အခန်း ၄၇
Vol. 5 Ch. 47
အခန်း (၄၇) တာအိုသွေးကြာပန်း... လေလံဈေး ၁၀ သန်းနီးပါး
သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက် လင်းရှောင်သည် တာအိုသွေးကြာပန်းကို ဦးစွာထုတ်ယူလိုက်ပြီး လေလံစားပွဲပေါ်တွင် ညင်သာစွာ တင်လိုက်၏။
သူက အေးအေးဆေးဆေး ပြောဆိုသည်။
"တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တွေက ကောင်းကင်ကို ထိုးဖောက်နိုင်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားပြီးတော့ ဂိုဏ်းတစ်ခုကို လွှမ်းမိုးနိုင်တဲ့ အင်အားစုတစ်ခုအဖြစ် တက်လှမ်းဖို့အတွက် အရေးကြီးတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်ဆိုတာ လူတိုင်း သိထားကြတယ်... ဒါက အင်အားစုတစ်ခုကို နှစ်ထောင်ပေါင်းများစွာ ကြီးပွားတိုးတက်စေနိုင်တယ်..."
"ဒါပေမဲ့ ကောင်းကင်အက်ကွဲခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ်ဆီ ချိုးဖျက်ဝင်ရောက်ဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာကို အားလုံးပဲ သိကြမယ်လို့ ကျွန်တော် ယုံကြည်တယ်..."
"ကောင်းကင်အက်ကွဲခြင်းနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူတစ်ရာထဲမှာ... တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်ပဲ အောင်မြင်နိုင်တာပါ..."
လင်းရှောင်သည် အချိန်တခဏကြာမျှ ရပ်တန့်သွားပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
ထို့နောက် သူက ဆက်လက်၍ ပြောဆိုသည်။
"နောက်ထပ် လေလံပစ္စည်းကတော့ ကောင်းကင်အက်ကွဲခြင်းနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူတွေကို တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ်ဆီ ချိုးဖျက်ဝင်ရောက်ရာမှာ ကူညီပေးနိုင်တဲ့ ရတနာတစ်ခုဖြစ်တဲ့ တာအိုသွေးကြာပန်းပါ... သတ္တမ အဆင့်မြင့် ရတနာတစ်ခုပါပဲ..."
"စတင်လေလံဈေး... အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅ သန်း..."
လင်းရှောင်၏ စကားသံ အဆုံးသတ်သွားသည်နှင့် တပြိုင်နက်...
ကြယ်ရောင်သီးသန့်ခန်းများထဲရှိ ကျင့်ကြံသူတစ်သိန်းကျော်လုံး စိတ်လှုပ်ရှားမှုကြောင့် ဆူညံပွက်လောရိုက်သွားကြတော့သည်။
ခရမ်းရောင်ကြယ်အလင်းတန်း သီးသန့်ခန်းများအတွင်းရှိ ဂိုဏ်းဆယ်ဂိုဏ်းမှ လူများပင်လျှင် သူတို့၏ မျက်လုံးများ တောက်ပသွားကြ၏။
သူတို့အားလုံး စိတ်အားထက်သန်မှုများဖြင့် စိတ်လှုပ်ရှားလာကြသည်။
အမှန်အားဖြင့်...
ထိုလူများထဲတွင် စိတ်အလှုပ်ရှားဆုံးသူများမှာ ကောင်းကင်အက်ကွဲခြင်းနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူများကို ပိုင်ဆိုင်ထားသော အဓိကဂိုဏ်းကြီးများပင်။
တော်ဝင်မိသားစုမှလွဲ၍ ယန်အောင်းတော်ဝင်နိုင်ငံ တစ်ခုလုံးတွင် လွှမ်းမိုးမှုရှိသော ဂိုဏ်းနှစ်ဂိုဏ်းသာ ရှိကြောင်း သိထားရပေမည်။
မည်သည့် အဓိက ဂိုဏ်းကြီးက ဤတာအိုသွေးကြာပန်းကို ရရှိသွားစေကာမူ...
အနာဂတ်တွင် ယန်အောင်းတော်ဝင်နိုင်ငံ၏ တတိယမြောက် လွှမ်းမိုးမှုရှိသော ဂိုဏ်းတစ်ဂိုဏ်း သေချာပေါက် ဖြစ်လာမည်ဟု ဆိုနိုင်ပေ၏။
မကြာမီ ရာနှင့်ချီသော သီးသန့်ခန်းများမှ ကျင့်ကြံသူများ စတင်၍ လေလံဆွဲကြတော့သည်။
သီးသန့်ခန်း ၃၃၃၅၈ ... "၅.၁ သန်း..."
သီးသန့်ခန်း ၂၅၀ ... "၅.၁၁ သန်း..."
သီးသန့်ခန်း ၉၅၈၇ ... "၅.၃ သန်း..."
သီးသန့်ခန်း ၂၅၀ ... "၇ သန်း..."
ပြင်းထန်သော လေလံစစ်ပွဲတစ်ခု အပြီးတွင်...
ဈေးနှုန်းသည် ၇ သန်းအထိ တိုက်ရိုက်မြင့်တက်သွားခဲ့လေ၏။
အချိန်တိုလေးအတွင်း၌ မည်သူမျှ ဆက်လက်၍ လေလံမဆွဲတော့ချေ။
သီးသန့်ခန်း ၂၅၀ မှ ဂိုဏ်းသည် ထိုအရာကို သူတို့ ရရှိတော့မည်ဟု ထင်မှတ်ကာ ဝမ်းသာအားရ ဖြစ်နေခဲ့သည်။
ထိုအချိန်မှာပင် ခရမ်းရောင်ကြယ်အလင်းတန်း သီးသန့်ခန်းများအတွင်းရှိ ဂိုဏ်းများသည် စတင်၍ လှုပ်ရှားလာကြ၏။
ခန်းမဆောင် နံပါတ် ၆ ... "၇.၁၃ သန်း..."
ခန်းမဆောင် နံပါတ် ၄ ... "၇.၅ သန်း..."
ခန်းမဆောင် နံပါတ် ၈ ... "၈ သန်း..."
ခန်းမဆောင် နံပါတ် ၉ ... "၈.၀၃ သန်း..."
ခန်းမဆောင် နံပါတ် ၆ အတွင်း၌...
ပန်းတစ်သောင်းတောင်ကြား၏ အကြီးအကဲသည် သူမ၏လေလံဈေး လျင်မြန်စွာ ကျော်ဖြတ်ခံလိုက်ရသည်ကို ကြည့်နေခဲ့သည်။
သူမ၏မျက်နှာပေါ်တွင် လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့မှုများ ထွက်ပေါ်နေပေ၏။
သူမက အံကြိတ်လိုက်ပြီး သူမ၏ မျက်မှောင်များ တင်းကျပ်စွာ တွန့်ကွေးသွားကာ တီးတိုးရေရွတ်လိုက်သည်။
"သောက်ရေးမပါလိုက်တာ... သူတို့ဆီမှာ ဒီလိုအဆင့်ရှိတဲ့ ရတနာကို နောက်ဆုံးပိတ်ပွဲအဖြစ် ထားထားတယ်... လေလံရုံက အရောင်းမြှင့်တင်ရေး လုပ်တုန်းက ဒါကို နည်းနည်းလေးတောင် မပြောခဲ့ဘူး..."
"ငါက စိတ်ဝိညာဉ်ကျောက်တုံးတွေ လုံလောက်အောင် ယူလာခဲ့တယ်လို့ ထင်နေတာ... အခုတော့ လုံးဝမလုံလောက်တဲ့ပုံပဲ..."
"တကယ်လို့ ငါ အစောက မရဏကြာပန်းနက် အတွက်သာ မပြိုင်ဆိုင်ခဲ့ဘူးဆိုရင်... ဟူး..."
လှပသော အမျိုးသမီးသည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။
လေလံ မျက်နှာပြင်ပေါ်ရှိ အမြင့်ဆုံးဈေးနှုန်း ဆက်လက်၍ မြင့်တက်နေသည်ကို သူမ စောင့်ကြည့်ရုံသာ တတ်နိုင်တော့သည်။
ခန်းမဆောင် နံပါတ် ၉ အတွင်း၌...
လေလံဆွဲပြီးနောက် ယင်သရဲဂိုဏ်းမှ အကြီးအကဲနှစ်ဦးက လေလံမျက်နှာပြင်ကို စိုးရိမ်တကြီးဖြင့် စိုက်ကြည့်နေကြသည်။
လေလံဈေးနှုန်း ဆက်လက်၍ မြင့်တက်လာမည်ကို သူတို့ အလွန်အမင်း ကြောက်ရွံ့နေကြ၏။
ကောင်းကင်အက်ကွဲခြင်းနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးရှိသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့် ယင်သရဲဂိုဏ်းအတွက် ဤတာအိုသွေးကြာပန်းသည် အလွန်အမင်း အရေးပါလှသည်။ အကယ်၍ သူတို့ ဒေဝါလီခံရမည်ဆိုလျှင်ပင် ဤအရာကို ရအောင်ယူရပေမည်။
သူတို့၏ လေလံဈေးဖြစ်သော အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၈.၀၃ သန်းသည် သူတို့ စုဆောင်းနိုင်သမျှ စိတ်ဝိညာဉ်ကျောက်တုံးများအားလုံးပင်။
ဤအချိန်တွင် အကြီးအကဲနှစ်ဦး၏ အသက်ရှူနှုန်းပင်လျှင် နှေးကွေးသွားခဲ့သည်။
သူတို့၏စိတ်နှလုံးသားများအတွင်း၌ တခြားသူများ လေလံဈေးနှုန်းကို ကျော်ဖြတ်မသွားစေရန် အဆက်မပြတ် ဆုတောင်းနေကြ၏။
သို့သော်...
ထိုအချိန်မှာပင်...
ရှေ့ဆုံးရှိ ဒုတိယမြောက် ခရမ်းရောင်ကြယ်အလင်းတန်း သီးသန့်ခန်းမှ ဂိုဏ်းကလည်း လေလံဆွဲလိုက်သည်။
ကြယ်ရောင်မျက်နှာပြင်ပေါ်တွင် ဂဏန်းတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
"၉ သန်း..."
ထိုးတက်သွားသော ဈေးနှုန်းသည် ယင်သရဲဂိုဏ်းမှ အကြီးအကဲနှစ်ဦး၏ မျှော်လင့်ချက်များကို ချက်ချင်း အစိတ်စိတ်အမွှာမွှာ ရိုက်ချိုးလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ထိုအရာက လေလံဆွဲလိုသော တခြားဂိုဏ်းများကိုလည်း ဖိနှိပ်လိုက်၏။
အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၉ သန်းသည် အလွန်အမင်း မြင့်မားလွန်းသော ဈေးနှုန်းတစ်ခု ဖြစ်နေလေပြီ။
ဤသည်မှာ သာမန်အဓိကဂိုဏ်းကြီးတစ်ခု၏ ပိုင်ဆိုင်မှုများ အားလုံးနီးပါးပင်။
လွှမ်းမိုးမှုရှိသော အဆင့်နှင့် နီးစပ်သည့် အဓိက ဂိုဏ်းကြီးတချို့တွင် များစွာပို၍ ပေါကြွယ်ဝသော ပိုင်ဆိုင်မှုများ သေချာပေါက် ရှိနေကြသော်လည်း...
မည်သူက သူတို့၏ မိသားစု ပိုင်ဆိုင်မှုများ အားလုံးကို ဘာမှန်းမသိသော လေလံပွဲတစ်ခုဆီသို့ ယူဆောင်လာမည်နည်း။
အချိန်တခဏအတွင်း၌...
အဓိကဂိုဏ်းကြီးများမှ လူအများအပြားသည် အံ့တင်းတင်းကြိတ်နေကြတော့သည်။
သူတို့သည် သူတို့၏ မိသားစု ပိုင်ဆိုင်မှုများ အားလုံးကို ယူမလာခဲ့မိသည့်အတွက် နောင်တရနေကြသည်။
ခန်းမဆောင် နံပါတ် ၂ အတွင်း၌...
မဟာဓားဂိုဏ်းမှ အကြီးအကဲများအားလုံးသည် စိတ်လှုပ်ရှားနေကြ၏။
သူတို့၏ ယခင် ဇဝေဇဝါဖြစ်မှုများ လွင့်စင်သွားပြီး ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတို့၏ လုပ်ရပ်များကို ပညာရှိလှသည်ဟု သူတို့အားလုံး ချီးကျူးလိုက်ကြသည်။
မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲနှင့် ဂိုဏ်းချုပ်တို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်ကာ သူတို့၏စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်သည်။
"မဟာအကြီးအကဲ... တကယ်ပဲ မင်းကို ယုံကြည်ခဲ့တာ မှန်သွားတယ်... မင်းက ငါတို့ မဟာဓားဂိုဏ်းရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်ပဲ... ဟား ဟား..."
"ဒီစိတ်ဝိညာဉ်ဆေးပင်နဲ့ဆိုရင်... ငါတို့ရဲ့ မဟာဓားဂိုဏ်းက အနာဂတ်မှာ တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ် နောက်တစ်ယောက်ကို မွေးထုတ်ပေးနိုင်လိမ့်မယ်..."
"အဲ့ဒီအချိန်ကျရင်... ငါတို့က ပန်းတစ်သောင်းတောင်ကြားကို တစ်ချက်တည်းနဲ့ ကျော်ဖြတ်နိုင်ပြီးတော့ ယန်အောင်းတော်ဝင်နိုင်ငံ အတွင်းမှာ အားအကောင်းဆုံး လွှမ်းမိုးမှုရှိတဲ့ဂိုဏ်း ဖြစ်လာလိမ့်မယ်... ဟား ဟား ဟား..."
မဟာဓားဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူ၏နံဘေးရှိ မဟာအကြီးအကဲ၏ပခုံးကို ပုတ်ကာ အော်ဟစ်ရယ်မောလိုက်၏။
"ဂိုဏ်းချုပ်... ခင်ဗျားက အထင်ကြီးလွန်းနေပါပြီ... ကျွန်တော်က ကံကောင်းသွားရုံလေးပါ..."
မဟာဓားဂိုဏ်း၏ မဟာအကြီးအကဲက ပြောဆိုသည်။
သို့သော် သူ၏ နှုတ်ခမ်းထောင့်များက အထက်သို့ မြင့်မားစွာ ကွေးတက်နေပြီး ဖိနှိပ်ထား၍ မရနိုင်ပုံ ပေါက်နေလေ၏။
လေလံစင်မြင့်ပေါ်တွင်...
လင်းရှောင်က အချိန်တခဏကြာမျှ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
မည်သူမျှ ဆက်လက်၍ လေလံမဆွဲတော့သည်ကို တွေ့ရှိရသဖြင့် သူက အေးအေးဆေးဆေး ပြောလိုက်သည်။
"ဆက်ပြီး လေလံဆွဲမယ့်သူ မရှိတော့ဘူးဆိုရင်... ဒီတာအိုသွေးကြာပန်းက ခန်းမဆောင် နံပါတ် ၂ က ဧည့်သည်တွေရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပါပြီ..."
"ဒုတိယမြောက် နောက်ဆုံးပိတ်ပွဲပစ္စည်းရဲ့ လေလံတင်မှုကို ဆက်သွားကြရအောင်..."
ထိုသို့ ပြောဆိုပြီးနောက်...
လင်းရှောင်သည် ရွှေရောင်ဖျော့ဖျော့ ခြင်ဆီသန့်စင် နဂါးတက်လှမ်းခြင်းသစ်သီးကို ဖြည်းညှင်းစွာ ထုတ်ယူပြီး လေလံစားပွဲပေါ်တွင် ပေါ့ပေါ့ပါးပါး တင်လိုက်၏။
သူက ခံစားချက်ကင်းမဲ့သောလေသံဖြင့် ပြောဆိုသည်။
"ကျင့်ကြံသူတစ်ယောက် ဘယ်လောက်အထိ ကြီးထွားလာနိုင်လဲဆိုတာက အချက်အလက် အများကြီးအပေါ် မူတည်ပြီး... အဲ့ဒီအထဲမှာ အကြီးမားဆုံး အချက်က ပါရမီ ဖြစ်တယ်ဆိုတာကို လူတိုင်း သိကြတယ်..."
"ဒါပေမဲ့ လူတိုင်းရဲ့ ပါရမီက မွေးကတည်းက သတ်မှတ်ထားပြီးသား ဖြစ်ပြီးတော့... အထူးကံကြမ္မာ အခွင့်အရေး တစ်ခု မရှိဘူးဆိုရင် ပြောင်းလဲဖို့ အရမ်းခက်ခဲပါတယ်..."
"ပြီးတော့ ခင်ဗျားတို့ရှေ့က ဒီလေလံပစ္စည်းက ပါရမီကို မြှင့်တင်ပေးနိုင်တဲ့ စိတ်ဝိညာဉ်သစ်သီး တစ်လုံးဖြစ်ပြီး... ခြင်ဆီသန့်စင် နဂါးတက်လှမ်းခြင်းသစ်သီးလို့ အမည်ရတယ်..."
"ကောင်းကင်ကို အန်တုတဲ့ စိတ်ဝိညာဉ်သစ်သီး တစ်လုံးအနေနဲ့... ခြင်ဆီသန့်စင် နဂါးတက်လှမ်းခြင်းသစ်သီးက သတ္တမ အဆင့်မြင့် ဖြစ်ပြီးတော့ အရမ်းရှားပါးတယ်..."
"အသုံးမကျတဲ့ ကျင့်ကြံသူ တစ်ယောက် စားသုံးလိုက်ရင်တောင်မှ ချက်ချင်းဆိုသလို တစ်သောင်းမှာ တစ်ယောက်တွေ့ရခဲတဲ့ ပါရမီရှင် တစ်ယောက် ဖြစ်လာနိုင်ပြီး...တကယ်လို့ ပါရမီရှင် တစ်ယောက် စားသုံးလိုက်မယ်ဆိုရင်တော့ သူ့ရဲ့ ရိုးတွင်းခြင်ဆီတွေကို သန့်စင်ပေးနိုင်ပြီး သူ့ရဲ့ ပါရမီကို ပိုပြီးမြင့်မားတဲ့ အဆင့်တစ်ခုအထိ မြှင့်တင်ပေးနိုင်တယ်..."
လင်းရှောင်၏ မျက်လုံးများတွင် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
ခပ်ဖျော့ဖျော့ အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းများတွင် ထွက်ပေါ်လာကာ သူက ဆက်လက်၍ ပြောဆိုသည်။
"ဒီရတနာက လေလံပွဲတစ်ခုမှာ ထွက်ပေါ်လာသင့်တာ မဟုတ်ပေမဲ့... ဒီဥက္ကဋ္ဌရဲ့ နောက်ကွယ်က အင်အားစုဖြစ်တဲ့ တိမ်တိုက်ကောင်းကင်စံအိမ်က အခုမှ ပြန်လည်ထွက်ပေါ်လာတာဆိုတော့... ဒါကို လူတိုင်းအတွက် မိတ်ဆက်လက်ဆောင် တစ်ခုအနေနဲ့ သဘောထားလိုက်ပါ..."
"စတင်လေလံဈေးက မြင့်မားမှာ မဟုတ်ဘူး... ရင်းနှီးတဲ့ ဈေးနှုန်းတစ်ခုအနေနဲ့ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁ တုံး သတ်မှတ်ပေးပါ့မယ်... အားလုံးပဲ လက်လွတ်မခံကြပါနဲ့..."
သူ၏ စကားသံ အဆုံးသတ်သွားသည်နှင့် တပြိုင်နက်...
မတူညီသော နေရာများရှိ ကျင့်ကြံသူတစ်သိန်းကျော်လုံး စိတ်လှုပ်ရှားမှုများဖြင့် လှုပ်ရှားလာကြ၏။
ဤသည်မှာ သတ္တမအဆင့် ရတနာတစ်ခုသာ ဖြစ်သော်လည်း ထိုအရာ၏ အစစ်အမှန်တန်ဖိုးမှာ သူတော်စင်လက်နက်တစ်ခုနှင့် နှိုင်းယှဉ်နိုင်ပြီး တန်ဖိုးမဖြတ်နိုင်ချေ။
ယန်အောင်းတော်ဝင်နိုင်ငံ တစ်ခုလုံး၏ နှစ်ပေါင်းတစ်သောင်းသမိုင်းကြောင်းတွင်ပင် ပါရမီကို မြှင့်တင်ပေးနိုင်သည့် သတ္တမအဆင့် စိတ်ဝိညာဉ်ဆေးပင်တစ်ပင်မှာ တစ်ကြိမ်သာ ထွက်ပေါ်ခဲ့ဖူးသည်။
ထို့ပြင် လင်းရှောင်၏ စတင်လေလံဈေးမှာ အလွန်နိမ့်ကျနေပေ၏။
သူတို့ မည်မျှထိ စိတ်လှုပ်ရှားနေမည်ကို စိတ်ကူးကြည့်ရန် လွယ်ကူလှသည်။
မကြာမီ မရေမတွက်နိုင်သော သီးသန့်ခန်းများမှ ကျင့်ကြံသူများသည် လေလံဆွဲရာတွင် လျင်မြန်စွာ ပါဝင်လာကြတော့သည်။
လေလံဈေးနှုန်းသည် ၁ စက္ကန့်အတွင်းမှာပင် အကြိမ်ရာနှင့်ချီ၍ ပြောင်းလဲသွားသည်။
ထိုအရာက တစ်သန်း၏အထက်သို့ လျင်မြန်စွာ မြင့်တက်သွားခဲ့လေ၏။
ခန်းမဆောင် နံပါတ် ၁ အတွင်း၌...
သာမန် အဝတ်အစားများကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် နဂါးပုံစံပါသော ဓားရှည်တစ်လက်ကို လက်ထဲတွင် ကိုင်ဆောင်ကာ ထိုင်ခုံပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။
သူ၏မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေပြီး အားကောင်းသော နဂါး၏အရှိန်အဝါကို မသိစိတ်မှ ထုတ်လွှတ်ထားသည်။
သူသည် လင်းရှောင်၏ စကားများကို အဆက်မပြတ် တွေးတောနေကာ မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်လိုက်သည်။
"တိမ်တိုက်ကောင်းကင်စံအိမ်... ပြန်လည်ထွက်ပေါ်လာတယ်..."
"ငါ ဘာခြေရာလက်ရာမှ ရှာမတွေ့တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး... ဒါဆိုရင် အဲ့ဒါက ပြန်လည် ထွက်ပေါ်လာတဲ့ ပုန်းကွယ်နေတဲ့ ဂိုဏ်းတစ်ဂိုဏ်းပေါ့..."
"အင်မော်တယ် လှိုဏ်ဂူတစ်ခုကို ပိုင်ဆိုင်ထားတာဆိုတော့... တစ်ချိန်က သူတော်စင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ကို မွေးထုတ်ပေးခဲ့တာ သေချာတယ်..."
"ဒီတိမ်တိုက်ကောင်းကင်စံအိမ်က အခု ဘယ်လို အဆင့်ရှိတဲ့ ဂိုဏ်းလဲ... ပြီးတော့ စောင့်ကြပ်နေတဲ့ သူတော်စင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်များ ရှိနေမလားဆိုတာ ငါ သိချင်မိတယ်..."
အမျိုးသားက တီးတိုးရေရွတ်လိုက်၏။
ထိုအရာကို သူ နားမလည်နိုင်ခဲ့ချေ။
သူ၏အကြည့်က သူ၏ရှေ့ရှိ ကြယ်ရောင်မျက်နှာပြင်ဆီသို့ ဖြည်းညှင်းစွာ ရောက်ရှိသွားတော့သည်။