← Chapters

အခန်း ၃၆၃

Vol. 19 Ch. 363

အခန်း ၃၆၃

Vol. 19 Ch. 363

အပိုင်း(၃၆၃) သူ ဘယ်လိုလုပ် ရက်စက်နိုင်ရတာလဲ

"အိုး... ဘုရားရေ... ဒီငတုံး ဘာလုပ်လိုက်တာလဲဆိုတာ ကြည့်ကြစမ်းပါဦး"

"ဒါ လင်းချင်ကောဟ... လင်းချင်ကောကိုဟ"

"သူ ဘယ်လိုလုပ် ရက်စက်နိုင်ရတာလဲ"

"သူ... တကယ်ကြီး... တကယ်ကြီး လင်းချင်ကောကို သတ်ပစ်လိုက်တယ်"

မြင့်မားသော ပွဲကြည့်စင်ထက်တွင် ကျူးဇီကျိုက်က မျက်လုံးအပြူးသား ဖြစ်နေသည်။ သူ၏ နီရဲနေသော နှုတ်ခမ်းများက အနည်းငယ် ဟဟလေး ဖြစ်နေပြီး ယောကျ်ား၊ မိန်းမ ခွဲခြားရခက်လောက်အောင် အရုပ်ဆိုးသော ထိုမျက်နှာပေါ်တွင် အံ့သြတုန်လှုပ်မှုနှင့် ထိတ်လန့်မှုတို့ အပြည့် ဖုံးလွှမ်းနေသည်။

သာမန်လူများအဖို့ ပြိုင်ကွင်းထဲရှိ အခြေအနေများကို ကြည့်ရာတွင် အနည်းငယ် ဝေဝါးနေနိုင်သေးသည်။

သို့သော် အစွမ်းပိုင်ရှင်တစ်ဦးဖြစ်သူ သူကတော့ ပြိုင်ကွင်းထဲရှိ အခြေအနေ အရပ်ရပ်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။

လင်းချင်ကော၏ မျက်နှာပေါ်မှ အံ့သြမှင်တက်သွားသော အမူအရာကိုပင် သူ၏ မျက်လုံးထဲတွင် အထင်းသား မြင်လိုက်ရသည်။

ကျူးဇီကျိုက်က သူ့ကိုယ်သူ တတိယလိင်ဟု ခံယူထားသူဖြစ်ရာ ယောကျ်ား၊ မိန်းမ လှသည်၊ မလှသည်ဆိုသည့် အပေါ်တွင် သိပ်ပြီး ကြီးမားသော ခံစားချက်မျိုး မရှိလှပေ။

သို့သော် လင်းချင်ကောနှင့် ပတ်သက်လာလျှင်မူ သူက အထူးတလည် မျက်နှာသာပေးလိုစိတ် ရှိနေဆဲ ဖြစ်သည်။

စောစောက လင်းချင်ကော သီဆိုသွားခဲ့သော "သက်သေအထောက်အထား" ဟူသည့် သီချင်းလေးက ကျူးဇီကျိုက်ကဲ့သို့ ကောက်ကျစ်ဖောက်ပြန်တတ်သည့် အဘိုးကြီးကိုပင် ငိုကြွေးသွားစေခဲ့သည် မဟုတ်ပါလော။

ဤသီချင်းထဲမှ စာသားများက သိပ်ပြီး အံ့မခန်း ကောင်းမွန်လှသည်တော့ မဟုတ်ပေ။

သို့သော် ထိုအရာအားလုံးကို ကိုယ်တိုင် ဖြတ်သန်းကြုံတွေ့ခဲ့ရသူများအတွက်မူ သေချာပေါက် ရင်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိရှသွားစေခဲ့သည်။

သို့ပါလျက် ချန်းရီက တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိဘဲ တိုက်ရိုက်ပင် လက်စတုန်းလိုက်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

ချန်းရီက လင်းချင်ကောကို သတ်လိုက်ပြီဟူသော သတင်းကို ကြားလိုက်ရချိန်တွင် ကွင်းထဲရှိ ပွဲကြည့်ပရိသတ်များအဖို့ အိုအေစစ် မြို့တော်၏ ကောင်းကင်ယံထက်တွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ တုန်လှုပ်သွားကြသည်။

လူအများအပြားမှာ သေချာစွာ မြင်ရစေရန်အတွက် မြို့ရိုးပေါ်မှနေ၍ ကိုယ်ကို ကိုင်းညွတ်ကာ ကြည့်ရှုနေကြသည်။

သိထားရမည်မှာ ထို "သက်သေအထောက်အထား" ဟူသော သီချင်းလေးက လင်းချင်ကောအတွက် ပရိသတ် အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့ခြင်းပင်။

ကမ္ဘာပျက်ကပ် မတိုင်မီက လင်းချင်ကောကို စိတ်ဝင်စားမှု မရှိခဲ့သူများပင်လျှင်။

ဤသီချင်းလေးကို နားထောင်ပြီးနောက်တွင် သူမအပေါ် နှစ်သက်သဘောကျမှုများ ကြီးမားစွာ မြင့်တက်လာခဲ့ကြသည်။

မူလကတည်းက သူမကို နှစ်သက်သူ အများအပြားမှာ ယခုအခါ သူမ၏ အမာခံ ပရိသတ်များအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ကြပြီ ဖြစ်သည်။

တဖြည်းဖြည်းနှင့် အကြိတ်အနယ် တိုက်ခိုက်နေကြသော တင်းရှန်နှင့် လျှိုလီတို့ပင်လျှင် အနည်းငယ် တုံ့ဆိုင်းသွားကြသည်။

စောစောက ထိုအမျိုးသမီးလေး၏ သီချင်းက လူအများအပြား၏ ရင်ဘတ်ထဲအထိ စိမ့်ဝင်သွားစေခဲ့သည် မဟုတ်ပါလော။

ဤယောကျ်ားက ဘာဖြစ်လို့ ဒီလောက်တောင် ရက်စက်ကြမ်းကြုတ်ရတာလဲ။

ပန်းပွင့်လေးလို နုနယ်တဲ့ မိန်းမလှလေးကိုတောင် မညှာမတာ လုပ်ရက်နိုင်လွန်းလှသည်။

မြို့ရိုးပေါ်ရှိ ပရိသတ်များထဲမှ အချို့မှာ စတင် ငိုကြွေးနေကြပြီ ဖြစ်သည်။

အချို့ကလည်း ချန်းရီထံသို့ အမုန်းတရားများ ပြည့်နှက်နေသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

အချို့ဆိုလျှင် ပြိုင်ကွင်းထဲသို့ ပြန်ဆင်းကာ ချန်းရီနှင့် အသေအကြေ သွားရောက် တိုက်ခိုက်ရန်ပင် ရည်ရွယ်နေကြသည်။

သို့သော် ဘေးနားရှိလူများက အချိန်မီ ဆွဲထားလိုက်နိုင်သဖြင့်သာ တော်သေးတော့သည်။

ချူချယ်ကမူ ခေါင်းကို အနည်းငယ် ပုကာ ငုံ့ထားလိုက်သည်။

သူ၏ မျက်နှာပေါ်တွင် "ငါ ဒီမှာ မရှိဘူး"၊ "ငါ သူ့ကို မသိဘူး"၊ "ငါနဲ့ ဘာမှမဆိုင်ဘူး" ဟူသော အမူအရာများ ပေါ်လွင်နေသည်။

ချူချယ်၏ စိတ်ထဲတွင်မူ ချန်းရီကို အကျအန ဆဲဆိုနေမိပြီ ဖြစ်သည်။

ဒီခွေးကောင်က ဘယ်လိုလုပ်ပြီး ရက်ရက်စက်စက် သတ်ရက်တာလဲ။

လင်းချင်ကောက အဲဒီလောက်တောင် ချစ်ဖို့ကောင်းနေတာကို။

ကံကောင်းသည်မှာ ချူချယ်နှင့် ချန်းရီတို့သည် ယခုလောလောဆယ်တွင် အနည်းဆုံးတော့ အပြင်ပန်းသဘောအရ ခွဲထွက်နေကြခြင်းပင် ဖြစ်သည်။

ထိုသို့သာမဟုတ်လျှင် ဤအချိန်၌ ချူချယ်မှာ ချန်းရီကိုယ်စား အရိုက်ခံရတော့မည်မှာ သေချာလှသည်။

လူအုပ်ထဲရှိ ရွှီနန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူကလည်း ချန်းရီ၏ ဤလုပ်ရပ်အပေါ် အနည်းငယ် မကျေမနပ် ဖြစ်နေမိသည်။

သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ နားလည်သဘောပေါက်သွားခဲ့သည်။

ဒါမှသာ ချန်းရီ... ဆရာချန်းရီ ပီသပေလိမ့်မည်။

အသက်ရှင်သန်နိုင်ရန်အတွက် သူ၏ ရှေ့တွင် ပိတ်ဆို့နေသူ အားလုံးကို သူက ရှင်းလင်းပစ်မည်သာ ဖြစ်သည်။

ထိုသူမှာ လင်းချင်ကောပင် ဖြစ်နေပါစေဦးတော့။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် လင်းချင်ကော သေဆုံးသွားပြီဖြစ်ကြောင်း၊ ထိုသေဆုံးမှုမှာလည်း ချန်းရီ၏ လက်ချက်ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင်။

သူမ၏ မီးနဂါးဓားလေးမှာ အနည်းငယ် တုန်ယင်သွားပြီး အစွမ်းပိုင်ရှင်တစ်ဦး၏ ကျည်ဆန်ကို ကာကွယ်ရန်ပင် သီသီလေး လွဲချော်သွားခဲ့သည်။

မထင်မှတ်ထားသည်မှာ တစ်ဖက်လူကလည်း လက်အနည်းငယ် တုန်သွားသဖြင့် ကျည်ဆန်မှာ လမ်းကြောင်း လွဲချော်သွားခဲ့ခြင်းပင်။

ဤအမျိုးသမီးလေး၏ အဖွင့်သီချင်းက သူမအတွက် ကြီးမားလှသော အထောက်အပံ့ စွမ်းအင်များကို ပေးစွမ်းလိုက်သကဲ့သို့ပင် ဖြစ်သည်။

တင်းတုံ၏ မှိတ်ထားသော မျက်လုံးများကလည်း အနည်းငယ် ပွင့်လာခဲ့သည်။

သူမ၏ မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်မှုများနှင့် မတတ်သာသည့် အမူအရာများ ပေါ်လွင်နေသည်။

တကယ်ကို သူ ဖြစ်နေတာပဲ။

ကျိုးရှောင်ရှောင် တစ်ယောက်တည်း၏ မျက်နှာပေါ်တွင်သာ "ဒီလိုဖြစ်လာမယ်ဆိုတာ ငါစောကတည်းက သိသားပဲ" ဟူသော အမူအရာမျိုး ပေါ်လွင်နေသည်။

လင်းချင်ကော၏ အစွမ်းက ယခင်က ဝူကျန့်ရှန်း၏ အစွမ်းနှင့် အနည်းငယ် ဆင်တူနေသည်။

သို့သော် လင်းချင်ကောသည် သီချင်းဆိုသံကို အသုံးပြု၍ လူများ၏ မှတ်ဉာဏ်ထဲမှ လှပသော အတိတ်အမှတ်တရများကို ဆွဲထုတ်ခြင်းသာ ဖြစ်သည်။

ဝူကျန့်ရှန်း၏ အစွမ်းကမူ ပေါင်းကူးဆက်စပ်ပေးခြင်းမျိုးနှင့် ပို၍ တူညီလှသည်။

ထို့အပြင် စောစောက သီဆိုသွားသော "သက်သေအထောက်အထား" သီချင်းက ကွင်းထဲရှိ လူ ၇၀ ရာခိုင်နှုန်းကျော်ကို သူမ၏ ပရိသတ်များအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားစေခဲ့သည်။

အသားစိုင်လက်တံကြီးက လင်းချင်ကော၏ ရင်ဘတ်ကို ထိုးဖောက်သွားချိန်တွင် သူမ၏ မျက်နှာပေါ်၌ မယုံကြည်နိုင်မှုများ အပြည့် ရှိနေခဲ့သည်။

သူမ၏ ဤအစွမ်းသည် ချန်းရီနှင့် မတွေ့ဆုံမီက အကြိမ်တိုင်းတွင် အောင်မြင်ခဲ့သည်ချည်းသာ ဖြစ်သည်။

လင်းချင်ကော၏ ကိုယ်ပိုင် ပုံရိပ်သည် ရှုလီနာတို့နှင့် သိပ်ပြီး မတူညီလှပေ။ ရှုလီနာ၏ ညှို့ဓာတ်ပြင်းမှုမျိုး သူမတွင် မရှိသလို စွန်းချန်းချန်း၏ သွက်လက်တက်ကြွသော လူငယ်ဆန်မှုမျိုးလည်း သူမတွင် မရှိပေ။

လျှိုလီနှင့် နှိုင်းယှဉ်လျှင်ပင် သူမ၏ ရုပ်ရည်သွင်ပြင်က အနည်းငယ် နိမ့်ကျနေသေးသည်။

သို့သော် ဤအမျိုးသမီးက သူမ၏ အားသာချက်များကို မည်သို့ အသုံးချရမည်ဆိုသည်ကို ကောင်းစွာ နားလည်ထားသည်။

သူမ၏ တစ်ကိုယ်လုံးတွင် မည်သည့် ရန်လိုမှုမျိုးမျှ မရှိဘဲ နံနက်ခင်းတွင် သောက်ရသော ပဲနို့ပူပူ တစ်ခွက်ကဲ့သို့လည်းကောင်း၊ နွေရာသီတွင် သောက်ရသော ရေခဲစိမ် လိမ္မော်ရည် တစ်ပုလင်းကဲ့သို့လည်းကောင်း ထင်မှတ်ရသည်။

ကြည့်လိုက်သည်နှင့်ပင် လူကို သက်သောင့်သက်သာ ဖြစ်သွားစေသည်။

ယနေ့ သူမ၏ ဝတ်စားဆင်ယင်မှုကလည်း လူငယ်လေးများ၏ ပထမဆုံး အချစ်ဦးအပေါ် ထားရှိသော ပုံရိပ်နှင့် အလွန် ကိုက်ညီနေပြန်သည်။

အကယ်၍ လျှိုလီကို အိုအေစစ်မြို့တော် တစ်ခုလုံးတွင် အတောက်ပဆုံးသော နေမင်းကြီးဟု တင်စားရမည်ဆိုလျှင်။

သူမကတော့ အိုအေစစ်မြို့တော်၏ လင်းလက်ကြည်လင်နေသော လမင်းကြီးပင် ဖြစ်ပေလိမ့်မည်။

သိထားရမည်မှာ ပြိုင်ပွဲစတင်ချိန်မှ ယခုအချိန်အထိ သူမက အလွန်ပင် ခြေငြိမ်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမက လုံးဝ လက်မလွှတ်ခဲ့ဖူးဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။

သူမ၏ လှုပ်ရှားမှုများကို မည်သူကမျှ သတိမထားမိခဲ့ခြင်းသာ ဖြစ်သည်။

သို့သော် သူမ၏ ရှေ့မှောက်ရှိ ဤယောကျ်ားနှင့် ရင်ဆိုင်ရချိန်တွင်မူ။

သူမ၏ အစွမ်းက ဤယောကျ်ားအပေါ် သေချာပေါက် သက်ရောက်မှု ရှိခဲ့သင့်သည်ဟု လင်းချင်ကော အလွန် သေချာနေခဲ့သည်။

ဒါပေမဲ့ ဘာဖြစ်လို့...

သူက ဘာဖြစ်လို့ ဒီလောက် ရက်စက်နိုင်ရတာလဲ။

ဘာလို့ မအောင်မြင်ရတာလဲ။

လင်းချင်ကောသည် သူမ၏ ရင်ဘတ်တွင် စိုက်ဝင်နေသော အသားစိုင်လက်တံကြီးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ သူမ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများသာ ရှိနေပြီး ကြောက်ရွံ့မှု အများအပြားတော့ မရှိလှပေ။

မိစ္ဆာပစ်ကပ်ကား၏ အသားစိုင်လက်တံကြီးက ချက်ချင်းပင် ပြန်လည် ရုပ်သိမ်းသွားသည်။

ရှုလီနာသည် လင်းချင်ကောကို လှည့်ပင်မကြည့်ဘဲ သူမ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သရော်မှု တစ်ခု ပေါ်လာခဲ့သည်။

နင့်လိုကောင်မကများ ဒီလိုနည်းလမ်းမျိုး သုံးချင်သေးတယ်ပေါ့လေ။

ဒါ ငါ အစောကြီးကတည်းက သုံးပြီး ရိုးအီနေတဲ့ နည်းလမ်းတွေပါဟယ်။

ချန်းရီ အတွက်ကတော့...

သူက ထိုမျှလောက် ရှုပ်ရှုပ်ထွေးထွေး စဉ်းစားမနေခဲ့ပေ။

လင်းချင်ကောသည် ဤပြိုင်ပွဲ၏ ပြိုင်ပွဲဝင် တစ်ယောက် ဖြစ်သည်။

ထို့ကြောင့် သူမသည် ပြိုင်ဘက်ပင် ဖြစ်သည်။

ပြိုင်ဘက်ဆိုသည်မှာ ရှင်းလင်းပစ်ရန်အတွက်သာ ဖြစ်သည်။

သူက ချန်ဟောင်အပေါ် ညှာတာကောင်း ညှာတာနိုင်သော်လည်း လင်းချင်ကောအပေါ်တွင်မူ လုံးဝ ညှာတာမည် မဟုတ်ပေ။

အနည်းဆုံးတော့ ချန်ဟောင်နှင့်က အနည်းငယ်မျှ ခင်မင်မှု ရှိနေသေးသည် မဟုတ်ပါလော။

ကားလေးမှာ လျှပ်စီးလက်သကဲ့သို့ ရှေ့သို့ ပြေးထွက်သွားလေသည်။

လင်းချင်ကော၏ အဖြူရောင် လူစီးကားလေးထဲတွင်မူ။

ယခင် လင်းချင်ကော၏ အလောင်းမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ကားနောက်ခန်းမှ လက်တစ်ဖက် ထွက်လာကာ ကားစတီယာရင်ကို အလျင်စလို လှမ်းကိုင်လိုက်သည်။

နောက်ထပ် လင်းချင်ကော တစ်ယောက်က ကားနောက်ခန်းမှနေ၍ အရှေ့ခန်းသို့ ဖရိုဖရဲ ကူးပြောင်းလာခဲ့သည်။

လင်းချင်ကောသည် ယာဉ်မောင်းခုံပေါ်ရှိ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်နေသော အသက်အစားထိုး အရုပ်ကလေးကို ဘေးသို့ ပစ်ချလိုက်သည်။

၎င်းမှာ အသက်အစားထိုး သဘာဝလွန်ပစ္စည်း တစ်ခု ဖြစ်သည်။

ဤအရုပ်ကို လင်းချင်ကောက အရုပ်လမ်းစဉ်မှ အစွမ်းပိုင်ရှင် တစ်ဦးနှင့် တွေ့ဆုံစဉ်က အကူအညီတောင်းကာ ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။

သူမကဲ့သို့ လူမျိုးပင်လျှင် ဤအရုပ် သုံးရုပ်သာ ပိုင်ဆိုင်ထားပြီး ယခုအရုပ်မှာ ဒုတိယမြောက် အရုပ် ဖြစ်သည်။

ဤကဲ့သို့ ယနေ့တွင် အသုံးပြုလိုက်ရလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

လူအားလုံး ဝမ်းနည်းပူဆွေးမှုထဲသို့ ကျရောက်နေချိန်မှာပင်။

ကျူးဇီကျိုက်၏ အလွန် ထူးခြားသော အသံကြီးက ထပ်မံ ထွက်ပေါ်လာပြန်သည်။

"အိုး... နေကြပါဦး... ငါ ဘာကို မြင်လိုက်ရတာလဲ"

"အားလုံးပဲ... မငိုကြနဲ့ဦး... ဝမ်းမနည်းကြနဲ့ဦး"

"လင်းချင်ကောက... လင်းချင်ကောက မသေသေးဘူးထင်တယ်"

"ဘုရားရေ... စောစောကဟာက အစားထိုးခံရုပ်လေးပဲ... အဲဒါ ဘာလဲဆိုတာ ငါ မသိပေမယ့် အလွန် တန်ဖိုးကြီးတဲ့ အသက်အစားထိုး သဘာဝလွန်ပစ္စည်း တစ်ခု ဖြစ်ရမယ်"

"ဘုရား ကယ်မလို့ပဲ"

"လင်းချင်ကော မသေသေးဘူး... အဲဒီငတုံးက လင်းချင်ကောကို သတ်မပစ်နိုင်ခဲ့ဘူးဟေ့"

"သိပ်ကိုကောင်းသွားတာပဲ"

ကျူးဇီကျိုက် ဤစကားများကို ပြောပြီးသွားပြီးနောက်။

ကွင်းတစ်ခုလုံးတွင် ပရိသတ်များ၏ သောင်းသောင်းဖျဖျ အော်ဟစ်သံများဖြင့် လွှမ်းခြုံသွားတော့သည်။

လူအများအပြားမှာ ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလာကြသည်။

ထိုစကားများကို ကြားလိုက်ရချိန်တွင် ချန်းရီက အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။

ထို့နောက် သူ၏ စိတ်ထဲတွင် တိတ်တဆိတ် ပြန်လည် ဆင်ခြင်သုံးသပ်လိုက်မိသည်။

နောက်နောင် ဒီလိုကိစ္စမျိုး လုပ်တဲ့အခါ သေချာ ရှင်းရှင်းလင်းလင်း စစ်ဆေးရမယ်။

ပန်းတိုင်နှင့်လည်း ပို၍ပို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။

မိစ္ဆာပစ်ကပ်ကား၏ အမြန်နှုန်းမှာ အမြင့်ဆုံးအထိ ရောက်ရှိနေပြီး အင်ဂျင်၏ ဟိန်းဟောက်သံကြောင့် ကားတစ်စီးလုံး အနည်းငယ် တုန်ခါနေသည်။

နောက်ဆုံးတွင်တော့ ချန်းရီက သူ၏ နေကာမျက်မှန်ကို ချွတ်လိုက်သည်။

သွေးရောင် မျက်တောင်အိမ်ထဲရှိ မှော်စာလုံးများက တဖြည်းဖြည်း စတင် လည်ပတ်လာသည်။

ပြိုင်ကွင်းပန်းတိုင်၏ အရှေ့ဘက်နေရာတွင် အပူချိန်က ရုတ်တရက် မြင့်တက်လာသည်။

လိမ္မော်ရောင် မီးတောက်များက လေထဲမှ ရုတ်တရက် လောင်ကျွမ်းလာသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် မီးတံတိုင်းကြီး တစ်ခုအဖြစ် ပုံပေါ်လာခဲ့သည်။

၎င်းမှာ အသူရာ သွေးမျက်လုံး၏ အစွမ်းများထဲမှ တစ်ခုဖြစ်သော သွေးရောင် အလင်းပူပင် ဖြစ်သည်။

ချန်းရီသည် ဤအစွမ်းကို အသုံးပြု၍ လူများကို ပြာကျသွားသည်အထိ တိုက်ရိုက် လောင်ကျွမ်းစေခဲ့ဖူးသည်။

မီးတံတိုင်းကြီး ရုတ်တရက် ပေါ်လာခြင်းက လူတိုင်းကို အများကြီး အံ့အားသင့်မသွားစေခဲ့ပေ။

မကြာမီ ပန်းတိုင်သို့ ရောက်ရှိတော့မည် ဖြစ်ရာ အကယ်၍ ဘာအပြောင်းအလဲမျှ မရှိခဲ့လျှင်သာ အထူးဆန်းဆုံး ကိစ္စရပ် ဖြစ်ပေလိမ့်မည်။

အသားစိုင်လက်တံ တစ်ချောင်းက လျင်မြန်စွာ ထွက်ပေါ်လာပြီး အရှိန်အဟုန်ဖြင့် မောင်းနှင်နေသော နန်းတော်ယာဉ်ကြီးကို တိုက်ရိုက် ထိတွေ့သွားခဲ့သည်။

သိထားရမည်မှာ လက်ရှိ ကားအားလုံးထဲတွင် နန်းတော်ယာဉ်ကြီး၏ အမြန်နှုန်းက အမြန်ဆုံး ဖြစ်သည်။

၎င်းကိုသာ ဆွဲဖမ်းထားနိုင်ပါက ၎င်းအား ခြေနင်းတုံးအဖြစ် အသုံးချနိုင်မည် ဖြစ်သည်။

အသားစိုင်လက်တံပေါ်ရှိ စုပ်ခွက်များက နန်းတော်ယာဉ်ကြီး၏ အပြင်ဘက် ကိုယ်ထည်ကို မြဲမြံစွာ စုပ်ယူဖမ်းဆုပ်ထားလိုက်သည်။

အသားစိုင်လက်တံက ရူးသွပ်စွာ ပြန်လည် ရုပ်သိမ်းသွားပြီး မိစ္ဆာပစ်ကပ်ကား၏ အမြန်နှုန်းကိုလည်း ရူးသွပ်စွာ မြင့်တက်လာစေခဲ့သည်။

မိစ္ဆာပစ်ကပ်ကား၏ အရှေ့လေကာမှန်ဆီမှ ဝန်ပိလွန်းသဖြင့် ထွက်ပေါ်လာသော ကျွိ... ကျွိ... ဟူသည့် အသံများ ထွက်ပေါ်လာသည်။

ဝတုတ်လေးက မူလက စွန်းချန်းချန်း၏ ကားအနောက်သို့ အသေအလဲ ကပ်လိုက်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် မျက်စိတစ်မှိတ်စာ အချိန်လေးအတွင်းမှာပင်။

မျက်မှန်းတန်းမိနေသော ပစ်ကပ်ကားတစ်စီးက နန်းတော်ယာဉ်ကြီး၏ ဘေးမှနေ၍ ပျံသန်းထွက်ခွာသွားသည်ကို ဝတုတ်လေးက မြင်လိုက်ရတော့သည်။

ဆက်ရန်...

All Chapters