← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

အခန်း (၆၄) ကောင်းကင်ဘုံဓား သူတော်စင်ဆေးလုံး.... မြောက်ပိုင်းမရဏနယ်မြေတွင် နာမည်ကျော်ကြားသွားခြင်း

ဤအရာပြီးနောက်...

စုရှီယုသည် စိတ်ဝိညာဉ် ချိုးဖျက်ခြင်း သူတော်စင် ဆေးလုံးကို ပြသရန်အတွက် လေလံ စားပွဲပေါ်တွင် တင်လိုက်၏။

သူမက အပြုံးနှင့် မိတ်ဆက်ပေးလိုက်သည်။

"နောက်တစ်ခုကတော့ ဒီလေလံပွဲရဲ့ နောက်ဆုံးပိတ်ပွဲပစ္စည်းပါ..."

"နဝမ အထွတ်အထိပ်အဆင့် ဆေးလုံးဖြစ်တဲ့... စိတ်ဝိညာဉ် ချိုးဖျက်ခြင်း သူတော်စင်ဆေးလုံး"

"စိတ်ဝိညာဉ် ချိုးဖျက်ခြင်း သူတော်စင် ဆေးလုံးကို တန်ဖိုးကြီး စိတ်ဝိညာဉ်ဆေးပင်များစွာကနေ ဖန်တီးထားပြီးတော့ ကျင့်ကြံခြင်း အမြန်နှုန်းကို တိုးမြှင့်ပေးနိုင်သလို ချိုးဖျက်ဝင်ရောက်နိုင်မယ့် အခွင့်အရေးကိုလည်း တိုးတက်စေတယ်... ဒါကို စားသုံးပြီးတဲ့နောက် လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းက သေချာပေါက် အများကြီး မြင့်တက်သွားမှာပါ..."

"စတင်လေလံဈေး... အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး သန်း ၂၀၀..."

လေလံဈေးကို ကြေညာလိုက်သည်နှင့် တပြိုင်နက်...

ယခင် ပိတ်ပွဲပစ္စည်းကို လေလံဆွဲရန် မအောင်မြင်ခဲ့သော ခန်းမဆောင်အတွင်းရှိ အင်အားစုများသည် ထပ်မံ၍ စတင်ယှဉ်ပြိုင်ကြတော့သည်။

ခန်းမဆောင် ၁ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၅၀၀..."

ခန်းမဆောင် ၆ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၆၀၀..."

ခန်းမဆောင် ၄ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၂၁၀၁၃..."

ခန်းမဆောင် ၄ ရှိ အင်အားစုမှ လေလံဆွဲပြီးနောက် အချိန်တခဏကြာသည်အထိ တခြားပြိုင်ဆိုင်မှု မရှိတော့ချေ။

"ငါတို့ အဲ့ဒါကို ရတော့မှာလား..."

ခန်းမဆောင် ၄ အတွင်း၌ အကြီးအကဲတစ်ဦး၏ မျက်နှာပေါ်တွင် ဝမ်းမြောက်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။

သို့သော် ထိုအချိန်မှာပင် ခန်းမဆောင် ၃ က လေလံဆွဲလိုက်သည်။

"ငါ နှစ်သောင်းတစ်ထောင့်တစ်ရာနဲ့ လေလံဆွဲတယ်..."

ခန်းမဆောင် ၄ ရှိ အကြီးအကဲသည် ချက်ချင်းဆိုသလို ဒေါသကြောင့် သူ၏မျက်နှာ နီရဲသွားခဲ့သော်လည်း သူ ဘာမှမလုပ်နိုင်တော့ချေ။

သူတို့၏ ယခင် လေလံဆွဲမှုသည် သူတို့ ယူဆောင်လာခဲ့သော ပိုင်ဆိုင်မှုများအားလုံး ဖြစ်နေခဲ့လေပြီ။

ထို့ကြောင့် နောက်ဆုံး ပိတ်ပွဲပစ္စည်းကို အထူးဧည့်သည်တော် အခန်းနံပါတ် ၃ က အောင်မြင်စွာ လေလံဆွဲသွားခဲ့လေ၏။

ထို့နောက် စုရှီယုက တောက်ပနေသော ကြယ်ရောင်အလင်းတန်းများကို ဦးညွှတ်လိုက်သည်။

သူမက ဖြည်းညှင်းစွာ ပြောဆိုသည်။

"ဒီလေလံပွဲကတော့ အခု ပြီးဆုံးသွားပါပြီ..."

"လာရောက်ပေးကြတဲ့ လေးစားအပ်တဲ့ ဧည့်သည်တော်တွေအားလုံးကို ထပ်ပြီးကျေးဇူးတင်ပါတယ်... ဖြည်းဖြည်းချင်း ပြန်ကြပါ..."

ထိုသို့ ပြောဆိုပြီးနောက် စုရှီယုသည် လေလံစင်မြင့်ပေါ်မှ ပျောက်ကွယ်သွားလေ၏။

အနောက်ဘက် နားနေခန်းတွင် လင်းရှောင်က လက်ဖက်ရည်ကို တိတ်ဆိတ်စွာ သောက်နေခဲ့သည်။

လေလံရုံအပေါ် သူ၏ထိန်းချုပ်မှုမှတဆင့် ချင်းယွမ်မြင့်မြတ်နယ်မြေ၏ အကြီးအကဲရွှီ မထွက်ခွာသေးကြောင်းကို သူ သတိပြုမိသွားသည်။

ထို့အစား သူသည် ဤနေရာဆီသို့ လျှောက်လှမ်းလာရင်း ဟိုဟိုဒီဒီ လှည့်လည်သွားလာနေခဲ့သည်။

လင်းရှောင်က ခပ်ဖျော့ဖျော့ပြုံးကာ တီးတိုးရေရွတ်လိုက်၏။

"ချင်းယွမ်မြင့်မြတ်နယ်မြေက ကောင်တွေ... မင်းတို့ ဘာလုပ်ဖို့ ကြံစည်နေလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."

ထိုသို့ ပြောဆိုပြီးနောက် လင်းရှောင်၏ အတွေးများ လှုပ်ရှားသွားကာ ဟိုဟိုဒီဒီ လှည့်လည်သွားလာနေသော အကြီးအကဲရွှီကို သူ၏ရှေ့သို့ တိုက်ရိုက်ရွှေ့ပြောင်းလိုက်သည်။

အကြီးအကဲရွှီသည် အချိန်တခဏ​ကြာမျှ ထိတ်လန့်သွားသည်။

လင်းရှောင်ကို မြင်သောအခါ သူ လျှင်မြန်စွာ အသိဝင်လာပြီး တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"လူငယ်လေး... မင်းက ငါ့ကို ဒီနေရာကို ပို့လိုက်တာ မဟုတ်လား... မင်းက ဒီလေလံရုံရဲ့ ပိုင်ရှင်လား..."

လင်းရှောင်က သူ၏ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး သူ၏မျက်လုံးထဲတွင် ကောက်ကျစ်သော အရိပ်အယောင်တစ်ခု လင်းလက်သွားကာ အေးအေးလူလူ ပြောဆိုလိုက်သည်။

"မဟုတ်ပါဘူး..."

"ကျွန်တော်တို့ လေလံရုံရဲ့ ပိုင်ရှင်က ဥက္ကဋ္ဌ လီပါ... ကျွန်တော်က တာဝန်ခံတစ်ယောက်ပါပဲ..."

"ခင်ဗျားက ဘယ်သူလဲဆိုတာ မေးလို့ ရမလား..."

အကြီးအကဲရွှီက သူ၏မျက်လုံးများကို မှေးစင်းကာ ပြောဆိုသည်။

"ဒီအဘိုးကြီးက ချင်းယွမ်မြင့်မြတ်နယ်မြေရဲ့ အကြီးအကဲရွှီပဲ... ဂိုဏ်းချုပ်ရဲ့ အမိန့်နဲ့ လေလံရုံ ပိုင်ရှင်နဲ့ မိတ်ဆွေဖွဲ့ဖို့ ရောက်လာတာ..."

"တာဝန်ခံ... မင်းရဲ့ ဥက္ကဋ္ဌလီကို ဒီအဘိုးကြီးနဲ့ မိတ်ဆက်ပေးလို့ ရမလား..."

အကြီးအကဲရွှီ၏ စကားများကို ကြားပြီးနောက်...

လင်းရှောင်သည် စိတ်လှုပ်ရှားနေသည့် အမူအရာမျိုး ဟန်ဆောင်ကာ အပြုံးနှင့် ပြောဆိုလိုက်သည်။

"ဒါဆိုရင် ချင်းယွမ်ကုန်းမြေရဲ့ အစွမ်းထက်ဆုံး အင်အားစုက အကြီးအကဲ ဖြစ်နေတာပေါ့... မလေးမစား လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်..."

"ကျွန်တော်တို့ လေလံရုံရဲ့ အစွမ်းထက်ဆုံး ဥက္ကဋ္ဌ လီကို အခုချက်ချင်း သွားခေါ်လိုက်ပါ့မယ်..."

အစွမ်းထက်ဆုံးလား...

အရမ်းကောင်းတာပေါ့... ဒီဥက္ကဋ္ဌလီမှာ ဘယ်လိုစွမ်းအားမျိုးတွေ ရှိလဲဆိုတာကို ငါ မကြာခင် တွေ့ရတော့မယ်... ပြီးရင် ဒီလေလံရုံရဲ့ အစစ်အမှန် အင်အားကို ငါ သိရတော့မှာပဲ...

ဤအကြောင်းကို တွေးမိသောအခါ...

အကြီးအကဲရွှီ၏ မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်သော အောင်ပွဲခံအပြုံးတစ်ခု ထွက်ပေါ်လာသည်။

လင်းရှောင်ကလည်း ခပ်ဖျော့ဖျော့ပြုံးပြီး လီယီကို ဤနေရာသို့လာရန် အသံသတင်းစကား ပို့လိုက်သည်။ နောက်ပိုင်းတွင် သူ၏ အရိပ်အကဲကိုကြည့်၍ ပြုမူရန် လီယီကို ညွှန်ကြားလိုက်၏။

မကြာမီမှာပင် လီယီက ခန်းမထဲသို့ ဝင်ရောက်လာသည်။

လီယီ စကားမပြောနိုင်မီမှာပင် လင်းရှောင်က ပြောဆိုသည်။

"ဥက္ကဋ္ဌ လီ... ရောက်လာပြီပဲ...ချင်းယွမ်မြင့်မြတ်နယ်မြေက ဒီအကြီးအကဲရွှီက ဥက္ကဋ္ဌကို တွေ့ချင်နေလို့ပါ..."

လင်းရှောင် စကားပြောနေစဉ်က လီယီကို မျက်စိမှိတ်ပြကာ တိတ်တဆိတ် သတင်းစကား ပေးပို့လိုက်သည်။

"သူ့ကို မင်းရဲ့ နယ်ပယ်အရှိန်အဝါကို ပြလိုက်..."

လီယီသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း လျှင်မြန်စွာ တုံ့ပြန်လိုက်၏။

သူက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုသည်။

"အကြီးအကဲရွှီဆိုတာ ခင်ဗျားလား... ဘာများ ကူညီပေးရမလဲ..."

စကားပြောဆိုနေစဉ် လီယီ၏ သူတော်စင်နယ်ပယ် အရှိန်အဝါ ထွက်ပေါ်လာသည်။

အကြီးအကဲရွှီသည် အပြင်ပန်းတွင် ထိုဖိအားကြောင့် ကြောက်ရွံ့သွားဟန်ပြကာ သူ၏နဖူးပေါ်တွင် ချွေးစေးများ ထွက်လာခဲ့သော်လည်း သူ၏စိတ်ထဲတွင်မူ ဝမ်းမြောက်နေခဲ့သည်။

"ဒါက အရင်တုန်းက အရောင်းမြှင့်တင်ဖို့ ရောက်လာတဲ့ သူတော်စင် မဟုတ်လား... သူက တိမ်တိုက်ကောင်းကင်လေလံရုံရဲ့ ဥက္ကဋ္ဌ ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."

"သူကိုယ်တိုင်တောင် အရောင်းမြှင့်တင်ဖို့ အပြင်ထွက်ရတယ်ဆိုတော့... ကြည့်ရတာ ဒီလေလံရုံမှာ တခြား အစွမ်းထက်တဲ့သူတွေ မရှိလောက်တော့ဘူး ထင်တယ်..."

"ဟားဟားဟား... ကြည့်ရတာ အနာဂတ်အတွက် စိုးရိမ်စရာ ဘာမှ မရှိတော့ဘူးပဲ..."

ဤအကြောင်းကို တွေးမိသောအခါ အကြီးအကဲရွှီ၏ နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွားသည်။ ဤသည်မှာ ချင်းယွမ်မြင့်မြတ်နယ်မြေက လေလံရုံကို တစ်ချက်တည်း သိမ်းပိုက်လိုက်သည့် မြင်ကွင်းကို သူ ကြိုတင်မြင်ယောင်နေသည့်အလားပင်။

ယုံကြည်မှုအပြည့်ဖြင့် အကြီးအကဲရွှီသည် ပေါ့ပေါ့ပါးပါး နှာမှုတ်ကာ မောက်မာထောင်လွှားစွာ ပြောဆိုလိုက်၏။

"ကြီးကြီးမားမားတော့ မဟုတ်ပါဘူး... မင်းတို့ လုပ်ရပ်တွေမှာ သိပ်ပြီး ပေါ်ပေါ်ထင်ထင် မလုပ်ဖို့ လာအသိပေးတာပါ..."

"မကြာသေးမီက တိမ်တိုက်ကောင်းကင်လေလံရုံရဲ့ လုပ်ရပ်တွေက ချင်းယွမ်ကုန်းမြေရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်နေပြီ... ဒါပေမဲ့ ဒါက မင်းတို့ရဲ့ ပထမဆုံးအကြိမ် အမှား ဖြစ်တာမလို့... ငါတို့က အရေးမယူတော့ဘူး..."

မောက်မာနေသော အကြီးအကဲရွှီကို ကြည့်ကာ လီယီ၏ နှုတ်ခမ်းများ အနည်းငယ် တုန်ယင်သွားပြီး သူ့ကို သေအောင် ရိုက်သတ်ချင်စိတ်များ ပေါက်ဖွားလာသည်။

သို့သော် သူ၏ဘေးတွင် တိတ်ဆိတ်နေသော လင်းရှောင်ကို မြင်သောအခါ လီယီသည် သူ့ကိုယ်သူ ထိန်းချုပ်ထားရုံသာ တတ်နိုင်တော့သည်။

"ကောင်းပြီ... တခြား ဘာမှ မရှိတော့ဘူး... ဒီအဘိုးကြီးကို သွားခွင့်ပြုပါဦး..."

လင်းရှောင်နှင့် လီယီတို့ စကားပြောရန် မစောင့်တော့ဘဲ အကြီးအကဲရွှီသည် မှတ်ချက်တစ်ခု ချန်ထားရစ်ပြီး ခန်းမအတွင်းမှ ထွက်ခွာသွားသည်။ သူသည် လင်းရှောင်နှင့်တခြားသူများကို လုံးဝဂရုမစိုက်တော့ချေ။

အကြီးအကဲရွှီ လေလံရုံမှ ထွက်ခွာသွားသည်အထိ စောင့်ပြီးမှသာ လင်းရှောင်က တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"လောဘကြီးပြီး မောက်မာတဲ့ လူအိုကြီး..."

"ဘယ်သူက မုဆိုး ဘယ်သူက သားကောင် ဆိုတာကို မဆုံးဖြတ်ရသေးဘူးလေ..."

နောက်တစ်နေ့တွင်...

ချင်းယွမ်မြင့်မြတ်နယ်မြေ၏ ဂိုဏ်းခန်းမဆောင်၌...

လျှူယွမ်နှင့် မြင့်မြတ်နယ်မြေ၏ အကြီးအကဲများ အားလုံး စုဝေးနေကြ၏။

ထို့နောက် အကြီးအကဲရွှီသည် ရှေ့သို့ ထွက်လာပြီး တိမ်တိုက်ကောင်းကင်လေလံရုံတွင် သူ မြင်တွေ့ကြားသိခဲ့ရသမျှကို ပြန်ပြောပြလေသည်။

ထိုစကားများကို နားထောင်ပြီးနောက် လျှူယွမ်က ခေါင်းညိတ်လိုက်ပြီး ပြောဆိုသည်။

"ဒီလေလံရုံက ဒီလောက်ထိ ကြီးမားတဲ့ ရတနာသိုက်ကြီး ဖြစ်နေလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး... ပြီးတော့ သူတို့ရဲ့ အစွမ်းထက်ဆုံး လူက သူတော်စင်နယ်ပယ် အစောပိုင်းအဆင့်ပဲ ရှိတယ်ပေါ့..."

"ဟား ဟား ဟား... ဒီတိမ်တိုက်ကောင်းကင်လေလံရုံကို ငါတို့ သိမ်းပိုက်လိုက်တာနဲ့... ငါတို့ရဲ့ ချင်းယွမ်မြင့်မြတ်နယ်မြေက အင်အားတွေ တဟုန်ထိုး မြင့်တက်လာပြီးတော့ မြောက်ပိုင်းမရဏနယ်ပယ် တစ်ခုလုံးမှာ အစွမ်းထက်ဆုံး မြင့်မြတ်နယ်မြေ ဖြစ်လာမှာ သေချာတယ်"

လျှူယွမ်သည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ပြီး သူ၏မျက်လုံးများတွင် လောဘနှင့် ရူးသွပ်မှုများ ပြည့်နှက်နေပေ၏။

ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်ပြီး အမိန့်ပေးလိုက်သည်။

"မြင့်မြတ်နယ်မြေရဲ့ အကြီးအကဲတွေ အားလုံး... ငါ့ရဲ့ အမိန့်ကို နားထောင်ကြစမ်း"

"နောက် သုံးရက်နေရင်... ငါတို့ အားလုံး ဂိုဏ်းရဲ့ ပျံသန်းရေးလှေပေါ်ကို တက်ပြီး... တိမ်တိုက်ကောင်းကင်လေလံရုံကို တစ်ချက်တည်းနဲ့ သိမ်းပိုက်ကြမယ်"

သုံးရက်ဆိုသော အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားပေ၏။

ချင်းယွမ်မြင့်မြတ်နယ်မြေ၏ ပျံသန်းရေးလှေသည် ဂိုဏ်း၏ ဧရာမဝင်္ကပါအတွင်းမှ လျှင်မြန်စွာ ပျံသန်းလာပြီး ယန်အောင်းတော်ဝင်နိုင်ငံဆီသို့ ဦးတည်သွားလေသည်။

တိမ်တိုက်ကောင်းကင်လေလံရုံ အတွင်း၌...

လင်းရှောင်က သူ၏လက်ထဲရှိ ရွှီမိုထံမှ ပေးပို့လိုက်သော အရေးပေါ်စာကို ကြည့်လိုက်သည်။

'ချင်းယွမ်မြင့်မြတ်နယ်မြေရဲ့ အစွမ်းထက် အကြီးအကဲတွေအားလုံး ဂိုဏ်းကနေ ထွက်လာပြီး ဥက္ကဋ္ဌတို့ဆီကို ဦးတည်လာနေကြတယ်...

ဥက္ကဋ္ဌ လင်း... ကျေးဇူးပြုပြီး ဂရုစိုက်ပါ

ရွှီမို'

လင်းရှောင်သည် စာကို နံဘေးသို့ ပေါ့ပေါ့ပါးပါး ချထားလိုက်ပြီး သူ၏မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသော အပြုံးတစ်ခု ထင်ဟပ်နေသည်။

ထို့နောက် သူသည် သွမ်ခုန်း၊ လီအာနှင့် လီစန်းတို့ကို ခေါ်လိုက်၏။

သူသည် ကျန်ရှိနေသော မန်ရှန်းတာအိုပညာရှင် အမွေအနှစ်နှစ်ခုကို ပေါ့ပေါ့ပါးပါး လဲလှယ်ပြီး လီအာနှင့်လီစန်းတို့ထံသို့ ပေးအပ်လိုက်သည်။

ထို့နောက် လင်းရှောင်သည် နို့နှစ်ရောင် အလင်းတန်းများ ထွက်ပေါ်နေသည့် ရွှေရောင် ဆေးလုံးတစ်လုံးဖြစ်သော ကောင်းကင်ဘုံဓား သူတော်စင်ဆေးလုံးကို ထုတ်ယူလိုက်သည်။

"ကောင်းကင်ဘုံဓား သူတော်စင်ဆေးလုံး"

"အဆင့်... ဧကရာဇ် အလယ်အလတ်အဆင့်"

"ဖော်ပြချက်... အရမ်းရှားပါးတဲ့ ဓားဆေးလုံး...ဒါကို စားသုံးပြီးရင် ကောင်းကင်ဘုံ ဖြိုခွဲခြင်း ဓားစိတ်ဆန္ဒကို နားလည်သဘောပေါက်နိုင်တယ်... ဒီဆေးလုံးကို စားသုံးတဲ့ ဓားကျင့်ကြံသူတွေက သူတို့ရဲ့ ကျင့်ကြံခြင်းကို အများကြီး တိုးမြှင့်နိုင်ပြီးတော့ ခွန်အား တဟုန်ထိုး မြင့်တက်လာမှုကို ခံစားရနိုင်တယ်..."

လင်းရှောင်သည် ဆေးလုံးကို သွမ်ခုန်းအား စားသုံးရန် ပေးလိုက်၏။

အသက်ရှူအကြိမ် အနည်းငယ် အကြာတွင်...

သွမ်ခုန်းက သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ပြိုင်ဘက်ကင်း နတ်ဘုရား အရှိန်အဝါများ ထွက်ပေါ်နေသည်။

"သွမ်ခုန်း"

"မျိုးနွယ်... လူသားမျိုးနွယ်"

"နယ်ပယ်... သူတော်စင်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်"

"ဖော်ပြချက်... ကောင်းကင်ဘုံ ဖြိုခွဲခြင်း ဓားစိတ်ဆန္ဒကို နားလည်သဘောပေါက်ထားတဲ့ ဓားကျင့်ကြံသူ တစ်ယောက်... သူ့ရဲ့ ခွန်အားက နှိုင်းယှဉ်လို့မရအောင် အားကောင်းပြီး... သူတော်စင်အရှင်သခင် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်တယ်..."

တစ်ချိန်တည်းမှာပင် အဝေးရှိ ကောင်းကင်ယံတွင် ဧရာမ ပျံသန်းရေးလှေကြီး တစ်စင်းက လျင်မြန်စွာ ချဉ်းကပ်လာပေ၏။

ပျံသန်းရေးလှေပေါ်တွင် သူတော်စင် နှစ်ပါးနှင့် သူတော်စင်ဘုရင် တစ်ပါးတို့၏ အရှိန်အဝါများ ထွက်ပေါ်နေသည်။

လင်းရှောင်၏မျက်နှာက တည်ငြိမ်အေးဆေးနေဆဲဖြစ်ပြီး သူက ပြောဆိုသည်။

"သွမ်ခုန်း... ဒီကိစ္စက မင်းရဲ့လက်ထဲမှာပဲ ရှိတယ်..."

သွမ်ခုန်းက ကျွမ်းကျင်စွာဖြင့် 'ကောင်းပြီ'ဟု လက်ဟန်ပြလိုက်သည်။

ထို့နောက် သူသည် ခြေဖျားတစ်ချက် ထောက်လိုက်ရုံဖြင့် ကောင်းကင်ယံတွင် ချက်ချင်းထွက်ပေါ်လာသည်။

သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီး သူ၏လက်ကို ဖမ်းဆုပ်လိုက်ရာ သူ၏ ခန္ဓာကိုယ် အတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံ ဖြိုခွဲခြင်း ဓားစိတ်ဆန္ဒသည် ရွှေရောင်ဓားရှည်တစ်လက်အဖြစ် စုစည်းသွားသည်။

ထို့နောက် သွမ်ခုန်းသည် ထိုဓားရှည်ကို ရှေ့သို့ ညင်သာစွာ ဝှေ့ယမ်းလိုက်၏။

ရွှေရောင်ဓားချီတစ်ခု ထွက်ပေါ်လာပြီး အလွန်အမင်း မြန်ဆန်သော အရှိန်နှုန်းဖြင့် ပျံ့နှံ့သွားသည်။

ပျံသန်းရေး လှေပေါ်တွင်...

ချင်းယွမ်မြင့်မြတ်နယ်မြေ၏ သူတော်စင်ဘုရင် ဘိုးဘေးက တစ်စုံတစ်ရာကို ခံစားမိသွားသည့်အလား သူ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။

သို့သော် သူ မတုံ့ပြန်နိုင်မီမှာပင် ရွှေရောင် ဓားချီသည် ပျံသန်းရေးလှေတစ်စင်းလုံးကို ချက်ချင်းဆိုသလိုပင် ဖြတ်သန်းတိုက်ခတ်သွားသည်။

ဧရာမ ပျံသန်းရေး လှေကြီးသည် မီးလောင်နေသော စက္ကူစတစ်ရွက်အလား ပြာအဖြစ် ချက်ချင်းပြောင်းလဲသွားပြီး အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားပေ၏။

ကြောက်မက်ဖွယ်ကောင်းသော ဓားချီသည် ဆက်လက်၍ တိုးဝင်သွားပြီး ပြိုင်ဘက်ကင်းသော ဓားစိတ်ဆန္ဒကို သယ်ဆောင်ကာ မြောက်ပိုင်းမရဏနယ်မြေ ကုန်းမြေဆယ့်ကိုးခု၏ကောင်းကင်ယံရှိ လွင့်မျောနေသော တိမ်တိုက်များကို သုတ်သင်ရှင်းလင်းသွားသည်။

ထိုအရာများသည် အဆုံးအစမဲ့သော နယ်နိမိတ်ပင်လယ်ကြီးသို့ ရောက်ရှိသွားသောအချိန်မှသာ တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။

ဤကိစ္စကို ပြုလုပ်ပြီးနောက် သွမ်ခုန်း၏ မျက်နှာပေါ်တွင် အလွန်အမင်း အေးစက်သော အမူအရာတစ်ခု ထွက်ပေါ်လာပြီး သူက နှိုင်းယှဉ်လို့မရအောင် ဩဇာလွှမ်းမိုးမှုရှိသော အသံဖြင့် ကြေညာချက်တစ်ခုကို ကျယ်လောင်စွာ ထုတ်ပြန်ကြေညာလိုက်သည်။

"အခုကစပြီး... တိမ်တိုက်ကောင်းကင်လေလံရုံကို ရန်စတဲ့ ဘယ်သူ့ကိုမဆို သနားညှာတာမှု ကင်းမဲ့စွာ သတ်ပစ်မယ်"

အချိန်တခဏအတွင်း မြောက်ပိုင်းမရဏနယ်မြေရှိ မြင့်မြတ်နယ်မြေအားလုံးမှ အစွမ်းထက်ပုဂ္ဂိုလ်အားလုံး ထိတ်လန့်သွားကြပြီး သူတို့၏ မျက်နှာများပေါ်တွင် တည်ကြည်လေးနက်သော အမူအရာများ ထွက်ပေါ်လာပေ၏။

သူတော်စင် အရှိန်အဝါများက သူတို့၏ မျက်လုံးများထဲတွင် လှိုင်းထန်နေသည်။

မိုင်ပေါင်းသိန်းနှင့်ချီ ဝေးကွာသော နေရာမှနေ၍...

သူတို့သည် ကောင်းကင်ယံရှိ ဩဇာလွှမ်းမိုးမှုရှိသော သွမ်ခုန်းအပြင် အထက် ကောင်းကင်ယံတွင် လွင့်မျောနေသော ခမ်းနားထည်ဝါသည့် အဆောက်အအုံဖြစ်သော တိမ်တိုက်ကောင်းကင်လေလံရုံကိုလည်း မြင်တွေ့လိုက်ရသည့်အလားပင်။

All Chapters