← Chapters

အခန်း ၃၇၅

Vol. 19 Ch. 375

အခန်း ၃၇၅

Vol. 19 Ch. 375

အပိုင်း(၃၇၅) ပျော်ရွှင်သော မိသားစုလေး

"ဒါက လင်းချင်းကောလေ... မင်းတို့လည်း မြင်ဖူးပြီးသားဆိုတော့ ငါ အများကြီး မိတ်ဆက်မပေးတော့ဘူး"

အဒေါ်ကြီးစွန်းက အဖြူရောင်ဂါဝန်နှင့် ရွက်ဖျင်ဖိနပ်ကို စီးကာ ဆံပင်အနက်ရောင်ရှည် ဖြောင့်စင်းနေသည့် မိန်းကလေးတစ်ဦးကို ပြုံးရွှင်စွာဖြင့် ဆွဲခေါ်လာသည်။

လူအများက လူငယ်ဆန်သော တက်ကြွမှုအငွေ့အသက်များ လွင့်ပျံ့လာသည်ကို ခံစားလိုက်ရသည်။

အဒေါ်ကြီးစွန်း ယာဉ်တန်း၏ အစွမ်းပိုင်ရှင် သုံးဦးစလုံးက သူ့အပေါ် "အငြိုး" ရှိနေကြသူများ ဖြစ်နေလိမ့်မည်ဟု ချန်းရီက လုံးဝ ထင်မှတ်မထားခဲ့ပေ။

အဒေါ်ကြီးစွန်း၏ အဖွဲ့က အလွန်တရာ နှိမ့်ချလွန်းနေသည်။

အခြား ယာဉ်တန်းတစ်ခုခုတွင်သာ ဤကဲ့သို့သော လူမျိုး ရှိနေပါက တစ်မြို့လုံး သိရှိနေလောက်ပြီ ဖြစ်သည်။

လင်းချင်းကောက ချန်းရီကို ပြုံးရွှင်စွာ ကြည့်ရင်း လက်ကမ်းပေးကာ ပြောလိုက်သည်။

"ကျွန်မ နာမည် လင်းချင်းကောပါ... ပြီးခဲ့တဲ့ ပြိုင်ပွဲတုန်းက ကိုချန်းရီရဲ့ စွမ်းရည်တွေကို ကျွန်မ တကယ်ကို လေးစားမိပါတယ်ရှင်"

"နောက်တစ်ခါ အတူတူ တိုက်ပွဲဝင်ရမယ့် အချိန်မျိုး ရှိလာခဲ့ရင်လည်း... ကျွန်မကို ကူညီစောင့်ရှောက်ပေးပါဦးရှင်"

လင်းချင်းကောက ထယ်ရှီးကို မကြည့်သလို ချူချယ်ကိုလည်း မကြည့်ခဲ့ပေ။ အခြားသူများကိုလည်း ဂရုမစိုက်ဘဲ ချန်းရီထံသို့သာ တိုက်ရိုက် လက်ကမ်းပေးလာခဲ့သည်။

ဤအမျိုးသမီး၏ နူးညံ့သော အပြုံးကို ကြည့်ရသည်မှာ စည်းဝါးလွတ် ပြိုင်ကွင်းထဲက ကိစ္စများကို စိတ်ထဲ အနည်းငယ်မျှပင် ထည့်ထားပုံ မရချေ။

တကယ်တမ်းတွင် ဤအမျိုးသမီးသာ လှည့်ကွက်အချို့ မရှိခဲ့ပါက စောစောစီးစီးပင် သေဆုံးနေလောက်ပြီ ဖြစ်သည်။

သို့သော် ဤအမျိုးသမီးက လူအများနှင့် တစ်ဖန် ပြန်လည် ဆုံတွေ့ချိန်တွင်မူ မည်သည့်ကိစ္စမျှ မဖြစ်ခဲ့ဖူးသည့်အလား ပြုမူနေသည်။

ဤကဲ့သို့သော စိတ်နေစိတ်ထား တစ်ခုတည်းကပင် ဤအမျိုးသမီးမှာ သာမန်မဟုတ်ကြောင်း လူအများကို ခံစားမိစေသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အနောက်ဘက်တွင် ရပ်ရင်း နှုတ်ခမ်းမဲ့ကာ ရှောင်ယွီအား ပါးစပ်လှုပ်၍ စကားပြောလိုက်သည်။

"ဟန်ဆောင်ကောင်းတဲ့ မိန်းမ" ဟူသော စကားလုံးကို ပြောလိုက်ခြင်း ဖြစ်ကြောင်း အလွန် သိသာနေသည်။

မတတ်နိုင်ပေ။ ဆယ်ကျော်သက်အရွယ် ပုန်ကန်တတ်သော ကောင်မလေးများသည် အရာအားလုံးကို ဆန့်ကျင်တတ်ကြစမြဲပင်။

ချန်းရီက နှာခေါင်းကို ပွတ်သပ်လိုက်မိသည်။ တစ်ဖက်လူက သူ့နာမည်ကို ချက်ချင်း ခေါ်နိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

တကယ်တမ်းတွင် စည်းဝါးလွတ် ကားပြိုင်ပွဲအပြီး၌ ချန်းရီတို့ ယာဉ်တန်း၏ ပုံစံအမှန်က လူတိုင်းရှေ့တွင် ပေါ်လွင်သွားခဲ့ပြီး ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဤအကြိမ်တွင် အကြီးမားဆုံး အနိုင်ရရှိသူများမှာ သူတို့ပင် ဖြစ်နေသည် မဟုတ်ပါလော။

အကယ်၍ သူတို့ကို စောင့်ကြည့် စုံစမ်းခြင်းမျိုး မလုပ်ပါက အမှန်တကယ်ပင် အလွန် မိုက်မဲရာ ကျပေလိမ့်မည်။

လင်းချင်းကော၏ အသံက အလွန် ချိုသာလှသည်။ ထို့ပြင် သဘောထား နူးညံ့ပြီး ရန်လိုသည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။

ချန်းရီကလည်း ပြုံး၍ လက်ကမ်းပေးလိုက်သည်။

"သေချာတာပေါ့... အဒေါ်ကြီးစွန်းရဲ့ လူဆိုတော့ ကိုယ့်လူတွေလိုပါပဲ... နောက်ဆိုရင် အချင်းချင်း ကူညီစောင့်ရှောက်ကြတာပေါ့"

ချန်းရီကလည်း ငတုံးတစ်ယောက် မဟုတ်ပေ။ လိုအပ်သည့် အခြေအနေမျိုးတွင် လိုက်လျောညီထွေဖြစ်အောင် စကားပြောတတ်သည်။

အခြားသူများကလည်း လင်းချင်းကော၏ အပြုအမူ အလွန်ကောင်းမွန်နေသည်ကို မြင်သောအခါ လေထုမှာ တစ်မုဟုတ်ချင်း ခင်မင်ရင်းနှီးဖွယ် ဖြစ်သွားလေသည်။

အဒေါ်ကြီးစွန်းကလည်း ကြားဝင် ဖြေရှင်းပေးသည်။ အဓိကမှာ ယခင်က အချင်းချင်း မသိကျွမ်းခဲ့ကြသလို လူတိုင်း၏ ရပ်တည်ချက်များ မတူညီကြသည်ကို နားလည်ပေးနိုင်ကြောင်းပင် ဖြစ်သည်။

သို့သော် ယခု လူတိုင်း သိကျွမ်းသွားကြပြီ ဖြစ်သဖြင့် နောင်တွင် သူငယ်ချင်းများ ဖြစ်လာကာ မဖြစ်မနေ အချင်းချင်း ကူညီရမည် ဆိုသည့်အကြောင်းများကိုပါ ပြောဆိုလေသည်။

"ဒါကတော့ နင်တို့ရဲ့ ဦးလေးချူပဲ"

အဒေါ်ကြီးစွန်းက မိတ်ဆက်ပေးလိုက်သည်။

လင်းချင်းကောက လှပသော မျက်ဝန်းများဖြင့် ချူချယ်ကို ကြည့်ကာ သေချာလေး ခေါ်လိုက်သည်။

"ဦးလေးချူ"

ဤအသံ ထွက်ပေါ်လာသည်နှင့် ချန်းရီတို့၏ မျက်နှာပေါ်ရှိ အမူအရာများမှာ အလွန် ထူးဆန်းသွားကြသည်ကို မြင်တွေ့လိုက်ရသည်။

အထူးသဖြင့် ထယ်ရှီးပင် ဖြစ်သည်။

ယခင်က ချန်းရီက ဤကောင်ကို သတိပေးထားခဲ့ပြီး ဖြစ်သည်။ နောက်မှ သတိလွတ်ပြီး ဖွင့်ဟမပြောမိစေရန်ပင်။

ယခု ဤကောင်က အတင်းအကျပ် ရယ်ချင်စိတ်ကို အောင့်အည်းထားရသဖြင့် ပါးစပ်ပိတ်ထားသော ဖရုံသီးတစ်လုံးနှင့်ပင် တူနေသည်။

အခြားသူများကလည်း ထူးဆန်းသော မျက်နှာပေးများ ဖြစ်နေကြသည်။

ချူချယ် တစ်ယောက်သာလျှင် ချွင်းချက် ဖြစ်သည်။ အခြားသူများ၏ ပြင်းထန်သော ကန့်ကွက်မှုများကြောင့် ချူချယ်က ယခုအချိန်အထိ အဒေါ်ကြီးစွန်းကို သူ၏ အသက်အမှန်ကို မပြောရသေးချေ။

ဤသည်က...

လင်းချင်းကောက ထိုသူများကို အံ့ဩစွာဖြင့် တစ်ချက် ကြည့်လိုက်သော်လည်း မည်သည့်စကားမျှ မပြောခဲ့ပေ။

"လာ... ဒါက ရှောင်ချုံလေ... ပိုးကောင်မွေးမြူသူ လမ်းစဉ်ကပဲ... မင်းတို့လည်း မြင်ဖူးကြမှာပါ"

အဒေါ်ကြီးစွန်းက အနက်ရောင်ဝတ်ရုံဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသော လူတစ်ယောက်ကို ဆွဲယူလိုက်သည်။

ဤကောင်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် တရားမျှတရေး ယာဉ်တန်းရှိ လူအားလုံးက အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြသည်။

ဤသူက ပိုးကောင်မွေးမြူသူ ဖြစ်နေသည် မဟုတ်ပါလော။

တိုက်ခိုက်ရေးစွမ်းရည်ကို ပြောရလျှင် ပိုးကောင်မွေးမြူသူက အစွမ်းထက်ဆုံး မဟုတ်နိုင်ပေ။

သို့သော် လူကို ကြောက်လန့်စေခြင်း၊ ရွံရှာစေခြင်းတို့နှင့် ပတ်သက်လာပါက ပိုးကောင်မွေးမြူသူက သေချာပေါက် ထိပ်တန်းအဆင့်တွင် ရှိနေသည်။

လူတိုင်းက ဤကောင်၏ အပြင်ဘက်သို့ ထွက်ပေါ်နေသော နဖူးကို မနေနိုင်ဘဲ ကြည့်လိုက်မိကြသည်။

ကံကောင်းထောက်မစွာဖြင့် ပြည့်နှက်နေသော ပိုးကောင်အသိုက်ကြီး ပေါ်ထွက်မလာခဲ့ပေ။

ပိုးကောင်မွေးမြူသူက ချန်းရီကို ကြည့်ကာ အေးစက်စက် ရယ်မောလိုက်သည်။

ယခု ရာသီဥတု သာယာနေသော်လည်း ဤကောင်က အခြားသူများကို ပေးစွမ်းသည့် ခံစားချက်မှာ အရိပ်ထဲတွင် ပုန်းအောင်းနေသော အဆိပ်ပြင်းမြွေတစ်ကောင်အလား အချိန်မရွေး နေရာမရွေး သေစေလောက်သည့် တိုက်ခိုက်မှုမျိုး ပြုလုပ်ရန် အသင့်ဖြစ်နေသကဲ့သို့ပင်။

အထူးသဖြင့် စွန်းချန်းချန်းနှင့် တင်းတုံတို့ ဖြစ်ကြသည်။ ထိုနှစ်ယောက်က သာမန်အမျိုးသမီးများ မဟုတ်ကြသော်လည်း ပိုးကောင်များနှင့် ပတ်သက်လာလျှင် အနည်းငယ် ကြောက်ရွံ့နေကြဆဲပင်။

ဤကောင်က စကားလည်း မပြောဘဲ ချန်းရီတို့ကိုသာ ကြည့်ကာ အကြံသမားဆန်ဆန် ပြုံးနေသည်။

ဤကောင်၏ ပုံစံက ချန်းရီထက်ပင် ဗီလိန်ဇာတ်ကောင်နှင့် ပိုတူနေသေးသည်။

သူ ထွက်ပေါ်လာခြင်းက မူလက သာယာနေသော ရာသီဥတုကိုပင် မည်းမှောင်နေသော တိမ်တိုက်များ ဖုံးလွှမ်းသွားစေသကဲ့သို့ ခံစားရစေသည်။

"ဖြောင်း"

ရုတ်တရက် ကျယ်လောင်သော လက်ဝါးရိုက်ချက်ကြီးတစ်ခုက ဤကောင်၏ ကျောပြင်ပေါ်သို့ တိုက်ရိုက် ကျရောက်လာသည်။

ဤကောင်က ထိုကျယ်လောင်သော လက်ဝါးရိုက်ချက်ကြောင့် ယိုင်နဲ့သွားလေသည်။

မူလက ရှိနေခဲ့သော အကြံသမားဆန်သည့် ဗီလိန်အငွေ့အသက်များမှာ တစ်မုဟုတ်ချင်း လွင့်စင်သွားပြီး ပြောင်စင်သွားတော့သည်။

ထို့နောက် အဒေါ်ကြီးစွန်း၏ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။

"ယောကျ်ားပီပီသသ နေစမ်းပါ... နင့်ကို ငါ ဘယ်နှစ်ခါ ပြောရမလဲ... ဘယ်နှစ်ခါ ပြောရမလဲ"

"လူတွေကို မြင်ရင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမယ်... နှုတ်ဆက်ရမယ်လို့ ပြောထားတယ်လေ"

"နေ့တိုင်း ချောင်မှာကုပ်နေတဲ့ကောင်ကျနေတာပဲ... လူလုံးမပြရဲဘူးလား"

ရှောင်ချုံက ဘေးနားရှိ ကုလားထိုင်ကို အမြန်လှမ်းကိုင်လိုက်ရသဖြင့် မလဲကျသွားခြင်း ဖြစ်သည်။ ထို့နောက် ခေါင်းလှည့်ကာ မကျေမနပ် မျက်နှာထားဖြင့် အဒေါ်ကြီးစွန်းကို ကြည့်ရင်း စကားပြောရန် ပါးစပ်ဟလိုက်သည်။

အဒေါ်ကြီးစွန်းက ဒေါသတကြီး အော်လိုက်ပြန်သည်။

"နှုတ်ဆက်စမ်း"

ရှောင်ချုံက မျက်နှာငယ်လေးဖြင့် ခေါင်းလှည့်ကာ ချူချယ်ကို တိုးညင်းစွာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ဦးလေးချူ"

ချူချယ်က ဤတစ်ကြိမ်တွင်တော့ သဘောကျသွားပြီး ပြုံးရွှင်စွာ ခေါင်းညိတ်လိုက်သည်။

"လိမ္မာလိုက်တဲ့ ရှောင်ချုံလေး"

ထို့နောက် ရှောင်ချုံက ချန်းရီကို ကြည့်လိုက်သည်။ ထိုပုံစံက နှုတ်ဆက်ရန် ရည်ရွယ်ထားပုံ မပေါ်ချေ။

ချန်းရီကလည်း ဤကောင်ကို ဒေါသထွက်စေမည်ကို စိုးရိမ်မိသည်။ တကယ်တမ်းတွင် ပိုးကောင်မွေးမြူသူများက အလွန် အန္တရာယ်များလှသည် မဟုတ်ပါလော။

သူ ကိုယ်တိုင် ဤကောင်ကို သတ်ဖြတ်နိုင်မည်ဟု သေချာနေသော်လည်း...

ခန္ဓာကိုယ်တစ်ခုလုံးတွင် ပိုးကောင်များ ပြည့်နှက်နေပြီး သူ့ကို ကြည့်ကာ ရယ်မောနေသည့် ဤကောင်၏ ပုံစံမျိုးကို တစ်ဖန် ပြန်လည် မမြင်တွေ့လိုတော့သည်မှာ အသေအချာပင်။

ချန်းရီက "ကိစ္စမရှိပါဘူး" ဟု ပြောရန် ပြင်လိုက်ချိန်တွင်...

အဒေါ်ကြီးစွန်း၏ လက်ဝါးကြီး မြောက်တက်လာသည်ကို မြင်တွေ့လိုက်ရသည်။

ရှောင်ချုံ၏ ခန္ဓာကိုယ်လေး တုန်တက်သွားပြီး တိုးတိတ်သော အသံဖြင့် နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ အစ်ကိုချန်းရီ"

ဤအသံကမူ ရှင်းလင်းစွာ ကြားလိုက်ရသည်။

ရှောင်ချုံဟု ခေါ်သော ဤကောင်လေးမှာ အသက်အလွန်ငယ်ရွယ်မည်မှာ သေချာလှသည်။

အဒေါ်ကြီးစွန်းက လူအများကို ရှင်းပြလိုက်သည်။

"ရှောင်ချုံက ငါ့ရဲ့ အကြီးဆုံး တူလေ... သူ့အဖေက ငါ့ရဲ့ အငယ်ဆုံး မောင်ပေါ့... ငါတို့မိသားစုမှာ ငါက အကြီးဆုံးလေ"

"အေးပေါ့... အရင်က သူ့အဖေ ငယ်ငယ်တုန်းကလည်း ငါပဲ ထိန်းကျောင်းလာခဲ့တာ... နောက်တော့ သူ့အဖေ ကွာရှင်းပြီး ဒီကလေးကို ငါ့ဆီ ပစ်ထားခဲ့တာပဲ"

"သူ့ကိုလည်း ငါပဲ ကြီးပြင်းအောင် ထိန်းကျောင်းလာခဲ့တာ"

"ဒီကလေးက စိတ်ထားကောင်းပါတယ်... လူကြောက်တတ်တာလေး တစ်ခုပါပဲ"

လူကြောက်တတ်တယ်... ဟုတ်လား။

ဒါက သာမန်မဟုတ်ဘူးလေ... အဒေါ်ကြီးစွန်း... သူက ပိုးကောင်မွေးမြူသူနော်။

ယခု အိုအေစစ်မြို့ရှိ ကလေးအများအပြား ညဘက် အိပ်မက်ဆိုး မက်သည့်အခါတိုင်း တွေ့ရမည့် ဇာတ်လိုက်ကြီးပင် ဖြစ်သည်။

သူက လူကြောက်တတ်တယ်တဲ့လား။

သို့သော်လည်း အံ့ဩစရာတော့ မဟုတ်ပေ။

အဒေါ်ကြီးစွန်းက ဤကလေးကို လှုပ်ရှားလိုက်သည်နှင့် လက်ပါတတ်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

သူ့ကို ကိုယ်ပိုင် သားသမီးအရင်းအချာတစ်ယောက်ကဲ့သို့ အပြည့်အဝ မှတ်ယူထားခြင်းပင် ဖြစ်သည်။

စောစောက ပြောခဲ့သော "ဒီကလေးက စိတ်ထားကောင်းပါတယ်... လူကြောက်တတ်တာလေး တစ်ခုပါပဲ" ဟူသည့် စကားထဲမှ သိသာနိုင်သည်။

ဤရှောင်ချုံက အခြားသူများ၏ မျက်လုံးထဲတွင် ပြဿနာကောင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

သို့သော် အဒေါ်ကြီးစွန်း၏ အမြင်တွင်မူ အလိမ္မာလေး တစ်ယောက် ဖြစ်နေပေလိမ့်မည်။

ကိုယ်တိုင် ကြီးပြင်းအောင် ထိန်းကျောင်းလာခဲ့သော ကလေးဖြစ်သဖြင့် မည်သို့ပင် ကြည့်ကြည့် အကောင်းချည်းသာ မြင်နေမိမည် ဖြစ်သည်။

အခြားလူတစ်ယောက်သာ ဆိုပါက ဤကလေးနှင့် ဤမျှ နီးကပ်စွာ နေရဲမည် မဟုတ်ပေ။

"အဒေါ်ကြီး"

ရှောင်ချုံ၏ အသံထဲတွင် ပြင်းထန်သော မကျေနပ်မှုများ ပါဝင်နေသည်။

အဒေါ်ကြီးစွန်းက သူ့ကို လုံးဝ ဂရုမစိုက်ဘဲ အခြား ရင်းနှီးပြီးသား လူတစ်ယောက်ကို ဆွဲခေါ်လာခဲ့သည်။

ထိုသူ ထွက်ပေါ်လာသည်နှင့် ချန်းရီကို စောင်းမြောင်း ကြည့်ရှုလိုက်သည်။

ဤကောင်မှာ အခြားသူ မဟုတ်ဘဲ ကြက်မောက်ဆံပင်နှင့် လူငယ်လေးပင် ဖြစ်သည်။

လူငယ်လေး၏ မျက်နှာပေါ်တွင် ဒဏ်ရာများ ရှိနေဆဲဖြစ်ပြီး အမူအရာမှာ အလွန် မကျေနပ်သည့် ပုံစံပေါက်နေသည်။

"ဒါကကျီးကန်းတဲ့... ဒီကောင်လေးကလည်း ငါ့တူပဲ... သူ့အမေက ငါတို့အိမ်မှာ တတိယမြောက်ပေါ့... လွန်ခဲ့တဲ့ နှစ်တွေကတည်းက အိမ်ကနေ ထွက်သွားခဲ့တာ... ဒီတစ်ခေါက် အိုအေစစ်မြို့ကိုသာ မလာဖြစ်ခဲ့ရင်"

"ဒီကောင်လေးကို မြင်ဖူးသလို ရှိလို့သာပေါ့... မဟုတ်ရင် မှတ်မိမှာတောင် မဟုတ်ဘူး"

"ဒီလောက် ခေါင်းမာပြီး ခွကျတဲ့ ပုံစံကတော့ အရင်တုန်းက တတိယမြောက် ညီမနဲ့ တစ်ပုံစံတည်းပဲ"

"အဲဒီတုန်းက ထွက်သွားတာ အခုထိ ပြန်မလာတော့ဘူးလေ... ငါသာ ညီမလေးရဲ့ ရုပ်ကို မမှတ်မိဘူးဆိုရင် ဒီကလေးကို မှတ်မိနိုင်မှာ မဟုတ်ဘူး"

ကဲပါလေ...

ဆွေမျိုးတွေပဲ ဖြစ်နေပြန်ပြီပေါ့။

"နှုတ်ဆက်စမ်း"

အဒေါ်ကြီးစွန်းက ကြက်မောက်ဆံပင်နှင့် လူငယ်လေး၏ ခေါင်းကို လက်ဝါးဖြင့် ထပ်ရိုက်လိုက်ပြန်သည်။

ကြက်မောက်ဆံပင်နှင့် လူငယ်လေးက ခေါင်းလှည့်ကာ အဒေါ်ကြီးစွန်းကို ဒေါသတကြီး ကြည့်လိုက်သည်။

"ကျွန်တော် မနှုတ်ဆက်ဘူး"

အဒေါ်ကြီးစွန်း ဆက်လက် လုပ်ဆောင်မည့် အချိန်ကိုပင် မစောင့်ဘဲ ပိုးကောင်မွေးမြူသူ၏ နဖူးပေါ်တွင် ပိုးကောင်အသိုက်များ စတင် ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

ထို့ပြင် ကြက်မောက်ဆံပင်နှင့် လူငယ်လေးကို အလွန် အကြံသမားဆန်သော အပြုံးဖြင့် ကြည့်နေသည်။

ပိုးကောင်မွေးမြူသူက လမ်းစဉ် အဆင့် (၃) ဖြစ်နေသည် မဟုတ်ပါလော။

ကြက်မောက်ဆံပင်နှင့် လူငယ်လေးက လမ်းစဉ် အဆင့် (၁) မျှသာ ရှိသေးသည်။

ကြက်မောက်ဆံပင်နှင့် လူငယ်လေး၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားပြီး ချန်းရီတို့ကို မမြန်မနှေး အသံဖြင့် နှုတ်ဆက်လိုက်တော့သည်။

"မင်္ဂလာပါ ဦးလေးချူ... မင်္ဂလာပါ ခွေးကောင်ချန်းရီ... မင်္ဂလာပါ အမစွန်း"

"ခွေးကောင်" ဟု ခေါ်လိုက်သည့် အချိန်တွင် ဤကောင်လေး၏ အသံက အလွန် မြန်ဆန်သွားသည်။

ယာဉ်တန်းတစ်ခုရှိ အစွမ်းပိုင်ရှင် သုံးယောက်စလုံးက တစ်မိသားစုတည်း ဖြစ်နေကြသည်။

ချန်းရီတို့ လူစုက ယခင်က လင်းချင်းကောကို ပြိုင်တူ ကြည့်လိုက်ကြသည်။

လင်းချင်းကောက လူတိုင်း၏ သဘောကို သိနေသည့်အလား ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... ကျွန်မလည်း အဒေါ်ကြီးလို့ပဲ ခေါ်ရတာ... ကျွန်မက ဒုတိယ အမရဲ့ သမီးလေ"

ဆက်ရန်...

All Chapters