← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

အခန်း (၆၈) နက်နဲသိမ်မွေ့ဧကရာဇ်၏ လောကဖိနှိပ်ခြင်း စည်းတံဆိပ်...နဝမအဆင့် လူအသွင်ပြောင်း ယောင်သားရဲကို သတ်ဖြတ်ခြင်း

ချင်းယွမ်ကုန်းမြေ၏ အလယ်ဗဟိုရှိ ချင်းယွမ်မြင့်မြတ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင်...

အလင်းတန်းတစ်တန်းသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး ကျန်းတစ်ရာခန့် ကျယ်ဝန်းသော ဟင်းလင်းပြင် လေဆင်နှာမောင်းတစ်ခုရှေ့တွင် ရပ်တန့်သွားသည်။

လင်းရှောင်သည် ပိုင်ကျဲ့၏ကျောပေါ်မှ ခုန်ဆင်းပြီး တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။

"ဒါက ချင်းယွမ်မြင့်မြတ်နယ်မြေက နှစ်တစ်သောင်းကြာအောင် စောင့်ကြပ်လာခဲ့တဲ့ ချင်းယွမ်လျှို့ဝှက်နယ်မြေလား..."

"ဒီဟင်းလင်းပြင် လေဆင်နှာမောင်းရဲ့ အရွယ်အစားကို ကြည့်ရတာ... အတွင်းဘက်မှာ အတော်လေး ထူးခြားရမယ်..."

လင်းရှောင်၏ မျက်လုံးများ အနည်းငယ် မှေးစင်းသွားပြီး သူ၏ရှေ့ရှိ အပြာရောင်ရင့်ရင့် လေဆင်နှာမောင်းကို ကြည့်ကာ လေးစားအားကျစွာ သက်ပြင်းချလိုက်၏။

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက်...

လင်းရှောင်သည် ပိုင်ကျဲ့ကို စနစ်ဟင်းလင်းပြင် အတွင်းသို့ ပေါ့ပေါ့ပါးပါး ပြန်ရုပ်သိမ်းလိုက်သည်။

ထို့နောက် သူက ရှေ့ရှိ ဟင်းလင်းပြင်ဆီသို့ကြည့်ပြီး ပြောဆိုသည်။

"ဒီတာ... မင်း ဝင်လို့ရမရ စမ်းကြည့်လိုက်..."

ရွှီမို၏ လျှို့ဝှက်မှတ်တမ်းများတွင် ချင်းယွမ်လျှို့ဝှက်နယ်မြေကို သူတော်စင်နယ်ပယ်အောက်ရှိ ကျင့်ကြံသူများသာ ဝင်ရောက်နိုင်သည်ဟု ဖော်ပြထားသော်လည်း လင်းရှောင်သည် ဒီတာကို စမ်းသပ်ခိုင်းရန် ဆုံးဖြတ်လိုက်ဆဲပင်။ မည်သို့ပင်ဆိုစေကာမူ ဤသည်က အမှန်ဟုတ်မဟုတ် မည်သူသိနိုင်မည်နည်း။

သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...

အနက်ရောင်ပုံရိပ်တစ်ခုသည် လင်းရှောင်၏အရိပ်ထဲမှ ပျံသန်းထွက်လာပြီး လူသားပုံစံအဖြစ် ဖြည်းညှင်းစွာ စုစည်းသွားကာ ဟင်းလင်းပြင် လေဆင်နှာမောင်းရှေ့တွင် ဆင်းသက်လိုက်၏။

ဒီတာသည် ဟင်းလင်းပြင် လေဆင်နှာမောင်းကို အေးအေးဆေးဆေး ကြည့်လိုက်ပြီးနောက် တုံ့ဆိုင်းမနေဘဲ ရှေ့သို့လျှောက်လှမ်းသွားသည်။

သို့သော် ဒီတာသည် ဟင်းလင်းပြင် လေဆင်နှာမောင်းအနီးသို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ တွန်းကန်ခြင်းကို ခံလိုက်ရသည်။

ဒီတာသည် သူ၏ခန္ဓာကိုယ်ကို လျှင်မြန်စွာ တည်ငြိမ်စေပြီး ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှေ့သို့ ထပ်မံ၍ ပြေးဝင်သွားလေ၏။

ရလဒ်အနေဖြင့်...

ဟင်းလင်းပြင် လေဆင်နှာမောင်းအတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည်လည်း ပို၍အားကောင်းလာပြီး ဒီတာကို မီတာတစ်ရာခန့် အဝေးသို့ ကြမ်းတမ်းစွာ တွန်းထုတ်လိုက်သည်။

"ငါပဲ ဝင်လို့ရမယ့်ပုံပဲ... ဘာပဲဖြစ်ဖြစ်... လေလံရုံမှာ ငါ့ရဲ့ ကိုယ်ပွားတစ်ခု ကျန်ခဲ့တာဆိုတော့ အန္တရာယ်ကို ငါ မကြောက်ဘူး..."

"ဒါ့ပြင်... ငါ ပိုင်ဆိုင်ထားတဲ့ အစွမ်းထက် ရတနာတွေနဲ့ သိုင်းပညာနည်းစနစ်တွေ အားလုံး ရှိနေတော့... ငါ့ကို ခြိမ်းခြောက်နိုင်တဲ့ အရာဆိုတာ မရှိလောက်ပါဘူး..."

လင်းရှောင်က တိုးညင်းစွာ ရေရွတ်လိုက်သည်။

ထို့နောက်...

လင်းရှောင်က တည်ငြိမ်စွာ ညွှန်ကြားလိုက်၏။

"ဒီတာ... မင်း ဝင်လို့မရဘူး ဆိုတော့... အပြင်ဘက်ကနေ စောင့်ကြပ်နေလိုက်...မှတ်ထားပါ... ငါ ပြန်မထွက်လာခင် တခြားအင်အားစုတွေက ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုနဲ့..."

ထိုသို့ ပြောဆိုပြီးနောက်..

လင်းရှောင်က ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ရာ သူ၏ ပုံရိပ်သည် အပြာရောင်ရင့်ရင့်အလင်းတန်းများ အလယ်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

တခဏကြာ မူးဝေသွားပြီးနောက်...

လင်းရှောင်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ ဆယ်ကျန်းကျော်မြင့်သော မုခ်ဦးတစ်ခုရှေ့တွင် သူ၏ပုံရိပ် ထွက်ပေါ်လာသည်။

ထိုမုခ်ဦး၏ အမြင့်ဆုံးနေရာရှိ ဆိုင်းဘုတ်ပေါ်တွင် ကြီးမားသော ရွှေရောင်စာလုံးတချို့ကို ထွင်းထုထားပေ၏။

ရွှမ်ထျန်းသူတော်စင်ဂိုဏ်း...

"ရွှမ်ထျန်းသူတော်စင်ဂိုဏ်း... ဒါဆို ဒီချင်းယွမ်လျှို့ဝှက်နယ်မြေက ဂိုဏ်းအပျက်အစီးတစ်ခုပေါ့..."

"အတွင်းဘက်က ရတနာတွေ ငါ့ကို စိတ်မပျက်စေလောက်ဘူးလို့ မျှော်လင့်မိတယ်..."

လင်းရှောင် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်သည်။

ထို့နောက်...

လင်းရှောင်သည် သွေးဆာလောင်ခြင်း မိစ္ဆာချိတ်ပိတ်ဓားကို ကိုင်ဆောင်ကာ အနည်းငယ် ယိုယွင်းနေသော မုခ်ဦးအတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားပြီး စတင်၍ စူးစမ်းလေ့လာတော့သည်။

မကြာမီမှာပင်...

လင်းရှောင်သည် စိတ်ဝိညာဉ်ချီများ ကြွယ်ဝနေသော စိတ်ဝိညာဉ်ဆေးပင်ဥယျာဉ် တစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်။

မြေပြင်ပေါ်ရှိ မရေမတွက်နိုင်သော စိတ်ဝိညာဉ်ဆေးပင်များနှင့် အလယ်ဗဟိုတည့်တည့်ရှိ နဝမအဆင့်နှင့် အထက် သူတော်စင်ဆေးပင် အနည်းငယ်ကို မြင်သောအခါ...

လင်းရှောင်၏မျက်လုံးများ တောက်ပသွားသည်။

သူသည် စိတ်ဝိညာဉ်ဆေးပင်များအားလုံးကို သိမ်းဆည်းရန် ရည်ရွယ်ကာ ရှေ့သို့ လျှင်မြန်စွာ လျှောက်လှမ်းသွားလေ၏။

သို့သော် ထိုအချိန်မှာပင် ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

"ဟမ့်... နိမ့်ကျတဲ့ လူသား... ငါ့ရဲ့ ပိုင်နက်ထဲကို လာရဲတယ်ပေါ့...လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ငါ သင်ပေးခဲ့တဲ့ သင်ခန်းစာက မလုံလောက်သေးဘူး ထင်တယ်... ဒီဘုရင်ရဲ့ ဒေါသကို ရင်ဆိုင်ဖို့ ပြင်ထားလိုက်စမ်း..."

သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...

မျက်နှာပေါ်တွင် မိုးပြာရောင်အကြေးခွံများ ဖုံးလွှမ်းနေပြီး ရွှေရောင်ဒေါင်လိုက် မျက်ဆန်များ ရှိသော အမျိုးသားတစ်ဦး ကောင်းကင်ယံမှ ဆင်းသက်လာသည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ သူတော်စင်နယ်ပယ် ဖိအားက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို တုန်ခါသွားစေသည်။

"နဝမအဆင့် လူအသွင်ပြောင်း ယောင်သားရဲ တစ်ကောင်... ဒီလိုလူမျိုးနဲ့ ချက်ချင်းရင်ဆိုင်ရလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး..."

"ချင်းယွမ်လျှို့ဝှက်နယ်မြေက တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေကိုပဲ ဝင်ရောက်ခွင့် ပြုထားတာ... ပုံမှန်အနေနဲ့ဆိုရင် ဒီအဆင့်ရှိတဲ့ မဟာယောင် သားရဲကို ဘယ်သူမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး..."

လင်းရှောင်သည် တည်ငြိမ်သော လေသံဖြင့် တီးတိုးရေရွတ်လိုက်၏။

နဝမအဆင့် လူအသွင်ပြောင်း ယောင်သားရဲ တစ်ကောင်သည် သူတော်စင်နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်နှင့် ညီမျှပြီး တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ အောက်ရှိ ကျင့်ကြံသူများနှင့် ကွဲပြားခြားနားသော အဆင့်တွင် ရှိနေကြောင်းကို သိထားရပေမည်။

ပုံမှန် အခြေအနေများအောက်တွင် ထိုကဲ့သို့ ယောင်သားရဲနှင့် ရင်ဆိုင်ရသည့် တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်သည် သေချာပေါက် သေဆုံးရပေမည်။

"ကံမကောင်းစွာနဲ့... ငါက သာမန်တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး..."

လင်းရှောင်၏နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပြီး သူ၏ မျက်လုံးများထဲတွင် မည်သည့် ကြောက်ရွံ့မှုမျှ ရှိမနေခဲ့ချေ။

မလှမ်းမကမ်းတွင်...

မိုးပြာအကြေးခွံ မဟာယောင်သည်လည်း လင်းရှောင်၏ မျက်လုံးများထဲရှိ တိုက်ခိုက်လိုစိတ်ကို ခံစားမိသွားပြီး သူ၏ဒေါသများ ပို၍ပြင်းထန်လာသည်။

ယခင်က ချင်းယွမ်လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်လာကြသော ကျင့်ကြံသူများသည် သူ့ကို တစ္ဆေ သို့မဟုတ် နတ်ဘုရား တစ်ပါးအလား မြင်တွေ့ကြပြီး သူ့ကို မကြောက်ရွံ့သူဟူ၍ တစ်ဦးမျှ မရှိခဲ့ချေ။

ယခုအချိန်၌ တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်သို့ ယခုမှ ဝင်ရောက်လာသော ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် လင်းရှောင်၏ ဤကဲ့သို့ ရန်စမှုကို ခံရသောအခါ သူ သည်းခံနိုင်စွမ်း မရှိတော့ချေ။

"အသိဉာဏ်မဲ့တဲ့ ပုရွက်ဆိတ်... မင်းက ငါ့ရဲ့ ရန်သူ လုပ်ရဲတာလား... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ..."

မိုးပြာအကြေးခွံ မဟာယောင်က အော်ငေါက်လိုက်ပြီးနောက် ကျန်းတစ်ထောင်ခန့် အရွယ်အစားရှိသော ဧရာမမိုးပြာမြွေကြီးမြွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ဧရာမမြွေကြီးသည် သူ၏အကြည့်များကို အနည်းငယ် နှိမ့်ချပြီး သူ၏အောက်ရှိ ပုရွက်ဆိတ် တစ်ကောင်အလား ဖြစ်နေသော လင်းရှောင်ကို ကြည့်လိုက်ကာ သူ၏မျက်လုံးများထဲတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။

ထို့နောက်...

ဧရာမမိုးပြာမြွေကြီးသည် သွေးလိုနီရဲနေသော ၎င်း၏ ပါးစပ်ကြီးကို ရုတ်တရက် ဖွင့်ဟပြီး လင်းရှောင်ဆီသို့ ပြေးဝင်လာသည်။

လင်းရှောင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ၏ အမူအရာသည် ယခုအချိန်၌ အနည်းငယ်ပို၍ တည်ကြည်လေးနက်လာပေ၏။

သူသည် လက်ညှိုးတစ်ချောင်းကို ဖြည်းညှင်းစွာ မြှောက်ပြီး တီးတိုးရေရွတ်လိုက်သည်။

"ယန်တစ်လှိုင်း ကောင်းကင်လောင်ကျွမ်းခြင်း လက်ညှိုး..."

ထိုသို့ ပြောဆိုပြီးနောက်...

လင်းရှောင်၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်ချီများ ဆူပွက်လာပြီး ဆန့်ထုတ်ထားသော လက်ညှိုးပေါ်တွင် လျှင်မြန်စွာ စုစည်းသွားသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင်...

အနီရောင် အလင်းတန်းတစ်ခုသည် လျှပ်စီးအလား သူ၏လက်ချောင်းထိပ်မှ ပျံ့လွင့်သွားပြီး ဧရာမမိုးပြာမြွေကြီး၏ဝမ်းဗိုက်ကို ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားသည်။

ထိုအရာ၏အရှိန်သည် အလွန်အမင်း မြန်ဆန်လွန်းသဖြင့် နဝမအဆင့်ဧရာမမိုးပြာမြွေကြီးပင် မတုံ့ပြန်နိုင်ခဲ့ချေ။

"အား..."

"ကျက်သရေတုံးတဲ့ ပုရွက်ဆိတ်ကောင်... မင်းက ငါ့ကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့ပြီပဲ..."

ဧရာမမိုးပြာမြွေကြီးက ဟိန်းဟောက်လိုက်ပြီး သူ၏ ဝမ်းဗိုက်ရှိ ကျန်းအနည်းငယ် ကျယ်ဝန်းသော သွေးထွက်နေသည့် အပေါက်ကြီးကို ကြည့်ကာ လင်းရှောင်ဆီသို့ မိုးပြာချီစီးကြောင်းတစ်ခုကို ကြမ်းတမ်းစွာ မှုတ်ထုတ်လိုက်သည်။

မိစ္ဆာဆန်သော ရေလွှမ်းမိုးမှုကြီးတစ်ခုအလား ဖြစ်နေသည့် မိုးပြာချီစီးကြောင်းသည် ရှေ့ရှိလမ်းကြောင်းမှ အရာအားလုံးကို ခြေမွှဖျက်ဆီးလိုက်ပြီး ထိုအရာ၏ စွမ်းအားသည် အလွန်အမင်း ထူးကဲလှ၏။

သို့သော် လင်းရှောင်က အလျင်လိုခြင်းမရှိဘဲ တီးတိုးရေရွတ်လိုက်သည်။

"မလှုပ်မယှက် ဉာဏ်ပညာဘုရင် ရုပ်ခန္ဓာကိုယ်..."

သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...

ရွှေရောင် အလင်းတန်းများက လင်းရှောင်၏နံဘေးပတ်လည်တွင် လှိုင်းထန်လာပြီး မှော်မန္တန်များ အသက်ဝင်လာကာ သူ့ကို အပြည့်အဝ လွှမ်းခြုံသွားတော့သည်။

တစ်ချိန်တည်းမှာပင်...

မိုးပြာချီစီးကြောင်းသည်လည်း ပြေးဝင်လာပြီး လင်းရှောင်၏ခန္ဓာကိုယ်ကို ချက်ချင်းနစ်မြုပ်သွားစေကာ ကျန်းတစ်ရာခန့် လွင့်စင်သွားစေသည်။

"ဟမ့်... တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် ပုရွက်ဆိတ်တစ်ကောင်...ဒီဘုရင်ရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို မြင်တွေ့ခွင့်ရတာဆိုတော့ မင်းကိုယ်မင်း ကံကောင်းတယ်လို့ သတ်မှတ်လို့ ရတယ်..."

လင်းရှောင်သည် သူ၏အန္တိမတိုက်ကွက်ဖြင့် တိုက်ခိုက်ခံလိုက်ရသည်ကို မြင်သောအခါ...

ဧရာမမိုးပြာမြွေကြီးသည် သူ၏ခေါင်းကို ဖြည်းညှင်းစွာ မော့ကာ ထွက်ခွာသွားရန် နောက်သို့လှည့်လိုက်သည်။

"မင်းရဲ့ အန္တိမတိုက်ကွက်က အရှိန်အဝါတော့ ကောင်းပါတယ်... ဒါပေမဲ့ အဲ့ဒီအရာရဲ့ စွမ်းအားက သိပ်ပြီးအထင်ကြီးစရာ မကောင်းဘူးပဲ..."

ထိုအချိန်မှာပင်...

လင်းရှောင်၏အသံ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

ဧရာမမိုးပြာမြွေကြီး၏ မျက်ဆန်များ ရုတ်တရက် ကျဥ်းမြောင်းသွားပြီး သူသည် ဆတ်ခနဲ နောက်လှည့်ကာ မြေပြင်ကို စူးစိုက်၍ ကြည့်လိုက်၏။

တထောင်းထောင်းထနေသော ဖုန်မှုန့်များ ပြယ်လွင့်သွားချိန်၌ မိုးပြာရောင်ဝတ်ရုံနှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လင်းရှောင်၏ပုံရိပ် တဖြည်းဖြည်း သိသာထင်ရှားလာသည်။

သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာ အနည်းငယ်မျှပင် မရှိဘဲ သူ၏အဝတ်အစားများပင် ညစ်ပေမနေခဲ့ချေ။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

ဧရာမမိုးပြာမြွေကြီး အလွန်အမင်း အံ့အားသင့်သွားသည်။

သူ၏ မိုးပြာချီသည် သူတော်စင်နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်များကိုပင် သတ်ဖြတ်နိုင်ပြီး အလွန်အမင်း စွမ်းအားကြီးမားသည်။

ထိုသို့ဆိုသည့်တိုင် လင်းရှောင်သည် လုံးဝအထိအခိုက်မရှိ ဖြစ်နေခြင်းက ဧရာမမိုးပြာမြွေကြီးကို အံ့အားသင့်မှုနှင့်သံသယများ ဖြစ်ပေါ်လာစေခဲ့သည်မှာ သံသယဝင်စရာ မလိုပေ။

"မင်းက မင်းရဲ့ အန္တိမတိုက်ကွက်ကို သုံးပြီးပြီဆိုတော့... ငါက အလေးအနက် မထားဘူးဆိုရင် ရိုင်းပြရာ ကျသွားလိမ့်မယ်..."

လင်းရှောင်၏စကားများသည် သေမင်း၏ တီးတိုးရေရွတ်သံ တစ်ခုအလား ဧရာမမိုးပြာမြွေကြီး၏ ကျောရိုးတလျှောက် ကြက်သီးမွေးညင်း ထသွားစေပေ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင်...

လင်းရှောင်သည် သူ၏ညာလက်ကို ရုတ်တရက် မြှောက်လိုက်ပြီး အော်ဟစ်လိုက်သည်။

"သူတော်စင်အရှင်သခင်အဆင့် ကျွမ်းကျင်မှု... နက်နဲသိမ်မွေ့ဧကရာဇ် လောကဖိနှိပ်ခြင်း စည်းတံဆိပ်..."

သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...

ဧရာမမိုးပြာမြွေကြီးသည် အားကောင်းသော ဖိနှိပ်နိုင်သည့် ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး အချိန်တခဏကြာမျှ လှုပ်ရှားရန်ပင် ခက်ခဲသွားသည်။

တစ်ချိန်တည်းမှာပင်...

မိုးပြာဧရာမမြွေကြီး၏ ခေါင်းပေါ်တွင် ကျန်းထောင်ဂဏန်း အနည်းငယ် အရွယ်အစားရှိသော အနက်ရောင် လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာပြီး အောက်သို့ ကြမ်းတမ်းစွာ ဆင်းသက်လာသည်။

ဧရာမမိုးပြာမြွေကြီး၏ နှလုံးခုန်နှုန်း ရပ်တန့်သွားပြီး... သေဆုံးရတော့မည့် ခြိမ်းခြောက်မှု ခံစားချက်တစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပြည့်နှက်သွားသည်။

သူ ထွက်ပြေးရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း သိုင်းပညာနည်းစနစ်၏ တားဆီးမှု အကျိုးသက်ရောက်မှုကြောင့် ဖိနှိပ်ခံထားရဆဲဖြစ်ပြီး လုံးဝမလှုပ်ရှားနိုင်တော့ချေ။

"မလုပ်ပါနဲ့..."

အန​က်ရောင် လက်ဝါးပုံရိပ်ယောင်ကြီးသည် ဝုန်းခနဲ ကျဆင်းလာပြီး ကျန်းတစ်ထောင် အရွယ်အစားရှိသော ဧရာမမြွေကြီးကို ချက်ချင်းဆိုသလိုပင် တစ်စစီ ခြေမွှဖျက်ဆီးလိုက်၏။

"ဒီလောက်နဲ့တင် သေသွားတာလား..."

"ငါ့ရဲ့ အစွမ်းထက်ဆုံး သတ်ဖြတ်ခြင်း လှုပ်ရှားမှုကိုတောင် ငါ မသုံးရသေးဘူးလေ..."

"သာမန် သူတော်စင်နယ်ပယ် ကျင့်ကြံသူတွေက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး ထင်တယ်..."

လင်းရှောင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ တစ်ချိန်က သူ မော့ကြည့်ရုံသာ တတ်နိုင်ခဲ့သော သူတော်စင်နယ်ပယ်သည် လှုပ်ရှားမှုတစ်ချက်အတွင်းမှာပင် သူနှင့် ယှဉ်ပြိုင်နိုင်သူ မဟုတ်တော့ချေ။

ထို့နောက် လင်းရှောင်၏ စိတ်စွမ်းအားများ ထွက်ပေါ်လာပြီး ဤနေရာရှိ စိတ်ဝိညာဉ်ဆေးပင်များ အားလုံးကို စနစ်ဟင်းလင်းပြင်အတွင်းသို့ သိမ်းဆည်းရန် သူ့အတွက် အချိန်ဆယ့်ငါးမိနစ်ခန့် ကြာမြင့်သွားသည်။

"လျှို့ဝှက်နယ်​မြေထဲကို ဝင်ပြီးတာနဲ့ မကြာခင်မှာပဲ နဝမအဆင့်နဲ့အထက် သူတော်စင်ဆေးပင်တွေ ဒီလောက်ထိ အများကြီး ရလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး... ဒီချင်းယွမ်လျှို့ဝှက်နယ်မြေထဲမှာ ရတနာတွေ အများကြီး ရှိနေသေးပုံရတယ်..."

"ဘာပဲဖြစ်ဖြစ်... ဒီလျှို့ဝှက်နယ်မြေမှာ သူတော်စင်နယ်ပယ် မဟာယောင်တွေ စောင့်ကြပ်နေတဲ့ ပိုင်နက်တွေ ရှိနေတယ်... ရှေးခေတ်ကနေ အခုချိန်ထိ ဝင်ရောက်ခဲ့တဲ့ လူတွေ အားလုံးထဲမှာ... ငါ တစ်ယောက်တည်းကပဲ ရတနာတွေ ရယူဖို့အတွက် ဒီလိုနေရာမျိုးကို သွားရဲမယ် ထင်တယ်..."

"​ဒီလိုနေရာတွေ ပိုပြီးများများရှိနေဖို့ ငါ မျှော်လင့်မိတယ်... ဒီလိုမျိုး 'ငွေမကုန်ဘဲ စျေးဝယ်ရတဲ့' အခွင့်အရေးမျိုးက ရှားပါးတယ်..."

လင်းရှောင် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

နဝမအဆင့် မဟာယောင်တစ်ကောင် စောင့်ကြပ်နေသော ပိုင်နက်သည် တခြားသူများအတွက် အိပ်မက်ဆိုးတစ်ခုအလားပင်။

သို့သော် လင်းရှောင်အတွက်ကမူ ဤသည်မှာ ထိတွေ့မခံရသေးသော ရတနာသိုက်တစ်ခုပင်။

စိတ်ဝိညာဉ်ဆေးပင်များ အားလုံးကို သိမ်းဆည်းပြီးနောက် လင်းရှောင်သည် အချိန်ဆွဲမနေတော့ဘဲ လျှို့ဝှက်နယ်မြေ၏ တခြားနေရာများဆီသို့ လျှောက်လှမ်းသွားတော့သည်။

All Chapters