← Chapters

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း (၂၅၀) - ဒဏ္ဍာရီထဲက အမတဂိုဏ်းဆိုတာ မှောင်ခိုလောင်းကစားဝိုင်းကြီးလား

အရိုးနဂါး "အရိုးအိုကြီး" သည် အမိန့်ရသည်နှင့် စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်သို့ မော့ကာ အသံရှည်ကြီးဖြင့် ဟိန်းဟောက်လိုက်ပြီး လေထဲသို့ ထိုးတက်လေတော့၏။

ရှောင်ရှန်းသည် အရိုးနဂါး၏ ကျယ်ပြန့်သော ကျောပေါ်တွင် သက်တောင့်သက်သာဖြင့် လှဲလျောင်းနေပြီး၊ လက်တစ်ဖက်က ခေါင်းကို ခုထားကာ အခြားလက်တစ်ဖက်က အေးမြပြီး နူးညံ့သော "စိတ်ငြိမ်ကျောက်တုံး" ကို ကစားရင်း ကျေနပ်အားရစွာ မျက်လုံးမှိတ်ထားသည်။

အရိုးနဂါးကဲ့သို့သော စီးတော်ယာဉ်မျိုး၏ အမြန်နှုန်းသည် သာမန်မြင်းများနှင့် လုံးဝ နှိုင်းယှဉ်၍ မရကြောင်း ဝန်ခံရပေမည်။

၎င်း၏ တောင်ပံတစ်ချက် ခတ်လိုက်ရုံဖြင့် မိုင်ပေါင်းများစွာ ရောက်ရှိသွားပြီး၊ တစ်ရက်တည်းဖြင့် တောင်တန်းပေါင်း တစ်သိန်း၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိသွားလေ၏။

တောင်ဘက်သို့ ပျံသန်းလေလေ၊ ရှုခင်းများက ပို၍ ထူးဆန်းလေလေ ဖြစ်သည်။ ကောင်းကင်ထိ မြင့်မားသော သစ်ပင်ကြီးများက နေရောင်ကို ဖုံးကွယ်ထားပြီး၊ တောင်ကြားတွင် အဆိပ်ငွေ့များ ရစ်ပတ်နေကာ၊ သာမန်လူအဖို့ ဤနေရာသို့ ဝင်ရောက်လာပါက ၊ နေ့ဝက်ပင် မပြည့်ခင် လမ်းပျောက်သွားပြီး အဆိပ်ရှိသော အင်းဆက်များနှင့် သားရဲများ၏ စားသောက်ခြင်းကို ခံရပေလိမ့်မည်။

သို့သော် ရှောင်ရှန်း၏ ဤအဖွဲ့မှာမူ အတားအဆီးမရှိ သွားလာနေကြသည်။ ရှေ့တွင် အရိုးနဂါးကဲ့သို့သော သေမင်းတမန် အရှင်သခင်က လမ်းရှင်းပေးနေသဖြင့် သာမန် သားရဲများမှာ ရှောင်ရှားရန်ပင် အချိန်မရလိုက်ပေ။

ထို့အပြင် ရှောင်ရှန်း၏ လက်ထဲရှိ "စိတ်ငြိမ်ကျောက်တုံး" မှာ ပို၍ပင် အံ့ဩဖွယ်ကောင်းလှပြီး၊ ၎င်းမှ ထုတ်လွှတ်သော အေးမြသည့် အငွေ့အသက်သည် ဦးနှောက်ထဲရှိ ဆူညံသံများကို တားဆီးပေးရုံသာမက ဤနေရာရှိ အာရုံလှည့်စားမှုများနှင့် အဆိပ်ငွေ့များကိုပါ ဖယ်ရှားပေးနိုင်စွမ်း ရှိသည်။

နောက်ထပ် နေ့ဝက်ခန့် ခရီးဆက်ပြီးနောက် အရိုးနဂါး၏ အမြန်နှုန်းမှာ ဖြည်းညင်းစွာ လျော့ကျသွားသည်။ ရှေ့မှ ဟင်းလင်းပြင်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော ပုံပျက်မှုများ စတင် ဖြစ်ပေါ်လာပြီး မြင်ကွင်းများက ဝေဝါးကာ မစစ်မှန်တော့ပေ။

သေးငယ်သော အက်ကွဲကြောင်းများက ပင့်ကူအိမ်ကဲ့သို့ ဟင်းလင်းပြင်တွင် ပြည့်နှက်နေပြီး အန္တရာယ်ရှိသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

"အိမ်ရှေ့စံမင်းသား...ရှေ့မှာက 'ရှောင်ဝမ့်ချွမ်း' (မေ့လျော့ခြင်း မြစ်ငယ်) ရဲ့ အဝင်ဝ ဧရိယာပဲ"

စူးဝမ်ချင်းက လေးနက်စွာ ဆိုလေ၏။

"ဒီနေရာရဲ့ ဟင်းလင်းပြင် နိယာမတွေက ကမောက်ကမ ဖြစ်နေပြီး အစီအရင် အတားအဆီးတွေလည်း ထပ်နေတာမို့ သတိထားပြီး သွားရမယ်"

အရိုးနဂါးက အတော်လေး ညီညာသော တောင်ကြားတစ်ခုရှေ့တွင် ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။

တောင်ကြားအဝင်ဝကို သာမန်မျက်စိဖြင့် မမြင်နိုင်သော စွမ်းအင်နံရံတစ်ခုက ပိတ်ဆို့ထားပြီး၊ ထိုနံရံပေါ်တွင် ရှေးဟောင်း ဂါထာမန္တန်များက မသဲမကွဲ သက်ဝင်နေကာ ရှေးကျပြီး အစွမ်းထက်သော အငွေ့အသက်များကို ထုတ်လွှတ်နေပြီး တောင်ကြား၏ အပြင်နှင့် အထဲကို ကမ္ဘာနှစ်ခုအဖြစ် ခွဲခြားထားသည်။

ချန်ချင်းက ရှေ့တစ်လှမ်း တိုးလိုက်ပြီး၊ တစ်ကိုယ်လုံးရှိ သွေးနှင့် ချီစွမ်းအင်များကို လှုံ့ဆော်၍ အားကုန်သုံးကာ လက်သီးတစ်ချက် ထိုးချလိုက်သည်။

သို့သော် စစ်တပ်တစ်ခုလုံးကိုပင် ထိတ်လန့်သွားစေနိုင်သော ဤလက်သီးချက်သည် ထိုပုံသဏ္ဍာန်မဲ့ နံရံပေါ်သို့ ကျရောက်သွားချိန်တွင် ရေလှိုင်းလေး တစ်ချက်မျှသာ ထသွားပြီး မည်သည့်အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေ၏။

"အတော်လေး အစွမ်းထက်တဲ့ အတားအဆီးပဲ"

ချန်ချင်းသည် လက်သီးကို ပြန်ရုပ်လိုက်ပြီး သူ၏ မျက်နှာထားမှာ လေးနက်သွားသည်။

ယဲ့လင်ရွှမ်းသည်လည်း ဓားဆန္ဒကို လှုံ့ဆော်ရန် ကြိုးစားကြည့်သော်လည်း ရလဒ်မှာ အတူတူပင်ဖြစ်ပြီး၊ ဓားစွမ်းအင်က နံရံနှင့် ထိတွေ့မိသည်နှင့် ပျောက်ကွယ်သွားသည်။

လူတိုင်း နည်းလမ်း ရှာမရဖြစ်နေချိန်တွင်၊ အရိုးနဂါး ကျောပေါ်တွင် တစ်ချိန်လုံး အိပ်ငိုက်နေသော ရှောင်ရှန်းသည် သူတို့၏ ဆူညံသံများကြောင့် အနည်းငယ် စိတ်မရှည်ဖြစ်လာသည်။

သူသည် ထထိုင်လိုက်ပြီး အကြောဆန့်ကာ သမ်းဝေရင်း နဂါးကျောပေါ်မှ ဆင်းလာခဲ့သည်။ သူသည် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ရှုလိုက်ရာ ၊ လူတစ်ပိုင်းစာလောက် မြင့်ပြီး မျက်နှာပြင် ချောမွေ့ကာ ထိုင်လို့ကောင်းမည့်ပုံပေါ်သော ကျောက်စိမ်းတုံး တစ်တုံးကို တွေ့လိုက်ရသည်။

သူသည် ထိုနေရာသို့ သွားပြီး ဖင်ထိုင်ချလိုက်ကာ ဟေးမု လူမျိုးစုခေါင်းဆောင်ဆီမှ ရထားသော "စိတ်ငြိမ်ကျောက်တုံး" ကိုလည်း ဖင်အောက်တွင် ခုထားလိုက်သည်။

ထိုင်ရသည်မှာ သက်တောင့်သက်သာ ရှိသွားပြီဖြစ်သော်လည်း၊ "စိတ်ငြိမ်ကျောက်တုံး" ကြောင့် အသံတိတ်သွားသော ဦးနှောက်ထဲရှိ ထို "ကွေ့ရွှီး လမ်းညွှန်" မှာ ဆူညံမနေတော့သော်လည်း၊

သို့သော် နေရာယူထားပြီး အလုပ်မလုပ်သော ဗိုင်းရပ်စ်ဆော့ဖ်ဝဲ တစ်ခုကဲ့သို့ သူ့ကို နေရခက်စေဆဲပင်။

'ဒါကို... ညှစ်ထုတ်လို့ ရမလား'

ရှောင်ရှန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး၊ နဂါးသွေးကြော ဆုံမှတ်ဆီမှ "ဖောက်" ယူလာခဲ့သော အလွန်သန့်စင်သည့် စွမ်းအင် အနည်းငယ်ကို လှုံ့ဆော်ကာ နတ်အသိစိတ် သမုဒ္ဒရာထဲသို့ ထို "ကွေ့ရွှီး" တည်နေရာကို ရစ်ပတ်စေလိုက်ပြီး သွားတိုက်ဆေး ညှစ်သကဲ့သို့ သတိကြီးစွာဖြင့် အပြင်သို့ ဆွဲထုတ်ကြည့်လိုက်သည်။

သူသည် ဤအရာကို နှပ်ညှစ်သလိုမျိုး ညှစ်ထုတ်ပစ်လို့ ရမရ စမ်းကြည့်ချင်ရုံ သက်သက်သာ ဖြစ်သည်။

သို့သော် ပြင်ပလောကမှ နိယာမ အငွေ့အသက်များ ပါဝင်သော "ကွေ့ရွှီး လမ်းညွှန်" နှင့် သက်ဆိုင်သည့် စွမ်းအင် အနည်းငယ်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်လာသည်နှင့် တပြိုင်နက် ထူးခြားသော အပြောင်းအလဲတစ်ခု ချက်ချင်း ဖြစ်ပေါ်လာ၏။

ထိုစွမ်းအင် အနည်းငယ်သည် ခန္ဓာကိုယ်ပြင်ပသို့ ရောက်ရှိသွားသည်နှင့်၊ တောင်ကြား အဝင်ဝရှိ အစီအရင် အတားအဆီး နံရံသည် သော့ပေါက်နှင့် သော့ တွေ့သွားသကဲ့သို့ ပြင်းထန်စွာ တစ်ချက် တုန်ခါသွားသည်။

နံရံပေါ်ရှိ ရှေးဟောင်း ဂါထာမန္တန်များသည် ရုတ်တရက် တောက်ပလာပြီး ထိုစွမ်းအင်နှင့် ထူးဆန်းစွာ ပဲ့တင်ထပ်သွားသည်။

လူတိုင်း၏ အံ့ဩမှင်သက်နေသော အကြည့်များအောက်တွင် ၊ ချန်ချင်း တစ်ယောက် အားကုန်သုံး၍ တိုက်ခိုက်သည်တောင် တုပ်တုပ်မှမလှုပ်သော ထိုအစွမ်းထက်သည့် အတားအဆီးကြီးသည် ခလုတ်နှိပ်လိုက်သော အလိုအလျောက် တံခါးတစ်ချပ်ကဲ့သို့ အသံတိတ်စွာဖြင့် ဘေးနှစ်ဖက်သို့ ပွင့်ဟသွားပြီး၊ တောင်ကြား အနက်ပိုင်းသို့ ဦးတည်နေသော လမ်းငယ်လေး တစ်ခုကို ဖော်ပြလာ၏။

"......"

လူတိုင်း၏ အကြည့်များက ကျောက်တုံးပေါ်တွင် ထိုင်လျက် ကြောင်တောင်တောင် ဖြစ်နေသော အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်ကြသည်။

'စောစောက ဘာဖြစ်သွားတာလဲ...'

ရှောင်ရှန်းလည်း ကြောင်အမ်းစွာဖြင့် ရှိနေသည်။ ကိုယ့်လက်ကို ငုံ့ကြည့်လိုက် တစ်ဖန် ပွင့်နေသော တံခါးပေါက်ကို မော့ကြည့်လိုက်ဖြင့် နားမလည်နိုင်ဖြစ်နေသည်။

'ဒီလိုပဲ ပွင့်သွားတာလား... ဒီတံခါးရဲ့ စကားဝှက်က ဟိုမိစ္ဆာလှေကြီးရဲ့ လမ်းညွှန်လိပ်စာ ဖြစ်နေတာလား....'

တောင်ကြား အတွင်းပိုင်းရှိ မြင်ကွင်းများသည် တံခါးပွင့်လာသည်နှင့်အမျှ လူတိုင်း၏ ရှေ့တွင် ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။

ထင်ထားသလိုမျိုး နတ်ကြိုးကြာငှက်များ ပျံဝဲနေပြီး နတ်စမ်းရေများ စီးဆင်းနေကာ လှပသော နန်းဆောင်များ ၊ နတ်ဘုရား အငွေ့အသက်များ ဖုံးလွှမ်းနေသည်မျိုး မဟုတ်ပေ။

မျက်စိရှေ့တွင် မြင်တွေ့ရသည်မှာ စိတ်ပျက်စရာကောင်းအောင် ပျက်စီးယိုယွင်းနေသော မြင်ကွင်းတစ်ခုသာ ဖြစ်သည်။

ပါးလျသော သဘာဝစွမ်းအင်များထဲတွင် မသဲမကွဲ ဆွေးမြည့်နေသော အနံ့တစ်ခု ရောနှောနေပြီး၊ အဝေးမှ နန်းဆောင်အချို့မှာ တစ်ဝက်ခန့် ပြိုကျနေကာ ပျက်စီးနေသော နံရံများကြားတွင် မြက်ရိုင်းများ ပေါက်ရောက်နေ၏။

တောင်ကြား အလယ်ရှိ ကွင်းပြင်တစ်ခုတွင် လူတစ်ရပ်စာခန့် မြင့်သော အနက်ရောင် ကျောက်ပြား ဆယ်ချပ်ခန့်ကို စီတန်းထားသည်။

အဝတ်အစားများ စုတ်ပြဲနေပြီး အာဟာရပြတ်နေပုံရသော လူငယ် တစ်အုပ်သည် ထိုကျောက်ပြားများကို ဝိုင်းရံထားကြပြီး ခံစားချက်မဲ့သော မျက်လုံးများဖြင့် အဆိုပါ ကျောက်ပြားပေါ်တွင် စီးဆင်းသက်ဝင်နေသော အလင်းရောင်များကို စိုက်ကြည့်နေကြသည်။

သူတို့၏ လက်ချောင်းများက အဆက်မပြတ် လှုပ်ရှားနေပြီး အလွန် နက်နဲသော ကျင့်စဉ်တစ်ခုကို ကျင့်ကြံနေသကဲ့သို့ပင်။

နေရာတစ်ခုလုံး တိတ်ဆိတ်နေပြီး ဖော်ပြ၍မရနိုင်လောက်အောင် ထူးဆန်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေခဲ့သည်။

ရှောင်ရှန်းသည် ဤမြင်ကွင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားပြီး မသိစိတ်မှ ရေရွတ်လိုက်သည်။

"ဒါက ညလုံးပေါက် ထိုင်ပြီး လောင်းကစားလုပ်နေတဲ့ မြင်ကွင်းမျိုးပဲ မဟုတ်လား... မျက်ကွင်းတွေ ညိုနေတာများ ကြည့်လိုက်တာနဲ့ ပိုက်ဆံကုန်နေတာတောင် အတင်းတောင့်ခံပြီး ဆက်ဆော့နေကြသလိုပဲ"

သူ၏ အသံမှာ မကျယ်လောင်သော်လည်း ၊ တိတ်ဆိတ်နေသော ဤတောင်ကြားထဲတွင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ဤဝေဖန်မှုသည် ငြိမ်သက်နေသော ရေကန်ထဲသို့ ခဲလုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ ချက်ချင်းပင် ဤနေရာ၏ အရှင်သခင်ကို လန့်နိုးသွားစေသည်။

"ဘယ်သူက ဒီမှာ လာဆူညံပြီး ငါတို့ အမတဂိုဏ်းရဲ့ အေးချမ်းတဲ့ ကျင့်ကြံမှုကို လာနှောင့်ယှက်တာလဲ"

အသံဩဩနှင့် အေးစက်သော အသံတစ်ခုက အတော်လေး ကောင်းမွန်သေးသော ဘေးနန်းဆောင် တစ်ခုထဲမှ ထွက်ပေါ်လာသည်။

ထို့နောက် ချက်ချင်းပင် ခါးကုန်းကုန်းနှင့် သစ်ခြောက်တုတ်ကောက် တစ်ချောင်းကို ကိုင်ဆောင်ထားသော အဘိုးအို တစ်ဦးက ဖြည်းညင်းစွာ လျှောက်လှမ်း ထွက်ပေါ်လာသည်။

အဘိုးအို၏ မုတ်ဆိတ်နှင့် ဆံပင်များ အားလုံးက ဖြူဖွေးနေပြီး၊ မျက်နှာပေါ်တွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည်။ သို့သော် သူ၏ မျက်လုံးများက အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေသည်။

ထိုသူသည် သူ့ကိုယ်သူ "ရှောင်ဝမ့်ချွမ်း၏ ဧည့်ကြိုတမန်" ဟု မိတ်ဆက်ကာ၊ ချန်ချင်းနှင့် အခြားသူများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

သူတို့၏ ကိုယ်ပေါ်တွင် ဤနေရာနှင့် မသက်ဆိုင်သော သက်ရှိစွမ်းအင်များနှင့် အားကောင်းသော အရှိန်အဝါများကို မြင်လိုက်ရသဖြင့် ၎င်း၏ အကြည့်များက ချက်ချင်း ရန်လိုသွားသည်။

" မင်းတို့က အသစ်ရောက်လာတဲ့ 'တပည့်' တွေ မဟုတ်ဘူးပဲ"

အဘိုးအိုက အေးစက်စွာ ရယ်လိုက်သည်။

"'အမတဂိုဏ်း' ရဲ့ စမ်းသပ်မှု နယ်မြေထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်လာတာ၊ မင်းတို့ သတ္တိမသေးဘူးပဲ"

စကားဆုံးသည်နှင့်၊ သူ၏ လက်ထဲရှိ သစ်ခြောက်တုတ်ကောက်ကို မြေကြီးပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်သည်။

ဝီ—!

တောင်ကြား တစ်ခုလုံးရှိ အစီအရင်သည် ချက်ချင်းပင် အသက်ဝင်လာပြီး၊ ပုံသဏ္ဍာန်မဲ့ စိတ်ဝိညာဉ် တိုက်ခိုက်မှုတစ်ခုက ဒီရေလှိုင်းများကဲ့သို့ ရှောင်ရှန်းတို့ဆီသို့ လှိမ့်ဝင်လာ၏။

ဤသည်မှာ စိတ်ဝိညာဉ်ကို တိုက်ရိုက် ဦးတည်သော ထိန်းချုပ်မှု နည်းလမ်းတစ်ခုဖြစ်ပြီး အလွန်ပင် ယုတ်မာလှသည်။

သို့သော် သာမန်ကျင့်ကြံသူများကို ချက်ချင်းလက်ငင်း ငတုံးဖြစ်သွားစေနိုင်သည့် ဤစိတ်ဝိညာဉ်တိုက်ခိုက်မှုသည် "အချောင်ခိုသူ ကိုယ်ရံတော်တပ်" ထံ ရောက်ရှိသွားသောအခါ ထူးဆန်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။

ဤလူငယ်များမှာ ရှောင်ရှန်းကို အတုယူကာ ဟိုတစ်ယောက် ဒီတစ်ယောက် ပျင်းရိစွာဖြင့် ရှိနေကြသည်။ သူတို့အားလုံးသည် စိတ်ကို လျော့ချထားပြီး ဦးနှောက်ထဲတွင် ဗလာကျင်းနေကာ "ဘာမှမတွေး၊ ဘာမှမစဉ်းစား" ဘဲ ရှိနေကြသည်။

ဤစိတ်ဝိညာဉ် တိုက်ခိုက်မှုသည် လေပြေက ကွင်းပြင်လွတ်တစ်ခုကို ဖြတ်တိုက်သွားသကဲ့သို့ သစ်ရွက်ခြောက်အနည်းငယ် လွင့်သွားသည်မှလွဲ၍ ဘာမှမဖြစ်ခဲ့ပေ။

"အတွေး" နှင့် "အလိုဆန္ဒ" ကို ပစ်မှတ်ထားမှသာ အကျိုးသက်ရောက်နိုင်သည့် ဤထိန်းချုပ်မှုကို သူတို့အားလုံး ခုခံနိုင်ခဲ့ကြသည်။

ထိုအခါ အဘိုးအို၏ မျက်နှာပေါ်မှ အေးစက်သောအပြုံးမှာ တောင့်တင်းသွားပြီး သူ၏ မျက်လုံးထဲ၌ ပထမဆုံးအကြိမ်အဖြစ် အံ့ဩထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ထင်ဟပ်လာ၏။

"ဒီလူတွေက... ဘယ်လိုဖြစ်တာလဲ၊ စိတ်ဝိညာဉ်က လုံးဝ ဗလာကျင်းနေတာလား... အရူးတွေလား ဒါပေမဲ့ သူတို့ရဲ့ သွေးနဲ့ ချီစွမ်းအင်တွေကို ကြည့်ရတာ ပါရမီရှင် သိုင်းသမားတွေမှန်း သိသာပါတယ်"

အဘိုးအို အံ့ဩနေချိန်မှာပင် ၊ ရှောင်ရှန်း၏ အကြည့်က ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော ထို "ညလုံးပေါက် လောင်းကစားလုပ်နေသော ကျင့်ကြံသူ" များအပေါ်သို့ ကျရောက်သွားသည်။ သူတို့၏ သနားစရာအခြေအနေကို ကြည့်ရင်း အကြောင်းပြချက်မရှိ သနားစိတ်ဖြစ်လာမိသည်။

' အရင်တုန်းက ငါကလည်း မြို့တော်ရဲ့ နံပါတ်တစ် လူဆိုးလူမိုက် ဖြစ်ခဲ့ဖူးတာပဲ... တခြားသူတွေ ဒုက္ခရောက်နေတာကို ကြည့်မနေရက်ပါဘူးလေ'

သူသည် လည်ချောင်းတစ်ချက် ရှင်းထုတ်လိုက်ပြီး ရင်ဘက်ထဲမှ ရွှေဝါရောင် တောက်ပနေသော အရာတစ်ခုကို နှိုက်ယူလိုက်သည်။ ၎င်းမှာ သူ အားနေချိန်တိုင်း နဂါးသွေးကြောစွမ်းအားကို အသုံးပြု၍ ဖန်တီးထားသော ရွှေတုံးတစ်ခုဖြစ်ပြီး အပျော်သဘောနှင့် နိမိတ်ကောင်းရန် သက်သက်သာ ဖန်တီးထားခြင်း ဖြစ်သည်။

ယခုအချိန်တွင် အသန့်စင်ဆုံး သဘာဝမူလစွမ်းအင်များ ပါဝင်နေသော ဤရွှေတုံးကို အပေါ်သို့ မြှောက်တင်လိုက်ပြီး မျက်လုံးပြူးကျယ်နေသော ထိုအဘိုးအိုအား ကျယ်လောင်စွာဖြင့် အော်ပြောလိုက်သည်။

"သူဌေး...သူတို့လေးတွေကို ကြည့်ရတာ သနားစရာကောင်းလွန်းတယ် ၊ လာ... ဒီညီအစ်ကိုတွေအတွက် အချိန်ထပ်တိုးပေးလိုက် ပြီးတော့ ကြက်ပေါင်ဟင်း တစ်ပွဲစီ ထပ်ပေးလိုက်၊ ငါ့စာရင်းထဲ ထည့်ထားလိုက်"

စကားဆုံးသည်နှင့် သူ့လက်ကို တစ်ချက်လှုပ်ရှားလိုက်သည်။ ထိုရွှေတုံးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ တောင်ကြားအလယ်ရှိ အကြီးဆုံး အစီအရင်ကျောက်ပြား၏ အူတိုင်ထဲသို့ တိကျစွာ ဝင်ရောက်သွားလေ၏။

သန့်စင်ပြီး ကြီးမားသော နဂါးသွေးကြောစွမ်းအားသည် ပွက်ပွက်ဆူနေသော ဆီအိုးထဲသို့ ရေအေးတစ်ခွက် လောင်းထည့်လိုက်သကဲ့သို့ ချက်ချင်း ပေါက်ကွဲထွက်လာသည်။

ဝုန်း—

ယုတ်ညံ့သော အစီအရင်တစ်ခုလုံး၏ အူတိုင်ဖြစ်သည့် ထိုကျောက်ပြားသည် တစ်စက္ကန့်မျှပင် မခံလိုက်ရဘဲ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကွဲကြေသွားတော့သည်။ ထို့နောက် ချက်ချင်းပင် ဒိုမီနိုအတုံးများကဲ့သို့ ကျန်ရှိနေသော အစီအရင်ကျောက်ပြားအားလုံးမှာလည်း တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကာ အမှုန့်ဖြစ်သွားသည်။

လူငယ်ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်နှင့် ခွန်အားများကို စုပ်ယူရန် အဘိုးအိုမှ ဖန်တီးထားသော ယုတ်ညံ့သည့် အစီအရင်သည် ဤယုတ္တိကင်းမဲ့သော "ပိုက်ဆံဖြည့်ခြင်း" စွမ်းအားကြောင့် အရင်းအမြစ်မှစ၍ အပြတ်အသတ် ဖြိုခွင်းခံလိုက်ရသည်။

ဖူး—!

အစီအရင် ပျက်စီးသွားသည်နှင့် အဘိုးအိုမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ သွေးမည်းများကို အန်ချလိုက်ပြီး ချက်ချင်းဆိုသလို နောက်ကို လွင့်ထွက်သွားကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။

မူလက ခံစားချက်ကင်းမဲ့နေသော ထိုကျင့်ကြံသူများသည်လည်း အင်တာနက်လိုင်း အဖြတ်ခံလိုက်ရသကဲ့သို့ ရုတ်တရက် တုန်ယင်သွားပြီး ထိုရူးသွပ်နေသော အခြေအနေမှ လန့်နိုးလာကြသည်။

သူတို့သည် ပတ်ဝန်းကျင်ကို ဝေဝါးစွာဖြင့် ကြည့်လိုက်ပြီးနောက် သူတို့၏ အရိုးပေါ်အရေတင်နေသော ခန္ဓာကိုယ်ကို ပြန်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲ၌ အသိစိတ်များ တဖြည်းဖြည်း ပြန်လည်ရရှိလာပြီးနောက် အဆုံးမရှိသော ကြောက်ရွံ့မှုများက အစားထိုး ဝင်ရောက်လာလေ၏။

အဘိုးအိုသည် ရုန်းကန်လျက် မော့ကြည့်လိုက်ရာ ၊ နောက်ထပ် ရွှေတုံးတစ်တုံးကို နှိုက်ယူချင်နေပုံရသော ရှောင်ရှန်းကို မြင်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"မင်း... မင်းကများ 'အမတဂိုဏ်း' ရဲ့ 'အရည်အချင်း ပြုစုပျိုးထောင်ရေး အစီအရင်' ကို ဖျက်ဆီးရဲတယ်ပေါ့လေ"

သူ၏မျက်လုံးထဲ၌ အမုန်းတရားနှင့် ရူးသွပ်မှုများ ရှိနေပြီး၊ အစိမ်းရောင် ကျောက်စိမ်းပြားတစ်ချပ်ကို နိုက်ယူကာ ချက်ချင်းပင် ညှစ်ခွဲလိုက်သည်။

အစိမ်းရောင်အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လေထဲတွင် ပေါက်ကွဲသွားကာ နက်နဲသော ဂါထာမန္တန်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုအရာသည် ချက်ချင်း ပျောက်ကွယ်မသွားဘဲ အချိန်အကြာကြီး တည်ရှိနေ၏။ ဤသည်မှာ "အမတဂိုဏ်း"၏ အမြင့်ဆုံး အရေးပေါ် အချက်ပြသင်္ကေတပင် ဖြစ်သည်။

All Chapters