← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

ပြိုင်ဘက်ကင်း လေလံရုံ

ဘာသာပြန်သူ-ATY author team

Book 5 Chapter 41 to 50

အခန်း (၄၁) အထွတ်အထိပ် သူတော်စင်ဘုရင် အဆင့် ဝင်္ကပါ...ဒြပ်စင်ငါးပါး မိုးကောင်းကင်စောင့်ရှောက်ခြင်း အသေးစားဝင်္ကပါ

တည်းခိုခန်း၏ အပြင်ဘက်တွင်...

မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲသည် ခန်းအအဝင်ဝရှိ အပြင်ဘက်လမ်းမပေါ်တွင် မလှုပ်မယှက် မတ်တတ်ရပ်နေသည်။

သူ၏မျက်လုံးများသည် ကောင်းကင်ယံတွင် လွင့်မျောနေသော တိမ်တိုက်ကောင်းကင်လေလံရုံပေါ်တွင် စူးစိုက်၍ ကျရောက်နေပေ၏။

ကြီးမားသော လှိုင်းလုံးကြီးတစ်ခုက သူ၏နှလုံးသားထဲတွင် ရိုက်ခတ်သွားသည်။

"ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

"ဟင်းလင်းပြင်ထဲကနေ တစ်ခုခု ဖန်တီးတာ... ပြီးတော့ ဆွဲငင်အားစည်းမျဉ်းတွေရဲ့ သက်ရောက်မှု မရှိတဲ့ အဆောက်အအုံတစ်လုံး..."

"ဒီလောကမှာ ဒီလို နတ်ဘုရား နည်းလမ်းတွေ ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ..."

သူက မသိစိတ်မှနေ၍ တံတွေးမျိုချလိုက်သည်။

သူသည် ကောင်းကင်အက်ကွဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်ရှိ အစွမ်းထက်ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ် အထိန်းအကွပ်မဲ့စွာ တုန်ယင်နေသည်။

တိမ်တိုက်ကောင်းကင်လေလံရုံမှ ပြသခဲ့သော နတ်ဘုရားစွမ်းအားသည် သူ၏နားလည်နိုင်စွမ်းထက် များစွာပို၍ ကျော်လွန်နေပေ၏။

အချိန်အတော်ကြာပြီးနောက်....

မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲသည် သူ၏ တည်ငြိမ်မှုကို ပြန်လည်၍ ရယူနိုင်ခဲ့သည်။

ကောင်းကင်ယံရှိ အင်မော်တယ်နန်းတော်တစ်ခုနှင့် တူညီသော တိမ်တိုက်ကောင်းကင်လေလံရုံကို သူ နောက်တစ်ကြိမ် ကြည့်လိုက်သည်။

ထို့နောက် သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။

ထို့နောက် သူက တည်ကြည်လေးနက်သော အမူအရာဖြင့် တီးတိုးရေရွတ်လိုက်သည်။

"ဒီလို အံ့အားသင့်ဖွယ်ကိစ္စမျိုးကို သူတော်စင်နယ်ပယ် အထက်က အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်ကပဲ လုပ်ဆောင်နိုင်မှာ မဟုတ်လား..."

"တိမ်တိုက်ကောင်းကင်လေလံရုံမှာ ဒီလိုလူမျိုး စောင့်ကြပ်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... တကယ့်ကို ကြောက်စရာကောင်းတာပဲ..."

"ငါ့ကို သူတို့ အစောကြီးကတည်းက တွေ့သွားလောက်ပြီ... သူတို့က ငါ့ကို ဂရုမစိုက်တာပဲ ဖြစ်မယ်..."

"ငါ သတိထားတတ်လို့ တော်သေးတယ်... လင်ရှီးမြို့ ကို ရောက်ပြီးကတည်းက ငါ ပြဿနာ မရှာခဲ့ဘူး..."

မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲ သည် တိတ်တဆိတ် ဝမ်းသာသွားပြီး လေပူတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်၏။

ထို့နောက် သူ နောက်လှည့်ကာ သူ၏တည်းခိုခန်းသို့ ပြန်သွားခဲ့သည်။

အခန်းထဲရှိ သစ်သား ထိုင်ခုံပေါ်တွင် ထိုင်ကာ သူ လျှင်မြန်စွာ စဉ်းစားလိုက်သည်။

"ပထမဆုံးအနေနဲ့... သူတော်စင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ပိုင်ဆိုင်ထားတာကြောင့် ဒီ တိမ်တိုက်ကောင်းကင်လေလံရုံက တိမ်မြူခိုးနိုင်ငံက စေလွှတ်လိုက်တဲ့ အင်အားစုတစ်ခု လုံးဝမဖြစ်နိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ..."

"တိတိကျကျ ပြောရရင်... အဲ့ဒါက ချင်းယွမ်ကုန်းမြေ က အင်အားစုတစ်ခု ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်နီးပါးပဲ..."

"ချင်းယွမ်ကုန်းမြေတစ်ခုလုံးမှာ တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တွေ အများကြီး ရှိပြီးတော့... တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်မှာ ရှိတဲ့သူ အနည်းငယ် ရှိပေမဲ့... သူတော်စင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ဆိုတာ ကောင်းကင်ကို တက်ရသလိုပဲ... အရမ်းခက်ခဲတယ်..."

"မဟုတ်ရင်... ကျယ်ပြန့်တဲ့ ချင်းယွမ်ကုန်းမြေမှာ မြင့်မြတ်နယ်မြေတစ်ခုတည်းပဲ ရှိနေမှာ မဟုတ်ဘူး..."

"အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စိတ်ဝိညာဉ်သားရဲကို စုံစမ်းစစ်ဆေးတာကနေ... ဒီလိုမျိုး အံ့အားသင့်စရာကောင်းတဲ့ တွေ့ရှိမှုမျိုး ဖြစ်လာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."

ဤအကြောင်းကို တွေးတောမိသောအခါ...

မဟာဓားဂိုဏ်း မဟာအကြီးအကဲ၏ခန္ဓာကိုယ် တုန်ယင်သွားသည်။

"ဒါက မဟာဓားဂိုဏ်း ဝင်ရောက်စွက်ဖက်နိုင်တဲ့ ကိစ္စမျိုး မဟုတ်တော့ဘူး... ချင်းယွမ်မြင့်မြတ်နယ်မြေကိုပဲ ဂရုစိုက်ခိုင်းလိုက်တော့မယ်..."

"ငါ ဘာမှ မမြင်ခဲ့ဘူးလို့ပဲ ဟန်ဆောင်လိုက်မယ်..."

"ဟုတ်တယ်... ငါ ဘာမှ မသိဘူး... ဒီကို အလည်လာရုံ သက်သက်ပဲ..."

ထိုသို့ရေရွတ်ပြီးနောက်....

မဟာဓားဂိုဏ်း မဟာအကြီးအကဲသည် တည်းခိုခန်း မှ ထွက်လာပြီး လင်ရှီးမြို့ အပြင်ဘက်သို့ လူအုပ်ကြီးနှင့်အတူ လိုက်သွားခဲ့လေ၏။

ထို့နောက် သူသည် ကောင်းကင်ယံသို့ လျှင်မြန်စွာ ပျံသန်းသွားပြီး မိုးကုတ်စက်ဝိုင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

'တိမ်တိုက်ကောင်းကင်လေလံရုံ အဆင့်မြှင့်တင်ခြင်း ပြီးစီးပါပြီ... လေလံလုပ်ဆောင်ချက်များ အားလုံးကို ပြီးပြည့်စုံအောင် ပြုလုပ်ပြီးပါပြီ'

'ကျေးဇူးပြု၍ အိမ်ရှင်... လေလံရုံကို အမြန်ဆုံး ကြီးပွားတိုးတက်လာအောင် ပိုပြီးကြိုးစားအားထုတ်ပါ'

လင်ရှီးမြို့၏ အလယ်ဗဟိုတွင်...

လင်းရှောင်သည် ကောင်းကင်ယံရှိ မရေမတွက်နိုင်သော တိမ်တိုက်များ ဝန်းရံထားသော လေလံရုံ ကို ကြည့်ကာ အချိန်တခဏကြာသည်အထိ အတွေးများထဲ၌ နစ်မျောသွားသည်။

"ဒါက ဘယ်လိုလုပ်ပြီး အဆင့်မြှင့်တင်တာ ဖြစ်နိုင်မှာလဲ... ဒါက အလုံးစုံ အစားထိုးတာပဲ..."

"နည်းနည်းတော့ ထင်ပေါ်လွန်းတယ်... ဒါပေမဲ့ ငါ သဘောကျတယ်... ဟီးဟီး..."

လင်းရှောင်က စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။

ထိုအချိန်မှာပင်...

တိမ်တိုက်ကောင်းကင်လေလံရုံ နှင့် လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခုကို သူ ရုတ်တရက် ခံစားလိုက်ရသည်။

ရုတ်ချည်းဆိုသလိုပင် သူသည် လေလံရုံ၏ လုပ်ဆောင်ချက်အားလုံးကို နားလည်သွားပြီး ထိုအရာအားလုံးကို စိတ်ကြိုက်ထိန်းချုပ်နိုင်ခဲ့သည်။

လင်းရှောင်၏မျက်လုံးများ တောက်ပသွားပြီး အလွန် စိတ်လှုပ်ရှားသော အမူအရာတစ်ရပ်က သူ၏မျက်နှာပေါ်တွင် ထွက်ပေါ်လာပေ၏။

တခြားသူများကို လျစ်လျူရှုကာ သူသည် စကားတစ်ခွန်းမျှ မပြောဘဲ လေလံရုံဆီသို့ ပျံသန်းသွားတော့သည်။

တိမ်တိုက်ကောင်းကင်လေလံရုံ၏ ပင်မတံခါးသည် ဖြည်းညှင်းစွာ ပွင့်လာပြီး ဧရာမ ဟင်းလင်းပြင် ဝဲဂယက်တစ်ခု ထွက်ပေါ်လာသည်။

လင်းရှောင်က တုံ့ဆိုင်းမှုမရှိဘဲ အထဲသို့ လျှောက်လှမ်းဝင်လိုက်သည်။

နောက်ထပ်တခဏအကြာတွင်...

ကြယ်များပြည့်နှက်နေသော ကောင်းကင်နှင့် ဆင်တူသော ဟင်းလင်းပြင်တစ်ခုတွင် လင်းရှောင် ထွက်ပေါ်လာခဲ့သည်။

ဤကြယ်များပြည့်နှက်နေသော ကောင်းကင်ယံသည် တိမ်တိုက်ကောင်းကင်လေလံရုံ၏ လေလံခန်းမပင်။

ကြယ်များပြည့်နှက်နေသော ကောင်းကင်ယံ၏ အလယ်ဗဟိုတွင် လင်းလက်တောက်ပနေသော ဧရာမ လေလံစင်မြင့်တစ်ခု ရှိနေသည်။

လေလံစင်မြင့်၏ အလယ်ဗဟိုတွင် အလွန်လှပသော လေလံစားပွဲတစ်ခုလည်း ရှိနေလေ၏။

ထိုအရာ၏ နံဘေးပတ်လည်တွင် ရွှေရောင်ကြယ်တာရာ တစ်သိန်းနီးပါး တလက်လက် တောက်ပနေပြီး ထိုအရာများထဲတွင် ခရမ်းရောင်အလင်းတန်းများ တောက်ပနေသော ကြယ်ဆယ်လုံး ရှိနေသည်။

ကြယ်တစ်ခုစီတွင် ကိုယ်ပိုင်သီးခြားနေရာတစ်ခု ပါဝင်သည်။

လင်းရှောင်သည် အနီးဆုံး ရွှေရောင်ကြယ်ကို ကြည့်လိုက်ပြီး အတွေးတစ်ချက်ဖြင့် သူသည် ထိုကြယ်ထဲသို့ ချက်ချင်းဆွဲသွင်းခံလိုက်ရသည်။

ထို့နောက်...

အလွန်လှပပြီး ရှေးကျသော သီးသန့်ခန်းတစ်ခန်းတွင် လင်းရှောင် ထွက်ပေါ်လာပေ၏။

ထိုသီးသန့်ခန်းတွင် အရာအားလုံး အပြည့်အစုံ ပါဝင်သည်။ ထိုင်ခုံများကိုပင် အဖိုးတန်သော အဆင့်ရှစ် စိတ်ဝိညာဉ်သစ်သားဖြင့် ပြုလုပ်ထားသည်။

ထိုအရာသည် မယုံနိုင်လောက်အောင် မာကျောပြီး ရုပ်ဝတ္ထုကို ဖုံးကွယ်ထားသော ဝင်္ကပါငယ်လေးတစ်ခုလည်း ပါရှိကာ သာမန်ကျင့်ကြံသူများအတွက် ပြုလုပ်ထားသောပစ္စည်းကို သိမြင်ရန် ခက်ခဲစေသည်။

ဤသည်ကို လူမဆန်အောင် "ခမ်းနားထည်ဝါ"သည်ဟုသာ ပြောနိုင်ပေ၏။

သီးသန့်ခန်း၏ရှေ့ဆုံးတွင် ဧရာမ မျက်နှာပြင်တစ်ခု ရှိနေပြီး ကြယ်များပြည့်နှက်နေသော ကောင်းကင်၏ အလယ်ဗဟိုရှိ စင်မြင့်ကို ရှင်းလင်းစွာ ပြသနေသည်။

ထိုအရာ၏နံဘေးတွင် လေလံကတ်ပြားအဖြစ် လုပ်ဆောင်သော ဂဏန်းများ ရိုက်ထည့်နိုင်သည့် အလင်းမျက်နှာပြင်တစ်ခုရှိသည်။

သီးသန့်ခန်းတစ်ခန်းလုံးသည် အလွန်အဆင့်မြင့်ပုံပေါ်ပြီး ယခင်ကထက် များစွာပို၍ ကောင်းမွန်လေ၏။

လင်းရှောင်က ဘေးဘီဝဲယာကိုကြည့်ပြီး ဝမ်းသာအားရ ပြုံးလိုက်သည်။

ထို့နောက် အတွေးတစ်ချက်ဖြင့် သူသည် လေလံ ခန်းမ၏ ကြယ်များပြည့်နှက်နေသော ကောင်းကင်သို့ ပြန်ရောက်သွားသည်။

ထို့နောက် သူသည် လေလံစင်မြင့်နှင့် အနီးဆုံး ခရမ်းရောင်ကြယ်ကို ကြည့်လိုက်သည်။

အချိန်တခဏကြာမျှ မှင်သက်သွားပြီးနောက်....

လင်းရှောင်က မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ရှေ့တွင် အင်ပါယာနန်းတော်တစ်ခုထက် ပို၍ကြီးကျယ်ခမ်းနားသော ခန်းမတစ်ခု ရှိနေခဲ့လေ၏။

မှေးမှိန်သော ခရမ်းရောင်ချီများသည် ခန်းမထဲသို့ စိမ့်ဝင်နေပြီး ကောင်းကင်ဘုံရှိ အင်မော်တယ်နန်းတော်တစ်ခုအလားပင်။

ထိုနေရာတွင်လည်း အရာအားလုံး အပြည့်အစုံ ပါဝင်လေ၏။ သီးသန့်ခန်းတွင် တွေ့ရသမျှ အရာအားလုံး ဤနေရာတွင် ရှိနေသည်။

ထို့ပြင် ထိုအရာအားလုံးကို အဆင့်ကိုး သူတော်စင်သစ်သားဖြင့် ပြုလုပ်ထားသည်။

ထိုအရာများ၏အရှိန်အဝါကို ဖုံးကွယ်ထားသော ဝင်္ကပါ ရှိသော်လည်း ပရိဘောဂတစ်ခုစီသည် မှေးမှိန်သော နတ်ဘုရားစွမ်းအားကို ထုတ်လွှတ်ထားဆဲပင်။

ခမ်းနားထည်ဝါမှုအဆင့်သည် မြင့်မြတ်နယ်မြေတစ်ခုကိုပင် ငိုကြွေးစေနိုင်လေ၏။

လင်းရှောင်သည် သူ၏နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။

ထို့နောက် သူက နောက်သို့လှည့်ကြည့်လေသည်။

နောက်တခဏတွင် သူသည် တိမ်တိုက်ကောင်းကင်လေလံရုံ၏အပြင်ဘက်သို့ ရောက်ရှိနေလေပြီ။

တံခါးရှေ့ရှိ တိမ်တိုက်များပေါ်သို့ ခြေချလိုက်ပြီး သူသည် အသစ်စက်စက် တိမ်တိုက်ကောင်းကင်လေလံရုံ ကို ကြည့်လိုက်၏။

"ဒီ အဆင့်မြှင့်တင်ခြင်းကတ်တစ်ကတ်က အိမ်သာ တစ်လုံးကို ဧကရာဇ်နန်းတော်တစ်ခုအဖြစ် ပြောင်းလဲပေးလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."

"အဆင့်မြှင့်တင်ပြီးတဲ့နော​က် လေလံရုံ မှာ ကိုယ်ပိုင် ကာကွယ်ရေး အစီအမံတွေ ပါလာလို့ တော်သေးတယ်... မဟုတ်ရင် အနာဂတ်မှာ လေလံပွဲတွေ ကျင်းပရဲမှာ မဟုတ်ဘူး..."

"ဘယ်လိုပဲဖြစ်ဖြစ်... အထဲက ထိုင်ခုံတစ်လုံးတောင် အဖိုးမဖြတ်နိုင်ဘူး... တကယ်လို့ မျက်စိလျှင်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေကသာ ရှာတွေ့သွားရင်... သွမ်ခုန်းကို ထားလိုက်အုံး... သာမန်သူတော်စင်တစ်ပါးတောင် အဲ့ဒါကို ကာကွယ်နိုင်မှာ မဟုတ်ဘူး..."

ထိုသို့ပြောဆိုပြီးနောက်...

လင်းရှောင်သည် လက်ဆန့်တန်းပြီး ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ တိမ်တိုက်ကောင်းကင်လေလံရုံကို ဝင်္ကပါအလွှာတစ်ခုက ချက်ချင်း ဖုံးလွှမ်းသွားသည်။

"ဒြပ်စင်ငါးမျိုး မိုးကောင်းကင်စောင့်ရှောက်ခြင်း အသေးစားဝင်္ကပါ

အဆင့်...သူတော်စင်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်

ဖော်ပြချက်...ဒဏ္ဍာရီလာ ထိပ်တန်း ကာကွယ်ရေး ဝင်္ကပါ ဖြစ်တဲ့ ဒြပ်စင်ငါးမျိုး မိုးကောင်းကင်စောင့်ရှောက်ခြင်း မဟာဝင်္ကပါ ရဲ့ ချုံ့ထားတဲ့ ပုံစံတစ်ခု ဖြစ်ပြီး... သူတော်စင်အရှင်သခင်နယ်ပယ်အောက်က တိုက်ခိုက်မှုတွေ အားလုံးကို ခုခံနိုင်စွမ်း ရှိတယ်..."

သူတော်စင်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့် ဝင်္ကပါ ...

ဤသည်မှာ လင်းရှောင်၏ယုံကြည်မှုပင်။

လင်းရှောင် သိထားသလောက် ချင်းယွမ်မြင့်မြတ်နယ်မြေ၏ အားအကောင်းဆုံး ဘိုးဘေးပင်လျှင် သူတော်စင်ဘုရင်နယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိနေသည်။

ဤဝင်္ကပါဖြင့်ဆိုလျှင်....

တိမ်တိုက်ကောင်းကင်လေလံရုံသည် ချင်းယွမ်ကုန်းမြေတစ်ခုလုံးတွင် ပြိုင်ဘက်ကင်းသည်ဟု ယူဆနိုင်ပေ၏။

"ဝင်္ကပါရဲ့ကာကွယ်မှု ရှိနေပြီဆိုတော့... ငါက ရဲရဲဝံ့ဝံ့ အရောင်းမြှင့်တင်လို့ ရပြီ..."

"မဟုတ်ရင်... စနစ်တာဝန်ရဲ့ နာမည်ဂုဏ်သတင်း အမှတ်ဆယ်သန်းက ဒီဘဝမှာ ဘယ်တော့မှ ပြီးမြောက်မှာ မဟုတ်ဘူး..."

ဤအကြောင်းကို တွေးမိသောအခါ...

လင်းရှောင်၏အတွေးများ လှုပ်ရှားသွားပြီး မရေမတွက်နိုင်သော တိမ်တိုက်များသည် တိမ်တိုက် လှေကားတစ်ခုအဖြစ် ဖန်တီးကာ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။

မကြာမီ ထိုအရာသည် မြေကြီးအထိ ရောက်ရှိသွားပေ၏။

လူတိုင်း၏အကြည့်များအောက်တွင် လင်းရှောင်က တိမ်တိုက်လှေကားမှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။

ထို့နောက် သူက လီယီ၏ရှေ့သို့ ဦးစွာရောက်လာခဲ့သည်။

သူက ညွှန်ကြားလိုက်၏။

"ဒီနေ့ကစပြီး... လေလံရုံမှာ အစေခံမလေးတွေ မလိုအပ်တော့ဘူး... သူတို့ကို နောက်ထပ် တစ်နှစ်စာ စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးပြီး အကုန်လုံးကို အိမ်ပြန်လွှတ်လိုက်ပါ..."

"မိုလီနဲ့ မိုချီပဲ နေဖို့လိုတယ်..."

"မင်းက လေလံရုံရဲ့ တာဝန်ခံအဖြစ် ဆက်ရှိနေပြီးတော့ ငါ မင်းကို လေလံရုံအပေါ် တစိတ်တပိုင်း စီမံခန့်ခွဲခွင့် အာဏာ ပေးမယ်..."

လီယီသည် လင်းရှောင်၏စကားများမှ အဓိပ္ပာယ်ကို နားမလည်ခဲ့ချေ။

သို့သော် သူ ဘာမှမမေးဘဲ ခေါင်းသာညိတ်ပြလိုက်သည်။

ထို့နောက် ရုတ်ချည်းဆိုသလိုပင်...

လင်းရှောင်၏အတွေးတစ်ချက်နင့်အတူ သူသည် လေလံရုံ၏ မှတ်ဉာဏ်အချက်အလက်တချို့ကို အလင်းလုံးတစ်ခုအဖြစ် စုစည်းကာ လီယီထံ ပေးပို့လိုက်၏။

ထို့နောက် လေလံရုံ၏အာဏာတချို့ကို ခွဲဝေပေးလိုက်သည်။

လီယီသည် ဝင်ရောက်လာသော အချက်အလက်များကို ဖြည်းညင်းစွာ လက်ခံရင်း နေရာတွင်ပင် ချက်ချင်း ကြက်သေသေသွားသည်။

ထို့နောက်....

လင်းရှောင်က အနီးအနားရှိ သွမ်ခုန်းကို ကြည့်လိုက်သည်။

သူက အေးအေးဆေးဆေး ပြောလိုက်၏။

"သွမ်ခုန်း... ငါနဲ့ လိုက်ခဲ့..."

ထို့နောက်.....

လင်းရှောင်က သွမ်ခုန်းကို တိမ်တိုက်လှေကားပေါ်သို့ ခေါ်ဆောင်သွားပြီး အထက်ရှိ တိမ်တိုက်များဆီသို့ ပြန်သွားခဲ့သည်။

တိမ်တိုက်ကောင်းကင်လေလံရုံ၏ ပင်မတံခါး ဖြည်းညှင်းစွာ ပွင့်လာပြီး ယခင်ကနှင့် မတူသော ဟင်းလင်းပြင်ဝဲဂယက်တစ်ခုကို ဖော်ပြလိုက်သည်။

လင်းရှောင်သည် လက်များကိုနောက်ပစ်ကာ အေးအေးဆေးဆေး လျှောက်လှမ်းဝင်သွားသည်။

သွမ်ခုန်းက ထပ်ချပ်မကွာ လိုက်ပါလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ဦးသည် လေလံရုံ၏ အနောက်ဘက်ရှိ ခန်းမအသစ်တွင် ထွက်ပေါ်လာကြ၏။

All Chapters