← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

အခန်း (၉) အမှန်တရားကို သိရှိခြင်းနှင့် လီမိသားစု ကို တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ဖျက်ဆီးခြင်း

သွမ်ခုန်းသည် လင်းရှောင်၏နံဘေးတွင် ဆင်းသက်လာပြီး တည်ငြိမ်သော အမူအရာဖြင့် ပြောဆိုသည်။

"သခင်... ​ဒီငယ်သားက ဒီနေရာတဝိုက်ကို ဓားချီနဲ့ ပိတ်ဆို့ထားပြီးပါပြီ... ယင်ကောင်တစ်ကောင်တောင် မလွတ်မြောက်နိုင်ဘူးဆိုတာ အာမခံပါတယ်..."

လင်းရှောင်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပင်မတံခါးကို ကန်ဖွင့်ကာ ချင်းဟိုင်လေလံရုံထဲသို့ ဝင်ရောက်သွားသည်။

သူသည် လူသူကင်းမဲ့နေသော လေလံ ခန်းမကို လျှင်မြန်စွာ ဖြတ်သန်းသွားပြီး နောက်ကွယ်ရှိ အခန်းများဆီသို့ တန်းတန်းမတ်မတ် သွားခဲ့လေ၏။

မကြာမီ သူ့ကို ဟန့်တားရန် အစောင့်ဆယ်ယောက်ကျော် ထွက်ပေါ်လာခဲ့သည်။

ဤအစောင့်ဆယ်ယောက်ကျော်သည် အားမနည်းချေ။ သူတို့သည် ချင်းဟိုင်လေလံရုံ၏ အဓိက အစောင့်များဖြစ်ပြီး သူတို့အားလုံးသည် စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အစောပိုင်းအဆင့်ရှိ ကျင့်ကြံသူ များပင်။

အပြင်ဘက်တွင် မည်သည့်ကိစ္စများ ဖြစ်နေသည်ကို မသိသဖြင့် သူတို့သည် လင်းရှောင်တို့လူစုကို တွေဝေတုံ့ဆိုင်းမှုမရှိဘဲ တိုက်ခိုက်ခဲ့ကြသည်။

လင်းရှောင် အမိန့်ပေးရန် မလိုအပ်ဘဲ သွမ်ခုန်းသည် အနည်းငယ် စိတ်မရှည်စွာဖြင့် သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။

ပြေးဝင်လာသော လူဆယ်ယောက်ကျော်သည် ချက်ချင်းဆိုသလိုပင် သွေးမြူများအဖြစ် ပြောင်းလဲသွားပြီး အရိုးများပင် မကျန်တော့ချေ။

ဤသည်မှာ ပို၍မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်မှ လာသော အကြွင်းမဲ့ဖိနှိပ်မှုပင်။

လင်ရှီးမြို့ တွင် အစွမ်းထက်သူတစ်ဦးအဖြစ် သတ်မှတ်နိုင်လောက်အောင် သန်မာအားကောင်းသော စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ကျင့်ကြံသူ တစ်ဦးပင်လျှင် သွမ်ခုန်း၏ရှေ့တွင် ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်လေ၏။

"သောက်ချေးပဲ... နှစ်ပေါင်းများစွာ ငါ သေချာပြုစုပျိုးထောင်လာခဲ့တဲ့ ငါ့ရဲ့ အစောင့်တွေ..."

အနည်းငယ် ဝဖြိုးသော ပုံရိပ်တစ်ခု အခန်းထဲမှ ထွက်လာခဲ့သည်။ ဤှသည်မှာ ချင်းဟိုင်လေလံရုံ၏ ဥက္ကဋ္ဌချင်ပင်။

"မင်းတို့က ဘယ်သူတွေလဲ..."

"လင်း... လင်းရှောင်... မင်း ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

ဥက္ကဋ္ဌချင်သည် သွမ်ခုန်း၏နောက်တွင် မတ်တတ်ရပ်နေသော လင်းရှောင်ကို မြင်တွေ့ပြီးနောက် သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်တစ်ခု အချိန်တခဏကြာမျှ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် သူ၏အကြည့်သည် လင်းရှောင်၏နံဘေးရှိ လူနှစ်ဦးပေါ်သို့ လျှင်မြန်စွာ ကျရောက်သွားပေ၏။

"သောက်ကျိုးနည်း... သူတို့ရဲ့ အရှိန်အဝါကို ငါ အာရုံမခံနိုင်ဘူး... သူတို့က စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတွေများ ဖြစ်နေမလား..."

"ဒီကောင်လေးက ဒီလို ကျွမ်းကျင်သူတွေကို ဘယ်ကနေ ရှာတွေ့လာတာလဲ... သူ တစ်ခုခုကို တွေ့သွားတာများလား..."

"မဟုတ်ဘူး... ငါ နည်းလမ်းတစ်ခု စဉ်းစားရမယ်..."

ဥက္ကဋ္ဌချင်၏အတွေးများ လျှင်မြန်စွာ ပြေးလွှားနေခဲ့လေ၏။

ထို့နောက် သူ၏မျက်နှာအမူအရာသည် ဒေါသအဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။

"လင်းရှောင်... ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး... ဒါက ဘာအဓိပ္ပာယ်လဲ..."

"လင်ရှီးမြို့ အတွင်းမှာ ဆန္ဒအတိုင်း လူသတ်တာကို အခုလက်ရှိမြို့တော်ဝန်က ရာထူးတက်လာကတည်းက တားမြစ်ထားတယ်... မြို့တော်ဝန်စံအိမ်က မင်းကို ပြဿနာလာရှာမှာကို မင်း မကြောက်ဘူးလား..."

လင်းရှောင်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပြီး "ကျွတ် ကျွတ် ကျွတ်..." ဟု စုပ်သပ်လိုက်သည်။

"ဥက္ကဋ္ဌချင်ရဲ့ သရုပ်ဆောင်မှုက တကယ့်ကို ထူးခြားတာပဲ... ခင်ဗျား သရုပ်ဆောင်တစ်ယောက် မဖြစ်ခဲ့တာ နှမြောစရာပဲ..."

ဥက္ကဋ္ဌချင်က မျက်မှောင်တွန့်ကွေးသွားပြီး နားမလည်ဟန်ဆောင်ကာ ပြောလိုက်၏။

"လင်းရှောင်... မင်း ဒါက ဘာကို ဆိုလိုတာလဲ... ဒီဥက္ကဋ္ဌ နားမလည်ဘူး..."

ဥက္ကဋ္ဌချင် ဟန်ဆောင်နေဆဲဖြစ်သည်ကို မြင်သောအခါ လင်းရှောင်သည် သူ့ကို ဂရုမစိုက်တော့ဘဲ အမိန့်ပေးလိုက်သည်။

"အာဒီနိုစ့်... သူ့ရဲ့ ခြေထောက်တွေကို ဖြတ်လိုက်စမ်း... ဥက္ကဋ္ဌချင် အရာရာကို သေချာပြန်မှတ်မိအောင် လုပ်ပေးလိုက်..."

အာဒီနိုစ့်က ခေါင်းညိတ်ပြပြီး သူ၏လက်ကို ရှေ့သို့ဆန့်တန်းလိုက်ရာ အနက်ရောင်အလင်းတန်းတချို့ ပျံ့လွင့်သွားသည်။

ဥက္ကဋ္ဌချင်ထံမှ စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် နှောင်းပိုင်းအဆင့် အရှိန်အဝါများ ချက်ချင်းပေါက်ကွဲထွက်လာပြီး နံဘေးသို့ ပြတ်ပြတ်သားသား ရှောင်တိမ်းလိုက်၏။

သို့သော် ထိပ်တန်းလုပ်ကြံသူတစ်ဦးထံမှ တိုက်ခိုက်မှုကို မည်သို့ အလွယ်တကူ ရှောင်တိမ်းနိုင်မည်နည်း။

အနက်ရောင်အလင်းတန်းများသည် ရှောင်တိမ်းခံရသည်နှင့်အမျှ လျင်မြန်စွာ ကွေးကောက်သွားပြီး ဥက္ကဋ္ဌချင်၏ ခြေထောက်များကို လျှင်မြန်စွာ ရစ်ပတ်သွားသည်။

"မဟုတ်ဘူး..."

ထိုအနက်ရောင်အလင်းများသည် ချက်ချင်းတင်းကြပ်သွားပြီး ဥက္ကဋ္ဌချင်၏ခြေထောက်များကို ဖြတ်တောက်လိုက်သည်။

"လင်းရှောင်...မင်း ဘာတွေ သိသွားလဲ ဆိုတာကို ငါ မသိပေမဲ့... မင်းက မြို့ထဲမှာ ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ရဲပြီးတော့ သက်သေအထောက်အထားမရှိဘဲ စည်းမျဉ်းတွေကို စိတ်ကြိုက်ချိုးဖောက်နေတယ်... လင်ရှီးမြို့ က တခြားအင်အားစုတွေ မကျေမနပ် ဖြစ်လာမှာကို မင်း မကြောက်ဘူးလား..."

"တကယ်လို့ အင်အားစုတွေအားလုံး လှုပ်ရှားလာအောင် လှုံ့ဆော်မိရင်... စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်တောင် ကျဆုံးနိုင်တယ်... ဒါကို သေချာစဉ်းစားရမယ်..."

ဥက္ကဋ္ဌချင်သည် သူ၏ ပြတ်တောက်သွားသော ခြေထောက်များကို ဆုပ်ကိုင်ကာ ရှုံမဲ့နေသော မျက်နှာဖြင့် ခြိမ်းခြောက်လိုက်၏။

လင်းရှောင်၏နံဘေးရှိ အစွမ်းထက်သော ပုဂ္ဂိုလ်နှစ်ဦးသည် ကြီးမားသော အခကြေးငွေဖြင့် ငှားရမ်းထားခြင်း ဖြစ်မည်ဟု သူ ယုံကြည်ပြီး လင်ရှီးမြို့၏ အင်အားစုအားလုံးကို အသုံးပြုကာ လင်းရှောင်ကို ခြိမ်းခြောက်ရန် ကြိုးစားခဲ့သည်။

ကံမကောင်းစွာဖြင့် လင်းရှောင်သည် ထိုကိစ္စကို ဂရုမစိုက်ချေ။ ဤနည်းဗျူဟာသည် သူ့အတွက် အနည်းငယ်မျှ အသုံးမဝင်ချေ။

အကြွင်းမဲ့စွမ်းအားကို ရင်ဆိုင်ရသောအခါ ဤခြိမ်းခြောက်မှုများသည် အဓိပ္ပာယ်မဲ့လေ၏။

လင်းရှောင်က ဥက္ကဋ္ဌချင်ကို စိုက်ကြည့်ကာ ခြေလှမ်းအနည်းငယ် ရှေ့တိုးလာပြီး အေးစက်စွာ ပြောလိုက်သည်။

"မင်း ဆက်ပြီး အော်နေမယ်ဆိုရင်... မင်းရဲ့ တတိယ ခြေထောက်ကိုပါ ဖြတ်ပစ်မယ်..."

"အခုကစပြီး... ငါ မေးမယ်... မင်း ဖြေရမယ်... တကယ်လို့ မင်း မဖြေနိုင်ရင်... မင်းကို အပိုင်း ၁၀၈ ပိုင်း ခုတ်ထစ်ပြီး ငါးစာကျွေးဖို့ မြစ်ထဲ ပစ်ချမယ်..."

....

ဒီကောင်လေးက နတ်ဆိုးတစ်ကောင်များလား...

ဤစကားကို ကြားသောအခါ ဥက္ကဋ္ဌချင်သည် ချွေးစေူများ ထွက်လာပြီး လက်နှစ်ဖက်ဖြင့် သူ၏ပေါင်ကြားကို အလိုအလျောက် အုပ်ထားလိုက်သည်။

သူ အံ့ကြိတ်ကာ လင်းရှောင်ကို မမှိတ်မသုန် စိုက်ကြည့်နေသော်လည်း ထပ်မံ၍ စကားမပြောရဲတော့ချေ။

"ငါ့ရဲ့မိဘတွေကို ဘာလို့ တိုက်ခိုက်ခဲ့တာလဲ..."

ဥက္ကဋ္ဌချင်သည် တခဏကြာမျှ စဉ်းစားပြီးနောက် လင်းရှောင်၏မေးခွန်းကို ဖြေမည့်အစား ပြောဆိုသည်။

"လင်းရှောင်... မင်းက ငါ့ဆီ လာရှာတယ်ဆိုတော့... မင်း တစ်ခုခု သိထားလို့ပဲ ဖြစ်ရမယ်..."

"ဒါပေမဲ့ မင်း သိမှာမဟုတ်တဲ့ တခြားကိစ္စတွေ ရှိတယ်... မင်းရဲ့ မိဘတွေကို တကယ်သတ်ချင်တဲ့ အစစ်အမှန်ကြိုးကိုင်သူက တခြားသူ တစ်ယောက်ပဲ... မင်း ဘယ်တော့မှ ထင်မှတ်မထားတဲ့ လူတစ်ယောက်..."

"ဘယ်သူလဲ..."

လင်းရှောင်၏ အကြည့်သည် အေးစက်တင်းမာသွားပေ၏။

"အရာအားလုံးကို မင်းကို ငါ ပြောပြနိုင်တယ်... ဒါပေမဲ့ ငါ့ရဲ့ လွတ်လပ်မှုကို အာမခံဖို့ မိုးကောင်းကင်တာအို ကျိန်ဆိုခြင်းကို မင်း ပြုလုပ်ရမယ်... မဟုတ်ရင် ငါ ဘာမှပြောမှာ မဟုတ်ဘူး..."

မိုးကောင်းကင်တာအို ကျိန်ဆိုခြင်း သည် ဤလောကတွင် အထူးသဘောတူစာချုပ်တစ်ခုပင်။

မိုးကောင်းကင်တာအိုကျိန်ဆိုခြင်း ပြုလုပ်သူများသည် ထိုအရာကို လိုက်နာရမည် ဖြစ်ပြီး ချိုးဖောက်သူများသည် ကောင်းကင်ဘုံကပ်ဘေး၏ သတ်ဖြတ်ခြင်းကို ခံရပေမည်။ လူတစ်ယောက်၏ကျင့်ကြံခြင်း မည်မျှထိ မြင့်မားစေကာမူ ကောင်းကင်ဘုံကပ်ဘေးကို တောင့်ခံနိုင်မည်မဟုတ်ဟု ဆိုကြသည်။

လင်းရှောင် မျက်မှောင်ကြုတ်လိုက်သည်။ ဥက္ကဋ္ဌချင် ကို လွှတ်ပေးရန်မှာ မဖြစ်နိုင်ချေ။

သို့သော် သူ၏မိဘများကို အစစ်အမှန် သတ်ချင်သူဟု ဥက္ကဋ္ဌချင်ပြောဆိုသူ အကြောင်းကိုလည်း သူ သိချင်နေခဲ့သည်။

မူလက လင်းရှောင်သည် ဥက္ကဋ္ဌချင်နှင့် လီမိသားစုတို့သည် တိမ်တိုက်ကောင်းကင်လေလံရုံ၏ ပိုင်ဆိုင်မှု အားလုံးကို သိမ်းပိုက်ရန် သူ၏မိဘများကို သတ်ဖြတ်ခဲ့သည်ဟု ထင်မှတ်ခဲ့လေ၏။

ယခုကြည့်ရသလောက် ထိုကိစ္စသည် ဤမျှထိ မရိုးရှင်းပုံရသည်။

အချိန်တခဏမျှ စဉ်းစားပြီးနောက်...

လင်းရှောင်သည် ရုတ်တရက် အကြံဉာဏ်တစ်ခု ရသွားပြီး အလင်းတန်းတစ်တန်းက သူ၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။

သူက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"ကောင်းပြီလေ... ငါ သဘောတူတယ်..."

"ငါ လင်းရှောင်... ဒီနေရာမှာ မိုးကောင်းကင်တာအို ကျိန်ဆိုခြင်း ပြုလုပ်ပါတယ်... တကယ်လို့ ဥက္ကဋ္ဌချင် က အမှန်တရား အပြည့်အစုံကို ငါ့ကို ပြောပြမယ်ဆိုရင်... ငါ သူ့ကို အနာဂတ်မှာ သတ်မှာမဟုတ်ဘူး..."

သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...

ရွှေရောင် သဘောတူစာချုပ်တစ်ခုက လေထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီး လင်းရှောင်၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့လေ၏။

"ဘယ်လိုလဲ... အခု ငါ့ကို ပြောပြနိုင်ပြီလား..."

မိုးကောင်းကင်တာအို ကျိန်ဆိုခြင်း ပြီးမြောက်သွားသည်ကို မြင်သောအခါ ဥက္ကဋ္ဌချင်သည်လည်း စိတ်သက်သာရာရသွားသည်။

သူက စတင်၍ ပြောဆိုသည်။

"ငါတို့ချင်းဟိုင်လေလံရုံနဲ့ မြို့ထဲက လီမိသားစုက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီးတော့... မြို့ထဲက အင်အားစုတွေ အားလုံးကို ဖယ်ရှားပြီး လင်ရှီးမြို့ ကို အတူတူ လွှမ်းမိုးဖို့ အင်အားတွေကို တိတ်တဆိတ် စုဆောင်းနေခဲ့ကြတာ..."

"လွန်ခဲ့တဲ့ တစ်လလောက်က... ငါတို့ မိသားစုနှစ်ခုက လုံလောက်တဲ့ အင်အား စုဆောင်းမိသွားပြီ ဖြစ်လို့... မြို့ထဲက အဓိကအင်အားစုတစ်ခုကို အရင်ပစ်မှတ်ထားပြီး... အင်အားအဖြစ် ပြောင်းလဲဖို့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိတ်တဆိတ် ဝါးမျိုဖို့ စီစဉ်ခဲ့တယ်... ပြီးတော့ တခြားအင်အားစုတွေ မတုံ့ပြန်နိုင်ခင်မှာ... လင်ရှီးမြို့ ကို လွှမ်းမိုးဖို့ သူတို့ကို တစ်ခါတည်း ရှင်းလင်းပစ်ဖို့ စီစဉ်ခဲ့တယ်..."

"အစကတော့... ရွှီမိသားစုက မြို့ထဲမှာ အချမ်းသာဆုံး မိသားစုဖြစ်လို့ သူတို့ကို အရင်ပစ်မှတ်ထားဖို့ စီစဉ်ခဲ့တာ... ဒါပေမဲ့ တစ်နေ့ကျတော့... အနက်ရောင် ဝတ်စုံဝတ် သံတမန်တစ်ယောက် ငါတို့ဆီကို ရောက်လာတယ်..."

"သူက အိမ်နီးချင်း တာ့ကျယ်နိုင်ငံရဲ့ မင်းသားဆီက လူလို့ ပြောပြီးတော့ မင်းရဲ့ မိဘတွေကို သတ်ဖို့ နည်းလမ်းတစ်ခု ရှာခိုင်းရုံတင်မကဘူး... မင်းမိဘတွေရဲ့ ခရီးစဉ်လမ်းကြောင်းကိုပါ ပေးခဲ့တယ်... ပြီးတော့ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅သိန်းအထိ မြင့်မားတဲ့ အခကြေးငွေပေးဖို့ ဆန္ဒရှိခဲ့တယ်..."

"လင်ရှီးမြို့ကို လွှမ်းမိုးဖို့ တိမ်တိုက်ကောင်းကင်လေလံရုံကို ဘယ်လိုပဲဖြစ်ဖြစ် ဖယ်ရှားပစ်ရမှာဆိုတော့... ငါတို့က တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်တယ်... ငါတို့ရဲ့ ပစ်မှတ်ကို ရွှီမိသားစုကနေ တိမ်တိုက်ကောင်းကင်လေလံရုံကို ပြောင်းလိုက်ပြီးတော့ အမှောင်ရိပ်ခန်းမဆောင်ကနေ စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် လုပ်ကြံသူတစ်ယောက်ကို ငှားရမ်းဖို့ ငွေအများကြီး သုံးခဲ့တယ်..."

"ဒါက ဇာတ်လမ်း အပြည့်အစုံပဲ... အဲ့ဒါက ငါတို့နဲ့ တစ်ခုခု ပတ်သက်နေတယ် ဆိုပေမဲ့... အစစ်အမှန်တရားခံက ငါတို့ မဟုတ်ဘူး..."

ဤစကားကို ကြားပြီးနောက် လင်းရှောင်က မျက်မှောင်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်သည်။

"တာ့ကျယ်နိုင်ငံရဲ့ မင်းသား... ငါ့ရဲ့မိဘတွေက စိတ်ဝိညာဉ်ပင်လယ်နယ်ပယ်မှာပဲရှိတဲ့ ကျင့်ကြံသူတွေပါ... သူတို့က ဘယ်လိုလုပ် ဒီလို ပုဂ္ဂိုလ်မျိုးရဲ့ ရန်ငြိုးကို ခံရနိုင်မှာလဲ..."

နံဘေးဘက်တွင်...

ဥက္ကဋ္ဌချင်က စကားပြောဆိုပြီးနောက် လင်းရှောင်ကို စူးရဲစွာ ကြည့်လိုက်၏။

'လူကြီးလူကောင်းတစ်ယောက်ရဲ့ ကလဲ့စားချေမှုဟာ ဆယ်နှစ်ကြာရင်တောင် မနှောင်းပါဘူး... ကောင်လေး... မင်း စောင့်နေစမ်း...'

ဥက္ကဋ္ဌချင်က သူ၏စိတ်ထဲမှ ကြိမ်းဝါးလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်စွမ်းအားဖြင့် ခက်ခက်ခဲခဲ ထောက်ပံ့ကာ အဝေးသို့ မျောလွင့်သွားသည်။

"ဥက္ကဋ္ဌချင် ... ထွက်သွားဖို့ အရမ်းအလျင်မလိုပါနဲ့..."

သို့သော် သူ သိပ်မဝေးခင်မှာပင် လင်းရှောင်က သူ၏ လမ်းကို ပိတ်ဆို့ဟန့်တားထားလေသည်။

"လင်းရှောင်... မင်း ဘာကို ဆိုလိုတာလဲ... မိုးကောင်းကင်တာအိုရဲ့ တန်ပြန်သက်ရောက်မှုကို မင်း မကြောက်ဘူးလား..."

လင်းရှောင်က သူ့ကိုမဖြေဘဲ နံဘေးရှိ သွမ်ခုန်းကို အကြည့်တစ်ချက် ပေးလိုက်၏။

သွမ်ခုန်းက နားလည်သွားပြီး သူ၏လက်ချောင်းတစ်ချောင်းကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။

ဓားချီတစ်လှိုင်းသည် သူ၏လက်ချောင်းထိပ်မှ ပျံ့လွင့်သွားပြီး ဥက္ကဋ္ဌချင်၏ခေါင်းကို ချက်ချင်းထိုးဖောက်သွားခဲ့သည်။

"မင်း လိမ်တာပဲ..."

ဥက္ကဋ္ဌချင်သည် နောက်ဆုံးစကားလုံးအနည်းငယ်ကို ပြောလိုက်ပြီးနောက် နေရာတွင်ပင် သေဆုံးသွားသည်။

ဒါကို ဘယ်လိုလုပ် လိမ်တယ်လို့ ခေါ်နိုင်မှာလဲ...ဒါက စည်းမျဉ်းတွေကို ဘယ်လို အသုံးပြုရမလဲဆိုတာ သိတာလို့ ခေါ်တယ်...

လင်းရှောင်က ညင်သာစွာ ပြုံးလိုက်ပြီး ရှေ့သို့လျှောက်လှမ်းသွားကာ ဥက္ကဋ္ဌချင်၏ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်ကျောက်တုံးများကို ယူဆောင်လိုက်၏။

ထို့နောက် သူသည် ချင်းဟိုင်လေလံရုံ၏ ဘဏ္ဍာတိုက်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ကံမကောင်းစွာဖြင့် ချင်းဟိုင်လေလံရုံသည် မကြာသေးမီက လေလံပွဲများကို မကြာခဏ ကျင်းပနေခဲ့ပြီး ရတနာများအားလုံး ရောင်းချပြီးဖြစ်နေသည်။

ဘဏ္ဍာတိုက်သည် ဗလာဟင်းလင်း ဖြစ်နေပေ၏။

ထို့နောက် လင်းရှောင်သည် နောက်သို့လှည့်လိုက်ပြီးတော့ ချင်းဟိုင်လေလံရုံမှ ထွက်လာခဲ့တော့သည်။

...

လင်ရှီးမြို့၏ ဗဟိုဧရိယာတွင်ရှိသော လီမိသားစု၏ ခမ်းနားသော စံအိမ်ကြီး၌....

လင်းရှောင်သည် သွမ်ခုန်း၏ အားကောင်းသော စိတ်ဝိညာဉ်စွမ်းအားဖြင့် အမြင့်တွင် ထိန်းထားခံရပြီး အနီးအနားရှိ လီမိသားစုကို တိတ်တဆိတ်စွာ ကြည့်ရှုနေခဲ့သည်။

"အာဒီနိုစ့်... အဲ့ဒါက မင်းအပေါ်မှာ မူတည်တယ်... ဘယ်သူ့ကိုမှ အသက်ရှင်ရက် ချန်မထားနဲ့..."

ထိုအမိန့်ကို ရရှိပြီးနောက် အာဒီနိုစ့်သည် လီအိမ်တော်၏အထက်သို့ လျှင်မြန်စွာ ပျံသန်းသွားခဲ့သည်။

သူ၏ ဘယ်ဘက်လက်တွင် စိတ်ဝိညာဉ်စွမ်းအင် အမြောက်အများ စုစည်းလာပြီး အောက်သို့ ဖြည်းညှင်းစွာ တွန်းပို့လိုက်၏။

"မဟာဖျက်ဆီးခြင်း လက်စည်းသင်္ကေတ ..."

ဧရာမ အနက်ရောင် လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လီအိမ်တော်တစ်ခုလုံးကို အထက်မှ လွှမ်းခြုံသွားသည်။

ခြံဝင်းထဲတွင် လက်ဖက်ရည်သောက်နေသော လီ မိသားစုခေါင်းဆောင်သည် ရုတ်တရက် ကောင်းကင်ကြီး မှောင်မိုက်သွားသည်ကို ခံစားလိုက်ရပြီး သူ၏ ဆံပင်များ ထောင်တက်သွားသည်ကို ချက်ချင်းခံစားလိုက်ရသည်။

ကောင်းကင်ယံရှိ ဧရာမ အနက်ရောင် လက်ဝါးပုံရိပ်ယောင်ကြီးကို ကြည့်ကာ သူက မျှော်လင့်ချက်မဲ့စွာဖြင့် အော်ဟစ်လိုက်သည်။

"မဟုတ်ဘူး..."

မိုးကြိုးပစ်ခတ်သံကဲ့သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ အနက်ရောင် လက်ဝါးပုံရိပ်ယောင်ကြီးသည် လီအိမ်တာ်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာခဲ့ပေ၏။

ထိုအချိန်မှစ၍...

လီမိသားစုသည် လုံးလုံးလျားလျား သုတ်သင်ခြင်း ခံလိုက်ရတော့သည်။

All Chapters