← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း (၁၃) ခန္ဓာကိုယ်သန့်စင်ခြင်း ရွှေရောင်မြက်... လေလံပွဲအတွက် ပြင်ဆင်ခြင်း

မကြာမီ လင်းရှောင်သည် သူ၏အိပ်ခန်းသို့ ပြန်ရောက်လာပြီး ကောင်းစွာအနားယူလိုက်၏။

လွန်ခဲ့သောနှစ်ရက်အတွင်း ဟိုပြေးဒီပြေး လုပ်နေရခြင်းက သူ့ကို အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်စေခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ သူသည် စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်မှ အတွေ့အကြုံမရှိသေးသော ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပြီး သူ၏ရုပ်ခန္ဓာကိုယ်နှင့်စွမ်းအားသည် သာမန်လူတစ်ယောက်ထက် အနည်းငယ်သာ ပိုကောင်းလေ၏။

နောက်တစ်နေ့တွင် လင်းရှောင်သည် ညဘက် ကောင်းစွာအိပ်စက်အနားယူခဲ့ရသဖြင့် သူ၏စိတ်နှင့် စွမ်းအားများ အတော်အသင့် ပြန်လည်ကောင်းမွန်လာခဲ့သည်။

တခြားလုပ်စရာ ဘာမှမရှိသဖြင့် လင်းရှောင်က သူ၏ ပိုင်ဆိုင်မှုများကို အကြမ်းဖျင်း စစ်ဆေးကြည့်လိုက်သည်။

အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅၇၀၀၀၀၊ တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့ တစ်ကောင်၏ အလောင်း၊ ပျက်စီးနေသော အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်ခု....ထို့နောက် တခြားမည်သည့်အရာမျှ မရှိတော့ပုံပေါ်သ​ည်။

ထိုအချိန်မှာပင် သူ၏နံဘေးရှိ ဆေးပင်အိတ်ကို သူ သတိပြုလိုက်မိသည်။

"အော်... ဟုတ်သားပဲ... လီအာ ငါ့ကို ယူလာပေးတဲ့ စိတ်ဝိညာဉ်ဆေးပင်ပဲ..."

လင်းရှောင် ရုတ်တရက် သတိရသွားပြီး အိတ်ကို ဖွင့်ကာ သိချင်စိတ်ဖြင့် အထဲမှ စိတ်ဝိညာဉ်ဆေးပင်ကို ထုတ်ယူလိုက်၏။

"အဲ့ဒါက တကယ်ကြီး ဒီလို စိတ်ဝိညာဉ်ဆေးပင်မျိုး ဖြစ်နေတာကိုး... လီအာက ငါ့အတွက် အံ့အားသင့်စရာတစ်ခုကို တကယ်ကြီး ယူလာပေးတာပဲ..."

လင်းရှောင်က သူ၏လက်ထဲရှိ စိတ်ဝိညာဉ်ဆေးပင်ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေခဲ့သ​​ည်။

ဤသည်မှာ အပြာရောင်အလင်းတန်းများ ထုတ်လွှတ်နေသော စိတ်ဝိညာဉ်ဆေးပင်တစ်ပင် ဖြစ်ပြီး အရွက်များပေါ်တွင် ရွှေရောင်ပုံစံများ ဝိုးတဝါးပါရှိသည်။

ခန္ဓာကိုယ်သန့်စင်ခြင်း ရွှေရောင်မြက်

အဆင့်....စတုတ္ထအဆင့် အနိမ့်ဆုံးအဆင့်

ဖော်ပြချက်...စားသုံးပြီးနောက် ပါရမီကို အနည်းငယ် တိုးတက်စေနိုင်တယ်... စိုစွတ်တဲ့ နေရာတွေမှာ တစ်ခါတစ်ရံ ပေါက်ရောက်လေ့ရှိပြီး အရမ်းရှားပါးတယ်...

အမှန်အားဖြင့် ဤသည်မှာ လင်းရှောင် အိပ်မက်မက်ခဲ့သော ရတနာပင်။ ဤသည်က ပါရမီကို မြှင့်တင်ပေးနိုင်ပြီး သွေးကြောများကို သန့်စင်ပေးနိုင်သော စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ဖြစ်သည်။

ထိုဆေးပင်၏အဆင့်မှာ စတုတ္ထအဆင့်သာ ရှိသော်လည်း ဤကဲ့သို့ ရတနာများ၏ ကောင်းကင်ကို အန်တုသော အကျိုးသက်ရောက်မှုကြောင့် ထိုအရာ၏တန်ဖိုးသည် သာမန် ပဉ္စမအဆင့်ရတနာ တစ်ခုထက်ပင် ပို၍မြင့်မားလေ၏။

ထို့ပြင် ဤသည်က တန်ဖိုးမဖြတ်နိုင်ဘဲ ရရှိရန် အလွန်ခက်ခဲလှသည်။

"ငါ အခုချက်ချင်း ဒါကို စားပစ်ချင်နေပြီ... ဝမ်းချုပ်နေသလို နှေးကွေးနေတဲ့ ငါ့ရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းကို နောက်ထပ် တစ်စက္ကန့်လေးတောင် သည်းမခံနိုင်တော့ဘူး..."

"မဟုတ်ဘူး... ငါ ကိုယ့်ကိုယ်ကိုယ် ထိန်းရမယ်... နောက်လ လေလံပွဲအတွက် အဲ့ဒါကို ချန်ထားရမယ်... တုံ့ပြန်မှု စွမ်းရည်ကို ဒီရတနာပေါ်မှာ သုံးရမယ်..."

လင်းရှောင်၏ ဆင်ခြင်တုံတရားသည် နောက်ဆုံးတွင် သူ၏ စိတ်လိုက်မာန်ပါဖြစ်မှုကို အနိုင်ယူသွားပြီး ခန္ဓာကိုယ်သန့်စင်ခြင်း ရွှေရောင်မြက်ကို သူ၏ စနစ် ဟင်းလင်းပြင်ထဲတွင် သိမ်းဆည်းလိုက်သည်။

"တစ်လလေးပါပဲ... ပိုကောင်းတဲ့ အနာဂတ်အတွက် ငါ သည်းခံလိုက်မယ်... ပြီးတော့ အဲ့ဒါလည်း ကုန်ဆုံးသွားမှာပါ..."

လင်းရှောင် သက်ပြင်းချလိုက်ပြီး သူ၏စိတ်လှုပ်ရှားမှုကို ငြိမ်သက်စေလိုက်၏။

အခြေတကျ ဖြစ်သွားပြီးနောက် နောက်လ လေလံပွဲကျင်းပရေးနှင့် ပတ်သက်သော ကိစ္စရပ်များကို သူ စဉ်းစားနေခဲ့သည်။

"ပထမဆုံး... လေလံခန်းမက နည်းနည်းဟောင်းနေပြီ... ပထမအဆင့် စိတ်ဝိညာဉ်သစ်သားကလည်း နည်းနည်း ကြည့်မကောင်းဘူး... ဒါပေမဲ့ လေလံရုံကို အလုံးစုံ ပြန်မွမ်းမံဖို့က အနည်းဆုံး တစ်နှစ်ခွဲလောက် အချိန်ယူရမှာဆိုတော့... လောလောဆယ်တော့ ဒီအတိုင်းပဲ ဖြစ်သလို နေလိုက်ရအောင်..."

"အင်း... လေလံရုံအတွက် အစေခံတွေကိုလည်း အမြန်ဆုံး စီစဉ်ဖို့ လိုတယ်... ပြီးတော့ လေလံမှူးတစ်ယောက်ကိုလည်း ရှာရမယ်... နောက်ပြီး... လေလံရုံ အတွက် အရောင်းမြှင့်တင်ရေး... ဖိတ်စာတွေ..."

"အော်... ဟုတ်သားပဲ... အရောင်းမြှင့်တင်ရေး..."

ထိုအချိန်မှာပင်...

လင်းရှောင်က အလွန်ကြီးမားသော ပြဿနာတစ်ခုကို ရုတ်တရက် နားလည်သဘောပေါက်သွားသည်။ ဤသည်မှာ လေလံတင်နိုင်သော ရတနာအရေအတွက်သည် အလွန်နည်းပါးလွန်းနေခြင်းပင်။

လက်ရှိအခြေအနေအရ ခန္ဓာကိုယ်သန့်စင်ခြင်း ရွှေရောင်မြက်နှင့် တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့ အလောင်းတို့ကိုသာ လေလံတင်နိုင်မည်ဟု ထင်ရလေ၏။ ထိုပစ္စည်းနှစ်ခုတည်းသာဆိုလျှင် လုံးဝမလုံလောက်ချေ။

ဤလောကတွင် ပုံမှန် လေလံပွဲတစ်ပွဲသည် လေလံပစ္စည်း အနည်းဆုံး ၁၀ ခု သို့မဟုတ် ထို့ထက်ပို၍ လိုအပ်ပြီး နောက်ဆုံး ပိတ်ပွဲ ပစ္စည်းတစ်ခုလည်း လိုအပ်သည်။

လေလံပစ္စည်းများကို ပြင်ဆင်ပြီးနောက် ထိုအရာများအနက်မှ တချို့နှင့် ပတ်သက်သော အချက်အလက်များကို အသုံးပြု၍ အရောင်းမြှင့်တင်ရပေမည်။

ထိုသို့မဟုတ်ပါက ဘာမှန်းမသိသော လေလံပွဲတစ်ခုတွင် ပါဝင်ရန်အတွက် မိုင်ထောင်ချီ၍ ခရီးသွားလာရန် မည်သူက ဆန္ဒရှိမည်နည်း။

"လက်ရှိမှာ... လင်ရှီးမြို့ အတွင်းမှာ တိမ်တိုက်ကောင်းကင်လေလံရုံက လွှမ်းမိုးထားတာပဲ... လီယီ ရတနာတွေ စုဆောင်းမိလား မသိဘူး..."

ဥက္ကဋ္ဌချင်ကို ရှင်းလင်းပြီးနောက် ချင်းဟိုင်လေလံရုံမှ လူများအားလုံး ထွက်ပြေးသွားကြသဖြင့် ယခုအချိန်၌ လင်ရှီးမြို့ တစ်မြို့လုံးတွင် တိမ်တိုက်ကောင်းကင်လေလံရုံသာ ကျန်ရှိတော့သည်။

လင်းရှောင် တခဏကြာမျှ စဉ်းစားပြီးနောက် လီယီကို သွားခေါ်ရန် သွမ်ခုန်းအား ပြောလိုက်၏။

မကြာမီ လီယီက တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။

သူသည် လင်းရှောင်၏ ရှေ့သို့ ရောက်လာပြီး အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်သည်။

"သခင်လေး... လိုအပ်တာ ရှိလို့လား..."

"မကြာသေးခင်က ကျင့်ကြံသူတွေ လေလံပစ္စည်း လာတင်သွင်းတာ ဒါမှမဟုတ် ရတနာ လာရောင်းတာမျိုး ရှိလား..."

လီယီ တခဏကြာမျှ စဉ်းစားပြီး ပြောလိုက်၏။

"နည်းနည်းတော့ ရှိတယ်... ဒါပေမဲ့ သခင်လေးက လွန်ခဲ့တဲ့ နှစ်ရက်က မရှိတော့ ကျွန်တော် သူတို့အားလုံးကို ပြန်လွှတ်လိုက်တယ်..."

"အမ်..."

လင်းရှောင်က စဉ်းစားပြီးနောက် ပြောဆိုသည်။

"ဒီလိုလုပ်ရအောင် လီယီ... ဒီနေ့ကစပြီး... လေလံပစ္စည်း တင်သွင်းတာတွေကို လက်ခံတာ... ရတနာ တွေ ဝယ်ယူတာ... လေလံပွဲ မတိုင်ခင်နဲ့ ပြီးတဲ့နောက်မှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ စီမံခန့်ခွဲတာတွေ အားလုံးကို မင်းတို့ ညီအစ်ကို သုံးယောက်ပဲ တာဝန်ယူရမယ်..."

"အစောင့်အသစ်တွေ အတွက်ကတော့ ငါ့မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိတယ်..."

"တင်သွင်းခက တစ်ရာခိုင်နှုန်းပဲ ဖြစ်ရမယ်... ရတနာ တွေ ဝယ်ယူဖို့အတွက်ကတော့... မင်းတို့ဘာသာ ဆုံးဖြတ်လို့ ရတယ်... မှတ်ထား... တတိယအဆင့် အောက်က ရတနာတွေကို ငါတို့ လက်မခံဘူး..."

လီယီက သဘောတူကြောင်း ပြောဆိုကာ သူ၏လက်ကို ပူးဆုပ်၍ တည်ကြည်လေးနက်စွာ အာမခံလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်လေး... စိတ်ချပါ... ဒီကိစ္စတွေကို ကျွန်တော်တို့ ကိုင်တွယ်ပါ့မယ်..."

လင်းရှောင်က ခေါင်းညိတ်ပြပြီး ထပ်ပြောလေ၏။

"နောက်ပြီးတော့... ငါတို့ရဲ့ တိမ်တိုက်ကောင်းကင်လေလံရုံကိုလာတဲ့ ဧည့်သည်တွေကို ကြိုဆိုဖို့အတွက် အစေခံမလေးတွေနဲ့ ကျွမ်းကျင်တဲ့ လေလံမှူးတစ်ယောက်ကို ခေါ်ယူနေတယ်လို့ အပြင်ကို ကြေညာလိုက်ပါ..."

"တကယ်လို့ လာလျှောက်တဲ့သူ ရှိရင်... သူတို့ရဲ့ နောက်ခံကို စုံစမ်းဖို့ မမေ့နဲ့... တကယ်လို့ ပြဿနာ မရှိဘူးဆိုရင် သူတို့ကို ငှားလိုက်ပါ... သူတို့ရဲ့ လစာက အရင်ကထက် ဆယ်ဆ ပိုရပါလိမ့်မယ်..."

ထိုစကားကိုပြောဆိုပြီးနောက် လင်းရှောင်သည် သူ့ထံတွင်ရှိသော အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး များ အားလုံးကို လီယီထံ ပေးလိုက်၏။

လီယီက မျက်လုံးအပြူးသားဖြင့် ထိုအရာများကို လက်ခံလိုက်ပြီး တခြားလူနှစ်ယောက်ကို အသိပေးရန် အခန်းထဲမှ ထွက်သွားတော့သည်။

"အခု ဒီကိစ္စတွေ ပြီးသွားပြီဆိုတော့... နောက်ဆုံးတော့ ငါ တော်တော်လေး စိတ်အေးသွားပြီ... ငါက ဘာမှ မလုပ်ရတဲ့ တာဝန်ခံတစ်ယောက် ဖြစ်သွားပြီပဲ..."

လင်းရှောင်က အကြောဆန့်လိုက်ပြီး သူ၏မျက်နှာတွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

မိုင်ရာပေါင်းများစွာ ကွာဝေးသော လျှူရှားခရိုင်မြို့၌.....

"အဖေ... ကျေးဇူးပြုပြီး ကူညီပါအုံး... ကျွန်မ​ သခင်လေးလင်းကို ကတိပေးထားပြီးပြီ..."

စုရှီယုသည် နှုတ်ခမ်းစူကာ သူမ၏ရှေ့ရှိ လူလတ်ပိုင်း အမျိုးသားကို အသနားခံသော အမူအရာဖြင့် ကြည့်လိုက်၏။

"အဓိပ္ပာယ်မရှိတာ... မဖြစ်နိုင်ဘူး... ငါ့လို ဂုဏ်သရေရှိတဲ့ ခရိုင်မြို့တော်ဝန် တစ်ယောက်က... ငါ တစ်ခါမှတောင် မကြားဖူးတဲ့ လေလံရုံတစ်ခုကို အရောင်းမြှင့်တင်ပေးဖို့ ဘယ်လိုလုပ်ပြီး မျက်နှာအပျက်ခံနိုင်မှာလဲ..."

"အစ်ကိုကြီးစု ... အဲ့ဒီလေလံရုံက မရိုးရှင်းဘူး... အနည်းဆုံးတော့ လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်က အဲ့ဒီမှာ စောင့်ကြပ်နေတယ်..."

ထိုအချိန်မှာပင် အကြီးအကဲမိုက ဝင်ပြောကာ သူ့ကို ဖျောင်းဖျရန် ကြိုးစားလိုက်၏။

"မင်းက ပြောရဲသေးတယ်ပေါ့... မင်းသာ ဒီကောင်မလေးကို အဲ့ဒီသောက်ရေးမပါတဲ့ လေလံပွဲ သွားဖို့ သဘောမတူခဲ့ရင်... ဒီလိုတွေ ဖြစ်လာပါ့မလား..."

"ဘာကျွမ်းကျင်သူလဲ... ဒီနားဝန်းကျင်မှာ ငါ မသိတဲ့ ကျွမ်းကျင်သူဆိုလို့ ဘယ်သူ ရှိလို့လဲ... ငါထင်တာတော့ သူတို့က မင်းကို လှည့်စားဖို့ အထူးရတနာ တစ်ခုခုကို သုံးခဲ့တာပဲ ဖြစ်မယ်..."

"ပြီးခဲ့တဲ့ တစ်ခေါက်က ငါ အရမ်းသက်ညှာခဲ့တာ ဖြစ်မယ်... ဒီည ငါ့အခန်းကို လာခဲ့... ငါတို့ ညီအစ်ကိုတွေ သေချာပြန်ပြီး ယှဉ်ပြိုင်ကြတာပေါ့..."

လူလတ်ပိုင်း အမျိုးသားသည် အကြီးအကဲမိုကိုကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

နံဘေးမှ အကြီးအကဲမိုသည် ငိုကြွေးလုနီးပါး ဖြစ်နေပြီး ချက်ချင်းပါးစပ်ပိတ်သွားကာ ဆက်မပြောရဲတော့ချေ။

"အဖေ... အဖေ တကယ်ကြီး မကူညီဘူးဆိုတာ သေချာလား..."

စုရှီယုက လူလတ်ပိုင်းအမျိုးသားကို စူးစိုက်ကြည့်ကာ တွေဝေတုံ့ဆိုင်းသော လေသံဖြင့် မေးလိုက်သည်။

"ဆက်ပြောစရာ အကြောင်းမရှိဘူး..."

"ကောင်းပြီလေ... ဒါဆိုရင်လည်း အမေ့ရဲ့ သင်္ချိုင်းဂူမှာ သွားငိုရုံပဲ ရှိတော့တာပေါ့... အဖေက ကျွန်မကို လုံးဝမချစ်ဘူး..."

စုရှီယုသည် မတရားခံရသည့်ပုံဖြင့် လှည့်ထွက်သွားရန် ဟန်ပြင်လိုက်၏။

"ခဏနေအုံး... ပြန်လာခဲ့... တကယ်တော့... ငါတို့ ဆွေးနွေးလို့ ရပါသေးတယ်..."

လူလတ်ပိုင်းအမျိုးသားက စုရှီယုကို အလျင်အမြန် ပြန်ခေါ်လိုက်သည်။

"ဟီး ဟီး..."

သူမသည် ဤရလဒ်ကို ယခင်ကတည်းက မျှော်လင့်ထားသည့်အလားပင်။

စုရှီယုက အောင်ပွဲခံသော အမူအရာဖြင့် ချက်ချင်းနောက်ပြန်လှည့်လာခဲ့သည်။

"ဒီလိုလုပ်ရင်ရောဘယ်လိုလဲ... အဲ့ဒီဥက္ကဋ္ဌက သူ့ရဲ့ လေလံရုံကို အရောင်းမြှင့်တင်ချင်တာ မဟုတ်လား... ရိုးရိုးရှင်းရှင်း ပြောရရင် သူက လူတွေကို လာစေချင်တာပဲ မဟုတ်လား... ငါတို့ မြို့တော်ဝန်စံအိမ်က တက်ရောက်ရင် လုံလောက်ပြီမလား... အဲ့ဒါက သူ့ကို မျက်နှာသာပေးတာပဲ..."

လူလတ်ပိုင်း အမျိုးသားက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။

"အဲ့ဒါက အဓိပ္ပာယ်ရှိသလိုပဲ... အဲ့ဒါလည်း အဆင်ပြေပါတယ်..."

စုရှီယုက ခေါင်းညိတ်လိုက်ပြီး အပြုံးတစ်ခုက သူမ၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

"ဒါပေမဲ့... မင်းရဲ့ ဘေးကင်းရေးအတွက်... မင်း သွားဖို့ မစဉ်းစားသင့်ဘူး..."

"မဟုတ်ဘူး... သခင်လေးလင်းက လူဆိုးနဲ့ မတူပါဘူး... ကျွန်မလည်း သွားချင်တယ်..."

"မရဘူး... ဒီကိစ္စကို ဆက်ပြီးဆွေးနွေးဖို့ မလိုတော့ဘူး..."

လူလတ်ပိုင်း အမျိုးသားက ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ဟူး... ကောင်းပြီလေ...ကျေးဇူးပြုပြီး သခင်လေးလင်း ကို ကျွန်မကိုယ်စား နှုတ်ဆက်ပေးဖို့ မမေ့ပါနဲ့..."

စုရှီယုက စိတ်မကျေမနပ်ဖြင့် ထွက်ခွာသွားခဲ့သည်။

မဟာယန်တော်ဝင်မြို့တော်၏ ထောင့်တစ်နေရာတွင် စီးပွားရေး အလွန်ပါးလျသော သာမန် စားသောက်ဆိုင်တစ်ဆိုင် ရှိလေ၏။

သို့သော် လူအများ မသိသောအရာမှာ ဤသည်က အမှန်အားဖြင့် မဟာယန်နိုင်ငံရှိ အမှောင်ရိပ်ခန်းမဆောင်ခွဲများ၏ ဌာနချုပ် ဖြစ်နေခြင်းပင်။

ထိုစားသောက်ဆိုင်၏ရှေ့တွင် မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုသည် တံခါးဝရှိ အစောင့်နှစ်ဦးနှင့် လျှို့ဝှက် အချက်ပြမှုကို ဖလှယ်ပြီးနောက် ရုပ်ဖျက်ထားသော အနက်ရောင် ဝတ်စုံဝတ် လုပ်ကြံသူတစ်စုကို အထဲသို့ ခေါ်ဆောင်သွားခဲ့လေ၏။

တခြားအနက်ရောင်ဝတ်စုံဝတ် လုပ်ကြံသူ များကို နေရာချထားပြီးနောက် သူသည် ခန်းမဆောင်၏ အပေါ်ဆုံးထပ်သို့ လျှောက်လှမ်းသွားလေသည်။

"သတ္တမသခင်လေး ... ဒီအစေခံအိုကြီးလီကျင်းမှာ အရှင့်ကို ပြောစရာ ရှိပါတယ်..."

ခရမ်းရောင်ရင့်ရင့်တံခါး၏အပြင်ဘက်တွင် မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုသည် သူ၏လက်ကို ပူးဆုပ်ကာ ပြောလိုက်၏။

တံခါးသည် ရုတ်တရက် အလိုအလျောက် ပွင့်သွားပြီး အေးစက်သော အသံတစ်သံ အခန်းထဲမှ ထွက်ပေါ်လာခဲ့သည်။

"ဝင်ခဲ့..."

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအို ဝင်သွားပြီးနောက် ပလ္လင်ပေါ်တွင် ထိုင်နေသော အနက်ရောင်ဝတ်စုံဝတ်ဆင်ထားပြီး ဆံပင်ရှည်များရှိသည့် လူငယ်တစ်ယောက်ကို မြင်တွေ့လိုက်ရလေ၏။

ဤသည်မှာ မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအို ပြောသော သတ္တမသခင်လေးပင်။

"ဘာတွေဖြစ်နေတာလဲ... မင်းရဲ့ ခန်းမဆောင်ခွဲက လူတွေအကုန်လုံး ဘာလို့ ဒီကို ရောက်နေတာလဲ..."

သတ္တမသခင်လေး၏ လေသံတွင် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။

"ဒါက... သတ္တမသခင်လေး ... ကျွန်တော်တို့ရဲ့ ခန်းမဆောင်ခွဲက ဖျက်ဆီးခံလိုက်ရလို့... သူတို့အားလုံးကို ဒီကို ယာယီ ခေါ်လာခဲ့ရတာပါ..."

"အမ်... မဟာယန်မှာ ငါတို့ အမှောင်ရိပ်ခန်းမဆောင် ကို ဆန့်ကျင်ရဲတဲ့သူ ရှိလို့လား...စိတ်ဝင်စားစရာပဲ... အကြောင်းစုံကို ပြောပြစမ်း..."

သတ္တမသခင်လေး၏ မှေးစင်းနေသော မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာပြီး သူ၏ မျက်နှာပေါ်တွင် သိချင်စိတ် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပေ၏။

"ဖြစ်ပုံက ဒီလိုပါ... လွန်ခဲ့တဲ့ အချိန်တခဏလောက်က..."

မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအို သည် အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်လည်ပြောပြခဲ့လေ၏။

"သခင်လေး ဘယ်လိုထင်လဲ... ဥက္ကဋ္ဌလင်းကို တာဝန်ယူခိုင်းသင့်လား..."

"ဘာလို့ တာဝန်ယူခိုင်းရမှာလဲ... အသုံးမကျတဲ့ကောင်တချို့ရဲ့ အသက်တွေက အားကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အမုန်းတရားကို ချေဖျက်ပေးတယ်လေ... ဒါက တန်ပါတယ်..."

သတ္တမသခင်လေးက ဂရုမစိုက်သကဲ့သို့ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

အမှောင်ရိပ်ခန်းမဆောင်သည် နည်းဗျူဟာမြောက် စီစဉ်မှုနှင့် အောက်ခြေသိမ်း ဖွံ့ဖြိုးတိုးတက်မှုတို့ကို အားကိုးခြင်းဖြင့် ထိပ်တန်းအင်အားစုတစ်ခုနှင့် နီးစပ်သော လွှမ်းမိုးမှုရှိသည့် အင်အားစုတစ်ခု ဖြစ်လာခဲ့ခြင်းပင်။

သူ၏အမြင်အရ ပဋိပက္ခတစ်ခုကို ဖြေရှင်းရန် လုပ်ကြံသူအနည်းငယ်၏ အသက်များကို အသုံးပြုခြင်းသည် သေချာပေါက် အကျိုးအမြတ်ရှိသော အရောင်းအဝယ်တစ်ခုပင်။

ထို့နောက် သတ္တမသခင်လေးက သေချာစဉ်းစားလိုက်ရာ သူ၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားပြီးတီးတိုးရေရွတ်လိုက်၏။

"ဆဌမအဆင့် တောင်ပံနက် ခရမ်းလျှပ်စီးခြင်္သေ့ကို အလွယ်တကူ သတ်နိုင်တဲ့ ဓားကျင့်ကြံသူတစ်ယောက်... ဥက္ကဋ္ဌလင်းနဲ့ တိမ်တိုက်ကောင်းကင်လေလံရုံ ..."

"ဘယ်လောက် စိတ်ဝင်စားစရာ ကောင်းလဲ... ဒီလို ထူးခြားတဲ့ လူတစ်ယောက်က ဒီသေးငယ်တဲ့ မဟာယန်ကို ဘယ်တုန်းက ရောက်လာတာလဲ..."

"ဒါပေမဲ့ ဒီ တိမ်တိုက်ကောင်းကင်လေလံရုံ အကြောင်း ငါ ဘာလို့ မကြားဖူးရတာလဲ... ချင်းယွမ်ကုန်းမြေက အဓိကအင်အားစုတွေနဲ့ အတော်အသင့်အားကောင်းတဲ့ အင်အားစုတွေ အကြောင်းကို ငါ အကုန်သိပါတယ်... ဒါက မဖြစ်သင့်ဘူး..."

All Chapters