← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

အခန်း (၅၇) လူရိုင်းဘုရင်က လောကကြီးကို အုပ်စိုးပြီး တိမ်မြူခိုးနိုင်ငံကို တစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်ခြင်း

ကြီးကြပ်ရေးမှူးလီယီက သွမ်ခုန်း၏နံဘေးတွင် ဖြည်းညှင်းစွာ ဆင်းသက်လိုက်၏။

သွမ်ခုန်း၏ မနည်းပါးလှသော ဒဏ်ရာများကို မြင်သောအခါ သူက မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

"စီနီယာသွမ်ခုန်း... ခုချိန်ကနေစပြီး ကျွန်တော် တာဝန်ယူလိုက်ပါ့မယ်..."

"ဒါတွေက ကုသရေး ဆေးလုံးတွေပါ... အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်..."

သူ စကားပြောနေစဉ်မှာပင် လီယီက ဆေးလုံးပုလင်းအနည်းငယ်ကို ထုတ်ယူပြီး သွမ်ခုန်း၏ရှေ့တွင် ချထားလိုက်သည်။

သွမ်ခုန်းက တည်ငြိမ်စွာပြုံးပြီး ခေါင်းညိတ်လိုက်၏။

ထို့နောက် လီယီထံမှ ထွက်ပေါ်နေသော အရှိန်အဝါကို ခံစားမိသဖြင့် သူက အံ့အားတသင့် ရေရွတ်လိုက်သည်။

"သူတော်စင်နယ်ပယ်ကို ခုန်ပျံကျော်လွှားသွားတာပဲ... ဟား ဟား ဟား..."

"သခင်လေးလို့ မပြောရဘူး... ဒီလိုရတနာမျိုးကိုတောင် ပိုင်ဆိုင်ထားတယ်..."

"ကြီးကြပ်ရေးမှူးလီယီ... သခင်လေးရဲ့နောက်ကို လိုက်တာ တကယ့်ကို ကံကောင်းသွားတာပဲ..."

လီယီကလည်း ခပ်ဖျော့ဖျော့ပြုံးပြီး ပြောဆိုသည်။

"ဒါက သဘာဝပါပဲ... ကျွန်တော် လီက တစ်နေ့ကျရင် ဒီလို နယ်ပယ်မျိုးကို ရောက်လာလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး..."

"သခင်လေးနဲ့ တွေ့ဆုံခဲ့ရတာက ကျွန်တော့်ရဲ့ ကံကောင်းမှုပါပဲ..."

ထိုသို့ ပြောဆိုပြီးနောက် လီယီက နောက်သို့လှည့်လိုက်၏။

သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ... တိမ်မြူခိုးဧကရာဇ်နှင့်တခြားသူများ၏ရှေ့တွင် ချက်ချင်းထွက်ပေါ်လာသည်။

သူက တည်ကြည်လေးနက်သော မျက်နှာနှင့် အေးစက်စက် အော်ဟစ်လိုက်သည်။

"ဟမ့်... ငါတို့ တိမ်တိုက်ကောင်းကင်ခန်းမဆောင်က လူတွေကို ဆန့်ကျင်ရဲတယ်ပေါ့... မင်းတို့က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ..."

"ဒီနေ့ မင်းတို့ အားလုံး ဒီနေရာမှာပဲ ကျန်ခဲ့ရမယ်..."

သူ၏ စကားသံ အဆုံးသတ်သွားသည်နှင့် တပြိုင်နက်လီယီက ရှေ့သို့ လျှင်မြန်စွာ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။

ကျန်းတစ်ရာ အရွယ်အစားရှိသော ရွှေရောင် လက်သီးပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာပြီး ထိုအရာ၏လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးလိုက်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ...

တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် ကျင့်ကြံသူ တစ်ဦးက အလျှင်အမြန်ထကာ ရှေ့သို့ပြေးဝင်လာသည်။

သူ၏တစ်ကိုယ်လုံးရှိ စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ကျန်းတစ်ရာ အမြင့်ရှိသော မီးခိုးရောင် ကျားပုံရိပ်ယောင်တစ်ခုကို ဆင့်ခေါ်ကာ ခုခံရန် ကြိုးစားလိုက်၏။

သို့သော် သူတော်စင်အဆင့် တိုက်ခိုက်မှုတစ်ခုသည် မည်သို့ အလွန်ရိုးရှင်းနိုင်မည်နည်း...

အားကောင်းပုံရသော ကျားပုံရိပ်ယောင်သည် လက်သီးပုံရိပ်ယောင်နှင့် ထိခိုက်မိသည့် အချိန်မှာပင် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားသည်။

ထိုတာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် ကျင့်ကြံသူသည် လက်သီးပုံရိပ်ယောင်ကြောင့် ဖုန်မှုန့်များအဖြစ် ချက်ချင်းခြေမွှဖျက်ဆီးခြင်းခံလိုက်ရသည်။

တိမ်မြူခိုးဧကရာဇ်သည် လုံးလုံးလျားလျား ထိတ်လန့်သွားပေ၏။

သူက ကာကွယ်ရေးမှော်ရတနာ ဆယ်ခုကျော်ကို အလျှင်အမြန် ထုတ်လွှတ်လိုက်သည်။

သူသည် လက်သီးပုံရိပ်ယောင်ကို အချိန်တခဏဏမျှ အမှန်တကယ် တားဆီးနိုင်ခဲ့သည်။

ထို့နောက် တိမ်မြူခိုးဧကရာဇ်သည် အလွန်အမင်း ရှားပါးသော အဋ္ဌမအဆင့် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့တစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် သူတစ်ယောက်တည်း ချက်ချင်း နေရာရွှေ့ပြောင်းသွားခဲ့လေ၏။

တစ်ချိန်တည်းမှာပင် ကာကွယ်ရေး ရတနာများ အားလုံး ချက်ချင်းအက်ကွဲသွားသည်။

လက်သီးပုံရိပ်ယောင်သည် ကျန်ရှိနေသော လူသုံးဦးကို မျက်စိတစ်မှိတ်အတွင်း အမှုန်အမွှားများအဖြစ် ခြေမွှဖျက်ဆီးလိုက်၏။

လီယီက ရှေ့သို့ ခြေတစ်လှမ်း တိုးလာသည်။

မြေကြီးပေါ်ရှိ ပြန့်ကျဲနေသော ကာကွယ်ရေးပစ္စည်းများကို ကြည့်ကာ သူက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ပြောဆိုသည်။

"အဋ္ဌမအဆင့် ကာကွယ်ရေး ရတနာတွေ အများကြီးပါလား... နှမြောစရာပဲ..."

ထို့နောက် ချက်ချင်းဆိုသလိုပင် လီယီ၏အကြည့်က အဝေးသို့ ရောက်ရှိသွားသည်။

မိုင်တစ်ထောင် အကွာအဝေးရှိ တိမ်မြူခိုးဧကရာဇ်ကို မြင်လိုက်ရသည့်အလား ခပ်ဖျော့ဖျော့ အပြုံးတစ်ခုက သူ၏နှုတ်ခမ်းများတွင် ထွက်ပေါ်လာပေ၏။

သူက တိုးညှင်းစွာ ရေရွတ်လိုက်သည်။

"သူက တကယ်ကို မြန်မြန်ပြေးနိုင်တာပဲ... ဒါပေမဲ့ အသုံးမဝင်ဘူး..."

ထိုသို့ ပြောဆိုပြီးနောက် လီယီသည် သူ၏ ညာဘက်လက်ကို ရုတ်တရက် မြှောက်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ လျှင်မြန်စွာ စုစည်းဝေးလာသည်။

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"လူရိုင်းဘုရင်က လောကကြီးကို အုပ်စိုးတယ်..."

မိုင်တစ်ထောင် အကွာအဝေး၌...

တိမ်မြူခိုးနိုင်ငံ၏ တော်ဝင်မြို့တော်ရှိ ကြီးကျယ်ခမ်းနားသော ခန်းမဆောင် အတွင်းတွင်...

အပြာရောင် အလင်းတန်းတစ်တန်းနှင့်အတူ ဖရိုဖရဲ ဖြစ်နေသော တိမ်မြူခိုးဧကရာဇ်၏ပုံရိပ်က ရုတ်တရက် ထွက်ပေါ်လာသည်။

ခန်းမထဲတွင် စောင့်ဆိုင်းနေသော အင်အားစု ခေါင်းဆောင်သုံးဦးက ချက်ချင်းမေးလိုက်ကြ၏။ "အရှင်တိမ်မြူခိုးဧကရာဇ်... ဘာတွေ ဖြစ်ခဲ့တာလဲ..."

"တခြား အရှင်တွေရော ဘယ်မှာလဲ..."

တိမ်မြူခိုးဧကရာဇ်က သူ၏ရှေ့ရှိ လူသုံးဦးကို ကြည့်လိုက်သည်။

သူ၏နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာပြီး သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းတို့က မေးရဲသေးတယ်ပေါ့..."

"တိမ်တိုက်ကောင်းကင်ခန်းမဆောင်မှာ သူတော်စင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက် ရှိနေတယ်... အသက်ရှင်နေတဲ့ သူတော်စင်တစ်ပါးလေ... မင်းတို့ နားလည်လား..."

"မင်းတို့ရဲ့ သောက်ရေးမပါတဲ့ အကြံပေးချက်တွေကြောင့် ငါ့ရဲ့ ကာကွယ်ရေး ရတနာတွေ ဖျက်ဆီးခံလိုက်ရပြီးတော့ တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်ငါးယောက် သေဆုံးသွားခဲ့တယ်..."

"မင်းတို့က သေသင့်တယ်..."

တိမ်မြူခိုးဧကရာဇ်၏မျက်နှာအမူအရာ ရူးသွပ်လုနီးပါး ဖြစ်နေသည်။

လှံရှည်တစ်လက်က သူ၏ လက်ထဲတွင် လေထဲမှ ထွက်ပေါ်လာပြီး သူက ရုတ်တရက် တိုက်ခိုက်လိုက်၏။

သူက သူ၏ရှေ့ရှိ လူသုံးဦးကို ထိုးစိုက်ပြီး သတ်ဖြတ်လိုက်သည်။

"တိမ်မြူခိုးဧကရာဇ်... မင်းရဲ့ လူတွေကို မင်း ဘာလို့ သတ်နေတာလဲ... မင်း ရူးသွားပြီလား..."

အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးက ခမ်းနားထည်ဝါသော ခန်းမဆောင်ထဲတွင် ထွက်ပေါ်လာသည်။

တိမ်မြူခိုးဧကရာဇ်က အနည်းငယ် ငြိမ်သက်သွားပြီး အော်ဟစ်လိုက်၏။

"ဘိုးဘေး... ခင်ဗျား မသိပါဘူး... သူတို့ရဲ့ အကြံပေးချက်တွေကြောင့်... သူတော်စင် တစ်ပါး စောင့်ကြပ်နေတဲ့ အင်အားစု တစ်ခုကို ကျွန်တော်တို့ စော်ကားမိသွားတယ်..."

အနက်ရောင်ဝတ်ရုံဝတ် ဘိုးဘေး၏မျက်နှာ ချက်ချင်း ဖြူရော်သွားသည်။

"ဘာ... သူတော်စင် တစ်ပါး..."

ထိုအချိန်မှာပင် အသက်ရှူကြပ်စေသော ဖိအားတစ်ခုက တော်ဝင်မြို့တော်တစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွားသည်။

သေစေလောက်သည့် အန္တရာယ်ခံစားချက်တစ်ခုက တိမ်မြူခိုးဧကရာဇ်နှင့် အနက်ရောင်ဝတ်ရုံဝတ် ဘိုးဘေးတို့၏စိတ်နှလုံးသားများထဲသို့ ဝင်ရောက်လာပေ၏။

"သူတို့က ဒီလောက် မြန်မြန် လိုက်လာတာလား..."

"မဟုတ်ဘူး... ငါ ဧကရာဇ်က မသေနိုင်သေးဘူး..."

တိမ်မြူခိုးဧကရာဇ်၏မျက်နှာအမူအရာ ပြင်းပြင်းထန်ထန် ပျက်ယွင်းသွားသည်။ သူသည် အင်ပါယာကာကွယ်ရေးဝင်္ကပါကို အသက်သွင်းရန် လက်ဟန်သင်္ကေတများကို အလျှင်အမြန် ဖန်တီးလိုက်သည်။

ကြီးမားသော အပြာရောင်အလင်းလွှာတစ်ခုက မြေကြီးမှ ထွက်ပေါ်လာပြီး တော်ဝင်မြို့တော်တစ်ခုလုံးကို လျှင်မြန်စွာ ဖုံးလွှမ်းသွားသည်။

တော်ဝင်မြို့တော်၏ အထက်တွင်...

ဟင်းလင်းပြင်အက်ကွဲသွားပြီး အလွန်ကြီးမားသော ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုက တိတ်တဆိတ် ရောက်ရှိလာသည်။

ဤသည်က တော်ဝင်မြို့တော်တစ်ခုလုံး၏ ကောင်းကင်ယံကို ချက်ချင်းဖုံးလွှမ်းသွားပေ၏။

အားကောင်းသော သူတော်စင်တစ်ပါး၏ အရှိန်အဝါက ပျံ့နှံ့လာပြီး လူအများ၏ကျောရိုးထဲအထိ စိမ့်ဝင်သွားစေသည်။

ထို့နောက် ထိုလက်ဝါးပုံရိပ်ယောင်ကြီးသည် လျှင်မြန်စွာ ကျဆင်းလာပြီး ကောင်းကင်ကြီး ပြိုကျလာသည့်အလား မည်သူ့ကိုမျှ ခုခံရန် အတွေးတစ်ခုပင် မမွေးနိုင်အောင် ပြုလုပ်လိုက်သည်။

တိမ်မြူခိုးဧကရာဇ်သည် ခန်းမထဲမှ ထွက်လာပြီး ကောင်းကင်ယံရှိ ကြီးမားသော ပုံရိပ်ယောင်ကို ကြည့်လိုက်၏။

သူ၏နှုတ်ခမ်းများ တုန်ယင်သွားပြီး သူက တီးတိုးရေရွတ်လိုက်သည်။

"ဒီလို ကြောက်ဖို့ကောင်းတဲ့ သိုင်းပညာနည်းစနစ်... ဒါက သူတော်စင်တစ်ပါးရဲ့ စွမ်းအားလား..."

"အဲ့ဒါကို ခုခံရမယ်..."

အချိန်တခဏအကြာတွင် ဧရာမ လက်ဝါးပုံရိပ်ယောင်ကြီးသည် အင်ပါယာကာကွယ်ရေးဝင်္ကပါပေါ်သို့ ရိုက်ခတ်သွားပြီး တော်ဝင်မြို့တော်တစ်မြို့လုံး တုန်ခါသွားသည်။

အဋ္ဌမ အထွတ်အထိပ်အဆင့်ရှိ အင်ပါယာကာကွယ်ရေး ဝင်္ကပါပေါ်တွင် အက်ကွဲကြောင်းများ လျှင်မြန်စွာ ထွက်ပေါ်လာသည်။

ကျယ်လောင်သော အသံကြီးနှင့်အတူ...

ဝင်္ကပါသည် အက်ကွဲသွားပြီး လက်ဝါးပုံရိပ်ယောင်က တော်ဝင်မြို့တော်ပေါ်သို့ ကျဆင်းလာကာ ဖုန်မှုန့်များ တထောင်းထောင်းထသွားသည်။

အချိန်အတော်ကြာပြီးနောက်...

မီးခိုးများနှင့်ဖုန်မှုန့်များ တဖြည်းဖြည်း ကင်းစင်သွားပြီး တော်ဝင်မြို့တော်၏ အလယ်ဗဟိုတစ်ခုလုံး လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရသည်။

တော်ဝင်မြို့တော်အတွင်းရှိ အစွမ်းထက်ပုဂ္ဂိုလ်များသည်လည်း အငွေ့ပျံ့သွားသည့်အလား လေထဲသို့ ပျောက်ကွယ်သွားခဲ့ကြ၏။

ဧရာမ လက်ဝါးရာကြီးတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

လင်းလုံတောင်တန်းတွင် လီယီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

ထို့နောက် သူက သွမ်ခုန်း၏နံဘေးသို့ ပျံသန်းသွားပြီး ပြောဆိုသည်။

"စီနီယာသွမ်ခုန်း... ကျွန်တော်က ရတနာတွေကို စုဆောင်းဖို့ တိမ်မြူခိုး တော်ဝင်မြို့တော်ကို အရင် သွားလိုက်မယ်... စီနီယာက သခင်မလေးစုကို ခေါ်ပြီး အရေးကြီးတဲ့ကိစ္စတွေကို သွားလုပ်လိုက်ပါ..."

ထိုသို့ ပြောဆိုပြီးနောက် လီယီသည် သူ၏ရွှေရောင်စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ သွမ်ခုန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ချီချည်နှောင်ခြင်း စိတ်ဝိညာဉ် အမှတ်အသားကို ဖယ်ရှားပေးလိုက်၏။

ထို့နောက် သူက လက်ချောင်းကို ညင်သာစွာ တောက်လိုက်သည်။

လင်းလုံတောင်တန်းတွင် အသက်ရှင်ကျန်ရစ်သော လင်းလုံကောင်းကင်ငှက်များအားလုံး သူတို့၏ချီစွမ်းအားများကို ရုတ်တရက် ဆုံးရှုံးသွားတော့သည်။

သွမ်ခုန်းသည် သူ၏ စွမ်းအားများ ပြန်လည်ရရှိလာသည်ကို ခံစားလိုက်ရပြီး အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းများတွင် ထွက်ပေါ်လာသည်။

သူက ပြောဆိုလိုက်၏။

"ကြီးကြပ်ရေးမှူးလီယီ... ငါတို့ လေလံရုံမှာ ပြန်တွေ့ကြတာပေါ့..."

ထိုသို့ ပြောဆိုပြီးနောက် သွမ်ခုန်းသည် စုရှီယုကို ဆွဲခေါ်ကာ လင်းလုံတောင်တန်းအတွင်းသို့ ပျံသန်းသွားသည်။

ထို့နောက် လီယီက နောက်သို့လှည့်လိုက်ပြီး တိမ်မြူခိုးနိုင်ငံ၏တော်ဝင်မြို့တော်သို့ နေရာရွှေ့ပြောင်းသွားခဲ့သည်။

သူ၏စိတ်စွမ်းအားက တိတ်ဆိတ်စွာ ပျံ့နှံ့သွားပြီး သူ ချန်ထားခဲ့သော တွင်းနက်ကြီးကို ရှာဖွေလိုက်၏။

နောက်တစ်နေ့တွင်...

တိမ်တိုက်ကောင်းကင်လေလံရုံ၏ အနောက်ဘက်ခန်းမ၌...

လီယီ၏ပုံရိပ်က လေထဲမှ ထွက်ပေါ်လာသည်။

လင်းရှောင်သည် မျက်လုံးစုံမှိတ်ကာ မေးကို လက်ဖြင့်ထောက်ပြီး အနားယူနေရင်း ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်လိုက်၏။

သူ၏ရှေ့ရှိ လီယီကို မြင်သောအခါ သူက ပြောဆိုလိုက်သည်။

"အရာအားလုံး ဖြေရှင်းပြီးပြီလား..."

လီယီက ခပ်ဖျော့ဖျော့ ပြုံးကာ ခေါင်းညိတ်လိုက်သည်။

သူသည် သူ၏ခါးမှ သိုလှောင်လက်စွပ် ဒါဇင်ပေါင်းများစွာကို ထုတ်ယူကာ လင်းရှောင်ထံသို့ လက်ကမ်းပေးလေသည်။

သူက ပြောဆိုလိုက်၏။

"အရာအားလုံး ဖြေရှင်းပြီးပါပြီ... စီနီယာသွမ်ခုန်းကို နောက်ကနေ ခြုံခိုတိုက်ခိုက်ခဲ့တာက တိမ်မြူခိုးနိုင်ငံက လူတွေပါ..."

"တိမ်မြူခိုးနိုင်ငံရဲ့ တော်ဝင်မြို့တော်တစ်မြို့လုံးကို ကျွန်တော် ဖျက်ဆီးလိုက်ပါပြီ... ဒါတွေက ကျွန်တော် စုဆောင်းလာတဲ့ ရတနာတွေပါ..."

"စီနီယာသွမ်ခုန်း အတွက်ကတော့... သူက သခင်မလေးစုကို ခေါ်ပြီး လင်းလုံတောင်တန်းထဲကို ဝင်သွားပါတယ်... မကြာခင် ပြန်ရောက်လာမှာပါ..."

လီယီ၏ စကားများကို ကြားပြီးနောက် လင်းရှောင်ကနောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။

သူက သိုလှောင်လက်စွပ်များကို လက်ခံယူလိုက်ပြီး ပြောဆိုလိုက်သည်။

"ကောင်းကောင်း လုပ်ခဲ့တယ်..."

"မင်းက ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်းကို မကြာခဏ အသုံးပြုခဲ့တာဆိုတော့... စွမ်းအားတွေ အများကြီး ကုန်ခမ်းသွားလောက်ပြီ... သွားပြီး အနားယူလိုက်ပါဦး..."

လီယီက ညင်သာစွာ ခေါင်းညိတ်လိုက်၏။

သူသည် အကန့်အသတ်မရှိသော စိတ်ဝိညာဉ်စွမ်းအားများ ရှိသည့် သူတော်စင်နယ်ပယ်တွင် ရှိနေပြီ ဖြစ်သော်လည်း...

ဤခရီးစဉ်တွင် အလွန်ဝေးကွာသော အကွာအဝေးကို နေရာရွှေ့ပြောင်းခဲ့ရသည်။

ထို့ပြင် သူ၏ နယ်ပယ်ထက် ကျော်လွန်သော သူတော်စင်ဘုရင်အဆင့် သိုင်းပညာနည်းစနစ်ကို အသုံးပြုခြင်းက အမှန်တကယ်ပင် စွမ်းအားအများအပြားကို ကုန်ခမ်းစေခဲ့၏။

ထို့နောက် လီယီက တည်ငြိမ်သော ခြေလှမ်းများဖြင့် ခန်းမထဲမှ ထွက်သွားတော့သည်။

သူ၏လက်ထဲရှိ များပြားလှသော သိုလှောင်လက်စွပ်များကို ကြည့်ကာ လင်းရှောင်က ခပ်ဖျော့ဖျော့ပြုံးပြီး တီးတိုးရေရွတ်လိုက်သည်။

"လီယီက ငါ့ကို နားလည်တယ်... ငါ သတိပေးစရာတောင် မလိုဘဲ... သူက အရာအားလုံးကို သေသေချာချာ ကိုင်တွယ်နိုင်တယ်..."

"ထိပ်တန်း အင်အားစုတစ်ခုရဲ့ ပိုင်ဆိုင်မှုတွေဆိုတော့ ပစ္စည်းကောင်းတွေ အများကြီး ပါလာမှာ သေချာတယ်... ဟီး ဟီး..."

ထိုသို့ ပြောဆိုပြီးနောက် လင်းရှောင်၏စိတ်စွမ်းအားသည် တိတ်ဆိတ်စွာ ထွက်ပေါ်လာပြီး သိုလှောင်လက်စွပ်တစ်ကွင်းစီတိုင်းသို့ ဝင်ရောက်သွားလေ၏။

သူသည် ထိုအရာများကို လျင်မြန်စွာ စတင်၍ စစ်ဆေးကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက်...

လင်းရှောင်သည် နောက်ဆုံးတွင် သိုလှောင်လက်စွပ်များထဲရှိ ရတနာများကို စစ်ဆေးခြင်း ပြီးဆုံးသွားသည်။

ထိုအရာများထဲတွင် အများဆုံးမှာ ယေဘုယျ ငွေကြေးအဖြစ် အသုံးပြုသော စိတ်ဝိညာဉ်ကျောက်တုံးများပင်။

အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သောင်းနှင့်ချီ၍ ရှိပြီး အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သိန်းနှင့်ချီ၍ ရှိကာ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးများ မရေမတွက်နိုင်အောင် ရှိလေ၏။

ထိုအရာအားလုံး ပေါင်းလိုက်ပါက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး သန်း ၂၀၀ခန့် ရှိသည်။

ထိုအရာကို မယုံနိုင်လောက်အောင် များပြားသော ပမာဏဟု ပြောပါက ချဲ့ကားရာရောက်မည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ နှစ်ထောင်ပေါင်းများစွာ အမွေအနှစ်နှင့် ကြွယ်ဝသော အခြေခံအုတ်မြစ် ရှိသည့် တိမ်မြူခိုးနိုင်ငံ ဖြစ်သဖြင့် ရတနာများ ရှားပါးမည် မဟုတ်ချေ။

All Chapters