော့ ကောင်းပြီ"

ရှောင်ရှန်း တစ်ယောက် အဆုံးတွင် လက်မြှောက် အရှုံးပေးလိုက်ရတော့သည်။

“အဲ့…… နှလုံးသားကျင့်စဉ်…… နှလုံးသားကျင့်စဉ်ရဲ့ အနှစ်သာရက တကယ်တော့ စကားလုံး ရှစ်လုံးပဲ ရှိတယ်"

ချန်ချင်းသည် ချက်ချင်းပင် အာရုံစိုက်လိုက်ပြီး နားစွင့်လိုက်သည်။ ဘေးနားက ယဲ့လင်ရွှမ်းပင်လျှင် အာရုံစိုက်ကာ နားထောင်နေမိသည်။

ရှောင်ရှန်းသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး လေးနက်သော မျက်နှာပေးဖြင့် အဖြေကို ထုတ်ပြန်လိုက်သည်။

“လှဲလို့ရရင် မထိုင်နဲ့၊ စားလို့ရရင် မပြောနဲ့"

ထိုသို့ပြောပြီးသည်နှင့် ရှောင်ရှန်းသည် ဤရူးသွပ်သော အမာခံပရိသတ်ကြီးလက်မှ အမြန်ဆုံး လွတ်မြောက်ရန် ကြံရွယ်လိုက်သည်။ ထို့နောက် လက်တွေ့ပြသပေးသည့် အနေဖြင့် ဘေးနားရှိ နေရောင်ခြည်ကြောင့် နွေးထွေးနေသော မြက်ခင်းပြင်ဆီသို့ လျှောက်သွားလိုက်သည်။

သူသည် အသက်သာဆုံးအနေအထားဖြင့် လှဲချလိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းအောက်တွင် ခုအုံးပြုကာ မျက်လုံးများကို မှိတ်လျက် အိပ်ပျော်ဟန်ဆောင်ကာ လက်တွေ့ သရုပ်ပြခဲ့သည်။

ချန်ချင်း : “……”

ယဲ့လင်ရွှမ်း : “……”

ပတ်ဝန်းကျင်ရှိ ကိုယ်ရံတော်စစ်သည်များမှာ ရယ်ချင်စိတ်ကို အတင်းအကျပ် အောင့်အည်းထားရသဖြင့် ပခုံးများမှာ တရစပ် တုန်ခါနေသည်။

သို့သော်လည်း အမာခံပရိတ်သက်ကြီး ချန်ချင်းမှာ ခဏတာ ကြောင်အမ်းသွားပြီးနောက် ဆက်လက်ပြီး သူ၏ မျက်ဝန်းထဲက ရူးသွပ်မှုများသည် ပို၍ ပြင်းထန်လာတော့၏။

'အရှင့်သားက အရိုးရှင်းဆုံး စကားလုံးတွေနဲ့ သုံးနှုန်းပြီး အနက်ရှိုင်းဆုံး သဘောတရားကို ရှင်းပြနေတာပဲ... ‘လှဲလို့ရရင် မထိုင်နဲ့’ ဆိုတာက စွဲလမ်းမှုတွေကို စွန့်လွှတ်ခိုင်းပြီး ခန္ဓာကိုယ်ကို လျော့ချကာ စိတ်နဲ့ ဝိညာဉ်ကို တစ်သားတည်း ဖြစ်ခိုင်းတာပဲ...

‘စားလို့ရရင် မပြောနဲ့’ ဆိုတာက အပိုပြောတာကို လျော့ ၊ စိတ်ကို အာရုံစိုက်ထားဖို့နဲ့ စွမ်းအင်ကို ချွေတာခိုင်းတာပဲ...

ဒါဟာ ဆယ်စုနှစ်များစွာ တင်းမာနေခဲ့တဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါတွေကို စွန့်လွှတ်ခိုင်းပြီး စိတ်ဝိညာဉ်ကို လွတ်လပ်စေနိုင်မယ့် နည်းလမ်းတစ်ခုပဲ မဟုတ်ဘူးလား....'

'သဘောပေါက်ပြီ....ကျွန်တော်မျိုး လုံးဝ သဘောပေါက်သွားပါပြီ...'

ချန်ချင်းသည် အသက်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်ပြီးနောက် ၊ နေရာမှာတင် တင်ပျဉ်ခွေအနေအထားဖြင့် ရှောင်ရှန်း၏ ပုံစံအတိုင်း တုပကာ မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်ပြီး စိတ်ကို လျော့ထားလိုက်သည်။

သူသည် စစ်ရေးကိစ္စများကို မတွေးတော့သလို ၊ သိုင်းကွက်များကိုလည်း စဉ်းစားခြင်း မရှိ ၊ မိမိကိုယ်တိုင် ‘ကျင့်ကြံနေသည်’ ဆိုသည်ကိုပင် မေ့ထားလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ စခန်းတစ်ခုလုံး ထူးဆန်းသော မြင်ကွင်းကြီးတစ်ခု ပေါ်ပေါက်လာလေ၏။

အိမ်ရှေ့မင်းသားသည် မြက်ခင်းပြင်ပေါ်တွင် သက်တောင့်သက်သာဖြင့် နေပူဆာလှုံနေပြီး၊ မလှမ်းမကမ်းတွင် စစ်သူကြီးသည် တည်ကြည်သော မျက်နှာပေးဖြင့် တင်ပျဉ်ခွေလျက်သား ကျင့်ကြံအားထုတ်နေသည်။

တစ်ယောက်က ဘဝကြီးကို ခံစားနေသကဲ့သို့ ရှိပြီး၊ ကျန်တစ်ယောက်က လောကရှိ သဘောတရားများကို ဆင်ခြင်နေဟန်ရသည်။

ယဲ့လင်ရွှမ်းသည် ဘေးနားတွင် ရပ်လျက် ဤလူနှစ်ယောက်ကို ကြည့်ကာ ဘာပြောရမှန်းမသိ ဖြစ်နေသည်။ သူမ အနေဖြင့် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော ဓားလမ်းစဉ်သည် ခွေးကျကျသွားခဲ့ပြီလား ဟုပင် သံသယဝင်လာမိ၏။

အချိန်များသည် တစ်စတစ်စ ကုန်လွန်သွားသည်။

ချန်ချင်းသည် မူလကတည်းက စိတ်ဓာတ်ခိုင်မာသူဖြစ်ရာ ၊ အရာတစ်ခုကို ဆုံးဖြတ်ပြီးပါက အစွမ်းကုန် အားစိုက်ထုတ်တတ်သူ ဖြစ်သည်။

​သူသည် စိတ်ထဲရှိ အတွေးမျိုးစုံကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး မိမိကိုယ်ကိုယ် တစ်ခါမျှ မကြုံဖူးသေးသော ‘လွတ်လပ်ပေါ့ပါးခြင်း’ အခြေအနေထဲသို့ ဝင်ရောက်စေသည်။

​အစပိုင်းတွင်မူ သူ၏ ခန္ဓာကိုယ်ထဲ၌ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော စစ်မြေပြင်၏ သတ်ဖြတ်ခြင်း အရှိန်အဝါများသည် အလိုအလျောက် ထကြွနေဆဲဖြစ်ကာ၊ သူ့အနေဖြင့် စိတ်ကို အတင်းအကျပ် လျှော့ချထားသော်လည်း နေရာတိုင်းတွင် ဖီဆန်နေသဖြင့် သူ့အား အလွန်အမင်း စိတ်ရှုပ်ထွေးစေခဲ့သည်။

သို့သော်လည်း သူသည် ရှောင်ရှန်း၏ တည်ငြိမ်သော အသက်ရှူပုံစံကို အတုယူကာ ဆက်လက် ကျင့်ကြံလာသည်နှင့် အမျှ၊ နှစ်ပေါင်းများစွာ တင်းကျပ်နေခဲ့သော သူ၏ သတ်ဖြတ်လိုစိတ်သည် အံ့ဩဖွယ်ကောင်းလောက်အောင်ပင် တစ်စတစ်စ ပြေလျော့သွားခဲ့သည်။

ရိုင်းစိုင်းကြမ်းကြုတ်သော သတ်ဖြတ်ခြင်းအရှိန်အဝါများသည် သခင်၏ ညွှန်ကြားမှုကို ဆုံးရှုံးသွားသည့်အလား ဖြည်းဖြည်းချင်း ငြိမ်သက်သွားကာ နောက်ထပ် မရုန်းကန်တော့ပေ။

သူ၏ ခန္ဓာကိုယ်ထဲ၌ တရွေ့ရွေ့ နစ်မြုပ်သွားရင်း သွေးစွမ်းအင်များနှင့် တစ်သားတည်း ပေါင်းစပ်သွား၏။ ​

All Chapters