← Chapters

အခန်း ၁၆၅၂

Vol. 111 Ch. 1652

အခန်း ၁၆၅၂

Vol. 111 Ch. 1652

အခန်း (၁၆၅၂) နှုတ်ဆက်ပါတယ် ယွမ်ရှီရှီ။

"တစ်ချက်လောက် သွားကြည့်ရအောင်။" ချင်ယွင် ပြောပြီးသည်နှင့် သူသည် လူအုပ်ကြီး ဆီသို့ ပြေးသွားလေသည်။ နတ်ဘုရားဂိုဏ်း၏ သူတော်စင်မိန်းမပျိုသည် ယွမ်ရှီရှီ ဟုတ်မဟုတ် သူ တကယ်သိချင်သည်။

တကယ်တော့၊ သူနှင့် ယွမ်ရှီရှီ ကြားတွင် နားမလည်နိုင်သော ဆက်ဆံရေးတစ်ခု ရှိခဲ့ဖူးသည်။

နောက်ဆုံးအချိန်တုန်းက, သူသည် ယွမ်ရှီရှီကို ကယ်တင်ရန် စိတ်သန့်သန့်ဖြင့် လုပ်ဆောင်ခဲ့သော်လည်း ထိုည တက်မက်စိတ်ကို ဖြေဖျောက်ပြီးနောက် ယွမ်ရှီရှီသည် သူ့နှလုံးသားထဲတွင် အရိပ်တစ်ခုအဖြစ် ချန်ထားခဲ့သည်ကို ချင်ယွင် တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ယွမ်ရှီရှီ ထွက်ခွာသွားပြီးနောက်, သူသည် နှစ်ဦးသား စိတ်အားထက်သန်စွာ ပွေ့ဖက်ထားသည့် မြင်ကွင်းကို ရံဖန်ရံခါ သတိရမိပါသည်။

ချင်ယွင်သည် နတ်ဘုရားမဂိုဏ်း၏ သူတော်စင်မိန်းမပျို ထွက်ပေါ်ရာ အရပ်သို့ အမြန် လျှောက်လှမ်းသွားခဲ့သည်။

ထိုနေရာသည် ကျောက်ဆောင်တောင်တန်းများဖြင့် ဝန်းရံထားသည့် စိမ်းလန်းနေသော မြက်ခင်းပြင် ချိုင့်ဝှမ်းတစ်ခု ဖြစ်သည်။ ယခုအချိန်တွင်, ထိုတောင်တန်းပတ်ပတ်လည်မှာ လူတွေ အများကြီး ရှိနေခဲ့သည်။

ချင်ယွင်သည် အကြမ်းဖျင်းအားဖြင့် လူ ၁၀၀၀၀ ထက်မနည်းရှိမည်ဟု ခန့်မှန်းရပြီး ထိုလူများအားလုံးသည် ချိုင့်ဝှမ်းထဲတွင် ဂုဏ်ယူစွာ ရပ်တန့်နေသည့် ထူးထူးခြားခြား လှပလွန်းသည် ပုံရိပ်တစ်ခုကို ငေးကြည့်ရင်း သူတို့အသက်ဝိညာဉ်တွေ ဆုံးရှုံးသွားသည့် အတိုင်း ဆွံအနေကြသည်။

ချင်ယွင်သည်လည်း တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိလာခဲ့ပြီး ချိုင့်ဝှမ်းထဲရှိ ထိုရုပ်အသွင်ကို ကြည့်လိုက်သည်။

ထိုရုပ်အသွင်ပိုင်ရှင်မြင်တော့ ချင်ယွင်လည်း မှင်သက်သွားရသည်။

ချိုင့်အလယ်မှာ ရပ်နေသည့် ထိုအမျိုးသမီးသည် သူနှင့် တစ်ညတာ ကုန်ဆုံးခဲ့ဖူးသည့် ယွမ်ရှီရှီမဟုတ်ရင် မည်သူဖြစ်မည်နည်း။

ယွမ်ရှီရှီသည် ဂုဏ်ယူဝင့်ကြွားဖွယ် အသွင်အပြင်နှင့်အတူ လှပသော ရုပ်ရည်ဖြင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ယင်းက လူအများ၏စိတ်နှလုံးကို လှုပ်ခတ်သွားစေ ခဲ့သည်။

အရေးအကြီးဆုံးမှာ၊ သူမ၏ ကျင့်ကြံမှုသည် နှောင်းပိုင်း ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်နေခဲ့ပြီး၊ သူမသည် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ ဝေးတော့သည်။

ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ညို့ငင်ခြင်းစွမ်းအင်သည် ယခင်ကထက် ပို၍ အားကောင်းလာခဲ့သည်။ သူမထက် နိမ့်ကျသည့် ကျင့်ကြံမူ အခြေခံရှိသည့် လူတွေကို မဆိုထားနှင့်၊ အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေတောင် ထိုကဲ့သို့ ပြင်းထန်သည့် ညှို့ငင်ခြင်းစွမ်းအားကို တွန်းလှန်ရန် ခက်ခဲပါလိမ့်မည်။

"အိုး…၊ အရမ်းလှတယ်။ ဒီလိုအလှမျိုးကို တစ်ခါမှ မမြင်ဖူးဘူး"

"မှန်တယ်။ နတ်ဘုရားမဂိုဏ်းရဲ့ မျိုးဆက်သစ် သူတော်စင်မိန်းမပျိုက အလွန့်လွန် လှပတယ်လို့ ငါကြားဖူးတယ်။ အနှစ် ၁၀၀၀၀ လောက် ကျင့်ကြံထောင်ဖို့တောင် ဆန္ဒရှိတယ်လို့ ပြောကြတယ်။ အစတုန်းကတော့ ငါ မယုံခဲ့ဘူး။ အခုတော ငါ ယုံသွားပြီ။ တကယ်လို့, ငါသာ သူမကို ငါ့ရင်ခွင်ထဲ ဖက်ထားနိုင်ရင်, ဒါလည်း မဖြစ်နိုင်ပါဘူး..."

"ရှပ်စ်..၊ မင်းတစ်ယောက်တည်းနဲ့လား။ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်ပညာရှင်တွေလောက်ပဲ နတ်ဘုရားမဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုကို ပိုင်ဆိုင်ဖို့ အရည်ချင်းပြည့်မှီတယ်ကွ။ ဒီမျိုးဆက် နတ်ဘုရားမဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုက မခန့်မှန်းနိုင်အောင် လှပလွန်းတယ်။ သူမက အလွန်အစွမ်းထက်တဲ့ သေနတ်သမား တစ်ယောက်ဖြစ်နေမှာတောင် ငါ ကြောက်မိတယ်”။ (သေနတ်သမားဟူသည် ဘန်းစကားဖြစ်ပါသည်။ ထိပ်ဆုံးရောက်ရန် စိတ်ပိုင်းဖြတ်သူ၊ ကိုယ့်ရည်မှန်းချက်အတွက် အခြားသူများကို ဖျက်ဆီးရန် နည်းဗျူဟာများကို အသုံးပြုတတ်သူကို ရည်ညွန်းပါသည်) (a person that is so determined to be on top, they will sabotage other people and use tactics to reach their goals)။

"ငါ့အလှည့် မရောက်ဘူးဆိုတာ သေချာပေါက် ငါသိတာပေါ့။ မင်းရော အဲ့ဒီလို မတွေးဘူး လား။ ဒါ့အပြင်, ဒီမိန်းမက တကယ်ကို ကုစားလို့မရလောက်အောင် လှလွန်းတယ်။ သူမက ယောင်္ကျားတွေအတွက်တော့ တကယ်ကို အဆိပ်ပဲ”။

…

ပတ်​ဝန်းကျင်​မှာ ​ဆွေး​နွေးသံ​တွေကို ဆက်တိုက်​ကြား​နေရသည်​။ ကြယ်နတ်ဘုရားအဆင့်၊ မြေကမ္ဘာနတ်ဘုရားအဆင့်နှင့် ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများသည် ဤအကြောင်းကို ပြောနေကြသူများဖြစ်သည်။ သို့သော်လည်း ခြွင်းချက်မရှိ၊ မည်သူမျှ ယွမ်ရှီရှီ၏ ညို့ငင်ခြင်းစွမ်းအားကို ခုခံနိုင်စွမ်း မရှိကြပေ။

"အံ့ဩစရာပဲ၊ အံ့ဩစရာပဲ၊ နတ်ဘုရားမဂိုဏ်းရဲ့ ဒီမျိုးဆက်သက် သူတော်စင်မိန်းမပျိုက တကယ်ကို မရိုးရှင်းဘူး။ ဒါက ဒဏ္ဍာရီဆန်လာ ဝိညာဉ်အလှရုပ်ခန္ဓာကိုယ် ဖြစ်သင့်တယ် မဟုတ်လား" ရွဲ့ခိုင်က မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

"ဒါက တကယ်ကို ဝိညာဉ်အလှရုပ်ခန္ဓာကိုယ်ပဲ။" ချင်ယွင်က ဘာမှမထူးခြားဟန်ဖြင့် ပြန်ဖြေလိုက်သော်လည်း၊ သူ့မျက်လုံးများက ချိုင့်ဝှမ်းတွင် ရပ်နေသော ယွမ်ရှီရှီကို စိုက်ကြည့်နေသည်။

"ဒါပေမယ့်, ဒီညို့ငင်ခြင်းခန္ဓာကိုယ်က ယောက်ျားတစ်ယောက်နဲ့ အိပ်ပြီးမှသာ, သူမ ခန္ဓာကိုယ်ထဲက ညှို့ငင်ခြင်းစွမ်းအားကို ထိန်းချုပ်နိုင်တာ မဟုတ်လား? ဒီအမျိုးသမီးက သူမခန္ဓာကိုယ်ထဲက ညှို့ငင်ခြင်းစွမ်းအားကို ထိန်းချုပ်ထားနိုင်တယ်ဆိုတာ သိသာ ထင်ရှားပါတယ်။ မဟုတ်ရင် ဒီလောက် အစွမ်းထက်နေမှာ မဟုတ်ဘူး။ နတ်ဘုရားမဂိုဏ်း ရဲ့ သူတော်စင်မိန်းမပျိုရဲ့ ပန်းဉီးကို ခူးဆွတ်နိုင်လောက်အောင် ဘယ်ကောင်က ဒီကံကောင်းသွားလဲ ငါ သိချင်မိတယ်။" ရွှဲ့ခိုင်က သက်ပြင်းချလိုက်ပြန်သည်။

"အဟွတ်… အဟွတ်…"

ချင်ယွင်သည် ကိုးရိုးကားယား အမူအရာဖြင့် နှစ်ကြိမ် ချောင်းဆိုးသွားသည်။ သူသည် ရွှဲ့ခိုင်၏ ရက်စက်သော မျက်လုံးအမြင်ကို တိတ်တဆိတ် လေးစားသွားသည်။ သူသည် ထိုအချက်ကိုတောင် မြင်နိုင်ခဲ့သည်။

အကယ်၍, ယွမ်ရှီရှီ၏ ပန်းဉီးကို ဆွတ်ခူးသည့်သူက သူ့ဘေးမှာ ရပ်နေသည့်လူဖြစ်သည် ကို ရွှဲ့ခိုင်တစ်ယောက် သိများသိသွားခဲ့လျှင်, သူ မည်သို့ ခံစားရမည်ကို သူ မသိနိုင်ပေ။

"ဒါပေမယ့်၊ ယွမ်ရှီရှီကရော ဘာလို့ ဒီနေရာမှာ ပေါ်လာရတာလဲ။ ယောင်ဖုန်းလိုမျိုး သူမလည်း မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်ထဲ မတော်တဆ ဝင်ရောက်မိခြင်းများ ဖြစ်နေမလား။ ဒါပေမယ့် ဒါက မတိုက်ဆိုင်လွန်းဘူးလား။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ယွမ်ရှီရှီ ထွက်ခွာသွားပြီးနောက် နတ်ဘုရားကမ္ဘာတွင် သူမနှင့်ပတ်သက်သည့် သတင်း တစ်စုံတစ်ရာ မရှိခဲ့ပေ။

ကောင်းကင်နတ်ဘုရားရှစ်ပါးကို လက်စားချေရန် သူမ သွားရှာသည်ဟု ဆိုခဲ့သော်လည်း အောင်မြင်ခဲ့သလား သူ မသိပေ။

ချင်ယွင်သည် သူမကို သွားပြီး နှုတ်မဆက်ခဲ့ပေ။ ပထမအချက်မှာ ယွမ်ရှီရှီသည် အလွန် တောက်ပလွန်းသောကြောင့် ဖြစ်သည်။ ချင်ယွင်က သူမကို သွားပြီး ဆက်သွယ်လိုက်သည် နှင့် လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်လိမ့်မည်။

ဒုတိယအချက်အနေဖြင့်, သူသည် ယွမ်ရှီရှီကို မည်သို့မည်ပုံ နှုတ်ဆက်ရမှန်း မသိပေ။ ယင်းက သူမနှင့် တွေ့ဆုံခြင်းအတွက် ပိုရှက်စရာကောင်းလိမ့်မည်။

ကံကောင်းထောက်မစွာ၊ ယွမ်ရှီရှီသည် ချင်ယွင်၏တည်ရှိမှုကို ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပေ။ ထိုအချိန်တွင် သူမသည် ချိုင့်ဝှမ်းထဲရှိ လူငယ်တစ်ဦးနှင့် စကားပြောနေသည်။

ချင်ယွင်၏ အကြည့်များက လူငယ်အပေါ် ကျရောက်သွားသည်။ ဤလူငယ်သည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်၌ ရှိနေကြောင်းကို သူ တွေ့ရှိခဲ့သည်။ သို့သော် သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတစ်ဦး မဟုတ်ပေ။ သူ၏စွမ်းအားသည် ရွှဲ့ခိုင်ထက် အနည်းငယ် အားနည်းသည်။

သူ့ရုပ်အသွင်အပြင်က ချောမောသည်။ သူ့ပုံစံက အရပ်ရှည်ပြီး၊ သွယ်လျသည်။ သူ့ခန္ဓာကိုယ်က သန့်စင်သည့် စိတ်သဘောကို သယ်ဆောင်ထားသည်။ လူတွေကို တရားမျှတပြီး နွေးထွေးသည့် ခံစားချက်ကို ပေးစွမ်းနေသည်။

သို့သော်၊ ဤလူငယ်သည် လူကောင်းတစ်ဦးမဟုတ်ကြောင်း ချင်ယွင်က တစ်ချက်ကြည့်ရုံ ဖြင့် ပြောနိုင်သည်။ အကြောင်းမှာ ဤလူငယ်သည် ယွမ်ရှီရှီကို ကြည့်သောအခါတွင် သူ့မျက်လုံးများတွင် အလွန်ပြင်းထန်သည့် အလိုဆန္ဒတစ်ခု ရှိနေသည်ကို တွေ့နေရသော ကြောင့် ဖြစ်သည်။ သို့သော်လည်း ဤဆန္ဒကို သူသည် အလွန်နက်နဲစွာ ဖုံးကွယ်ထားခဲ့ပြီး ရှာဖွေတွေ့ရှိရန် အလွန်ပင် ခက်ခဲသည်။

"ဒီလူက ဘယ်သူလဲ" ချင်ယွင်က လူငယ်ကို ညွှန်ပြပြီး မေးသည်။

'"သူက ကောင်းကင်နတ်ဆိုးဂိုဏ်း ဂိုဏ်းသခင်ရဲ့သားပဲ။ သူ့နာမည်က လျှိုချန်းရှန်တဲ့။ သူက သူ့တစ်သက်လုံး ပညာရှင်တစ်ဦးအဖြစ် ရှိနေခဲ့ပေမယ့်၊ သူက သူ့အဖေကို သူ့အရိုးထဲ ကနေ သဘောကျနေတဲ့လူ။ သူက မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်တတ်တဲ့ နတ်ဆိုးတစ်ပါးပဲ။ ဒါပေမယ့်၊ သူ့အဖေရဲ့နတ်ဆိုးဆန်မူက လုံးဝ ပေါ်လွင်ပြီး၊ လျှိုချန်းရှန်ရဲ့ နတ်ဆိုးဆန်မူကတော့ သူ့အရိုးထဲမှာ ဖုံးကွယ်ထားတယ်။ အပေါ်ယံမှာ လုံးဝ မမြင်နိုင်ဘူး ။" ရွှဲ့ခိုင်က အထင်သေးစွာ ပြောသည်။ ထင်ရှားသည်မှာ၊ သူသည် လျှိုချန်းရှန်ကို စက်ဆုပ် ရွံရှာမှုများဖြင့် ပြည့်နှက်နေသည်မှာ သိသာသည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထိုကဲ့သို့ လူစားမျိုးကို အရမ်း မုန်းတီးသည်။ အပေါ်ယံမှာ အရမ်းကို ဆိုးသွမ်းသည့်လူများသည် ကြောက်စရာ မကောင်းတတ်ပေ။ ကြောက်စရာအကောင်းဆုံးက ထိုကဲ့သို့ ကြင်နာမူပြတတ်သည့် လူစားမျိုးဖြစ်ပြီး၊ ဆန့်ကျင်ဘက်အနေဖြင့်, ထိုကဲ့သို့လူစားမျိုးသည် အရမ်းကို ရက်စက် ကြမ်းကြုတ်တတ်သည်။ ထိုကဲ့သို့လူစားမျိုးသည် သင့်နောက်ကျောကို အလွယ်တကူ ဓားဖြင့် ထိုးနိုင်သည်။

"ယွမ်ရှီရှီက ဘာလို့ သူ့ကို သွားတွေ့ရတာလဲ" ချင်ယွင်က စိုးရိမ်စိတ်ဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ယွမ်ရှီရှီနှင့် လျှိုချန်းရှန်တို့သည် မည်သည့်အကြောင်း ပြောနေကြသည်ကို သူမသိသော် လည်း သူတို့နှစ်ဦးသည် သဘောတူညီမူတစ်ခု ရှိထားပုံရပြီး၊ ၎င်းကိုလည်း သူတို့နှစ်ဦး၏ အမူအရာများမှ မြင်တွေ့နိုင်သည်။

ချင်ယွင်၏အမြင်အရ, ယွမ်ရှီရှီနှင့် လျှိုချန်းရှန်တို့သည် သဘောတူညီချက်တစ်ခု ပြုလုပ်ပါ က, သူမသည် ဆုံးရှုံးမှု ကြီးကြီးမားမားကို အလွယ်တကူ ခံစားရနိုင်သည်။

"လျှိုဘို၊ သူတို့ပြောနေတာကို ကြားနိုင်ဖို့ နည်းလမ်းများ မရှိဘူးလား" ချင်ယွင်က ခဏစဉ်းစားပြီး အနည်းငယ် စိုးရိမ်နေဟန်ဖြင့် လျှိုဘိုထံသို့ အသံပို့လွှတ်လိုက်သည်။

ယခုအချိန်တွင် ယွမ်ရှီရှီနှင့် လျှိုချန်းရှန်တို့သည် သူတို့၏ နတ်ဘုရားအာရုံများဖြင့် စကား ပြောနေကြသည်။ ချင်ယွင်၏ လက်ရှိနတ်ဘုရားအာရုံဖြင့်ဆိုပါက၊ သူတို့၏ နတ်ဘုရား အာရုံဆက်သွယ်မှုကို ခိုးနားထောင်ရန် မလုံလောက်ပေ။ ထို့ကြောင့် သူ၏ တစ်ခုတည်း သော နည်းလမ်းမှာ လျှိုဘိုကို အကူအညီတောင်းရန် ဖြစ်သည်။

"ကောင်စုတ်လေး၊ ဘာဖြစ်နေတာလဲ၊ မင်းမိန်းမက မင်းကိုသစ္စာဖောက်သွားမှာ စိုးရိမ်နေတာလား။" လျှိုဘို၏ ရယ်သံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ချင်ယွင်သည် အလွန်စိတ်ဓာတ်ကျပြီး သွေးအန်ချင်လာသည်။ လျှိုဘိုသည် ထိုကဲ့သို့ စကားမျိုး ပြောဆိုလာမည်ဟု သူ မမျှော်လင့်ထားပါဘူး။

"အဓိပ္ပာယ်မရှိတဲ့စကားတွေ ရပ်လိုက်ပါ။ သူတို့ရဲ့ နတ်ဘုရားအာရုံ ဆက်သွယ်မှုကို ခိုးယူဖို့ နည်းလမ်း ရှိလား" ချင်ယွင်က ဒေါသတကြီး အော်ပြောလိုက်သည်။

"ကောင်စုတ်လေး၊ မင်း ဘာလို့ ဒီလောက်အထိ ရက်စက်ကြမ်းကြုတ်နေတာလဲ။ မင်း ဘယ်လောက်ထိ စိုးရိမ်နေလဲ ကြည့်စမ်းပါဦး။ စိတ်မပူပါနဲ့၊ မင်းမိန်းမက မင်းအပေါ် ဘာအမှားမှ မလုပ်ပါဘူး။ အဲဒီအစား, သူမက မင်းကို ကူညီနေတုန်းပါပဲ။ ဒါတွေ ထားလိုက်ပါ။ မင်း သူမစကားကို နားထောင်သင့်တယ်" လျှိုဘိုက ပြောသည်။

သူပြောပြီးသည့်နောက်မှာတော့ သူ့နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားပေါ်မှာ အလင်းတန်း တစ်ခု လင်းလက်သွားသည်။ ထို့နောက် ယွမ်ရှီရှီနှင့် လျှိုချန်းရှန်တို့အကြား စကားဝိုင်းက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။ ထိုစကားများကိုကြားတော့ ချင်ယွင်၏ မျက်နှာက အံ့သြသွားခဲ့သည်။

All Chapters