← Chapters

အခန်း ၂၆၉

Vol. 27 Ch. 269

အခန်း ၂၆၉

Vol. 27 Ch. 269

အခန်း (၂၆၉) - အိမ်ရှေ့မင်းသားထံမှ စီးပွားရေးအဆိုပြုလွှာ

ရှောင်ရှန်းသည် ဘေးနားတွင် ပြန့်ကျဲနေသော အဝတ်အစားများထဲမှ သူ၏ အပေါ်ဝတ်ရုံကို နောက်ဆုံးတွင် ရှာတွေ့သွားပြီး ကမန်းကတမ်း ကောက်စွပ်လိုက်သည်။

အင်္ကျီမပါဘဲ စစ်တပ်ကြီးတစ်ခုကို ရင်ဆိုင်ရခြင်းက အပျင်းထူလောက၏ ထိပ်တန်းပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည့် သူ၏ ဂုဏ်သိက္ခာကို အလွန်အမင်း ထိခိုက်စေသည်။

ဟူဝေးသည် အထက်စီးမှနေ၍ သူ၏လက်ထဲက ကျားခေါင်းပုံ ဓားမကြီးဖြင့် ယွိီလော်ချာကို ချိန်ရွယ်လိုက်ပြီး အော်ဟစ်ပြောဆိုလိုက်သည်။

"ယွိီလော်ချာ...ခမည်းတော်ရဲ့ အမိန့်တော် ဒီမှာရှိတယ်၊ မင်းက လူသားတွေနဲ့ ပူးပေါင်းပြီး ငါတို့ မိစ္ဆာနယ်မြေရဲ့ အထွတ်အမြတ် ပစ္စည်းကို ခိုးယူဖို့ ကြံစည်တာ ခွင့်လွှတ်လို့မရတဲ့ အပြစ်ပဲ...ဒီနေ့ ငါ တတိယမင်းသားက မင်းရဲ့ ချင်းချိုးတောင်ကို ခြေမွပစ်မယ်"

သူ့ဘေးနားမှ လင်ထျန်းယွိကလည်း အချိန်ကိုက်ပင် မီးလောင်ရာ လေပင့်လိုက်ပြီး သူ၏ မျက်လုံးထဲ၌ ကျေနပ်အားရမှုများဖြင့် ပြည့်နှက်နေ၏။

"တတိယမင်းသား ဟူဝေး ဒီမိစ္ဆာမကို စကားအပိုတွေ ပြောမနေပါနဲ့....ဒီလူသား သစ္စာဖောက်က ထူးဆန်းတဲ့ ရတနာကို ပိုင်ဆိုင်ထားတယ်ဆိုတော့ သေချာပေါက် သန့်စင်တဲ့ရေပူစမ်းရဲ့ မူလစွမ်းအင်ကို ခိုးယူထားတာပဲ...သူ့ကို ဖမ်းလိုက်တာနဲ့ အရာအားလုံးက အမှန်တိုင်း ပေါ်လာလိမ့်မယ်"

လေထုသည် တင်းမာနေပြီး သတ်ဖြတ်လိုစိတ်များက လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင်ပင်။

ဟူဝေး ခေါ်လာသည်မှာ အထက်တန်းစား အဆင့်ရှိ ကျားမိစ္ဆာများ ဖြစ်ပြီး ၊ ဘေးနားတွင်လည်း နက်ရှိုင်းသော အရှိန်အဝါများရှိသည့် အမတ မဟာမိတ်အဖွဲ့မှ ဧည့်သည်တော်များလည်း ရှိနေ၏။

၎င်းမှာ အချိန်ကြာမြင့်စွာကတည်းက ကြိုတင်ကြံစည်ထားသော ဝိုင်းဝန်းသတ်ဖြတ်မှုတစ်ခု ဖြစ်မည်မှာ အလွန် သိသာသည်။

ယွိီလော်ချာ၏ လက်သည်းများက လက်ဝါးထဲသို့ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေပြီး ရင်ထဲတွင် ဒေါသမီးများနှင့် အအေးဓာတ်များ ရောယှက်နေသည်။ သူမ နှစ်ပေါင်း ရာချီ စောင့်ရှောက်လာခဲ့သော အမွေအနှစ်ကို ဤသကောင့်သားက အကြောင်းအရင်းမရှိ စုပ်ယူသွားခဲ့ပြီး၊

ယခု တစ်ဖက်လူသည် ဤကိစ္စကို အကြောင်းပြကာ သူမနှင့်တကွ ချင်းချိုးတောင် တစ်ခုလုံးကိုပါ ဝါးမျိုရန် ကြိုးစားနေလေ၏။

ဤကဲ့သို့ ဓားရေးလှံရေး တင်းမာနေပြီး ထိလိုက်သည်နှင့် ပေါက်ကွဲတော့မည့် တိတ်ဆိတ်မှုကြီးထဲတွင်၊ သူမ၏ နားထဲသို့ ပျင်းရိပျင်းတွဲ အသံတစ်သံ ရောက်ရှိလာသည်။

"မြေခွေးမလေး၊ အဲဒီလောက်လည်း စိတ်မလှုပ်ရှားပါနဲ့"

ရှောင်ရှန်းသည် အဝတ်အစားများကို သေချာ ဝတ်ဆင်ပြီးသွားကာ ခါးပတ်ကို ဖြည်းညင်းစွာ စည်းရင်း ၊ ခေါင်းလေးစောင်းကာ သူတို့နှစ်ဦးသာ ကြားနိုင်သော အသံဖြင့် ယွိီလော်ချာကို လှမ်းပြောလိုက်သည်။

"မင်း ကြည့်လေ၊ သူက ငါ အခုလေးတင် 'ကောက်ရ' တဲ့ ပစ္စည်းကို လုချင်တယ် ပြီးတော့ မင်းရဲ့ နယ်မြေကိုလည်း လုချင်တယ်ဆိုတော့ ငါတို့ရဲ့ ရည်မှန်းချက်က တူနေတာပဲလေ"

ယွိီလော်ချာ၏ အေးစက်သော မျက်လုံးများက သူ့ကို တစ်ချက် စွေကြည့်လိုက်သည်။ အခြေအနေသာ တင်းမာမနေပါက ၊ သူမအနေဖြင့် သူ့ကို မြေကြီးထဲ မြုပ်ဝင်သွားအောင် လက်ဝါးတစ်ချက်တည်းနှင့် ရိုက်ထည့်ပြီး ဖြစ်လောက်မည်။

ရှောင်ရှန်းက သူမ၏ သတ်ဖြတ်လိုစိတ်ကို မမြင်သကဲ့သို့ ဆက်ပြောလေသည်။

"ငါ့ရှေ့က ပြဿနာကို မင်း ရှင်းပေး၊ ငါက မင်းအတွက် အဲဒီ ဘာကျားဧကရာဇ်ဆိုတဲ့ ပြဿနာကို ရှင်းပေးမယ်... ငါက သတ်တာ ဖြတ်တာတွေ မကြိုက်ဘူး၊ စီးပွားရေး လုပ်ရတာကိုပဲ ကြိုက်တယ်...ဒါကို မင်း 'စွန့်စားရင်းနှီးမြှုပ်နှံမှု' လို့ သဘောထားလိုက်... အခု ငါ့ဆီမှာ ရင်းနှီးမြှုပ်နှံလိုက်ရင်၊ အနာဂတ် ပြန်ရမယ့် အမြတ်အစွန်း က မင်း တွေးတောင် မတွေးရဲလောက်အောင် မြင့်မားမယ်လို့ ငါ အာမခံတယ်"

ယွိီလော်ချာခမျာ ဤကမ္ဘာဖျက်မတတ် စကားများကို ချေဖျက်နားလည်ရန် အချိန်မရလိုက်မီမှာပင်၊ ရှောင်ရှန်းသည် ရှေ့သို့ တစ်လှမ်း တက်လိုက်ပြီ ဖြစ်သည်။

သူသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး၊ တန်ထျန်းအမှတ်ရှိ သနားစရာကောင်းလောက်အောင် နည်းပါးသော အတွင်းအားကို စုစည်းကာ၊ နားစွင့်နေကြသော တောင်ကြားထဲရှိ မိစ္ဆာအားလုံးကို လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်သည်။

"မိစ္ဆာနယ်မြေက အဘိုးကြီး အဘွားကြီး ဦးလေး အဒေါ် အကုန်လုံး ရှင်းရှင်းလင်းလင်း ကြည့်ထားကြ"

သူ၏ အသံမှာ မကျယ်သော်လည်း အလွန် ရှင်းလင်းပြတ်သားပြီး လူအားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

"ကောင်းကင်ပေါ်က အဲဒီ တတိယမင်းသား ဟူဝေး က စကားကို နားထောင်လို့ ကောင်းအောင်သာ ပြောနေတာ၊ တကယ်တမ်း သူ ဘာလုပ်နေတာလဲ ကြည့်လိုက်စမ်း... သူက အမတမဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းနေတာလေ"

" ပြင်ပလူတွေနဲ့ ပူးပေါင်းပြီး ငါတို့ မိစ္ဆာတွေရဲ့ ကိုယ်ပိုင်နယ်မြေကို လာတိုက်နေတာ.. ဒါကို ဘယ်လိုခေါ်လဲ သိလား...အိမ်ထဲကို ဝံပုလွေ ခေါ်သွင်းလာတာ လို့ ခေါ်တယ်...ဘိုးဘေးတွေကို သစ္စာဖောက်တာ...ဒီကောင်ဟာ မိစ္ဆာတွေရဲ့ သစ္စာဖောက်ပဲ"

စွပ်စွဲချက်များကို ဆက်တိုက် ပုံချလိုက်သဖြင့် မူလက အင်အားကြီးမားနေသော ကျားမိစ္ဆာ တပ်မတော်ကြီးတွင် လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။

ရှောင်ရှန်းသည် သူတို့ကို စဉ်းစားဖို့ အချိန် လုံးဝ မပေးဘဲ လက်ညှိုးငေါက်ငေါက်ထိုးလျက် စိတ်ဓာတ်ယိမ်းယိုင်နေကြပြီ ဖြစ်သော လူမျိုးစုငယ်များမှ မိစ္ဆာများဆီသို့ ညွှန်ပြလိုက်သည်။

"ခင်ဗျားတို့ သေချာ စဉ်းစားကြည့်ကြ...ဒီနေ့ သူတို့က အကျိုးအမြတ်အတွက် ပြင်ပလူတွေကို ခေါ်လာပြီး ချင်းချိုးတောင်ကို ရောင်းစားနိုင်တယ်...ဒါဆိုရင် မနက်ဖြန်ကျရင်၊ ခင်ဗျားတို့ရဲ့ ဟေးဖုန်းတောင်ကုန်းကိုရော ရောင်းစားပစ်မှာပဲ မဟုတ်လား..."

"သန်ဘက်ခါကျရင်၊ မိစ္ဆာနယ်မြေ တစ်ခုလုံးကို အမတ မဟာမိတ်အဖွဲ့ဆီ အထုပ်လိုက်လေး ဆက်သပြီး သူ့ရဲ့ သားရဲတစ်သောင်းတောင် အေးချမ်းရေးအတွက် လဲလှယ်မှာပဲ... အဲဒီအချိန်ကျရင် မင်းတို့က သူများရဲ့ အိမ်စောင့်ခွေးတွေ သွားလုပ်ရတော့မှာပဲ"

ဤစကားများသည် ကြမ်းတမ်းပြီး တိုက်ရိုက်ဆန်သော်လည်း၊ အောက်ခြေရှိ မိစ္ဆာတိုင်း၏ နှလုံးသားထဲသို့ တူကြီးတစ်လက်ဖြင့် အပြင်းအထန် ထုချလိုက်သကဲ့သို့ပင်။

သူတို့သည် မူလကတည်းက ကျားဧကရာဇ်၏ ရက်စက်မှုကို မကျေမနပ် ဖြစ်နေကြပြီး၊ ပုံမှန်အချိန်တွင် ဒေါသထွက်သော်လည်း ဖွင့်မပြောရဲခဲ့ကြပေ။

ယခု သူသည် အမှန်တကယ်ပင် ပြင်ပလူများနှင့် ပူးပေါင်းကာ ကိုယ့်လူမျိုးကို ပြန်တိုက်နေကြောင်း ကြားသိလိုက်ရချိန်တွင် ၊ဖိနှိပ်ထားသော အမျက်ဒေါသနှင့် အကြောက်တရားများမှာ ချက်ချင်းပင် ပေါက်ကွဲထွက်လာတော့သည်။

"သူ... သူပြောတာ နည်းနည်းတော့ အဓိပ္ပာယ်ရှိတယ်နော်"

"ကျားဧကရာဇ်က အမတ မဟာမိတ်အဖွဲ့နဲ့ တကယ်ပဲ ပူးပေါင်းလိုက်တာလား"

"ဒါကြောင့် အမတ မဟာမိတ်အဖွဲ့က လူတွေ ဒီကို ရောက်နေတာကိုး..."

ဆွေးနွေးသံများက ကပ်ရောဂါတစ်ခုကဲ့သို့ ကျားမိစ္ဆာ တပ်ဖွဲ့များကြားတွင် ပျံ့နှံ့သွားပြီး စစ်တပ်၏ စိတ်ဓာတ်သည် သိသိသာသာ ယိမ်းယိုင်လာသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသည်။

ဟူဝေး၏ မျက်နှာကြီးတစ်ခုလုံး ပြာနှမ်းသွားပြီး ဒေါသတကြီး အော်ဟစ်လေ၏။

"ပေါက်ကရတွေ လျှောက်ပြောနေတာ..သူ့ကို သတ်လိုက်စမ်း"

သို့သော်လည်း သူ နောက်ကျသွားခဲ့ပြီဖြစ်သည်။

ယွိီလော်ချာ၏ မျက်ဝန်းတစ်စုံ၌ တောက်ပသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။ ဤလူသားကောင်လေးသည် တကယ်ပင် တုံးလေသလား သို့မဟုတ် ဟန်ဆောင်နေသလားကို သူမ မသိသော်လည်း၊ ဤအရာက သူမအတွက် တစ်ခုတည်းသော အခွင့်အရေးနှင့် အကောင်းဆုံးသော အခွင့်အရေး ဖြစ်ကြောင်းကိုတော့ သူမ သိသည်။

သူမ၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါများမှာ ဝုန်းခနဲ ပေါက်ကွဲထွက်လာပြီး၊ ဖြူဖွေးနေသော မြေခွေးအမြီး ကိုးချောင်းက ဒေါင်းမြီးဖြန့်သကဲ့သို့ ဖြန့်ထွက်လာကာ ၊ ပြင်းထန်သော ဖိအားများက ကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

"ချင်းချိုးရဲ့ လက်အောက်ခံတွေ"

သူမ၏ အေးစက်ပြတ်သားသော အသံက တောင်ကြားတစ်ခုလုံးတွင် မြည်ဟည်းသွားသည်။

"ကိုးကွက် ကောင်းကင်မြေခွေး အစီအရင်ကို ဖွဲ့စည်း....ဒီနေ့တော့၊ မိစ္ဆာမျိုးနွယ်ကို ကျောခိုင်းသွားတဲ့ ဒီသစ္စာဖောက်တွေနဲ့ အသေအကြေ တိုက်ခိုက်ကြမယ်"

"တိုက်"

မရေမတွက်နိုင်သော ချင်းချိုး မြေခွေးမိစ္ဆာများသည် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး၊ ချက်ချင်းပင် နက်ရှိုင်းပြီး နားလည်ရခက်သော အစီအရင်ကြီးတစ်ခုကို တည်ဆောက်လိုက်ကြသည်။

"သေချင်နေတာပဲ"

ဟူဝေးသည် ဤမြင်ကွင်းကို မြင်သည်နှင့် ဒေါသပေါက်ကွဲသွားပြီး၊ ချက်ချင်းပင် ဓားမကြီးကို ဆွဲကိုင်၍ ယွီလော်ချာဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။

ယွီလော်ချာသည် နောက်ဆုတ်လိုက်ပြီး အစီအရင်ထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် အမြီးကိုးချောင်းကို ဝှေ့ယမ်းလိုက်ရာ ၊ မရေတွက်နိုင်သော ပန်းရောင် စွမ်းအင်လှိုင်းတံပိုးများက ဟူဝေးဆီသို့ ပြေးဝင်သွား၏။

ချင်းချိုးမှ မြေခွေးမိစ္ဆာများသည် အစီအရင်၏ လျှို့ဝှက်ဆန်းကြယ်မှုကို အားပြုကာ သူတို့ထက် အရေအတွက် အဆပေါင်းများစွာ များပြားသော ကျားမိစ္ဆာ တပ်မတော်ကြီးနှင့် အမတ မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများကို ရင်ဆိုင် တိုက်ခိုက်ခဲ့ကြသည်။

ဤအရာအားလုံးကို စတင်ဖြစ်ပေါ်စေခဲ့သော ရှောင်ရှန်းမှာမူ ၊ ဤစစ်မြေပြင်တွင် အထူးဆန်းဆုံးသော မြင်ကွင်း တစ်ခု ဖြစ်လာခဲ့သည်။

သူ့တွင် မိုးမြေပြိုမတတ် ပြုစားနိုင်သော ကျင့်ကြံစွမ်းအားများလည်း မရှိသလို၊ ပြင်းထန်သော သတ်ဖြတ်ခြင်း အရှိန်အဝါများလည်း မရှိချေ။ သူသည် ထိတ်လန့်နေသော ယုန်လေးတစ်ကောင်လို ရှုပ်ထွေးနေသော စစ်မြေပြင်တွင် ဘယ်ရှောင် ညာရှောင် လုပ်နေလေ၏။

ကျားမိစ္ဆာတစ်ကောင်က သံဆူးချွန် တုတ်ကြီးကို ဝှေ့ယမ်းကာ ဒေါသတကြီး အော်ဟစ်ပြီး ချင်းချိုး မြေခွေးမိစ္ဆာတစ်ကောင်ကို ရိုက်ချရန် ပြင်ဆင်လိုက်သည်။

သူ အောင်မြင်တော့မည့် အချိန်လေးတွင်၊ ရှောင်ရှန်းသည် ဘေးနားမှ ဖြတ်သွားရင်း ခြေချော်သွားကာ "အမလေး" ဟု အော်လိုက်ပြီး ထိုကျားမိစ္ဆာ၏ ဒူးကောက်ကွေးကို အတိအကျ ဝင်တိုက်မိသွားသည်။

ကျားမိစ္ဆာမှာ ယိမ်းယိုင်သွားပြီး သံဆူးချွန်တုတ်ကြီးမှာလည်း လမ်းကြောင်းလွဲသွားကာ မြေကြီးပေါ်သို့ "ဝုန်း" ခနဲ ကျရောက်သွားပြီး ချိုင့်ခွက်ကြီးတစ်ခု ဖြစ်သွားစေသည်။

ထိုမြေခွေးမိစ္ဆာမှာ ဤအခွင့်အရေးကို အရယူကာ မှော်ပညာတစ်ချက်တည်းဖြင့် သူ့ကို လွင့်ထွက်သွားစေခဲ့သည်။

" တောင်းပန်တယ် တောင်းပန်တယ်... မြေကြီးက အရမ်း ချော်နေလို့ပါ"

ရှောင်ရှန်း တစ်ယောက် ကုန်းရုန်းထလာပြီး တင်ပါးပေါ်မှ ဖုန်များကို ခါထုတ်ကာ အပြစ်ကင်းသော မျက်နှာလေးဖြင့် ဆိုလေ၏။

အခြားတစ်ဖက်တွင်မူ၊ အမတ မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူတစ်ဦးက လက်သင်္ကေတ တစ်ခုကို ပြုလုပ်လိုက်ပြီး ၊ သူ၏ ဓားစွမ်းအင်ဖြင့် ယဲ့လင်ရွှမ်း၏ နောက်ကျော နှလုံးသားကို တိကျစွာ ချိန်ရွယ်လိုက်သည်။

ရှောင်ရှန်းသည် အတိအကျ မြင်သွားပြီး လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်သည်။

"ဟေး...အဲဒီ အဖြူရောင် ဝတ်ထားတဲ့လူ၊ ဟုတ်တယ် မင်းကို ပြောတာ...မင်းရဲ့ ဓားပျံက မဆိုးဘူးပဲ၊ တစ်ပတ်ရစ် ပြန်ရောင်းမလား...စျေးကတော့ ညှိလို့ရတယ်နော်"

ထိုအနှီ ကျင့်ကြံသူမှာ အာရုံလွင့်သွားပြီး သေရမှာကို မကြောက်သော ဤသာမန်လူသားကို လှည့်ကြည့်လိုက်သည်။ ထိုတစ်စက္ကန့်လေး နှောင့်နှေးသွားချိန် အတွင်းမှာပင် ၊ ယဲ့လင်ရွှမ်း၏ ဓားအလင်းက အဆိပ်ပြင်း မြွေတစ်ကောင်ကဲ့သို့ နောက်ပြန်လှည့်လာပြီး ၎င်း၏ ပခုံးပေါ်တွင် အရိုးထိအောင် နက်ရှိုင်းသော ဒဏ်ရာတစ်ခုကို ချန်ရစ်ခဲ့လေ၏။

"ဒီက အစ်ကိုကျား၊ ခင်ဗျားရဲ့ ချပ်ဝတ်တန်ဆာက ကြည့်ရတာ အတော် ထူတယ်နော်၊ အရည်အသွေးက ဘယ်လိုနေလဲ.. နောက်ရက်အနည်းငယ်နေရင် ကျွန်တော်တို့ သာရှကလည်း စစ်လက်နက် ရောင်းဝယ်ရေး နည်းနည်း လုပ်ချင်လို့၊ စျေးလေး တစ်ချက်လောက် ပေးပါလား"

"ဝိုး၊ ဟိုဘက်က သူငယ်ချင်းတွေ...ရန်ဖြစ်တာလည်း ဖြစ်ပေါ့...ပန်းပင်လေးတွေ မြက်ပင်လေးတွေကိုတော့ မနင်းမိစေနဲ့နော်၊ ဒါတွေက ကာကွယ်စောင့်ရှောက်ထားတဲ့ အပင်တွေ ဖျက်ဆီးမိရင် လျော်ရမှာ"

"......"

ရှောင်ရှန်းသည် အပိုစကားများပြောကာ နှောင့်ယှက်နေဟန် ရသော်လည်း၊ သို့သော် အရေးအကြီးဆုံး အခိုက်အတန့် သို့မဟုတ် သူ့ကို အလိုအပ်ဆုံး နေရာများ၌ ဆန်းကြယ်သော နည်းလမ်းများဖြင့် အချိန်ကိုက် ပေါ်လာတတ်ပြီး၊ ရန်သူ၏ အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုများကို ဖြတ်တောက်ခြင်း သို့မဟုတ် မိမိဘက်မှ လူများအတွက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားနိုင်သော အခွင့်အရေးများကို ဖန်တီးပေးတတ်သည်။

သူသည် စစ်မြေပြင်တွင် မွှေနှောက်နေသော မွှေတံကြီးတစ်ခုနှင့် တူသည်။ မည်သည့် တိုက်ခိုက်နိုင်စွမ်းမျှ မရှိသော်လည်း၊ ရွံရှာဖွယ်အကောင်းဆုံး အဆင့်အထိ ရောက်ရှိနေပြီး၊ သူနှင့် ရင်ဆိုင်ရသော ရန်သူများအဖို့ လေကို လက်သီးဖြင့် ထိုးနှက်ရသကဲ့သို့ မွန်းကျပ်မှုမျိုး ခံစားရစေသည်။

ဟူဝေးနှင့် ယွိီလော်ချာတို့သည် စစ်မြေပြင်၏ အခြားတစ်ဖက်တွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ သို့သော ဟူဝေးတစ်ယောက် သူ၏ မျက်လုံးထောင့်မှနေ၍ မိမိဘက်မှ စစ်ရေးအခြေအနေမှာ အကြောင်းအရင်းမရှိ ရှုပ်ထွေးနေသည်ကို မြင်လိုက်ရသဖြင့် သွေးအန်မတတ် ဒေါသထွက်သွားသည်။

'ဒီကောင်... တကယ်တန်း ဘယ်လိုမိစ္ဆာကောင်မျိုးလဲ"

All Chapters