← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အခန်း (၃၃) မဟာဓားဂိုဏ်းရဲ့ စည်းကမ်းတင်းကျပ်တဲ့ မဟာအကြီးအကဲ....ဒီနေရာမှာ ကိုးဆယ်ရာခိုင်နှုန်းလောက် မှားယွင်းနေတဲ့ တစ်ခုခုရှိတယ်

မကြာမီ....

ခရမ်းရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးသည် မျက်မှောင်တွန့်ကွေးကာ ယင်နတ်ဆိုးဂိုဏ်း ဆီသို့ လျင်မြန်စွာ ပျံသန်းလာသည်။

သူ၏အမြန်နှုန်းသည် လေစီးဆင်းခြင်းဓားဖြင့် ပျံသန်းလာသော သွမ်ခုန်းထက် လျော့နည်းခြင်း မရှိချေ။

အချိန်တခဏအကြာတွင် သူသည် ယင်နတ်ဆိုးဂိုဏ်း ၏အထက်သို့ ရောက်ရှိလာသည်။

အောက်ဘက်ရှိ သွေးများဖြင့် ပြည့်နှက်နေသော တောင်ကြားကို မြင်သောအခါ ထိုအမျိုးသားသည် အံ့အားတသင့်ရေရွတ်ခြင်းမပြုဘဲ မနေနိုင်တော့ချေ။

"ကျွတ် ကျွတ် ကျွတ်... ယင်နတ်ဆိုးဂိုဏ်းက အရေးကြီးတဲ့ပုဂ္ဂိုလ် တစ်ယောက်ယောက်ကို ရန်စမိသွားတာ ဖြစ်ရမယ်..."

"အသက်ရှင်နေတဲ့သူရဲ့ အရှိန်အဝါ တစ်စက်လေးမှ မကျန်တော့ဘူး... တကယ့်ကို ရက်စက်တာပဲ..."

"ကျန်ခဲ့တဲ့ သဲလွန်စတွေအရဆိုရင်... အနည်းဆုံးတော့ ကောင်းကင်အက်ကွဲခြင်းနယ်ပယ် နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ပဲ... ပြီးတော့ သူက အရမ်းအားကောင်းတဲ့ မြေသဘာဝ သိုင်းပညာနည်းစနစ်တစ်ခုကိုလည်း ကျွမ်းကျင်ထားတယ်..."

"ဒီနေရာကို ဖြတ်သွားရင်းနဲ့ ဒီလိုကိစ္စမျိုး ကြုံရလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."

ထိုအမျိုးသားသည် တီးတိုးရေရွတ်ရင်း ဖျက်​ဆီးခြင်းခံထားရသော ယင်နတ်ဆိုးဂိုဏ်းကို သတိထား၍ အကဲခတ်ကြည့်လိုက်သည်။

မည်သည့် သက်ရှိအရိပ်အယောင်ကိုမျှ မတွေ့ရသဖြင့် နောက်ဆုံးတွင် သူ သက်ပြင်းချနိုင်ခဲ့သည်။

"ကြည့်ရတာ အဲ့ဒီကျွမ်းကျင်သူက ထွက်သွားလောက်ပြီ..."

"ဒီလို ကျွမ်းကျင်သူတွေက ယန်အောင်းတော်ဝင်နိုင်ငံ တစ်ခုလုံးမှာ ရှားပါးတယ်... ဘယ်သူဖြစ်နိုင်မလဲ..."

"တော်ဝင်မိသားစုက လူတွေက သာမာန်အရဆိုရင် လှုပ်ရှားမှာ မဟုတ်ဘူးဆိုတော့... တော်ဝင်မိသားစုရဲ့ ဘိုးဘေးကို ဖယ်ထုတ်လိုက်လို့ ရတယ်..."

"ငါ့ရဲ့ မဟာဓားဂိုဏ်းကို ဖယ်ထုတ်လိုက်ရင်... ယန်အောင်းတော်ဝင်နိုင်ငံမှာ ဒီလို ခွန်အားမျိုးရှိတဲ့ လွှမ်းမိုးမှုရှိတဲ့ အင်အားစုဆိုရင် ပန်းတစ်သောင်းတောင်ကြားပဲ ရှိတော့တာ..."

"ပန်းတစ်သောင်းတောင်ကြားက အမြဲတမ်း မကောင်းမှုကျူးလွန်သူတွေကို အပြစ်ပေးပြီး ကောင်းမှုတွေကို မြှင့်တင်ပေးတာဆိုတော့... တကယ်ပဲ ဖြစ်နိုင်ခြေ ရှိတယ်..."

ထိုအမျိုးသားသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ တွေးတောနေခဲ့လေ၏။

သို့သော် သူ အလျင်အမြန် ခေါင်းခါယမ်းလိုက်သည်။

"မဟုတ်ဘူး... ပန်းတစ်သောင်းတောင်ကြားသခင်နဲ့ မဟာအကြီးအကဲတို့က သစ်သားသဘာဝချီကို အဓိက ကျင့်ကြံကြတာ... သူတို့ဆီမှာ ဒီလောက် အားကောင်းတဲ့ မြေသဘာဝ သိုင်းပညာနည်းစနစ်မျိုး မရှိတာကို ငါ မှတ်မိတယ်..."

မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲတစ်ဦးအနေဖြင့် သူ၏အခွင့်အာဏာသည် ဂိုဏ်းချုပ်ထက် အနည်းငယ်သာ နိမ့်ပါးသည်။

ထို့ပြင် မဟာဓားဂိုဏ်းနှင့် ပန်းတစ်သောင်းတောင်ကြားတို့သည် ယန်အောင်းတော်ဝင်နိုင်ငံ အတွင်းရှိ လွှမ်းမိုးမှုရှိသော အင်အားစုများပင်။

ပန်းတစ်သောင်းတောင်ကြား၏ အခြေအနေကို သူ၏ လက်ဖမိုးကဲ့သို့ သိသည်ဟု ဆိုနိုင်ပေ၏။

ပန်းတစ်သောင်းတောင်ကြားတွင် မည်သူမျှ ဤကဲ့သို့ သိုင်းပညာနည်းစနစ်ကို ပိုင်ဆိုင်ထားခြင်းမရှိကြောင်း သူ ကောင်းစွာသိရှိထားသည်။

မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲသည် သူ၏ခေါင်းကိုကုတ်ပြီး အနည်းငယ် နားမလည်နိုင် ဖြစ်နေသည်။

"ဟင်..."

ထိုအချိန်မှာပင်။

ယင်နတ်ဆိုးဂိုဏ်း၏ ပြိုကျပျက်စီးနေသော အဆောက်အအုံတစ်ခုတွင် ရတနာအများအပြား ရှိနေကြောင်း သူ ရုတ်တရက် အာရုံခံမိသွားသည်။

သူ၏မျက်လုံးများ တောက်ပသွားကာ တီးတိုးရေရွတ်လိုက်သည်။

"ယင်နတ်ဆိုးဂိုဏ်းရဲ့ ရတနာတွေကို ယူမသွားဘူးလား...ယင်နတ်ဆိုးဂိုဏ်းက လွန်ခဲ့တဲ့ ရာစုနှစ်အတွင်းမှာ အနည်းငယ် ကျဆင်းသွားပေမဲ့... ဘာပဲဖြစ်ဖြစ် အဓိက အင်အားစုတစ်ခုပဲ..."

"အဲ့ဒီကျွမ်းကျင်သူက တကယ်ပဲ ဒီလောက်ထိ ရက်ရောတာလား...ဒါက အရမ်းကောင်းတာပဲ... မဟာဓားဂိုဏ်းက အားနာနေမှာ မဟုတ်ဘူး... ဟား ဟား ဟား..."

မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲသည် ရှုပ်ထွေးနေသော အတွေးများအားလုံးကို သူ၏စိတ်ထဲမှ ဖယ်ထုတ်လိုက်၏။

သူ ထိုအဆောက်အအုံထဲသို့ ချက်ချင်းပျံသန်းသွားခဲ့သည်။

ထို့နောက် သူက ပျော်ရွှင်သော အမူအရာဖြင့် ရတနာ များကို စတင်၍ စုဆောင်းတော့သည်။

မကြာမီ...

မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲသည် ယင်နတ်ဆိုးဂိုဏ်း၏ ကျန်ရှိနေသော ရတနာများအားလုံးကို ယူဆောင်သွားခဲ့လေပြီ။

သို့သော် သူ၏မျက်နှာပေါ်ရှိအပြုံး အနည်းငယ် ပျောက်ကွယ်သွားခဲ့သည်။

ယင်နတ်ဆိုးဂိုဏ်းတွင် ရတနာများစွာ ရှိသော်လည်း အများစုမှာ အဆိပ်များ ဖြစ်ကြ၏။

မဟာဓားဂိုဏ်းကဲ့သို့ ဓားကျင့်ကြံခြင်းဂိုဏ်းတစ်ဂိုဏ်းအတွက် ထိုအရာများမှာ အသုံးမဝင်မလောက်နီးပါးပင်။

ဤသည်မှာ အမှိုက်ပုံတစ်ပုံကို ကောက်ရခြင်းနှင့် ကွဲပြားခြားနားခြင်းမရှိချေ။

ထို့နောက်....

သူ ယင်နတ်ဆိုးဂိုဏ်းအတွင်း၌ ဟိုဟိုဒီဒီ စတင်၍ လမ်းလျှောက်နေသည်။

သူ လမ်းလျှောက်နေစဉ် သူ၏ အကြည့်သည် တွင်းကြီးတစ်တွင်းပေါ်သို့ ကျရောက်သွားပေ၏။

တွင်း၏အလယ်ဗဟိုတွင် ပြားကပ်နေသော အလောင်းတစ်လောင်း ရှိနေသည်။

"ဒီလူရဲ့ အဝတ်အစားတွေက... ဘာလို့ ဒီလောက်ထိ ရင်းနှီးနေရတာလဲ..."

ပုံပျက်ပန်းပျက်ဖြစ်နေသော အလောင်းနှင့် ထိုအရာပေါ်ရှိ ရင်းနှီးသော အဝတ်အစားများကို ကြည့်ကာ မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲသည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။ သူသည် သူ၏ စိတ်ထဲရှိ မှတ်ဉာဏ်များကို အဆက်မပြတ် ပြန်လည်၍ ဖော်ထုတ်နေခဲ့လေ၏။

"ဒါက ယင်နတ်ဆိုးဂိုဏ်းချုပ် မဟုတ်လား..."

"တော်ဝင်မြို့တော်မှာ ဧကရာဇ်ကို သွားတွေ့တုန်းက သူ့ကို ငါ မြင်ဖူးတယ်...ခုဏက ဒီအဝတ်အစားတွေကိုကြည့်ရတာ အရမ်းရင်းနှီးနေတယ်လို့ ငါ ခံစားရတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး..."

မဟာဓားဂိုဏ်း၏မဟာအကြီးအကဲ ရုတ်တရက် သတိရသွားခဲ့သည်။

စကားတစ်ခွန်းမျှ မပြောဘဲ သူသည် တွင်းထဲသို့ ခုန်ချပြီး ယင်နတ်ဆိုးဂိုဏ်းချုပ်၏အလောင်းကို အနီးကပ် ကြည့်လိုက်၏။

"ကျွတ် ကျွတ် ကျွတ်... သူ့ရဲ့ သေဆုံးမှုက နည်းနည်းကြေကွဲစရာ ကောင်းတယ်... သူ နင်းခြေခံလိုက်ရတဲ့ ပုံပဲ..."

"မဟုတ်ဘူး... နင်းခြေခံလိုက်ရတာလား..."

မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲသည် တစ်ခုခုကို တွေးတောမိသွားပြီး သူ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားသည်။

သူ၏ခြေဖျားများကို ညင်သာစွာ လှုပ်ခတ်ပြီး လေထဲသို့ ချက်ချင်းပျံသန်းသွားကာ တွင်းကြီး၏ ပုံသဏ္ဍာန်ကို သူ သေချာစွာ ဆန်းစစ်လိုက်သ​ည်။

ထို့နောက် အံ့အားသင့်သွားသော အမူအရာတစ်ခုက သူ၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။

"ဒီပုံသဏ္ဍာန်က... လိပ်အမျိုးအစား နတ်ဆိုးသားရဲ တစ်ကောင်ပဲ..."

"ဒါဆို ယင်နတ်ဆိုးဂိုဏ်းက နတ်ဆိုးသားရဲ တစ်ကောင်ရဲ့ ဖျက်ဆီးတာကို ခံလိုက်ရတာပေါ့... ဒီတွင်းနက်ကြီးတွေရဲ့ အကြောင်းအရင်းကို ရှင်းပြနိုင်ပြီ..."

မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲသည် ရုတ်တရက် နားလည်သွားပေ၏။

သို့သော် ထိုအကြောင်းကို သေချာစဉ်းစားကြည့်သောအခါ သူက ပို၍ပင် မျက်မှောင်တင်းတင်းကြုတ်လိုက်သည်။

"ဒီနေရာက ယန်အောင်းတော်ဝင်နိုင်ငံ အုပ်ချုပ်တဲ့ ဧရိယာလေ... နတ်ဆိုးသားရဲတောအုပ်နဲ့ အရမ်းဝေးတယ်... နတ်ဆိုးသားရဲတစ်ကောင် ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ..."

"ပြီးတော့ ဒီလောက်ထိ အားကောင်းတဲ့ နတ်ဆိုးသားရဲ တစ်ကောင်... ဒါက မဖြစ်သင့်ဘူး..."

အစွမ်းထက်သော နတ်ဆိုးသားရဲအားလုံးနီးပါးသည် ဤနေရာနှင့် မိုင် ၄၀၀၀ နီးပါး ကွာဝေးသော နတ်ဆိုးသားရဲတောအုပ်တွင် ရှိနေကြ၏။

ဤမျှ ဝေးကွာသော အကွာအဝေးကို ထိုနတ်ဆိုးသားရဲ ဖြတ်သန်းလာချိန်တွင် ယန်အောင်းတော်ဝင်နိုင်ငံ၏ ကင်းလှည့်အစောင့်များက မည်သည်ကြောင့် သတိမထားမိဘဲ နေမည်နည်း။

သူ လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားသည်။

"ဒါက လူတစ်ယောက်က ခိုင်းစေတဲ့ စိတ်ဝိညာဉ်သားရဲတစ်ကောင်များ ဖြစ်နေမလား..."

"တကယ်လို့ နတ်ဆိုးသားရဲ တစ်ကောင်သာဆိုရင်... ဒီလောက် မြင့်မားတဲ့ ကျင့်ကြံခြင်းနဲ့ဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်က အရမ်းကြီးးမားနေတာကြောင့် ကင်းလှည့်အစောင့်တွေရဲ့ မျက်လုံးတွေကနေ ပုန်းကွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး..."

"ဒါပေမဲ့ စိတ်ဝိညာဉ်သားရဲတွေကိုတော့ စိတ်ဝိညာဉ်သားရဲ သိုလှောင်အိတ်တွေထဲမှာ သိမ်းထားနိုင်တယ်... ပြီးတော့ ဂရုတစိုက် စစ်ဆေးမခံရဘူးဆိုရင်... သူတို့ကို ရှာဖွေတွေ့ရှိဖို့ ခက်ခဲတယ်..."

"ဒီလို ကြည့်ရရင်... အဲ့ဒါက စိတ်ဝိညာဉ်သားရဲ တစ်ကောင်ပဲ ဖြစ်နိုင်တယ်..."

ယင်နတ်ဆိုးဂိုဏ်းကို ဖျက်ဆီးခဲ့သောအရာမှာ လူမဟုတ်ဘဲ စိတ်ဝိညာဉ်သားရဲ တစ်ကောင်ဖြစ်ကြောင်း မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲက လျှင်မြန်စွာ ကောက်ချက်ချလိုက်သည်။

"ဒါပေမဲ့... အနည်းဆုံး သတ္တမအဆင့် နှောင်းပိုင်းအဆင့်ရှိတဲ့ စိတ်ဝိညာဉ်သားရဲ တစ်ကောင်ဆိုလို့ ယန်အောင်းတော်ဝင်နိုင်ငံတစ်ခုလုံးမှာ တစ်ကောင်မှ မရှိတဲ့ပုံပဲ..."

"ကြည့်ရတာ ယန်အောင်းတော်ဝင်နိုင်ငံ ပြင်ပက အင်အားစုတစ်ခုပဲ ဖြစ်နိုင်တယ်..."

"ချင်းယွမ် လျှို့ဝှက်နယ်မြေပွင့်ဖို့ အချိန်သိပ်မလိုတော့ဘူး... ဘာအမှားအယွင်းမှ မဖြစ်ဖို့ မျှော်လင့်မိတယ်..."

မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲသည် အောက်ဘက်ရှိ အလောင်းများကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

ထိုအချိန်မှာပင်..

အနီးရှိ အစည်းအဝေးခန်းမတွင် လွင့်မျောနေသော သွေးစွန်းနေသည့် စာတစ်စောင်ကို သူ တွေ့ရှိမိသည်။

သိချင်စိတ်ကြောင့် စာကို သူ့ထံသို့ ရောက်လာရန် စိတ်ဝိညာဉ်စွမ်းအားကို သူ အသုံးပြုလိုက်သည်။

သူ၏အကြည့် တည်ကြည်ပြတ်သားသွားပြီး လျှင်မြန်စွာ ဖတ်ရှုလိုက်၏။

"အရေးပေါ်စာ...

ထောက်လှမ်းရေး သတင်းတွေအရ... လေ့ကျင့်ရေး သွားတဲ့ မဟာအကြီးအကဲရဲ့ တပည့်ရင်းနဲ့ တခြားသူတွေအားလုံး အသတ်ခံလိုက်ရပြီးတော့ အသက်ရှင်ကျန်ရစ်သူ မရှိဘူး...

တရားခံ... မဟာယန်နိုင်ငံ လင်ရှီးမြို့က တိမ်တိုက်ကောင်းကင်လေလံရုံ"

မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲသည် သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းပြီး ပေါ့ပေါ့ပါးပါး ရေရွတ်လိုက်သည်။

"အမည်မသိ အင်အားစုတစ်ခုနဲ့ ယင်နတ်ဆိုးဂိုဏ်း ကြားက ပဋိပက္ခတစ်ခုပါပဲ... အသုံးမဝင်တဲ့ သတင်းအချက်အလက်တွေပါ..."

ထိုသို့ပြောဆိုပြီးနောက် သူက စာကို လွှင့်ပစ်ရန် ဟန်ပြင်လေသည်။

သို့သော် တစ်ခုခု မှားယွင်းနေကြောင်း သူ ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့လေ၏။

သူသည် စာကို သူ၏မျက်လုံးရှေ့သို့ ရုတ်တရက် ပြန်ယူလာပြီး ကြည့်လိုက်သည်။

'မဟုတ်ဘူး... မဟာယန်နိုင်ငံက နိုင်ငံငယ်လေး တစ်ခုပဲဖြစ်ပြီး... လင်ရှီးမြို့ ဆိုတာ ငါ တစ်ခါမှတောင် မကြားဖူးဘူး... ဒါပေမဲ့ အဲ့ဒါက မဟာယန်နိုင်ငံထဲက မြို့ငယ်လေးတစ်မြို့ဆိုတာ ခန့်မှန်းဖို့ မခက်ခဲဘူး...'

'ဒီလို လူသူကင်းမဲ့တဲ့ နေရာငယ်လေးက လူတစ်ယောက်က ယင်နတ်ဆိုးဂိုဏ်းရဲ့ တပည့်ရင်းကို ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ...'

မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲက ဤမေးခွန်းကို ရုတ်တရက် တွေးတောမိသွားသည်။

ယင်နတ်ဆိုးဂိုဏ်း၏တပည့်ရင်းများသည် အနည်းဆုံးအနေဖြင့် စိတ်ဝိညာဉ်ချောက်နက်နယ်ပယ် ကျင့်ကြံသူများပင်။

သူတို့ သေချာပေါက် သယ်ဆောင်လာမည့် အသက်ကယ်ပစ္စည်းများစွာနှင့် ပေါင်းစပ်လိုက်ပါက လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးထံမှပင် သူတို့ လွတ်မြောက်နိုင်သည်။

အမည်မသိ မြို့ငယ်လေး တစ်မြို့တွင် သူတို့အားလုံး မည်သည်ကြောင့် သေဆုံးသွားနိုင်မည်နည်း။

မဟာဓားဂိုဏ်း၏ ကိစ္စရပ်များအားလုံးကို မဟာအကြီးအကဲ ဖြစ်သော သူက ကိုင်တွယ်ဖြေရှင်းရလေ၏။

နေ့စဉ် လုပ်ငန်းဆောင်တာ မြောက်မြားစွာကို ကိုင်တွယ်ဖြေရှင်းရသော ဖိအားအောက်တွင် သူသည် စေ့စပ်သေချာပြီး တင်းကြပ်သော အလေ့အကျင့် တစ်ခုကို ကြာမြင့်စွာကတည်းက တည်ဆောက်ထားခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ပြဿနာကို သူ ချက်ချင်းရှာတွေ့သွားသည်။

"ဒါ့ပြင်... ဒီစာက ရောက်လာတာ သိပ်မကြာသေးပုံပဲ... ပြီးတော့ ရလဒ်အနေနဲ့ ယင်နတ်ဆိုးဂိုဏ်းက ဒီနေ့ ဒီလိုမျိုး ဖြစ်သွားခဲ့တယ်..."

"ဒါက တိုက်ဆိုင်လွန်းတယ်..."

"တစ်ခုခု မှားနေတယ်... ကိုးဆယ်ရာခိုင်နှုန်းလောက် မှားယွင်းနေတဲ့ ကိစ္စတစ်ခု ရှိနေတယ်..."

မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲက သူ၏မျက်လုံးများကို မှေးစင်းပြီး သူ၏စိတ်ထဲတွင် စဥ်းစားတွေးတောလိုက်သည်။

"ယင်နတ်ဆိုးဂိုဏ်းရဲ့ ပျက်စီးမှုက အကြောင်းပြချက် မရှိဘဲ မဖြစ်နိုင်ဘူး... ဒီလေလံရုံနဲ့ ဆက်စပ်နေနိုင်တယ်လို့ ငါ ကြိုတင်ခံစားနေရတယ်..."

"ဘယ်လိုပဲဖြစ်ဖြစ်... မဟာယန်နိုင်ငံက ဒီနေရာနဲ့ သိပ်မဝေးဘူးဆိုတော့... သွားကြည့်လိုက်တာ အဆင်ပြေပါတယ်..."

ဆုံးဖြတ်ချက်ချပြီးနောက်...

မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲ နံဘေးတွင် ဓားပျံ တစ်လက် ရုတ်တရက် ထွက်ပေါ်လာပြီး အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားတော့သည်။

လင်ရှီးမြို့၏ အရှေ့ဘက် မိုင်တစ်ရာ အကွာအဝေးတွင် စိမ်းလန်းစိုပြေသော တောအုပ်တစ်ခု ရှိနေသည်။

ဤတောအုပ်တွင် ကျင့်ကြံသူများအားလုံးကို ကြောက်ရွံ့တုန်လှုပ်စေသော နာမည်တစ်ခု ရှိနေပေ၏။

ဤသည်မှာ နတ်ဆိုးသားရဲတောအုပ်ပင်။

နတ်ဆိုးသားရဲ တောအုပ်သည် မိုင်ပေါင်း ရာနှင့်ချီ၍ ရှည်လျားပြီး မီတာသောင်းနှင့်ချီ အမြင့်မှ ပျံသန်းကြည့်လျှင်ပင် ထိုအရာ၏အဆုံးသတ်ကို မမြင်တွေ့နိုင်ချေ။

ထိုတောအုပ်အတွင်း၌ မရေမတွက်နိုင်သော နတ်ဆိုးသားရဲများ ရှိနေသည်။

အဓိကဧရိယာတွင် သူတော်စင်နယ်ပယ်အထက်ရှိ မဟာနတ်ဆိုးသားရဲများပင် ကြီးကြပ်နေပေသည်။

သို့သော် ကံကောင်းခြင်းနှင့် ကံဆိုးခြင်းတို့သည် များသောအားဖြင့် ဒွန်တွဲလာတတ်ပေ၏။

နတ်ဆိုးသားရဲ တောအုပ်တွင် နတ်ဆိုးသားရဲများ သောင်းကျန်းပြီး အန္တရာယ်များ ပေါများသော်လည်း...

ထိုနေရာအတွင်း၌ မရေမတွက်နိုင်သော စိတ်ဝိညာဉ် ဆေးပင် များနှင့် ရတနာများလည်း ရှိနေပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများကို ဆွဲဆောင်နေသည်။

မဟာယန်နိုင်ငံအတွင်းရှိ နတ်ဆိုးသားရဲ တောအုပ် သည် တောအုပ်တစ်ခုလုံး၏ အပြင်ဘက်ပိုင်းရှိ ရေခဲတောင်ထိပ်ဖျားမျှသာဖြစ်သည်။

ထိုသို့ဖြစ်သည့်တိုင် ဤသည်က မဟာယန်နယ်မြေတစ်ခုလုံး၏ သုံးဆယ်ရာခိုင်နှုန်းနီးပါးကို နေရာယူထားလေ၏။

ထိုနေရာအတွင်း၌ အဆင့်နိမ့် နတ်ဆိုးသားရဲ များစွာ ရှိပြီး အရင်းအမြစ်များလည်း ပေါကြွယ်ဝသည်။

ဤသည်မှာ မဟာယန်မှ ကျင့်ကြံသူများအတွက် ရတနာများရှာဖွေရန်နှင့် အတွေ့အကြုံ ရယူရန် အလွန်ကောင်းမွန်သော နေရာတစ်နေရာပင်။

ထိုတောအုပ်အပြင်ပိုင်း၏ သတိမပြုမိနိုင်သော ထောင့်တစ်နေရာတွင်...

အဖြူရောင်ဆံပင်များနှင့် ရွှေရောင်မျက်လုံးများရှိပြီး ထူးခြားသော အမူအရာကို ပိုင်ဆိုင်သည့် ရုပ်ရည်ချောမောသော လူငယ်လေးတစ်ဦး ရှိနေခဲ့သည်။

All Chapters