အခန်း ၄၄
Vol. 5 Ch. 44
အခန်း (၄၄) အဆတစ်သောင်း တုံ့ပြန်မှု...ရွှမ်ထျန်းမိုးကြိုးဓား
တိမ်တိုက်ကောင်းကင်လေလံရုံ၏ ပင်မတံခါး နံဘေးတွင်...
သွမ်ခုန်းက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
သူက တိမ်တိုက်စင်မြင့်၏ရှေ့ဆုံးသို့ ရွေ့လျားသွားကာ တည်ငြိမ်စွာ ပြောလိုက်၏။
"ဥက္ကဋ္ဌက အမိန့်ပေးထာတယ်..."
"မင်းတို့ အခု အထဲကိုဝင်လို့ ရပြီ... ဒါပေမဲ့ လက်မှတ် အရင် ဝယ်ရမယ်..."
"ပုံမှန် လက်မှတ်တွေက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ ဖြစ်ပြီး... အထူးဧည့်သည်လက်မှတ်တွေက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀ပဲ..."
"လက်မှတ်ဝယ်ဖို့ တန်းစီပေးပါ... ပြဿနာရှာတဲ့ ဘယ်သူ့ကိုမဆို ငါ ယဉ်ကျေးနေမှာ မဟုတ်ဘူး..."
သွမ်ခုန်း၏အသံမှာ မကျယ်လောင်သော်လည်း လင်ရှီးမြို့ အတွင်းအပြင်ရှိ ကျင့်ကြံသူများအားလုံး၏ နားထဲသို့ တိကျစွာ ရောက်ရှိသွားခဲ့သည်။
တိမ်တိုက်ကောင်းကင်လေလံရုံတွင် တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် ဓားကျင့်ကြံသူတစ်ဦး ရှိနေကြောင်း ကျင့်ကြံသူအများစုက သိထားကြသဖြင့် သူတို့သည် လိမ္မာပါးနပ်စွာ တန်းစီလိုက်ကြ၏။
လူသိန်းနှင့်ချီ၍ ရှိနေသော်လည်း ပြဿနာရှာသူ တစ်ယောက်မျှ မရှိချေ။
သွမ်ခုန်းက ခပ်ဖျော့ဖျော့ပြုံးကာ စိတ်ဝိညာဉ်ကျောက်တုံးများကို စတင်၍ ကောက်ခံလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် သူ၏နောက်ရှိ တံခါးကြီး ဖြည်းညှင်းစွာ ပွင့်လာသည်။
ထိုအရာနှင့်အတူ ဧရာမ အပြာရောင်ဟင်းလင်းပြင် ဝဲဂယက်တစ်ခု ထွက်ပေါ်လာပေ၏။
တန်းစီနေသော ကျင့်ကြံသူများအားလုံး အံ့အားသင့်သွားကြသည်။
နားမလည်သော ကျင့်ကြံသူတချို့သည် ထူးဆန်းသော ဝဲဂယက်ကို မြင်သောအခါ ကြောက်ရွံ့ပြီး ထွက်ခွာသွားကြ၏။
သို့သော် အားကောင်းသော အင်အားစု များမှ ကျင့်ကြံသူတချို့၏မျက်လုံးများ တောက်ပသွားသည်။
ဤသည်က တခြားဟင်းလင်းပြင်များသို့ ဦးတည်သွားသော ကူးပြောင်းရေးတံခါးတစ်ခုဖြစ်ကြောင်း သူတို့ ချက်ချင်းမှတ်မိလိုက်ကြသည်။
"ဟင်းလင်းပြင်ကို ဖွင့်တာ... ဒါက သူတော်စင်တစ်ပါးရဲ့ နည်းလမ်းပဲ..."
"တိမ်တိုက်ကောင်းကင်လေလံရုံကို ကြီးကြပ်နေတဲ့ သူတော်စင်တစ်ပါး ရှိနေတာ များလား..."
လေဟာနယ်ချိုးဖျက်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးက အံ့အားတသင့်ရေရွတ်ခြင်း မပြုဘဲ မနေနိုင်တော့ချေ။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ချင်းယွမ်ကုန်းမြေ တစ်ခုလုံးမှာ သူတော်စင်တစ်ပါး အသက်ရှင်ရက် ရှိနေတဲ့ အင်အားစုက တစ်ခုတည်းပဲရှိတာ..."
"ဒါက အရင် သူတော်စင်တစ်ပါး ချန်ထားခဲ့တဲ့ အင်မော်တယ်လှိုဏ်ဂူတစ်ခု ဖြစ်ရမယ်..."
မလှမ်းမကမ်းတွင် တန်းစီနေသော တခြားကျင့်ကြံသူ တစ်ဦးက ပြောလိုက်သည်။
"ဒါဆို တိမ်တိုက်ကောင်းကင်လေလံရုံမှာ တစ်ချိန်က သူတော်စင်တစ်ပါး ရှိခဲ့ဖူးတယ်ဆိုတဲ့ အဓိပ္ပာယ်လား..."
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ငါ အသက်ရှင်လာတာ နှစ်တစ်ထောင်ကျော်ပြီ... ချင်းယွမ်ကုန်းမြေ က အားကောင်းတဲ့ အင်အားစုတွေ အကြောင်းကို ငါ ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ..."
ကောင်းကင်အက်ကွဲခြင်းနယ်ပယ် အဘိုးအိုတစ်ဦးက ပြောလိုက်၏။
"..."
ကျင့်ကြံသူများ ပိုများလာကာ စတင်၍ ဆွေးနွေးနေကြသည်။
သွမ်ခုန်းက မျက်မှောင်ကြုတ်ပြီး ခက်ထန်တင်းမာစွာ အော်ဟစ်လိုက်သည်။
"တိတ်တိတ်နေစမ်း..."
"ထပ်ပြီး ဆူညံပွက်လောရိုက်အောင် လုပ်တဲ့သူတိုင်း အထဲဝင်စရာ မလိုဘူး..."
စကားပြောရန် ဟန်ပြင်နေသော ကျင့်ကြံသူ အများအပြားသည် တိတ်ဆိတ်သွားပြီး သူတို့၏ ပါးစပ်များကို အလျှင်အမြန် ပိတ်ထားလိုက်ကြ၏။
တန်းစီနေသော လူအုပ်ထဲတွင် သာမန်အဝတ်အစားများ ဝတ်ဆင်ထားပြီး ခါးတွင် နဂါးပုံစံ ဓားရှည်တစ်လက် ချိတ်ဆွဲထားသော အမျိုးသားတစ်ဦးကလည်း မျက်မှောင်တင်းတင်း ကြုတ်လိုက်သည်။
သူ၏အကြည့်သည် မလှမ်းမကမ်းရှိ ဟင်းလင်းပြင်ဝဲဂယက်ပေါ်တွင် စူးစိုက်၍ ကျရောက်နေသည်။
သူ၏မျက်နှာအမူအရာ တည်ကြည်လေးနက်နေပြီး သူသည် အတွေးများထဲ နစ်မျောနေခဲ့သည်။
ထိုကဲ့သို့ နာရီအနည်းငယ် တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့လေ၏။
လက်မှတ်များ လျှင်မြန်စွာ ရောင်းထွက်သွားပြီး သွမ်ခုန်းသည် သူ၏နောက်ရှိ ရှည်လျားသော လူတန်းကြီးကို အေးအေးဆေးဆေး ကြည့်လိုက်သည်။
သူက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။
"လေလံ လက်မှတ်တွေ ကုန်သွားပါပြီ... အနောက်က လူတွေ... ကျေးဇူးပြုပြီး ပြန်ကြပါ..."
ထိုသို့ပြောဆိုပြီးနောက်...
သွမ်ခုန်းက နောက်သို့လှည့်လိုက်ရာ ဟင်းလင်းပြင်ဝဲဂယက်၏ရှေ့တွင် သူ ချက်ချင်းထွက်ပေါ်လာသည်။
သူ ရှေ့သို့ဝင်ရောက်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့လေ၏။
လေလံရုံအတွင်း၌...
လင်းရှောင်၏ ထိန်းချုပ်မှုအောက်တွင် ဧည့်သည် ၁၀၀၀၀၀ ကျော်သည် ကြယ်နှင့်တူသော အခန်း အသီးသီးသို့ ဝင်ရောက်သွားကြသည်။
ဤလေလံပွဲသို့ တက်ရောက်သူများအနက် အများစုသည် အဓိကအင်အားစုများ၊ လွှမ်းမိုးမှုရှိသော အင်အားစုများမှ လာကြသော်လည်း....
သူတို့၏မျက်စိရှေ့ရှိ သီးသန့်ခန်းများအတွင်းမှ အမျိုးမျိုးသော အသုံးအဆောင်ပစ္စည်းများကိုကြည့်ပြီး သူတို့ အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ကြချေ။
သူတို့၏စိတ်နှလုံးသားများထဲတွင် နောင်လာမည့် လေလံပွဲအတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
လေလံစင်မြင့်ပေါ်တွင်...
အလွန်လှပသော အပြာနုရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် စုရှီယုသည် သူမ၏ပတ်ဝန်းကျင်ရှိ မှေးမှိန်သော ကြယ်ရောင်များကို ကြည့်နေခဲ့လေ၏။
သူမက စိတ်ထဲမှ တွေးလိုက်သည်။
"ငါ လေလံရုံကနေ ထွက်သွားတာ လဝက်ပဲ ရှိသေးတာကို... ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလို ဖြစ်သွားတာလဲ..."
"ဒီလို အံ့အားသင့်စရာကောင်းတဲ့ နည်းလမ်းတွေနဲ့ဆိုရင်... သခင်လေးလင်းက... တကယ်ပဲ ကောင်းကင်ဘုံက အင်မော်တယ်တစ်ပါးများ ဖြစ်နေမလား..."
ကြယ်ရောင်အလင်းတန်းတစ်ခုစီတွင် လေလံပွဲသို့ လာရောက်သော ဧည့်သည်တစ်ဦးစီ ပါဝင်နေကြောင်း တွေးမိသဖြင့်...
သူမ အနည်းငယ် စိုးရိမ်ပူပန်သွားသည်။ သို့သော် သူမ၏ အားကောင်းသော စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အားကိုး၍ သူမသည် လျင်မြန်စွာ တည်ငြိမ်သွားပေ၏။
သူမက အချိန်ကို တွက်ချက်ကြည့်ရာ အတော်လေး သင့်တော်သည်ဟု ခံစားလိုက်ရသည်။
ထို့နောက် သူမက အသက်ပြင်းပြင်းရှူသွင်းပြီး အပြုံးတစ်ခုကို ပြသလိုက်သည်။
"လူကြီးမင်းတို့... ကြိုဆိုပါတယ်..."
ရိုးရှင်းသော အဖွင့်အမှာစကားပြီးနောက်...
စုရှီယုက အလုပ်ထဲသို့ လျှင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။
လင်းရှောင် ညွှန်ကြားထားသည့် လုပ်ငန်းစဉ်အတိုင်း လေလံပွဲကို သူမ စတင်၍ အာရုံစိုက်လိုက်၏။
သူမက အပြုံးနှင့် ပြောဆိုသည်။
"ပထမဆုံး လေလံပစ္စည်းကတော့ ရေလှိုင်းဝိညာဉ်ဆေးလုံးဖြစ်ပါတယ်... တတိယအဆင့်မြင့် အရန်ကျင့်ကြံခြင်း ဆေးလုံးတစ်လုံးပါ..."
"ဒီဆေးလုံးရဲ့ အဆင့်က မမြင့်ပေမဲ့... ဒါက ဥက္ကဋ္ဌ ကိုယ်တိုင် ဧည့်သည်တွေအားလုံးကို ပေးတဲ့ လက်ဆောင်ပါ... စုစုပေါင်း ပုလင်း ၅၀၀ ရှိပါတယ်..."
"တိုက်ရိုက်ရောင်းစျေး...အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀... သီးသန့်ခန်းထဲက ဧည့်သည် တစ်ယောက်ကို တစ်ကြိမ်ပဲ လေလံဆွဲခွင့်ရှိပြီးတော့ စျေးနှုန်းတိုးခွင့် မရှိပါဘူး... အရင်လာသူ အရင်ရမယ်..."
သူမ၏စကားသံ အဆုံးသတ်သွားသည်နှင့်...
သီးသန့်ခန်းများအတွင်းမှ အဆင့်နိမ့်ကျင့်ကြံသူတချို့သည် စိတ်လှုပ်ရှားပုံ ပေါက်သွားကြ၏။
သူတို့သည် မူလက ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ရန်သာ ရည်ရွယ်ခဲ့သော်လည်း လုယူရန် အကျိုးခံစားခွင့်များ ရှိလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။
သူတို့၏သီးသန့်ခန်းများအတွင်းရှိ အလင်း မျက်နှာပြင်ကို အသုံးပြု၍ လေလံဆွဲရန် အလျှင်အမြန် ပြုလုပ်ကြ၏။
ကြယ်ရောင်အလင်းတန်းတစ်ခုစီတိုင်းသည် ဂဏန်း ၁၀၀ ကို ပြသနေပြီး အခန်းအတွင်းရှိ လူ၏ လေလံဆွဲမှုပမာဏကို ညွှန်ပြနေသည်။
သိပ်မကြာမီ ရေလှိုင်းဝိညာဉ်ဆေးလုံး ပုလင်း ၅၀၀ လုံးကို လုယူသွားကြ၏။
ထို့နောက် ဆေးလုံးများအတွက် အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့သော သီးသန့်ခန်းများအားလုံးတွင် ဟင်းလင်းပြင်ဝဲဂယက် လမ်းကြောင်းငယ်လေးတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် စာကြောင်းတစ်ကြောင်း ထွက်ပေါ်လာပေ၏။
"ရေလှိုင်းဝိညာဉ်ဆေးလုံးကို သင် အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့ပါပြီ... ကျေးဇူးပြုပြီး အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ ပေးချေပါ..."
ကျင့်ကြံသူများအားလုံးသည် သူတို့၏ရှေ့ရှိ ဖြစ်စဉ်ကြောင့် အံ့အားသင့်သွားတော့သည်။
သူတို့သည် စိတ်ဝိညာဉ်ကျောက်တုံးများကို အလျင်အမြန်နှင့် ရိုးသားစွာ ပေးချေလိုက်ကြသည်။
"နောက်တစ်ခုကတော့ ဒုတိယမြောက် လေလံပစ္စည်း ဖြစ်တဲ့... တတိယအဆင့်နိမ့် အစိမ်းရောင်သံမဏိဓားပဲ..."
"စတင်လေလံစျေး... အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀..."
"..."
နောက်တစ်ခုမှာ တင်သွင်းလာသော ရတနာရာပေါင်းများစွာဖြစ်ပြီး ထိုအရာအားလုံးသည် တတိယအဆင့်နှင့်အထက် ဖြစ်ကြကာ စတုတ္ထအဆင့် ပစ္စည်း အတော်များများ ပါဝင်လေ၏။
ထိုပစ္စည်းများ၏အဆင့်များမှာ သိပ်မမြင့်သော်လည်း ကျင့်ကြံသူ ၁၀၀၀၀၀ ကျော်ထဲတွင် ထိုအရာများကို လိုအပ်မည့်သူ အမြဲတစေ ရှိနေပေမည်။
အချိန်အနည်းငယ်အကြာတွင် ဤ ရတနာ များ အားလုံး အောင်မြင်စွာ လေလံဆွဲခြင်း ခံလိုက်ရသည်။
မကြာမီ လင်းရှောင်က တုံ့ပြန်မှု အတွက် ပြင်ဆင်ထားသော ပို၍ကောင်းမွန်သည့် ရတနာများကို လေလံတင်ရမည့်အချိန်သို့ ရောက်ရှိလာသည်။
စုရှီယုသည် စင်မြင့်ပေါ်တွင် မတ်တတ်ရပ်နေလေ၏။
သူမသည် ဓားရှည်တစ်လက်ကို ဖြည်းညှင်းစွာ ထုတ်ယူကာ သူမ၏ရှေ့ရှိ စားပွဲပေါ်တွင် တင်လိုက်သည်။
"နက်နဲသိမ်မွေ့စိတ်ဝိညာဉ်ဓား ... စတုတ္ထအဆင့်မြင့် ရတနာဓားတစ်လက် ဖြစ်ပြီးတော့ အဲ့ဒီအရာရဲ့ ထက်ရှမှုက သာမန် ပဉ္စမအဆင့် ရတနာဓားတစ်လက်ထက် မနိမ့်ပါးဘူး... ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို အထူးပြုတဲ့ ဓားကျင့်ကြံသူတွေအတွက် သင့်တော်ပါတယ်..."
"စတင် လေလံစျေး...အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀၀၀..."
သီးသန့်ခန်းများထဲတွင် ရှိနေသော ဓားကို အသုံးပြုသော ကျင့်ကြံသူအများအပြားက စိတ်ဝင်စားမှုတချို့ ပြသခဲ့ကြသည်။
သူတို့အားလုံး စတင်၍ လေလံဆွဲလိုက်ကြ၏။
ကြယ်ရောင်အလင်းတန်းတစ်ခုစီတိုင်းတွင် ဂဏန်းအမျိုးမျိုး ထွက်ပေါ်လာသည်။
"၂၁၀၀၀၀..."
"၂၂၀၀၀၀..."
"..."
"၃၅၀၀၀၀..."
မကြာမီ...
ကြယ်ရောင်အလင်းတန်းတစ်ခုပေါ်တွင် ဂဏန်း ၃၅၀၀၀၀ လင်းလက်လာသည်နှင့် တခြား ကျင့်ကြံသူ များသည် လက်လျှော့ရန် ရွေးချယ်လိုက်ကြ၏။
မည်သို့ပင်ဖြစ်စေကာမူ ဤသည်က အနည်းငယ် စျေးကြီးလွန်းနေလေပြီ။
....
【အိမ်ရှင်... အဆတစ်သောင်းတုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီးတော့ အဋ္ဌမ အလယ်အလတ်အဆင့် ရတနာဓားဖြစ်တဲ့ ရွှမ်ထျန်းမိုးကြိုးဓားကို ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်...】
ထို့နောက်...
စုရှီယုက ပြုံးလိုက်ပြီး အပြာရောင် အဆောင်လက်ဖွဲ့ သုံးခုကို ထုတ်ယူလိုက်၏။
သူမက တည်ငြိမ်စွာ ပြောလိုက်သည်။
"အဆင့်နိမ့် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ သုံးခု... အသုံးပြုပြီးတဲ့နောက်... အသုံးပြုသူကို မိုင်တစ်ရာခန့် အကွာအဝေးမှာရှိတဲ့ တခြားနေရာတွေဆီ ကျပန်း နေရာရွှေ့ပြောင်းပေးနိုင်တယ်... ဒါတွေကို ထွက်ပြေးဖို့အတွက် အရမ်းကောင်းမွန်တဲ့ ရတနာ တွေလို့ သတ်မှတ်နိုင်တယ်..."
"နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ တစ်ခုစီရဲ့ စတင် လေလံစျေး...အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀၀၀..."
အဓိက အင်အားစု များတွင်ပင် ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်းရတနာများ အများအပြား မရှိချေ။
ထိုအရာများသည် အသက်ကယ် အစီအမံတစ်ခုပင်။
မကြာမီ အဓိက အင်အားစုတချို့မှ လူများသည်လည်း စတင်၍ လေလံဆွဲလိုက်ကြ၏။
"၄၀၀၀၀၀..."
"၄၂၀၀၀၀..."
မကြာမီ...
အဆောင်လက်ဖွဲ့ သုံးခုလုံးသည် ၅၀၀၀၀၀ ကျော် စျေးနှုန်းများဖြင့် အောင်မြင်စွာ လေလံဆွဲခံလိုက်ရသည်။
....
【အိမ်ရှင်ပ အဆတစ်ရာ တုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီးတော့ ဆဌမ အလယ်အလတ်အဆင့် ရတနာဖြစ်တဲ့ အလယ်အလတ်အဆင့် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ကို ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်...】
ထို့နောက် စုရှီယုသည် ကျန်ရှိနေသော ပစ္စည်းများကို ဆက်လက်၍ လေလံတင်ခဲ့လေ၏။
ဤအရာများ အားလုံးသည် လင်းရှောင်က လေလံ တုံ့ပြန်မှုအတွက် ပြင်ဆင်ထားသော ပဉ္စမအဆင့်နှင့် အထက် ရတနာများပင်။
ပထမဆုံးအနေဖြင့် ပဉ္စမအဆင့်နိမ့် ထွက်ပြေးခြင်း သိုင်းပညာ ကျွမ်းကျင်မှုဖြစ်သည့် သွေးလွတ်မြောက်ခြင်းနည်းစနစ်ပင်။
ထိုအရာကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀၀၀ ဖြင့် ရောင်းချနိုင်ခဲ့သည်။
【အိမ်ရှင်က အဆတစ်ရာ တုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီးတော့ ဆဌမ အလယ်အလတ်အဆင့် သိုင်းပညာ ကျွမ်းကျင်မှုဖြစ်တဲ့ သွေးအနှစ်သာရ မဟာလွတ်မြောက်ခြင်း နည်းစနစ်ကို ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်...】
နောက်တစ်ခုကမူ ပဉ္စမအဆင့် သွေးလောင်ကျွမ်းခြင်း ဆေးလုံးဖြစ်ပြီး တိုက်ပွဲပြင်းထန်ချိန်တွင် ယာယီအဆင့်တက်ရန် အသုံးပြုရသည့် ရတနာတစ်ခုပင်။
ထိုအရာသည် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၄၅၀၀၀၀ဖြင့် ရောင်းချရလေ၏။
【အိမ်ရှင်က အဆတစ်သောင်း တုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး အဋ္ဌမ အလယ်အလတ်အဆင့် ဆေးလုံးဖြစ်တဲ့ စိတ်ဝိညာဉ်ပေါက်ကွဲပြီး ချီစွမ်းအားမြှင့်တင်ခြင်းဆေးလုံးကို ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်...】
ထို့နောက် ပဉ္စမအဆင့်နိမ့် သိုင်းပညာ ကျွမ်းကျင်မှုဖြစ်သော မှိန်ဖျော့ဖျော့လမင်းလက်ဝါး ရှိလေ၏။
ထိုအရာကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀၀၀ ဖြင့် ရောင်းချနိုင်ခဲ့သည်။
【အိမ်ရှင်က အဆတစ်ထောင်တုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီးတော့ သတ္တမအဆင့်မြင့် သိုင်းပညာကျွမ်းကျင်မှုဖြစ်တဲ့ ကောင်းကင်ဘုံချို့ယွင်းချက် နတ်ဆိုးလက်သည်းကို ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်...】