အခန်း ၇၀
Vol. 7 Ch. 70 - final
အခန်း (၇၀) အဆတစ်သန်း တုံ့ပြန်မှု...ကောင်းကင်ကိုးထပ် ယင်နဂါး
မျက်စိတစ်မှိတ်အတွင်း ၂၂ ရက် ကုန်လွန်သွားခဲ့ပြီး မကြာမီ လေလံပွဲစတင်ရမည့်အချိန်သို့ ရောက်ရှိလာသည်။
ဤကာလအတွင်း လင်းရှောင်သည် မြောက်ပိုင်းမရဏနယ်မြေရှိ မြင့်မြတ်နယ်မြေအသီးသီးအပြင် လွှမ်းမိုးမှုရှိသော အဆင့်ထက် ကျော်လွန်သည့် အင်အားစု အားလုံးကို အကြောင်းကြားရန် သွမ်ခုန်းအား ညွှန်ကြားခဲ့သည်။
အချိန်တခဏအတွင်း မြောက်ပိုင်းမရဏနယ်မြေ တစ်ခုလုံးရှိ အင်အားစုများအားလုံး တုန်လှုပ်သွားကြပြီး လာမည့် လေလံပွဲအတွက် ပြင်ဆင်နေကြ၏။
အချိန်များ စီးဆင်းသွားပြီး လေလံပွဲသည် အစီအစဉ်အတိုင်း ရောက်ရှိလာတော့သည်။
မရေမတွက်နိုင်သော အင်အားစုများသည် အရပ်မျက်နှာအသီးသီးမှ ပြေးဝင်လာကြပြီး လက်မှတ်ဝယ်ရန် တန်းစီကာ တိမ်တိုက်ကောင်းကင်လေလံရုံ အတွင်းသို့ ဝင်ရောက်လာကြသည်။
လေလံစင်မြင့်ပေါ်တွင်...
စုရှီယုသည် သူမ၏လက်များကို ရှေ့တွင် ယှက်ထားကာ လူအုပ်ကြီးကို ပြုံးပြနေခဲ့သည်။
ကြယ်ရောင်များအားလုံး လင်းလက်သွားပြီးနောက် စုရှီယုသည် ဖြည်းညှင်းစွာ သက်ပြင်းချလိုက်၏။
သူမက ရှေ့သို့ကြည့်ကာ အပြုံးနှင့် ပြောဆိုလိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ... ကျွန်မက ဒီလေလံပွဲရဲ့ လေလံမှူး ဖြစ်ပြီးတော့ ရှင်တို့ အားလုံးကို ကြိုဆိုပါတယ်..."
"ဒီလေလံပွဲမှာ မရေမတွက်နိုင်တဲ့ ရတနာတွေ ပါဝင်ပြီးတော့... ကျွန်မတို့ရဲ့ ဥက္ကဋ္ဌကိုယ်တိုင် စုဆောင်းထားတဲ့ အထွတ်အထိပ်ရတနာတွေလည်း ပါဝင်တဲ့အတွက် ရှင်တို့ထဲက ဘယ်သူမှ လက်ဗလာနဲ့ ပြန်သွားရမှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်တယ်..."
"စကားအပို မပြောတော့ဘူး... ဒီလေလံပွဲကို တရားဝင် စတင်ပါပြီလို့ ကျွန်မ ကြေညာပါတယ်..."
ထိုသို့ ပြောဆိုပြီးနောက်...
စုရှီယုသည် သူမ၏သိုလှောင်လက်စွပ်ထဲမှ ပထမဆုံး လေလံပစ္စည်းကို ထုတ်ယူပြီး လေလံစားပွဲပေါ်တွင် ဖြည်းညှင်းစွာ တင်လိုက်၏။
သူမက တည်ငြိမ်စွာ ပြောဆိုသည်။
"ပထမဆုံး လေလံပစ္စည်းကတော့ သတ္တမအဆင့်မြင့် လက်နက်ဖြစ်တဲ့ အရိုးဆူး ဓားရှည်ဖြစ်ပြီးတော့ အဆင့်မြင့် ယောင်သားရဲ တစ်ကောင်ရဲ့ ကျောရိုးနဲ့ သွန်းလုပ်ထားတာမလို့ ဖျက်ဆီးလို့ မရနိုင်ဘူး..."
"စတင်လေလံဈေး... အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၆ သန်း..."
နောက်ထပ် နာရီအနည်းငယ် အတွင်း၌ ပစ္စည်းတစ်ခုပြီးတစ်ခု အောင်မြင်စွာ လေလံဆွဲခြင်း ခံလိုက်ရလေ၏။
မကြာမီ ဤလေလံပွဲ၏ အဓိက ပိတ်ပွဲပစ္စည်းနှစ်ခုအတွက် အချိန်ကျရောက်လာသည်။
ထိုအရာများအနက်မှ တစ်ခုသည် လင်းရှောင်က ရွှမ်ထျန်း ရတနာခန်းမဆောင်မှ စုဆောင်းရရှိခဲ့သော ရတနာတစ်ခုပင်။
အခြား တစ်ခုမှာ စိတ်ဝိညာဉ်သားရဲအိတ်ထဲတွင် ထည့်ထားသော နက်နဲသိမ်မွေ့ ချောက်နက်ရေနဂါးပင်။
လေလံစင်မြင့်ပေါ်တွင်...
စုရှီယုက အပြုံးဖြင့် မတ်တတ်ရပ်နေပြီး တည်ငြိမ်စွာ ထုတ်ပြန်ကြေငြာလိုက်သည်။
"နောက်တစ်ခုကတော့ ပထမဆုံး ပိတ်ပွဲပစ္စည်းဖြစ်ပြီးတော့ ပါရမီကို မြှင့်တင်ပေးနိုင်တဲ့ စိတ်ဝိညာဉ်ဆေးပင်ဖြစ်တဲ့ နက်နဲသိမ်မွေ့ နှလုံးသား သူတော်စင် သစ်သီးပါ..."
"နက်နဲသိမ်မွေ့ နှလုံးသား သူတော်စင်သစ်သီးက သူတော်စင်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့် ဖြစ်တယ်... စားသုံးပြီးတဲ့နောက် အချိန်တိုအတွင်းမှာ ကျင့်ကြံခြင်းကို အများကြီး တိုးမြှင့်ပေးနိုင်ပြီးတော့ ကျင့်ကြံခြင်း အမြန်နှုန်းကိုလည်း သိသိသာသာ တိုးတက်စေတယ်... ဒါက နှစ်တစ်သောင်းမှာ တစ်ကြိမ်တောင်တွေ့ရခဲတဲ့ အထွတ်အထိပ်အဆင့် ရှားပါးစိတ်ဝိညာဉ်ဆေးပင်ပါ..."
"စတင်လေလံဈေး... အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀ဘီလီယံ..."
သူမ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...
ခန်းမဆောင် အသီးသီးရှိ မြင့်မြတ်နယ်မြေ အင်အားစုများမှလူများသည် ရူးသွပ်သွားကြ၏။
ဤအဆင့်ရှိ ကောင်းကင်ကို အန်တုသော စိတ်ဝိညာဉ်ဆေးပင်သည် မြောက်ပိုင်းမရဏနယ်မြေ၏ နှစ်တစ်သောင်းသမိုင်းကြောင်းတွင် သုံးကြိမ်သာ ထွက်ပေါ်ခဲ့ဖူးသည်။
ဤကဲ့သို့ ကောင်းကင်ကို အန်တုသော စိတ်ဝိညာဉ်ဆေးပင် ထွက်ပေါ်လာတိုင်း...
မြင့်မြတ်နယ်မြေများတွင် ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့ပြီး မရေမတွက်နိုင်သော အင်အားစုများက လုယက် ယှဉ်ပြိုင်ခဲ့ကြ၏။
ထိုစိတ်ဝိညာဉ်ဆေးပင်တစ်ပင်စီတိုင်းသည် အနည်းဆုံး သူတော်စင်အရှင်သခင်နယ်ပယ် ရှိသော ပြိုင်ဘက်ကင်း အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ကို မွေးထုတ်ပေးခဲ့ပြီး သူတို့က ခေတ်တစ်ခေတ်ကို အုပ်စိုးခဲ့ကြသည်။
မြင့်မြတ်နယ်မြေအသီးသီးသည် မီးလောင်နေသည့်အလား ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး အချိန်တခဏအတွင်း မမြင်နိုင်သော စစ်ပွဲမီးခိုးငွေ့များ လေလံရုံတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
မကြာမီ မရေမတွက်နိုင်သော အင်အားစုများ စတင်၍ လေလံဆွဲကြတော့သည်။
သီးသန့်ခန်း ၃၅၆၈ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၁.၁ သန်း..."
သီးသန့်ခန်း ၂၃၅၀ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၁.၁၅ သန်း..."
ခန်းမဆောင် ၉ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၁.၃ သန်း..."
ခန်းမဆောင် ၇ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၁.၅ သန်း..."
"..."
ခန်းမဆောင် ၅ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၃ သန်း..."
ပြင်းထန်သော လေလံစစ်ပွဲတစ်ခု အပြီးတွင်....
လေလံဈေးနှုန်းသည် အကြိမ်များစွာ မြင့်တက်သွားခဲ့ပြီး အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၃ သန်း ဟူသော မိုးထိအောင် မြင့်မားသည့် ဈေးနှုန်းသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့လေ၏။
အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၃ သန်းသည် သာမန် မြင့်မြတ်နယ်မြေ တစ်ခုအတွက် အခြေခံ အုတ်မြစ်တစ်ခုလုံး ဖြစ်နေလေပြီ။
ခန်းမဆောင် ၅ ရှိ မြင့်မြတ်နယ်မြေ အင်အားစုသည် သူတို့ထံ၌ ရှိသမျှ အရာအားလုံးကို ပုံအောရန် စီစဉ်နေသည်ဟု ပြောနိုင်သည်။
ရှေ့ဆုံးရှိ ခန်းမဆောင်များတွင် မြောက်ပိုင်းမရဏနယ်မြေရှိ အစွမ်းထက်ဆုံး မြင့်မြတ်နယ်မြေ အင်အားစုများ ထိုင်နေကြသည်။
သူတို့သည် အချိန်တခဏမျှ တွေဝေတုံ့ဆိုင်းသွားကြပြီး အံ့အားသင့်စရာကောင်းစွာပင် သူတို့အားလုံးက လေလံဆွဲခြင်းကို လက်လျှော့ရန် ရွေးချယ်လိုက်ကြ၏။
သူတို့၏အမြင်တွင် ဤကောင်းကင်ကို အန်တုသော စိတ်ဝိညာဉ်ဆေးပင်သည် အလွန်အမင်း အဖိုးတန်သော်လည်း ဤသည်က ပထမဆုံး ပိတ်ပွဲပစ္စည်းသာ ဖြစ်နေသည်။
တူညီသော အတွေးတစ်ခုက သူတို့၏စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။
နောက်ပိုင်း ပိတ်ပွဲပစ္စည်းတွေက သေချာပေါက် ပိုပြီး အဖိုးတန်လိမ့်မယ်... ငါတို့ရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို နောက်ဆုံးအတွက် ချန်ထားရမယ်...
ဤသို့ဖြင့် ထိုနက်နဲသိမ်မွေ့ နှလုံးသား သူတော်စင် သစ်သီးကို ခန်းမဆောင် ၅ ရှိ အင်အားစုက အောင်မြင်စွာ လေလံဆွဲသွားခဲ့လေ၏။
【အဆ တစ်သန်း တုံ့ပြန်မှုကို ဖြစ်ပေါ်စေတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်... အင်မော်တယ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်ဆေးပင်ဖြစ်တဲ့ မူလအစ တာအိုသစ်သီးကို ရရှိပါတယ်...】
ထို့နောက် ချက်ချင်းဆိုသလိုပင်...
စုရှီယုသည် နောက်ဆုံး ပိတ်ပွဲပစ္စည်းဖြစ်သည့် ရွှေရောင် စိတ်ဝိညာဉ်သားရဲအိတ်တစ်လုံးကို ထုတ်ယူလိုက်ပြီး လေလံစားပွဲပေါ်တွင် ဖြည်းညှင်းစွာ တင်လိုက်သည်။
ထို့နောက်...
စုရှီယုသည် သူမ၏ အပြုံးကို ဆက်လက် ထိန်းသိမ်းထားပြီး စတင်၍ မိတ်ဆက်လိုက်သည်။
"နောက်ဆုံး ပိတ်ပွဲပစ္စည်းကတော့ သူတော်စင်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်သားရဲဖြစ်တဲ့ နက်နဲသိမ်မွေ့ ချောက်နက် ရေနဂါးပဲ ဖြစ်ပါတယ်..."
"ဒီရေနဂါးက အရမ်းသန်မာအားကောင်းပြီးတော့ အစစ်အမှန် နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး သူတော်စင်အရှင်သခင် အစွမ်းထက် မဟာကျင့်ကြံသူ တစ်ယောက်နဲ့တောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိတယ်..."
"ဒီသားရဲကို လေလံရုံရဲ့ ဥက္ကဋ္ဌကိုယ်တိုင် ဖမ်းဆီးခဲ့တာဖြစ်ပြီးတော့ စိတ်ဝိညာဉ်သားရဲအိတ်ထဲမှာ ထည့်ထားပြီးပါပြီ... လေလံပွဲပြီးတဲ့အချိန်ကျရင် ဒီသားရဲကို လွတ်လွတ်လပ်လပ် အမိန့်ပေးနိုင်မှာ ဖြစ်လို့ အန္တရာယ်တစ်ခုခု ရှိလာမှာကို စိုးရိမ်စရာ မလိုပါဘူး..."
"စတင်လေလံဈေး... အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ဘီလီယံ ၅၀..."
သူမ၏စကားသံ အဆုံးသတ်သွားသောအခါ...
မြင့်မြတ်နယ်မြေများမှ ကျင့်ကြံသူများ အားလုံးသည် သူတို့၏နှလုံးသားများ ကဆုန်စိုင်း ခုန်ပေါက်သွားသည်ကို မခံစားဘဲ မနေနိုင်တော့ချေ။
မြောက်ပိုင်းမရဏနယ်မြေ တစ်ခုလုံးတွင် အားအကောင်းဆုံး ကျင့်ကြံသူသည် သူတော်စင်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်တွင်သာ ရှိသေးကြောင်းကို သိထားရပေမည်။
အကယ်၍ မည်သည့် အင်အားစုကမဆို ဤနက်နဲသိမ်မွေ့ ချောက်နက် ရေနဂါးကို ရရှိသွားပါက မြောက်ပိုင်းမရဏနယ်မြေကို လွှမ်းမိုးနိုင်လုနီးပါး ဖြစ်သွားပေလိမ့်မည်။
မကြာမီ ကုန်းမြေအသီးသီးမှ အားကောင်းသော မြင့်မြတ်နယ်မြေ အင်အားစုများ စတင်၍ လေလံဆွဲကြတော့သည်။
ခန်းမဆောင် ၉ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၅.၅ သန်း..."
ခန်းမဆောင် ၃ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၅.၆ သန်း..."
ခန်းမဆောင် ၄ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၆ သန်း..."
"..."
ခန်းမဆောင် ၁ ... "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၂.၃၁ သန်းနဲ့ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၂၅၁၅၈၀..."
နောက်ထပ် ပြင်းထန်သော လေလံစစ်ပွဲတစ်ခု အပြီးတွင်...
ခန်းမဆောင် ၁ ရှိ အင်အားစုသည် သူတို့ ယူဆောင်လာခဲ့သော ပိုင်ဆိုင်မှုများအားလုံးကို ထုတ်ယူကာ နက်နဲသိမ်မွေ့ ချောက်နက် ရေနဂါး စိတ်ဝိညာဉ်သားရဲကို အောင်မြင်စွာ ရယူသွားခဲ့လေ၏။
【အဆ တစ်သန်း တုံ့ပြန်မှုကို ဖြစ်ပေါ်စေတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်... အင်မော်တယ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့် အင်မော်တယ် သားရဲဖြစ်တဲ့ ကောင်းကင်ကိုးထပ် ယင်နဂါးကို ရရှိပါတယ်...】
ဝုန်း...
မိုးကောင်းကင်ယံ အထက်တွင် ဟင်းလင်းပြင်သည် ဖန်ကွဲစများအလား ချက်ချင်းအက်ကွဲသွားပြီး ကျန်း တစ်သန်း အရွယ်အစားရှိ ရွှေရောင်ဧရာမနဂါးကြီး တစ်ကောင်သည် တိမ်တိုက်များထဲတွင် ရစ်ခွေကာ သက်ရှိသတ္တဝါအားလုံးကို ငုံ့ကြည့်နေသည်။
ရွှမ်းထျန်းကုန်းမြေတစ်ခုလုံးရှိ တာအို နယ်မြေသုံးထောင်မှ အစွမ်းထက်ပုဂ္ဂိုလ်များအားလုံး အံ့အားသင့်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များ အထိန်းအကွပ်မဲ့စွာ တုန်ယင်နေသည်။
ကောင်းကင်ယံတွင် နတ်ဘုရား အရှိန်အဝါများ လှိုင်းထန်နေသော ကောင်းကင်ကိုးထပ် ယင်နဂါးကို ကြည့်ကာ လင်းရှောင်၏ နှုတ်ခမ်းများ အထက်သို့ အနည်းငယ် ကွေးတက်သွားပေ၏။
လင်းရှောင်က သူ၏ခြေဖျားကို ညင်သာစွာ ထောက်လိုက်ရုံဖြင့် သူသည် နဂါး၏ခေါင်းပေါ်တွင် ထွက်ပေါ်လာသည်။
"ယင်နဂါး... ထွက်ခွာကြစို့... ပြီးတော့ နယ်နိမိတ်ပင်လယ်ကြီးထဲက အဲ့ဒီ ချောက်နက်မိစ္ဆာရဲ့ အကြွင်းအကျန် ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်စမ်း..."
ကောင်းကင်ကိုးထပ် ယင်နဂါးက ညင်သာစွာ ခေါင်းညိတ်လိုက်၏။
သူ၏ အကြည့်က မိုင်သန်းရာနှင့်ချီ ဖြတ်သန်းသွားပြီး မှောင်မိုက်သော ပင်လယ်တစ်ခုအတွင်းရှိ အကြွင်းအကျန် ခန္ဓာကိုယ်ကို မြင်တွေ့လိုက်ရသည်။
ကောင်းကင်ကိုးထပ် ယင်နဂါးသည် အပိုလှုပ်ရှားမှုများ မလုပ်တော့ဘဲ စကားလုံးတစ်လုံးတည်းကိုသာ တိုးညင်းစွာ ရေရွတ်လိုက်သည်။
"သေလိုက်စမ်း..."
သူ၏စကားလုံးသည် အမိန့်တော်တစ်ခုအလားပင်။ ဤသည်ကြောင့် အဝေးရှိ ချောက်နက်မိစ္ဆာ အကြွင်းအကျန်ခန္ဓာကိုယ်သည် ချက်ချင်းအက်ကွဲသွားပြီး အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားတော့သည်။
【တာဝန်ဖြစ်တဲ့... လောကတခွင် နာမည်ကျော်ကြားခြင်းကို ပြီးမြောက်ကြောင်း တွေ့ရှိပါသည်...】
【အဆင့်မြင့် ဆင့်ခေါ်ခြင်းကတ် ၁ ကတ်ကို ရရှိတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်...】
【အထွတ်အထိပ် ပြိုင်ဘက်ကင်း ကတ် ၁ ကတ်ကို ရရှိတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်...】
စနစ်၏အသံ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီးနောက် လင်းရှောင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
သူသည် အဆင့်မြင့် ဆင့်ခေါ်ခြင်းကတ်ကို ဦးစွာ အသုံးပြုလိုက်ပြီး သူ ယခင်က သိမ်းဆည်းထားခဲ့သော အလယ်အလတ်အဆင့် ဆင့်ခေါ်ခြင်းကတ် သုံးကတ်ကိုလည်း အသုံးပြုလိုက်၏။
【ဆင့်ခေါ်ခြင်း အောင်မြင်ပါသည်... သူတော်စင်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် သုံးဦးဖြစ်တဲ့ ရွှမ်ယီ ရွှမ်အာနဲ့ ရွှမ်စန်းတို့ကို ရရှိတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်...】
【ဆင့်ခေါ်ခြင်း အောင်မြင်ပါသည်... အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်တဲ့ လီယွမ် ကို ရရှိတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်...】
ထို့နောက် ချက်ချင်းဆိုသလိုပင်...
လင်းရှောင်က ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။
"အထွတ်အထိပ် ပြိုင်ဘက်ကင်းကတ်ကို အသုံးပြုမယ်..."
【ဟုတ်ကဲ့ပါ...】
သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...
အထွတ်အထိပ် စွမ်းအား တစ်ခုက လင်းရှောင်၏ ခန္ဓာကိုယ်အတွင်း၌ လှိုင်းထန်လာပြီး သူနှင့် ပတ်သက်သမျှ အရာအားလုံးကို အဆက်မပြတ် မြှင့်တင်ပေးနေသည်။
တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အလယ်အလတ်အဆင့်...
တာအိုလမ်းစဉ်လျှောက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်...
သူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်...
သူတော်စင်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်...
အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်...
အုပ်စိုးသူနယ်ပယ် အထွတ်အထိပ်အဆင့်...
မကြာမီမှာပင်... ထိုကြီးမားသော စွမ်းအားက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လင်းရှောင်က သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
"ဟား ဟား ဟား... ငါက ပြိုင်ဘက်ကင်း ဖြစ်သွားပြီပဲ..."
လင်းရှောင် အော်ဟစ်ရယ်မောလိုက်ရာ သူ၏ အသံက မိုးကြိုးသံအလား လောကတခွင်လုံးကို ပဲ့တင်ထပ်သွားတော့သည်။
Book 7 end.
ဇာတ်သိမ်းပါပီ ဖတ်ရှု့အားပေးသူတစ်ယောက်ခြင်းစီတိုင်းကိုကျေးဇူးအထူးပါခင်ဗျာ။