← Chapters

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း(၂၃၇) ဂုဏ်သရေရှိ ဧည့်သည်တော်အား ကြိုဆိုခြင်း

အရိုးနဂါးကြီး၏ ခြေသည်းတစ်ဖက်တွင် သတိလစ်မေ့မြောကာ အသက်မျော့မျော့သာ ကျန်တော့သည့် ရန်သူဘက်မှ တပ်မှူးကို အမှိုက်အိတ်တစ်လုံး ဆွဲလာသကဲ့သို့ ချိတ်ဆွဲထားလေ၏။

ချင်ချန်းနှင့် သူ့နောက်က စစ်သည်သုံးထောင်တို့သည် လှုပ်ရှားမှုများကို တပြိုင်နက်တည်း ရပ်တန့်လိုက်ကြပြီး ပါးစပ်အဟောင်းသားဖြစ်နေကြကာ လက်ထဲရှိ ဓားများကိုပင် လွှတ်ချလုနီးပါး ဖြစ်ခဲ့ရသည်။

'ဒီစစ်ပွဲက... ဒီလိုနဲ့ပဲ ပြီးသွားပြီလား'

ချင်ချန်းမှာ အရိုးနဂါးကြီး၏ ခေါင်းပေါ်တွင် အေးအေးဆေးဆေး ထိုင်နေပြီး ၊ သူ့ကိုပင် လက်လှမ်းပြနေသေးသော ရှောင်ရှန်းကို ကြည့်ပြီး ခေါင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရသည်။ အချိန်အတော်ကြာမှသာ သူသည် ဤစကားတစ်ခွန်းကို ညှစ်ထုတ်ကာ ပြောလိုက်နိုင်သည်။

" အရှင့်သား... ရန်သူဘက်က တပ်မှူးကို ဘယ်လိုလုပ်ပြီးများ... ခေါ်လာခဲ့တာလဲ"

.....

ချန်ချင်း၏ တအံ့တဩဖြစ်နေသည့် မေးခွန်းက တိတ်ဆိတ်ငြိမ်သက်နေသော စစ်တလင်းပြင်ထက်၌ ပဲ့တင်ထပ်သွားသည်။

မိမိတို့၏ တပ်မှူး ဖမ်းဆီးခံလိုက်ရပြီး စီးတော်ယာဉ်က သစ္စာဖောက်သွားခြင်းသည် မည်သည့်စစ်ဗုံသံ၊ အမိန့်သံများထက်မဆို ပို၍ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းသည်။

မကောင်းဆိုးဝါးစွမ်းအင်များဖြင့် လှုပ်ရှားနေသော ရုပ်သေးစစ်သည်များသည် လျှပ်စစ်ကြိုး အဖြုတ်ခံလိုက်ရသကဲ့သို့ လှုပ်ရှားမှုများ ချက်ချင်းဆိုသလို တောင့်တင်းသွားပြီး ၊ ' ဝုန်း'ခနဲ့ ကျယ်လောင်သံနှင့်အတူ မြေပြင်ပေါ်တွင် အစိတ်အပိုင်းများအဖြစ် ပြန့်ကျဲသွားကြသည်။

မိစ္ဆာစွမ်းအင်များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော သားရဲများသည်လည်း ထိန်းချုပ်မှုကင်းမဲ့ကာ ရူးသွပ်သွားကြပြီး အချင်းချင်း ကိုက်ဖြတ်ကြလေတော့သည်။ သို့မဟုတ် အရပ်မျက်နှာအနှံ့ ထွက်ပြေးသွားကြသည်။

ဤပရမ်းပတာဖြစ်မှုသည် ခဏတာမျှသာ ကြာမြင့်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ၊ ချန်ချင်းသည် စစ်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ဖူးသည့် စစ်သူကြီးတစ်ဦးဖြစ်ရာ တုန်လှုပ်ချောက်ချားမှုမှ အလျင်မြန်ဆုံး သတိပြန်လည်လာပြီး အလိုအလျောက် တုံ့ပြန်လိုက်သည်။

"ဝမ်သယ်ကျုံး..."

သူ၏ ဟစ်အော်သံကြောင့် မြို့ရိုးပေါ်ရှိ အစောင့်တပ်မှူးများလည်း ချက်ချင်းပင် သတိပြန်ကပ်လာကြသည်။

"ကျွန်တော်... ကျွန်တော် ရှိပါတယ်"

ဝမ်သယ်ကျုံးသည် တစ်ချက်တုန်ယင်သွားပြီး မြို့ရိုးအစွန်းဆီသို့ ကုန်းရုန်းပြေးလာခဲ့သည်။

"မြို့တံခါး ဖွင့်လိုက်...အထဲနဲ့အပြင် ပူးပေါင်းပြီး ကျန်တဲ့ ရန်သူတွေကို ရှင်းလင်းပစ်မယ်"

"အမိန့်တိုင်းပါ"

"ကျွိ" ဟူသော အသံကြီးနှင့်အတူ ပြင်းထန်စွာ ဖျက်ဆီးခံထားရသည့် ကျန်းနမ်ဂိတ်မြို့တံခါးကြီးသည် နောက်ဆုံးတွင် ပွင့်လာခဲ့သည်။

စိတ်ဓာတ်တက်ကြွနေသော အစောင့်တပ်များနှင့် စိတ်အားထက်သန်နေသော မြို့စောင့်တပ်သားများ ပေါင်းဆုံသွားကြပြီး ကျန်ရစ်နေသော ရန်သူများကို အလွယ်တကူပင် ချေမှုန်းနိုင်ခဲ့သည်။

သမိုင်းတွင်လောက်သည့် ရက်စက်ကြမ်းကြုတ်သော မြို့စောင့်တပ်တိုက်ပွဲကြီးသည် မည်သူမှ မျှော်လင့်မထားသော ပြဇာတ်ဆန်ဆန် နည်းလမ်းဖြင့် ရုတ်တရက် အဆုံးသတ်သွားခဲ့သည်။

ရှောင်ရှန်းသည် အောက်ဘက်မှ ရှင်းလင်းရေးလုပ်ငန်းများကို အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိပေ။ သူသည် စိတ်ဝင်တစားဖြင့် အရိုးနဂါး၏ ခေါင်းကို လှမ်းပုတ်လိုက်သည်။

အရိုးနဂါးသည်လည်း နာခံမှုရှိစွာဖြင့် ခေါင်းငုံ့ပေးသလို ၊ ၎င်း၏ ဟာလာဟင်းလင်းဖြစ်နေသော မျက်လုံးအိမ်မှ မှိုင်းညို့နေသော အပြာရောင် ဝိညာဉ်မီးတောက်နှစ်ခုသည် နူးညံ့စွာဖြင့် ခုန်ပေါက်နေ၏။ သူသည် အလိုလိုက်အကြိုက်ဆောင်သောအနေဖြင့် ရှောင်ရှန်း၏ ခြေထောက်ကိုပင် ပွတ်သီးပွတ်သပ် လုပ်နေသေးသည်။

"နောက်ဆို မင်းကို 'အရိုးအိုကြီး' လို့ပဲ ခေါ်တော့မယ်"

ရှောင်ရှန်းသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်နေမိသည်။

" မဆိုးဘူး...အစာကျွေးစရာလည်း မလိုဘူး...ဟိုမိကျောင်းတုံးကြီးထက် အများကြီးသာတယ်"

သူသည် အသက်မျော့မျော့ ကျန်တော့သည့် ရန်သူဘက်မှ တပ်မှူးကို နဂါးခြေသည်းတစ်ဖက်တွင် ချိတ်‌ဆွဲလျက် ၊ 'အရိုးအိုကြီး' ကို စီးနင်းကာ ကောင်းကင်ပေါ်မှ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့သည်။

ဝမ်သယ်ကျုံးသည် အပြေးအလွှား ရောက်လာပြီး "ဒူးထောက်" လိုက်ကာ စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များပင် စီးကျလာ၏။

" ကျွန်တော်မျိုး ဝမ်သယ်ကျုံး ...အိမ်ရှေ့စံမင်းသားကို အထူးကျေးဇူးတင်ရှိပါတယ်... ကျန်းနမ်ဂိတ်က စစ်သည်နဲ့ ပြည်သူ တစ်သိန်းကို ဒုက္ခတွင်းကနေ ကယ်တင်ပေးခဲ့သလို...ဘိုးဘေးဧကရာဇ်မင်းကြီးရဲ့ ကိုယ်ထင်ပြသမှုကိုလည်း ကျေးဇူးတင်ပါတယ်"

အိမ်ရှေ့စံမင်းသား၏ ဘုန်းကံကြီးမားမှုကြောင့်သာ ဘိုးဘေးဧကရာဇ်မင်းကြီးသည် စစ်ကူနဲ့ စားသောက်ပွဲတွေ လမ်းမှာ ရောက်နေပြီ..." ဆိုသော ဗျာဒိတ်စကားကို ချပေးခဲ့ခြင်း ဖြစ်ရမည်ဟု အခိုင်အမာ ယုံကြည်ထားသည်။

ရှောင်ရှန်းသည်ပင် တစ်ဖက်လူ၏ ဒူးထောက်မှုကြောင့် နားမလည်နိုင်ဖြစ်သွားသည်။

"ဘာဘိုးဘေးဧကရာဇ်မင်းကြီး ကိုယ်ထင်ပြတာတုန်း...မြန်မြန်ထ၊ ငါကိုယ်တော်က ဒီကို... လမ်းကြုံလို့ ဝင်ကြည့်တာ"

ထိုစဉ် ချန်ချင်းလည်း ရောက်ချလာပြီး မြေပြင်ပေါ်ရှိ အသက်ငင်နေသော ဝတ်ရုံနက် မိစ္ဆာကျင့်ကြံသူကို ကြည့်ကာ မေးမြန်းလိုက်သည်။

"အိမ်ရှေ့စံမင်းသား၊ ဒီကောင်ကို ဘယ်လို စီစဉ်ရမလဲ"

ရှောင်ရှန်းသည် ထိုလူကို အမှိုက်ထုပ်တစ်ထုပ် ပစ်ချသကဲ့သို့ မြေပြင်ပေါ်သို့ ပေါ့ပေါ့ဆဆ ပစ်ချလိုက်သည်။

"စစ်ဆေးကြည့်လိုက်... ဗိုက်ဝနေလို့ ဒီကိုပြေးလာပြီး ဘာပါတီလာပေးတာလဲလို့ မေးကြည့်လိုက်"

သို့သော်လည်း စစ်ဆေးမေးမြန်းမှု လုပ်ငန်းစဉ်မှာ အဆင်မပြေခဲ့ပေ။ ထို "အရိုးမိစ္ဆာသခင်" သည် ၎င်း၏ မိစ္ဆာစွမ်းအင် အူတိုင် ဖျက်ဆီးခံလိုက်ရပြီး သူ့ကိုယ်ပိုင်အရိုးနဂါး၏ တိုက်ခိုက်မှုကြောင့် သတိလွတ်သွားခဲ့ပြီ ဖြစ်သည်။

ချန်ချင်းအနေဖြင့် မည်မျှပင် အတင်းအကျပ် မေးမြန်းစေကာမူ ၊ သူသည် မြေပြင်ပေါ်တွင် ကွေးကွေးလေး ရှိနေပြီး စကားတစ်ခွန်းတည်းကိုသာ ထပ်တလဲလဲ ရေရွတ်နေခဲ့သည်။

"တောင်ကြားတံခါး... တောင်ကြားတံခါး ပွင့်တော့မယ်... အထက်တမန်တော်ကို ကြိုဆိုပါတယ်... အထက်တမန်တော်ကို ကြိုဆိုပါတယ်..."

"တောင်ကြားတံခါး..ဘာ တောင်ကြားတံခါးလဲ"

ချန်ချင်း မျက်မှောင်ကြုတ်သွားသည်။

ဒေသခံ လက်ထောက်စစ်သူကြီးတစ်ဦးက မျက်နှာပျက်သွားပြီး အနားသို့ကပ်ကာ ပြောလိုက်သည်။

"စစ်သူကြီး၊ သူပြောတာက... ကျန်းနမ်ဂိတ်ရဲ့ အနောက်ဘက် မိုင်သုံးဆယ်အကွာက 'ယွင်ရှန်းတောင်ကြား' များလား"

"ယွင်ရှန်းတောင်ကြား ဟုတ်လား"

ယဲ့လင်ရွှမ်း၏ အေးစက်စက် လေသံ ထွက်ပေါ်လာသည်။

"ကျွန်မ ကြားဖူးတာကတော့ အဲ့နေရာဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာက စစ်ပွဲကြီးရဲ့ အဆုံးသတ်နေရာဖြစ်ပြီး နတ်တမန်တော်တွေ တော်တော်များများ အဲ့မှာ ကျဆုံးခဲ့တယ်လို့ ဆိုကြတယ်..."

" ဟင်းလင်းပြင်က မတည်ငြိမ်ဘဲ အငြိုးအတေးများတဲ့ ဝိညာဉ်တွေ၊ မိစ္ဆာတွေ မကြာခဏ ထွက်ပေါ်လာတတ်လို့ သာရှရဲ့ တားမြစ်နယ်မြေ ဆယ်ခုထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရတာပဲ"

ချန်ချင်း၏ မျက်နှာအမူအရာမှာ ပို၍ တင်းမာသွားသည်။

ဤတစ်ခေါက် ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ကောင်းကင်တံခါး၏ မူမမှန်သော လှုပ်ရှားမှုများကို စုံစမ်းရန်ဖြစ်ပြီး ၊ ဤယွင်ရှန်းတောင်ကြားသည် ကောင်းကင်တံခါးတည်ရှိရာ နေရာပင် ဖြစ်သည်။

ဤအရာအားလုံးကို ဆက်စပ်ကြည့်လိုက်ပါက အဖြေမှာ ထွက်ပေါ်လာချေပြီ။

လူတိုင်း၏ အကြည့်များက ရှောင်ရှန်းထံသို့ တပြိုင်နက်တည်း ရောက်ရှိသွားကြသည်။

ဤကိစ္စသည် သာမန်စစ်ပွဲများ၏ အတိုင်းအတာထက် ကျော်လွန်နေပြီး တားမြစ်နယ်မြေနှင့် အမည်မသိ "အထက်တမန်တော်" တို့နှင့် ပတ်သက်နေသည်။

ထို့ကြောင့် ဤကိစ္စကို ဆုံးဖြတ်ချက်ချနိုင်သူမှာ မည်သို့မျှပင် ခန့်မှန်းလို့မရနိုင်သော ဤအိမ်ရှေ့စံမင်းသား တစ်ပါးတည်းသာ ရှိ၏။

ရှောင်ရှန်းသည် လူတိုင်း၏ အကြည့်ကို သတိပြုမိခဲ့ပြီး သူ သဘောပေါက်သွားလေပြီ။ သူကိုယ်တိုင်က အုတ်တစ်ချပ်ဖြစ်နေပြီး၊ ပြဿနာရှိသည့်နေရာတိုင်းသို့ သယ်ယူခံရမည်ဖြစ်ကာ ရှောင်ပုန်းလို့မဖြစ်နိုင်တော့ပေ။

သူသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဘဝကြီးကို စိတ်ကုန်နေသော မျက်နှာထားဖြင့် အရိုးနဂါး၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။

"ရပြီ ရပြီ....ငါ သိပြီ"

All Chapters