← Chapters

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း(၂၃၅)

ဝမ်သယ်ကျုံးသည် ခါးသီးစွာ ပြုံးလိုက်ပြီး မြို့နှင့်အတူ အသေခံရန် နောက်ဆုံးအမိန့်ကို ပေးတော့မည့်အချိန် ၊

ရုတ်တရက် သူ၏ရင်ဘက်ထဲမှ ရှေးဦးဧကရာဇ်မင်းမြတ်ကိုယ်တိုင် ချီးမြှင့်ထားပြီး၊ မျိုးဆက်သုံးဆက်တိုင် လက်ဆင့်ကမ်းလာခဲ့သော ကာကွယ်ရေး အဆောင်ကျောက်စိမ်းပြားလေးသည် မည်သည့်အကြောင်းပြချက်မျှမရှိဘဲ အနည်းငယ် ပူနွေးလာသည်ကို ခံစားလိုက်ရသည်။

ထို့နောက် ပျင်းရိသံလေး ခပ်သဲ့သဲ့ပါသော အသံတစ်ခုက သူ၏ ခေါင်းထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။

"တောင့်ခံထား၊ စစ်ကူနဲ့ စားသောက်ပွဲတွေ လမ်းမှာ ရောက်နေပြီ..."

ဝမ်သယ်ကျုံး တစ်ကိုယ်လုံး တုန်ယင်သွားပြီး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တစ်ခဏချင်း တောင့်တင်းသွား၏။

'စစ်ကူ နဲ့ စားသောက်ပွဲ...ဒါက ဘယ်လို ထူးဆန်းတဲ့ ပေါင်းစပ်မှုကြီးလဲ'

သို့သော် ထိုကျောက်စိမ်းအဆောင်၏ ပူနွေးမှုသည် အလွန်စစ်မှန်နေပြီး ထိုအသံကလည်း အလွန်ပင် ယုံကြည်ချင်စရာ ကောင်းနေသည်။

' ဒါမှမဟုတ်... ဒါမှမဟုတ် ရှေးဦးဧကရာဇ်မင်းမြတ်က ကောင်းကင်ဘုံကနေ သိပြီး ကိုယ်ထင်ပြတာများလား'

ဝမ်သယ်ကျုံး၏ မျက်ဝန်းထဲ၌ ငြိမ်းသက်လုနီးပါး မီးတောက်များသည် "ဝုန်း" ခနဲ့ ပြန်လည်တောက်လောင်လာပြီး ယခင်က မရှိခဲ့ဖူးသော အလင်းရောင်များ ပေါက်ကွဲထွက်လာ၏။

သူသည် ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး အားကုန်သုံးကာ စစ်ဓားကြီးကို မြင့်မြင့်မြှောက်လျက် အသံကုန်ဟစ်အော်လိုက်သည်။

"ရှေးဦးဧကရာဇ် ကိုယ်ထင်ပြပြီ.... စစ်ကူတွေ ရောက်လာပြီတဲ့ ၊ ညီအစ်ကိုတို့....ငါ့အတွက် တောင့်ခံထားကြ ...အောင်ပွဲက မျက်စိရှေ့မှာပဲ"

.....

ဝမ်သယ်ကျုံး၏ "ရှေးဦးဧကရာဇ် ကိုယ်ထင်ပြပြီ" ဟူသော အော်ဟစ်သံသည် အပြင်းထန်ဆုံးသော အားဆေးတစ်ခွက်သဖွယ် ကျန်းနမ်ဂိတ်ရှိ ကာကွယ်ရေးစစ်သည်တော်များ၏ နှလုံးသားထဲသို့ ဝင်ရောက်သွားခဲ့သည်။

မျှော်လင့်ချက်မဲ့နေသော မျက်လုံးများက သွေးများပွက်ပွက်ဆူကာ ပြန်လည်တောက်လောင်လာပြီး ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်များမှ ခွန်အားများကို ထပ်မံ ညှစ်ထုတ်လိုက်ကြသည်။

"စစ်ကူတွေ ရောက်လာပြီတဲ့....အသေအလဲ ကာကွယ်ကြ..."

"သာရှမင်းဆက်အတွက်...သတ်"

ပြိုကျလုဆဲဆဲဖြစ်နေသော ခံစစ်မျဉ်းသည် အံ့ဖွယ်ကောင်းလောက်အောင် ပြန်လည်ခိုင်မာလာပြီး ၊ မြို့ရိုးထက်တွင် တိုက်ပွဲဝင်စိတ်ဓာတ်များ ပေါက်ကွဲထွက်လာကာ မြို့ရိုးအောက်မှ ဒီရေအလား တိုးဝင်လာသော တိုက်ခိုက်မှုများကို အတင်းအကြပ် တောင့်ခံထားနိုင်ခဲ့သည်။

သို့သော် ရှောင်ရှန်း ဦးဆောင်လာသော "ပွဲတော်တည်မယ့် တပ်ကြီး" သည် ကျန်းနမ်ဂိတ်အပြင်ဘက်သို့ တကယ်တမ်းရောက်ရှိလာသောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လူတိုင်း အံ့ဩမှင်သက်သွားလေ၏။

သိုးကင် တစ်ကောင်လုံးကို စားသောက်တော့မည် ဟူသော ရူးသွပ်မှုသည် အေးစက်သော အမှန်တရားကြောင့် ချက်ချင်းဆိုသလို ငြိမ်းသက်သွားခဲ့ရသည်။

ကျန်းနမ်ဂိတ်ကို ဝိုင်းရံတိုက်ခိုက်နေသူများမှာ သူတို့ထင်မှတ်ထားသော မြောက်ပိုင်းလူရိုင်းများ မဟုတ်ခဲ့ချေ။ ၎င်းတို့မှာ ပုံသဏ္ဍာန်အမျိုးမျိုးရှိသော မိစ္ဆာကောင်များ ဖြစ်နေ၏။

၎င်းတို့အားလုံးသည် တောင့်တောင့်ကြီး လှုပ်ရှားနေကြပြီး မျက်လုံးများက အသက်ဝိညာဉ်ကင်းမဲ့နေသော ရုပ်သေးစစ်သားများကဲ့သို့ပင်။

ထက်မြက်သော လက်သည်းများနှင့် အစွယ်များရှိကာ ခန္ဓာကိုယ်မှ အပုပ်နံ့များ ထွက်ပေါ်နေသော သားရဲမိစ္ဆာများသည် သေရမည်ကို မကြောက်မရွံ့ဘဲ မြို့ရိုးကို ဝင်တိုက်နေကြပြီး ၊ သူတို့၏ အသားစိုင်များဖြင့် ကာကွယ်ရေးစစ်သည်တော်များ၏ မြားများနှင့် ခွန်အားများကို ကုန်ခမ်းအောင် ပြုလုပ်နေ၏။

လေထဲတွင် ပျံ့နှံ့နေသည်မှာ သာမန်စစ်တလင်း၏ သွေးညှီနံ့မဟုတ်ဘဲ လူသေအလောင်းပုပ်နံ့နှင့် မိစ္ဆာစွမ်းအင်များ ရောနှောနေသော ထူးဆန်းသည့် အငွေ့အသက်များဖြစ်ပြီး လူကို အန်ချင်စိတ်ပေါက်စေသည်။

ဤသည်မှာ မိစ္ဆာကျင့်ကြံသူတစ်ဦးမှ ထိန်းချုပ်ထားသော သေမင်းတမန် စစ်တပ်ကြီးဖြစ်သည်မှာ ထင်ရှားပေသည်။ စစ်ပွဲအခြေအနေမှာ မီးခိုးငွေ့အချက်ပြမှုမှ သတိပေးထားသည်ထက် အဆတစ်ရာမက ပိုမိုပြင်းထန်နေသည်။

"တိုက်ပွဲဝင်ဖို့ ပြင်ကြ"

ချင်ချန်း၏ မျက်နှာမှာ ချက်ချင်းဆိုသလို မည်းမှောင်သွားပြီး ပွဲတော်တည်ရမည့် မျှော်လင့်ချက်များ ပျက်စီးသွားကာ ၊ စစ်သည်တစ်ယောက်၏ ခိုင်မာပြတ်သားမှုနှင့် အမျက်ဒေါသတို့က အစားထိုးဝင်ရောက်လာ၏။

စစ်သည်တော်သုံးထောင်ကလည်း "အစားအသောက်မက်သည့်စိတ်" မှ "တိုက်ပွဲဝင်စိတ်ဓာတ်" အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲလိုက်ကြသည်။ အခြေအနေသည် အနည်းငယ် ရှုပ်ထွေးနေသော်လည်း အထက်တန်းစား တပ်ဖွဲ့ ကြီး ဆိုသည့်အတိုင်း အလျင်အမြန်ပင် တပ်ဖြန့်လိုက်ကြသည်။

ထိုအချိန်မှာပင် ရှောင်ရှန်း၏ အကြည့်က သွေးထွက်သံယိုဖြစ်နေသော စစ်တလင်းကို ကျော်လွန်ကာ ရန်သူ့တပ်ဖွဲ့၏ အနောက်ဘက်သို့ ကျရောက်သွားသည်။

ထိုနေရာတွင် ဧရာမသားရဲကြီးများ၏ အရိုးစုများဖြင့် တပ်ဆင်ဖွဲ့စည်းထားသော အရိုးနဂါးကြီးတစ်ကောင်သည် လေထဲတွင် ဝဲပျံနေသည်။ အရိုးနဂါးကြီးသည် ၎င်း၏ တောင်ပံကို ဖြန့်ကျတ်ထားပြီး မျက်လုံးထဲ၌ အပြာရောင် ဝိညာဉ်မီးတောက်နှစ်ခု တောက်လောင်နေ၏။

တောင်ပံတစ်ချက် ခတ်လိုက်တိုင်း ရင်ထိတ်ဖွယ်ရာကောင်းသော သေမင်းတမန်လေပြင်းကို ဖန်တီးလို့နေသည်။

အရိုးနဂါးကြီး၏ ကျောပေါ်တွင် ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး အရိုးဖြူမှော်တောင်ဝှေးကို ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦး ရပ်နေသည်။ သူသည် ရလဒ်ထွက်ပေါ်ပြီးသား ပြဇာတ်တစ်ပုဒ်ကို ခံစားကြည့်ရှုနေသကဲ့သို့ စစ်တလင်းကို အေးအေးဆေးဆေး ငုံ့ကြည့်နေသည်။

သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အားကောင်းပြီး ယုတ်မာသော အငွေ့အသက်များအရ ၊ သူသည် ဤတပ်ကြီး၏ တပ်မှူးတစ်ယောက် ဖြစ်မည်မှာ သေချာသည်။

ယဲ့လင်ရွှမ်းနှင့် ချင်ချန်းတို့၏ အကြည့်များကလည်း ထိုနေရာသို့ ရောက်ရှိသွားပြီး ရင်တစ်ခုလုံး လေးလံသွားသည်။ ထိုမိစ္ဆာခေါင်းဆောင်၏ အငွေ့အသက်မှာ အလွန်နက်နဲပြီး ၊ ယခင်က အဆိပ်တစ်သောင်းဂိုဏ်းမှ အကြီးအကဲဝူနှင့် လုံးဝ နှိုင်းယှဉ်၍မရနိုင်ပေ။

"အိမ်ရှေ့စံမင်းသား၊ ဒီလူက တရားခံပဲ... ကျွန်တော်မျိုး ကိုယ်ရံတော်တပ်ကို ဦးဆောင်ပြီး သူ့ခေါင်းကို ဖြတ်ယူပါရစေ"

ချင်ချန်းက အမိန့်တောင်းခံလိုက်သည်။

အဆင့်တက်ပြီးနောက် ၊ သူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် နှင့် တိုက်ခိုက်လိုစိတ်တို့သည် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။ သို့သော် ရှောင်ရှန်းက သူ၏စကားကို မကြားသည့်အလား ရှိနေ၏။

သူ၏ မျက်လုံးများက ထိုအရိုးနဂါးကြီးကို စူးစိုက်ကြည့်နေပြီး ၊ အဖိုးတန်ရတနာတစ်ပါးကို မြင်လိုက်ရသည့်အလား တောက်ပ‌နေ၏။

သူသည် ယာဉ်တန်းထဲတွင် စစ်တလင်းကိုကြောက်၍ မြေပြင်ပေါ်၌ တုန်ယင်ဝပ်တွားနေသော မိစ္ဆာမိကျောင်းကြီးကို လှည့်ကြည့်လိုက်ပြီး ရွံရှာစွာဖြင့် နှုတ်ခမ်းတွန့်လိုက်သည်။

'အဆင့်နိမ့်လိုက်တာ၊ အရမ်းကို အဆင့်နိမ့်လွန်းတယ်...'

' ဒီမိကျောင်းက အလွန်ဆုံး ခရီးသွားယာဉ်လောက်ပဲ သတ်မှတ်လို့ရမယ်...မျက်စိရှေ့က အရိုးနဂါးကြီးကမှ တကယ့်စီးတော်ယာဉ်ပဲ...ဒါကမှ ငါ ကိုယ်တော်လို "အပျင်းဘုရင်" အိမ်ရှေ့စံမင်းသားရဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တာ'

"ရန်သူကို ဖမ်းချင်ရင် ခေါင်းဆောင်ကို အရင်ဖမ်းရမယ်၊ ဒီသဘောတရားကို ငါနားလည်တယ်..."

ရှောင်ရှန်းသည် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ချင်ချန်းနှင့် ယဲ့လင်ရွှမ်းတို့ကို လေးနက်စွာဖြင့် ပြောဆိုလိုက်သည်။

"အဲဒီကောင်ကို ငါ့တာဝန်ထားလိုက်"

ယဲ့လင်ရွှမ်း မျက်မှောင်ကြုတ်လိုက်သည်။

"ရှင် ဘယ်လိုလုပ်ဖို့ စီစဉ်ထားတာလဲ... အဲဒီလူရဲ့ ပတ်ဝန်းကျင်မှာ အစောင့်အရှောက်တွေ ထူထပ်မှာ သေချာတယ်၊ အတင်းဝင်တိုက်ဖို့ဆိုတာ မလွယ်ဘူး"

"ဘယ်သူက အတင်းဝင်တိုက်မယ်လို့ ပြောလို့လဲ"

ရှောင်ရှန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး လက်ဖျောက်တစ်ချက် တီးလိုက်သည်။

"စစ်သူကြီးချင်၊ ခင်ဗျားက ရှေ့တန်းစစ်မျက်နှာကို တာဝန်ယူ....တပ်ဖွဲ့ပုံစံကို ခိုင်ခိုင်မာမာ ထိန်းထားပေး၊ အဲဒီ မိစ္ဆာကောင်တွေ တပ်ဖွဲ့ကို ဖျက်ဆီးမရအောင် လုပ်နိုင်ရင်ကို ရပြီ...သူရဲကောင်းမယ် ယဲ့က မလိုလားအပ်တာတွေ မဖြစ်အောင် အရန်အနေနဲ့ ကူညီစောင့်ကြည့်ပေး"

ထိုသို့ပြောပြီးသည်နှင့် ၊ နှစ်ယောက်စလုံး၏ အမေးကို မစောင့်တော့ဘဲ သူ၏ "ငါးဆားနယ်" မြင်းရထား၏ အရိပ်ထဲသို့ လှည့်ဝင်သွားခဲ့သည်။

All Chapters