← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

အခန်း (၅၄) မောက်မာသော လင်းလုံ ကောင်းကင်ငှက်... ချီတစ်စက သန့်စင်ခြင်းသုံးခုအဖြစ် ပြောင်းလဲခြင်း၏ စွမ်းအား

နေ့ရက်များနှင့်ညများ စီးဆင်းသွားပြီး သုံးရက် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေ၏။

အခန်းထဲတွင်...

လင်းရှောင်သည် ခုတင်ပေါ်တွင် ပလ္လင်ခွေထိုင်နေပြီး သူ၏မျက်မှောင်များ တင်းကျပ်စွာ တွန့်ကွေးနေသည်။

သူ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။

ရုတ်တရက်...

လင်းရှောင်က သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး ရွှေရောင်ကိုယ်ပွားနှစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

သူတို့သည် လင်းရှောင်၏နံဘေးတွင် ဖြည်းညှင်းစွာ လွင့်မျောနေကြ၏။

လင်းရှောင်၏မျက်နှာ အနည်းငယ် ဖြူရော်နေသည်။

သို့သော် သူ နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။

"နောက်ဆုံးတော့ အောင်မြင်သွားပြီ..."

"နောက်တစ်ခုကတော့... ငါက နတ်ဘုရားစွမ်းရည်ကို သုံးပြီးတော့ ကိုယ်ပွားတွေကို စုစည်းရမယ်..."

လင်းရှောင်က ခပ်ဖျော့ဖျော့ပြုံးပြီး သူက တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။

"ချီတစ်စက သန့်စင်ခြင်းသုံးခုအဖြစ် ပြောင်းလဲခြင်း"

ထို့နောက်...

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက ကိုယ်ပွား နှစ်ခုပေါ်တွင် ထွက်ပေါ်လာခဲ့လေ၏။

ဤစွမ်းအား၏အကူအညီဖြင့် ကိုယ်ပွားများ တဖြည်းဖြည်း အစိုင်အခဲ ဖြစ်တည်လာကြသည်။

သူတို့သည် လင်းရှောင်၏ပုံသဏ္ဍာန်အဖြစ် ဖြည်းညှင်းစွာ ဖွဲ့စည်းလာကြသည်။

အသက်ရှူချိန် အနည်းငယ်အကြာတွင်...

ကိုယ်ပွားနှစ်ခု ထွက်ပေါ်လာသည်။

လင်းရှောင်က သူတို့ကို စစ်ဆေးကြည့်ရာ သူတို့သည် သူနှင့် ပုံစံအတိအကျ တူညီကြောင်း တွေ့ရှိလိုက်ရသည်။

သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများပင်လျှင် လင်းရှောင်ထံမှ ပုံတူကူးထားခြင်းပင်။

သူတို့၏ အနည်းငယ် ခံစားချက်ကင်းမဲ့သော မျက်လုံးများမှလွဲ၍ သာမန်လူများသည် မည်သည့်ကွာခြားချက်ကိုမျှ သတိပြုမိမည် မဟုတ်ချေ။

လင်းရှောင်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

အကယ်၍ အနာဂတ်တွင် သူ လုပ်စရာ မရှိပါက သူသည် အပျော်အပါးတချို့အတွက် ကိုယ်ပွားများကို အသုံးပြုနိုင်သည်။

အန္တရာယ်ရှိသော အချိန်များတွင်လည်း သူတို့ကို သူ၏အသက်အား ကယ်တင်ရန်အတွက် အသုံးပြုနိုင်ပေ၏။

သို့သော် သူ၏ရှေ့ရှိ ကိုယ်ပွားနှစ်ခုကို ကြည့်ကာ လင်းရှောင်က မေးခွန်းတစ်ခုကို တွေးတောမိသည်။

ဒီကိုယ်ပွားနှစ်ခုကို လောလောဆယ် ဘယ်မှာ ထားရမလဲ...

သူတို့ကို ဒီအခန်းထဲမှာ ဒီအတိုင်း ထားခဲ့ရမလား...

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက်...

လင်းရှောင်၏မျက်လုံးများ လင်းလက်သွားပြီး ရဲတင်းသောအကြံတစ်ခုက သူ၏စိတ်ထဲတွင် ဖန်တီးလာသည်။

ထို့နောက်...

သူသည် လက်ကို ရှေ့သို့ ဝှေ့ယမ်းလိုက်ပြီး ကိုယ်ပွား တစ်ခုကို စနစ်ဟင်းလင်းပြင်ထဲသို့ ထည့်ရန် ကြိုးစားလိုက်သည်။

ရလဒ်အနေဖြင့် ထိုကိုယ်ပွားသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့လေ၏။

ထိုကိုယ်ပွားက စနစ်ဟင်းလင်းပြင်ထဲသို့ အမှန်တကယ်ပင် ယူဆောင်သွားခြင်း ခံလိုက်ရသည်။

"မဟုတ်ဘူး... တကယ်ကြီး အလုပ်ဖြစ်တာပဲ..."

"စနစ်က ကိုယ်ပွားကို ရုပ်သေးရုပ်လို ပစ္စည်းတစ်ခုအနေနဲ့ သတ်မှတ်ထားပုံရတယ်..."

"ဒါဆိုရင်... အနာဂတ်မှာ ငါ အန္တရာယ်နဲ့ ကြုံရရင်... စနစ်ဟင်းလင်းပြင်ထဲက ကိုယ်ပွားဆီ ငါ့ရဲ့ အဓိက စိတ်ဝိညာဉ်ကို တိုက်ရိုက်လွှဲပြောင်းပေးလိုက်ရင်... ငါက အန္တရာယ်ကင်းသွားမှာ မဟုတ်လား..."

လင်းရှောင်၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။

ဤသည်က သွယ်ဝိုက်သောနည်းဖြင့် သူ ပြိုင်ဘက်ကင်း ဖြစ်လာရန်အတွက် အားနည်းချက်တစ်ခုကို အသုံးချနိုင်ခြင်း မဟုတ်လော...

စနစ် ဟင်းလင်းပြင်သည် ဟင်းလင်းပြင် သိုလှောင်လက်စွပ်တစ်ကွင်းနှင့်တူညီကာ သက်ရှိသတ္တဝါများကို တိုက်ရိုက်ထည့်ထား၍ မရကြောင်း သိထားရပေမည်။

ယခင် ဖန်းကျောက်နဂါးလိပ်သည်လည်း စနစ် ဟင်းလင်းပြင်ထဲသို့ ထည့်သွင်း၍မရဘဲ စိတ်ဝိညာဉ်သားရဲအိတ်ထဲသို့ ထည့်ထားရခြင်း ဖြစ်ပေ၏။

"ဒါကို ဘယ်လို လုပ်ရမလဲဆိုတာ ဒါမှမဟုတ် ဘာအကျိုးဆက်တွေ ရှိလာမလဲဆိုတာကိုပဲ ငါ မသိတာ..."

"ဒါပေမဲ့ အိမ်ရှင် တစ်ယောက်အနေနဲ့... ငါ့ကို စနစ်က တိုက်ရိုက်ဖျက်ဆီးပစ်မှာတော့ မဟုတ်ဘူးမလား..."

စနစ်သည် မတုံ့ပြန်ခဲ့သလို လင်းရှောင်သည်လည်း အပြည့်အဝ မသေချာခဲ့ချေ။

"ထားလိုက်ပါတော့... အထူးအခြေအနေတစ်ခု မရှိရင်... ငါ စမ်းကြည့်မှာ မဟုတ်ဘူး..."

"အခြေအနေတစ်ခုခုအတွက် ကိုယ်ပွားတစ်ခုကို အခန်းထဲမှာ ထားခဲ့ပြီး နောက်တစ်ခုကို စနစ် ဟင်းလင်းပြင်ထဲမှာ ထားလိုက်မယ်..."

ထိုသို့ ပြောဆိုပြီးနောက် လင်းရှောင်က ညွှန်ကြားလိုက်၏။

"အခုချိန်ကစပြီး... မင်းက ဒီအခန်းထဲမှာပဲ နေပြီး ဘယ်မှ မသွားရဘူး..."

သူ၏ရှေ့ရှိ ကိုယ်ပွားက သစ်သားပန်းပုရုပ်အလား ခေါင်းညိတ်ပြပြီးနောက် တုံ့ပြန်သည်။

"ဟုတ်ကဲ့ပါ..."

ထို့နောက် သူသည် ခုတင်၏ ထောင့်တစ်နေရာသို့ လျှောက်သွားကာ ထိုင်ချလိုက်ပြီး မလှုပ်မယှက် နေနေတော့သည်။

လင်းရှောင်က စိတ်ကျေနပ်စွာ ပြုံးလိုက်၏။

ထိုအချိန်မှာပင်...

လေလံရုံတစ်ခုလုံး အနည်းငယ် တုန်ခါသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက တိတ်တဆိတ် ထွက်ပေါ်လာခဲ့သော်လည်း မကြာမီ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားတော့သည်။

လီယီက အမွေအနှစ် လက်ခံတာ ပြီးသွားတာများလား...

စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုက လင်းရှောင်၏မျက်လုံးများတွင် လင်းလက်သွားသည်။

သူသည် လေလံရုံ၏ ထိန်းချုပ်မှုကို အသုံးပြု၍ စစ်ဆေးရန် ပြင်လိုက်ချိန်မှာပင်...

စနစ် အချက်ပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"အိမ်ရှင် ကျေးဇူးပြု၍ မှတ်သားပါ... ဆင့်ခေါ်ထားတဲ့ဇာတ်ကောင် 'သွမ်ခုန်း' ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားတာကို တွေ့ရှိရပါတယ်..."

"တည်နေရာ... တိမ်မြူခိုးနိုင်ငံ လင်းလုံတောင်တန်း..."

လွန်ခဲ့သော နာရီအနည်းငယ်ခန့်က...

တိမ်မြူခိုးနိုင်ငံရှိ မြို့တစ်မြို့၏ ထောင့်တစ်နေရာတွင်...

ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု တိတ်တဆိတ် ထွက်ပေါ်လာသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင်...

သွမ်ခုန်းသည် ထိုအထဲမှ ထွက်ပေါ်လာပြီး စုရှီယုကို သူ့နှင့်အတူ ခေါ်ဆောင်လာခဲ့၏။

သွမ်ခုန်းသည် စုရှီယု ပေးသော မြေပုံကို ကောက်ကိုင်ကာ ကြည့်လိုက်ပြီး သူ၏အကြည့်က မြို့ပြင်ရှိ တောင်ကြီးတစ်တောင်ပေါ်သို့ ကျရောက်သွားသည်။

သူ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

"ဒီမြေပုံက အမှတ်အသား မှားနေတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား..."

သူ၏နံဘေးရှိ စုရှီယု၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်မှုများ ထင်ဟပ်နေသည်။

သူမက ခပ်ဖျော့ဖျော့လေသံဖြင့် ပြောဆိုသည်။

"ဒါက အမေ ချန်ထားခဲ့တာပါ..အမေက ဒါ သူ ရှိနေခဲ့တဲ့ အင်အားစုရဲ့ နေရာလို့ ပြောခဲ့တယ်...စီနီယာ သွမ်ခုန်း... ပြဿနာ တစ်ခုခု ရှိလို့လား..."

သွမ်ခုန်းက မစဉ်းစားဘဲ တိုက်ရိုက်ပြောဆိုလိုက်၏။

"မင်းရဲ့အမေက ငှက်လူသား တစ်ယောက်လား..."

စုရှီယု စကားမပြောနိုင်မီမှာပင် သွမ်ခုန်းက ဆက်လက်၍ ပြောဆိုသည်။

"မင်းရဲ့အဖေကလည်း တော်တော်လေး အစွမ်းထက်တဲ့ လူပဲ..."

စုရှီယု၏မျက်ခုံးများ အနည်းငယ် မြင့်တက်သွားပြီး ဇဝေဇဝါ ဖြစ်နေပုံ ပေါက်နေသည်။

သူမသည် သွမ်ခုန်းပြောဆိုသော အဓိပ္ပာယ်ကို ရှင်းလင်းစွာ နားမလည်ခဲ့ချေ။

သူမက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"စီနီယာ သွမ်ခုန်း... ဘာကို ဆိုလိုတာလဲ..."

သွမ်ခုန်းသည်လည်း တစ်ခုခုကို နားလည်သဘောပေါက်သွားပြီး သူက ချောင်းနှစ်ချက်ခန့် ဟန့်လိုက်သည်။

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သူက ပြောဆိုလိုက်၏။

"မင်း အမေ ချန်ထားခဲ့တဲ့ နေရာကို လင်းလုံတောင်တန်းလို့ ခေါ်တယ်... အဲ့ဒါက လင်းလုံ ကောင်းကင်ငှက် မျိုးနွယ်စု ပုန်းအောင်းနေတဲ့ နယ်မြေပဲ..."

"ကျွတ် ကျွတ်..."

"ကြည့်ရတာ မင်းရဲ့အမေက သာမန်မဟုတ်တဲ့ အခွင့်အရေး တစ်ခု ရခဲ့ပုံပဲ... သာမန် နတ်ဆိုးသားရဲတွေက အပြည့်အဝ အသွင်ပြောင်းဖို့အတွက် နဝမအဆင့် ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ဖို့ လိုတယ်..."

စုရှီယုသည် ဇဝေဇဝါ ဖြစ်နေဆဲပင်။

သွမ်ခုန်းက အနည်းငယ် တွေးတောပြီးနောက် သူက ပြောဆိုလိုက်သည်။

"ရိုးရိုးရှင်းရှင်း ပြောရရင်... မင်းရဲ့အမေက အသွင်ပြောင်းထားတဲ့ လင်းလုံ ကောင်းကင်ငှက်တစ်ကောင်ပဲ..."

"သာမန် နတ်ဆိုးသားရဲတွေက သတ္တမအဆင့်မှာ လူစကား ပြောနိုင်ပြီးတော့ အဋ္ဌမအဆင့်မှာ တစ်စိတ်တစ်ပိုင်း အသွင်ပြောင်းနိုင်ပြီး နဝမအဆင့်ရောက်မှသာ အပြည့်အဝ အသွင်ပြောင်းနိုင်တာ..."

"သခင်လေးရဲ့ လျှို့ဝှက် မှတ်တမ်းတွေအရဆိုရင်... လင်းလုံ ကောင်းကင်ငှက် မျိုးနွယ်စုမှာ နဝမအဆင့် သားရဲတစ်ကောင်မှ ထွက်ပေါ်မလာဖူးဘူး... ဒါကြောင့် မင်းရဲ့အမေက အထူးအခွင့်အရေး တစ်ခုခုကို ရခဲ့တာ သေချာတယ်..."

စုရှီယုက ညင်သာစွာ ခေါင်းခါယမ်းပြီး သူမက အနည်းငယ် စိုးရိမ်သော လေသံဖြင့် ပြောဆိုသည်။

"ကျွန်မ အဲ့ဒီ ကိစ္စတွေကို ဂရုမစိုက်ဘူး..စီနီယာ သွမ်ခုန်း... လင်းလုံတောင်တန်းက ဝင်လို့ မရဘူးလား..."

သွမ်ခုန်းက ခေါင်းခါယမ်းပြီး သူက တည်ငြိမ်စွာ ပြောဆိုသည်။

"အဲ့ဒီလိုတော့ မဟုတ်ဘူး...ဒါပေမဲ့ တောင်တန်းထဲမှာ အဋ္ဌမအဆင့် နတ်ဆိုးသားရဲတချို့ ရှိနေတာကို ငါ အာရုံခံမိလို့ပါ...လင်းလုံ ကောင်းကင်ငှက် မျိုးနွယ်စုက မောက်မာထောင်လွှားတယ်... အဲ့ဒါကြောင့် သူတို့က နတ်ဆိုးသားရဲတောအုပ်ရဲ့ အားကောင်းတဲ့ မျိုးနွယ်စုတွေရဲ့ နှင်ထုတ်တာကို ခံရပြီးတော့ ဒီလို နေရာငယ်လေးမှာ ပုန်းအောင်းနေထိုင်လာကြတာ..."

"ငါတို့ ဒီတောင်တန်းထဲကိုဝင်ဖို့က အဲ့ဒီလောက် ရိုးရှင်းမှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်တယ်..."

အဋ္ဌမအဆင့် နတ်ဆိုးသားရဲတွေ... အဲ့ဒါက တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တွေနဲ့ ညီမျှတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား...

စုရှီယု၏မျက်လုံးများ အနည်းငယ် ပြူးကျယ်သွား၏။

သူမက မျက်မှောင်တင်းတင်း ကြုတ်လိုက်သည်။

အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းပြီးနောက် သူမက သက်ပြင်းချလိုက်သည်။

သူမက အနည်းငယ် တိုးညှင်းသော လေသံဖြင့် ပြောဆိုသည်။

"ဒါဆိုရင်လည်း ထားလိုက်ပါတော့... အဲ့ဒါက အရမ်း အန္တရာယ် များတယ်...စီနီယာ သွမ်ခုန်း... ပြန်သွားကြရအောင်..."

သို့သော် သွမ်ခုန်းက ခေါင်းခါယမ်းပြီး ခပ်ဖျော့ဖျော့ ပြုံးကာ ယုံကြည်မှုရှိစွာ ပြောဆိုလိုက်သည်။

"သခင်မလေးစု... စိတ်မပူပါနဲ့...အဋ္ဌမအဆင့် နတ်ဆိုးသားရဲ နည်းနည်းလောက် ဆိုရင်... ငါ သွမ်ခုန်းက အနိုင်ယူဖို့ ယုံကြည်မှု ရှိပါတယ်..."

"ဒါ့ပြင်... ငါတို့ ခရီးဆုံးကို ရောက်ခါနီးပြီပဲ... နောက်လှည့်ပြန်တာက ငါ့ရဲ့ ပုံစံ မဟုတ်ဘူး..."

ထိုသို့ ပြောဆိုပြီးနောက်...

စုရှီယုကို ငြင်းဆန်ခွင့် မပေးတော့ချေ။

သွမ်ခုန်း၏ဓားပျံသည် သူ၏ ခါးမှ တိတ်ဆိတ်စွာ ပျံသန်းထွက်လာပေ၏။

ထိုဓားပျံသည် သွမ်ခုန်းနှင့် စုရှီယုတို့ကို သယ်ဆောင်ကာ အဝေးရှိ တောင်တန်းဆီသို့ လျင်မြန်စွာ ဦးတည်သွားတော့သည်။

မကြာမီမှာပင်...

ဓားပျံသည် တည်ငြိမ်စွာ ဆင်းသက်သွားပြီး လင်းလုံတောင်တန်း၏ရှေ့တွင် ရပ်တန့်သွားသည်။

"လူသားတွေ... ဒါက ငါတို့ လင်းလုံကောင်းကင်ငှက် မျိုးနွယ်စုရဲ့ နယ်မြေပဲ... ဒီနေရာကနေ မြန်မြန် ထွက်သွားကြစမ်း..."

အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်...

အပြာရောင်နှင့်အစိမ်းရောင် ရောယှက်နေသော ငှက်ကြီးတစ်ကောင်သည် တောင်တန်းထဲမှ ပျံသန်းထွက်လာပြီး သွမ်ခုန်းနှင့်စုရှီယုတို့၏ ရှေ့တွင် ဆင်းသက်လာပေ၏။

အားကောင်းသော လေပြင်းတစ်ခုက သူတို့နှစ်ဦးထံသို့ ချက်ချင်း ပြေးဝင်လာသည်။

သွမ်ခုန်းက သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး လေပြင်းကို လွယ်လင့်တကူ ချေဖျက်လိုက်သည်။

ဤအချိန်တွင်...

စုရှီယုက ရှေ့သို့တိုးလာပြီး သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"စီနီယာ... ကျွန်မက အမေ့ကို အရိုအသေလာပေးတာပါ... ကျေးဇူးပြုပြီး အထဲဝင်ခွင့် ပြုပါ..."

အပြာရောင်နှင့်အစိမ်းရောင် ရောယှက်နေသော ငှက်ကြီးက အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

သူက လူစကားဖြင့် ပြောဆိုသည်။

"မင်းရဲ့အမေက ဘယ်သူလဲ... ဒါက ငါတို့ မျိုးနွယ်စုရဲ့ နယ်မြေပဲ... ပြီးတော့ ဒီနေရာမှာ လူသားတွေရဲ့ သင်္ချိုင်း မရှိဘူး..."

စုရှီယုသည် အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းသွားပေ၏။

သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ကျွန်မရဲ့အမေက လျှူဖုန်းပါ...သူက ရှင်တို့ရဲ့ မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်ရမယ်..."

အပြာရောင်နှင့်အစိမ်းရောင် ရောယှက်နေသော ငှက်ကြီးသည် လျှူဖုန်းဟူသော နာမည်ကို ကြားသောအခါ သူ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။

လူသားတစ်ယောက်ကဲ့သို့ အေးစက်သော လှောင်ပြုံးတစ်ခုက သူ၏နှုတ်သီးပေါ်တွင် ထွက်ပေါ်လာသည်။

သူက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

"ဒါဆို မင်းက အဲ့ဒီသစ္စာဖောက် တတိယ အကြီးအကဲရဲ့ မျိုးဆက်ပေါ့...ငါတို့ မျိုးနွယ်စုရဲ့ အကြီးအကဲ တစ်ယောက်ဖြစ်တာတောင် သူက အောက်တန်းကျတဲ့ လူသား တစ်ယောက်နဲ့ အတူနေပြီး... ငါတို့ မျိုးနွယ်စုရဲ့ သွေးမျိုးဆက်ကို စော်ကားတာက... ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုပဲ..."

"အဲ့ဒီအချိန်တုန်းက... မင်းရဲ့အမေက မင်းတို့ရဲ့ အသက်တွေကို ကယ်တင်ဖို့ လျှို့ဝှက်နည်းစနစ်တစ်ခုကို သုံးခဲ့ပေမဲ့ မင်းက ငါတို့ရဲ့ တံခါးဝကို လာခေါက်ရဲလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."

"မင်းက တကယ့်ကို သေလမ်းရှာနေတာပဲ...”

All Chapters