← Chapters

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း (၂၈၆) - အလုပ်ခိုမယ့် စီမံကိန်းကြီး ကျရှုံးပြီး၊ ကယ်တင်ရှင်ကြီး ဖြစ်သွားတယ်

ကွေ့ရွှီး၏ဝင်ပေါက်ရှိ ကြယ်တာရာလေဆင်နှာမောင်းကြီးသည် အမတ မဟာမိတ်အဖွဲ့မှ လူအားလုံးကို ဝါးမျိုလိုက်ပြီးနောက် ဖြည်းညင်းစွာ ကျုံ့ဝင်ကာ အရောင်မှေးမှိန်သွားသည်။

ရှောင်တော်ဝင်မျိုးနွယ်တို့၏ အစပြုရာနှင့် အဆုံးသတ်ရာဖြစ်သည့် ဤနေရာကို ရှောင်ရှန်း တစ်ယောက် နောက်ဆုံးအကြိမ်အဖြစ် တစ်ချက် ငေးကြည့်ကာ သက်ပြင်းတိုးတိုးလေး ချလိုက်မိသည်။

သူ ခြေတစ်လှမ်း လှမ်းလိုက်သည်။

နက်ရှိုင်းသော ရေအောက်မှ ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်လာရသကဲ့သို့ အပြင်လောက၏ အသံများသည် နားထဲသို့ ရုတ်တရက် တိုးဝင်လာ၏။ သို့သော် သူ မျှော်လင့်ထားသည့် တိုက်ပွဲသံများ၊ သတ်ဖြတ်သံများမဟုတ်ဘဲ ထူးဆန်းသော တိတ်ဆိတ်ခြင်းက စိုးမိုးထားပြီး၊ တစ်ခဏအကြာတွင် ဝမ်းသာအားရ အော်ဟစ်သံများက ကောင်းကင်ယံကို လွှမ်းခြုံသွားခဲ့သည်။

"အိမ်ရှေ့စံမင်းသား——"

မြို့ရိုးပေါ်တွင် ဘယ်ဘက်လက်ပြတ်နေပြီး မျက်နှာတစ်ခုလုံး သွေးများဖြင့် ပေကျံနေသော သက်တော်စောင့်တပ်မှ တပ်သားဟောင်းတစ်ယောက်သည် ကျန်ရှိနေသည့် ညာလက်သီးဖြင့် သူ၏ချိုင့်ဝင်နေသော ရင်အုပ်သံချပ်ကာကို "ဒုန်း... ဒုန်း..." မြည်အောင် ပြင်းပြင်းထန်ထန် ထုရိုက်လိုက်သည်။

ဤအသံသည် ယမ်းကြိုးကို မီးရှို့လိုက်သကဲ့သို့ သာရှစစ်သည်တော်တို့၏ ရင်ထဲတွင် ကိန်းအောင်းနေသော စိတ်ခံစားမှုအားလုံးကို တစ်ပြိုင်နက်တည်း ပေါက်ကွဲစေတော့သည်။

နောက်တစ်စက္ကန့်တွင် ရူးသွပ်မတတ် အော်ဟစ်သံတို့သည် မြို့တော်၏ နေရာတိုင်းမှ ပေါက်ကွဲထွက်လာလေ၏။

"နတ်ဘုရားတို့ရဲ့ အစွမ်းပဲ"

"ငါတို့ သာရှပြည်ကြီး သောင်းနဲ့ချီတည်တံ့ပါစေ ...."

မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာသည် သူ့အပေါ်သို့ စုပြုံကျရောက်လာသည်။ ထိုအကြည့်များထဲတွင် ရူးသွပ်မှု၊ ကိုးကွယ်မှု၊ ကြောက်ရွံ့ရိုသေမှုတို့ ရောယှက်နေသလို၊ သေဘေးမှ လွတ်မြောက်လာပြီးနောက် သူ့အား နတ်ဘုရားတစ်ပါးအလား ကြည်ညိုသော အရိပ်အယောင်များ ရှိနေခဲ့သည်။

မြို့ရိုးပေါ်တွင် ချင်ချန်းနှင့် သက်တော်စောင့်တပ်သားတို့သည် လက်ထဲမှ လက်နက်များကို ချထားလိုက်ပြီး ခွန်အားအကုန်သုံးလျက် သူတို့၏ ရင်အုပ်သံချပ်ကာကို ထုရိုက်ကြလေရာ "ဒုန်း... ဒုန်း..." ဟူသော ကောင်းကင်တုန်ဟည်းမတတ် မြည်ဟည်းသံများ ထွက်ပေါ်လာ၏။

နန်းတော်ထဲမှ မှူးမတ်အရာရှိကြီးများမှာလည်း နန်းဆောင်များထဲမှ ပြေးထွက်လာကြပြီး ဦးညွှတ်အရိုအသေ ပေးနေကြသလို ၊ မြို့တော်တစ်ခုလုံးမှ ပြည်သူတို့မှာလည်း ယောကျ်ား၊ မိန်းမ ၊ လူကြီးလူငယ်မရွေး သူတို့၏ ဆန္ဒအလျောက် ဒူးထောက်ဦးညွှတ်ကြလေသည်။

ရှောင်ရှန်းသည် ဤမျှကြီးမားသော အခမ်းအနားကြီးကြောင့် တစ်ကိုယ်လုံး နေရခက်သွားကာ ခြေချော်မတတ်ပင် ဖြစ်ခဲ့ရသည်။ သူသည် လူတိုင်း၏ အာရုံစိုက်ရာ၊ လူတိုင်း မျှော်လင့်ရသည့် သူရဲကောင်းကြီး တစ်ဦး ဖြစ်သွားခဲ့လေပြီ။

သို့သော် သူ၏စိတ်ထဲတွင် ကိစ္စပြီးနောက် ဆေးတံလိပ် တစ်လိပ်ကို မီးညှိကာ၊ သူ၏ အနားယူမည့် စီမံကိန်းကြီးအား မည်သို့ကယ်တင်ရမည်ကိုသာ စဉ်းစားချင်မိသည်။

ထိုအချိန်တွင် လှပသောပုံရိပ်တစ်ခုသည် သူ့ရှေ့သို့ ပထမဆုံးအကြိမ်အဖြစ် ပြေးဝင်လာသည်။

ထိုသူမှာ အစ်မတော် ရှောင်နီချန်းပင် ဖြစ်သည်။

အမြဲတမ်း ရေခဲတုံးပမာ အေးစက်နေတတ်သည့် သူမ၏မျက်နှာပြင်ပေါ်တွင် ယခုအခါ စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာမှုတို့ ရောပြွမ်းနေလေ၏။

သူမ၏လက်ထဲတွင် ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ အရေးပေါ် ရေးသားထားသည့် ပိုးထည်စာလိပ်တစ်ခုကို ဆုပ်ကိုင်ထားပြီး စကားတစ်ခွန်းမှ မပြောဘဲ သူ၏ လက်ထဲသို့ အတင်းအကျပ် ထိုးထည့်ပေးတော့သည်

" မောင်လေး၊ ငါတို့တော့ ချမ်းသာပြီ"

ရှောင်ရှန်းခမျာ ကြောင်အမ်းသွားပြီး မင်နံ့ပင် မပြယ်သေးသည့် ပိုးထည်စာလိပ်ကို အလိုအလျောက် လှမ်းယူလိုက်မိသည်။ အပေါ်တွင် သွက်လက်မြန်ဆန်သော လက်ရေးလှများဖြင့် အောက်ပါအတိုင်း ရေးသားထားသည်ကို တွေ့လိုက်ရသည်—

"သိမ်းဆည်းရမိသော စာရင်း - အမတ မဟာမိတ်အဖွဲ့၏ 'ဖျက်ဆီးခြင်း' အဆင့် စစ်သင်္ဘောအပျက်အစီး ခုနစ်ဆယ့်သုံးစီး (ကိုယ်ထည် အပြည့်အစုံ ဆယ့်နှစ်စီး) ၊ အာကာသဆိုင်ရာ သတ္တုပြား.. သုံးသောင်းခန့် သိမ်းဆည်းရမိ ၊ ‌ဓားပျံ သုံးထောင်ခြောက်ရာ၊ အမျိုးအစားစုံ မှော်ပစ္စည်းနှင့် ဆေးလုံး အမြောက်အမြား... အမတ မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူသုံ့ပန်း တစ်ထောင့်နှစ်ရာကျော် (ကျင့်ကြံမှုများကို ဖျက်ဆီးပြီးဖြစ်သည်၊ အလုပ်ကြမ်းသမားအဖြစ် ခိုင်းစေနိုင်သည်၊ ၎င်းတို့၏ ဦးနှောက်ထဲရှိ ကျင့်စဉ်နှင့် လျှို့ဝှက်ပညာရပ်များ၏ တန်ဖိုးမှာ ခန့်မှန်း၍မရနိုင်ပါ!)"

ရှောင်နီချန်း၏ အသံထဲတွင် ထိန်းချုပ်မရနိုင်သော တုန်ယင်မှုများ ပါဝင်နေပြီး သူမ၏မျက်ဝန်းတို့မှာ အံ့ဩစရာကောင်းလောက်အောင် တောက်ပနေသည်။

"အာကာသဆိုင်ရာ သတ္တုပြားတွေက အထွတ်အမြတ်လက်နက်တွေ ဖန်တီးတဲ့ ကုန်ကြမ်းပဲ...ပြီးတော့ အဲဒီကျင့်ကြံသူတွေက အသက်ရှင်နေတဲ့ အသိပညာရတနာသိုက်တွေချည်းပဲ"

" မောင်လေး... နင့်ရဲ့ ဒီတိုက်ပွဲက သာမန် မဟုတ်ဘူး၊ နင်က ပြိုင်ဘက်ကို ဒေဝါလီခံရတဲ့အဆင့်ထိ ရိုက်ချလိုက်ပြီး သူတို့ရဲ့ အဓိက နည်းပညာတွေ၊ မူပိုင်ခွင့်တွေနဲ့ လူစွမ်းအားအရင်းအမြစ်တွေကိုပါ တစ်ခါတည်း သိမ်းယူလိုက်တာပဲ... ဒါက ငါတို့ 'သာရှအုပ်စုကြီး' အတွက် အကောင်း‌‌တကာ့ အကောင်း‌ဆုံး အရင်းအနှီးပဲ... အဲ့တာတောင် တစ်ဖက်လူက ကိုယ်တိုင် အိမ်တိုင်ရာရောက် အရှုံးခံပြီး လာပေးသွားတာနော်"

ရှောင်ရှန်းတစ်ယောက် "ပိုင်ဆိုင်မှုစာရင်း" ကို ကိုင်ထားရင်း မျက်တောင်များပင် တဆတ်ဆတ် တုန်သွားသည်။ သူသည် ပြိုင်ဘက်အဖွဲ့အစည်းကြီးကို ဒေဝါလီခံအောင် လုပ်လိုက်မိသည်။

သို့သော် အစ်မဖြစ်သူမှာမူ တစ်ဖက်လူ၏ အသုံးအဆောင်ပစ္စည်း၊ နည်းပညာ နှင့် လူ့စွမ်းအား အရင်းအမြစ်များကိုပါ မည်သို့ အသုံးချရမည်ကို တွက်ချက်ပြီးခဲ့လေပြီ။

ယွီလော့ချာသည် မိစ္ဆာနယ်မြေမှ ထိပ်သီးကျင့်ကြံသူများကို ဦးဆောင်ကာ လူအုပ်ကြီးကို ဖြတ်ကျော်လျက် ရှောင်ရှန်း၏ရှေ့သို့ တန်းတန်းမတ်မတ် ရောက်ရှိလာခဲ့သည်။ စိတ်ကို ညို့ယူဖမ်းစားနိုင်စွမ်း ရှိသော သူမ၏မျက်ဝန်းတို့မှာ ယခုအချိန်တွင် ပေါ့ပျက်ပျက်မရှိဘဲ လေးနက်မှုတို့ဖြင့် ပြည့်နှက်နေသည်။

"လူသားဧကရာဇ် နန်းတတ်ခြင်းအတွက် ဂုဏ်ပြုပါတယ်"

သူမသည် ညင်သာစွာ ခေါင်းညိတ်၍ မိစ္ဆာနယ်မြေ၏ အမြင့်ဆုံးသော လေးစားမှုအမူအရာကို ပြသလိုက်သည်။

"ကျွန်မက မိစ္ဆာနယ်မြေကို ကိုယ်စားပြုပြီး သာရှတိုင်းပြည်ကြီးနဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်ကို တရားဝင် တင်ပြချင်ပါတယ်.... ကျွန်မတို့ နယ်စပ်ကို ဖွင့်လှစ်ပြီး လူ့ကမ္ဘာနဲ့ နက်ရှိုင်းတဲ့ သယံဇာတဖလှယ်မှုတွေ၊ ကုန်သွယ်မှုတွေကို ပြုလုပ်ချင်ပါတယ်"

" မိစ္ဆာနယ်မြေရဲ့ ဝိညာဉ်တွင်းထွက်တွေ ၊ ဆေးဘက်ဝင်အပင်တွေကို လူသားတွေရဲ့ မန္တန်နဲ့ အစီအရင်အတတ်ပညာတို့နဲ့ ဖလှယ်လိုပါတယ် ...အသေးစိတ်အချက်အလက်တွေကို ကျွန်မတို့ ဆွေးနွေးလို့ ရပါတယ်"

ရှောင်ရှန်း၏ အနားယူခွင့် စီမံကိန်းကြီးသည် တစ်စထက်တစ်စ ပိုမိုရှုပ်ထွေးလာသည့် လုပ်ငန်းခွင်အသစ်ထဲသို့ သက်ဆင်းသွားတော့မည့်ဟန်ရသည်။

ယွီလော့ချာသည် စကားအဆုံးတွင် သားရဲအရေခွံဖြင့် ပြုလုပ်ထားပြီး မိစ္ဆာအငွေ့အသက်များ ဖြာထွက်နေသည့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် စာလွှာကို လှမ်းပေးလိုက်သည်။

ရှောင်ရှန်းတစ်ယောက် သူ၏ ဘယ်ဘက်လက်တွင် "အရင်းအနှီးရှာဖွေရေး အစီရင်ခံစာ"၊ ညာဘက်လက်တွင် " ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်" တို့ကို ကြည့်ရင်း ခေါင်းကိုက်နေလေ၏။

ပြင်ပရန်သူများ ငြိမ်သက်သွားပြီး ပြည်တွင်းရေး အလုပ်အကိုင်များ တိုးတက်လာသည့် ဤအခိုက်တွင် သူ၏ခေါင်းထဲ၌ အိုးခွက်များ ရိုက်ခတ်သကဲ့သို့ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ကောင်လေး၊ မင်း လုပ်တာ မဆိုးဘူး"

ဟွမ်သွမ့်၏ ကျေနပ်အားရသံကို ကြားလိုက်ရသည်။

"မင်း ငါ့ကို ပေးထားတဲ့ ကတိကို မမေ့နဲ့နော်...ဘယ်အချိန်မှ ငါ့ဆီလာပြီး ချိတ်ဖြည်ပေးမှာလဲ... ငါ့ဆီမှာ အကျိုးအမြတ်အဖြစ် ပေးစရာ ပစ္စည်းကောင်းတွေ အများကြီး ရှိသေးတယ်"

ရှောင်ရှန်း တစ်ကိုယ်လုံး တုန်တက်သွားသည်။

'ဟုတ်သား... အကြွေးပိုင်ရှင်ကြီး ကျန်သေးတာပဲ'

သူ မည်သို့ရှောင်လွှဲရမည်ကို အကြောင်းပြချက် ရှာနေတုန်းမှာပင် နွေးထွေးသော လက်ဖဝါးတစ်ခုက သူ့ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။ ရှောင်ရှန်း လှည့်ကြည့်လိုက်ရာ ဖခင်ဖြစ်သူ ဧကရာဇ် ရှောင်ယွမ်ကို တွေ့လိုက်ရသည်။

ဧကရာဇ်အိုကြီး၏ မျက်နှာပေါ်တွင် ယခင်ကလို ပင်ပန်းနွမ်းနယ်ခြင်းများ မရှိတော့ချေ။ ထိုမျက်ဝန်းထဲ၌ ကြည်လင်မှု၊ ဝမ်းသာကျေနပ်မှုတို့နှင့်အတူ ဝန်ထုပ်ဝန်ပိုးကြီး ကျဆင်းသွားသည့်အတွက် ဖြစ်ပေါ်လာသော "ကောက်ကျစ်သည့်" အရိပ်အယောင် အနည်းငယ်ကိုပါ သူ မြင်လိုက်ရသည်။

"ရှန်းအာ၊ ကိုယ်တော်... အရမ်း ဝမ်းသာတယ်"

ဧကရာဇ် ရှောင်ယွမ်၏အသံမှာ မကျယ်လောင်သော်လည်း ရှောင်ရှန်း၏နားထဲတွင်မူ စူးရှထင်ရှားစွာ ပဲ့တင်ထပ်သွားသည်။ သူသည် ရှောင်ရှန်းကို အပေါ်အောက် အကဲခတ်ကြည့်ကာ ကျေနပ်စွာဖြင့် ခေါင်းညိတ်လေသည်။

ထို့နောက် သတင်းကောင်းကို ကြေညာသူတစ်ဦး၏ ပေါ့ပါးသွက်လက်သော လေသံဖြင့် ပြုံးကာ ပြောလိုက်သည်။

"ဒီနေ့ကစပြီး ကိုယ်တော်လည်း အနားယူပြီ... ဒီသာရှ... ဒီလောကကြီး...နောက်ပိုင်း မင်းကိုပဲ လွှဲအပ်လိုက်တော့မယ်"

ထိုသို့ပြောပြီးသည်နှင့် သူသည် လက်ကိုနောက်ပစ်လျက် နောက်လှည့်ကာ တစ်ခါမျှ မတွေ့ဖူးသည့် ပေါ့ပါးသောခြေလှမ်းများဖြင့် အမည်မသိ သီချင်းတစ်ပုဒ်ကို ညည်းတွားရင်း အနောက်ဆောင်များဘက်သို့ လျှောက်သွား လေတော့သည်။

ထိုကျောပြင်မှာ ပေါင်တစ်ထောင်မျှ လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးကို ချလိုက်ရသကဲ့သို့ လွတ်လပ်ပေါ့ပါးနေသည်။ ဤအဖွဲ့အစည်းကြီး၏ ပြဿနာများကို နောက်တစ်ဖန် မဖြေရှင်းချင်တော့ဘဲ အနားယူခွင့်ကိုသာ အပြည့်အဝ ခံစားတော့မည့်ပုံပေါ်သည်။

ရှောင်ရှန်းတစ်ယောက် နေရာတွင်ပင် ကျောက်ရုပ်ကဲ့သို့ အေးခဲသွားသည်။

သူသည် အသားကုန် အော်ဟစ်နေကြသည့် စစ်သည်များနှင့် ပြည်သူများကို တစ်ချက် ၊ အစ်မဖြစ်သူ၏ လက်ထဲတွင် ကိုင်ထားသည့် စာရင်းများကို တစ်ချက် ၊ တစ်ဖန် ယွီလော့ချာ၏ ထူထဲလှသော ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို တစ်ချက် ကြည့်လိုက်ပြန်သည်။

ခေါင်းထဲမှ ဟွမ်သွမ့်၏ တိုက်တွန်းသံများကို နားထောင်ရင်း၊ သံယောဇဉ်ကင်းမဲ့ကာ ဖခင်ဖြစ်သူ၏ကျောပြင်ကို လှမ်းကြည့်မိလိုက်သည်။

သူသည် " ကောင်းကင်အရှင်" ဆိုသည့် ဘော့စ်ကို အနိုင်ယူလိုက်နိုင်သော်လည်း၊ ဘော့စ်ထက် အဆပေါင်းများစွာ ပို၍ ဒုက္ခပေးမည့် "နေ့စဉ်တာဝန်များ" နှင့် "စီးပွားရေးလုပ်ငန်းစဉ်များ" မှာ တရစပ် ထွက်ပေါ်လာနေသည်။

ဤသည်မှာ ရာထူးတက်ခြင်းမဟုတ်ဘဲ အလုပ်ခိုသည့်ဝန်ထမ်းဘဝမှ သူဌေးကြီးဆိုသည့် မီးတောင်ဝပေါ်သို့ တိုက်ရိုက်တင်ပေးလိုက်ခြင်းသာ ဖြစ်သည်။ အောက်ဘက်တွင်မူ လစာပေးရန်၊ ခံစားခွင့်များပေးရန်နှင့် မဟာဗျူဟာအစီအစဉ်များ ချမှတ်ပေးရန် စောင့်ဆိုင်းနေသော အစုရှယ်ယာရှင်များနှင့် ဝန်ထမ်းများက အပြည့် စောင့်နေလေ၏။

သူ၏ အနားယူမည့်ဘဝမှာ ငရဲပြည် ၁၈ ထပ်သို့ တိုက်ရိုက် ကျရောက်သွားသကဲ့သို့ပင်။

ရှောင်ရှန်း၏ အမြင်အာရုံတစ်ခုလုံး အမှောင်ကျသွားတော့မည့် အခိုက်အတန့်မှာပင် ၊ ဖုန်မှုန့်များပေကျံနေသည့် ရင်းနှီးသော ပုံရိပ်နှစ်ခုက လူအုပ်ကြီးကို ဖယ်ရှားရင်း သူ့ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

"အရှင့်သား"

စူးဝမ်ချင်းသည် ရိုးရှင်းသောဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ၏မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှု အနည်းငယ်ရှိနေသော်လည်း ပြန်လည်ဆုံတွေ့ရသည့် ဝမ်းသာမှုက ပို၍ လွှမ်းမိုးထားသည်။

သူမ၏နောက်တွင် တည်ငြိမ်သော အငွေ့အသက်ရှိသည့် ဆေးတောင်ကြားမှ အကြီးအကဲအချို့ လိုက်ပါလာကြသည်။ မြို့အနှံ့ရှိ ဒဏ်ရာရစစ်သည်များကို မြင်လိုက်ရသဖြင့် သူမသည် ရှေ့သို့ အမြန်တိုးလာပြီး တိုးညင်းစွာ ပြောလိုက်သည်။

"ကျွန်မ ပြန်ရောက်ပြီ.. ဆေးတောင်ကြားကနေ စစ်သည်တွေအားလုံးကို ကုသပေးနိုင်မယ့် အရိုးဆက် ဆေးတွေ အများကြီး ယူလာခဲ့တယ်၊ အရှင့်သား... လူတွေကို အရင်ကယ်ကြရအောင်"

အခြားတစ်ဖက်တွင်မူ ယဲ့လင်ရွှမ်းသည် အရင်ကအတိုင်း ရဲရင့်ခန့်ညားနေဆဲဖြစ်ပြီး ၊ အလွန်ကြည့်ကောင်းသည့် သိမ်းငှက်တစ်ကောင်ကို သူမ၏ ပခုံးပေါ်တင်ထားသည်။ ရှောင်ရှန်းကို မြင်သည်နှင့် သူမသည် အရင်ဆုံး သက်ပြင်းချလိုက်ပြီးနောက် အကျင့်ပါနေကျအတိုင်း မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ဆိုလိုက်၏။

"ကြည့်ရတာ နင် အပျင်းမထူခဲ့ဘူးပဲ... တောင်ပိုင်းပင်လယ်က ရေလမ်းကြောင်းတွေကို ငါ ရှင်းလင်းပြီးပြီ... အဲဒီက ရေနေသတ္တဝါတွေက အညံ့ခံဖို့ သဘောတူပြီး အချိန်မရွေး အမိန့်နာခံဖို့ အဆင်သင့်ပဲ"

သူမတို့လည်း ပြန်ရောက်လာခဲ့ချေပြီ။

သူမတို့သည် ကိုယ်ပိုင် "အံ့ဖွယ်တွေ့ကြုံမှုများ" နှင့် အတူ အင်အားစုများကို ယူဆောင်လာကြသည်။ ပြဿနာကို ဖန်တီးမည့် စာရင်းများမဟုတ်ဘဲ ပြဿနာကိုဖြေရှင်းမည့် နည်းလမ်းများကို ယူဆောင်လာကြခြင်း ဖြစ်သည်။

ရှောင်ရှန်းတစ်ယောင် မျက်စိရှေ့က ရှုပ်ယှက်ခတ်နေသော်လည်း သက်ဝင်လှုပ်ရှားနေသည့် ဤမြင်ကွင်းကို ကြည့်ရင်း ရုတ်တရက် အကြံရသွားသည်။

'ဖြစ်နိုင်တာက... ကိစ္စတွေက အဆိုးရွားဆုံး အခြေအနေထိတော့ မရောက်သေးဘူး ထင်တယ်'

သူသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

ပြည်တွင်းရေးရာကို ကျွမ်းကျင်ပိုင်နိုင်ပြီး "ငါးနှစ်စီမံကိန်း" ကို စတင်ရေးဆွဲနေပြီဖြစ်သည့် အစ်မတော် ရှောင်နီချန်း...

ပြင်ပအဖွဲ့အစည်းများကို ကိုယ်စားပြုကာ "ကုန်သွယ်ရေး" စာချုပ်ကို ကိုင်ဆောင်ထားသည့် မိစ္ဆာဧကရာဇ် ယွီလော့ချာ..

ဆေးပညာ၊ အဆိပ်ပညာနှင့် ဆေးလုံးဖော်စပ်မှုတွင် ထူးချွန်ပြီး "ထောက်ပံ့ရေးနှင့် ဆေးဘက်ဆိုင်ရာ" ပြဿနာများကို ဖြေရှင်းပေးနိုင်မည့် စူးဝမ်ချင်း...

တိုက်ခိုက်ရေးစွမ်းရည် အမြင့်ဆုံးဖြစ်ပြီး "လုံခြုံရေးမှူး" အဖြစ် တာဝန်ယူနိုင်သည့် ယဲ့လင်ရွှမ်း...

ထို့အပြင် မနီးမဝေးတွင် စစ်တပ်ကို ဖွဲ့စည်းကာ အချိန်မရွေး အမိန့်နာခံရန် အသင့်ရှိသည့် သစ္စာရှိစစ်သည်တော်ကြီး ချင်ချန်း...

'ဒီ... ဒီစီမံခန့်ခွဲမှုအဖွဲ့ကြီးက အရမ်းကို ပြီးပြည့်စုံနေတာပဲ မဟုတ်လား'

ရှောင်ရှန်းတစ်ယောက် သက်ပြင်းချလိုက်သည်။ တစ်သက်တာ ပျင်းရိမှုများနှင့် တာဝန်ယူရမည့် မလိုလားစိတ်တို့ကို ထွေးထုတ်လိုက်သည့်အလားပင်။

သူသည် ကံကြမ္မာကို လက်ခံလိုက်သည့်အလား ခေါင်းမော့လိုက်သည်။ ထို့နောက် သူ့ကို မျှော်လင့်တကြီး စောင့်ကြည့်နေကြသည့် "အဓိကအဖွဲ့ဝင်များ" ကို ကြည့်ကာ အားအင်ကုန်ခမ်းနေသည့်ပုံစံဖြင့် လက်တစ်ချက် ဝှေ့ယမ်းပြလိုက်သည်။

"ကောင်းပါပြီလေ"

"ကြည့်ရတာ အနားမယူခင် အစည်းအဝေးတစ်ခုတော့ အရင်လုပ်ရဦးမယ် ထင်တယ်

All Chapters