← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း (၁၇) ပြင်းထန်သော ဖိနှိပ်မှု....မောက်မာသော သွမ်ခုန်း

"ကောင်းပြီ... ပြင်ဆင်ထားလိုက်တော့... လေလံပွဲ က နောက်နာရီအနည်းငယ်နေရင် စတော့မှာ..."

"ဟင်..."

စုရှီယု၏အပြုံး ချက်ချင်းပျောက်ကွယ်သွားတော့သည်။

"ဒီလေလံပွဲအတွက် ငါ စင်မြင့်ပေါ် တက်ရမှာလား... ဒီလောက် မြန်မြန်ကြီးလား... အဖေ နဲ့ တခြားသူတွေ ငါ့ကို မြင်သွားမှာ မဟုတ်လား... "

"အဟွတ် အဟွတ်... နားလည်အောင် ကြိုးစားပါ... အဲ့ဒါကို မင်းရဲ့ စွမ်းရည်တွေအတွက် သွေးသစ်လောင်းဖို့ အတွေ့အကြုံ တစ်ခုအနေနဲ့ သဘောထားလိုက်ပါ... နောက်ပြီးတော့... ငါ ဒီမှာ ရှိနေတာဆိုတော့ မင်းအဖေက မင်းကို ဘာမှလုပ်ရဲမှာ မဟုတ်ဘူး..."

လင်းရှောင်သည် စကားပြောဆိုနေစဉ်မှာပင် စနစ် ဟင်းလင်းပြင်ထဲမှ စုတ်တံနှင့်မင်ကို လျှင်မြန်စွာ ထုတ်ယူလိုက်၏။

သူသည် လေလံပစ္စည်းများ၏ အချက်အလက်များနှင့် အစီအစဉ်ကို လျင်မြန်စွာ ချရေးလိုက်သည်။

ထို့နောက် လင်းရှောင်က ပြုံးကာ စာရွက်ကို စုရှီယုထံ လက်ကမ်းပေးလိုက်ပြီး ပြောဆိုသည်။

"ဒါက ဒီည လေလံပစ္စည်းတွေအတွက် အချက်အလက်တွေပဲ... သေချာ မှတ်ထားပါ... ဒီညတော့ မင်းဆီ လွှဲထားလိုက်ပြီ..."

သူမသည် အနည်းငယ် တွန့်ဆုတ်နေသော်လည်း အနာဂတ်တွင် သူမဖခင်၏ ကန့်သတ်ချက်များမှ လွတ်မြောက်နိုင်မည်ကို တွေးတောကာ စုရှီယုသည် လက်ဆန့်ထုတ်ပြီး စာရွက်ကို ယူလိုက်၏။

သူမသည် ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် အားပေးလိုက်ပြီး သူမ၏မျက်လုံးအကြည့် တဖြည်းဖြည်း ပို၍တည်ကြည်လေးနက်လာကာ ပြောလိုက်သည်။

"ကောင်းပါပြီ... ဥက္ကဋ္ဌ လင်း... စိတ်ချပါ... ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်..."

စကားပြောဆိုပြီးနောက်...

စုရှီယုသည် စာရွက်ကို ကောက်ကိုင်ကာ လင်းရှောင်၏နံဘေးရှိ ထိုင်ခုံတစ်ခုပေါ်တွင် ရိုသေမှုကင်းမဲ့စွာ ထိုင်ပြီး မျက်လုံးအပြူးသားဖြင့် စတင်၍ ဖတ်ရှုတော့သည်။

လင်းရှောင်သည်လည်း ဤအချိန်တွင် စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏နံဘေးတွင် လက်ဖက်ရည်ကို အေးအေးလူလူ သောက်နေခဲ့လေ၏။

လင်ရှီးမြို့ အတွင်း၌...

အချိန်များကုန်လွန်သွားသည်နှင့်အမျှ ကျင့်ကြံသူများ ပို၍များပြားစွာ မြို့ထဲသို့ ဝင်ရောက်လာကြပြီး အစွမ်းထက်ပုဂ္ဂိုလ်များ တိမ်တိုက်များကဲ့သို့ စုဝေးလာကြသည်။

ဒေသအသီးသီးမှ လေလွင့်ကျင့်ကြံသူများသာမက မြို့အများအပြားမှ အင်အားစုများလည်း ရှိကြပြီး မြို့တော်ဝန် အများအပြားပင်လျှင် သူတို့ကိုယ်တိုင် လာရောက်ခဲ့သည်။

မြို့ထဲရှိ နားခိုရာနေရာများမှာ ရှားပါးနေပြီး ပုံမှန်အားဖြင့် စီးပွားရေး ကျဲပါးသော လက်ဖက်ရည်ဆိုင် ငယ်လေးများပင်လျှင် လူများဖြင့် ပြည့်နှက်နေသည်။

ယနေ့၌ လင်ရှီးမြို့ သည် အင်အားစုများ စုစည်းရာ နေရာတစ်ခုဖြစ်ပြီး တစ်မြို့လုံး လှုပ်ခတ်နေကာ ထူးထူးခြားခြား စည်ကားနေပေ၏။

လက်ဖက်ရည်ဆိုင်ငယ်လေးတစ်ဆိုင်၏ ထောင့်တစ်နေရာတွင်....

"ဒီမြို့ရဲ့ အတိုင်းအတာက တကယ်ကို ကြီးမားတာပဲ... ငါတို့ယင်နတ်ဆိုးဂိုဏ်းရဲ့ လူသစ်စုဆောင်းရေး ပြိုင်ပွဲနဲ့ တူညီလုနီးပါးပဲ..."

"ဟမ့်... အဲ့ဒါက မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် စောင့်ကြပ်နေလို့ ကံကောင်းသွားတဲ့ အင်အားစုငယ်လေး တစ်ခုပါပဲ... ဒီလို နေရာငယ်လေးမှာ ဆူညံပွက်လောရိုက်အောင်ပဲ လုပ်နိုင်တာပါ... ငါတို့ရဲ့ ယင်နတ်ဆိုးဂိုဏ်းနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ..."

"အဲ့ဒါတော့ အမှန်ပဲ... ငါတို့ရဲ့ ယင်နတ်ဆိုးဂိုဏ်းက ယန်အောင်းတော်ဝင်နိုင်ငံအတွင်းမှာ နာမည်ကြီးတဲ့ အဓိကအင်အားစုတစ်ခုဖြစ်ပြီး... ကောင်းကင်အက်ကွဲခြင်းနယ်ပယ် ဘိုးဘေးတစ်ယောက်တောင် ရှိတယ်..."

"မဟာယန်နိုင်ငံတော် တစ်ခုလုံးတောင်မှ ငါတို့ ယင်နတ်ဆိုးဂိုဏ်းရဲ့ မျက်လုံးထဲမှာ နည်းနည်းပိုကြီးတဲ့ ပုရွက်ဆိတ် တစ်ကောင်လောက်ပဲ ရှိတာ... အဆိပ် တွေ စုဆောင်းဖို့ မဟုတ်ရင်... ဒီလို နတ်ဘုရားတွေ စွန့်ပစ်ထားတဲ့ နေရာမျိုးကို ငါတို့ လာချင်မှာ မဟုတ်ဘူး..."

"ဒါပေမဲ့... မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ရှိတဲ့ လေလံရုံဆိုတော့ ပစ္စည်းကောင်း တချို့တော့ ရှိလောက်တယ်... ငါတို့အားလုံး သွားကြည့်ကြတာပေါ့... ပဉ္စမအဆင့် ပစ္စည်းကောင်း တချို့တောင် ရနိုင်လောက်တယ်... ဟားဟား..."

ခရမ်းရောင် ဝတ်စုံဝတ် ယင်နတ်ဆိုးဂိုဏ်းတပည့် သုံးဦးသည် လက်ဖက်ရည်စားပွဲတစ်ခု၏နံဘေးပတ်လည်တွင် စုဝေးကာ အဆုံးမရှိ ဆွေးနွေးနေခဲ့ကြ၏။

နောက်ဆုံးတွင် သူတို့၏အကြည့်များသည် မလှမ်းမကမ်းရှိ တိမ်တိုက်ကောင်းကင်လေလံရုံဆီသို့ ရောက်ရှိသွားသည်။

လက်ဖက်ရည်ဆိုင်ငယ်လေး၏ တခြားထောင့်တစ်နေရာတွင်....

အနက်ရောင် ဆံပင်ရှည်များနှင့် ရုပ်ရည်ချောမောသော လူငယ်လေး တစ်ဦးသည် တစ်ယောက်တည်းထိုင်ကာ လက်ဖက်ရည် သောက်ရင်း မလှမ်းမကမ်းရှိ ယင်နတ်ဆိုးဂိုဏ်း တပည့်များကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူက ဂရုမစိုက်သည့်လေသံဖြင့် ပြောလိုက်သည်။

"တွေ့သမျှ လူတိုင်းကို ကိုက်တတ်တဲ့ အင်အားစု တစ်ခုဖြစ်တဲ့ ယင်နတ်ဆိုးဂိုဏ်းက ဒီနေရာကို လူတွေ လွှတ်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... ကြည့်ရတာ သူတို့က ဒီအတိုင်း ဖြတ်သွားရုံပဲ ထင်တယ်..."

"သတ္တမသခင်လေး ... ကျွန်တော် သွားပြီး ဖြေရှင်းလိုက်ရမလား..."

လူငယ်လေး၏အနောက်တွင် ရှိနေသော အပြာရောင် ဝတ်ရုံဝတ် လူလတ်ပိုင်းအမျိုးသားတစ်ဦးက ဦးညွှတ်ပြီး မေးလိုက်၏။

"မလိုဘူး... ယင်နတ်ဆိုးဂိုဏ်းက သူတို့ရဲ့လူတွေကို အရမ်းကာကွယ်ပေးတယ်... ဒီခွေးရူးအင်အားစုကို ငါ ရန်မစချင်ဘူး... ငါ့ရဲ့ ဝှက်ဖဲတွေကို ငါ့ရဲ့ ညီအစ်ကိုကောင်းတွေအတွက် ချန်ထားဖို့ လိုတယ်..."

လူငယ်လေးသည် ခပ်ဖျော့ဖျော့ပြုံးကာ လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး မလှမ်းမကမ်းရှိ တိမ်တိုက်ကောင်းကင်လေလံရုံဆီသို့ သူ၏အကြည့်ကို ရွှေ့ပြောင်းလိုက်သည်။

"ဒီခရီးစဉ်ကနေ မမျှော်လင့်ထားတဲ့ အကျိုးအမြတ် တချို့ ရဖို့ ငါ မျှော်လင့်မိတယ်... ငါ့ရဲ့အဘိုးကြီး က နောက်ထပ် နှစ်တွေ အများကြီး မခံတော့ဘူး... ဒါကြောင့် ငါ့ရဲ့ စွမ်းအားကို မြန်မြန်တိုးတက်အောင် လုပ်ဖို့ လိုတယ်..."

"တိမ်တိုက်ကောင်းကင်လေလံရုံ ... ငါ့ကို စိတ်မပျက်စေနဲ့..."

မကြာမီ....

တိမ်တိုက်ကောင်းကင်လေလံရုံ၏ အနောက်ဘက် ခန်းမ၌...

"အာ..."

လင်းရှောင် လက်ဖက်ရည်ခွက်ကို ပါးစပ်နားသို့ ယူသွားချိန်မှာပင် သူ၏နံဘေးရှိ စုရှီယုက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဖူး...

လင်းရှောင် အလွန်ထိတ်လန့်သွားသဖြင့် လက်ဖက်ရည်ကို ထွေးထုတ်လိုက်ပြီး သုန်မှုန်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် မေးလိုက်၏။

"ဘာဖြစ်လို့လဲ... ပြဿနာ တစ်ခုခု ရှိလို့လား..."

"အမ်... ဘာမှမဖြစ်ပါဘူး... နောက်ဆုံး ပိတ်ပွဲ လေလံပစ္စည်းကို မြင်ပြီး အံ့အားသင့်သွားလို့ပါ... ဟီးဟီး...တောင်းပန်​ပါတယ်... ငါ နင့်ကို လန့်သွားစေမိပြီ..."

လင်းရှောင် ကြက်သေသေသွားပြီး ပြောဆိုလိုက်သည်။

"ရပါတယ်... အဲ့ဒါကို ကျင့်သားရအောင် လုပ်ထားပါ... အနာဂတ် လေလံပွဲ တွေမှာ ဒီလို အဖိုးတန် ရတနာ တွေ အများကြီး ရှိလာဦးမှာ..."

"ကောင်းပါပြီ... ဥက္ကဋ္ဌ လင်း... ငါ သတိထားဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်...ဒါနဲ့ စကားမစပ်... နောက်ဆုံး ပိတ်ပွဲ ရတနာ သုံးခု ရှိတယ်လို့ နင် ရေးထားတယ်... ဒါပေမဲ့ ဘာလို့ တတိယတစ်ခုကို ရေးမထားတာလဲ..."

စုရှီယုသည် စာရွက်၏အဆုံးရှိ ကွက်လပ်ကို ညွှန်ပြကာ သိချင်စိတ်ဖြင့် မေးလိုက်၏။

"နောက်ဆုံး ပိတ်ပွဲ ပစ္စည်းအတွက် ငါ မဆုံးဖြတ်ရသေးလို့ပါ... ဆုံးဖြတ်ပြီးရင်... လေလံတင်ဖို့ ငါ ကိုယ်တိုင် စင်မြင့်ပေါ် တက်မယ်..."

"လေလံပွဲ စဖို့ တစ်နာရီ လိုသေးတယ်... မင်းကိုယ်မင်း ပြန်ပြင်ဆင်ထားပါ... ငါ တတိယထပ်က သီးသန့်ခန်းကို သွားတော့မယ်..."

စုရှီယုက ခေါင်းညိတ်ပြပြီး သူမ၏မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ နောက်တစ်ကြိမ် သေချာစွာ ဖတ်ရှုရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

လင်းရှောင်သည် အခန်းထဲမှ ထွက်လာပြီး တတိယထပ်ရှိ တစ်ခုတည်းသော သီးသန့်ခန်းသို့ မကြာမီ ရောက်ရှိလာသည်။

တိမ်တိုက်ကောင်းကင်လေလံရုံတွင် စုစုပေါင်း အထပ် ၃ ထပ် ရှိလေ၏။

ပထမထပ်မှာ သာမန်ကျင့်ကြံသူများအတွက် ရည်ရွယ်သော သာမန်လေလံထိုင်ခုံ တစ်ထောင်နီးပါး ရှိသည့် လေလံခန်းမပင်။

ဒုတိယထပ်တွင် အထူးဧည့်သည်တော်အခန်းများနှင့် ညီမျှသော သီးသန့်ခန်း ၁၀ ခန်း ရှိနေသည်။ ထိုနေရာများကို သီးသန့်ကာကွယ်ပေးပြီး ပို၍ကောင်းမွန်သော ကြည့်ရှုမှုအတွေ့အကြုံကို ပေးစွမ်းကာ ယေဘုယျအားဖြင့် အဆင့်အတန်းနှင့် ခွန်အားရှိသော ကျင့်ကြံသူများအတွက်ဖြစ်သည်။

တတိယထပ်တွင် အကောင်းဆုံးမြင်ကွင်းနှင့် အခမ်းနားဆုံး အပြင်အဆင်ကို ပေးစွမ်းသော အထူးသီးသန့် အခန်းတစ်ခန်းသာ ရှိလေ၏။ ထိုသီးသန့်ခန်းကို လင်းရှောင်၏ မိဘများက မြို့တော်ဝန်ကဲ့သို့ ဂုဏ်သရေရှိ ဧည့်သည်တော်များအတွက် ပြင်ဆင်ထားခဲ့ခြင်းပင်။

သို့သော် လင်းရှောင်သည် တတိယထပ်ရှိ သီးသန့် ခန်းကို သူကိုယ်တိုင်အတွက် သိမ်းထားရန် စီစဉ်ခဲ့ပြီး ဤသည်မှာ လေလံပွဲ၏အခြေအနေကို စောင့်ကြည့်ရန် အကောင်းဆုံးဖြစ်သည်။

လင်းရှောင်သည် သီးသန့်ခန်းရှိ ထိုင်ခုံဆီသို့ လျှောက်သွားကာ ထိုင်ချပြီး စမ်းသပ်မေးမြန်းလိုက်သည်။

"သွမ်ခုန်း... ငါ့ရဲ့စကားကို ကြားရလား..."

"ဟုတ်ကဲ့ပါ သခင်လေး... ဘာကိစ္စများ ရှိလို့လဲ..."

မကြာမီ သွမ်ခုန်း၏အသံက လင်းရှောင်၏နားထဲတွင် လျှင်မြန်စွာ ထွက်ပေါ်လာသည်။

"လေလံပွဲက နောက်တစ်နာရီနေရင် စတော့မယ်... ဧည့်သည်တွေကို အထဲဝင်ခွင့် ပြုလိုက်တော့..."

လင်းရှောင်က ညွှန်ကြားလိုက်၏။

"အင်း... သခင်လေး... အဲ့ဒါက အလုပ်ဖြစ်မယ် မထင်ဘူး...အခု လေလံရုံ အပြင်ဘက်မှာ အနည်းဆုံး လူသောင်းနဲ့ချီပြီး စုဝေးနေကြပြီးတော့ လမ်းတချို့ကိုတောင် ပိတ်ဆို့ထားတယ်... ကျွန်တော်တို့ရဲ့ လေလံရုံက သူတို့ အားလုံးကို ဝင်ဆံ့ဖို့ နည်းလမ်း မရှိဘူး..."

လင်းရှောင်က မျက်မှောင်ကြုတ်လိုက်သည်။ ဤပြဿနာကို သူ ယခင်က လျစ်လျူရှုထားခဲ့မိသည်။

လေလံရုံ၏ အရွယ်အစား သေးငယ်မှုသည် အကြောင်းပြချက် တစ်ခုသာ ဖြစ်ပေ၏။

အရေးကြီးဆုံးမှာ သွမ်ခုန်း၏ အရောင်းမြှင့်တင်မှု အပြီးတွင် ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်လိုသော ကျင့်ကြံသူများ အလွန်များလွန်းနေခြင်းပင်။

လင်းရှောင်က တခဏကြာမျှ စဉ်းစားပြီး ညွှန်ကြားလိုက်သည်။

"ဒီလိုလုပ်ရအောင်... လေလံပွဲမှာ ပါဝင်ဖို့ စည်းမျဉ်းတွေကို အပြင်က လူတိုင်းကို ပြောပြလိုက်ပါ...ပထမဆုံး သူတို့ကို တန်းစီခိုင်းလိုက်... ပြီးရင် လေလံရုံ ထိုင်ခုံတွေအပေါ် မူတည်ပြီး ရုံဝင်ခနှစ်မျိုး ကောက်မယ်..."

"သာမန် လေလံထိုင်ခုံတစ်ခုက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ ကျသင့်ပြီးတော့ ဒုတိယထပ်က အထူးဧည့်သည်တော် သီးသန့်ခန်းတစ်ခန်းက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀၀၀ ကျသင့်တယ်... ဒီနည်းနဲ့ စိတ်ဝိညာဉ်ကျောက်တုံး မရှိဘဲ ပျော်ပွဲရွှင်ပွဲမှာ ပါဝင်ချင်တဲ့ သူတွေကို ငါတို့ စစ်ထုတ်နိုင်တယ်..."

တိမ်တိုက်ကောင်းကင်လေလံရုံ၏ အဝင်ဝတွင် ရှိနေသော သွမ်ခုန်းက ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ အမှန်တကယ်ကို ကောင်းမွန်သော နည်းလမ်းတစ်ခုပင်။

"သခင်လေး... တကယ်လို့ တစ်ယောက်ယောက်က စည်းမျဉ်းတွေကို မလိုက်နာဘူး ဒါမှမဟုတ် ဒီမှာ ပြဿနာ လာရှာရင် ဘယ်လိုလုပ်မလဲ..."

လင်းရှောင်၏မျက်လုံးများ မှေးစင်းသွားပြီး အေးစက်သော အရိပ်အယောင်တစ်ခု သူ၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာကာ အပြုံးနှင့် ပြောလိုက်၏။

"မင်း မေးဖို့တောင် လိုလို့လား..."

"တကယ်လို့ တစ်ယောက်ယောက်က ပြဿနာ လာရှာရင်... သူ့ကို တိုက်ရိုက် ဖိနှိပ်လိုက်... တကယ်လို့ သူက အညံ့မခံသေးဘူးဆိုရင်... သူ့ကို ရှင်းထုတ်လိုက်ရုံပဲ... ငါတို့ရဲ့ တိမ်တိုက်ကောင်းကင်လေလံရုံကို အနိုင်ကျင့်ရလွယ်တယ်လို့ အပြင်လူတွေ ထင်အောင် ငါတို့ ခွင့်မပြုနိုင်ဘူး..."

လင်းရှောင်၏ စကားများသည် သွမ်ခုန်း၏စရိုက်နှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေသည်။

အေးစက်သော အရိပ်အယောင်တစ်ခုက သွမ်ခုန်း၏မျက်နှာပေါ်တွင်လည်း ထွက်ပေါ်လာခဲ့ပြီး သူက ခပ်ဖျော့ဖျော့ပြုံးကာ အသံပေးပို့မှုမှတစ်ဆင့် ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့ပါ..."

ထို့နောက် ချက်ချင်းဆိုသလိုပင် သွမ်ခုန်းက မြေကြီးကို ဆောင့်နင်းကာ လေထဲသို့ ပျံသန်းသွားပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။

"ဥက္ကဋ္ဌက လူတွေအားလုံးကို တန်းစီပြီးတော့ အထဲမဝင်ခင် လက်မှတ်ဝယ်ဖို့ အမိန့်ပေးထားတယ်..."

"သာမန် လက်မှတ်တစ်စောင်က အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ ကျသင့်ပြီးတော့ အထူးဧည့်သည်တော် လက်မှတ်တစ်စောင်က အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀၀၀ ကျသင့်မယ်... စိတ်ဝိညာဉ်ကျောက်တုံး အလုံအလောက် မရှိတဲ့ သူတွေက အခု ထွက်သွားလို့ ရပြီ..."

သွမ်ခုန်း၏စကားများသည် မြို့တစ်မြို့လုံး၏ ထောင့်တစ်နေရာတိုင်းတွင် ပဲ့တင်ထပ်သွားသည်။

"ဘာ... အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ ဆိုရင် ဒုတိယအဆင့်က အဆင့်နိမ့်ရတနာတစ်ခုကို ဝယ်လို့ ရတယ်... မင်းတို့ရဲ့ လေလံရုံက ဘယ်လိုလုပ် ဒီလောက် စျေးကြီးတဲ့ လက်မှတ်ခတွေ ကောက်နိုင်ရတာလဲ... မင်းတို့က ငါတို့ကို လုယက်နေတာ မဟုတ်လား..."

"အမှန်ပဲ... ဒါက အမှန်ပဲ... ငါတို့ လေလွင့်ကျင့်ကြံသူ တွေက ဒီကိုရောက်ဖို့ မိုင်ထောင်ချီ ခရီးနှင်ခဲ့ရတာ... အဝင်ဝမှာ ဒီလောက်ကြာကြာ စောင့်နေခဲ့တာ... လက်မှတ်ဝယ်ရမယ် ဆိုပြီးတော့ ငါတို့ကို ဘယ်လိုလုပ် ပေးမဝင်နိုင်ရတာလဲ... ငါ ကျန်းစန်းက အရင်ဆုံး ငြင်းဆန်တယ်..."

ကျန်းစန်း၏ ဖီဆန်မှု အဆုံးမသတ်မီမှာပင် အားကောင်းသော ဖိအားတစ်ရပ်က သူ့ကို နေရာတွင်ပင် တိုက်ရိုက်ဖိနှိပ်လိုက်ပြီး လှုပ်ရှား၍မရအောင် ပြုလုပ်လိုက်သည်။

ဤလုပ်ရပ်သည် ကျိန်ဆဲလိုသော ကျင့်ကြံသူများကို ချက်ချင်းကြောက်ရွံ့သွားစေပြီး ဆူညံနေသော မြင်ကွင်း တိတ်ဆိတ်သွားတော့သည်။

သွမ်ခုန်းသည် အောက်က လူအုပ်ကြီးကို အေးစက်စွာ အကဲခတ်ကြည့်လိုက်ပြီး ယဉ်ကျေးမှုကင်းမဲ့စွာ ပြောလိုက်၏။

"တကယ်လို့ မင်းက စျေးကြီးတယ်လို့ ထင်ရင်... ဒီကနေ ထွက်သွားလိုက်... အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ တောင် မထုတ်နိုင်တဲ့ မင်းတို့လို အသုံးမကျတဲ့ကောင်တွေက ဘယ်လေလံပွဲကို တက်နေတာလဲ..."

"ငါတို့ရဲ့ တိမ်တိုက်ကောင်းကင်လေလံရုံက ပရဟိတ အဖွဲ့အစည်း မဟုတ်ဘူး... တကယ်လို့ တစ်ယောက်ယောက်က ပြဿနာ ထပ်ရှာရဲရင်... ငါ ယဉ်ကျေးနေမှာ မဟုတ်ဘူး..."

"အခု... လေလံပွဲ မှာ ပါဝင်ချင်တဲ့ သူတွေ... မြန်မြန် တန်းစီကြ... တကယ်လို့ တစ်ယောက်ယောက်က ငါ့မျက်စိအောက်မှာ ပြဿနာ ထပ်ရှာရဲရင်... ငါ့ရဲ့ ဓားက ယဉ်ကျေးနေမှာ မဟုတ်ဘူး..."

သွမ်ခုန်း၏ စကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူတိုင်း တိုက်ရိုက်ဖိနှိပ်ခြင်း ခံလိုက်ရသည်။

သွမ်ခုန်း၏ စကားများသည် မောက်မာသော်လည်း မည်သူမျှ ပြဿနာ ထပ်မရှာရဲကြဘဲ အကျိုးသက်ရောက်မှုမှာ ချက်ချင်းဖြစ်ပေါ်ခဲ့သည်။

ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်လိုသော ဆင်းရဲသည့် ကျင့်ကြံသူ အမြောက်အများသည် အံ့ကြိတ်ပြီး ထွက်သွားရုံသာ တတ်နိုင်တော့သည်။

ထိုသို့ဖြစ်သည့်တိုင် လူထောင်ပေါင်းများစွာသည် လက်မှတ်ဝယ်ရန် လိမ္မာစွာ တန်းစီနေကြဆဲပင်။

"ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေတာပဲ... လူပြက်လေးတွေ..."

သွမ်ခုန်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး လေထဲမှ ဆင်းသက်လာခဲ့သည်။

ထို့နောက် သူနှင့် သူ၏နံဘေးရှိ အာဒီနိုစ့်တို့သည် လက်မှတ်ခများကို စတင်၍ ကောက်ခံလိုက်၏။

All Chapters