← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း (၁၉) အဆတစ်သိန်း တုံ့ပြန်မှု... ကျောက်ဆောင် နဂါးလိပ်...

ဒုတိယထပ်ရှိ အထူးဧည့်သည်တော် အခန်း နံပါတ် ၁ တွင်...

မိုလီနှင့် မိုချီတို့သည် လက်ဖက်ရည် စားပွဲတစ်ခု၏နံဘေးပတ်လည်ရှိ သက်သောင့်သက်သာရှိပြီး နူးညံ့သော သားရေထိုင်ခုံများပေါ်တွင် ထိုင်နေကြ၏။

"အစ်ကို... ဒါက အရမ်းကောင်းတာပဲ... ကျွန်မတို့ အားကွီ ကို ပြန်ရပြီ..."

မိုချီ၏မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ထွက်ပေါ်လာသည်။

မြေကျောက်လိပ်သည် ငယ်စဉ်ကတည်းက သူတို့နှင့်အတူ ကြီးပြင်းလာခဲ့ခြင်းပင်။ ထိုသားရဲ၏ဉာဏ်ရည်မှာ မမြင့်မားသော်လည်း သူတို့အတွက် မိသားစုဝင် တစ်ဝက်အဖြစ် မှတ်ယူထားသည်။

အကယ်၍ မိုလီသည် ယခင်က အမှန်တကယ်ကို မျှော်လင့်ချက်မဲ့မနေခဲ့ပါက သူသည် ထိုအရာကို ရောင်းချရန် ဘယ်သောအခါမျှ လေလံတင်သွင်းခဲ့မည် မဟုတ်ချေ။

ယခုချိန်၌ မြေကျောက်လိပ် အလုမခံရတော့သဖြင့် မိုလီနှင့် မိုချီတို့ နှစ်ဦးလုံး၏ မျက်နှာများသည် ပျော်ရွှင်မှုများဖြင့် တောက်အသွားပြီး သူတို့သည် စိတ်အားထက်သန်နေကြ၏။

"လေလံပွဲ ပြီးရင်... ငါတို့ အားကွီကို သွားပြန်ယူမယ်... ပြီးရင် မင်းအတွက် စိတ်ဝိညာဉ်ဆေးပင်တွေ ဝယ်ဖို့ လစာကြိုထုတ်ထားတဲ့ ဒီအဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀၀ ကို သုံးမယ်..."

"ငါတို့ တစ်နှစ်စာ ကြိုထုတ်ထားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေက ဒီလောက်ထိ များလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... ဒီအတိုင်းဆိုရင် ငါတို့က ကောင်းမွန်တဲ့ စိတ်ဝိညာဉ်ဆေးပင်တချို့ ဝယ်နိုင်လိမ့်မယ်... အဲ့ဒီအချိန်ကျရင် မင်းရဲ့ ရောဂါက သေချာပေါက် ပျောက်ကင်းသွားမှာပါ..."

မိုလီသည် မိုချီ၏ခေါင်းကို ပွတ်သပ်လိုက်ပြီး သူမ ပြုံးနေပုံနှင့် ရောဂါမှ ပြန်လည်ကောင်းမွန်လာပြီးနောက် ဆက်လက်၍ ဝေဒနာ မခံစားရတော့မည့် ပုံရိပ်များက သူ၏ စိတ်ထဲတွင် ပြည့်နှက်နေသည်။

တတိယထပ်ရှိ သီးသန့်ခန်းအတွင်း၌...

လင်းရှောင်သည် သူ၏ ရှေ့တွင် ပေါ်လာသော စနစ် အချက်ပေးချက်ကို စိုက်ကြည့်နေပြီး အချိန်တခဏကြာမျှ စကားမပြောနိုင်ဖြစ်သွားကာ မှင်သက်နေသည်။

"တုံ့ပြန်မှု အောင်မြင်ပါသည်... အိမ်ရှင်... အဆတစ်သိန်းတုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီးတော့... သတ္တမ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်သားရဲဖြစ်တဲ့ ဖန်းကျောက်နဂါးလိပ်ကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်..."

သတ္တမအဆင့်သည် ကောင်းကင်အက်ကွဲခြင်းနယ်ပယ်နှင့် ညီမျှပေ၏။

တကယ်ကြီး ပြောနေတာလား...

ဒုတိယအဆင့်ကနေ သတ္တမအဆင့်ကို တိုက်ရိုက် ရောက်သွားတာလား... ဒါက အဆတစ်သိန်း တုံ့ပြန်မှု ရဲ့ စွမ်းအားလား...

လင်းရှောင်သည် ထီပေါက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏နှလုံးသား စိတ်လှုပ်ရှားမှုကြောင့် တဒိတ်ဒိတ် ခုန်ပေါက်နေသည်။

"သတ္တမအဆင့် စိတ်ဝိညာဉ်သားရဲတွေက အရွယ်အစား အရမ်းကြီးမားလေ့ရှိတယ်... မဟုတ်ရင်... ငါ တကယ်ပဲ အခု အဲ့ဒါကို လွှတ်ပေးပြီး ကြည့်လိုက်ချင်တယ်..."

"ဒီ ဖန်းကျောက်နဂါးလိပ်နဲ့ဆိုရင်... အဲ့ဒီအဓိက အင်အားစုတွေကို ရင်ဆိုင်ဖို့ ငါ့မှာ အခု ယုံကြည်မှု ရှိသွားပြီ..."

လင်းရှောင်၏ နှုတ်ခမ်းများ အနည်းငယ် အထက်သို့ ကွေးတက်သွားပေ၏။

တိမ်တိုက်ကောင်းကင်လေလံရုံသည် ယခုအချိန်၌ မြင့်မြတ်နယ်မြေအဆင့် အင်အားစုတစ်ခု ဖြစ်လာရန် နောက်ထပ်ခြေလှမ်းတစ်လှမ်း ပို၍နီးကပ်လာခဲ့လေပြီ။

ဤသည်မှာ ခြေလှမ်းငယ်လေး တစ်လှမ်းသာ ဖြစ်သည့်တိုင် လင်းရှောင်အတွက် မျှော်လင့်ချက်အလင်းရောင်တစ်ခုပင်။

"ကျန်နေတဲ့ ရတနာလေးခုကလည်း ငါ့ကို စိတ်ပျက်စေမှာမဟုတ်ဘူးလို့ မျှော်လင့်မိတယ်..."

လေလံပွဲတွင်....

"နောက်တစ်ခုကတော့ ကျွန်မတို့ရဲ့ ဒုတိယမြောက် လေလံပစ္စည်းပါ..."

လေလံစင်မြင့်ပေါ်တွင် စုရှီယုသည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ ဓားရှည်တစ်လက်ကို ထုတ်ယူကာ လေလံခုံပေါ်တွင် တင်လိုက်၏။

"တတိယအဆင့်နိမ့် လေစီးဆင်းခြင်းဓား ... ဒီဓားရဲ့ ဓားသွားက ပေါ့ပါးပြီးတော့ အသုံးပြုတဲ့အချိန်မှာ လေက ကူညီပေးနေသလို ခံစားရပြီး အသုံးပြုသူရဲ့ လွှဲယမ်းမှုအမြန်နှုန်းကို တိုးစေတယ်..."

"စတင်လေလံစျေး...အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၈၀၀၀..."

နောက်ထပ် လေလံတင်မည့် ရတနာဆယ်ခုမှာ အတော်လေး သာမန်ဖြစ်သော တတိယအဆင့် ရတနာများဖြစ်ပြီး အထူးရှားပါးသောအရာများ သို့မဟုတ် အသုံးများသောအရာများ မဟုတ်ချေ။

ရှားပါးသည်ဟု မယူဆနိုင်သော်လည်း ဧည့်သည် တစ်ထောင်နီးပါး ရှိနေသဖြင့် ထိုအရာများကို လိုအပ်သော တစ်စုံတစ်ယောက် အမြဲတစေရှိနေသည်။

မကြာမီ ထိုရတနာများအားလုံး အောင်မြင်စွာ လေလံဆွဲခြင်း ခံလိုက်ရလေ၏။

သို့သော် ဤအချိန်တွင်..

ယင်နတ်ဆိုးဂိုဏ်း၏ တပည့်များသည် ဆက်လက်၍ ထိန်းမထားနိုင်တော့ဘဲ ချက်ချင်းဆိုသလိုပင် ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။

"ဒါက ဘာအမှိုက်လေလံပွဲလဲ... သူတို့က ရတနာဆယ်ခုကျော်ကို လေလံတင်ပြီးပြီ... စတုတ္ထအဆင့် ပစ္စည်း တစ်ခုတောင် မရှိဘူး..."

"ပြီးတော့ သူတို့က အရမ်းကြီး တရားလွန်ကြော်ငြာထားသေးတယ်... တောက်..."

"ဟမ့်... ဒါက ငါတို့ရဲ့အချိန်တွေကို ဖြုန်းနေတာပဲ... သွားကြစို့... ငါတို့ ယင်နတ်ဆိုးဂိုဏ်း ကို ပြန်မယ်..."

သူတို့၏ဆဲဆိုသံများသည် လေလံရုံတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး လူတိုင်း၏စိတ်အာရုံကို ချက်ချင်းဆွဲဆောင်သွားသည်။

ယင်နတ်ဆိုးဂိုဏ်းမှ လူသုံးယောက်သည် မတ်တတ်ထရပ်ကာ ထွက်ပေါက်ဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားကြသည်။

အစောပိုင်းက အနည်းငယ်ပို၍ တည်ငြိမ်ခဲ့သော စီနီယာအစ်ကိုဖန်ပင်လျှင် ယခုအချိန်၌ ဒေါသဖြင့် လွှမ်းမိုးခံနေရပြီး တံခါးဝတွင် ရပ်နေသော သွမ်ခုန်းကို လုံးဝလျစ်လျူရှုထားပေ၏။

သွမ်ခုန်းသည် ဤကိစ္စကို မည်သို့ သည်းခံနိုင်မည်နည်း...

သူ၏အရှိန်အဝါတစ်ရပ်လုံး ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ရပ်က လေလံရုံတစ်ခုလုံးကို ပြည့်နှက်သွားသည်။

ယင်နတ်ဆိုးဂိုဏ်းမှ လူများသည် ကြီးမားသော တောင်ကြီးတစ်လုံး သူတို့အပေါ် ကျဆင်းလာပြီး သူတို့၏ကျောပေါ်သို့ အလွန်လေးလံစွာ ဖိနှိပ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့အားလုံးသည် စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူတို့သည် ချက်ချင်းဒူးထောက်သွားအောင် ဖိအားပေးခြင်း ခံလိုက်ရပေ၏။

သူတို့၏အရိုးများ အက်ကွဲသွားပြီး သူတို့၏ခန္ဓာကိုယ်တွင်းကလီစာများသည် ဆုတ်ဖြဲခံရသည့် နာကျင်မှုဖြင့် တဆစ်ဆစ် နာကျင်နေခဲ့သည်။

"အား...."

"ခွေးမသား... ငါတို့က ဘယ်သူတွေလဲဆိုတာ မင်း သိလား..."

"ငါတို့က ကောင်းကင်အက်ကွဲခြင်းနယ်ပယ် ဘိုးဘေး တစ်ယောက်ရှိတဲ့ အဓိကအင်အားစုတစ်ခုဖြစ်တဲ့ ယင်နတ်ဆိုးဂိုဏ်းကပဲ...."

"ငါတို့က အကြီးအကဲတွေရဲ့ တပည့်ရင်းတွေပဲ... တကယ်လို့ မင်း ငါတို့ကို သတ်ရဲရင်... ငါတို့ရဲ့ ယင်နတ်ဆိုးဂိုဏ်းက အနာဂတ်မှာ မင်းတို့ရဲ့ လေလံရုံငယ်လေးကို သေချာပေါက် ဖျက်ဆီးပစ်လိမ့်မယ်..."

သွမ်ခုန်းသည် သူတို့၏ခြိမ်းခြောက်မှုများကို လျစ်လျူရှုကာ ထိုအစား လင်းရှောင်ထံသို့ အသံပေးပို့လိုက်သည်။

"သခင်လေး... ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရမလဲ..."

အကောင်းဆုံးမြင်ကွင်းရှိသော သီးသန့်ခန်းထဲတွင် ထိုင်နေသော လင်းရှောင်သည် အောက်ဘက်တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို သတိပြုမိခဲ့လေ၏။

"သူတို့ကို သတ်လိုက်..."

လင်းရှောင် သည် ဤတစ်ကြိမ်တွင် မတုံ့ဆိုင်းခဲ့ဘဲ အေးအေးဆေးဆေး ပြောလိုက်သည်။

ယခုချိန်၌ လူတိုင်း စောင့်ကြည့်နေကြသဖြင့် အကယ်၍ ဤလူသုံးယောက်ကို ယနေ့ ထွက်သွားခွင့် ပြုလိုက်လျှင် တိမ်တိုက်ကောင်းကင်လေလံရုံ၏ ဂုဏ်သိက္ခာ လုံးလုံးလျားလျား ဆုံးရှုံးသွားပေလိမ့်မည်။

ထို့ပြင် ဤလူသုံးယောက်ကို ထွက်သွားခွင့် ပြုလိုက်လျှင်တောင် သူတို့သည် အနာဂတ်တွင် လက်စားချေရန် သေချာပေါက် ပြန်လာကြပေမည်။

ထို့ကြောင့် လီအာအတွက် လက်စားချေရန်ဖြစ်စေ၊ တိမ်တိုက်ကောင်းကင်လေလံရုံ၏ ဂုဏ်သတင်းကို ထိန်းသိမ်းရန်ဖြစ်စေ ဤလူသုံးယောက်ကို အသက်ရှင်ရက် ထွက်သွားခွင့် လုံးဝမပြုနိုင်ချေ။

လင်းရှောင်၏အမိန့်ကို ရရှိပြီးနောက်...

သွမ်ခုန်းသည် ဆက်လက်၍ ထိန်းမထားတော့ချေ။ သူသည် သူ၏လက်ချောင်းထိပ်တွင် အားကောင်းသော ဓားစိတ်ဆန္ဒကို စုစည်းပြီး ရှေ့သို့ ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

"မဟုတ်ဘူး... မင်း ဘယ်လိုလုပ်တောင် လုပ်ရဲတာလဲ..."

လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အဖြူရောင် အလင်းတန်းတစ်တန်း ကျဆင်းလာခြင်းနှင့်အတူ...

သွမ်ခုန်း၏ရှေ့ရှိ လူအနည်းငယ်သည် အားကောင်းသော ဓားစိတ်ဆန္ဒဖြင့် ချက်ချင်းဆိုသလိုပင် အမှုန်အမွှားများအဖြစ် ခြေမွှဖျက်ဆီးခြင်းခံလိုက်ရပြီး သူတို့၏ခန္ဓာကိုယ်များ အစအနမျှပင် မကျန်ရစ်တော့ချေ။

အချိန်တခဏအတွင်း၌ လက်ရှိနေရာတွင် ရှိနေသူများအားလုံး ကြက်သေသေသွားကြသည်။

လက်ရှိနေရာတွင် ရှိနေသော ကျင့်ကြံသူအများစုသည် ယင်နတ်ဆိုးဂိုဏ်းကို အင်အားစုကြီးတစ်ခုအဖြစ် မသိကြသော်လည်း...

ယင်နတ်ဆိုးဂိုဏ်းသည် ကောင်းကင်အက်ကွဲခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးရှိသော အဓိက အင်အားစု တစ်ခုဖြစ်ကြောင်း ယင်နတ်ဆိုးဂိုဏ်းမှ လူများက ယခုလေးတင် ပြောခဲ့ပေသည်။

သို့သော် သူတို့သည် သေဆုံးခြင်း ကံကြမ္မာမှ မလွတ်မြောက်နိုင်သေးချေ။

ဤသည်မှာ အဓိကအင်အားစုတစ်ခုပင်။

မဟာယန်၏ ဘုရင်ယန်ပင်လျှင် ဤကဲ့သို့ တည်ရှိမှုမျိုးကို မော့ကြည့်နိုင်ရုံသာ တတ်နိုင်လေ၏။

တိမ်တိုက်ကောင်းကင်လေလံရုံသည် မည်သည်ကြောင့် ဤကဲ့သို့ လုပ်ရဲသနည်း...

တိမ်တိုက်ကောင်းကင်လေလံရုံ၏နောက်တွင် ကာကွယ်ပေးနေသော အရှင်သခင်တစ်ယောက် ရှိနေသဖြင့် ယင်နတ်ဆိုးဂိုဏ်း၏လက်တုံ့ပြန်မှုကို ကြောက်ရွံခြင်း မရှိသလော...

လက်ရှိနေရာတွင် ရှိနေသော ကျင့်ကြံသူများအားလုံး ထိုအတွေးကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။

သူတို့အနက်မှ အများစုသည် မဟာယန်နိုင်ငံအတွင်းရှိ အင်အားစုငယ်လေးများမှ လာကြပြီး အသေးငယ်ဆုံးသော အင်အားစုများပင်။

မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ်သည် သူတို့အတွက် လက်လှမ်းမမီနိုင်သော တည်ရှိမှုတစ်ခု ဖြစ်နေပြီဖြစ်ရာ မြေကမ္ဘာခွဲထက်ခြင်းနယ်ပယ်၏အထက်ရှိ ကျွမ်းကျင်သူများကိုမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။

ဖြစ်နိုင်ခြေအားလုံးကို ထည့်သွင်းစဉ်းစားပြီးနောက်....

ကျင့်ကြံသူများသည် ဤလျှို့ဝှက်ဆန်းကြယ်သော တိမ်တိုက်ကောင်းကင်လေလံရုံအပေါ် ပို၍ပင် ရိုသေလေးစားလာကြ၏။

"ဒင်... တိမ်တိုက်ကောင်းကင်လေလံရုံက ယင်နတ်ဆိုးဂိုဏ်းနဲ့ သွေးကြွေးရန်ငြိုး ဖွဲ့မိသွားတာကို တွေ့ရှိရပါတယ်... အရန်တာဝန်တစ်ခု ဖန်တီးလိုက်ပါပြီ..."

"အရန်တာဝန်...တိမ်တိုက်ကောင်းကင်လေလံရုံကို စော်ကားလို့ မရဘူး... ပြီးတော့ ယင်နတ်ဆိုးဂိုဏ်းရဲ့ ရာဇဝတ်မှုတွေက ခွင့်လွှတ်လို့ မရပါဘူး... သုံးရက် အတွင်း ယင်နတ်ဆိုးဂိုဏ်းကို ဖယ်ရှားပစ်ပါ..."

"ပြီးမြောက်ခြင်း ဆုလာဘ်...ကျပန်းပစ္စည်းကတ် ၁ကတ်... စနစ်လုပ်ဆောင်ချက်အသစ် ၁ခု.."

စနစ်၏အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး တာဝန်မျက်နှာပြင် အသစ်တစ်ခုက သူ၏မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။

အရန်တာဝန်လား...

လင်းရှောင် အချိန်တခဏကြာမျှ မှင်သက်သွားခဲ့လေ၏။

ထို့နောက် အချက်အလက်များကို ရှင်းလင်းစွာ မြင်လိုက်ရပြီးနောက် ခါးသီးသော အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။

"ငါက ဘယ်လိုပဲဖြစ်ဖြစ် ယင်နတ်ဆိုးဂိုဏ်း ကို လွှတ်ပေးဖို့ အစီအစဉ် မရှိတာကြောင့် ဒီတာဝန်က အဆင်ပြေတယ်..."

"ဒါပေမဲ့ ပြဿနာက တာဝန်မှာ အချိန်ကန့်သတ်ချက် ရှိနေတာပဲ... သုံးရက်တည်းနဲ့ ယင်နတ်ဆိုးဂိုဏ်းက ဘယ်မှာလဲ ဆိုတာတောင် ငါ ရှာတွေ့နိုင်မှာ မဟုတ်ဘူး... ပြီးတော့ အဓိက အင်အားစုတစ်ခုမှာ အနည်းဆုံး ကောင်းကင်အက်ကွဲခြင်းနယ်ပယ် ကျွမ်းကျင်သူ သုံးယောက် ရှိတယ်... ဖန်းကျောက်နဂါးလိပ်က ဒါ့ကို ကိုင်တွယ်နိုင်ပါ့မလားဆိုတာ ငါ မသိဘူး..."

လင်းရှောင်သည် စနစ်မျက်နှာပြင်ကို စူးစိုက်ကြည့်နေပြီး တာဝန်ပြီးမြောက်ခြင်း ဆုလာဘ်များကို ကြည့်ကာ သူ၏မျက်လုံးများတွင် မျှော်လင့်တောင့်တမှုများဖြင့် ပြည့်နှက်နေသည်။

ဒါက စနစ်လုပ်ဆောင်ချက် အသစ်တစ်ခုလေ... မဖြစ်နိုင်ဘူးလို့ ထင်ရရင်တောင် ငါ ကြိုးစားရမှာပဲ...

"ဖြစ်နိုင်ရင်... အမှောင်ရိပ်ခန်းမဆောင်ရဲ့ အရန်ခန်းမဆောင်က လူတွေကို ငါ မေးလို့ရနိုင်တယ်... မဟာယန်ပြင်ပက အင်အားစုတွေအနေနဲ့... သူတို့က သတင်းအချက်အလက်တချို့ကို သိသင့်တယ်..."

"အဲ့ဒီမီးခိုးရောင်ဝတ်စုံဝတ်အဘိုးအို လာသလား မလာဘူးလား ဆိုတာကိုလည်း ငါ မသိဘူး... တကယ်လို့ သူ မလာရင်... သူ့ကို ဘယ်မှာ သွားရှာရမလဲဆိုတာ ငါ သိမှာမဟုတ်ဘူး... ဘာလို့လဲဆိုတော့ အဲ့ဒီအရန်ခန်းမဆောင်က မြေကြီးနဲ့အပြည့် ပြားချပ်သွားပြီ..."

ဒုတိယထပ်ရှိ အထူးဧည့်သည်တာ် အခန်းနံပါတ် ၂ တွင်...

အမှောင်ရိပ်ခန်းမဆောင်၏ သတ္တမသခင်လေးသည် သွမ်ခုန်း အစောပိုင်းက ထုတ်လွှတ်လိုက်သော ဖိအားကို ခံစားလိုက်ရပြီး သူ၏မျက်နှာသည် ပုံမှန်ထက်ပို၍ တည်ကြည်လေးနက်နေပေ၏။

"အကြီးအကဲရှား ... အဲ့ဒီဓားကျင့်ကြံသူရဲ့ လှုပ်ရှားမှုကို မင်း မြင်လိုက်တယ်မလား..."

"အဆင့်တူတဲ့ မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူတွေအနေနဲ့... သူ့ကို အနိုင်ယူနိုင်ဖို့ မင်းမှာ ဘယ်လောက်ထိ ယုံကြည်မှုရှိလဲ..."

သတ္တမသခင်လေး၏နံဘေးရှိ အပြာရောင် ဝတ်ရုံဝတ် အမျိုးသားသည် အချိန်တခဏကြာမျှ စဉ်းစားပြီး လက်သုံးချောင်း ထောင်ပြလေသည်။

"ရာခိုင်နှုန်းသုံးဆယ် ယုံကြည်မှု ရှိတာလား..."

"အဲ့ဒါက နည်းနည်းနိမ့်တယ်..."

အကြီးအကဲရှားက ခေါင်းခါယမ်းလိုက်၏။

"ဒီငယ်သား ဆိုလိုတာက... လှုပ်ရှားမှုသုံးခုကို တောင့်ခံနိုင်လောက်မယ်လို့ ပြောတာပါ..."

"..."

"သခင်လေး... ဓားကျင့်ကြံသူတွေက ကျင့်ကြံဆင့်နယ်ပယ်တူတွေထဲမှာ အရမ်းအားကောင်းကြတယ်... ထူးခြားတဲ့ ပါရမီရှိတဲ့ ပါရမီရှင်တွေက အဆင့်ငယ်လေးတွေကိုတောင် ကျော်လွန်ပြီး ရန်သူတွေကို သတ်နိုင်ကြတယ်... တချို့ဆိုရင် အဓိကအဆင့်ကြီးတွေကိုတောင် ကျော်လွန်ပြီး တိုက်ခိုက်နိုင်ကြတယ်..."

"တိမ်တိုက်ကောင်းကင်လေလံရုံက အဲ့ဒီ ဓားကျင့်ကြံသူရဲ့ ဓားစိတ်ဆန္ဒက အရမ်းအားကောင်းတယ်... ပင်မ ခန်းမဆောင်က ပဉ္စမအကြီးအကဲထက်တောင် မနိမ့်ကျဘူးလို့ ဒီငယ်သားက ခံစားရတယ်... လှုပ်ရှားမှုသုံးခုကို ခံနိုင်ရည်ရှိဖို့တောင် ငါ့အတွက် တော်တော်လေး ခက်ခဲနေပြီ..."

သတ္တမသခင်လေးသည် ရှေ့သို့ တန်းတန်းမတ်မတ်ကြည့်နေပြီး သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှု မရှိဘဲ စိတ်လှုပ်ရှားမှုသာ ရှိနေခဲ့သည်။

"ကြည့်ရတာ ငါ အဲ့ဒီ ဓားကျင့်ကြံသူကို အထင်သေးမိသွားတယ် ထင်တယ်..."

"ဒါပေမဲ့ ဒါက ကောင်းပါတယ်... တိမ်တိုက်ကောင်းကင်လေလံရုံက ပိုပြီးအားကောင်းလေလေ... ငါ့အတွက် ပိုပြီးအကျိုးရှိလေလေပဲ..."

အကြီးအကဲရှားက ခေါင်းညိတ်လိုက်သည်။

အောက်ဘက်ရှိ ပျောက်ကွယ်သွားသော ယင်နတ်ဆိုးဂိုဏ်းအဖွဲ့ဝင်များကို ကြည့်ကာ သူက သတိပေးလိုက်၏။

"သခင်လေး... တိမ်တိုက်ကောင်းကင်လေလံရုံရဲ့ ခုဏက လုပ်ရပ်တွေက ယင်နတ်ဆိုးဂိုဏ်း ကို သေချာပေါက် စော်ကားမိသွားမှာပဲ... တတိယ အကြီးအကဲကို ယင်နတ်ဆိုးဂိုဏ်းကို ခြိမ်းခြောက်ဖို့အတွက် ငါတို့ အကူအညီ တောင်းဖို့ လိုမလား..."

"ဘာပဲဖြစ်ဖြစ်... အဲ့ဒီ ဓားကျင့်ကြံသူ ဘယ်လောက်ပဲ သန်မာအားကောင်းနေပါစေ... သူက ယင်နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းလုံးကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး..."

သတ္တမသခင်လေးက ဂရုမစိုက်သကဲ့သို့ ပြုံးလိုက်၏။

"မလိုပါဘူး... တိမ်တိုက်ကောင်းကင်လေလံရုံက လှုပ်ရှားရဲတယ်ဆိုမှတော့... သူတို့မှာ အားကိုးစရာ တစ်ခုခု ရှိရမယ်..."

"လွန်ခဲ့တဲ့ အချိန်တိုလေးက စုံစမ်းစစ်ဆေးမှုတွေအရ... တိမ်တိုက်ကောင်းကင်လေလံရုံက အစကတော့ သာမန် အင်အားစုတစ်ခုပဲ... အခုတော့ ဒီလေလံရုံက ရုတ်တရက် ထင်ပေါ်ကျော်ကြားလာတယ်... လျှို့ဝှက်အင်အားစုတစ်ခုက သူတို့ကို နောက်ကွယ်ကနေ ကူညီပေးနေတာမျိုး ဖြစ်နိုင်ခြေ အရမ်းများတယ်... အဲ့ဒါက သေချာပေါက် မရိုးရှင်းဘူး..."

"နောက်ပြီးတော့... ယင်နတ်ဆိုးဂိုဏ်းက အဘိုးကြီး သုံးယောက်ထဲက နှစ်ယောက်က သေလုမျောပါး ဖြစ်နေပြီ... နောက်တစ်ယောက်က ဂိုဏ်းကို စောင့်ကြပ်နေပြီးတော့ ထွက်သွားလို့ မရဘူး... အများဆုံးအနေနဲ့ သူတို့က မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ် အကြီးအကဲတွေကိုပဲ စေလွှတ်နိုင်လိမ့်မယ်... သူတို့က အဲ့ဒီ ဓားကျင့်ကြံသူကိုတောင် ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး..."

"ဒါကြောင့်... ငါတို့က တိတ်တိတ်လေး စောင့်ကြည့်နေရုံပဲ လိုတယ်..."

သတ္တမသခင်လေးသည် လက်ဖက်ရည်တစ်ငုံကို ဖြည်းညှင်းစွာ သောက်လိုက်ပြီး သူ၏အကြည့်က လေလံစင်မြင့်သို့ ပြန်လည်၍ ရောက်ရှိသွားသည်။

All Chapters