← Chapters

အခန်း ၃၆၁

Vol. 19 Ch. 361

အခန်း ၃၆၁

Vol. 19 Ch. 361

အပိုင်း(၃၆၁) အဲဒီကောင်တွေက တကယ် ဖုံးကွယ်ထားနိုင်တာပဲ

ပြိုင်ပွဲက နောက်ဆုံးပန်းတိုင်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဤအချိန်တွင် ဝင်မပါလျှင် နောင်တွင် အခွင့်အရေး ရနိုင်တော့မည် မဟုတ်ပေ။

ရိက္ခာများအတွက် မည်သူကမျှ ဤအချိန်တွင် အလျှော့ပေးမည် မဟုတ်ချေ။

အစွမ်းပိုင်ရှင်များက လမ်းစဉ်ဆေးထိုးအပ်ကို သိပ်ပြီး ဂရုစိုက်ချင်မှ စိုက်ပေလိမ့်မည်။ သူတို့ကိုယ်တိုင်က အစွမ်းပိုင်ရှင်များ ဖြစ်နေပြီ မဟုတ်ပါလော။

ရလျှင်လည်း အကောင်းဆုံးပင်။ မရလျှင်လည်း ဂရုစိုက်နေမည် မဟုတ်ပေ။

သို့သော် ထိုရိက္ခာပစ္စည်းများကတော့ ထိုသို့မဟုတ်ပေ။

ရိက္ခာများ ပိုမို ရှားပါးလာသော ယခုလိုအချိန်မျိုးတွင် ထိုပစ္စည်းများက အသက်ပင် ဖြစ်သည်။

သို့သော် အကူအဖြစ် ပါဝင်နေကြသော သာမန်လူများကမူ ထိုသို့ မတွေးကြချေ။

လမ်းစဉ်ဆေးထိုးအပ်သည် သူတို့ အသက်ကို ပေး၍ပင် ရယူလိုသော အရာဖြစ်သည်။

လမ်းစဉ်ဆေးထိုးအပ်အတွက် ဤလူများက မိမိတို့၏ အသက်ကိုပင် စွန့်လွှတ်ရဲကြသည်။

စစ်မြေပြင်ထက်မှ အင်ဂျင်စက်သံများက ရုတ်တရက် ပိုမို ကျယ်လောင်လာသည်။

ရွှီလီနာပင်လျှင် ဤအချိန်တွင် မျက်လုံးများ နီရဲနေပြီး သူမ၏ သွယ်လျသော လက်ချောင်းလေးများထက်တွင် သွေးကြောစိမ်းများက တီကောင်များအလား ဖောင်းကြွနေသည်။

ယခုအချိန်တွင် သူမ၌ ပုံမှန် မြင်တွေ့နေရသော ညို့ငင်ဆွဲဆောင်မှုရှိသည့် အမူအရာမျိုး လုံးဝ မရှိတော့ပေ။

ယင်းအစား အချိန်မရွေး လူကို ကိုက်ဖြတ်ရန် အသင့်ဖြစ်နေသော ကျားသစ်မတစ်ကောင်နှင့် ပိုတူနေသည်။

လမ်းစဉ်ဆေးထိုးအပ်။

သူမ မဖြစ်မနေ ရအောင် ယူမည်။

ခြေအောက်မှ လီဗာကို အဆုံးထိ နင်းထားလိုက်သည်။

အင်ဂျင်၏ ဟိန်းဟောက်သံက ဒေါသထွက်နေသော သားရဲတစ်ကောင်အလား နောက်ဆုံးအကြိမ် ရူးသွပ်နေသည့်နှယ် ဖြစ်သည်။

အစ်ကိုကောက်ကလည်း ထိုနည်းတူပင် ဖြစ်သည်။

လမ်းစဉ်ဆေးထိုးအပ် ရရှိနိုင်မည့် အခွင့်အရေးကို အရယူရန်အတွက် သူသည် အမည်မသိ ထောင့်တစ်နေရာတွင် သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။

ချန်းဟောင်သာ ပေါ်မလာခဲ့လျှင်။

ယခုအချိန်တွင် သူသည် ကုတင်ပေါ်၌ လှဲလျောင်းရင်း ပြိုင်ပွဲကွင်းအတွင်းမှ အင်ဂျင်သံများကိုသာ နားထောင်နေရပေလိမ့်မည်။

သူ့ကို ချူချယ်တို့က တရားမျှတစွာ ဆက်ဆံသလားဆိုသည်ကိုတော့။

သူ လုံးဝ ဂရုမစိုက်ပေ။

အကယ်၍ သူသာ ချူချယ်၏ နေရာတွင် ရှိနေမည်ဆိုလျှင်လည်း ပထမဆုံး စဉ်းစားရမည်မှာ မိမိနှင့် ရင်းနှီးသူများကိုသာ ဖြစ်ပေလိမ့်မည်။

သူက ချူချယ်အတွက် အလုပ်လုပ်ပေးချင်ရသည့် အကြောင်းရင်းမှာ။

တစ်ချက်က သူ၏ တန်ဖိုးကို ပြသလို၍ ဖြစ်သည်။

ဒုတိယအချက်က ထို သေးငယ်သော ဖြစ်နိုင်ခြေလေးကို အရယူလို၍ ဖြစ်သည်။

ချူချယ်က သူ့ကို စွန့်လွှတ်လိုက်မည်ကို သူ ကြိုတင် တွေးထားပြီး ဖြစ်သည်။

သူ မည်သူ့ကိုမျှ အပြစ်မတင်ပေ။

လောကကြီးတွင် တရားမျှတမှု ဆိုသည်မှာ မရှိချေ။

ဤအမှန်တရားကို သူ ငယ်စဉ်ကတည်းက ကောင်းစွာ သဘောပေါက်ခဲ့သည်။

တရားမျှတမှုကိုသာ ရှာဖွေနေခြင်းက ကလေးငယ်များ၏ အစွမ်းအစမရှိသော ဆင်ခြေတစ်ခုမျှသာ ဖြစ်သည်။

သို့သော် ထိုသို့ဖြစ်နေလျှင်ပင်၊ ကမ္ဘာပျက်ကပ်ကြီး ကျရောက်နေလျှင်ပင် သူသည် အခြားသူများ၏ အနိုင်ကျင့် ဗိုလ်ကျခြင်းကို ခံရမည့် သာမန်လူတစ်ယောက် မဖြစ်လိုပေ။

ယခု ချန်းဟောင်က သူ့ကို အခွင့်အရေး ပေးခဲ့ပြီ။

သူ ရှိသမျှ စွမ်းအားအကုန်ထုတ်၍ ကြိုးစားသွားမည်။

ပြီးတော့ ကျိုးရှောင်ရှောင်။

တင်းတုံက လမ်းစဉ် အဆင့် (၂) သာ ဖြစ်သောကြောင့်။

သူမက အစမှ ယခုအချိန်အထိ အလွန် အနေအထိုင် ဆင်ခြင်ခဲ့သည်။

သေချာသည်ကတော့ သူမအနေဖြင့် ပထမနေရာကို သီးသန့် သွားရောက် လုယက်ရန် မလိုအပ်ပေ။

ထယ်ရှီး၊ စွန်းချန်းချန်းနှင့် ချန်းရီ သုံးယောက်ထဲမှ တစ်ယောက်ယောက် ပထမရလျှင် သူမလည်း တစ်ချောင်း ရရှိမည် ဖြစ်သည်။

လက်ရှိ အခြေအနေအရ ထယ်ရှီးဆိုသော ငတုံးကောင်ကိုတော့ မျှော်လင့်၍ မရတော့ပေ။

ချန်းရီကိုမူ သူ၌ နောက်ထပ် အကြံအစည်များ ရှိမရှိ သူမ မသိချေ။

ပထမရနိုင်ချေ အများဆုံးသူမှာ လက်ရှိကြည့်ရသလောက် စွန်းချန်းချန်းပင် ဖြစ်သည်။

သို့သော် ကျိုးရှောင်ရှောင်က ရလဒ်ကို ထိုင်စောင့်နေမည် မဟုတ်ပေ။

ထို့အတူ ဤပြိုင်ပွဲကွင်းအတွင်း ရပ်တည်နိုင်ရန် သူမသည်လည်း ကိုယ့်အသက်ကို ပုံအောထားခဲ့ခြင်း ဖြစ်သည်။

တင်းတုံသည် ရှားရှားပါးပါး ပျင်းရိခြင်းများနှင့် အေးစက်မှုများကို ဖယ်ရှားလိုက်ပြီး အလွန် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ရှောင်ရှောင်... စလိုက်ကြရအောင်"

ကျိုးရှောင်ရှောင်၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ဝဲတက်လာသည်။ စိတ်လှုပ်ရှား၍လား သို့မဟုတ် ဝမ်းသာပီတိဖြစ်၍လားတော့ မသိပေ။

"ဆရာ"

ဤကုန်တင်ကားလေးပင်လျှင် ယခုအချိန်၌ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးကို ထုတ်လွှင့်နေသည်။

တင်းတုံသည် ယာဉ်မောင်းဘေးခုံတွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး သူမ တစ်ကိုယ်လုံး ယခင်ကကဲ့သို့ မိမိကိုယ်ကို မေ့ပျောက်သွားသော အခြေအနေသို့ ထပ်မံ ဝင်ရောက်သွားသည်။

တင်းတုံက မျက်လုံးများကို မှိတ်လိုက်သည်။ ယခုအချိန်တွင် သူမ၌ လက်တစ်ဖက်သာ ကျန်ရှိတော့သော်လည်း မည်သူ့ကိုမဆို လက်သီးဖြင့် ထိုးနှက်ရန် သူမ ကြောက်ရွံ့နေမည် မဟုတ်ပေ။

ပြိုင်ပွဲကွင်းအတွင်းမှ သွေးနံ့များနှင့် ယမ်းနံ့များက တစ်ခဏအတွင်း အဆမတန် တိုးပွားလာခဲ့သည်။

"လူကြီးမင်းတို့... နောက်ဆုံးပတ်ကို ရောက်လာပါပြီ... အားလုံးပဲ အခုမှ တက်ကြွလာကြတဲ့ပုံပဲ"

"ပြိုင်ပွဲဆိုတာ ဒီလိုဖြစ်နေရမှာ"

"အားလုံးပဲ ကျွန်တော်နဲ့အတူ ကွင်းထဲက အခြေအနေကို ကြည့်လိုက်ကြရအောင်"

"လောလောဆယ် ပထမနေရာမှာ ရှိနေတာကတော့ ကျွန်တော်တို့ရဲ့ ဒုတိယမြို့တော်ဝန် တင်းရှန်ပဲ ဖြစ်ပါတယ်"

"ဒါပေမဲ့ ဒုတိယမြို့တော်ဝန်ရဲ့ လက်ရှိ အခြေအနေကတော့ သိပ်မဟန်လှဘူး"

"ရွှီလင်းဟောင် ထွက်သွားရတဲ့အတွက် အခုတော့ ဒုတိယမြို့တော်ဝန်က အားလုံးရဲ့ ပစ်မှတ် ဖြစ်သွားခဲ့ပြီ"

"ဒါပေမဲ့ ဒုတိယမြို့တော်ဝန်က အိုအေစစ်ရဲ့ နံပါတ်တစ် ဆိုတဲ့ နာမည်နဲ့ တကယ် လိုက်ဖက်ပါတယ်... သူ တစ်ယောက်တည်းနဲ့ ဒီလောက်များပြားတဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ခဲ့တာပါ"

"ဒုတိယမြို့တော်ဝန်အတွက်တော့ ဒီကောင်တွေ အကုန်လုံးက အမှိုက်တွေချည်းပဲ... အားလုံးက"

"ဟမ်... ကြည့်လိုက်ကြရအောင်... ဒါက ပိုးကောင်မွေးမြူသူရဲ့ ပိုးကောင်တွေပဲ"

"ဒီ ရွံစရာကောင်းတဲ့ ပိုးကောင်တွေက ကျွန်တော်တို့ရဲ့ ဒုတိယမြို့တော်ဝန်ကို ဘာအန္တရာယ်မှ မပေးနိုင်ပါဘူး"

"ကြားရသလောက်တော့ ပိုးကောင်မွေးမြူသူ လမ်းစဉ်ရဲ့ အစွမ်းပိုင်ရှင်တွေက သူတို့ရဲ့ ခန္ဓာကိုယ်ကို ပိုးအိမ်အဖြစ် အသုံးပြုကြတယ်တဲ့"

"သေလိုက်ပါတော့... ဆက်မပြောနိုင်တော့ဘူး... အဲဒီ မြင်ကွင်းကို တွေးကြည့်ရုံနဲ့တင် ရွံဖို့ကောင်းလွန်းတယ်"

ကျူးဇီကျိုက် ဆိုသော မသေနိုင်သည့် အဘိုးကြီး၏ အသံလွှင့်ချက်က အလွန် စိတ်ပျက်ဖွယ် ကောင်းလှသည်။

သို့သော် ၎င်းက ကွင်းအတွင်းရှိ လက်ရှိအခြေအနေကို ရှင်းပြပေးနေသည်။

ဒုတိယမြို့တော်ဝန်တင်းတွင် ထို သွေးရောင် အလင်းအကာအကွယ် ရှိနေသည်။

ထိုတိုက်ခိုက်မှုများက ဒုတိယမြို့တော်ဝန်၏ ခံစစ်ကို လုံးဝ မဖောက်ထွင်းနိုင်ပေ။

ယဲ့၏ ကစားစရာဓားမှ ထွက်ပေါ်လာသော ဓားရောင်ဝါပင်လျှင် တင်းရှန်ကို အမှန်တကယ် ထိခိုက်စေနိုင်ခြင်း မရှိသေးချေ။

ချန်းရီက ဝင်မတိုက်ခိုက်သေးပေ။ သူက ထိုအမျိုးသမီးကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

မရဏနတ်သမီး၏ ခုနက တိုက်ခိုက်မှုသည် အကဲစမ်းခြင်း သက်သက်သာ ဖြစ်ကြောင်း သူ သိထားသည်။

တင်းရှန်၏ အကာအကွယ်ကို ဖောက်ထွင်းနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးမှာ မရဏနတ်သမီး၏ တံစဉ်သာ ရှိသည်။

ဓားသွေးသမားကလည်း အလွန် အစွမ်းထက်သည်။

သို့သော် မလုံလောက်သေးပေ။

သို့သော် တင်းရှန်၏ အလင်းအကာအကွယ်က ပို၍ အစွမ်းထက်လာလေလေ၊ ချန်းရီက ပို၍ လိုချင်လာလေလေ ဖြစ်သည်။

သိထားရမည်မှာ သွေးလမင်း သခင်က သွေးလမင်း သားတော်ထံမှ အစွမ်းတစ်ခုကို ဆွဲယူနိုင်သည့် အခွင့်အရေး ရှိနေခြင်း ဖြစ်သည်။

ယခုအချိန်တွင် သူ အလိုအရှိဆုံးမှာ ဤကဲ့သို့ အစွမ်းထက်သော ကာကွယ်ရေး အစွမ်းပင် ဖြစ်သည်။

ဤသွေးရောင် အလင်းအကာအကွယ်သာ သူ၏ ကိုယ်ပိုင်အစွမ်း ဖြစ်လာခဲ့လျှင်။

ချန်းရီ၏ လောဘစိတ်က ထပ်မံ နိုးကြားလာခဲ့သည်။

"အိုး... လျှိုလီက ပထမနေရာကို ထိုးဖောက် ဝင်ရောက်လာပါပြီ"

"ဘုရားရေ... အဲဒီ အဖြူရောင် SUV ကားကလည်း သဘာဝလွန်ပစ္စည်း ဖြစ်နေတာပဲ"

"ဒါ တရားမျှတမှုရော ရှိသေးရဲ့လား... သူ့မှာ ပြီးပြည့်စုံတဲ့ ပူးတွဲရှင်သန်ခြင်း လမ်းစဉ်က မရဏနတ်သမီးလည်း ရှိတယ်... သဘာဝလွန်ပစ္စည်း SUV ကားလည်း ရှိသေးတယ်... ပြီးတော့ ဒီလောက်လည်း လှနေသေးတယ်"

"မိုးနတ်မင်းကြီးက ဘာလို့ လျှိုလီကို ဒီလောက် မျက်နှာလိုက်ရတာလဲ"

ဤအဖြူရောင် SUV ကားက သဘာဝလွန်ပစ္စည်း ဖြစ်နေမည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။

အသံလွှင့်သူပင်လျှင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ချန်းရီ ကိုယ်တိုင်လည်း ထင်မှတ်မထားခဲ့ချေ။

သိထားရမည်မှာ ဤကား၏ ယခင် စွမ်းဆောင်ရည်က အမြဲတမ်း သာမန်သာ ဖြစ်နေခဲ့ခြင်းပင်။

ဤအမျိုးသမီးက ဤမျှအထိ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားမည်ဟု မထင်ထားခဲ့မိပေ။

အဖြူရောင် SUV ကားက မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြီးမားသော ပြောင်းလဲမှု ဖြစ်ပေါ်သွားခဲ့သည်။

ကားတစ်စီးလုံးတွင် ချွန်ထက်သော အဖြူရောင် အရိုးဆူးများဖြင့် ပြည့်နှက်သွားသည်။

"အား"

ဘေးရှိ ကားတစ်စီးက ရှောင်တိမ်းချိန် မရလိုက်ဘဲ အဖြူရောင် အရိုးဆူးများ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။

အဖြူရောင် အရိုးဆူးများက ထိုလမ်းကြမ်းမောင်းကားကို ထိုးဖောက်ပြီးနောက် ချက်ချင်းပင် ပြန်လည် ရုပ်သိမ်းသွားခဲ့သည်။

ထိုသနားစရာကောင်းသော လမ်းကြမ်းမောင်းကားဆီမှမူ မည်းမှောင်သော မီးခိုးငွေ့များ ထွက်ပေါ်လာတော့သည်။

ထိုအရိုးဆူးများက အတိုအရှည် ဆွဲဆန့်ကာ ထိုးနှက်နိုင်စွမ်း ရှိနေခြင်းပင်။

ချန်းရီ၏ မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ဤအမျိုးသမီးက အလွန် သိုဝှက်လွန်းလှသည်။

သို့သော် လျှိုလီ၏ လက်ရှိ ပစ်မှတ်မှာ ချန်းရီ မဟုတ်ဘဲ အရှေ့ဆုံးမှ ပြေးနေသော တင်းရှန် ဖြစ်နေသည်။

ဒုတိယမြို့တော်ဝန်တင်း၏ နှုတ်ခမ်းထောင့်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ပေါ်လာသည်။

အားလုံးက ဤအမှိုက်တွေချည်းသာ ဆိုလျှင် ဤပြိုင်ပွဲက အရသာ ပျက်လွန်းလှသည်။

ဤကဲ့သို့သော ပြိုင်ဘက်မျိုးမှသာ သူ၏ စိတ်ဝင်စားမှုကို အနည်းငယ် နိုးဆွပေးနိုင်မည် ဖြစ်သည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် လျှိုလီက အခြားသူများနှင့် အကွာအဝေးကို ဖြတ်တောက်ကာ ရှေ့သို့ ရောက်ရှိသွားသည်။

မကြာမီမှာပင် သူတို့နှစ်ဦးက ယှဉ်ပြိုင် မောင်းနှင်နေသည့် အနေအထားသို့ ရောက်ရှိသွားကြသည်။

လမ်းစဉ် အဆင့် (၄) များ ဖြစ်ကြသဖြင့်။

မည်သူကမျှ ဒုတိယနေရာတွင် နေရန် စိတ်ကူးမရှိကြချေ။

မကြာမီ တင်းရှန်၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသော ဒုတိယမြောက် အစွမ်းက ချန်းရီကို ထပ်မံ၍ လောဘတက်စေပြန်သည်။

တင်းရှန်၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် အနက်ရောင် အရာဝတ္ထုတစ်မျိုး ပေါ်လာပြီး ထိုစီးဆင်းနေသော အနက်ရောင် အရာဝတ္ထုများက တင်းရှန်၏ အပေါ်ယံတွင် အနက်ရောင် သံချပ်ကာတစ်ခုအဖြစ် ပုံဖော်သွားသည်။

ဤသံချပ်ကာကို အားကိုး၍ တင်းရှန်က လျှိုလီကို တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

အခြားသူများကလည်း အခြေအနေကို နားလည်စွာဖြင့် တိုက်ပွဲကွင်းပြင်ကို သူတို့နှစ်ဦးအတွက် ဖယ်ပေးလိုက်ကြသည်။

ပူးတွဲရှင်သန်ခြင်း လမ်းစဉ်မှ အစွမ်းပိုင်ရှင်များနှင့် တိုက်ခိုက်ရသည်မှာ အလွန် ခေါင်းကိုက်စရာကောင်းသော ကိစ္စတစ်ခု ဖြစ်သည်။

အချို့သော ပူးတွဲရှင်သန်ခြင်း လမ်းစဉ် အစွမ်းပိုင်ရှင်များသည် သူတို့ကိုယ်တိုင်က အလွန် အစွမ်းထက်သော တိုက်ခိုက်နိုင်စွမ်း ရှိသည့်အပြင် ပူးတွဲရှင်သန်နေသော ထူးဆန်းသည့်အရာ ပါဝင်လာသောကြောင့် အချိန်အများစုတွင် နှစ်ယောက် တစ်ယောက် တိုက်ခိုက်ရသကဲ့သို့ ဖြစ်နေတတ်သည်။

ဥပမာ လျှိုလီဆိုလျှင် ဤအမျိုးသမီး၏ လက်တွင် လက်အိတ်တစ်စုံ စွပ်ထားပုံရပြီး ထိုလက်အိတ်က သူမ၏ လက်နှစ်ဖက်ကို အရောင်ငါးမျိုးရှိသော ဖန်သားအဖြစ် ပြောင်းလဲသွားစေသည်။

သူမ၏ နာမည်က လျှိုလီဟု ခေါ်သည်မှာလည်း မဆန်းတော့ပေ။

ဤဖန်သားလက်နှစ်ဖက်ကလည်း အလွန် အစွမ်းထက်ပုံရသည်။ စောစောက သူမ၏ လက်သီးချက် တစ်ချက် လွဲချော်သွားရာ ပြိုင်ပွဲလမ်းကြောင်းပေါ်တွင် အချင်း ဆယ်ပေကျော်ရှိသော တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

တင်းရှန်၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် သံချပ်ကာကလည်း အတုမဟုတ်ပေ။

ထိုကဲ့သို့သော တိုက်ခိုက်မှုအောက်တွင်ပင် ပြန်လည် ခုခံတိုက်ခိုက်နိုင်စွမ်း ရှိနေသေးသည်။

ပို၍ အရေးကြီးသည်မှာ မရဏနတ်သမီး၏ တံစဉ်ပင် ဖြစ်သည်။ စောစောက အနက်ရောင် သံချပ်ကာပေါ်သို့ ဓားချက်တစ်ချက် ခုတ်ပိုင်းလိုက်သည်။

ရလဒ်အနေဖြင့် အနက်ရောင် သံချပ်ကာက အတင်းအဓမ္မ ကာကွယ်လိုက်နိုင်ခဲ့သည်။

မရဏနတ်သမီး၏ တံစဉ်ဖြင့် မျက်နှာချင်းဆိုင် ခုတ်ပိုင်းမှုကို ကာကွယ်နိုင်သူဆို၍ ချန်းရီသည် ဤတစ်ကြိမ်သာ မြင်ဖူးသေးသည်။

ပို၍ လွန်ကဲသည်မှာ မျက်တောင်တစ်ခတ်အတွင်း ထိုသံချပ်ကာက ပြန်လည် ကောင်းမွန်သွားခြင်းပင်။

ဤအရာက သဘာဝလွန်ပစ္စည်းလား သို့မဟုတ် အစွမ်းလား ဆိုသည်ကို ချန်းရီ မသိပေ။

အကယ်၍ အစွမ်းသာ ဖြစ်ခဲ့လျှင်။

လျှိုလီနှင့် တင်းရှန်တို့ နှစ်ဦး၏ တိုက်ပွဲက မကြာမီ ပြင်းထန်သော အခြေအနေသို့ ရောက်ရှိသွားသည်။

လျှိုလီ၏ လက်ပေါ်ရှိ ဖန်သားလက်အိတ်က အလွန် အစွမ်းထက်ပြီး မရဏနတ်သမီး၏ တံစဉ်ကလည်း အလွန် ပြင်းထန်သော ဖြတ်တောက်နိုင်စွမ်း ရှိသည်။

သို့သော် ထိုသို့ဖြစ်နေလျှင်ပင် တင်းရှန်၏ သွေးရောင် အလင်းအကာအကွယ်နှင့် ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် သံချပ်ကာက သေချာပေါက် ကာကွယ်ထားနိုင်ဆဲပင်။

တင်းရှန်က အရေးနိမ့်နေသည်ဟု ထင်ရသည်။

သို့သော် လျှိုလီက သူ့ကို ဘာမှ လုပ်၍မရနိုင်ပေ။

ဤသည်မှာ တင်းရှန်က ဒဏ်ရာပြင်းထန်စွာ ရထားသည့် အခြေအနေတွင် ဖြစ်ကြောင်းကို ချန်းရီနှင့် အနည်းငယ်သော သူများသာ သိကြသည်။

"ဒုတိယမြို့တော်ဝန်တင်းနဲ့ လျှိုလီတို့ နှစ်ယောက်က ပြင်းထန်တဲ့ တိုက်ပွဲကို စတင်နေပါပြီ"

"အိုအေစစ်မြို့တော် တစ်ခုလုံးမှာ အစွမ်းထက်ဆုံး နှစ်ယောက်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါတယ်"

"အိုး... အဲဒီ ချစ်စရာကောင်းတဲ့ ကောင်မလေးက ဘယ်သူလဲ... သူက ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နေရတာလဲ"

"စွန်းချန်းချန်းပဲ... ဓားနတ်ဘုရား လမ်းစဉ်က စွန်းချန်းချန်း"

"ဘုရားရေ... စွန်းချန်းချန်းက အံ့မခန်း မြန်ဆန်တဲ့ အမြန်နှုန်းနဲ့ ဒုတိယမြို့တော်ဝန်တင်းနဲ့ လျှိုလီတို့ကို လိုက်မီလာပါပြီ"

"တကယ်လို့ အခုသာ ပြိုင်ပွဲပြီးသွားမယ်ဆိုရင် စွန်းချန်းချန်းက ဒီပြိုင်ပွဲရဲ့ တတိယနေရာကို ရရှိသွားမှာပါ"

"ဓားနတ်ဘုရား လမ်းစဉ်... ဘုရား... ဘုရား"

"တကယ်လို့ စွန်းချန်းချန်းကသာ လမ်းစဉ် အဆင့် (၄) ဖြစ်နေမယ်ဆိုရင် ဒုတိယမြို့တော်ဝန်တောင် သူမကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

"မဟုတ်သေးဘူး... သေလိုက်ပါတော့... အဲဒီ ကောင်ကြီးကလည်း ရှေ့ကို တက်လာနေပြီ"

"သူ့နာမည် ဘယ်လိုခေါ်လဲ... မှတ်တမ်းကို ကြည့်လိုက်ပါဦးမယ်... ခဏလေး"

"နန်းတော်... ဒီကားကလည်း သဘာဝလွန်ပစ္စည်း ဖြစ်နေတာပဲ... နာမည်က နန်းတော် တဲ့"

"သူ့ရဲ့ ယာဉ်မောင်းကတော့ စိတ်ကူးယဉ်သမား လမ်းစဉ် အဆင့် (၃) က ဟွမ်တီပဲ ဖြစ်ပါတယ်"

"အရမ်းမြန်တယ်... သူက အရမ်းမြန်တာပဲ"

မူလက စွန်းချန်းချန်းသည် တင်းရှန်နှင့် လျှိုလီတို့ တိုက်ခိုက်နေချိန်ကို အခွင့်ကောင်းယူကာ အသာစီးရယူရန် ရည်ရွယ်ထားခဲ့သည်။

သို့သော် ယခုအချိန်အထိ သည်းခံလာခဲ့သော ဝတုတ်လေးက နောက်ဆုံးတွင် ဆက်လက် သည်းမခံတော့ချေ။

ပြိုင်ပွဲ စတင်ချိန်တွင် နန်းတော်က အလွန် မျက်စိကျစရာ ကောင်းနေခဲ့သည်။

ဤမျှ ကြီးမားသော ကားကြီးက ပြိုင်ပွဲကွင်း တစ်ခုလုံးတွင် ဤတစ်စီးတည်းသာ ရှိနေသောကြောင့် ဖြစ်သည်။

အစပိုင်းက လူအများအပြားသည် ဝတုတ်လေးကို အလွန် စိုးရိမ်ခဲ့ကြသည်။

သို့သော် ပြိုင်ပွဲ စတင်သည်နှင့်။

ဝတုတ်လေးက အမြဲတမ်း အလွန် အနေအထိုင် ဆင်ခြင်ခဲ့သည်။

နန်းတော် တစ်စီးလုံးက အဆင့်သတ်မှတ်ချက်တွင် အနောက်ဘက်၌သာ အမြဲ ရှိနေခဲ့သည်။

အစပိုင်းက ကျူးဇီကျိုက်၏ အနံ့ဆိုးထွက်နေသော ပါးစပ်က ဝတုတ်လေးကို နောက်ပြောင်ခဲ့ဖူးသည်။

သို့သော် ဝတုတ်လေးက ဘာမှ မလှုပ်ရှားဘဲ လုံးဝ မကြားသကဲ့သို့သာ နေခဲ့သည်။

သို့သော် ယခုအချိန်ရောက်မှ ဝတုတ်လေးက စတင် အားထုတ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"နန်းတော် တစ်ခုတည်း မဟုတ်ဘူး... ယဲ့လည်း စပြီး အားထုတ်လာပြီ"

"သူ့ရဲ့ ဆိုင်ကယ်က အရမ်းမြန်တာပဲ... ညအမှောင်ထဲက လျှပ်စီးကြောင်းတစ်ခုလိုပဲ"

"ပြီးတော့ ပိုးကောင်မွေးမြူသူ"

"ဘုရားရေ... သူ့ရဲ့ ကားက... ဧရာမ ပိုးကောင်ကြီး တစ်ကောင် ဖြစ်နေတာပဲ"

"ပြီးတော့"

"ဝုန်း... ဒိုင်း..."

"မလုပ်နဲ့"

ပြင်းထန်သော ပေါက်ကွဲသံကြီးက ကျူးဇီကျိုက်၏ စိတ်ပျက်ဖွယ် အသံကို တိုက်ရိုက် ဖုံးလွှမ်းသွားခဲ့သည်။

အနီရောင် ပြိုင်ကားတစ်စီးက တိုက်ခိုက်ခံလိုက်ရခြင်းလား သို့မဟုတ် မောင်းနှင်မှု မှားယွင်းသွားခြင်းလား မသိရပေ။

ပြိုင်ပွဲကွင်း၏ ခြံစည်းရိုးကို တိုက်ရိုက် ဝင်တိုက်မိသွားသည်။

ကားတစ်စီးလုံး ချက်ချင်း မီးလောင်ကျွမ်းသွားသည်။

နောက်မှ လိုက်လာသော ကားအချို့ကလည်း ဆက်တိုက် ဝင်တိုက်မိသွားကြသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကားအနည်းဆုံး ငါးစီး ဆက်တိုက် ဝင်တိုက်မိသွားသည်ကို ချန်းရီ မြင်လိုက်ရသည်။

လေထုထဲတွင် တာယာများနှင့် ဓာတ်ဆီများ လောင်ကျွမ်းနေသော အနံ့ဆိုးများ ပျံ့လွင့်လာသည်။

ပြိုင်ပွဲ၏ ပန်းတိုင်နှင့် ပိုမို နီးကပ်လာသည်နှင့်အမျှ။

စွမ်းအားများကို ဖုံးကွယ်ထားသူအားလုံးက ဤအချိန်တွင် အကုန်လုံး စတင် အားထုတ်လာကြတော့သည်။

ချန်းရီ၏ မျက်ခွံများ ပြင်းထန်စွာ လှုပ်ခတ်သွားသည်။

ရူးကုန်ကြပြီ၊ အားလုံး ရူးကုန်ကြပြီ။

ပထမနေရာအတွက် လူအများအပြားက ဘာကိုမှ ဂရုမစိုက်ကြတော့ပေ။

မိမိ၏ အသက်ကို ဂရုမစိုက်သလို အခြားသူများ၏ အသက်ကိုလည်း လျစ်လျူရှုထားကြသည်။

ပြီးတော့ အဲဒီ ကောင်တွေက တကယ်ကို ဖုံးကွယ်ထားနိုင်ကြတာပဲ။

ကြည့်ရတာ မိစ္ဆာပစ်ကပ်ကား၏ အစစ်အမှန် စွမ်းရည်ကို အားလုံး သိအောင် ပြသရန် လိုအပ်နေပြီ ဖြစ်သည်။

ကားပြိုင်ရမည်ဆိုလျှင်။

သူ ဘယ်တုန်းကမှ မကြောက်ခဲ့ဖူးပေ။

ဆက်ရန်...

All Chapters