← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အခန်း (၅) ဆဌမအဆင့် ရတနာ.. ဝိညာဉ်စုဆောင်းခြင်း ကျောက်စိမ်း

"【ဒုတိယအဆင့် အထွတ်အထိပ် ပေါက်ကွဲမီးတောက်အဆောင်လက်ဖွဲ့ကို အောင်မြင်စွာ လေလံတင်နိုင်ခဲ့ပါသည်... လေလံတုံ့ပြန်မှုကို အသက်သွင်းလိုပါသလား...】"

"အသက်သွင်းမယ်..."

"【အဆတစ်ထောင် တုံ့ပြန်မှုကို ဖြစ်ပေါ်စေပါသည်... အိမ်ရှင်... ပဉ္စမအဆင့် အဆင့်နိမ့် စိတ်ဝိညာဉ် အဆောင့်လက်ဖွဲ့ဖြစ်သည့် ကောင်းကင်မီးတောက်အဆောင်လက်ဖွဲ့ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】"

"ပဉ္စမအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့တစ်ခု... စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးတောင်မှ ထိမှန်ခံရရင် မသေရင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်တယ်... ဒါက ဘယ်လောက်တောင် အားကောင်းမလဲဆိုတာ ငါ စိတ်ကူးလို့တောင် မရဘူး..."

လင်းရှောင်၏မျက်နှာသည် ပျော်ရွှင်မှုကြောင့် လင်းလက်သွားသည်။

အာဒီနိုစ့်၏ကာကွယ်မှုဖြင့် သူသည် ဤစိတ်ဝိညာဉ် အဆောင်လက်ဖွဲ့ကို ပုံမှန်အားဖြင့် လိုအပ်မည် မဟုတ်သော်လည်း အပိုအသက်ကယ် ဝှက်ဖဲတစ်ခု ရှိနေခြင်းက အမြဲတစေ ကောင်းမွန်လေ၏။

သူက သူ၏စိတ်ကို ပြန်လည်၍ စုစည်းလိုက်သည်။ မျှော်လင့်ချက် အရိပ်အယောင်ဖြင့် လင်းရှောင်သည် နောက်ဆက်တွဲ လေလံပွဲများကို ဆက်လက်၍ ကျင်းပခဲ့သည်။

"ဒုတိယမြောက် လေလံပစ္စည်းကတော့ ဒုတိယအဆင့် အလယ်အလတ်အဆင့်မှာရှိတဲ့ မဟာမီးတောက်ဆေဘာဓားပဲ.. အဓိကအနေနဲ့ ဒါကို မီးတောက်ကျောက်တုံးနဲ့ ပြုလုပ်ထားပြီးတော့ နက်နဲသိမ်မွေ့သံ အနည်းငယ်ကို ထည့်သွင်းထားတာကြောင့် အရမ်းမာကျောတယ်..."

လင်းရှောင်က အနီရောင်ပိတ်စကို မတင်ကာ ဆေဘာဓားကို ဖော်ပြလိုက်သည်။

"လေလံအဖွင့်စျေး...အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၂၀၀... လေလံဆွဲမှုတစ်ခုစီတိုင်းက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀ ထက် မနည်းရဘူး..."

တစ်ခါသုံး စိတ်ဝိညာဉ် အဆောင်လက်ဖွဲ့များနှင့် နှိုင်းယှဉ်ပါက ရေရှည်အသုံးပြုနိုင်သော လက်နက်များသည် သိသိသာသာ ပို၍စျေးကြီးပြီး အဖိုးတန်လေ၏။

လေလံအဖွင့်စျေးကို ကြေညာလိုက်သည်နှင့်တပြိုင်နက် တစ်စုံတစ်ယောက်က စိတ်အားထက်သန်စွာ စတင်၍ လေလံဆွဲတော့သည်။

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၅၀၀..."

နောက်ဆုံးတွင် မဟာမီးတောက်ဆေဘာဓားကို အမည်မသိ နတ်ဆိုးအမဲလိုက်အဖွဲ့၏ ခေါင်းဆောင် တစ်ဦးက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၃၂၀၀ ဖြင့် ရယူသွားခဲ့သည်။

"【အဆတစ်ရာ တုံ့ပြန်မှုကို ဖြစ်ပေါ်စေပါသည်... အိမ်ရှင်က တတိယအဆင့် အထွတ်အထိပ်လက်နက် မီးတောက်ဓားရှည်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】"

"တတိယအဆင့် အထွတ်အထိပ် လက်နက်တစ်ခုက မဆိုးပေမဲ့... ငါ့အတွက် သိပ်အသုံးဝင်ပုံ မရဘူး... အဲ့ဒါကို နောက်ဆုံး ပစ္စည်းအဖြစ် စဉ်းစားလို့ ရတယ်..."

သူ သတိပြန်ဝင်လာခဲ့သည်။

"နောက်တစ်ခုကတော့ တတိယမြောက် လေလံပစ္စည်းဖြစ်တဲ့ ဒုတိယအဆင့် အလယ်အလတ်အဆင့် ရေဝိညာဉ်ဆေးလုံးပဲ... လူတိုင်းက ဒီဆေးလုံးရဲ့ အကျိုးသက်ရောက်မှုတွေကို သိပြီးသားမလို့... ကျွန်တော် ထပ်ပြီးမိတ်ဆက်မနေတော့ဘူး..."

"လေလံအဖွင့်စျေး ...အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၈၀၀... လေလံဆွဲမှုတစ်ခုစီတိုင်းက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀ ထက် မနည်းရဘူး..."

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀..."

လင်းရှောင်၏ စကားမဆုံးမီမှာပင် လေလံဆွဲသူ နံပါတ် ၆၆ က သူ၏ လေလံကတ်ပြားကို မြင့်မားစွာ မြှောက်လိုက်၏။

ဤမျှထိ မြင့်မားသော စျေးနှုန်းကြောင့် မည်သူမျှ ဆက်လက်၍ လေလံဆွဲခြင်း မရှိသည်မှာ သဘာဝကျသည်။

ရေဝိညာဉ်ဆေးလုံးကို ထိုမိန်းကလေးက ချောမွေ့စွာ ရယူသွားသည်။

"【အဆတစ်ရာ တုံ့ပြန်မှုကို ဖြစ်ပေါ်စေပါသည်... အိမ်ရှင်... တတိယအဆင့် အထွတ်အထိပ်ဆေးလုံးဖြစ်တဲ့ ရေစည်းချက်ဆေးလုံးကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】"

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၃၈၀၀... တတိယအကြိမ်..."

"ရောင်းလိုက်ပါပြီ... လေလံဆွဲသူ အမှတ် ၁၂ ကို ကျောက်ဆောင်ခြေမွှခြင်းလက်ဝါးကို ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်... စိတ်ဝိညာဉ်ကျောက်တုံး တွေကို ပေးချေဖို့နဲ့ ရတနာကို ယူဖို့ မကြာခင် အနောက်ခန်းကို သွားပေးပါ..."

မီးခိုးရောင်ဝတ်ရုံဝတ် လေလွင့်ကျင့်ကြံသူတစ်ဦးက ဤကျောက်ဆောင်ခြေမွှခြင်းလက်ဝါး နည်းစနစ်စာအုပ်ကို ရယူသွားခဲ့လေ၏။

"【အဆတစ်ထောင် တုံ့ပြန်မှုကို ဖြစ်ပေါ်စေပါသည်... အိမ်ရှင်က ပဉ္စမအဆင့် အလယ်အလတ်အဆင့် သိုင်းပညာနည်းစနစ်ဖြစ်သည့် ကျားနက်နှလုံးဖောက်လက်ဝါးကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】"

လင်းရှောင်၏ ပါးစပ် တွန့်ကွေးသွားခဲ့သည်။ သိုင်းပညာကျင့်ကြံနည်းစနစ်၏အဆင့်မှာ လုံလောက်စွာ မြင့်မားသော်လည်း နာမည်ကမူ အနည်းငယ် ထူးဆန်းနေပုံရသည်။

မကြာမီမှာပင် နောက်ဆုံးရတနာဖြစ်သော စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကျောက်စိမ်းကိုလည်း ယူဆောင်လာခဲ့လေ၏။

ကျင့်ကြံခြင်းထိရောက်မှုကို တိုးတက်စေနိုင်သော ရတနာ တစ်ခုအနေဖြင့် ထိုအရာသည် လူတိုင်း၏ စိတ်အားထက်သန်မှုကို လျှင်မြန်စွာ နိုးဆွပေးခဲ့ပြီး သူတို့အားလုံး လေလံဆွဲရာတွင် ပါဝင်ခဲ့ကြသည်။

လေလွင့်ကျင့်ကြံသူများကြားတွင် ပုန်းအောင်းနေသော မြို့တော်ဝန်သည်လည်း ဤအချိန်တွင် သူ၏ ကတ်ပြားကို မြှောက်လိုက်သည်။

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၄၀၀၀..."

မြို့တော်ဝန်၏ မြင့်မားသော လေလံစျေးသည် လေလံဆွဲလိုသော တခြားသူများအားလုံးကို ချက်ချင်းဖိနှိပ်လိုက်ပြီး ဤနောက်ဆုံးရတနာကို သူ ရယူသွားခဲ့သည်။

"【အဆတစ်သောင်း တုံ့ပြန်မှုကို ဖြစ်ပေါ်စေပါသည်... အိမ်ရှင်က ဆဌမအဆင့် အဆင့်နိမ့် အထူး ရတနာဖြစ်သော စိတ်ဝိညာဉ်စုဆောင်းခြင်း ကျောက်စိမ်းကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】"

လင်းရှောင် အလွန်ဝမ်းသာသွားသည်။

ဤသည်မှာ ဆဌမအဆင့် ရတနာတစ်ခု ဖြစ်သည်။ မဟာယန်နိုင်ငံတစ်ခုလုံးတွင်ပင် မယုံနိုင်လောက်အောင် ရှားပါးသော ရတနာ တစ်ခုဖြစ်ပြီး သူသည် ထိုအရာကို အလွန်လွယ်ကူစွာ ရရှိခဲ့လေ၏။

လင်းရှောင်က ဖြည်းညှင်းစွာ သက်ပြင်းချလိုက်ပြီး သူ၏စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်သည်။

ထို့နောက် လူအုပ်ကြီးကို မျက်နှာမူကာ သူက အပြုံးနှင့် ပြောလိုက်သည်။

"နောက်တစ်ခုကတော့ နောက်ဆုံး ရတနာပါ... လေလံရုံကို အားပေးဖို့ အဝေးကြီးကနေ လာကြတဲ့ ခင်ဗျားတို့အားလုံးအတွက် ဒီဥက္ကဋ္ဌက အထူး ပြင်ဆင်ထားတာပါ... ခင်ဗျားတို့ စိတ်ဝင်စားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်..."

လင်းရှောင်သည် ယုံကြည်မှုရှိစွာ ပြုံးလိုက်ပြီး မီးတောက်ဓားရှည်ကို လေလံ စားပွဲပေါ်တွင် တင်လိုက်၏။

ပူလောင်သော အငွေ့အသက်တစ်ခု သူတို့အပေါ် လွှမ်းခြုံလာပြီး လေလံခန်းမတစ်ခုလုံး၏ အပူချိန်မှာ အနည်းငယ် မြင့်တက်သွားပုံရသည်။

"မီးတောက်ဓားရှည်... တတိယအဆင့် အထွတ်အထိပ် လက်နက်တစ်ခုဖြစ်ပြီးတော့ အရမ်းမာကျောပြီး မီးသဘာဝ သိုင်းပညာနည်းစနစ်တွေရဲ့ စွမ်းအားကို အများကြီး မြှင့်တင်ပေးနိုင်တယ်..."

"လေလံအဖွင့်စျေး.... အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀..."

ဤအချိန်တွင် မြို့တော်ဝန်အပါအဝင် ကျင့်ကြံသူများ အားလုံးသည် စိတ်အားထက်သန်လာကြပြီး သူတို့၏ မျက်လုံးများသည် လေလံစားပွဲပေါ်ရှိ ဓားရှည်ပေါ်တွင် စူးစိုက်၍ ကျရောက်နေသည်။

"အတိတ်က သံယောဇဉ်တွေကြောင့် ပျော်စရာလာကြည့်တာ... ဒီလို ရတနာကောင်းမျိုး တွေ့ရလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... ဟားဟား..."

"ဒီ ပူလောင်တဲ့ ခံစားချက်က မမှားနိုင်ဘူး... အဲ့ဒါက တတိယအဆင့် လက်နက်တစ်ခု ဖြစ်ရမယ်... ငါတို့မိသားစုမှာ ငါ အရင်က အာရုံခံခဲ့ဖူးတဲ့ တတိယအဆင့် လက်နက်ထက်တောင် ပိုပြီးအားကောင်းသေးတယ်..."

"တိမ်တိုက်ကောင်းကင်လေလံရုံ ပိတ်တော့မယ်လို့ ငါ ထင်နေတာ... ဒါပေမဲ့ သူတို့က ဒီလို ပစ္စည်းကောင်း ကို ဖုံးကွယ်ထားလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."

"လေလံပွဲမှာ လူနည်းတယ်ဆိုတော့... တစ်ယောက်ယောက်က အခွင့်အရေးကောင်း တစ်ခု ရတော့မယ့်ပုံပဲ..."

ကျင့်ကြံသူများသည် တက်ကြွစွာ ဆွေးနွေးနေကြပြီး မြင်ကွင်းမှာ အနည်းငယ် ရှုပ်ထွေးလာခဲ့သည်။

အဝင်ဝရှိ လီယီနှင့်လီစန်းတို့သည် စိတ်ဝိညာဉ်ပင်လယ်နယ်ပယ်၏ ဖိအားကို ထုတ်လွှတ်လိုက်ရာ ပတ်ဝန်းကျင်နေရာတဝိုက်လုံး အနည်းငယ် ငြိမ်ကျသွားသည်။

သို့သော် ထိုအချိန်မှာပင် ဓားများ ကိုင်ဆောင်ထားသော ကျင့်ကြံသူသုံးဦးသည် လေလံစင်မြင့်ဆီသို့ ရုတ်တရက် ပြေးဝင်လာခဲ့သည်။

သူတို့၏အမြန်နှုန်းမှာ မယုံနိုင်လောက်အောင် မြန်ဆန်လှပေ၏။ လင်းရှောင်သည် သူတို့ကို ရှင်းလင်းစွာ မမြင်ရသေးမီ သူတို့သည် အနီးသို့ ရောက်ရှိနေလေပြီ။

သူတို့သည် အမြန်နှုန်းမြှင့်တင်ရေး သိုင်းပညာနည်းစနစ်တစ်ခုကို အသုံးပြုခဲ့ကြခြင်းဖြစ်ကြောင်း သိသာရှင်းလင်းသည်။

"ဟား ဟား ဟား... ဓားပြတွေကို ဖမ်းဖို့အတွက် ဘုရင်ကို အရင် ဖမ်းရမယ်... ဒီရတနာက ငါတို့ 'သဲကန္တာရ ကြွက်သုံးကောင် ' ပိုင်တယ်..."

ခေါင်းဆောင်ဖြစ်သူက လက်ဆန့်ထုတ်ကာ လင်းရှောင်ကို ဖမ်းဆွဲလိုက်၏။

လင်းရှောင် အနည်းငယ် အံ့သြသွားသော်လည်း သူသည် မည်သည့် ထိတ်လန့်မှုမျှ မပြသခဲ့ချေ။

သူသည် ခေါင်းကို ညင်သာစွာ ခါယမ်းကာ အေးအေးဆေးဆေး ပြောလိုက်သည်။

"သူတို့ကို သတ်လိုက်..."

သူ စကားပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် လင်းရှောင်၏အရိပ်ထဲမှ အလွန်ပါးလွှာသော အနက်ရောင် အလင်းတန်းတချို့ ပျံ့လွင့်လာပြီး ထိုလူသုံးဦး၏ လည်ပင်းများကို ချက်ချင်းရစ်ပတ်သွားသည်။

သူတို့၏လည်ပင်းများမှ သွေးအနည်းငယ် စို့လာကာ ပျောက်ကွယ်သွားသည်နှင့် လေလံစင်မြင့်ပေါ်သို့ ပြေးတက်လာသော လူသုံးဦးသည် ​ကြမ်းပြင်ပေါ်သို့ လဲကျသွားပေ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် အနက်ရောင် မီးတောက်သုံးခု လေထဲမှ ပေါ်လာပြီး လူသုံးဦး၏ ခန္ဓာကိုယ်များကို လုံးဝပြာချပစ်ကာ မည်သည့် အရိပ်အယောင်မျှ မချန်ရစ်ခဲ့ချေ။

စင်မြင့်အောက်မှ လူများအားလုံး ဆွံ့အသွားသည်။

"ငါ အမြင်မမှားဘူးဆိုရင်... လေလံစင်မြင့်ပေါ် ပြေးတက်သွားတဲ့ လူသုံးယောက်က 'သဲကန္တာရ ကြွက်သုံးကောင် ' မလား... သူတို့အားလုံးက စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတွေလေ... ပြီးတော့ သူတို့အတူတူ ပူးပေါင်းရင် စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူတွေကိုတောင် သတ်နိုင်စွမ်း ရှိတယ်လို့ ငါ ကြားဖူးတယ်... ဒါပေမဲ့ သူတို့က ဒီအတိုင်းပဲ သေသွားတယ်ပေါ့..."

"သူတို့ရဲ့ ပြာတွေတောင် မကျန်ခဲ့ဘူး... ပြီးတော့ တိုက်ပွဲလှုပ်ခတ်မှု တစ်စက်လေးတောင် မရှိခဲ့ဘူး... သန့်စင်တဲ့ ဖိနှိပ်မှု စွမ်းအားပဲ... ကြောက်စရာကောင်းလိုက်တာ..."

လူအနည်းငယ်က တီးတိုးပြောဆိုနေကြပြီး သူတို့၏ မျက်နှာများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

အံ့အားအသင့်ဆုံးသူများမှာ မြို့တော်ဝန်နှင့် အကြီးအကဲမိုတို့ ဖြစ်ကြ၏။

မြို့တော်ဝန်၏မျက်နှာသည် ဤအချိန်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ အစောပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း လှုပ်ရှားခဲ့သောလူ၏ အရှိန်အဝါကို သူ လုံးဝအာရုံမခံနိုင်ခဲ့ချေ။

ထိုလူသည် အနည်းဆုံးအနေဖြင့် စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပေမည်။

မြို့တော်ဝန်၏စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေခဲသည်။

သို့သော် လက်ရှိနေရာတွင် ရှိနေသော စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် ကျွမ်းကျင်သူများထဲတွင် အကြီးအကဲမိုသည် ထိုသို့ တွေးထင်မထားခဲ့ချေ။

"လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ် ... မဟုတ်ဘူး... မြေကမ္ဘာခွဲဖြာခြင်းနယ်ပယ်များလား..."

စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် အလယ်အလတ်အဆင့် ဓားသမားတစ်ဦးအနေဖြင့် သူ၏အာရုံခံနိုင်စွမ်းသည် တူညီသောနယ်ပယ်ရှိ တခြားလူများထက် များစွာပို၍သာလွန်သည်။

သို့သော် ထိုသို့ဖြစ်သည့်တိုင် တစ်ဖက်လူသည် မည်သို့ လှုပ်ရှားခဲ့သည်ကို သူ မမြင်ခဲ့ရချေ။

မဟာခရိုင်မြို့ကြီး၏ မြို့တော်ဝန်ထံမှပင် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းများကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

"ဒီလိုမြို့ငယ်လေးမှာ ဒီလောက်ထိ အားကောင်းတဲ့ ကျွမ်းကျင်သူတစ်ယောက် ရှိနေတာပဲ... သူက ငါနဲ့ သခင်မလေးကို အစောကြီးကတည်းက တွေ့သွားလောက်ပြီ... ကံကောင်းလို့ သူ့မှာ ရန်လိုတဲ့ ရည်ရွယ်ချက် ရှိမနေဘူး..."

ချွေးစေးများက အကြီးအကဲမို၏ နဖူးပေါ်တွင် ထွက်ပေါ်လာသည်။

သို့သော် တစ်ဖက်လူတွင် မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း သဘောပေါက်ချိန်၌ သူသည်လည်း သက်ပြင်းချလိုက်၏။

ဤအချိန်တွင် လှပသော အမျိုးသမီးငယ်သည်လည်း အကြီးအကဲမိုထံသို့ လှည့်ကြည့်ကာ သိချင်စိတ်ဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လိုက်သည်။

အစောပိုင်းက ဘာဖြစ်သွားသနည်းဆိုသည်ကို သူမ ရှင်းလင်းစွာ သိချင်နေခဲ့သည်။

သို့သော် အကြီးအကဲမိုက သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းပြီး အသံပေးပို့၍ တိုးညှင်းစွာ ပြောလိုက်သည်။

"သခင်မလေး... ဒါက ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ရဲ့ လက်ချက်ပဲ... သူ့ရဲ့ နယ်ပယ်အရှိန်အဝါကို ငါ အာရုံမခံနိုင်ခဲ့ပေမဲ့... သူ့ရဲ့ စွမ်းအားက သခင်မလေးရဲ့ အဖေထက် မနိမ့်ကျတာ သေချာတယ်..."

"ငါ့ရဲ့ ဘိုးဘေးလေး ... နောက်ကျရင် စိတ်ဝိညာဉ်ကျောက်တုံးတွေ သွားရှင်းတဲ့အချိန်မှာ... ကျေးဇူးပြုပြီး ထပ်မဆော့ပါနဲ့တော့... ငါ တကယ်ကို ခံနိုင်ရည်မရှိတော့လို့ပါ..."

ဤစကားကို ကြားပြီးနောက် အမျိုးသမီးငယ်သည် အံ့အားသင့်သွားပေ၏။

အကြီးအကဲမို၏ တည်ကြည်လေးနက်သော မျက်နှာအမူအရာကို ကြည့်ကာ သူမက ခေါင်းညိတ်လိုက်သည်။

လေလံစင်မြင့်ပေါ်တွင်....

"လူကြီးမင်းတို့အားလုံးကို တောင်းပန်ပါတယ်... ပိုးကောင်တချို့ကို ရှင်းထုတ်ဖို့ အချိန်နည်းနည်း ယူလိုက်ရလို့ ခင်ဗျားတို့အားလုံးကို နှောင့်နှေးစေခဲ့တယ်... အခု ဆက်ပြီး လေလံဆွဲကြပါ..."

လင်းရှောင်သည် ဘာမှမဖြစ်ခဲ့သကဲ့သို့ အပြုံးနှင့် ပြောဆိုသည်။

လင်းရှောင်၏စကားကို ကြားသောအခါ လူတိုင်း သက်ပြင်းချလိုက်ကြသည်။

သူတို့သည် စိုးရိမ်နေဆဲဖြစ်သော်လည်း ဤအဖိုးတန် ဓားကို သူတို့ လက်လွတ်မခံချင်ကြသဖြင့် လူတိုင်း အစီအစဉ်တကျ စတင်၍ လေလံဆွဲကြတော့သည်။

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀..."

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅၁၀၀..."

...

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၆၅၀၀..."

လင်ရှီးမြို့ တွင် အတော်အသင့်နာမည်ကြီးသော နတ်ဆိုးအမဲလိုက်အဖွဲ့ ခေါင်းဆောင်တစ်ဦးက ဤ လေလံစျေးကို ခေါ်လိုက်ပြီးနောက် လေလံရုံတစ်ခုလုံးရှိ မည်သူမျှ အချိန်တခဏတာကြာမျှ လိုက်လံ၍ လေလံစျေး မခေါ်ဆိုနိုင်ကြချေ။

ဤလေလံပွဲသို့ လာသူများသည် မရောက်မီက ဤမျှထိ အဆင့်မြင့်သော ရတနာတစ်ခု ထွက်ပေါ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြသဖြင့် သူတို့သည် စိတ်ဝိညာဉ်ကျောက်တုံး အများအပြားကို သယ်ဆောင်မလာခဲ့ကြချေ။

သို့သော် နတ်ဆိုးအမဲလိုက်အဖွဲ့များသည် များသောအားဖြင့် သူတို့၏ငွေကြေးများကို အချိန်တိုင်း သူတို့နှင့်အတူ သယ်ဆောင်လေ့ရှိသည်။ အကြောင်းအရင်းမှာ သူတို့ထံတွင် ပုံသေနေထိုင်စရာ ရှားပါးသောကြောင့်ပင်။

အသက်ရှူချိန်အနည်းငယ်အကြာတွင်....

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၆၅၀၀... ပထမအကြိမ်..."

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၆၅၀၀... ဒုတိယအကြိမ်..."

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၆၅၀၀... တတိယအကြိမ်..."

"ရောင်းလိုက်ပါပြီ... လေလံဆွဲသူ အမှတ် ၇ ကို ဒီ အဖိုးတန် ဓားကို ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်... စိတ်ဝိညာဉ်ကျောက်တုံးတွေကို ပေးချေဖို့နဲ့ ရတနာ ကိုယူဖို့ မကြာခင် အနောက်ခန်းကို သွားပေးပါ..."

ဤအချိန်တွင် လူတိုင်းသည် ထိုခေါင်းဆောင်ကို မနာလိုစွာ စိုက်ကြည့်နေရုံသာ တတ်နိုင်တော့ပြီး သူတို့ မည်သည်ကြောင့် စိတ်ဝိညာဉ်ကျောက်တုံးများ ပိုယူလာခဲ့မိသနည်းဟု တွေးတောကာ နောင်တရနေကြ၏။

မြို့တော်ဝန်သည်လည်း ဤအချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။

သူသည် ဤခရီးစဉ်တွင် စိတ်ဝိညာဉ်ကျောက်တုံး အများအပြား မသယ်ဆောင်လာခဲ့သလို ဝိညာဉ်ပျိုးထောင်ခြင်း ကျောက်စိမ်းကိုလည်း လေလံဆွဲထားပြီးဖြစ်ရာ အဖိုးတန်ဓားကို တခြားသူတစ်ယောက်အား ပေးလိုက်ရုံသာ တတ်နိုင်တော့သည်။

All Chapters