← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

အခန်း (၆၆) ကျင့်ကြံခြင်းနယ်ပယ် လျင်မြန်စွာ မြင့်တက်လာခြင်း.... အင်မော်တယ် မြှုပ်နှံခြင်းစေတီ စည်းတံဆိပ်

"ကျွတ် ကျွတ်... ဒီတုံ့ပြန်မှုတွေကနေရတဲ့ ရတနာတွေက တကယ့်ကို အရင်ကထက် ပိုကောင်းလာတာပဲ..."

"သာမန် မြင့်မြတ်နယ်မြေတစ်ခုရဲ့ အခြေခံ အုတ်မြစ်တွေကတောင် အခုလက်ရှိ ငါ့ပိုင်ဆိုင်မှုရဲ့ ဆယ်ပုံတစ်ပုံတောင် ရှိမှာမဟုတ်ဘူးလို့ ငါ ထင်တယ်..."

"ဒီအရာတွေကို ငါ သေချာ စီစဉ်ရမယ်..."

လင်းရှောင် အချိန်တခဏကြာမျှ စဉ်းစားလိုက်ပြီး ပထမဆုံးအနေဖြင့် သိုင်းပညာနည်းစနစ်များကို ထုတ်ယူလိုက်၏။

ရွှေရောင်မျက်နှာဖုံးများရှိသော ရှေးဟောင်းစာအုပ်များ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။

လင်းရှောင်သည် တုံ့ဆိုင်းမနေဘဲ သိုင်းပညာနည်းစနစ်တစ်ခုကို ချက်ချင်းဖွင့်ပြီး စတင်လေ့လာလိုက်သည်။

"နဝမ အဆင့်မြင့် သိုင်းပညာနည်းစနစ်ဖြစ်တဲ့ ကောင်းကင်ယံ လွတ်မြောက်ခြင်း သိုင်းပညာနည်းစနစ်ကို တွေ့ရှိပါတယ်... အလိုအလျောက် နားလည်သဘောပေါက်ခြင်း..."

"သူတော်စင်ဘုရင် အဆင့်မြင့် သိုင်းပညာနည်းစနစ်ဖြစ်တဲ့ လောကပျက်သုဉ်းခြင်းလှံရှည်ကို တွေ့ရှိပါတယ်... အလိုအလျောက် နားလည်သဘောပေါက်ခြင်း..."

"သူတော်စင်အရှင်သခင် အထွတ်အထိပ်အဆင့် သိုင်းပညာနည်းစနစ်ဖြစ်တဲ့ မလှုပ်မယှက် ဉာဏ်ပညာဘုရင် ရုပ်ခန္ဓာကိုယ်ကို တွေ့ရှိပါတယ်... အလိုအလျောက် နားလည်သဘောပေါက်ခြင်း..."

"သူတော်စင်အရှင်သခင် အထွတ်အထိပ်အဆင့် သိုင်းပညာနည်းစနစ်ဖြစ်တဲ့ နက်နဲသိမ်မွေ့ ဧကရာဇ် လောကဖိနှိပ်ခြင်း စည်းတံဆိပ်ကို တွေ့ရှိပါတယ်... အလိုအလျောက် နားလည်သဘောပေါက်ခြင်း..."

မကြာမီ စနစ်၏အကူအညီဖြင့် လင်းရှောင်သည် သိုင်းပညာနည်းစနစ်များအားလုံးကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်ခဲ့လေ၏။

လင်းရှောင်သည် သူ၏ စိတ်ထဲရှိ သိုင်းပညာနည်းစနစ် အတွေ့အကြုံများကို စုပ်ယူပြီး သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

"ကောင်းကင်အက်ကွဲခြင်းနယ်ပယ် ကျင့်ကြံခြင်းနဲ့ သူတော်စင်အရှင်သခင်အဆင့်နဲ့ ဧကရာဇ်အဆင့် သိုင်းပညာနည်းစနစ်တွေကိုတောင် နားလည်သဘောပေါက်နိုင်တယ် ဆိုတာက... မြောက်ပိုင်းမရဏနယ်မြေတစ်ခုလုံးရဲ့ သမိုင်းမှာ ဒီလိုလူမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး ထင်တယ်..."

"ငါ့ရဲ့လက်ထဲမှာ ဒီလောက်ထိ အစွမ်းထက်တဲ့ သိုင်းပညာနည်းစနစ်တွေ ရှိနေတော့ သူတော်စင်နယ်ပယ် အောက်က ဘယ်သူမှ ငါ့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး..."

လင်းရှောင်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။

သူသည် ကောင်းကင်အက်ကွဲခြင်းနယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသော အစွမ်းထက် သိုင်းပညာနည်းစနစ် အများအပြားကို ပိုင်ဆိုင်ထားသည်။

တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ပင်လျှင် သူ၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ချေ

သေချာသည်မှာ ဤသည်က လင်းရှောင်၏ ခန့်မှန်းချက်သက်သက်ပင်။ အစစ်အမှန် အခြေအနေကိုမူ တိုက်ပွဲတစ်ခု အမှန်တကယ် တိုက်ခိုက်ပြီးမှသာ သိနိုင်ပေမည်။

ထို့နောက်...

လင်းရှောင်သည် အချိန်တခဏကြာမျှ တွေးတောလိုက်ပြီးနောက် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။

"အိမ်ရှင်... လင်းရှောင်"

"မျိုးနွယ်... လူသားမျိုးနွယ် / ကမ္ဘာခြားနတ်ဆိုး"

"နယ်ပယ်... ကောင်းကင်အက်ကွဲခြင်းနယ်ပယ် အစောပိုင်းအဆင့်"

"ရုပ်ခန္ဓာကိုယ်... ဖရိုဖရဲစိတ်ဝိညာဉ်ဘုရင် ရုပ်ခန္ဓာကိုယ် (ဘုရင်အဆင့်)"

"သိုင်းပညာ ကျွမ်းကျင်မှုများ... ကျောက်တုံးခွဲလက်ဝါး (ပထမ အဆင့်မြင့်)၊ ကျားနက်နှလုံးဖောက်လက်ဝါး (ပဉ္စမ အလယ်အလတ်အဆင့်)၊ စိတ်ဝိညာဉ်ဖုံးကွယ်ခြင်းနည်းစနစ် (အဆင့်မဲ့)၊ နတ်ဘုရားသတ်ဖြတ်ခြင်းဓား (သတ္တမ အထွတ်အထိပ်အဆင့်)၊ ယန်တစ်လှိုင်း ကောင်းကင်လောင်ကျွမ်းခြင်း လက်ညှိုး (သူတော်စင်ဘုရင် အထွတ်အထိပ်အဆင့်)၊ နက်နဲသိမ်မွေ့ ဧကရာဇ် လောကဖိနှိပ်ခြင်း စည်းတံဆိပ် (သူတော်စင်အရှင်သခင် အထွတ်အထိပ်အဆင့်)၊ လောကပျက်သုဉ်းခြင်းလှံရှည် (သူတော်စင်ဘုရင် အဆင့်မြင့်)၊ မလှုပ်မယှက် ဉာဏ်ပညာဘုရင် ရုပ်ခန္ဓာကိုယ် (သူတော်စင်အရှင်သခင် အထွတ်အထိပ်အဆင့်)..."

"နတ်ဘုရားစွမ်းရည် / အင်မော်တယ်နည်းစနစ်... ချီတစ်စက သန့်စင်ခြင်းသုံးခုအဖြစ် ပြောင်းလဲခြင်း (ထိပ်တန်း နတ်ဘုရားစွမ်းရည်)"

"စနစ် ဟင်းလင်းပြင်... အိမ်ရှင် ကိုယ်ပွား၊ ပိုင်ကျဲ့ (စီးတော်ယာဉ်)၊ သွေးဆာလောင်ခြင်း မိစ္ဆာချိတ်ပိတ်ဓား (နဝမ အလယ်အလတ်အဆင့်)၊ သွေးဖန်တီးခြင်း မူလအစဆေးလုံး (ဆဋ္ဌမ အထွတ်အထိပ်အဆင့်)၊ မူလအစ ရွှေသံချပ်ကာ ( ဧကရာဇ် အဆင့်မြင့်)၊ တာအိုနားလည်သဘောပေါက်ခြင်း စိတ်ဝိညာဉ် တက်လှမ်းခြင်း လက်ဖက်ရည် (သူတော်စင်အရှင်သခင် အထွတ်အထိပ်အဆင့်)၊ ဖီးနစ်ဘုရင် စိတ်ဝိညာဉ်သစ်သီး (သူတော်စင်ဘုရင် အဆင့်မြင့်)..."

"လေလံတုံ့ပြန်မှု အကြိမ်အရေအတွက်... ၀ (၂၉ ရက်အကြာတွင် ပြန်လည်ပြည့်တင်းမည်)"

"စနစ်တာဝန်... ကုန်းမြေတစ်ခုလုံးတွင် နာမည်ကြီးခြင်း"

"၁... အရောင်းအဝယ် ပမာဏ သန်း ၅၀၀ ထက် မနည်းသော လေလံပွဲတစ်ခုကို ကျင်းပပါ... လက်ရှိ တိုးတက်မှု... ၇၅၆.၃ သန်း / ၅၀၀ သန်း... ပြီးမြောက်သည်"

"၂... သူတော်စင်အဆင့် ဒါမှမဟုတ် အဲ့ဒီထက် ပိုမြင့်တဲ့ ရတနာသုံးခုကို လေလံတင်ပါ... လက်ရှိ တိုးတက်မှု... ၂ / ၂... ပြီးမြောက်သည်"

"ပြီးမြောက်ခြင်း ဆုလာဘ်... အလယ်အလတ်အဆင့် ဆင့်ခေါ်ခြင်းကတ် ၃ ကတ်၊ နယ်ပယ် တက်လှမ်းခြင်းကတ် (အိမ်ရှင် သီးသန့်) ၁ ကတ်၊ ထိပ်တန်း သိုင်းပညာနည်းစနစ် ၁ ခု"

တစ်ချိန်တည်းမှာပင်...

စနစ်၏အသံ ထွက်ပေါ်လာသည်။

"စနစ်တာဝန်ဖြစ်တဲ့ ကုန်းမြေတစ်ခုလုံးတွင် နာမည်ကြီးခြင်းကို ပြီးမြောက်ကြောင်း ရှာဖွေတွေ့ရှိပါတယ်.."

"အလယ်အလတ်အဆင့် ဆင့်ခေါ်ခြင်းကတ် ၃ ကတ်ကို ရရှိတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်..."

"နယ်ပယ် တက်လှမ်းခြင်းကတ် (အိမ်ရှင် သီးသန့်) ၁ ကတ်ကို ရရှိတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်..."

"ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာနည်းစနစ်ဖြစ်တဲ့... အင်မော်တယ် မြှုပ်နှံခြင်းစေတီ စည်းတံဆိပ်ကို ရရှိတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်..."

"စနစ်တာဝန်အသစ်ဖြစ်တဲ့... လောကတခွင် နာမည်ကျော်ကြားခြင်းကို ထုတ်ပြန်လိုက်ပါပြီ..."

"စနစ်တာဝန်... လောကတခွင် နာမည်ကျော်ကြားခြင်း"

"၁... အရောင်းအဝယ် ပမာဏ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀ဘီလီယံထက် မနည်းတဲ့ လေလံပွဲ တစ်ခုကို ကျင်းပပါ... လက်ရှိ တိုးတက်မှု... ၀ / ၁၀ဘီလီယံ"

"၂... နယ်နိမိတ်ပင်လယ်ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ အကျဉ်းချခံထားရတဲ့ ချောက်နက်မိစ္ဆာရဲ့ အကြွင်းအကျန် ခန္ဓာကိုယ်ကို သုတ်သင်ရှင်းလင်းပါ..."

"ပြီးမြောက်ခြင်း ဆုလာဘ်... ကျပန်းပစ္စည်းကတ် ၁ ကတ်၊ အဆင့်မြင့် ဆင့်ခေါ်ခြင်းကတ် ၁ကတ်"

ထို့နောက် ချက်ချင်းဆိုသလို နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာပေ၏။

"ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာနည်းစနစ်ဖြစ်တဲ့ အင်မော်တယ် မြှုပ်နှံခြင်းစေတီ စည်းတံဆိပ်ကို တွေ့ရှိပါတယ်... အလိုအလျောက် နားလည်သဘောပေါက်ခြင်း..."

ထိုအသံ အဆုံးသတ်သွားသည်နှင့် တပြိုင်နက်...

ဧရာမ အနက်ရောင် လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုက လင်းရှောင်၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။

အင်မော်တယ် မြှုပ်နှံခြင်းစေတီ စည်းတံဆိပ်၏ အမွေအနှစ်က သူ၏မှတ်ဉာဏ်ထဲသို့ ပေါင်းစပ်သွားသည်။

သူ၏ စိတ်ထဲရှိ အလွန်အမင်း အားကောင်းသော သိုင်းပညာနည်းစနစ်ကို ခံစားရင်း...

လင်းရှောင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

အကြောင်းတစ်ခုခုကြောင့်သူတော်စင်နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ကိုပင် သူ ယှဉ်ပြိုင်နိုင်မည်ဟု အမှန်တကယ် ခံစားလိုက်ရသည်။

"သူတော်စင်နယ်ပယ်အောက်မှာ တခြားလူတွေအားလုံးက ပုရွက်ဆိတ်တွေချည်းပဲ" ဆိုသော ဆိုရိုးစကားတစ်ခုက အမြဲတစေ ပျံ့နှံ့နေခဲ့သည်။

သာမန် သူတော်စင်နယ်ပယ် အစောပိုင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ပင်လျှင် တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ကို ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုတစ်ခုဖြင့် သတ်ဖြတ်ပစ်နိုင်သည်။

ဤသည်မှာ လီယီက တိမ်မြူခိုးနိုင်ငံကို ဖျက်ဆီးပစ်ခဲ့သောအချိန်က ဖြစ်ပျက်ခဲ့တဲ့အရာနှင့် အတိအကျ တူညီနေသည်။

တိမ်မြူခိုးနိုင်ငံတွင် တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ် အများအပြား ရှိနေသော်လည်း လီယီ၏ ပြိုင်ဘက် မဖြစ်ခဲ့ကြချေ။

ထို့ပြင် လင်းရှောင်သည် ဤအချိန်တွင် ကောင်းကင်အက်ကွဲခြင်းနယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိနေသေးသဖြင့်...

သူနှင့် သူတော်စင်နယ်ပယ်ကြားရှိ ကွာဟချက် မည်မျှ ထိကြီးမားကြောင်းကို ခန့်မှန်းကြည့်နိုင်သည်။

သို့သော် သူတော်စင်တစ်ပါးကို တိုက်ခိုက်နိုင်မည်ဟု သူ ခံစားလိုက်ရခြင်းက အင်မော်တယ် မြှုပ်နှံခြင်းစေတီ စည်းတံဆိပ် မည်မျှထိ ကြောက်မက်ဖွယ် ကောင်းကြောင်းကို ပြသနေလေ၏။

"ဧကရာဇ် အထွတ်အထိပ်အဆင့်... အဲ့ဒါက ဒီလောကကြီးမှာ အစွမ်းအထက်ဆုံး သိုင်းပညာနည်းစနစ် ဖြစ်လောက်တယ်..."

"ငါ ဒီလိုမျိုး ကြိုတင်ခံစားရတာ အံ့အားစရာ မဟုတ်တော့ဘူး..."

"ဧကရာဇ်နယ်ပယ်ထက် ပိုမြင့်တဲ့ နယ်ပယ်တွေ ရှိသေးလားဆိုတာ ငါ သိချင်မိတယ်..."

"ပြီးတော့ တာဝန်အသစ်ထဲက နယ်နိမိတ်ပင်လယ်ကြီး က ဘာလဲဆိုတာကိုလည်း ငါ မသိဘူး...မြောက်ပိုင်းမရဏကျမ်းစာထဲမှာတောင် အဲ့ဒါကို ဖော်ပြထားတာ မရှိဘူး..."

"ဟူး... ငါ့ရဲ့ ဗဟုသုတကို ထပ်ပြီးချဲ့ထွင်ဖို့ လိုအပ်နေပုံရတယ်... ချင်းယွမ်မြင့်မြတ်နယ်မြေ စုဆောင်းထားတဲ့ ရတနာတွေထဲမှာ သတင်းအချက်အလက်တွေ ပါဝင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်..."

လင်းရှောင်က တီးတိုးရေရွတ်လိုက်သည်။

ရလဒ်မရှိဘဲ တွေးတောနေပြီးနောက်...

သူသည် ဤသံသယများကို ဘေးဖယ်ထားလိုက်ပြီး ထိုအရာများအကြောင်းကို ဆက်မတွေးတော့ချေ။

ထို့နောက်...

လင်းရှောင်၏ အတွေးများ လှုပ်ရှားသွားကာ အပြာရောင် တောက်ပနေသော ကတ်တစ်ခု ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင်...

လင်းရှောင်သည် သူ၏ စိတ်ထဲတွင် ရေရွတ်လိုက်၏။

"စနစ်... နယ်ပယ် တက်လှမ်းခြင်းကတ်ကို ငါ့အတွက် အသုံးပြုပေး..."

ထို့နောက် ချက်ချင်းဆိုသလိုပင်...

အပြာရောင်ကတ်သည် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲသွားပြီး လင်းရှောင်၏ခန္ဓာကိုယ်ထဲသို့ တိတ်ဆိတ်စွာ ပျံသန်းဝင်ရောက်သွားတော့သည်။

ကောင်းကင်အက်ကွဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်...

ကောင်းကင်အက်ကွဲခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်...

ကောင်းကင်အက်ကွဲခြင်းနယ်ပယ်...

လင်းရှောင်က သူ၏မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားသည်။

သူ၏နယ်ပယ် မြင့်တက်လာသည်နှင့်အမျှ သူ၏ အရှိန်အဝါလည်း လျှင်မြန်စွာ မြင့်တက်လာပေ၏။

နောက်ဆုံးတွင် တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အစောပိုင်းအဆင့်သို့ ရောက်ရှိချိန်မှသာ တဖြည်းဖြည်း ရပ်တန့်သွားတော့သည်။

အသက်ရှူချိန် အနည်းငယ်အကြာတွင်...

လင်းရှောင်က သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူ သက်ပြင်းတစ်ချက်ချပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးများထဲတွင် စူးရှသော အလင်းတန်းတစ်တန်း လင်းလက်သွားပြီး သူ စိတ်မထိန်းနိုင်တော့ဘဲ အံ့အားတသင့် ရေရွတ်လိုက်သည်။

"တစ်ရက်လောက် လှည့်စားရတာက လပေါင်းများစွာ ခက်ခက်ခဲခဲ ကျင့်ကြံရတာထက် ပိုကောင်းတယ်... အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ..."

"အခုတော့... သူတော်စင် တစ်ပါးကိုတောင် သတ်ဖြတ်နိုင်မယ်လို့ ငါ ယုံကြည်မှု ရှိတယ်..."

အဓိကနယ်ပယ်ကြီးတစ်ခု မြင့်တက်သွားခြင်းက လင်းရှောင်အတွက် ကြီးမားသော တိုးတက်မှုတစ်ခုပင်။

သူ ယခင်က နားလည်သဘောပေါက်ခဲ့သော အစွမ်းထက် သိုင်းပညာနည်းစနစ်များကိုလည်း ပို၍ကောင်းမွန်စွာ အသုံးပြုနိုင်ပြီဖြစ်ပြီး ထိုအရာများ၏ စွမ်းအားက ယခင်ထက် များစွာပို၍ သာလွန်သွားခဲ့လေပြီ။

ဤသည်မှာ လင်းရှောင်က သူတော်စင် တစ်ပါးကို သတ်ဖြတ်နိုင်သည်ဟု ရဲရဲဝံ့ဝံ့ အခိုင်အမာ ပြောဆိုရခြင်း၏ အကြောင်းအရင်းလည်း ဖြစ်ပေ၏။

"တိုက်ခိုက်ရေး နည်းလမ်းတွေက လုံလောက်ပြီ... နောက်တစ်ခုက အသက်ကယ် ကာကွယ်ရေးပဲ..."

စကားပြောဆိုရင်း...

လင်းရှောင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင် သံချပ်ကာတစ်ခုက လေထဲတွင် ထွက်ပေါ်လာပြီး စူးရှတောက်ပသော အလင်းတန်းတစ်ခုအား ထုတ်လွှတ်ထားသည်။

ထိုရွှေရောင်သံချပ်ကာသည် အသိဉာဏ်ရှိပုံရပြီး အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲသွားကာ လင်းရှောင်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။

နောက်တခဏတွင်...

လင်းရှောင်သည် သူ၏ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရား အရှိန်အဝါများ စီးဆင်းနေသည့် ဖျော့တော့သော ရွှေရောင် အမြှေးပါးတစ်ခုကို ခံစားလိုက်ရသည်။

"ဒါက မူလအစ ရွှေသံချပ်ကာလား... အတော်လေး ဉာဏ်ရည်မြင့်မားတာပဲ..."

"အခု ငါ့ရဲ့ အသက်ကယ် စွမ်းရည်က နောက်တစ်ကြိမ် မြင့်တက်လာပြီ... တခြားကုန်းမြေတွေမှာ ပုန်းကွယ်နေတဲ့ သူတော်စင်အရှင်သခင်ဘိုးဘေးတွေ ရှိနေရင်တောင်မှ စိုးရိမ်စရာ ဘာမှ မရှိတော့ဘူး..."

လင်းရှောင်သည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင် အမြှေးပါးကို အထက်အောက် စစ်ဆေးကြည့်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

သူသည် လောကကြီးတွင် ပြိုင်ဘက်ကင်းအခြေအနေဆီသို့ နောက်ထပ် ခြေလှမ်းတစ်လှမ်း နီးကပ်သွားပုံ ရသည်။

ထို့နောက်...

လင်းရှောင်သည် ဖီးနစ်ဘုရင် စိတ်ဝိညာဉ်သစ်သီးကို ထုတ်ယူလိုက်ပြီး လက်ဖက်ရည် စားပွဲပေါ်တွင် တင်လိုက်သည်။

ဆွဲဆောင်မှုရှိသော မွှေးပျံ့သည့် ရနံ့တစ်ခု တိတ်ဆိတ်စွာ ပျံ့လွင့်လာပြီး ခန်းမတစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွားသည်။

"ငါ့မှာ ဘုရင် ရုပ်ခန္ဓာကိုယ် ရှိပြီးသားဆိုတော့... ဒီစိတ်ဝိညာဉ်သစ်သီးက ငါ့အတွက် သိပ်ပြီး အသုံးမဝင်တော့ဘူး..."

"ဒါကို လေလံပွဲအတွက် သိမ်းထားသင့်လား..."

လင်းရှောင်က မျက်ခုံးတစ်ဖက်ပင့်ကာ တွေးတောလိုက်သည်။

'ဒီစိတ်ဝိညာဉ်သစ်သီးရဲ့ အဓိက အကျိုးသက်ရောက်မှုက လူတွေကို စိတ်ဝိညာဉ်အဆင့် ရုပ်ခန္ဓာကိုယ်ကို ရရှိစေတာ ဒါမှမဟုတ် ငှက်သွေးမျိုးဆက် ရုပ်ခန္ဓာကိုယ်ကို နိုးထစေတာပဲ'

'အထူးရုပ်ခန္ဓာကိုယ်မရှိတဲ့ အဆင့်မြင့် နယ်ပယ် ကျင့်ကြံသူတွေအတွက် ဒီဖီးနစ်ဘုရင် စိတ်ဝိညာဉ်သစ်သီးက ရတနာတစ်ခုဖြစ်တယ်ဆိုတာ သံသယဝင်စရာ မရှိဘူး'

မည်သို့ပင်ဆိုစေကာမူ သူတော်စင်နယ်ပယ် အထက်မှ အစွမ်းထက်ပုဂ္ဂိုလ်များပင် အထူးရုပ်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားချင်မှ ပိုင်ဆိုင်ထားပေလိမ့်မည်။

စိတ်ဝိညာဉ်အဆင့် ရုပ်ခန္ဓာကိုယ်တစ်ခုသည် တိုက်ခိုက်ရေး စွမ်းအားကို ၃၀ ရာခိုင်နှုန်းခန့် တိုးမြှင့်ပေးနိုင်သည်။

ထို့ပြင် ထိုရုပ်ခန္ဓာကိုယ်သည် မည်သည့် နယ်ပယ်အတွက်မဆို ထိရောက်မှု ရှိလေ၏။

အလားတူ စွမ်းအားကို တိုးမြှင့်ပေးနိုင်သော သိုင်းပညာနည်းစနစ်များနှင့် နှိုင်းယှဉ်လျှင် ရုပ်ခန္ဓာကိုယ် တစ်ခုက ရှင်းလင်းစွာ ပို၍လက်တွေ့ကျသည်။

အထူးရုပ်ခန္ဓာကိုယ် ရှိခြင်းမရှိခြင်းကြောင့် တူညီသော နယ်ပယ်မှ ကျင့်ကြံသူများကြားတွင် ခွန်အားအရာ၌ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားချက် ရှ်နေသည်။

ဤဖီးနစ်ဘုရင် စိတ်ဝိညာဉ်သစ်သီး၏ တန်ဖိုးကို ခန့်မှန်းကြည့်နိုင်သည်။

သို့သော် ဤစိတ်ဝိညာဉ်သစ်သီးသည် လင်းရှောင်အတွက် သိပ်အသုံးမဝင်တော့ချေ။

မည်သို့ပင်ဆိုစေကာမူ တိမ်တိုက်ကောင်းကင်လေလံရုံ အတွင်းရှိ လူအများစုသည် စိတ်ဝိညာဉ်အဆင့် သို့မဟုတ် ထိုအရာအထက်ရှိ ရုပ်ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားပြီး ဖြစ်သဖြင့် ထိုသစ်သီးကို အသုံးပြုနိုင်မည် မဟုတ်ပုံရသည်။

အချိန်တခဏ အကြာတွင် လင်းရှောင်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။

သူက ပြောဆိုလိုက်သည်။

"နေဦး... စုရှီယုရဲ့ ပြိုင်ဘက်ကင်း သူတော်စင်ရုပ်ခန္ဓာကိုယ်က ငှက်သွေးမျိုးဆက် ရုပ်ခန္ဓာကိုယ် အမျိုးအစားထဲမှာ ပါဝင်တယ်..."

"ဒါဆိုရင်... အဲ့ဒါကို သူ့အတွက် ငါ သိမ်းထားပေးလို့ ရတယ်..."

"ကောင်းတဲ့ အရာတွေကို မိသားစု အတွင်းမှာပဲ သိမ်းထားတာ ပိုကောင်းတယ်... တုံ့ပြန်မှု ရတနာတွေကို တိမ်တိုက်ကောင်းကင်ခန်းမဆောင်ရဲ့ အလုံးစုံ ခွန်အားကို တတ်နိုင်သလောက် မြှင့်တင်ဖို့ အသုံးပြုသင့်တယ်..."

"ဘာပဲဖြစ်ဖြစ်... လေလံရုံမှာ အနည်းဆုံး လိုအပ်နေတာက စိတ်ဝိညာဉ်ကျောက်တုံးတွေပဲ ဆိုတော့... ဒါကို လေလံတင်ဖို့ မလိုအပ်ဘူး..."

ဤအကြောင်းကို တွေးတောမိကာ လင်းရှောင်သည် ထပ်မံ၍ တွေဝေတုံ့ဆိုင်းမနေတော့ချေ။

သူ၏စိတ်စွမ်းအား လျင်မြန်စွာ ပျံ့လွင့်သွားပြီး လေလံရုံ အတွင်းရှိ အခန်း တစ်ခန်းဆီသို့ အသံသတင်းစကား ပေးပို့လိုက်၏။

"ကောင်မလေးစု... ဒီကို လာခဲ့ဦး..."

အခန်းထဲရှိ စုရှီယုသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း သူမသည် အနောက်ဘက်ခန်းမသို့ လျှင်မြန်စွာ လျှောက်လှမ်းလာသည်။

တံခါးပေါက်မှ ဝင်လာသည်နှင့် တပြိုင်နက် စုရှီယုနေရာတွင်ပင် အေးခဲတောင့်တင်းသွားသည်။

ဖီးနစ်စိတ်ဝိညာဉ်သစ်သီးထံမှ ထွက်ပေါ်လာသော သိမ်မွေ့သည့် မွှေးပျံ့သော ရနံ့သည် အထူးမှော်အစွမ်းတစ်ခုကို ပိုင်ဆိုင်ထားပုံရပြီး သူမ၏ ခန္ဓာကိုယ် အတွင်းရှိ သွေးများကို ဆူပွက်လာစေခဲ့သည်။

All Chapters