← Chapters

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း (၂၅၆) - မြို့သိမ်းမယ်... မဟုတ်ဘူး၊ ဖျက်သိမ်းမယ်

တတိယမင်းသား ရှောင်ကျင်း၏ ရူးသွပ်သော အော်ဟစ်သံကို ကြားလိုက်ရသည်နှင့် ကုန်းမြင့်ပေါ်ရှိ လေထုမှာ ချက်ချင်း တင်းမာသွားသည်။

အနက်နှင့် ခရမ်းရောင် ရောယှက်နေသော မိစ္ဆာစွမ်းအင် အကာအကွယ်ကြီးသည် မှောက်ထားသော ဧရာမ ပန်းကန်လုံးကြီး တစ်လုံးကဲ့သို့ မြို့တော်ကို ကြီးမားသော အကျဉ်းထောင်ကြီး တစ်ခုအဖြစ် ပြောင်းလဲထားပြီး၊ မြို့ရိုးပေါ်တွင် အမတ်ကြီးချုပ် နှင့် မင်းသမီးကြီး ရှောင်နီချန်း အပါအဝင် အခြားသူများကို မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများက ဓားစာခံများအဖြစ် ဖမ်းဆီးထားသည်။

"ရှောင်ရှန်း.... မင်းလို လိပ်မသားကောင်က နောက်ဆုံးတော့ ပြန်လာရဲတယ်ပေါ့"

"ကြည့်လိုက်စမ်း၊ ဒီခေါင်းမာတဲ့ အဘိုးကြီးတွေနဲ့ မင်း အချစ်ဆုံး အစ်မတော်၊ သူတို့ရဲ့ အသက်တွေက အခု ငါ့လက်ထဲမှာပဲ....မင်း တစ်ချက်လေး လှုပ်ရဲတာနဲ့ ...သူတို့ ခေါင်းပြတ်မယ်"

မြို့ရိုးပေါ်တွင် တင်းကျပ်စွာ ကြိုးတုပ်ခံထားရသော အမတ်ချုပ်ကြီး၏ အိုမင်းနေသော မျက်နှာကြီးမှာ အမျက်ဒေါသကြောင့် ဝက်အသည်းလို နီရဲနေ၏။

သူသည် အားကုန်သုံးကာ လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်သည်။

"မိုက်မဲတဲ့ မင်းသား...ခွေးကောင် ၊ ပြင်ပလောက မိစ္ဆာတွေနဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို အာဏာသိမ်းတယ်.... မင်း ကောင်းကင်ဘုံရဲ့ အပြစ်ပေးတာ ခံရပြီး နာမည်ဆိုးနဲ့ သမိုင်းတွင်တော့မယ်...ငါ သေရရင်တောင် မင်းလို မိစ္ဆာကောင်ကို အကြံအစည် အောင်မြင်ခွင့် မပေးဘူး"

ထိုသို့ အော်ပြီးနောက်၊ သူသည် ရှောင်ရှန်း ရှိရာဘက်သို့ လှည့်ကြည့်လိုက်ရာ၊ သူ၏ မျက်လုံးထဲ၌ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ရှိနေခဲ့သည်။

"အိမ်ရှေ့စံမင်းသား... သစ္စာရှိတဲ့ အမတ်တွေက သေရမှာကို မကြောက်ဘူး၊ ငါတို့လို အရိုးဆွေးကြီးတွေရဲ့ အသက်ကို ဂရုစိုက်နေစရာ မလိုဘူး.. အိမ်ရှေ့စံမင်းသားရဲ့ ပြောင်မြောက်လှသော အစွမ်းအစနဲ့ ဒီမိစ္ဆာမြို့တော်ကြီးကို... ငါတို့နဲ့အတူ အကုန်လုံးကို မြေကြီးနဲ့ တစ်ပြေးတည်း ဖြစ်အောင် လုပ်ပစ်လိုက်...သာရှမင်းဆက်ကြီး အတွက် ဒီရန်သူကြီးကို ရှင်းလင်းပေးတော်မူပါ"

အမတ်ချုပ်၏ စကားများက ရဲရင့်ပြတ်သားပြီး ရင်ထဲမှ လှိုက်လှဲစွာ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ချန်ချင်းနှင့် ယဲ့လင်ရွှမ်းတို့လည်း ထိုစကားကို ကြားပြီး စိတ်လှုပ်ရှားခဲ့ရသလို ၊ စစ်မြေပြင်သို့ အမြန်ဆုံး ဝင်ရောက်တိုက်ခိုက်ခွင့်ပေးရန် နှင့် ဤအခြေအနေကို မည်သို့ ဆက်လက်ကိုင်တွယ်မည်ကို သိလိုသည့် မေးခွန်းထုတ်မှုများ ပါဝင်နေသည့် အကြည့်များဖြင့် ရှောင်ရှန်းကို ကြည့်လိုက်ကြသည်။

သို့သော် ရှောင်ရှန်း တစ်ယောက် ပျင်းရိပျင်းတွဲဖြင့် နားကိုသာ ကလော်နေပြီး၊ မြို့ရိုးပေါ်တွင် မာနထောင်လွှားနေသော ရှောင်ကျင်းကို လုံးဝ လျစ်လျူရှုထားကာ ရင်ဘက်ထဲမှ တစ်ခုခုကို အေးအေးဆေးဆေး စမ်းသပ် ရှာဖွေနေသည်။

"ဆူညံလိုက်တာ"

တီးတိုးရေရွတ်လိုက်ပြီးနောက်၊ သူ၏ လက်ဝါးထဲတွင် နဂါးသွေးကြော စွမ်းအားများဖြစ်သော ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းတို့ကို ထူးဆန်းသော ရွှေရောင် လော်စပီကာ တစ်ခုအဖြစ် ပုံဖော်လိုက်သည်။

ရှောင်ရှန်းတစ်ယောက် လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး "လော်စပီကာ" ကို ပါးစပ်နား ကပ်ကာ၊ မြို့တော်ဘက်သို့ စိတ်မရှည်သော လေသံဖြင့် အော်ပြောလိုက်ရာ၊ အသံသည် မြို့တွင်း မြို့ပြင် နေရာတိုင်းသို့ ရှင်းလင်းစွာ ပျံ့နှံ့သွားလေ၏။

"ဟေး ဟေး...မြို့ထဲက ပြည်သူတွေ သတိထားကြ....မြို့ထဲက ပြည်သူတွေ သတိထားကြ"

"ဒေသခံ အိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းရှင် ရှောင်ကျင်းဟာ လုပ်ငန်း မအောင်မြင်မှုကြောင့် အများပြည်သူပိုင် မြေနေရာတွေကို တရားမဝင် သိမ်းပိုက်ပြီး၊ အန္တရာယ်ရှိတဲ့ အဆောက်အအုံတွေကို စည်းကမ်းမဲ့ ဆောက်လုပ်ထားတဲ့အပြင်၊ ငါကိုယ်တော်ရဲ့ မြေငှားခတွေကိုပါ လပေါင်းများစွာ တမင်သက်သက် မပေးဘဲ ထားခဲ့တယ်...သူ့ရဲ့ လုပ်ရပ်တွေက ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ပြင်းထန်စွာ အန္တရာယ်ဖြစ်စေပြီး မြို့တော်ရဲ့ အိမ်ခြံမြေ ဈေးကွက် တည်ငြိမ်မှုကို ပျက်ပြားစေတယ်"

"ငါကိုယ်တော်က သာရှမင်းဆက် မြေယာ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် စီမံကိန်း ဌာနရဲ့ တစ်ဦးတည်းသော တရားဝင်အကြီးအကဲ .... အိမ်ရှင်နဲ့ အိမ်ရာ စီမံခန့်ခွဲရေးရုံး အကြီးအကဲ အဖြစ် အခု တရားဝင် ကြေညာလိုက်တယ်...ဒီမြို့ကို အန္တရာယ်ရှိတဲ့ အဆောက်အအုံ အဖြစ် သတ်မှတ်လိုက်ပြီဖြစ်ပြီး၊ အတင်းအကျပ် ဖျက်သိမ်းရေး လုပ်ငန်းစဉ်ကို ချက်ချင်း စတင်တော့မယ်"

"ပြည်သူတွေ အားလုံး... တံခါးနဲ့ ပြတင်းပေါက်တွေကို သေချာ ပိတ်ထားကြ ၊ နေရာမှာပဲ နေ... မကြောက်လန့်ကြနဲ့...ဖျက်သိမ်းရေး လုပ်ငန်းစဉ် အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာ ရမှာစိုးလို့ပါ"

ဤစကားကို ကြားလိုက်ရသည်နှင့် ၊ ကုန်းမြင့်ပေါ်ရှိ ချန်ချင်း၏ ကိုယ်ရံတော်တပ်ဖွဲ့မှာ မြင်းပေါ်မှ အုပ်စုလိုက် ပြုတ်ကျမတတ် ဖြစ်သွားကြသည်။

မြို့ရိုးပေါ်တွင် မင်းသား(၃) ရှောင်ကျင်း၏ မျက်နှာပေါ်က အပြုံးမှာလည်း တောင့်တင်းသွားပြီး၊ သူ၏ အနောက်ရှိ အမတဂိုဏ်းမှ စွမ်းအားရှင်များလည်း ကြောင်အမ်းသွားလေ၏။

မြို့တွင်း၌ မိစ္ဆာစွမ်းအင်များ၏ ဖိနှိပ်မှုကြောင့် အိမ်ထဲတွင် ပုန်းအောင်းကာ တုန်ရီနေကြသော ပြည်သူများမှာမူ၊ ကမ္ဘာပျက်မည့်နေ့ ရောက်လာပြီဟူသော ကြောက်ရွံ့မှုထဲတွင် နစ်မြုပ်နေကြသည်။

သို့သော် လက်တွေ့ဆန်ပြီး ယုတ္တိမရှိသော ဤ "ဖျက်သိမ်းရေး အသိပေးချက်" ကို ကြားလိုက်ရသဖြင့် လူတိုင်း မှင်သက်သွားကြသည်။ လူတိုင်း ကြောက်ရွံ့ရန်ပင် မေ့လျော့ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြသည်။

"အမ်... အိမ်ရှေ့စံမင်းသားက အိမ်လခ လာကောက်တာလား"

တံခါးကြားမှ ခိုးကြည့်နေသော ဈေးသည်လေး တစ်ဦးက တီးတိုးရေရွတ်လိုက်သည်။

မင်းသား(၃)၏ အထက်စီးမှ မိစ္ဆာအာဏာစက်နှင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုတို့နှင့် နှိုင်းယှဉ်ပါက၊ ရှောင်ရှန်း၏ ဤ "အကြွေးလာတောင်းသည့် အိမ်ရှင်" ပုံစံသည် သူတို့ကို စိတ်သက်သာရာရစေသော ခံစားချက်တစ်မျိုးကို ပေးစွမ်းနေခဲ့သည်။

"ရှောင်ရှန်း ၊ မင်း... မင်းက ငါ့ကို ဒီလောက်တောင် စော်ကားရဲတယ်ပေါ့"

ရှောင်ကျင်း တစ်ယောက် နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေကာ ချောမောသော မျက်နှာပင် ဒေါသကြောင့် ပုံပျက်နေသည်။

"ငါ့အတွက် သတ်..."

"ရပြီ ရပြီ၊ အော်မနေနဲ့တော့"

ရှောင်ရှန်းက စိတ်မရှည်စွာဖြင့် သူ့စကားကို ဖြတ်ပြောလိုက်ပြီး ၊ လော်စပီကာကို ချကာ သူ၏ ထူးဆန်းသော အဖွဲ့သားများကို လက်ယမ်းပြလိုက်သည်။

" တော်ဝင် ဖျက်သိမ်းရေး အဖွဲ့ ...အလုပ်စမယ်....မှတ်ထား၊ ယဉ်ကျေးတဲ့ နည်းလမ်းနဲ့ အလုပ်လုပ်၊ ပန်းလေးတွေ မြက်လေးတွေနဲ့ အပြစ်မရှိတဲ့ ပြည်သူတွေကို မထိခိုက်စေနဲ့"

အမိန့်ချမှတ်လိုက်သည်နှင့် တပ်ဖွဲ့တစ်ခုလုံး ချက်ချင်း လှုပ်ရှားလေတော့၏။

"ဝုန်း—"

အရိုးနဂါး "အရိုးအိုကြီး" က ကောင်းကင်ယံ တုန်ဟည်းမတတ် ဟိန်းဟောက်လိုက်ပြီး၊ ၎င်း၏ ဧရာမ အရိုးတောင်ပံများကို ခတ်ကာ မိစ္ဆာအကာအကွယ်ကြီးဆီသို့ တိုက်ရိုက် ထိုးဆင်းသွားသည်။

ထို့နောက် သူ၏ ပါးစပ်ကြီးကို ဟကာ သာမန် နဂါးအသက်ရှူငွေ့ မဟုတ်တော့ဘဲ၊ နဂါးသွေးကြော ရွှေရောင်အလင်းတန်း အနည်းငယ် ရောယှက်နေသော ၊ မိစ္ဆာများကို အထူး နှိမ်နင်းနိုင်သည့် နဂါးမီးတောက်ကို မှုတ်ထုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ မြို့တော်၏ ကျုံးထဲရှိ ရေပြင်သည် ရုတ်တရက်ပင် ပေါက်ကွဲထွက်လာသည်။

ရှောင်ရှန်းသည် သင်တန်းကျောင်း ရေလမ်းကြောင်းမှ ခေါ်ယူလာသော မိကျောင်းကြီး "ရှောင်ချွေ့" ၏ ဧရာမ ကိုယ်လုံးကြီးသည် ရုတ်တရက် ခုန်ထွက်လာပြီး၊ သွေးဆာနေသော ပါးစပ်ကြီးကို ဟကာ အကာအကွယ်၏ ရေအောက်ရှိ အစီအရင် ဆုံမှတ်တစ်ခုကို ပြင်းထန်စွာ ဝင်တိုက်လေ၏။

အပေါ်တစ်ချက် အောက်တစ်ချက်၊ မီးတစ်လှည့် ရေတစ်လှည့်ဖြင့် ဧရာမ သံတူကြီး နှစ်လက်ကဲ့သို့ အကာအကွယ်ကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ထိုမျှနဲ့တင်မကသေးဘဲ ရှောင်ရှန်း၏ အကြည့်က ထောင့်တစ်နေရာတွင် တစ်ချိန်လုံး အသံမထွက်ဘဲ နေနေသော အရိုးမိစ္ဆာ သခင်ကြီးဆီသို့ ရောက်ရှိသွားသည်။

"အရိုးအိုကြီး၊ မင်း စွမ်းရည်ပြရမယ့် အချိန်ရောက်ပြီ... အရင်ကတည်းက ဒီအလုပ် လုပ်ခဲ့တာဆိုတော့ မင်းက ကျွမ်းကျင်သူပဲ"

ရှောင်ရှန်းသည် ပြင်းထန်စွာ တုန်ခါနေသော အကာအကွယ်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။

"သွား... သူတို့ရဲ့ အရည်အသွေး မမီတဲ့ စီမံကိန်းရဲ့ 'အဓိက ထောက်တိုင်' တွေကို ရှာပြီး၊ အတွင်းထဲကနေ ဖောက်ခွဲပစ်လိုက်"

အရိုးမိစ္ဆာ သခင်ကြီးသည် ဤစကားကို ကြားသည်နှင့် မျက်လုံးများမှာ ဝင်းလက်သွားသည်။ အတိတ်က သူ၏ ရာထူးကို ပြန်လည် လွမ်းဆွတ်မိသကဲ့သို့ ယခု တာဝန်အပေါ် စိတ်လှုပ်ရှားနေမိပြန်သည်။

သူသည် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး အသံနှိမ့်ကာ ပြန်ပြောလိုက်သည်။

"အိမ်ရှေ့စံမင်းသား စိတ်ချပါ...ဒီအလုပ်ကို ကျွန်တော် ကျွမ်းတယ်"

စကားဆုံးသည်နှင့် သူတစ်ကိုယ်လုံးသည် အနက်ရောင် အငွေ့တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ အကာအကွယ်၏ စွမ်းအင် နံရံကို လျစ်လျူရှုကာ မီးခိုးငွေ့ တစ်ခုကဲ့သို့ ကျွမ်းကျင်စွာ ထိုးဖောက် ဝင်ရောက်သွားသည်။

"ကွေ့ရွှီး" မိစ္ဆာစွမ်းအင်ကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ထားမှုကြောင့် အရိုးမိစ္ဆာ သခင်ကြီးသည် မြို့တွင်း၌ လျင်မြန်စွာ သွားလာနိုင်ခဲ့ပြီး၊ မြို့ရိုးပေါ်ရှိ အမတဂိုဏ်းမှ စွမ်းအားရှင်များပင် သူ ဝင်ရောက်လာသည်ကို သတိမထားမိခဲ့ကြပေ။

သူသည် လူနေအိမ်များနှင့် လမ်းကြားများအောက်တွင် ပုန်းကွယ်နေသော အဓိက အစီအရင် ဗဟိုချက်များကို အလျင်အမြန် ရှာတွေ့ခဲ့သည်။

"အခြေက မခိုင်မာဘူး၊ စွမ်းအင် လမ်းကြောင်းတွေကလည်း ရှုပ်ထွေးနေတယ်...ကြည့်လိုက်တာနဲ့ ခိုးကြောင်ခိုးဝှက် လုပ်ထားမှန်း သိသာတယ်"

သူသည် ပညာရှင် တစ်ယောက်၏ အမြင်ဖြင့် အထင်အမြင်သေးစွာ ပြောဆိုလိုက်ပြီးနောက် လက်သင်္ကေတတစ်ခုကို ဖန်တီးလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ နဂါးသွေးကြောစွမ်းအားဖြင့် ပုံသွင်းထားသော ထူးခြားသည့် မိစ္ဆာစွမ်းအင်များကို အစီအရင်၏ အဓိကစွမ်းအင်လမ်းကြောင်းများထဲသို့ အတိအကျ ပစ်သွင်းလိုက်သည်။

"ဝုန်း! ဝုန်း"

​ မြို့တော်အတွင်း အရပ်မျက်နှာအသီးသီးမှ ပေါက်ကွဲသံများ ဟိန်းထွက်လာ၏။ အတွင်းရော အပြင်ပါ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံလိုက်ရသောအခါ ၊ မင်းသား(၃)အနေဖြင့် သူ အမြဲတမ်း ဂုဏ်ယူရပြီး ဖြိုခွင်းရန်မဖြစ်နိုင်သည်ဟု ထင်မှတ်ထားခဲ့သော ထိုမြို့စောင့်အစီအရင်ကြီးမှာ ဗုံးဒဏ်သင့်သည့် အဆောက်အအုံတစ်ခုပမာ ယိုင်နဲ့နဲ့ ဖြစ်လို့နေ၏။

​'ဂျွတ်—"

​ကြည်လင်ပြတ်သားသော အက်ကွဲသံကြီးသည် ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားသည်။ အနက်ရောင်နှင့် ခရမ်းရောင်အကာအကွယ်ကြီးပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။

ထို့နောက် လူအများ၏ အံ့ဩမှင်သက်နေသော အကြည့်များအောက်မှာပင် ဝုန်းခနဲ ပေါက်ကွဲကွဲကြေသွားကာ၊ အနက်နှင့်ခရမ်း ရောယှက်နေသော အလင်းမှုန်များအဖြစ် လေထဲတွင် လွင့်ပျံ့ ပျောက်ကွယ်သွားလေတော့သည်။

"မ... မဖြစ်နိုင်ဘူး"

မိမိ၏ အကြီးမားဆုံးသော အားကိုးရာသည် ဤမျှ အလွယ်တကူ ပျက်သုဉ်းသွားသည်ကို မြင်လိုက်ရသဖြင့် ရှောင်ကျင်း၏ မျက်နှာမှာ ချက်ချင်းဆိုသလို ပြာနှမ်းသွားသည်။ သူ၏မျက်ဝန်းထဲ၌ လက်မခံနိုင်သော ရူးသွပ်မှုများ လွှမ်းခြုံလာ၏။

"ရှောင်ရှန်း..မင်း ငါ့ကို အတင်းအကျပ် တွန်းပို့နေတာပဲ"

​သူသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ရင်ဘက်ထဲမှ 'ကောင်းကင်အရှင်' ကိုယ်တိုင် ပေးအပ်ထားသော၊ နှလုံးသားတစ်ခုပမာ တဒိတ်ဒိတ် ခုန်လှုပ်နေသည့် အနက်ရောင် ကျောက်သလင်းတုံး တစ်တုံးကို ထုတ်ယူကာ လက်ဖြင့် အားကုန်ညှစ်၍ ခွဲလိုက်သည်။

" ဝိညာဉ်တစ်သောင်းကို ယဇ်ပူဇော်၍ မိစ္ဆာနတ်ဘုရား၏ ကိုယ်ထည်ကို ဖန်တီးမည် ၊ ထွက်ပေါ်လာလော့... ငါ့ရဲ့ အစေခံ"

​သူ၏ ဟိန်းဟောက်သံနှင့်အတူ နန်းတော်တစ်ခုလုံးရှိ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။ မကျွတ်လွတ်သော ဝိညာဉ်ပေါင်းများစွာ နှင့် မိစ္ဆာစွမ်းအင်များ ပေါင်းစပ်ထားသည့် ပေတစ်ရာကျော် မြင့်မားသော မိစ္ဆာနတ်ဘုရား ရုပ်သေးရုပ်ကြီးသည် နန်းတော်အနောက်ဘက်မှနေ၍ တရွေ့ရွေ့နှင့် မတ်တပ်ထရပ်လာသည်။

ထိုမိစ္ဆာနတ်ဘုရားရုပ်ကြီးသည် လက်ထဲတွင် ပုဆိန်ကြီးတစ်လက်ကို ကိုင်ဆောင်ထားပြီး၊ မျက်လုံးများက ငရဲမီးတောက်များဖြင့် လောင်ကျွမ်းနေ၏။

သူ ထုတ်လွှတ်လိုက်သော ကမ္ဘာပျက်စေမည့်အရှိန်အဝါတို့သည် ချန်ချင်း၏ အကောင်းဆုံး သံချပ်ကာ မြင်းတပ်သားများကိုပင် စိတ်ဝိညာဉ် တုန်လှုပ်သည့်အထိ ဖြစ်စေကာ စစ်မြင်းများမှာလည်း ဂနာမငြိမ် ဖြစ်လာကြသည်။

​ထိုကြောက်မက်ဖွယ်ရာ ကောင်းသော ဖိအားများဖြင့် နေရာတစ်ခုလုံးကို လွှမ်းခြုံတော့မည့် အခိုက်အတန့်တွင်၊ ရှောင်ရှန်း၏ ရင်ဘတ်ပေါ်ရှိ နဂါးတက်တူးမှာ ရုတ်တရက်ဆိုသလို ပြင်းထန်စွာ ပူလောင်လာခဲ့သည်။

​ထို့နောက် အထင်အမြင်သေးခြင်းနှင့် အာဏာစက်တို့ လွှမ်းမိုးနေသော အသံတစ်ခုက သူ၏ ဦးနှောက်ထဲတွင် ဟိန်းထွက်လာ၏။

"ဟွန်း... ငါ့အိမ်ကို ဖျက်ဆီးတာ သည်းခံနိုင်တယ်ထား...အခု ပြဿနာရှာဖို့ အကူအညီပါ ထပ်ခေါ်လာသေးတယ်ပေါ့လေ"

"ကောင်စုတ်လေး... ကြောင်ကြည့်မနေနဲ့တော့...ချက်ချင်း နဂါးသွေးကြောစွမ်းအားကို သုံးပြီး တစ်ဖက်က မျက်စိမပါတဲ့ကောင်ကို သွားပြောလိုက်စမ်း၊ ငါ့နယ်မြေမှာ ရန်ဖြစ်ချင်ရင် ရတယ်... ဒါပေမဲ့ 'အိမ်ရာစီမံခန့်ခွဲခ' နဲ့ 'နေရာဖျက်ဆီးမှု အာမခံကြေး' ကို အရင်ပေးစမ်းလို့ ပြောလိုက်"

All Chapters