← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

အခန်း (၆၀) မလွယ်ကူတဲ့ စနစ်တာဝန်... လေလံရတနာများကို ရွေးချယ်ခြင်း

လေလံရုံ၏ ရတနာ စုဆောင်းရေးအခန်း အတွင်း၌...

လီယီက ရတနာများကို စာရင်းသွင်းရန် အလုပ်များနေသည်။

လင်းရှောင်၏ညွှန်ကြားချက်ကို ကြားရသောအခါ သူက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။

သူက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။

သူသည် တံမြက်စည်းတစ်ချောင်းကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်ပြီး ကောင်းကင်ယံသို့ ဦးတည်ကာ ပြင်းပြင်းထန်ထန် ပစ်ပေါက်လိုက်သည်။

မြင့်မားသော ကောင်းကင်ယံတွင်...

ယန်အောင်းတော်ဝင်နိုင်ငံ ဘိုးဘေးသည် ယန်ဧကရာဇ် လေလံရုံထဲတွင် ပုန်းအောင်းနေသည်ကို ခံစားမိပြီး ဒေါသထွက်နေခဲ့သည်။

"ဟင်..."

"ဒါက ဘာအရာလဲ... ဘာလို့ အန္တရာယ် များတယ်လို့ ငါ ခံစားနေရတာလဲ..."

ယန်အောင်းတော်ဝင်နိုင်ငံ ဘိုးဘေးသည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။

သေးငယ်သော အရာဝတ္ထု တစ်ခုက သူ့ကို ပစ်မှတ်ထားပြီး လျှင်မြန်စွာ ပြေးဝင်လာသည်ကို သူ ခံစားလိုက်ရ၏။

ဤသည်မှာ မည်သည့်အရာ ဖြစ်ကြောင်းကို သူ ရှင်းလင်းစွာ မမြင်ရမီမှာပင်...

သူ၏ခန္ဓာကိုယ်ကို ထိုတံမြက်စည်းက ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားသည်။

သူ၏ ခန္ဓာကိုယ်သည် ကြယ်ပျံ တစ်စင်းအလား နောက်သို့ လွင့်စင်သွားသည်။

သူသည် မိုင်ဆယ်နှင့်ချီ ဝေးကွာသော တောရိုင်းထဲသို့ တိုက်ရိုက်လွင့်စင်သွားတော့သည်။

အနောက်ဘက်ခန်းမတွင်...

ယန်ဧကရာဇ်သည် ကောင်းကင်ယံရှိ ဘိုးဘေး ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရ၏။

ထိုအချိန်မှသာ သူ စိတ်သက်သာရာ ရသွားသည်။

သူက မတ်တတ်ရပ်ကာ လက်ပူးဆုပ်ပြီး ပြောဆိုလိုက်သည်။

"ဥက္ကဋ္ဌ လင်းကို ကျေးဇူးအများကြီး တင်ပါတယ်... ငါ့ကို သွားခွင့်ပြုပါဦး..."

"အခွင့်အရေး ရှိရင်... မင်းဆီကို ရတနာတွေ ထပ်ပို့ပေးပါ့မယ်... ဟား ဟား ဟား... နှုတ်ဆက်ပါတယ်..."

လင်းရှောင်က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။

ထို့နောက်...

ယန်ဧကရာဇ်က ခန်းမထဲမှ လျင်မြန်စွာ ထွက်ခွာသွားသည်။

အရှိန်အဝါကို ခြေရာခံကာ မြေကြီးပေါ်တွင် လဲလျောင်းနေသော ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသည့် ဘိုးဘေးကို သူ မကြာမီ တွေ့ရှိသွားသည်။

ယန်အောင်းတော်ဝင်နိုင်ငံ ဘိုးဘေးသည် ယခုအချိန်၌ ပက်လက်လဲလျောင်းနေသည်။

သူသည် အဆက်မပြတ် တီးတိုးရေရွတ်နေပေ၏။

"သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ယောက်... ဒီလို နေရာငယ်လေးမှာ ဘာလို့ သူတော်စင်တစ်ပါး ရှိနေရတာလဲ..."

ယန်ဧကရာဇ်သည် ယန်အောင်းတော်ဝင်နိုင်ငံ ဘိုးဘေးထံသို့ အလျင်အမြန် လျှောက်သွားကာ စိုးရိမ်ပူပန်ဟန်ဆောင်လိုက်သည်။

သူက ဘိုးဘေးကို ထူပေးပြီး ပြောဆိုသည်။

"ဘိုးဘေး... အဆင်ပြေရဲ့လား...ကျွန်တော်က ဒီအသစ်ပေါ်ထွက်လာတဲ့ မြင့်မြတ်နယ်မြေအဆင့် အင်အားစုနဲ့ မိတ်ဆွေဖွဲ့ဖို့ လာတာကို... ခင်ဗျားက ဘာလို့ ပြဿနာ လာရှာနေတာလဲ..."

"တိမ်တိုက်ကောင်းကင်လေလံရုံ အပြင်ဘက်မှာ ဒီလောက်တောင် မောက်မောက်မာမာ အော်ဟစ်ရဲတယ်ပေါ့..."

ယန်အောင်းတော်ဝင်နိုင်ငံ ဘိုးဘေးက သွေးနှစ်လုတ်ခန့် အန်ထုတ်ပြီး သူက မျက်မှောင်ကြုတ်လိုက်သည်။

သူက အနည်းငယ် သံသယဝင်စွာဖြင့် မေးလိုက်၏။

"ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ဘာလို့ ငါ့ကို အသိမပေးရတာလဲ...မင်းက တမင်သက်သက် ပြဿနာရှာဖို့ ကြိုးစားနေတာလား... ကောင်စုတ်လေး..."

ယန်ဧကရာဇ်က သူ၏နှုတ်ခမ်းထောင့်ရှိ အပြုံးကို ဖိနှိပ်ထားလိုက်၏။

သူက တည်ကြည်လေးနက်ဟန်ဆောင်ကာ ပြောဆိုသည်။

"ဘိုးဘေးက တံခါးပိတ် ကျင့်ကြံနေတာကို ကျွန်တော် သိနေတာကြောင့် ထွက်လာမှ ပြောပြမလို့ စီစဉ်ထားတာပါ..."

"ဥက္ကဋ္ဌ လင်းနဲ့ ကျွန်တော် ပျော်ပျော်ရွှင်ရွှင် စကားပြောနေတုန်း ခင်ဗျားက ပြဿနာ လာရှာလိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး..."

"ကျွန်တော်က ခင်ဗျားအတွက် တောင်းပန်ပေးလိုက်လို့ တော်သေးတယ်... မဟုတ်ရင် ခင်ဗျား ဘယ်လိုလုပ်ပြီး အသက်ရှင်နေဦးမှာလဲ..."

"လူအိုကြီး... ခင်ဗျားက ကျွန်တော့်ကို အသက်တစ်ချောင်း အကြွေးတင်သွားပြီ... နောက်ပိုင်းကျရင် စကားပြောတာ သတိထားဦး... ဟား ဟား ဟား ..."

ယန်အောင်းတော်ဝင်နိုင်ငံ ဘိုးဘေး၏ အိုမင်းသော မျက်နှာကြီး မည်းမှောင်သွားသည်။

သူက ပြောဆိုလိုက်၏။

"ဒါပေမဲ့ အဲ့ဒီရတနာကို ပေးလိုက်ဖို့ မလိုဘူး မဟုတ်လား.."

"အဲ့ဒါက ငါတို့ ယန်အောင်းတော်ဝင်နိုင်ငံရဲ့ အသက်ကယ် အခြေခံအုတ်မြစ်ပဲ... အနာဂတ်မှာ ငါတို့က တိမ်မြူခိုးနိုင်ငံကို တိုက်ခိုက်ရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ..."

ယန်ဧကရာဇ်က ခေါင်းခါယမ်းလိုက်သည်။ သူက မီးလောင်ရာ လေပင့်ပေးလိုက်ပြီး မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှကို တစ်ခုပြီးတစ်ခု ပြန်ပြောပြလိုက်လေသည်။

တိမ်မြူခိုးနိုင်ငံ ဖျက်ဆီးခံလိုက်ရကြောင်း ကြားပြီးနောက်...

ယန်အောင်းတော်ဝင်နိုင်ငံ ဘိုးဘေး၏ မျက်နှာအမူအရာက အနည်းငယ် ပိုကောင်းလာခဲ့၏။

သူက ပြောဆိုသည်။

"ကောင်းပြီလေ... ငါ ဘိုးဘေးက မင်းကို အထင်လွဲသွားပုံရတယ်..."

"ငါ့ရဲ့ ဒဏ်ရာတွေ ကုသဖို့ ငါ့ကို ပြန်ပို့ပေးပါ... ဒါက တကယ့်ကို ကံဆိုးတာပဲ... ငါ တံခါးပိတ် ကျင့်ကြံတာကနေ ထွက်မလာခဲ့သင့်ဘူး..."

ဤအချိန်တွင် ယန်ဧကရာဇ်၏နှုတ်ခမ်းများက အပြုံးဖျော့ဖျော့လေး တစ်ခုအဖြစ် ကွေးတက်သွားသည်။

သူက ပြောဆိုလိုက်သည်။

"အော်... ဒါနဲ့ စကားမစပ် ဘိုးဘေး... အချိန်ခဏကြာရင် ကျွန်တော်က ရာထူးစွန့်လွှတ်ပြီးတော့ ကျွန်တော်ရဲ့သားအကြီးဆုံးကို ယန်ဧကရာဇ် ဖြစ်ခွင့်ပေးတော့မယ်..."

"ဒါက ကြိုပြီးအသိပေးထားတာပါ..."

ဤစကားကို ကြားသောအခါ...

ယန်အောင်းတော်ဝင်နိုင်ငံ ဘိုးဘေးက ချက်ချင်းဆိုသလိုပင် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"မလုပ်ရဘူး...မင်းရဲ့သားက မြေကမ္ဘာခွဲထွက်ခြင်းနယ်ပယ်မှာပဲ ရှိသေးတယ် မဟုတ်လား... ပြီးတော့ သူ့ရဲ့ ပါရမီကလည်း သာမန်ပဲလေ... သူက ယန်ဧကရာဇ် ဖြစ်ဖို့ ဘယ်လိုလုပ်ပြီး သင့်တော်မှာလဲ..."

"ကောင်စုတ်လေး... မင်းက နောက်ထပ် နှစ်တစ်ထောင်လောက် ဧကရာဇ် ဆက်လုပ်ရမယ်... မင်းရဲ့ ကျင့်ကြံခြင်းက ငါ့ထက် မကျော်လွန်ခင်မှာ လွယ်လွယ်ကူကူ ရာထူးစွန့်ဖို့ စဉ်းတောင်မစဉ်းစားနဲ့..."

သို့သော် ယန်ဧကရာဇ်က ခေါင်းခါယမ်းပြကာ သူ၏ မျက်လုံးများ အနည်းငယ်မှေးစင်းသွားပြီး သူက တည်ငြိမ်စွာ ပြောဆိုသည်။

"လူအိုကြီး... ခင်ဗျား ဘာပြောပြော ကျွန်တော် ဂရုမစိုက်ဘူး... ဒီပလ္လင်ကို ကျွန်တော် သေချာပေါက် စွန့်လွှတ်မှာပဲ..."

"ခင်ဗျားရဲ့ ဒဏ်ရာက သက်သာဖို့ ဆယ်စုနှစ်ချီပြီး အချိန်ယူရမှာပဲ... တကယ်လို့ ခင်ဗျား မကြိုက်ရင်... လာပြီး ကျွန်တော့်ကို လာရိုက်ကြည့်လေ..."

ယန်ဧကရာဇ်က အော်ဟစ်ရယ်မောကာ နောက်ပြန်မကြည့်ဘဲ ပျံသန်း၍ ထွက်ခွာသွားလေသည်။

သူက ရင်ဘတ်ကို ဖိကာ အံကြိတ်နေသော ယန်အောင်းတော်ဝင်နိုင်ငံ ဘိုးဘေးကို နေရာတွင် ချန်ထားခဲ့လေ၏။

ရက်အနည်းငယ် အကြာတွင်...

တိမ်တိုက်ကောင်းကင်လေလံရုံ အတွင်း၌...

သူ လဲလှယ်ထားသော ကျန်ရှိသည့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကျောက်စိမ်းရှစ်ခု၏ အကူအညီဖြင့်...

လင်းရှောင်က ကောင်းကင်အက်ကွဲခြင်းနယ်ပယ်သို့ နောက်ဆုံး၌ အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။

သူ၏ခွန်အား နောက်တစ်ကြိမ် တဟုန်ထိုး မြင့်တက်လာသည်။

ခန်းမ၏အလယ်ဗဟိုရှိ လက်ဖက်ရည် ထိုင်ခုံပေါ်တွင်...

လင်းရှောင်က သူ၏မေးကို လက်ဖြင့် ထောက်ထားပြီး အိမ်ရှင် အချက်အလက်ပြ မျက်နှာပြင်ကို ပေါ့ပေါ့ပါးပါး ဖွင့်လိုက်၏။

【အိမ်ရှင်... လင်းရှောင်】

【မျိုးနွယ်... လူသားမျိုးနွယ် / ကမ္ဘာခြားနတ်ဆိုး】

【နယ်ပယ်... ကောင်းကင်အက်ကွဲခြင်းနယ်ပယ် အစောပိုင်းအဆင့်】

【ရုပ်ခန္ဓာကိုယ်... ဖရိုဖရဲစိတ်ဝိညာဉ်ဘုရင် ရုပ်ခန္ဓာကိုယ် (ဘုရင်အဆင့်)】

【သိုင်းပညာ ကျွမ်းကျင်မှုများ... ကျောက်တုံးခွဲလက် (ပထမ အထွတ်အထိပ်အဆင့်)၊ ကျားနက်နှလုံးဖောက်လက်ဝါး (ပဉ္စမ အလယ်အလတ်အဆင့်)၊ စိတ်ဝိညာဉ်ဖုံးကွယ်ခြင်းနည်းစနစ် (အဆင့်မဲ့)၊ နတ်ဘုရားသတ်ဖြတ်ခြင်းဓား (သတ္တမ အထွတ်အထိပ်အဆင့်)၊ ယန်တစ်လှိုင်း ကောင်းကင်လောင်ကျွမ်းခြင်း လက်ညှိုး (သူတော်စင်ဘုရင် အထွတ်အထိပ်အဆင့်)...】

【နတ်ဘုရားစွမ်းရည် / အင်မော်တယ်နည်းစနစ်... ချီတစ်စက သန့်စင်ခြင်းသုံးခုအဖြစ် ပြောင်းလဲခြင်း (ထိပ်တန်း နတ်ဘုရားစွမ်းရည်)】

【စနစ် ဟင်းလင်းပြင်... အိမ်ရှင် ကိုယ်ပွား၊ ပိုင်ကျဲ့ (ပျံသန်းရေးသားရဲ)၊ သွေးဆာလောင်ခြင်း မိစ္ဆာချိတ်ပိတ်ဓား (နဝမ အလယ်အလတ်အဆင့်)၊ သွေးဖန်တီးခြင်း မူလအစဆေးလုံး (ဆဋ္ဌမ အထွတ်အထိပ်အဆင့်)၊ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၅၃ သန်း၊ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး...】

【လေလံတုံ့ပြန်မှု အကြိမ်အရေအတွက်... ၀ (၁၉ ရက်အကြာတွင် ပြန်လည်ပြည့်တင်းမည်)】

【စနစ်တာဝန်... ကုန်းမြတစ်ခုလုံးတွင် နာမည်ကြီးခြင်း

တာဝန် ၁... အရောင်းအဝယ်ပမာဏ သန်း ၅၀၀ ထက် မနည်းသော လေလံပွဲတစ်ခုကို ကျင်းပပါ... လက်ရှိ တိုးတက်မှု... ၀ / ၅၀၀၀၀၀၀၀၀

၂... သူတော်စင်အဆင့် ဒါမှမဟုတ် အဲ့ဒီထက် ပိုမြင့်တဲ့ ရတနာနှစ်ခုကို လေလံတင်ပါ... လက်ရှိ တိုးတက်မှု... ၀ / ၂】

【ပြီးမြောက်ခြင်း ဆုလာဘ်... အလယ်အလတ်အဆင့် ဆင့်ခေါ်ခြင်းကတ် ၃ ကတ်၊ ထိပ်တန်း သိုင်းပညာနည်းစနစ် ၁ ခု၊ ကျပန်း နတ်ဘုရားစွမ်းရည် ၁ ခု】

"ကျွတ်... ဒီတာဝန်တွေက ပိုပိုပြီး ခက်ခဲလာတာပဲ..."

"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး သန်း ၅၀၀... ယန်အောင်းတော်ဝင်နိုင်ငံတစ်ခုလုံးကို ရောင်းရင်တောင် အဲ့ဒီလောက် စုမိဖို့ မလုံလောက်ဘူး..."

"ဒုတိယ တာဝန်က တုံ့ပြန်မှုရတနာတွေ ဖြစ်လို့ မရဘူးလို့ တိတိကျကျ ပြောမထားဘူးဆိုတော့... ဒါက နည်းနည်း ပိုရိုးရှင်းသွားတယ်..."

"ဆုလာဘ်တွေ အနေနဲ့ကတော့... တော်တော်လေး ကောင်းမွန်တဲ့ပုံပဲ..."

စနစ်မျက်နှာပြင်ပေါ်ရှိ တာဝန်များကိုကြည့်ကာ လင်းရှောင်က တီးတိုးရေရွတ်လိုက်၏။

ထို့နောက်...

လင်းရှောင်က လက်ဖက်ရည်ကို ဖြည်းညှင်းစွာ တစ်ငုံ သောက်လိုက်သည်။

သူက တီးတိုးရေရွတ်လိုက်သည်။

"အခု တုံ့ပြန်မှုအတွက် ရတနာတွေကို ထပ်ရွေးချယ်ရမယ့် အချိန်ရောက်ပြီ..."

"အဆင့်မနိမ့်တဲ့ ရတနာတွေအများကြီးကို ကြည့်ရမှာဆိုတော့... ငါ့ရဲ့ ကောင်းကင်ဘုံမျက်လုံးက ခံနိုင်ရည် ရှိပါ့မလားလို့ ငါ သိချင်မိတယ်..."

"စမ်းကြည့်ကြတာပေါ့..."

ထိုသို့ ပြောဆိုပြီးနောက်...

လင်းရှောင်၏အတွေးတစ်ချက် လှုပ်ရှားသွားပြီး လီယီ စုဆောင်းထားသော ဆဋ္ဌမအဆင့် သို့မဟုတ် ထို့ထက်ပိုမြင့်သော ရတနာများအားလုံးကို သူ ခွဲထုတ်လိုက်၏။

ထို့နောက် သူသည် ထိုအရာများအားလုံးကို မြေကြီးပေါ်တွင် ချထားလိုက်ပြီး တစ်ခုပြီးတစ်ခု စတင်၍ စစ်ဆေးကြည့်တော့သည်။

နေ့ဝက်အကြာတွင်...

လင်းရှောင်၏မျက်လုံးများထဲရှိ အပြာရောင် အလင်းတန်း တဖြည်းဖြည်းမှေးမှိန်သွားပြီး သူက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။

"နောက်ဆုံးတော့ ကြည့်လို့ ပြီးသွားပြီ..."

"ငါ မနည်းတောင့်ခံလိုက်ရတယ်..."

"ဒါပေမဲ့ ပြောရမယ်ဆိုရင်... အဲ့ဒီအထဲမှာ အသုံးဝင်တဲ့ ရှားပါးရတနာတွေ အတော်များများ ပါဝင်နေတယ်..."

"ကံမကောင်းတာက... တုံ့ပြန်မှု အကြိမ်အရေအတွက်က ကန့်သတ်ချက် ရှိနေတာဆိုတော့... အကောင်းဆုံး တချို့ကိုပဲ ငါ ရွေးထုတ်နိုင်တယ်..."

ဤအကြောင်းကို တွေးမိသောအခါ လင်းရှောင်က ထပ်မံ၍ စဉ်းစားလိုက်၏။

ထို့နောက် သူ လက်ဝှေ့ယမ်းလိုက်သည်။

သူသည် မြေကြီးပေါ်ရှိ ရတနာ အများစုကို သိမ်းဆည်းလိုက်ပြီး ရှားပါးရတနာ ဆယ့်သုံးခုကိုသာ ချန်ထားခဲ့သည်။

[အထူး သိုင်းပညာနည်းစနစ်... အသက်ရှူသံ ဖုံးကွယ်ခြင်း နည်းစနစ်]

[အဆင့်... သတ္တမ အလယ်အလတ်အဆင့်]

[ဖော်ပြချက်... တစ်စုံတစ်ယောက်ရဲ့ နယ်ပယ် အရှိန်အဝါကို ဖုံးကွယ်ထားနိုင်ပြီးတော့ တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ်အောက်က ကျင့်ကြံသူတွေ သတိထားမိဖို့ ခက်ခဲတယ်... အကြံအစည် ကြီးမားသူတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သိုင်းပညာနည်းစနစ်တစ်ခုပဲ...]

[စိတ်ပိုင်းဆိုင်ရာ သိုင်းပညာနည်းစနစ်... မရဏနတ်ဘုရား ထိုးနှက်ချက်]

[အဆင့်... သတ္တမ အဆင့်နိမ့်]

[ဖော်ပြချက်... အားကောင်းတဲ့ ထိုးဖောက်နိုင်စွမ်း ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေး အမျိုးအစား သိုင်းပညာနည်းစနစ် တစ်ခုဖြစ်ပြီး... စိတ်ဝိညာဉ်ကို အလွယ်တကူ ထိုးဖောက်နိုင်တယ်...]

[သိုင်းပညာနည်းစနစ်... လိပ်ခွံအကာအကွယ်]

[အဆင့်... သတ္တမ အထွတ်အထိပ်အဆင့်]

[ဖော်ပြချက်... ရှားပါးတဲ့ ကာကွယ်ရေး သိုင်းပညာနည်းစနစ် တစ်ခုဖြစ်ပြီးတော့ အသုံးပြုပြီးတာနဲ့... လှုပ်ရှားလို့ မရတော့ဘဲ ကာကွယ်ရေးက အများကြီး မြင့်တက်လာတယ်...]

[သိုင်းပညာနည်းစနစ်... တိမ်မြူခိုး ကောင်းကင်တုန်လှုပ်ခြင်း စည်းတံဆိပ်]

[အဆင့်... အဋ္ဌမ အထွတ်အထိပ်အဆင့်]

[ဖော်ပြချက်... တိမ်မြူခိုးနိုင်ငံရဲ့ ဘိုးဘေးတွေ လက်ဆင့်ကမ်းလာတဲ့ သိုင်းပညာနည်းစနစ် ဖြစ်ပြီး... အားကောင်းတဲ့ ဖိနှိပ်မှု အကျိုးသက်ရောက်မှုကို ပိုင်ဆိုင်ထားတယ်... သူ့ရဲ့ စွမ်းအားက သူတော်စင်အဆင့် နည်းစနစ် တစ်ခုနဲ့ နှိုင်းယှဉ်နိုင်တယ်...]

[လက်နက်... တောင်ဖြိုခွဲခြင်း ရွှေရောင်လှံရှည်]

[အဆင့်... အဋ္ဌမ အဆင့်နိမ့်]

[ဖော်ပြချက်... နက်နဲသလင်းကျောက် ရွှေနဲ့ ပြုလုပ်ထားတဲ့ လက်နက်တစ်ခုဖြစ်ပြီးတော့ အားကောင်းတဲ့ ထက်ရှမှုနဲ့ ပြင်းထန်တဲ့ ဖျက်ဆီးနိုင်စွမ်းကို ပိုင်ဆိုင်ထားတယ်...]

[ဆေးလုံး... ကောင်းကင်ဘုံ မူလအစ ဆေးလုံး]

[အဆင့်... အဋ္ဌမ အဆင့်နိမ့်]

[ဖော်ပြချက်... သန့်စင်တဲ့ စိတ်ဝိညာဉ်စွမ်းအင်နဲ့ စိတ်ဝိညာဉ်ဆေးပင် အများအပြားကနေ ဖန်တီးထားပြီးတော့ နူးညံ့တဲ့ စိတ်ဝိညာဉ်စွမ်းအင် အမြောက်အများ ပါဝင်ပြီးဟကျင့်ကြံသူတွေကို မြန်မြန်ဆန်ဆန် ချိုးဖျက်ဝင်ရောက်နိုင်အောင် ကူညီပေးနိုင်တယ်...]

[စိတ်ဝိညာဉ်ဆေးလုံး... နက်နဲသိမ်မွေ့ဓား စိတ်ဝိညာဉ်ဆေးလုံး]

[အဆင့်... အဋ္ဌမ အဆင့်မြင့်]

[ဖော်ပြချက်... စားသုံးပြီးနောက်... တစ်စုံတစ်ယောက်ရဲ့ ဓားစိတ်ဆန္ဒကို အများကြီး မြှင့်တင်ပေးနိုင်ပြီးတော့ ဓားကျင့်ကြံသူတွေအတွက် ရှားပါးရတနာတစ်ခု ဖြစ်တယ်...]

[စိတ်ဝိညာဉ်ဆေးပင်... နိုးထခြင်း လက်ဖက်ပင်]

[အဆင့်... သတ္တမ အဆင့်နိမ့်]

[ဖော်ပြချက်... စိတ်ကို လန်းဆန်းစေဖို့နဲ့ ကျင့်ကြံခြင်း အမြန်နှုန်းကို ယာယီတိုးမြှင့်ဖို့ လက်ဖက်ရည်ဖျော်ရာမှာ အသုံးပြုတဲ့ အရမ်းကောင်းမွန်တဲ့ လက်ဖက်ရွက် ဖြစ်တယ်...]

[စိတ်ဝိညာဉ်ဆေးပင်... ဖီးနစ် အနှစ်သာရ သစ်သီး]

[အဆင့်... သတ္တမ အဆင့်မြင့်]

[ဖော်ပြချက်... လင်းလုံတောင်တန်းမှာပဲ တွေ့ရတဲ့ စိတ်ဝိညာဉ်သစ်သီး တစ်လုံးဖြစ်ပြီး... ငှက်သွေးမျိုးဆက် ရှိတဲ့ သတ္တဝါတွေအပေါ် အထူးအကျိုးသက်ရောက်မှုရှိတယ်...]

[လက်နက်... နက်နဲသိမ်မွေ့ ငှက်မွှေးယပ်တောင်]

[အဆင့်... အဋ္ဌမ အဆင့်မြင့်]

[ဖော်ပြချက်... လင်းလုံ ကောင်းကင်ငှက် မျိုးနွယ်စု ခေါင်းဆောင်ရဲ့ လက်နက်ဖြစ်ပြီးတော့ တိုက်ပွဲမှာ အထောက်အကူ ဖြစ်စေဖို့ ဧရာမလေဆင်နှာမောင်းကြီးတွေကို ဖန်တီးနိုင်ပြီး အရမ်းကြီးမားတဲ့ သတ်ဖြတ်နိုင်မှု အတိုင်းအတာ ရှိတယ်...]

Book 6 end.

All Chapters