← Chapters

အခန်း ၆၁၆

Vol. 42 Ch. 616

အခန်း ၆၁၆

Vol. 42 Ch. 616

အခန်း (၆၁၆) - ပိုင်ဟုမြို့

‘ဒီအတိုင်း အေးအေးဆေးဆေး မေးကြည့်ရုံတင်လား’

လူလတ်ပိုင်း အမျိုးသားသည် အနောက်သို့ လဲကျသွား၏။ သူသည် သေဆုံးသွားချိန်တွင်ပင် မျက်လုံးများမှာ ပြူးကျယ်လျက် ရှိနေဆဲပင်။

ဆုမိုကမူ ထိုသူ၏ မျက်လုံးများ ပိတ်သည် မပိတ်သည်ကို ဂရုမစိုက်အားချေ။ သူသည် အလောင်းကို ရှာဖွေလိုက်ရာ ငွေစအချို့နှင့် မြှားတို အများအပြားကို တွေ့ရှိလိုက်ရ၏။

ထိုသူ၏ ခန္ဓာကိုယ်အနှံ့တွင် မြှားတိုများမှာ ပြည့်နှက်နေ၏။ ကြီးမားလှသော ဝတ်ရုံကြီးတွင် အလွှာ (၃) ထပ် ရှိနေပြီး အလွှာတိုင်း၌ မြှားတိုများကို သိပ်သည်းစွာ စီရီထားခြင်းပင်။ ဝတ်ရုံတစ်ခုလုံးမှာ မြှားတိုအိတ်ကြီး တစ်ခုသဖွယ် ဖြစ်နေတော့သည်။ ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို မြှားတိုများကို ဝှက်ထားသည်ကို မြင်ရသောအခါ ဆုမိုပင်လျှင် အံ့ဩစွာဖြင့် လျှာသပ်မိရလေ၏။

မြှားတိုအားလုံးကို သိမ်းဆည်းပြီးနောက် အခြားဘာမျှ မကျန်တော့ကြောင်း သေချာမှသာ သူသည် မတ်တတ်ရပ်လိုက်ပြီး အဆိပ်သူငယ်၏ အလောင်းထံသို့ ချဉ်းကပ်သွား၏။

ယန်ရှောင်ယွင်နှင့် အခြားသူများမှာမူ အဆိပ်သူငယ်၏ အလောင်းကို မထိဝံ့ကြချေ။ အစောပိုင်းက ထိုသူတို့ အချင်းချင်း ပြောဆိုနေကြသော စကားများအရ ဤသူမှာ အဆိပ်အသုံးပြုရာတွင် နာမည်ကျော်သူ ဖြစ်ကြောင်း သိရှိထားကြသည် မဟုတ်ပါလော။ ဤကဲ့သို့သော လူစားမျိုး၏ အလောင်းကို မစဉ်းစားမဆင်ခြင်ဘဲ ထိတွေ့မိပါက အလွယ်တကူ အဆိပ်သင့်သွားနိုင်သည်မှာ ဓမ္မတာပင်။

ဆုမိုသည် စစ်ဆေးကြည့်သော်လည်း ဘာမျှမတွေ့သဖြင့် သက်ပြင်းတစ်ချက်ကိုသာ ချလိုက်ရ၏။ ထို့နောက် သူသည် ကျောက်ဝမ်ဟောက်ဘက်သို့ မော်ကြည့်လိုက်သည်။

“သခင်လေးကျောက်”

ဆုမိုက စတင်စကားဆိုလိုက်၏။

ကျောက်ဝမ်ဟောက်သည် ဆုမို အလောင်းများကို စစ်ဆေးနေသည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ခြင်းပင်။ ဆုမို၏ ခေါ်သံကို ကြားသောအခါ သူက ပြန်လည် ထူးလိုက်၏။

“ဒီနေ့ ကျွန်တော်တို့ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် အာမခံခေါင်းဆောင်ဆု... ခင်ဗျားရဲ့ ဒီကျေးဇူးကို ကျွန်တော် ကျောက်ဝမ်ဟောက် လုံးဝ မေ့မှာ မဟုတ်ပါဘူး”

“အားနာစရာတွေပါဗျာ... မလိုပါဘူး”

ဆုမိုက လက်ကို ဝှေ့ယမ်းလိုက်၏။

“ကျွန်တော်တို့က မိတ်ဆွေဟောင်းတွေ ဖြစ်သလို မြို့ခံချင်းလည်း ဖြစ်နေတာပဲ မဟုတ်လား... ဒီနေ့ ခင်ဗျားတို့ ဒုက္ခရောက်နေတာကို ကျွန်တော် ဘယ်လိုလုပ် လျစ်လျူရှုနိုင်ပါ့မလဲ... ဒါ့အပြင် ဒီကိစ္စမှာ ကျွန်တော့်ရဲ့ ပြဿနာတွေလည်း ဖုံးကွယ်ပါဝင်နေတာပဲလေ”

ထိုသို့ ပြောဆိုပြီးနောက် သူသည် မျက်နှာမှာ ပိုမို ဖြူရော်လာသော တာဝန်ခံကျိုးကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူသည် အတွင်းအိတ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ကျောက်ဝမ်ဟောက်ထံသို့ လွှတ်ပေးလိုက်၏။

“ပြတ်တောက်သွားတဲ့ လက်မောင်း ဒဏ်ရာက သွေးကြောကွက်ကို ဖိထားရင်တောင် ခဏတဖြုတ်နဲ့ သွေးတိတ်ဖို့ မလွယ်ဘူးလေ... ဒီဆေးလုံးက သွေးတိတ်စေသလို ဒဏ်ရာကိုလည်း အမြန်ကျက်စေလိမ့်မယ်... တစ်ဝက်ကို တိုက်လိုက်ပြီး ကျန်တဲ့တစ်ဝက်ကိုတော့ အနာပေါ် ဖြူးပေးလိုက်ပါ... လက်ခံပေးပါဦး”

“ကျေးဇူးတင်ပါတယ် အာမခံခေါင်းဆောင်ဆု”

ကျောက်ဝမ်ဟောက်က ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။ ဆုမို၏ 'လက်ခံပေးပါဦး' ဟူသော စကားမှာ သူ့ကို အတင်းအကျပ် တိုက်ခိုင်းနေခြင်း မဟုတ်ဘဲ သူ့စိတ်ကြိုက် ဆုံးဖြတ်နိုင်ရန် အခွင့်အရေး ပေးထားခြင်း ဖြစ်ကြောင်း သူ နားလည်လိုက်၏။

ဆုမိုသည် ယနေ့ သူတို့၏ အသက်ကို ကယ်တင်ခဲ့ပြီး မိတ်ဆွေဟောင်းဟု ခေါ်ဆိုနေသော်ငြားလည်း အမှန်တကယ်တွင်မူ သူတို့ကြား၌ ထူးထူးခြားခြား ပတ်သက်မှုမျိုး မရှိခဲ့ချေ။ အကယ်၍ ဆုမိုက 'အမြန်တိုက်လိုက်' ဟု ပြောလာပါက ကျောက်ဝမ်ဟောက်တို့ဘက်မှ သံသယ ဝင်နိုင်ပေသည်။ ယခုမူ 'လက်ခံပေးပါ' ဟု ဆိုလိုက်ခြင်းက သုံးစွဲရန် .. မသုံးစွဲရန်မှာ ကျောက်ဝမ်ဟောက်၏ ဆုံးဖြတ်ချက်သာ ဖြစ်သဖြင့် သူ၏ စိတ်ကို ပိုမို လွတ်လပ်သွားစေတော့၏။

၎င်းမှာ ဆုမို၏ ပွင့်လင်းမြင်သာမှုကိုလည်း ဖော်ပြနေပေသည်။

ကျောက်ဝမ်ဟောက်သည် ဆုမို၏ အပြုအမူကို မချီးကျူးဘဲ မနေနိုင်တော့ချေ။ သူသည် တွန့်ဆုတ်မနေတော့ဘဲ ဆေးလုံးကို နှစ်ခြမ်း ခွဲလိုက်ပြီး တစ်ဝက်ကို တာဝန်ခံကျိုး၏ ပါးစပ်ထဲသို့ ထည့်လိုက်ကာ ကျန်တစ်ဝက်ကိုမူ အမှုန့်ပြုလုပ်၍ ဒဏ်ရာပေါ်သို့ ဖြူးပေးလိုက်တော့သည်။

အမှန်တကယ်ပင် ဆေးထည့်ပြီး မကြာမီမှာပင် သွေးများမှာ တိတ်သွားခဲ့လေပြီ။ ၎င်းကို မြင်ရသောအခါ ယန်ဝေအာမခံဌာနမှ လူအားလုံး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။ သွေးတိတ်သွားပြီ ဆိုပါက တာဝန်ခံကျိုး၏ အသက်မှာ ဘေးကင်းသွားပြီဟု ဆိုနိုင်ပေသည်။ သူတို့အားလုံး ဆုမိုကို လက်နှစ်ဖက် ဆုပ်ကာ ကျေးဇူးတင်ကြလေ၏။

တာဝန်ခံကျိုး၏ အခြေအနေ သက်သာလာသည်ကို မြင်သောအခါ ကျောက်ဝမ်ဟောက်သည် သူ၏ အဖွဲ့သားများကို အာမခံလှည်းများအား ပြန်လည် ပြင်ဆင်ရန် ညွှန်ကြားလိုက်တော့သည်။ သူတို့သည် ဤနေရာတွင် ဓားပြအုပ်စု၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် အာမခံလှည်း အတော်များများမှာ ပျက်စီးနေခဲ့ပြီ ဖြစ်၏။ အဖွဲ့သားများမှာ အသက်နှင့်လဲ၍ ကာကွယ်ခဲ့ကြသဖြင့် အာမခံပစ္စည်းများမှာမူ လောလောဆယ်တွင် ထိခိုက်မှု မရှိခဲ့ချေ။

ဆုမိုက ဤအရာအားလုံးကို သတိပြုမိလိုက်ပြီးနောက် မေးခွန်းထုတ်လိုက်၏။

“သခင်လေးကျောက်... ဒီလူတွေက တိုက်ဝမ်ကျေးရွာက လူတွေလား”

ကျောက်ဝမ်ဟောက်က ခေါင်းခါပြလိုက်သည်။

“တိုက်ဝမ်ကျေးရွာက လူတွေနဲ့ ကျွန်တော်တို့က ရင်းနှီးပြီးသားပါ... ကျွန်တော် ဒီလမ်းကို အခေါက် (၁၀၀) မဟုတ်ရင်တောင် (၈၀) လောက်တော့ သွားဖူးပါတယ်... အမြဲတမ်း အေးအေးဆေးဆေး ရှိခဲ့တာပဲလေ... အခု ဒီလို သေခြင်းတရားကို မကြောက်ဘဲ သိုင်းပညာလည်း ထူးဆန်းတဲ့ လူမိုက်တွေ ဘယ်ကနေ ရုတ်တရက် ပေါ်လာမှန်းကို မသိတာပါ”

“သူတို့က ကျွန်တော်တို့ သတိမထားမိတဲ့ အချိန်မှာပဲ ဝင်တိုက်ကြတာဗျ”

ဆုမို၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွား၏။

ကျောက်ဝမ်ဟောက်၏ စကားအရ ဆိုလျှင် တိုက်ဝမ်ကျေးရွာ၏ အခြေအနေမှာ မဟန်တော့ပုံရပေသည်။ ဘယ်သူကများ မိမိရဲ့ အိပ်ရာဘေးမှာ သူစိမ်းတစ်ယောက်ကို အေးအေးဆေးဆေး အိပ်ခွင့်ပေးပါမည်နည်း။ ဤလူစိမ်း အုပ်စုမှာ ဤနေရာတွင် အခြေစိုက်နိုင်ရန်အတွက် တိုက်ဝမ်ကျေးရွာနှင့် အသေအလဲ တိုက်ခိုက်ခဲ့ရမည်မှာ အသေအချာပင်။

ခေတ္တမျှ စဉ်းစားပြီးနောက် ဆုမိုက ထပ်မံ မေးမြန်းလိုက်ပြန်သည်။

“ဒါဆို သခင်လေးကျောက်ရဲ့ နောက်ထပ် အစီအစဉ်က ဘာလဲ”

ထိုအခါ ကျောက်ဝမ်ဟောက်က ချက်ချင်းပင် ဖြေကြားလိုက်၏။

“ဒီနေ့ အာမခံခေါင်းဆောင်ဆုရဲ့ အကူအညီကြောင့် ကျွန်တော်တို့ လောလောဆယ် ဘေးကင်းသွားပါပြီ... အခုတော့ တာဝန်ခံကျိုးကို ကုသဖို့အတွက် လော့ရှားမြို့ကို ပြန်ပို့ခိုင်းလိုက်မယ်... ကျန်တဲ့သူတွေကတော့ ကျွန်တော်နဲ့အတူ ကွမ်းယွဲ့တောင်တန်းကနေ အမြန်ဆုံး ထွက်ကြမှာပေါ့... ဒီနေ့ ဖြစ်ခဲ့တဲ့ ရန်ငြိုးတွေကိုတော့ နောက်ရက်မှပဲ ရှင်းကြတာပေါ့ဗျာ”

“ကောင်းပါပြီ”

ဆုမိုက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။

“ဒီလူတွေ အကုန်လုံးလည်း ဆုတ်ခွာသွားကြပြီပဲ... ကွမ်းယွဲ့တောင်တန်းကနေ ထွက်ဖို့ လမ်းကလည်း သိပ်မဝေးတော့ဘူးလေ... ခင်ဗျားတို့ရဲ့ လှည်းတွေကို ပြင်ပြီးပြီ ဆိုရင်တော့ ကျွန်တော် အရင် ခရီးဆက်လိုက်ပါဦးမယ်... ခွင့်ပြုပါဦး”

ကျောက်ဝမ်ဟောက်က ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်၏။ သူသည် ဆုမို၏ ဂုဏ်သတင်းကို အမှီပြုပြီး အချောင်လိုက်ရန် စိတ်ကူး လုံးဝ မရှိခဲ့ချေ။ အကယ်၍ ဆုမိုသာ သူတို့ကို စောင့်ကြပ်ပြီး လိုက်ပါပေးမည် ဆိုပါက မည်သည့် ဘေးအန္တရာယ်မှ ရှိတော့မည် မဟုတ်မှန်း သူ သိရှိထားသော်လည်း။ ထိုသို့ လုပ်ဆောင်လိုက်ပါက ယန်ဝေအာမခံဌာန၏ ဂုဏ်သိက္ခာမှာ မည်သည့်နေရာတွင် ရှိတော့ပါမည်နည်း။

သို့သော်ငြားလည်း ဆုမို၏ 'ခွင့်ပြုပါဦး' ဟူသော စကားက ကျောက်ဝမ်ဟောက်ကို အဓိက အချက်တစ်ခုကို သတိပြုမိသွားစေတော့သည်။

“ခုနက အော်လိုက်တဲ့ အသံကြောင့်လားဗျ”

ဆုမိုက သက်ပြင်းချလိုက်၏။

“ဟုတ်ပါတယ်... အဲဒါကြောင့်ပါပဲ...”

အာမခံလှည်းများကို ပြင်ဆင်ရန် အချိန်အနည်းငယ် လိုအပ်နေသေးသည်ကို မြင်သောအခါ ဆုမိုသည် ကျိရှုဟွာ သေခါနီးတွင် သူ့ကို အပ်နှံသွားခဲ့သော ကိစ္စများနှင့် တည်းခိုခန်း အပြင်ဘက်တွင် ပျံ့နှံ့နေသော ကောလဟာလများကို ကျောက်ဝမ်ဟောက်အား ပြောပြလိုက်၏။ သေချာသည်မှာ အာမခံပစ္စည်း၏ အသေးစိတ် အချက်အလက်များကိုမူ သူ ထုတ်ဖော် မပြောခဲ့ချေ။

ကျောက်ဝမ်ဟောက်မှာ ထိုစကားများကို ကြားရသောအခါ ဒေါသတကြီးဖြင့် စကားဆိုလာတော့၏။

“တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ... သူရဲကောင်းကျိ က .. သူ သက်ရှိထင်ရှား ရှိစဉ်တုန်းက တကယ့်ကို သစ္စာရှိပြီး နာမည်ကျော်ခဲ့တဲ့ သူတစ်ယောက်ပါ”

“အခု သူ ကွယ်လွန်သွားတာ မကြာသေးဘူး... အရှက်မရှိတဲ့ လူတွေက သူ့ရဲ့ ပစ္စည်းတွေကို လုယူဖို့ ရုတ်တရက် ပေါ်လာကြတယ် ဆိုတော့... တကယ့်ကို ရွံစရာ ကောင်းပြီး စိတ်ပျက်စရာ ကောင်းလှတယ်ဗျာ”

ဆုမိုက ခေါင်းကို ညင်သာစွာ ညိတ်လိုက်၏။

“အဲဒါကြောင့်ပဲ ကျွန်တော့်ရဲ့ ဒီတစ်ခေါက် ခရီးစဉ်က တကယ့်ကို ပြဿနာတွေနဲ့ ပြည့်နေတာလေ... သခင်လေးကျောက်တို့နဲ့ အတူတူ ခရီးမသွားနိုင်တာကို နားလည်ပေးပါဦး”

ကျောက်ဝမ်ဟောက်သည် တစ်ခဏမျှ စဉ်းစားပြီးမှ ပြောဆိုလိုက်၏။

“အာမခံခေါင်းဆောင်ဆု... ခင်ဗျားရဲ့ ဒီခရီးစဉ်က ဘေးအန္တရာယ်တွေနဲ့ ပြည့်နေမှာ အသေအချာပဲ... ခင်ဗျားရဲ့ သိုင်းပညာက အလွန်တရာ မြင့်မားတယ် ဆိုတာကို ကျွန်တော် သိနေပေမဲ့လည်း…”

--

All Chapters